Saturday, June 23, 2012

နည်းပညာတက္ကသိုလ်များ၌ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး ခြောက်နှစ် သင်ကြားရမည်



မြန်မာတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ် ကျောင်းများ၌ ယခင်က အင်ဂျင်နီယာဘွဲ့(B.E) ရရှိရန် ငါးနှစ် သင်ကြားခဲ့ရရာမှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ပြီး ငါးနှစ်အစား ခြောက်နှစ် ပြန်လည် သင်ကြားရမည်ဖြစ်ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ် အသိုင်းအ၀ိုင်းမှ ရရှိသော သတင်းများအရ သိရှိရသည်။ နည်းပညာတက္ကသိုလ် ကျောင်းများ၌ B.E ဘွဲ့ရရန် ခြောက်နှစ် ပြန်လည်သင်ကြားရမည် ဖြစ်ကြောင်းကို ''တစ်နိုင်ငံလုံးမှာရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ B.E ဘွဲ့ရဖို့အတွက် ငါးနှစ် သင်ကြားရတယ်။ အခုတော့ ငါးနှစ်အစား ခြောက်နှစ် သင်ကြားဖို့ကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ ကလေးတွေ နည်းပညာတက္ကသိုလ် စတက်ပြီဆိုရင် ခြောက်နှစ် ပညာရေးစနစ်ကို စတင်သင်ကြားကြရမှာပါ'' ဟုလည်း နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ သင်ကြားနိုင်ရေးအတွက် ဘာသာရပ်အလိုက် ထည့်သွင်းသင်ကြားရမည့် သင်ခန်းစာများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ ''အခုဆိုရင် မေဂျာအလိုက် ထည့်သွင်းရမယ့် သင်ခန်းစာတွေကို ဆွေးနွေးနေပါပြီ။ အရင်တုန်းက နည်းပညာတက္ကသိုလ်တွေမှာ ခြောက်နှစ် သင်ကြားရတာပါ။ နောက်ပိုင်း ၂၀၀၀ ပြည့်နှစ် ၀န်းကျင်လောက်မှာ ခြောက်နှစ်အစား ငါးနှစ်သင်ကြားဖို့ လုပ်ခဲ့ကြတယ်။ AGTI အတွက် နှစ်နှစ်၊ B.Tech အတွက် နှစ်နှစ်၊ ပြီးမှ BE ဘွဲ့ရဖို့ တစ်နှစ် တက်ရတယ်။ အခုခြောက်နှစ် သင်ကြားမယ့် စနစ်အရ BE ဘွဲ့ရဖို့ နှစ်နှစ် တက်ရမှာပါ။ တချို့ကျောင်းတွေမှာ အင်ဂျင်နီယာဘာသာရပ် ၁၁ ခု သင်ကြားနိုင်ပေမယ့် တချို့ကျောင်းတွေမှာက မသင်နိုင်သေးဘူး။ အဲဒါတွေအတွက်ပါ ညှိနှိုင်းနေပါတယ်'' ဟုလည်း နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဘကြီးသက်
Unknown at 8:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများ ဖမ်းဆီးရရှိ



From : ခေတ်လူငယ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာ၊ ဦးကာကျေးရွာတို့မှ ဆူပူအကြမ်းဖက်သူအချို့သည် ဇွန် ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က အနောက်ပြင်ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ခြင်းကြောင့် လူနေတဲ ၃၀ လုံး မီးလောင်ဆုံးရှုံးပြီး ရွာသား ၃ ဦး သေဆုံး၍ ရွာသားအချို့ ဒဏ်ရာရရှိသည့် သတင်းအား ဇွန် ၂၀ ရက်နေ့ည ရုပ်မြင်သံကြားသတင်းနှင့် ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖြစ်စဉ်၌ ဖော်ပြပါ သေဆုံးသူ သုံးဦးအပြင် ဂူတောင်ကျေးရွာမှ ရွာသားကိုးဦးမှာ ပျောက်ဆုံးလျက်ရှိသောကြောင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများက ထပ်မံသတင်းပေးမှု နယ်မြေခံတပ်ရင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖော်ထုတ်မှုကြောင့် ရွာသားကိုးဦး၏ အလောင်းများကို အနောက်ပြင်ကျေးရွာ အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိသားစုများမှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်။ ထိုသို့ အကြမ်းဖက်သတ်ဖြတ်မှုကို အုပ်စုဖွဲ့ကျူးလွန်ခဲ့သည့် အနောက်ပြင်ရွာသား ၂၂ ဦးအား ဇွန်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ကျန် ၃၁ ဦးကို ဇွန် ၂၂ ရက်နေ့တွင်လည်းကောင်း တူမီးသေနတ် (၁) လက်အပါအဝင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 7:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစ္စလမ်ဘာသာဝင်အိမ်တွေကို မီးရှို့ခံရလို့ ရွှေတိဂုံမှ ဆန္ဒပြ



From : ခိုင်မင်းညို ၊ မဲဆောက် ၊ ထိုင်းနိုင်ငံ

သို့/

အယ်ဒီတာ
ဒီဗွီဘီအသံလွှင်ဌာန
အောစလို၊ နော်ဝေ။
...
အကြောင်းအရာ။ ။ သတင်းမှားခြင်းအားပြင်ဆင်ပေးရန် တောင်းဆိုခြင်း။

အထက်ပါအကြောင်းအရာကိစ္စနှင့်ပက်သက်၍ ၂၀၁၂-ခု၊ ဇွန်လ ၉-ရက်နေ့တွင် ထုတ်ပြန်လိုက်သော သတင်း "ရခိုင်ပြည်နယ်အရေးရွှေတိဂုံဘုရားတွင်ဆန္ဒပြ" ဟုသော သတင်းတွင် အနည်းငယ် လွဲမှားမှုရှိနေပါသဖြင့် ပြန်လည်ပြင်ဆင်ရေးသားပေးပါရန် တောင်းဆိုအပ်ပါသည်။ DVB မှ ပီတာအောင်တင်လိုက်သော ၎င်းသတင်းပါ "ဇွန်လ ၈-ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ရဲ့လူနေအိမ်တွေကို မီရှို့ဖျက်ဆီးမှု လူတချို့အား သေကြေဒဏ်ရာရအောင်လုပ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်တနေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ ရခိုင်တိုင်းရင်းသားတွေက ရွှေတိဂုံဘုရားမှာ ဆန္ဒပြခဲ့ကြတာပါ" ဟု သတင်းရေးသားချက်သည် ဆီလျော်ခြင်းမရှိပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့ လူနေအိမ်တွေကို မီးရှို့တာနှင့်ပက်သက်ပြီး ရခိုင်များ ဆန္ဒပြစရာအကြောင်းမရှိပါ။ DVB အနေဖြင့် ခင်ဗျားတို့ Mission အရဆိုရလျှင်လည်း Accurate လုံးဝမဖြစ်ပါ။ အမှန်တကယ်လက်ရှိ ဖြစ်ပျက်နေတာကလည်း ရခိုင်ဗုဒ္ဓဘာသာဝင်အိမ်တွေကို ဘင်္ဂလီကုလားတွေက ဝင်ရောက်ဖျက်ဆီး မီးတိုက်နေခြင်းသာဖြစ်ပါသည်။ နိုင်ငံတကာသတင်း၊ မြန်မာပြည်သတင်း စသည်ဖြင့် သတင်းများကို update ဖြစ်ပြီးလျှင် မှန်ကုန်မှုရှိသော DVB သည် သတင်းမှားရန် လုံးဝမဖြစ်နိုင်ပါ။ မိမိစဉ်းစားသည်မှာ ယခုသတင်းပေးသော သတင်းသမား၏ သတင်းလိုက်မှု အားနည်းချက်ကြောင်းလည်းကောင်း၊ အလုပ်များလှသော အယ်ဒီတာ မျက်စိလျှမ်းသွားခြင်းအကြောင်းလည်းကောင်း၊ သို့တည်းမဟုတ် မောင်တောမြို့၏ ဆက်သွယ်မှုအရ ဆက်သွယ်ရေးအားနည်းချက်ကြောင်းလည်းကောင်း၊ သတင်းပေးသူ၏ မှားယွင်းမှုကြောင့်လည်းကောင်း၊ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မိမိတို့ သတင်းတချက်မှားသွားလိုက်လျှင် နောက်ဖြစ်လာမည့်အကျိုးဆက်သည် ထုနဲ့ထေးရှည်လျှားလှသည်။ ယခုလက်ရှိဖြစ်ပွားနေသော မောင်တောအရေးအခင်းနှင့် ပက်သက်၍ ခင်ဗျားတို့ သတင်းဌာနအား ပြည်သူများမှ အထင်အမြင်လွဲမှားသွားခြင်း၊ သတင်းမှန်ကန်တိကျမှုကင်းမဲခြင်းကြောင့် အယုံအကြည်ကင်းမဲ့ခြင်း၊ ဘီဘီစီကဲ့သို့ သပိတ်မှောက်ဆန္ဒပြမှုများဖြစ်ပေါ်ခြင်း စသည့်နောက်ဆက်တွဲများ ဖြစ်ပေါ်လာနိုင်သဖြင့် ယခု ဤတောင်းဆိုချက်ရသည့်အချိန်မှစ၍ အယ်ဒီတာအဖွဲ့အနေဖြင့် ယခုသတင်းအား ပြန်လည်တောင်းပန်ပြင်ဆင်ပေးပါရန် တောင်းဆိုအပ်ပါသည်။
လေးစားစွာဖြင့်

Myanmar Express

ဘကြီးသက်
Unknown at 7:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွံစရာ လမ်းဘေးက -----ခေါင်းသမား စကားတွေ ဖြစ်နေပြီ။


(၁)။လျှပ်စစ်တွေပိုနေလို့ ရောင်းမစားရင် ဘာလုပ်ရမှာလဲ ပြောတဲ့သူနဲ့။

(၂)။ဖယောင်းတိုင်ထွန်းပြီးကိုယ့်အိမ်ထဲ ကိုယ်အေးအေးဆေးဆေးနေလိုက်ပါလို့ ပြောတဲ့သူနဲ့။

(၃)။ပုဂ္ဂိုလ်ရေးခရီးစဉ် မလို့ သတင်းဖေါ်ပြစရာ မလိုဟု့ ပြောတဲ့သူနဲ့။

လာပြန်ပြီ နောက်တစ်ယောက်

(၄)။ ရခိုင် နဲ့  ဘင်္ဂါလီ အကြမ်းဖက်တွေကို ဒိုင်လုပ်မယ် လို့ ပြောတဲ့သူနဲ့။

ရွံစရာ လမ်းဘေးက -----ခေါင်းသမား စကားတွေ ဖြစ်နေပြီ။

ရှက်လိုက်တာ ဒီလိုလူမျိုးတွေ တိုင်းပြည်မှာ အာဏာတွေရ။ လုပ်ပိုင်ခွင့်တွေရနေတာ။ နိုင်ငံတကာက သိရင် တော့။

ကျွန်မ ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်မဟုတ်ပါဘူး။
ဘုရားလိုလဲ မကိုးကွယ်ပါဘူး။

ရှင်တို့တွေ ပြောသလိုဘဲ သာမန်ပါတီက သာမန်လွှတ်တော်အမတ် တစ်ယောက် နဲ့ လက်ရှိတိုင်းပြည်တာဝန်ကို ထမ်းဆောင်ယူထားတဲ့ ၀န်ကြီး။ဒုဝန်ကြီး တွေ ပါးစပ်က
ပြောထွက်တဲ့ စကားလုံးများကို နှိုင်းယှဉ်ရတာ။

နံသာဖြူ နဲ့ ကြောင်ချီး နံ့ လို ကွာခြားလှတဲ့ စကားလုံးအသုံးအနှုန်းတွေ ကို
ရှက်လိုက်တာနော်။

ဖယောင်းတိုင် ထွန်းပါလို့ ပြောခဲ့တဲ့သူကိုလဲ ဒီလောက် စိတ်မဆိုးမိဘူး။
သာမန်လွှတ်တော် အမတ်တစ်ယောက် လို့ ပြောတာကိုလဲ ဒီလောက် စိတ်မဆိုးမိဘူး။
အခုတော့ အမျိုးသားရေး ပြဿနာ ကို လမ်းဘေးက ဂျပိုးသူခိုးဂျလေဘီ -----ခေါင်း စကားနဲ့
ဒိုင်လုပ်မယ်လို့ ပြောတဲ့ ကယ်ဆယ်ရေး ဒုဝန်ကြီး မျက်နှာကို အကြီမ် တစ်ရာလောက်
တံထွေး နဲ့ ထွေးချင်လောက်အောင် ရင်နာတယ်။

