Sunday, July 1, 2012

အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ လှူဒါန်း


သရုပ်ဆောင် နေတိုး၊ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် တို့ မှ ဒုက္ခသည်များ
အား တရင်းတနှီး တွေ့ ဆုံနှစ်သိမ့်စဉ် - ဓါတ်ပုံ-Popular Myanmar News Journal
ဇူလိုင် ၁ ရက်နေ့ မနက်၆နာရီက ရုပ်ရှင်အစည်းအရုံးကဦးဆောင်ပြီး အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များကို အလှူငွေများနှင့် အ၀တ်အထည်များသွာရောက်လှူဒါန်းခဲ့ပြီး ည ၈နာရီ
တွင် ရန်ကုန်သို့ ပြန်ရောက်ရှိခဲ့ကြသည်။
အလှူငွေ သိန်း ၉၀၀ကျော် နှင့် အ၀တ်အထည် အထုပ် ၉၀ကျော် လှူဒါန်းခဲ့ကြောင်းသိရသည်။ ဓါတ်ပုံ - Popular Myanmar News Journal
ရန်ကုန်၊ ဇူလိုင်-၁
ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအား ကူညီရန်အတွက် ဇွန်-၃၀ ရက်ညပိုင်းက ကပြဖျော်ဖြေခဲ့သော နှင်းဆီရင်ခွင်အဖွဲ့မှ ရရှိသည့် အလှူငွေများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းခေါင်းဆောင် သည့် ရုပ်ရှင်လောကသားများက စစ်တွေမြို့သို့ ကမ္ဘောဇလေကြောင်းလိုင်းမှ ကူညီပံ့ပိုးမှုဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အလှူငွေများ လှူဒါန်းရာတွင် ပြည်နယ်အစိုးရသို့ အလှူငွေကျပ် ၉၅၁ သိန်းနှင့် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ တစ်ခုလျှင် ကျပ်သိန်း ၄၀ ကျော်နှင့် အ၀တ်အထည်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းသည့်အဖွဲ့တွင် နှင်းဆီရင်ခွင်အဖွဲ့သား နေတိုးအပါအ၀င် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခန့်စည်သူ၊ မင်းသွေး၊ ကြည်ဖြူသျှင်၊ ၀တ်မှုန်ရွှေရည်အစရှိသည့် အနုပညာရှင်များပါဝင်ပြီး ယနေ့ညနေ ၅ နာရီတွင် ကမ္ဘောဇလေကြောင်းဖြင့်ပင် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း 7Day News Journal Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
ဘကြီးသက်
Unknown at 11:48 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.