မြန်မာပြည်သူပြည်သားတွေ မင်းတို့ ကံ တကယ် ဆိုးနေပြီ။ဒီလို အမျိုးဖြတ်သစ္စာဖောက် လောက်ကောင်ချစား ၀န်ကြီးတွေ ရှိနေတာ။

လူငယ်တွေ မေးလေ့မေးထ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ်ပေးမှာလဲ။ဘာလုပ်နိုင်မှာလဲ။

ဒီတစ်ခါ ဥရောပခရီးစဉ် မှာ သူတတ်နိုင်တာကို အစွမ်းကုန် အာဏာကုန် စေတနာကုန်
ကိုယ်ဖိရင်ဖိ လက်ကုန် သုံးပြီး သူ့ တိုင်းပြည် နဲ့ သူ့လူမျိုး အတွက်
တစ်ပြားတစ်ချပ်မှ လဘ်မစားဘဲ သက်သေပြ လုပ်ပြသွား နိုင်ခဲ့တယ်။

ခင်ဗျားတို့ တစ်တွေ ၀န်ကြီး။ဒုဝန်ကြီး စတဲ့ ရာထူးအသီးသီး ယူထား ကြပြီး

တိုင်းပြည်တာဝန်ယူထားတဲ့ ခေါင်းဆောင်ကောင်းတွေ ပီသစွာ ထွက်လာတဲ့ ပါးစပ်က စကားလုံးတွေက လမ်းဘေးက -----ခေါင်းသာသာ စကားလုံးတွေ အရပ်ထဲ မှာ အာကျယ်နေသလိုဖြစ်နေတာကို မြန်မာအမျိုးသမီးတစ်ယောက် အနေနဲ့ ရှက်လိုက်တာနော်။
ဘကြီးသက်
Unknown at 7:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

”ရိုဟင်ဂျာများအနေဖြင့် မြန်မာနိုင်ငံသားများ ဖြစ်လာဖွယ် ရှိ၊ မရှိ” ဆိုသည့် အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ''ရှင်ပြောတဲ့ ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။ ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ တချို့က ပြောဆိုကြတယ်။ ဒါပေမယ့်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့နိုင်ငံသားတွေ မဟုတ်ဘူးလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့ကို ဒုက္ခသည်အနေနဲ့ မလိုချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်ဘူး။ မြန်မာနိုင်ငံကနေ လာတယ်ဆိုပြီး။ အဲဒီတော့ ကျွန်မတို့ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ တရားဥပဒေ စိုးမိုးမှု မရှိဘဲ၊ မှန်ကန်တဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းစဉ် မရှိဘဲ၊ မှန်ကန်တဲ့ မူဝါဒမရှိဘဲ၊ မှန်ကန်တဲ့ တရားဥပဒေ အကောင်အထည်ဖော်မှု မရှိဘဲနဲ့။ ဒါကြောင့် ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုပြဿနာပဲ။ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုကြောင့်တော့ မဟုတ်ဘူး''ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဘကြီးသက်
Unknown at 6:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည်

ဗြိတိန်နိုင်ငံ UKIT စီးပွားရေး သံတမန်အုပ်စုရဲ့ ဥက္ကဋ္ဌ Lord Marland နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေး ဖို့ မြန်မာနိုင်ငံကို နောက် လအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
UKIT အုပ်စုနဲ့အတူ အခြားဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်လိုက်ပါလာကြမယ်လို့ သိရပါတယ်။ အခု သွားရောက်ကြမယ့် အုပ်စုဟာ ဥရောပသမဂ္ဂက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေး ယူမှုတွေ ပြန်လည် ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးသွားမယ့် ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင်အုပ်စု ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရေးကြီးပုံကို လတ်တလော ဗြိတိန်နိုင်ငံ ခရီးစဉ်မှာ ထုတ်ဖော်ပြောဆို ခဲ့ပြီးတဲ့နောက် အခုလို ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ် ပေါ်ပေါက် ခဲ့တာ ဖြစ်ကြောင်း ဗြိတိန်စီးပွားရေး သတင်းစာတစ်စောင် က ဖော်ပြပါတယ်။
ဒီအတောအတွင်း United Bank of India ရဲ့ကိုယ်စားလှယ်ရုံးကို ရန်ကုန်မှာ ဖွင့်ဖို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ပြီး၊ ဒါဟာမြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ရ တဲ့ အိန္ဒိယဘဏ် ဖြစ်တယ်လို့ United Bank of India ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မိမိတို့ဘဏ် ကိုယ်စားလှယ်ရုံး အနေနဲ့ လောလောဆယ်မှာ ငွေကြေး အထုတ်အသွင်း ကိစ္စတွေ ဆောင်ရွက်နိုင်ဦးမှာ မဟုတ်ပေမဲ့ နောက်ပိုင်း မှာ မိမိတို့ရဲ့ ဘဏ်ခွဲတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်လို့ United Bank of India ရဲ့ အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။

RFA Burmese
ဘကြီးသက်
Unknown at 6:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အစားထိုး ပြောင်းလဲခြင်း

တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အစားထိုး ပြောင်းလဲခြင်း
  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက် အမှတ် (၃၁/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ်
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦး အစားထိုး ပြောင်းလဲခြင်း
၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်း ထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက် အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂ဝ-၁-၂ဝ၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ်(၃/၂ဝ၁၁)တွင် ဖော်ပြထားသည့် အောက်ပါ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးအား ယှဉ်တွဲ ဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲ လိုက်သည် -
ပြောင်းလဲလိုက်သော တပ်မတော်ကိုယ်စားလှယ်များမှာ ချင်းပြည်နယ် လွှတ်တော်တွင် ဗိုလ်မှူးသက်လွင်(ကြည်း ၂၈၂၆၇) အစား ဗိုလ်မှူး/ ဗိုလ်ကြီးတင်အောင် မိုး(ကြည်း ၃၄၇၂၄)၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ဗိုလ်မှူး အောင်ဇေငြိမ်း(ကြည်း ၃၃၄၈၃) အစား ဗိုလ်မှူးကျော်မင်းထွဋ်(ကြည်း ၂၁၀၈၂)၊ မွန်ပြည်နယ်လွှတ်တော်တွင် ဗိုလ်မှူးဇော်ထက်(ကြည်း ၂၉၄၀၈ 
) အစား ဗိုလ်မှူးဇော်လင်းအောင်(ကြည်း ၂၈၀၄၃)၊ ရခိုင်ပြည်နယ် လွှတ်တော်တွင် ဗိုလ်ကြီး သိန်းထွန်းဦး(ကြည်း၂၅၅၅၀)အစား ဗိုလ်မှူးအောင်ဇင်သန်း(ကြည်း၂၈၃၇၅)


အမိန့်အရ
(ဝင်းကို)
အတွင်းရေးမှူး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ministryofinformation

ဘကြီးသက်
Unknown at 6:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လျှပ်တပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက တရားစွဲပြီ


Photo

ရန်ကုန်မြို့ ရန်ကုန်ဟိုတယ်မှာ ဇွန်လ (၂၁) ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲမှာ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်းရဲ့ လျှပ်တပြက်ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင်လိုက်တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တပြက်ဂျာနယ်ကို ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်ရေးသားမှုနဲ့ အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (ခ) (ဂ) အရ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။

“ကျွန်တော့် ဂျာနယ်ကို ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုကြောင်း ဆင့်ခေါ်စာ ရောက်လာပါတယ်” အဲဒီလို တရားစွဲဆို ခံထားရတာကြောင့် လာမည့် ဇူလိုင် ၂၅ ရက်နေ့ တနင်္လာနေ့ နံနက် ၁၁ နာရီမှာ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် တရားစတင် ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးမြတ်ခိုင်က ဆိုပါတယ်။ လျှပ်တပြက်ဂျာနယ်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာများက မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရတယ်လို့ မှားယွင်း ဖော်ပြခဲ့တဲ့အတွက် နိုင်ငံပိုင် သတင်းစာအမှားကို မည်သူက တာဝန်ယူမည်နည်း ခေါင်းစဉ်နဲ့ မျက်နှာဖုံးသတင်း ရေးသားခဲ့တဲ့အပြင် ကျောက်နီမော် ကျေးရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မသီတာထွေးရဲ့ ဓာတ်ပုံကိုပါ ဖော်ပြခဲ့တာကြောင့် စာပေစိစစ်ရေးက အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရက စတင် တရားစွဲဆိုခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများတွင် ရခိုင် ပဋိပက္ခကို ဆူပူမှုများဖြစ်အောင် လှုံ့ဆော်ရေးသားပါက ပုဒ်မ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၉ နှစ် ချမှတ်ခံရမည် ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အခမ်းအနားမှာ မီဒီယာများကို သတိပေး ပြောဆိုခဲ့ပါတယ်။ “လျှပ်တစ်ပြက်ဂျာနယ်အပေါ် အခုလိုမျိုး ပုဒ်မ ၅၀၅ နဲ့ အရေးယူတဲ့ကိစ္စကို လုံးဝလက်မခံပါဘူး။ ကန့်ကွက်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက အစရှိအနောင်နောင် ကျွန်တော်တို့အပေါ် အများကြီး ဖိစီးလာနိုင်ပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ လျှပ်တစ်ပြက်လို့ မခံယူပါဘူး။ ကျွန်တော်တို့ သတင်းမီဒီယာလောက အားလုံးအတွက်လို့ ခံယူပါတယ်။ ဒါကို လုံးဝကန့်ကွက်ပါတယ်။ Eleven Media Group အနေနဲ့ ဒီလိုကိစ္စမျိုးက မဖြစ်သင့်ဘူးလို့ ကန့်ကွက်တောင်းဆိုမှုတွေ လုပ်သွားပါမယ်။ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားပြီး အကယ်၍ လိုအပ်ပါက မီဒီယာလောကအတွက် ကျွန်တော်တို့ကိုယ်တိုင် ဦးဆောင်ပြီး ဒါနဲ့ပတ်သက်လို့ ဆန္ဒဖော်ထုတ် သွားပါမယ်” လို့ Eleven Media Group က အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသွားပါတယ်။

ရတနာပုံသတင်း

ဘကြီးသက်
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားဥပဒေအထက်မှလူများ

(. . . . စစ်အစိုးရထောင်များထက်လက်သံပြောင်စွာအစွမ်းပြကြသည်။ ABSDF
 မြောက်ပိုင်း ပြဿနာသည်ထင်ရှာသောဥပမာတခုဖြစ်သည်။ . . . . )

ကျနော် နိုင်ငံရေးလောကထဲသို့ စတင်လှမ်းမျော်ကြည့်မိစကထဲက မကြာခဏမြင်ရကြားရ
လေ့ရှိသည်မှာ တရားဥပဒေအပေါ်မှလူတွေအကြောင်းဖြစ်သည်။ ထိုလူတွေကြောင့်ကျနော်
တို့နိုင်ငံသည် ဖွတ်ကျောပြာစုဆင်းရဲမွဲတေခဲ့ရသည်။ ထိုကြောင့်၈၈ အရေးအခင်းကြီးပြီးဆုံး
သောကာလ မိုးဦးကျဖားများသဖွယ် အလျိုအလျိုပေါ်လာခဲ့ကြသော နိုင်ငံရေးပါတီများ၏
ကြေငြာစာတမ်းများ၊ ဖွဲ့စည်းပုံများတွင် တရားဥပဒေအထက်မည်သူမျှမရှိစေရ ဟူသောအ
ချက်ကိုအရေးတကြီး မဖြစ်မနေထည့်သွင်းရမည့်အချက် တခုဖြစ်ခဲ့ရလေသည်။





ထိုစဉ်ကထဲကကျနော့အတွေးတို့သည်ထိုစကားရပ်အပေါ်တွင်များစွာဖြန့်ကျက်ခဲ့မိသည်။
ထိုသို့ဖွဲစည်းပုံများ၊ ကြေငြာချက်များတွင် မဖြစ်မနေထည့်သွင်းရမည့် ဝါကျတခုအဖြစ် ထည့်
သွင်းနေ ကြခြင်းသည်အဖြေတစ်ခုလော။ အနှစ်သာရသည်အဘယ်နည်း။ အဘယ့်ကြောင့်
တရားဥပဒေအ ထက်မှလူများပေါ်ပေါက်လာရပါသနည်း။

တရားဥပဒေအပေါ်မှာဘယ်သူမှမရှိရ ဆိုသောအဆိုသည် နှစ်သက်မြတ်နိုးဖွယ် လူအထင်
ကြီးဖွယ်အဆိုတစ်ခုဖြစ်သည်။ ထိုအဆိုကို ကျနော်စဉ်းစားတွေးတောသောအခါ သူ၏ ဆန့်
ကျင်ဘက်အဆိုနှင့်ယှဉ်တွဲတွေးတောမိသည်။ဆန့်ကျင်ဘက်အဆိုကို တရားဥပဒေအပေါ်
တွင်လူတချို့ရှိသင့်သည် ဟုခေတ္တယာယီသတ်မှတ် စဉ်းစားကြည့်မိသည်။ မည်သည့်အဆို
ကို လူကြိုက်များသနည်း။ မည်သည့်အဆိုကို လူတို့နှစ်သက်စွာကိုင်စွဲကြပါသနည်း။ သာမန်
အားဖြင့် ဒုတိယအဆိုကိုလူတို့လက်မခံဟုထင်စရာရှိသော်လည်း တဖက်မှပြန်စဉ်းစားလျင်
ပထမ အဆိုကို လူတိုင်းလက်ခံနေလျင် ထိုဥပဒေအပေါ်မှလူများ ပေါ်ပေါက်လာစရာ အ
ကြောင်းမရှိ။ တနည်းအားဖြင့် ဒုတိယအဆိုကိုလက်ခံသောသူများရှိနေသဖြင့် ထိုသူတို့ပေါ်
ပေါက်လာကြသည်။ လက်ခံသောသူ နဲနဲလေးရှိလျင်ပင် ထိုသူတို့ခေါင်းမထောင်နိုင်။ လက်
ခံသူများ အများစု ကျနော်တို့ နိုင်ငံတွင်ရှိနေသောကြောင့်သာထိုတရားဥပဒေအထက်မှ ဆို
သူတို့ ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ ဤသို့ဆိုလျင် တရားဥပဒေအပေါ်တွင် လူတချို့ရှိ
သင့်သည် ဟူသော ဒုတိယအဆိုကိုလက်ခံသူမည်မျှများပါသနည်း။

လူအများစုကတော့ တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ ဟုအော်ဟစ်ကြသည်။
ကာတွန်းများ၊ ဆောင်းပါးများဖြင့် သရော်ကြသည်။ ကြေငြာချက်များ ထုပ်ပြန်ကြသည်။
တရားဥပဒေအထက်မှ နေထိုင်သော အာဏာရှင်တို့၏ သတင်းပလင်းများကိုထောက်
လှန်း၍ ကွန်ယက်ထဲသို့ထည့်သွင်းထုပ်လွှင့်ကြသည်။ စသည်ဖြင့် မြင်တွေ့ ဖတ်ရှု့နေရသ
ဖြင့် တရားဥပဒေအထက် မည်သူမျှမရှိရဟူသောအဆိုကိုလူ အများကလက်ခံထားသည်
ဟုယူဆရမည် မဟုတ်သလော။ သို့ဆိုလျင်ကျနော်သည် အဘယ့်ကြောင့် လူအများစုက
တရားဥပဒေအထက်တွင် လူတချို့ရှိနေရမည် ဆိုသော အဆိုကိုထောက်ခံသူများ မည်မျှ
များပျားနေပါလိမ့်ဟု အထူးတွေးနေမိရပါသနည်း။

လူတို့၌ ထူးခြားသောဗီဇတခုရှိသည်ကိုကျနော်သတိပြုမိခဲ့သည်မှာကြာပါပြီ။ အစိုးရလုပ်
သောတစုံတခုကို မနှစ်သက်ဟုပြောနေသောလူတို့၏ အတွင်းစိတ်၌ ကြိတ်၍အားကျနေ
တတ်ကြခြင်းဖြစ်သည်။ အခွင့်အရေးရလျင် ထိုအစိုးရဆိုသူတို့လုပ်သလို အာဏာပါဝါ
လေး များပြချင်စိတ်သည် လူအများစု၏မသိစိတ်၌ကိန်းဝပ်နေကြသည်။ ထို့ကြောင့်အာ
ဏာရှင်ကိုတိုက်သူတို့အတွင်းတွင် အာဏာလုမှုများပေါ်ပေါက်လာခဲ့ရသည်။ စစ်အစိုးရ
ထောင်များထဲတွင် မတရားညှင်းပန်းနှိပ်စက်မှုများကို မကြိုက်၍တော်လှန်ရေးနယ်ပါယ်ထဲ
ရောက်လာသူတို့သည် မိမိတို့မသင်္ကာသဖြင့်ထိမ်းသိမ်းထား သောအကျဉ်းသားတို့ကို စစ်
အစိုးရထောင်များထက်လက်သံပြောင်စွာအစွမ်းပြကြသည်။ ABSDF မြောက်ပိုင်း ပြဿနာ
သည်ထင်ရှာသောဥပမာတခုဖြစ်သည်။ မဆလ၏ဗဟိုဦးစီးချုပ်ကိုင်မှုကိုတိုက်ဖျက်လိုသူတို့
အဖွဲ့အစည်းများထဲတွင် ဗဟိုဦးစီးချုပ်ကိုင်မှုသည် ပြင်းထန်ကျဉ်းမြောင်းစွာ တည်ရှိခဲ့သည်။
ဦးနေဝင်းသည် သူ့အားဝေဖန်သူတို့ကိုမကြိုက်သကဲ့သို့ ဆန့်ကျင်ဘက်အဖွဲ့အစည်းများထဲ
တွင်လဲ ခေါင်းဆောင်ဆိုသူတို့သည်သူတို့အားဝေဖန်သူတို့ကိုမကြိုက်။ အခန့်မသင့်လျင် အ
သက်သေသည့်အထိ သို့မဟုတ် နိုင်ငံရေးသေသည့်အထိ နှိပ်ကွပ်ခံရနိုင်သည်။

ထို့အပြင်စစ်အစိုးရ၏ ပညာရေးစံနစ်ကိုဆန့်ကျင်သူတို့သည် စစ်အစိုးရ၏ အတွေးအခေါ်
များထည့်သွင်းထားသော ကျောင်းသုံးစာအုပ်များကို သူတို့ဖွင့်လှစ်ထားသည့် ကျောင်းများ
တွင်ပြဌာန်းအသုံးပြုကြသည်။ကျောင်းသားများသည် နိုင်ငံရေးနှင့်ကင်းရှင်းရမည်ဟု အစိုးရ
ကပြောသောအခါ ခါးခါးသီးဆန့်ကျင်ဆန္ဒဖေါ်ထုပ်ခဲ့ကြသူတို့သည် လွတ်မြောက်နယ်မြေ
များ၌ကျောင်းဖွင့်ခွင့်၊ ကျောင်းဆရာလုပ်ခွင့်ရသောအခါ သူတို့၏တပည့်ကျောင်းသားများ
အား ၈၈ သပိတ်ကြီးအကြောင်း ကိုအနည်းငယ် ဗဟုသုတ အဖြစ်ထည့်သွင်းသင်ကြားရန်
တင်ပြသူတို့အားရန်လုပ်ကြသည်။ ငါတို့ကျောင်းကသန့်သန့်လေး ၊ နိုင်ငံရေးလာအရောင်
မဆိုးနဲ့ဟူ၏။ စစ်အစိုးရကျောင်းမှကျောင်းဆရာ၊ ဆရာမတိုမှ တပည့်ကျောင်းသားတို့အပေါ်
ဆက်ဆံပုံ၊ ဆုံးမပုံတို့ကိုထောက်ပြဝေဖန်ခဲ့သော တော်လှန်ရေးနယ်ပါယ်မှ ကျောင်းဆရာ၊
ဆရာမအချို့တို့သည် သူတို့ကျောင်းမှကလေးငယ်တို့၏ လက်အားရောင်ကိုင်းလာသည့်အ
ထိရိုက်နှက်ကြသည်။ ငိုနေသောကလေးအား ရေချိုးခန်းထဲသို့ထည့်သွင်း၍ တခါးပိတ်ထား
ခြင်းအားဖြင့် အငိုတိတ်သည့်အထိပညာသင်ကြားပေးကြသည်

ထို့အပြင်၊ ထို့အပြင် အစိုးရသတင်းမီဒီယာတို့မှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်စွတ်စွဲပုတ်ခတ်မှု၊ ဆဲဆို
မှုတို့ကိုပြင်းထန်စွာဆန့်ကျင်ခဲ့ကြသော တော်လှန်ရေးနယ်ပါယ်ရောက်လာသူတို့သည် သူ
တို့၏ ဘလော့များ၊ မျက်နှာစာအုပ်များတွင် နာမည်တတ်၍ ဆဲကြသည်။ နယ်ချဲ့ ကိုငါတို့
တိုက်ခဲ့ရတာ၊ တိုင်းပြည်ချောက်ထဲကျခါနီးတိုင်းငါတို့ကယ်တင်ခဲ့ရတာ ဟုစစ်အစိုးရက သ
မိုင်းကို အခွင့်အရေးတခုအဖြစ် အသုံးချပြောဆိုသောအခါ ခါးခါးသီးလက်မခံနိုင်ကြသူတို့
သည်ငါတို့ကတောထဲမှာဖြတ်သမ်းခဲ့ရတာ၊ ငါတို့ကထောင်ထဲမှာ ဖြတ်သမ်းခဲ့ရတာဟု အ
မြုတ်ထွက်မတတ် မိမိတို့သမိုင်းကိုအခွင့်အရေးရတိုင်း ပြောလေ့ရှိကြသည်။ထိုတောထဲနှင့်
ထောင်ထဲမှ လူနှစ်မျိုးတို့ မကြာခဏပင် ထိပ်တိုက်တွေ့တတ်သကဲ့သို့ပြဿနာတို့ကိုဖြေရှင်း
ရန် လက်စွဲဥပဒေသအဖြစ်ပင်တခါတခါမြင်တွေ့ရတတ်သည်။  စသည်. . . . . .
စသည်  . . ဖြင့်  မြောက်များစွာတွေ့လာရသောအခါ လူတို့၏မသိစိတ်၌ကိန်းအောင်းနေ
သော အဆိုပါ တရိစ္ဆာန်ဗီဇ ကိုကျနော်သတိထားမိလာခြင်းဖြစ်သည်။

အစိုးရနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများတွင်သာလော။ မဟုတ်သေး။ လက်တွေ့ မြန်
မာ့လူနေမှုဘဝတို့မှ နေ့စဉ်မြင်နေသည်တို့ကိုလေ့လာကြည့်ပါ မိတ်ဆွေ။ တရားဥပဒေ
အထက်၌ နေထိုင်ခွင့်ရစေရန် မြန်မာနိုင်ငံသားတို့သည် နည်းလမ်းပေါင်းစုံဖြင့် နေစဉ်
ကျိုးစားအားထုပ်လျက်ရှိကြသည်။ ဥပမာ  . .  . မိသားစုအတွင်းတွင် ဟိုဟာမလုပ်ရ၊
ဒီဟာမလုပ်ရဟု ကလေးများအားမိဘများကဥပဒေထုပ်တတ်ကြသည်။ သို့သော် ထို
ဥပဒေထုပ်သူ လူကြီးများကတော့ ပျော်ပျော်ကြီး သူတို့ထုပ်ထားသည့်ဥပဒေကိုချိုးဖေါက်
လေ့ရှိကြသည်။ မဆဲရ၊ ရိုင်းစိုင်းစွာမပြောရ၊ အော်ကြီးဟစ်ကျယ်မပြောရ၊ ယဉ်ယဉ်ကျေး
ကျေးနေထိုင်ကြ ဟူသောဥပေဒေသည် မြန်မာ့မိသားစုများတွင် ပြဌာန်းထားလေ့ရှိသည်။
သို့သော်လူကြီးများကတော့ လင်မယားရန်ဖြစ်လျင်၎င်း၊ အိမ်နီးနားခြင်းများနှင့် ရန်ဖြစ်လျင်
၎င်း ပျော်ပျော်ကြီးထို ဥပဒေများကိုဖေါက်ဖျက်ကြသည်။ ထို့ကြောင့် မြန်မာမိသားစုများတွင်
အုပ်ချုပ်ခံကလေးများက မိသားစုဥပဒေများကိုလိုက်နာဖို့လိုအပ်ပြီး မလိုက်နာပါကအပြစ်
ပေးခံရမည်ဖြစ်သော်လည်းလူကြီးများကတော့ဥပဒေအထက်တွင်နေထိုင်ကြသည်။

ဆိုပါစို့၊ ရွာတရွာဘုရားပွဲတွင်ဇာတ်ပွဲသွင်းပါက ကပြမည့်နေ့အရင်ရောက်သော သူနေရာ
ကောင်းရမည်ဟုဥပဒေထုပ်ထားသည်။ သို့သော် ဘုန်းကြီးနှင့်ရင်းနှီးသူများ၊ ကပ္ပိယနှင့်
ရင်းနှီးသူများ၊ ရွာလူကြီးနှင့် ရင်းနှီးသူများကတော့ ကပြမည့်နေမရောက်ခင်ကထဲက နေရာ
ကောင်း များကိုရရှိထား သိမ်းပိုက်ထားပြီးဖြစ်ကြသည်။ အချို့ကလည်းနေရာကောင်းရရန်
ဘုရားပွဲကျင်းပရေးကော်မီတီကိုငွေပေးတတ်ကြသေးသည်။ တနည်းအားဖြင့်ထိုသူတို့သည် ဘုရားပွဲကျင်းပရေးကော်မတီမှ ထုပ်ထားသောဥပဒေအထက်တွင်ရှိကြသည်။

ဤသို့ဖြင့် လမ်းဘေးဈေးသည်များ၊ မော်တော်ယာဉ်များ၊ စတိုးဆိုင်များ၊ ဘတ်စ်ကားများ၊ ဘတ်စ်ကားစီးသူများ၊ ဈေးဝယ်သူများ၊ အမှိုက်ပစ်သူများ၊ အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ မို
ဘိုင်းတယ်လီဖုန်းပိုင်ရှင်များ၊ ကုမ္မဏီပိုင်ရှင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ လျပ်စစ်မီးသုံး
စွဲသူများ၊ လျပ်စစ်မီးထုပ်လုပ်ရောင်းချသူများ၊ တံငါသည်များ၊ ရေလုပ်ငန်းပိုင်ရှင်များ၊ စ
သည် စသည်ဖြင့် မြန်မာပြည်မှလူတိုင်းလူတိုင်းသည်တရားဥပဒေအထက်မှနေထိုင်ခွင့်ရစေ
ရန်နည်းလမ်းပေါင်းစုံဖြင့် ကျိုးစားလျက် မိမိတို့သက်ဆိုင်ရာနယ်ပါယ်အသီးသီးတွင် တရား
ဥပဒေအထက်၌နေ ထိုင်နေကြလေတော့သည်။ မိမိကိုယ်မိမိ မညှာမတာတွေးကြည့်ပါ၊ ဝေ
ဖန်ကြည့်ပါလေ။

ထို့ကြောင့်ပင် တရားဥပဒေအထက်၌ မည်သူမှမရှိရ ဟုအများစုက မည်သို့ပင်ပြောဆိုနေ
ကြစေကာမူလူတို့၏ မသိစိတ်၌ ကိန်းအောင်းနေသော တရိစ္ဆာန်ဗီဇက အခွင့်အရေးရလျင်
တရားဥပဒေအထက်၌ နေလိုစိတ်ကို မျိုရိုးစင်ဆက်မွေးမြူပေးထားကြသည်။ မိဘများရိုက်
နှက်ဆုံးမမှုကို မကြိုက်သောသားသမီးအများစုတို့သည် ကိုယ်တိုင်မိဘဖြစ်လာသောအခါ
မိမိတို့ကလေးများကိုရိုက်နှက်ဆုံးမကြပြန်သည်။ ဝန်ထမ်းများ လာတ်စားသည့်ဒဏ်ကို လှိမ့်
နေအောင်ခံနေရသူတို့သည် မိမိကိုယ်တိုင် လာတ်စားခွင့်ရရန် ကျိုးစားကြသည်။ ဤသို့ဖြင့်
အရိုးစွဲနေပြီဖြစ်သော ထိုဗီဇသည် ရဟတ်ဘီးသို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းလည်ပါတ်
လျက်ရှိသည်။ အကြောင်းကိစ္စတခုရှိလာလျင် စည်းမျဉ်း စည်းကမ်း ဥပဒေအတိုင်း မည်သူ
မျှမသွားလိုကြ။ စည်းမျဉ်းစည်းကမ်းဥပဒေ၏အထက်မှ သာလွန်သော အခွင့်အရေးရစေရန်
နည်း လမ်းပေါင်းစုံဖြင့်ကျိုးစားကြသည်။ ငွေရှိသူတို့သည်ငွေဖြင့်ကျိုးစားကြသည်။ အာဏာ
ရှိသူတို့သည်အာဏာဖြင့်ကျိုးစားကြသည်။အဆက်အသွယ်ရှိသူတို့သည်အဆက်အသွယ်
ဖြင့်ကျိုးစားကြသည်။ ငွေကော အာဏာကော အဆက်အသွယ်ကောမရှိသူတို့သည် မိမိက လူအများအတွက်မည်မျှစွန့်လွှတ်ခဲ့ဘူးသည်ဆိုသောအချက်ကိုလက်ကိုင်ပြု၍ကျိုးစားကြ
သည်။ ဤသို့ဖြင့် မြန်မာလူမျိုးတိုင်းသည် တရားဥပဒေအထက်မှနေလိုသူတိုင်း မိမိကိုယ်
တိုင်ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေလေတော့သည်။

ထိုကြောင့်ပင် တရားဥပဒေအထက်မည်သူမျှမရှိစေရဟူသောကြွေးကြော်သံအစာပို၍
လက်တွေ့ကျသည့် တရားဥပဒေအထက်၌ ငါရှိရမည် အခြားသူများမရှိစေရ ဟု
ပြောင်းလဲ ကြွေးကြော်သင့်လှပေတော့သည်။

သီရိဆောင်း

ဘကြီးသက်
Unknown at 9:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီးခဲ ပြာဖုံး ဖြစ်သွားသော အကြမ်းဖက် ရိုဟင်ဂျာ အဆုံးမသတ်သေး


ရခိုင်ပြည်နယ် ပြည်နယ်အတွင်းဖြစ်ပွားနေသော လူမျိုးရေး/ဘာသာရေး ပဏ္ဍိပက္ခများ၏ ဖြစ်စဉ်ကို ပြန်လည်လေ့လာကြည့်ပါက  ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အတွင်းမှာ ရခိုင်တိုင်းရင်းသူ မသီတာထွေးကို ဘင်္ဂလီ များက လူသတ်၊ မုဒိန်းကျင့် ပစ္စည်းယူဆောင်သွားမှုက အစပြုခဲ့တယ်လို့ မြေပြင် အချက်အလတ်များအရ သုံးသပ်လို့ရပါတယ်။ သို့သော် တောင်ကုတ်မြို့မှာ ကုလား(၁၀)ဦးကို ရခိုင်သားများက တန်ပြန်သတ်ဖြတ်လိုက်တဲ့အခါမှာ ပိုမိုကြီးထွားသွားပါတယ်။ တောင်ကုတ် အကြမ်းဖက်သတ်ဖြတ်မှုဟာ တစ်ကယ်တော့ ဖြစ်ရိုးဖြစ်စဉ်ထဲကခွဲထွက်လာသော ဖြစ်ရပ်ပါ ဖြစ်စဉ်ရဲ့နောက်ကွယ်မှာ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ဆိုတာ ရှိနေပါတယ်။  တောင်ကုတ်မြို့အတွင်းမှ မသီတာထွေး သေဆုံးမှုကို လက်တုံ့ပြန်ရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP  ကပဲ သွေးထိုးလှုံဆော်စာ တွေဖြန်ပါတယ်။ အလားတူ စစ်တွေ ဈေးအတွင်းက ဈေးစောင့်ပြဿနာကို စစ်တွေ အမှတ်(၁)ရဲစခန်းမှာ သွားရောက်ဆန္ဒပြရန် ဦးဆောင်သူသည် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ဖြစ်ပြီး NLD ပါတီဝင်များက လိုက်ပါဆောင်ရွက်သွားတာကို တွေရှိရပါတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများနှင့် မူစလင်ကုလားဆိုးများ တိုက်ခိုက်မှုအား စေ့ဆော်သူမှာ RNDP  နှင့် NLD တို့ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ယခင်ကဖြစ်ရပ်
တပ်မတော်အစိုးရလက်ထက် ကလည်း စစ်တွေမြို့အနီးမှာ ဆက်သွယ်ရေးဝန်ထမ်းရဲ့ သမီးတစ်ဦးကို သီတာထွေးလိုပဲ ကုလားဆိုးများက အကြမ်းဖက် မုဒိန်းကျင့် သတ်ဖြတ်ပြီး ၄င်းတို့ ရွာပတ်ဝန်းကျင် နေရာအနှံမှာ ခန္တာကိုယ် အစိတ် အပိုင်းများကို မြှုပ်ထားကြောင်း၊ မကျေနပ်တဲ့ ရခိုင်တိုင်းရင်းသားအချို့ က ဒါကိုသိတော့ ရွာကို ၀ိုင်းမီးရှို့ပြီး သွားရောက်စစ်ဆေးတဲ့ ရဲတပ်ဖွဲ့ဝင်များကိုလည်း ပြန်လည်ခုခံလို ရဲတပ်ဖွဲ့ဝင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဘူးပါတယ်။ အဲဒီနောက် ကုလားမများက စစ်တွေ တက္ကသိုလ်ထိ ဒါးကိုင်ဆွဲလာတဲ့ အတွက် စစ်တွေ တက္ကသိုလ်ကျောင်းသားများ ခုခံတိုက်ခိုက်တာ မနိုင်တဲ့ အဆုံး သက်ဆိုင်ရာ ကပစ်ခတ်ဖြိုခွဲရတယ် ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ရက်တွေကြာလာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ ဒီတုန်းက RNDP  ပါတီ မပေါ်သေးပါဘူး။ အလားတူ NLD  ပါတီလည်း မြေအောက်နိုင်ငံရေးလှုပ်ရှားမှု အဆင့်သာ ရှိပါတယ်။ 
ယခုဖြစ်ရပ်
ယခုဖြစ်ရပ်မှ သီတာထွေးအမှုက ပြီးပြီး ပျောက်ပျောက် ဖြစ်သွားစရာ အကြောင်းမရှိတာကတော့ ကျောက်နီမော် ရွာနဲ့ တောင်ကုတ်မြို့ဆိုတာ နီးကပ်နေပါတယ်။ ရမ်းဗြဲအပိုင် ဖြစ်ပေမယ်။ စက်လှေ တွေ့နဲ့ ရောင်းဝယ်ဖေါက်ကား သွားလာနိုင်တဲ့ အတွက် ဒီသတင်းကို ချက်ခြင်း သိနိုင်ပါတယ်။ ဒါအပြင် ယခင်ကလို သတင်းနဲ့ ပတ်သတ်ပြီး အမှောင်ချ ပိတ်ပင်မှုမျိုး မရှိတာကြောင့် Transparency ဖြစ်လာပါတယ်။ ဒါ့အပြင် တောင်ကုတ်မှာလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူ အချို့ကလည်း  သီတာထွေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်တုံ့ပြန်ရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP  ကပဲ သွေးထိုးလှုံဆော် စာတွေ ဝေပါတယ်။ တောင်ကုတ်နေ ရခိုင်တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ကလည်း အလွန်အားကျအတုယူဖို့ ကောင်းပါတယ်။ တောင်ကုတ်မြို့မှာ မူစလင်များအတွက် နေရာမရှိပါ ။ ဖြတ်သန်းသွားလာတာတောင် ညအိပ် ညနေ ခွင့်ပြုခြင်း အရင်က မရှိခဲ့ပါ။ ယခုလို သံတွဲ -တောင်ကုတ် ကားလမ်းမှာ သံတွဲရောက် မူစလင်တွေ ဖြစ်တဲ့ ရက်ပေါင်း (၁၂၀)ကြာကြာ ဥပုဒ်စောင့်တဲ့ မူစလင် ဗလီဆရာ(၁၀)ယောက်ကို တောင်ကုတ်ကို မသွားဖို့ သံတွဲက အထွက် လမ်းခရီး တစ်ထောက်နားနေရာမှ တားမြစ်သေးပါတယ်။ဒါပေမယ့် သေဆုံးသူများက ငြင်းပယ်ပြီး တောင်ကုတ်ကားကြီးဝန်းအတွင်း လက်ဖက်ရည် တောင် အေးအေးဆေးဆေးသောက်သွားပါသေးတယ်။ မူစလင်တွေ တောင်ကုတ် ကားကြီးဝန်းအတွင်း ရောက်နေတယ် ရန်ကုန်ကို ခရီးဆက်သွားမယ် ဆိုတာကို RNDPပါတီဝင် ကပဲ လူထုကို အသိပေး စေ့ဆော် တိုက်ခိုက်မှုတွေဖြစ် သွားပါတယ်။ 

မောင်တောဖြစ်စဉ်
မောင်တောဖြစ်စဉ်ကို ကြည့်ရင် သောကြာနေ့ မူစလင်ဘာသာဝင် ရိုဟင်ဂျာများစုစည်းကာ ၀တ်ပြုဆုတောင်းပြီး (၁၂၃၀)ချိန်တွင် လူအုပ်စုဖွဲ့ကာ ရခိုင်တိုင်းရင်းသားများနေအိမ်နှင့် ဆိုင်များကို အလစ်အငိုက်ရယူကာ တိုက်ခိုက်ဖျက်ဆီး မီးရှို့ ခဲ့ပါတယ်။ ၀တ်ပြုဆုတောင်းနေချိန်မှာ မောလ၀ီ ဆရာများက ရခိုင်တိုင်းရင်းသားကို လက်စားချေတုံ့ပြန်တိုက်ခိုက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။ ဦးဆောင်သူတွေထဲမှ မောလ၀ီဆရာတစ်ဦး ဖြစ်သူ အာမန်အူလ္လာင် ဆိုသူလည်း ပါရှိပါတယ်။ ပညာတက် ရိုဟင်ဂျာတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကုလအဖွဲ့အစည်းက ဒေါက်တာထွန်းအောင်နှင့် ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ တောင်ကုတ်ဖြစ်စဉ်ကို အကြောင်းပြုပြီး လွန်ခဲ့တဲ့ ခြောက်လ လောက်က စီမံထားသော ရိုဟင်ဂျာ စစ်ရေးလှုပ်ရှားမှုများကို အကောင်အထည်ဖေါ်ရန်အချိန်ကိုက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
မော်လ၀ီဆရာများနှင့် အာမတ်အူလ္လောင်တို့ကို နောက်ကွယ်ကနေ အရေးအခင်းဖြစ်ပေါ်စေရန် တွန်းအားပေးသူများက တော့  CIA ၊ RSO  နှင့် ABSDF တို့ဖြစ်ပါတယ်။

CIA ၊ RSO  နှင့် ABSDF တို့ နောက်ကွယ်မှ ဖန်တီးပါသလဲ ?
ရှင်းပါသည်။ ၊ RSO သည် ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေရှ့် နိုင်ငံအတွင်း သွပ်သွင်းရန်နှင့် မူစလင်ကုလားဆိုး ရိုဟင်ဂျာများ ပြည်နယ် ထူထောင်ရေး ဖြစ်ပါသည်။ ABSDF  မိုးသီးဇွန် ကလည်း ယခုအချိန်အခါ မှ နိုင်ငံတော် အစိုးရနှင့် KNU တို့ စေ့စပ်ညှိနှိုင်းရေးတွေလုပ် အပစ်အခတ်ရပ်စဲ ၊ နယ်ခြားစောင့်တပ်တွေ ဖွဲ့ဆိုတော့ အတွက် ABSDF ထိုင်း-မြန်မာနယ်စပ်မှာ နေစရာ မရှိတော့ အတွက် လုပ်ကွက်ဖေါ်ခြင်း သာဖြစ်ပါသည်။ CIA သည် တရုတ်-မြန်မာ ကျောက်ဖြူ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းပျက်စေရန်နှင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တစ်စိတ်တစ်ပိုင်း ပျက်ဆီးသွားစေရေး အတွက် လိုအပ်တဲ့ ငွေအား ၊လက်နက်အားတို့ ပံ့ပိုးပြီး ဒီပြဿနာများကို ဖြစ်ပေါ်လာစေရန် နောက်ကွယ်မှ ကြိုးကိုင်သူများလို ပြောဆိုရင် မမှားနိုင်ပါ။

ရိုဟင်ဂျာ အရေးအခင်း ဇာတ်လမ်းအစ
တကယ်တော့ မသီတာထွေး ဖြစ်စဉ်မှာ ပါဝင်သူအားလုံးသည် ဒေသခံများအပြောအရ အယ်ကိုင်းဒါများသာ ဖြစ်ပါတယ်။ အတည်မပြုရသော ထုတ်ဖေါ်ခြင်းမပြုသော သတင်းများအရ ၄င်းတို့ သုံးဦး သည် ကျောက်နီမော် ဗလီအတွင်းမှာ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်နှင့် ကျည်ဆံများကို ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောကြားပါတယ်။တောင်ကုတ်ဇာတ်လမ်းက မီးမွှေးလိုက်တော့ ရိုဟင်ဂျာ ဘင်္ဂလီ ကုလားဆိုးများရဲ့ အနှစ်နှစ် အလလ မျှော်မှန်းထားတဲ့ အိမ်မက်ကို အကောင်အထည်ဖေါ်ဆောင်ဖို့ လမ်းစဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကလည်း မလေးရှားနိုင်ငံမှာ ABSDF က မိုးသီးဇွန် က မြန်မာနိုင်ငံက ရိုဟင်ဂျာ များ လက်နက်ကိုင်တော် လှန်ရေးအတွက် ဆွေးနွေးခဲ့ပြီးနောက် ပြည်ပမှာ ရောက်နေတဲ့ ၈၈ ကျောင်းသား မြအေး သမီး ဟာဂျီမ ဝေနှင်းပွင်သုန် ကလည်း အရေးအခင်းဖြစ်စမှ ဘင်္ဂလားဒေရှ် နိုင်ငံကို ရောက်ရှိလာပါတယ်။ ဒါနဲ့ သောကြာနေ့ မောင်တောမြို့ ဗလီမှာစတင်ခဲ့ခြင်း ဖြစ်ပါတယ်။

သီးခြား နောက်ကွယ်မှ လှုပ်ရှားမှုများ
ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ NLD ပါတီနဲ့ ၈၈ ကျောင်းသား မြအေးတို့ ပါဝင်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ မင်းကိုနိုင်ဦးဆောင်သည့် (၈၈)မျိုးဆက်ကျောင်းသားများအုပ်စု၏ လက်ရှိဆောင် ရွက်နေသော ယခု လှုပ်ရှားမှုများ အောင်မြင်စေရေးနှင့် ထိုလုပ်ငန်းစဉ်များကိုလိုအပ်သလို ထည့်သွင်းသုံးစွဲနိုင်ရေး  ဟာဂျီမ ဝေနှင်း ပွင့်သုံမှ ပြည်ပရောက်မြန်မာများ မြန်မာ့အရေးကိုထောက်ခံသည့် အမေရိကန်၊ ဗြိတိန်၊ နော်ဝေနိုင်ငံတို့ရှိ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များထံမှ ကောက်ခံထားသည့် အလှူ ငွေကျပ်သိန်း (၁ဝဝ)နှင့် ညီမျှသည့် US ဒေါ်လာကို (၁၂ဇွန်၁၈)ရက်နေ့လွှဲ ပြောင်းပေးပို့ရန် ၄င်း၏ဖခင် (၈၈)မျိုးဆက်ခေါင်းဆောင် ကိုမြအေးထံ (၁၂ဇွန် ၁၁)ရက်နေ့ တွင် ဆက်သွယ်အကြောင်းကြားသည်ဟု သိရှိရပြီး သူမ၏မိသားစုအတွက် အသုံးစရိတ်ကို သူမ၏အလှူငွေအဖြစ် သိန်း(၅ဝ)ကိုလည်း ဖခင် ကိုမြအေးထံ ၄င်းနေ့မှာ ပင်လွှဲပြောင်းပေး ပို့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ဒါကြောင့် ရိုဟင်ဂျာအရေးမှာ ၈၈ မြအေး တို့ တိုက်ရိုက်ပတ်သက်နေတာ ပေါ်လွင်ပါတယ်။မြအေးက ဆူးလေ ဘုရားအနီး ဗလီမှာ ဟောပြောပွဲ လုပ်တုံးကလည်း ဗမာ တိုင်းရင်းသားများအား မိစ္စာ များလို့ ခိုင်းနှိုင်းသုံးစွဲသွားပါတယ်။
ရိုဟင်ဂျာ အရေးလှုပ်ရှားသူ (သို့) ရိုဟင်ဂျာ အား ရခိုင်ပြည်နယ်ပေးရန် တောင်းဆိုသူမှာ  ၁၉၉၀ NLD လွှတ်တော် ကိုယ်စားလှယ် ကျော်မင်း ဖြစ်ပါတယ်။သူကိုလည်း အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပါသည်။ အဝေးရောက် ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာ ပြည်နယ် သတ်မှတ်နိုင်ရေး တောင်းဆိုလှုပ်ရှားသူများက တော့ Rohingya Solidarity Organization (RSO), ရိုဟင်ဂျာ အဖွဲ့ ဖြစ်သော Arakan Movement, Arakan People’s Freedom Party အမည်ခံထားသည့် ရိုဟင်ဂျာ အဖွဲ့ နှင့် Arakan Rohingya National Organization (ARNO) တို့သည် အဖွဲ့အစည်း တို့ဖြစ်ပါတယ်။ ထိပ်တန်း ခေါင်းဆောင်များ ဖြစ်သည့် RSO ဥက္ကဋ္ဌ Dr Muhammad Yunus၊ ရိုဟင်ဂျာ ခေါင်းဆောင် များ ဖြစ်ကြသော Dr Wakar Uddin, Abul Fayaz Zilani, Nurul Islam, Salamat Ullah, Muhammad Shafi Ullah, Nazmul Alam, တို့သည် ဆော်ဒီ အာရေဗျနိုင်ငံ ရိယာ့ဒ် မြို့တွင် အစည်း အဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး Arakan Rohingya Union (ARU) ဟူသည့် တစ်ခုတည်းသော အလံအောက်တွင် ရိုဟင်ဂျာ စစ်သွေးကြွများ အားလုံး စစ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြသည်။ ပေါင်းစည်းလိုက်သော အဖွဲ့သစ်၏ တာဝန်ခံများ အဖြစ် Dr Muhammad Yunus, Abul Fayaz Zilani, and Nurul Islam တို့ကို တာဝန် ပေးအပ်ခဲ့ကြသည်။ မကြာသေးမီ နှစ်များက ရိုဟင်ဂျာ စစ်သွေးကြွ အုပ်စုများမှာ အုပ်စုငယ်များ အဖြစ် ကွဲပြားနေကြသော်လည်း ယခုအခါ တစ်ခုတည်းသော အလံအောက်တွင် စုရုံးမိကြပြီး ရံပုံငွေများ စုဆောင်း ရရှိနေပါပြီ စစ်သွေးကြွများ အနေဖြင့် တရားမ၀င် မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊ လူကုန်ကူးခြင်း၊ နှင့် တရားမ၀င် လက်နက် ရောင်းဝယ်ခြင်းများကို လုပ်ဆောင်လျက် ရှိကြပါတယ်။ဤကဲ့သို့ ဘင်္ဂလီရိုဟင်ဂျာများက အကွက်ချ စီစဉ် နေခြင်းကို လွန်ခဲ့သော ခြောက်လခန့် (၂၀၁၂ ဇန်န၀ါရီ ၈ ရက်) နေ့ ကတည်းကပင် အောက်ပါ သတင်းတွင် မူရင်း ဘင်္ဂလီဘာသာဖြင့် ရေးသား ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

http://www.samakal.com.bd/details.php?news=14&view=archiev&y=2012&m=01&d=08&action=&menu_type=&option=single&news_id=224178&pub_no=925&type=
စစ်တွေဖြစ်စဉ်များ
စစ်တွေဖြစ်စဉ်အများစု မောင်တောမှ တဆင့်ကူးစက်လာသော ဖြစ်စဉ်ဖြစ်သော်လည်း နောက်ကွယ်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (စစ်တွေ) RNDP မှ ဦးစောလှနှင့် ဦးခင်မောင်တို့ နောက်ကွယ်မှ မြှောက်ပင့် ပေးမှုများရှိနေပါတယ်။ ရတပ RNDP ပါတီအနေဖြင့် ဘင်္ဂလီများဆူပူအုံကြွမှုဖြစ်ပေါ်စေရန် ဖန်တီးနေသော်လည်း လက်တွေ့ မြေပြင်တွင် ရခိုင်တိုင်းရင်းသားများ ဒုက္ခရောက်ခဲ့မှုများသာ ဖြစ်ပါသည်။ ပြည်နယ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူမသာ၊ကိုယ်မသာ ထိခိုက်ပျက်ဆီးဆုံးရှုံးကြောင်း ဖေါ်ပြထားပါတယ်။  စစ်တွေမြို့မှာ အနှစ်ချုပ်လိုက် တော့ ဒေသခံရခိုင်တိုင်းရင်းသားအများစုရဲ့ အိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စတာတွေ ပျက်ဆီးဆုံးရှုံးသွားပါတယ်။ ကလေးတွေ စာသင်ချိန်မှ မသင်ရတော့ဘူး။  မိသားစုဝင်ငွေရှာရတဲ့ အိမ်ထောင်ဦးစီးတွေမှာ ငွေမရှာရတော့ဘဲ သူများပေးစာ ကမ်းစာ ကို စောင့်မျှော်ရနေပါပြီး။
ရတပ RNDP ပါတီကတော့ ဒီအချိန်မှာ အမြတ်ထွက်တာကတော့ နောင်လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ပါတီတွေဟာ ရခိုင်တိုင်းရင်းသားတွေ အတွက်အသုံးမ၀င်အောင် ပြောဆိုခြင်း၊ လူနည်းစုအား ပေးကမ်းထောက်ပံ့ခြင်းနှင့် ပြည်ပ မီဒီယာတွေမှာ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း တွေပြောပြီး အင်တာဗျူးခြင်း ဖြင့် ပွဲလန့်တုန်း ဖျာခင်းသွားပါတယ်။ 
(ဆက်လက်ဖေါ်ပြသွားပါမည်။)

ဘကြီးသက်
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ

ဘင်္ဂလားဒေ့ရှ်  နိုင်ငံမှ စက်လှေဖြင့် ကပ္ပလီ ပင်လယ်ပြင်ကို ဖြတ်ကာ မြန်မာပြည် တောင်ပိုင်း
ရေးမြို့နယ်၊  ခေါဇာမြို့နယ်ခွဲ  ကော့လှိုင်ကျေးရွာ အုပ်စု သဲခုံရွာသို့ ဆိုက်ကပ်လာသည့် ဘင်္ဂါလီ လှေစီး ခရီးသည် ၈၄ ဦးအနက် ၈၂ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ ချမှတ်လိုက်ကြောင်း ရေးမြို့မ ရဲစခန်းက ပြောသည်။

“သူတို့အင်အား များတဲ့အတွက် အားကစားရုံပဲ တရားခုံရုံး ဖွဲ့ပြီး ရေး တရားသူကြီးက တနှစ်စီ ချလိုက်တာပါ။ ကလေးနှစ်ယောက်က လွဲပြီး အားလုံးကို အမိန့်ချလိုက်တာ” ဟု ရေးမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

အင်္ဂါနေ့တွင် ရေးမြို့ အားကစားရုံ၌ ယာယီတရားခုံရုံး ဖွဲ့ကာ ထိုနေ့တွင်ပင် အမိန့်ချမှတ်ပြီး မော်လမြိုင် အကျဉ်းထောင် သို့ ပို့လိုက်ခြင်း ဖြစ်သည်။ အဖမ်းခံရသူ ၈၄ ဦးအနက် အမျိုးသမီး တဦးနှင့် ကလေးနှစ်ဦး ပါဝင်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။

မလေးရှားနိုင်ငံသို့အသွား စက်ချို့ယွင်းမှုကြောင့် ကပ္ပလီ ပင်လယ်ပြင်တွင် ရက်အတန်ကြာ မျောပါနေသည့် ထိုစက်လှေကို ရေးမြို့နယ်၊ အံဒင်ကျေးရွာ အုပ်စု ငါးမျှားစခန်းမှ ငါးဖမ်းလှေများ၏ ကယ်တင်မှုကြောင့် မေလ ၂၃ ရက်နေ့တွင် ငါးမျှား စခန်းသို့ ရောက်ရှိခဲ့သည်။

ပင်လယ်ပြင်တွင် မျောပါစဉ်က ၁၇ ဦး သေဆုံးခဲ့ပြီး ငါးမျှားစခန်းသို့ ရောက်ရှိစဉ်တွင် ကလေးနှစ်ဦး၊ အမျိုးသမီးတဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအာဏာပိုင်များက ဒုက္ခသည်များကို လာရောက်စစ်ဆေးသော်လည် တစုံတရာ အရေးယူ ဆောက်ရွက်ခဲ့ခြင်း မရှိဘဲ ဒေသခံများက စက်ပြင်ဆင်ပေးခြင်း၊ ငွေကြေးနှင့် စားနပ်ရိက္ခာအချို့ ထောက်ပံ့ကူညီပေးခြင်းဖြင့် မေလ ၂၇ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဇွန်လ ဒုတိယပတ်တွင် လှေချွတ်ယွင်းပြီး ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ မန်ကျည်းရွာသို့ ရောက်ရှိကာ စက်လှေ ပြင်ဆင်ရန်အတွက် ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ တဖန် ဆိုက်ကပ်စဉ် ထားဝယ် ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ရေးမြို့ အာဏာပိုင်ထံသို့ လွှဲအပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သဲခုံရွာသို့ ရောက်ရှိစဉ်တွင် မြန်မာစကား အနည်းငယ် ပြောတတ်သူ နှစ်ဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ရှိသည်။ ထိုအထဲမှ နှစ်ဦးမှာ ညတွင်းချင်းပင် ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဒေသခံ အမျိုးသမီးတဦးကပြောသည်။

ကွန်းချမ်း - စံခလပူရီ (မဇ္ဈိမ)
ဘကြီးသက်
Unknown at 8:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံသို့ မိတ်ဆွေတဦး၏ မေတ္တာရပ်ခံချက်

Benedict-Rogers-commentary
                              Benedict Rogers (Photo: facebook) 
ပြီးခဲ့သည့် နှစ်ပါတ် ကာလအတွင်း ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများသည် လူအချို့အတွက် စိတ်ပျက် ရှုတ်ထွေးဖွယ်ဖြစ်စေပြီး လူအများစုအတွက် ကွဲပြားငြင်းခုံဖွယ် ဖြစ်စေသလို လူတဦးချင်းစီ အတွက်မူ သွေးပျက်ထိတ်လန့်မှုနှင့်ဒေါသဖြစ်စေခဲ့ရသည်။ အပေါ်ယံတွင် တည်ငြိမ်သကဲ့သို့ ထင်ရသော မျက်နှာပြင်အောက်တွင် နှစ်ပေါင်းများစွာ တိမ်မြုပ်ဆူပွက်နေခဲ့သည့် လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများက ပေါက်ကွဲပေါ်ထွက်လာပြီး အရုပ်ဆိုး အကျည်း တန်လှသည့် အပြန်အလှန် ဖျက်ဆီးမှု သံသရာတွင်းသို့ ကျခဲ့ရသည်။ လက်စားချေမှုများ ဖြစ်ပေါ်လာခဲ့ရသည်။ ဤအခြေအနေများက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးခရီးစဉ်ကိုပင် လမ်းလွဲသွားစေရန် ခြိမ်းခြောက်နေ
ပေတော့သည်။
အကြမ်းဖက်မှုများ၊ လူမျိုးရေးအရ စော်ကားမှုများ၊ တမင်တကာ လွဲမှားအဓိပ္ပါယ် ဖွင့်ဆိုမှုများ၊ လုပ်ကြံဖန်တီးထား သည့် ပုံများ၊ သတင်းအမှား ပေးမှုများ၊ ဘက်လိုက်သည့် သတင်းဖော်ပြမှုများက ရက်စက်ကြမ်းကြုတ်သည့် အလှည့်အပြောင်းကို ထပ်လောင်းဆင့်ပိုးလာခဲ့ပြီး သွေးစွန်းရသည့် ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်များ ပေါ်ပေါက်လာစေခဲ့သည်။

အချို့သောသူများက မိမိကို ဘက်လိုက်သည်ဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ဤသို့ စွပ်စွဲချက်အတွက်လည်း မိမိက ပြန်၍ လျှောက်လှဲလိုပါသည်။ သို့သော်လည်း မိမိ ဘက်လိုက်သည်ဆိုသည်မှာ လူအုပ်စုတခုကို သာစေ၊ တစုကို နာစေဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ လူမျိုးတစုကို သာစေ၊ တခုကို နာစေ၊ ဘာသာကိုးကွယ် ယုံကြည်မှုတခုကို သာစေ၊ တခုကို နာစေ ဟူ၍ ဘက်လိုက်ခြင်း မဟုတ်ပါ။ နိုင်ငံရေးပါတီတခုကို သာစေ၊ တခုကို နာစေဟူ၍ ရည်ရွယ်ချက်လည်း မရှိခဲ့ပါ။ ၎င်းတို့အစား မိမိ ဘက်လိုက်သည် ဆိုသည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများ၏ တကမ္ဘာလုံးက လက်ခံကြသည့် တန်ဖိုးများဘက်က လိုက်ခြင်း ဖြစ်ပါသည်။

မိမိက အပြန်အလှန် လေးစားမှု၊ တန်းတူအခွင့်အရေး၊ ဘာသာ-လူမျိုးအုပ်စုများအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတ
ဖြစ်စေရေးဘက်က ဘက်လိုက်ခြင်းသာ ဖြစ်ပါသည်။ မိမိက မည်သည့်လူမျိုး၊ မည်သည့် ဘာသာကိုးကွယ်ယုံကြည် သည် ဖြစ်စေ၊ လူသားတဦးချင်းစီ၏ ဂုဏ်သိက္ခာအတွက် ဘက်လိုက်ခြင်း ဖြစ်ပါသည်။ မိမိက သည်းညည်းခံစိတ် မထားတတ်မှု၊ မုန်းတီးမှု၊ လူမျိုးစွဲဝါဒနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်၍ ဘက်လိုက်ခြင်း ဖြစ်ပါသည်။

ရခိုင်ပြည်နယ်ရှိ ဝမ်းနည်းဖွယ် အဖြစ်အပျက်များကြောင့် ရခိုင်နှင့် ရိုဟင်ဂျာ လူမှုအဖွဲ့အစည်းများမှ သာမန်ပြည်သူများ ထိခိုက်နစ်နာခဲ့ကြရပါသည်။ အိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး၊ ဗလီများလည်း ဖျက်ဆီးခံခဲ့ကြရသည်။ အမျိုးသမီးများ မုဒိန်းပြုကျင့်ခံခဲ့ကြရပြီး၊ လူသတ်မှုများလည်း ရှိခဲ့ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ဆောင်ရွက်ပြုမူခဲ့ကြပါ သနည်း။ ၎င်း အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃ဝ,ဝဝဝ အထိ အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြရသည်ဟု ဆိုကြ
သော်လည်း အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်ခဲ့ပါ။ အကြောင်းမှာ ကုလသမဂ္ဂက ၎င်း၏ဝန်ထမ်းများကို
ပြန်လည် ရုတ်သိမ်းခဲ့ပြီး သီးခြားလွတ်လပ်သည့် စောင့်ကြည့်သူများကိုလည်း ဤဒေသတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့သောကြောင့် ဖြစ်ပါသည်။မြန်မာအစိုးရအနေဖြင့် ပထမဦးဆုံး ဆောင်ရွက်သင့်သည့်ကိစ္စမှာ ယခုအခြေအနေကို အကဲဖြတ်နိုင်ရန် နိုင်ငံတကာလေ့လာ စောင့်ကြည့်သူများ ဝင်ခွင့်ပြုရေးပင် ဖြစ်သည်။

မိမိက ယခုစာကို ရေးခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူBenedict-Rogers-commentarybookcover
များ၏ မိတ်ဆွေတဦးအနေဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ မိမိက မြန်မာနိုင်ငံ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများအတွက် ပြီးခဲ့သည့် ၁၅ နှစ်တာ
ကာလ တွင် လှုပ်ရှားလုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်းနှင့် နယ်စပ်ဒေသများသို့ အကြိမ် ၄ဝ ကျော် ခရီးလှည့်လည်ခဲ့ဖူး
ပါ သည်။ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊
နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ပူးတွဲဆောင်ရွက်ခဲ့
သလို ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ကချင်၊ ချင်း၊ ရခိုင်၊ ရိုဟင်ဂျာ ပြည်သူများနှင့်လည်း ပူးတွဲလုပ်ကိုင်ခဲ့ဖူးပါသည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မောလ်ဒိုက်..စသည့် အစွန်းရောက် အစ္စလာမ်ဝါဒီများ ခေါင်းထောင်ထလာသည့် အခြားသော
နိုင်ငံများတွင် ဘာသာရေးအရ သည်းညည်းမခံလိုစိတ် တိုးတက်ဖြစ်ပေါ်လာနေသည့် အခြေအနေကို အတွေ့အကြုံ များစွာ ရှိခဲ့သူတဦးအနေဖြင့် ယခုစာကို ရေးသားခြင်းလည်း
ဖြစ်ပါသည်။

ဤ နောက်ခံအကြောင်းအချက်များကြောင့် မြန်မာအစိုးရနှင့်
ပြည်သူများကို အကြမ်းဖက်မှုများ ရပ်တန့်ရုံမျှသာမက ပြီးခဲ့
သည့် ရက်သတ္တပါတ်များက ဘာသာရေးအရ သည်းညည်း
မခံနိုင်မှု၊ လူမျိုးရေး မုန်းတီးမှုများ ရှေ့တန်းရောက်လာသည့် ရပ်တည်ချက်များကို ပြောင်းလဲကြပါရန် မေတ္တာရပ်ခံ ပါသည်။ မြန်မာပြည်သူများ အနေဖြင့်လည်း မြန်မာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများရှိ ကောင်းမြတ်မှန်ကန်သည့် တန်ဖိုးများနှင့် နေထိုင်ကြပါရန်၊ မိမိတို့ တောင်းဆို တိုက်ပွဲ ဝင်လာခဲ့ကြသည့် လွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေး တန်ဖိုးများအတိုင်း ဆက်လက်ရပ်တည်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။ ဤသို့ မေတ္တာရပ်ခံရသည်မှာ အကြောင်းအချက်များစွာ ရှိပါသည်။

ပထမအချက်မှာ လူသားဆန်မှုနှင့် လူ့အခွင့်အရေး အခြေခံပေါ်မှ လူသားတို့၏ အသိဉာဏ်ရှိမှုကို မေတ္တာရပ်ခံ
တောင်းဆိုခြင်း ဖြစ်ပါသည်။ တကမ္ဘာလုံးလက်ခံသည့် လူ့အခွင့်အရေးကြေညာစာတမ်း ဆိုသည်မှာ အတိအကျ အားဖြင့် လူသားအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သည့် စနေနေ့က နိုဘယ်ဆုချီးမြှင့်ပွဲ မိန့်ခွန်းတွင်
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သကဲ့သို့ လူ့အခွင့်အရေးများသည် “အားလုံးအနက် အထွန်းတောက်ဆုံးအရာ”
ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရက ပြည်သူများကို ကာလကြာရှည် ဖိနှိပ်ပြုမူခဲ့သလို မည်သူတဦးကိုမျှ နှိမ်ချ သိက္ခာ မကျစေသင့်၊ ကန့်သတ်ထားခြင်း၊ ဖိနှိပ် ချိုးနှိမ်ခြင်း မပြုသင့်ပါ။ ၎င်းကိစ္စတွင် ရိုဟင်ဂျာ ပြည်သူများလည်း အပါအဝင်
ဖြစ်ပါသည်။

ဒုတိယအချက်မှာ ဘာသာရေးအခြေခံဖြင့် မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ မိမိ၏ အခြေခံ နားလည် သဘောပေါက်မှုအရ ‘မေတ္တာ’ကို ရှေ့ထားကြပါသည်။ ၎င်းသည် မိမိ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန် ဘာသာ၏ အခြေခံမူလည်း ဖြစ်ပါသည်။ “သင်၏ အိမ်နီးချင်းကို သင့်ကိုယ်တိုင်ကဲ့သို့ ချစ်လော့” ဟု သွန်သင်ထားပါ သည်။ ခရစ်ယာန် အယူတွင်၊ “မိမိ၏ ရန်သူကိုပင် ချစ်ရန်” သင်ကြားထားပါသည်။ အိမ်နီးချင်းဖြစ်စေ၊ ‘ရန်သူ’ဖြစ်စေ၊ ရခိုင်ဖြစ်စေ၊ ရိုဟင်ဂျာ ဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ်ယာန်၊ မူစလင်၊ နတ်ကိုးကွယ်သူ ဖြစ်စေ၊ မေတ္တာကို ရှေ့တန်း မထားသင့်ပါသလော။ အားလုံးကို မချစ်သင့်ပါသလော.. ဟု စောကြော မေးမြန်းလိုပါသည်။

အရိုးရှင်းဆုံးသော လူသားဝါဒ၊ အခြေခံလူ့အခွင့်အရေး၊ ဘာသာရေး အနှစ်သာရများကြောင့် မေတ္တာထားရန်၊ သည်းခံ စိတ်ထားရန်၊ လေးစားကြပါရန်၊ ငြိမ်းချမ်းရန်နှင့် တန်းတူအခွင့်အရေးကို ထိန်းသိမ်းကာကွယ်ပေးရန် တိုက်တွန်းမှု မပြုနိုင်စေသည့်တိုင်၊ နောက်ဆုံး မိမိတို့၏ အကျိုးစီးပွား အခြေခံအပေါ် စဉ်းစားဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ လိုပါသည်။

မိမိဖော်ပြ ပြောဆိုခဲ့သမျှအပေါ် လူအချို့က စိတ်မကွက်စေသည့်တိုင်အောင် မိမိ ဆက်လက် ဖော်ပြလိုသည့် အချက် များအပေါ် လူအချို့က စိတ်ကွက်ဒေါသ ဖြစ်နိုင်ပါသေးသည်။ မည်သို့ဖြစ်စေ ဆိုရေးရှိက ဆိုရပါလိမ့်မည်။ မိမိ ကြုံတွေ့ ခဲ့ရသမျှတွင် ရိုဟင်ဂျာများသည် အစွန့်ပယ်၊ အခွဲခြား အခံရဆုံး၊ အဖိနှိပ်အခံရဆုံးသူများ ဖြစ်ကြပါသည်။ မိမိအနေဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည်များထံ သွားရောက်ခဲ့ဖူးပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက် အားငယ်မှုများကို မြင်တွေ့ခဲ့ရပါသည်။ ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းဒေသပြင်ပတွင် တွေ့မြင်ခဲ့ရဖူးပါသည်။ ထိုသူတို့ ၏ နှလုံးအိမ်ထဲတွင် စိတ်ဓာတ်ကျဆင်းနေမှုကို မြင်ခဲ့ကြရပါသည်။ မိမိသိရှိသမျှ ရိုဟင်ဂျာများမှာ ဧည့်ဝတ်အကျေ ပြွန်ဆုံး၊ ကြင်နာသည့်၊ ယဉ်ကျေးသိမ်မွေ့သည့်၊ ရည်မွန်သည့်၊ သည်းညည်းခံတတ်သည့်၊ ငြိမ်းချမ်းရေးမြတ်နိုးသည့် လူသားများ ဖြစ်ကြပါသည်။ အခြားသူများက သူတို့၏ လူသားဂုဏ်သိက္ခာကို ငြင်းပယ်ကြသည့်တိုင် လူသားဆန်သည့် ရည်မွန်မှုကို ဆုပ်ကိုင်နိုင်ကြသူများ ဖြစ်ပါသည်။

သို့သော်လည်း သူတို့ကို စစ်အစိုးရက သာမက လူမှုအသိုက်အဝန်းကပါ ဆက်လက်ခွဲခြား ငြင်းပယ် ဖိနှိပ်နေပါက ဆက်လက်ဖြစ်ပေါ်လာမည့် အန္တရာယ်ကိုလည်း မိမိသိမြင်နေပါသည်။ ၎င်းမှာ သဘောထား အစွန်းရောက်လာမည့် အန္တရာယ် (radicalization) ပင် ဖြစ်ပါသည်။

ရိုဟင်ဂျာများကို ‘အကြမ်းဖက်သမားများ’ ဟု မည့်သည့်အခြေခံအကြောင်းမျှ ခိုင်ခိုင်လုံလုံ မရှိပါဘဲ လူမျိုးရေး မုန်းတီးမှုဖြင့် စတင်စွပ်စွဲမှုများ ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း ဤ စွပ်စွဲပြောဆိုချက်များမှာ မိမိဘာသာ စိတ်ကျေနပ်အောင် လုပ်ကြံ ပြောဆိုကြခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ရိုဟင်ဂျာများကို အစိုးရက ဖိနှိပ် နှိပ်ကွပ်
နေခဲ့လျှင်၊ ဒီမိုကရေစီလှုပ်ရှားမှုက ဖယ်ကြဉ်ထားခဲ့လျှင်၊ လူမှုအသိုက်အဝန်းက ခွဲခြားဖိနှိပ်ဆက်ဆံပြီး တိုက်ခိုက်နေ လျှင်၊ နိုင်ငံတကာမိသားစုက သူတို့အရေးကို လျစ်လျူရှုထားခဲ့လျှင်၊ အစွန်းရောက် အစ္စလာမ်ဝါဒီများက ရိုဟင်ဂျာ လူထုများအကြား ရှိနေသည့် စိတ်ပျက်အားငယ်မှုကို အသုံးချ စည်းရုံးလာခဲ့လျှင်၊ ရိုဟင်ဂျာများအနေဖြင့် သူတို့ အတွက် နောက်ဆုံးထွက်ပေါက်လမ်း မရှိတော့ဟု မြင်လာလျှင်၊ ရိုဟင်ဂျာအများစုက သဘောထားပြင်းထန် အစွန်းရောက်သူများ ဖြစ်လာကြဖွယ် ရှိပါသည်။ ပါကစ္စတန်၊ အင်ဒိုနီးရှားတို့တွင် အစွန်းရောက် အစ္စလာမ်ဝါဒီများ လှုပ်ရှားလာခဲ့သည်ကို မြင်တွေ့ခဲ့ကြရသည့်နည်းတူ မော်လ်ဒိုက် နှင့် လန်ဒန်မြို့၏ လမ်းမများ၊ ဆက်ဖော်ပြ၍ မဆုံးနိုင်သည့် အချို့သော နေရာများတွင်လည်း အစွန်းရောက်အစ္စလာမ်ဝါဒီများ စည်းရုံးလှုပ်ရှားလာသည်ကို တွေ့ခဲ့
ကြရသည်။ မြန်မာနိုင်ငံတွင် ရှိနေသည့် ပြဿနာများအပေါ် နောက်ထပ်ရန်စွယ်တခု တိုးလာမည်ကို မိမိ စိုးရိမ်မိပါ သည်။ မိမိဆိုလိုသည်မှာ ဗုံးခွဲခြင်း၊ လေယာဉ်ပြန်ပေးဆွဲခြင်း ကိစ္စများ မဟုတ်ပါ။ မိမိဆိုလိုသည်မှာ နိုင်ငံရေး
သွေးထိုးမှုပါသည့် အစ္စလာမ်အယူဝါဒ ရှေ့တန်း ရောက်လာမည့်အရေး ဖြစ်ပြီး လူအများစု ကိုးကွယ်ယုံကြည်ကြသည့် အစ္စလာမ် ဘာသာရေး အယူအဆနှင့် ခြားနားပါသည်။ ကျန် ကိုးကွယ်ယုံကြည်သူ အများစုက ငြိမ်းချမ်းသည့် ဘာသာတရားကိုသာ လက်ကိုင်ထား ယုံကြည်ကြပါသည်။

ခွဲခြားဖယ်ကြဉ်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ နိုင်ငံမရှိသူများ ဖြစ်နေခြင်း စသည့် အချက်များမှနေ၍ သဘောထား အစွန်းရောက်စေရန် ရေခံမြေခံ ဖြစ်ပေါ်လာစေနိုင်ပါသည်။ အော်စလိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သကဲ့သို့ “စစ်ပွဲများသည် ငြိမ်းချမ်းရေးကို သေကြေစေနိုင်သည့် နယ်ပယ်တခုမျှသာ မဟုတ်ပါ။ အကယ်၍ နစ်နာခံစားနေရမှု များကို ငြင်းပယ် ပါက၊ ပဋိပက္ခများ ပေါက်ဖွားလာစေမည့် မျိုးစေ့များ ဖြစ်လာစေနိုင်ပါသည်။ နစ်နာခံစားရမှုများ
ကြောင့် သိမ်ငယ်ပြီး၊ နာကျည်းမှုများ၊ ဒေါသများ ဖြစ်ပေါ်လာစေနိုင်ပါသည်။”

မိမိကို အထင်အမြင် မလွဲစေလိုပါ။ မိမိပြောဆိုသည့်အချက်အပေါ် အခြေခံ၍ ရိုဟင်ဂျာများကို တိုက်ခိုက်ရန် အကြောင်းပြချက် မဖြစ်စေလိုပါ။ အမှန်တွက် ၎င်း၏ ဆန့်ကျင်ဖက်ကို ရည်ရွယ်ပြောဆိုရင်း ဖြစ်ပါသည်။ အစ္စလာမ်ဝါဒီ များကို စိန်ခေါ်သွေးဆွမှုကို ရှောင်လွှဲနိုင်ရန်အတွက်၊ ရခိုင်များ၊ ဗမာများ၊ မြန်မာပြည်သူများအားလုံးက သဘောထား
ပျော့ပြောင်းသည့်၊ အခြားသူများနှင့် တန်းတူအခွင့်အရေး ရရှိရေးသာ အလိုရှိကြသည့်၊ လူ့ဂုဏ်သိက္ခာနှင့် ထိုက်တန် သည့် လေးစားမှု ရလိုကြသည့်၊ ငြိမ်းချမ်းစွာ နေလိုကြသည့် ရိုဟင်ဂျာများနှင့် ပူးပေါင်းအလုပ်လုပ်သင့်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရိုဟင်ဂျာတဦးက သူ၏မြော်မြင်ချက်ကို မိမိထံ လှပစွာ ပုံဖော်ပြောပြခဲ့ဖူးပါသည်။ သူက မြန်မာနိုင်ငံကို ပန်းပေါင်းစုံ ပွင့်သည့် ဥယျာဉ်ကြီးဖြင့် တင်စားပြီး၊ ရိုဟင်ဂျာများမှာ ၎င်းတို့အနက်မှ ပန်းတမျိုး ဟု ဖော်ပြခဲ့ဖူးပါသည်။

ရိုဟင်ဂျာများနှင့် ပတ်သက်၍ ယုံမှတ်မှားချက် နှစ်ခု ရှိနေပြီး ၎င်းတို့ကိုလည်း ချေဖျက်ရန် လိုအပ်ပါသည်။ ပထမ အချက်မှာ ၎င်းတို့၏ လူမျိုးဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုကို မြေကြီး သို့မဟုတ် ပြည်နယ်နှင့် ပူးတွဲထားသည်ဟူသည့် အမြင်ဖြစ်ပါသည်။ ရိုဟင်ဂျာများက အနည်းဆုံး မိမိသိရှိရသမျှ သူတို့ကိုယ်ပိုင်နယ်မြေ တောင်းဆိုနေခြင်း မဟုတ်ပါ။ သူတို့က မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုမှု လိုချင်နေခြင်းမျှသာ ဖြစ်ပါသည်။ အကယ်၍ သူတို့ ကိုယ်ပိုင်ပြည်နယ် တောင်းဆိုနေသည့်တိုင် သူတို့ကို ဂုဏ်သိက္ခာ၊ တန်းတူအခွင့်အရေးနှင့် ဆက်ဆံနေသမျှ ကာလ ပတ်လုံး ဤသို့ ပေးအပ်ရန်လည်း အကြောင်းအချက် မရှိပါ။

ဒုတိယအချက်မှာ ၎င်းတို့ကို ခိုးဝင်ကျူးကျော်လာသည့် ဘင်္ဂါလီရွှေ့ပြောင်း အခြေချလာသူများဟု မြင်နေခြင်း
ဖြစ်ပါသည်။ ယခုစွပ်စွဲချက်အတွက် မိမိတွင် တုံ့ပြန်ရန်အချက်များစွာ ရှိပါသည်။

Benedict-Rogers-commentarybookcover1ပထမအချက်မှာ သမိုင်းမှတ်တမ်းများအရ ရိုဟင်ဂျာများ
သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မျိုးဆက်ပေါင်းများ စွာကတည်းက အခြေချ နေထိုင်လာခဲ့ကြသည်မှာ ထင်ရှားပါသည်။ ပညာရှင်များက တိကျသည့်
အထောက်အထား များဖြင့် ငြင်းခုံနိုင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုသူများ ဤနေရာတွင် မျိုးဆက်ပေါင်း
များစွာ ရှိနေကြသည်မှာ ငြင်းဆိုမရသည့် အချက်ပင်
ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ ရှမ်းလူမျိုး တဦးဖြစ်သူ စဝ်ရွှေသိုက်က “ရခိုင် မူဆလင်များသည်
မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်မှာ
သေချာသည်။ အကယ်၍ သူတို့ကိုသာ ဌာနေ
တိုင်းရင်းသားထဲသို့ မထည့်ပါက မိမိတို့ကိုယ်တိုင်လည်း ဌာနေတိုင်းရင်းသားအဖြစ် မခံယူသင့်” ဟု ပြောဆိုခဲ့ ဖူးပါသည်။ မြန်မာနိုင်ငံ၏ပထမ ဝန်ကြီးချုပ် ဦးနုကလည်း ယခု အငြင်းပွားနေကြသည့် ရိုဟင်ဂျာအမည်ကို သုံးစွဲခဲ့ဖူး ပါသည်။ ရိုဟင်ဂျာဘာသာဖြင့် အသံလွှင့်ရန် မြန်မာ့အသံကိုပင် အသုံးပြုခွင့်ပေးခဲ့ပါသည်။ ရိုဟင်ဂျာအမတ်များလည်း လွှတ်တော်တွင်း နေရာယူခဲ့ကြဖူးပါသည်။ ဦးနေဝင်း အာဏာရရှိသည့်အချိန်မှသာ သူ၏လူမျိုးရေး အစွဲ၊ မူဆလင် ဆန့်ကျင်ရေး စိတ်ဓာတ်ကြောင့် ယခုကိစ္စများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်း၍ ဆယ်စုနှစ်များစွာ ဖိနှိပ်ညှဉ်းပမ်းမှုများ ဒုက္ခတွင်းသို့ ပစ်ချထားခဲ့ပါသည်။

အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက သူတို့အများစုက အဘယ်ကြောင့်
မြန်မာစကား လည်ပတ်စွာ ပြောဆိုနိုင်ကြပါသနည်း။ မြန်မာအမည်များ မှည့်ခေါ်ကြပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက ၎င်းဒုက္ခသည်များကို လက်ခံရန် ဘင်္ဂလားဒေ့ရှ်က အဘယ်
ကြောင့် လက်ခံရန် ငြင်းပယ်ရပါသနည်း။ အကယ်၍ သူတို့က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများ ဆိုပါက အဘယ်ကြောင့် ယခုလို ဖိနှိပ်မှုများ ခံစားနေကြရသည့် ကြားထဲတွင် မြန်မာနိုင်ငံ၌ အခြေချနေထိုင်လိုပြီး သူတို့အိုးအိမ် သဖွယ် သဘောထားကြပါသနည်း။ ယေဘုယျအားဖြင့် တရားမဝင် ခိုးဝင်လာကြသူများသည် ဆင်းရဲမှုနှင့် ဖိနှိပ်သည့်
နေရာများမှ ထွက်ပြေးလာကြသူများသာ ဖြစ်ပါသည်။ ပို၍ကြွယ်ဝသည့် လွတ်လပ်သည့် နေရာကိုသာ ရှာဖွေကြသူများ သာ ဖြစ်ပါသည်။ အဘယ်ကြောင့် သူတို့က ဘင်္ဂလားဒေ့ရှ်ကို စွန့်ခွာ၍ မြန်မာနိုင်ငံသို့ ထွက်ပြေးကြပါသနည်း။

အချို့မြန်မာများက နယ်စပ်မျဉ်းက ဟင်းလင်းပွင့်နေသောကြောင့်ဟု မိမိကို ပြောကြပါသည်။ ရိုဟင်ဂျာဟု ဆိုနေကြသူ များမှာ တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီများဟု ဆိုကြပါသည်။ သို့ဆိုလျှင်လည်း မြန်မာနိုင်ငံတွင် စနစ်တကျ လူသတ်မှတ် ခွဲခြားသည့် စနစ်လို အပ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံတွင် မွေးဖွားသူများမှန်ပါက သူတို့ကို နိုင်ငံသား အဖြစ် လက်ခံသင့်ပါသည်။ အကယ်၍ ခိုးဝင်လာသူများဟု ခိုင်လုံစွာ တွေ့ရှိပါက၊ လျော်ကန်စွာ ဆက်လက်
ဆောင်ရွက်သင့်ပါသည်။ ထိုသူများကို နိုင်ငံသားအဖြစ်ပေးသည် ဖြစ်စေ၊ သို့မဟုတ် အခြား နိုင်ငံများတွင် ခိုးဝင်လာ သူများကို ကိုင်တွယ်ကြသည့်နည်းတူ သူတို့မူရင်းလာရာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်သင့်ပါသည်။ မည်သည့် အခြေအနေမျိုးတွင်မဆို သူတို့ကို လူမဆန်သည့် ခွဲခြားဖိနှိပ်မှုမျိုး မပြုသင့်ပါ။ တရားမဝင် ခိုးဝင်လာကြသူများ သည်ပင်လျှင် လူ့အခွင့်အရေး ရှိပါသည်။

ဤအကြောင်းကို မာတင်လူသာကင်း က ကောင်းစွာဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သူက “မည်သည့်နေရာတွင် ရှိနေသည့် မတရားမမျှတမှု မဆို၊ နေရာတိုင်းတွင် ရှိနေသည့် တရားမျှတမှုကို ခြိမ်းခြောက်နေသည်” ဟု ဆိုခဲ့သည်။ ရိုဟင်ဂျာ များမှာ နိုင်ငံမဲ့များ၊ ပညာရေးရရှိခွင့်ကို ငြင်းပယ်ခံနေရသူများ၊ ခရီးသွားလာရန်၊ လက်ထပ်ထိမ်းမြားရန်၊ ဝတ်ပြုကိုးကွယ်ရန်  ကန့်သတ် ပိတ်ပင်ခံနေရသူများ၊ ပြင်းထန်ဆိုးရွားသည့် မတရားမမျှတမှုများ နှစ်ပေါင်းများစွာ ခံစားလာကြရသူများ ဖြစ်ပါသည်။ ရခိုင်ပြည်သူများမှာလည်း မြန်မာနိုင်ငံသား အခြားသူများကဲ့သို့ပင်၊ မတရား မမျှတမှုကို ခံစားလာကြရသူများ ဖြစ်ပါသည်။ ၎င်းလူ့အဖွဲ့အစည်းနှစ်ရပ်က အကြမ်းဖက်မှုနှင့် ဖျက်ဆီးမှု သံသရာကို ဆက်လက်ကျူးလွန်နေကြလျှင်မူ အချင်းချင်း အပြန်အလှန် ဖျက်ဆီးနေကြသကဲ့သို့ ရှိလိမ့်မည် ဖြစ်ပြီး ယခု ပဋိပက္ခ အကျပ်အတည်းသာ ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလည်း လမ်းလွဲသွားစေနိုင်ပါသည်။

သို့အတွက်ကြောင့် မြန်မာနှင့် နိုင်ငံတကာ ပြည်သူများအတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာ၊ ငြိမ်းချမ်းရေးတို့အပေါ် အလေးထား လေးစားကြရတော့မည့် အချိန်ဖြစ်ပြီး အကြမ်းဖက်မှုများ ရပ်စဲစေရန် ရပ်တည်
ပေးကြရတော့မည် ဖြစ်ပါသည်။

ရှည်ကြာခက်ခဲမည့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ရင်ကြားစေ့ရေးခရီးကို လျှောက်လှမ်း ကြရတော့မည့် အချိန်လည်း ဖြစ်ပါသည်။

ယနေ့ကာလတွင် အကြမ်းဖက်မှုတွင် သားကောင် ဖြစ်ကြရသူများအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပါသည်။ အိုးအိမ်ဆုံးရှုံးခဲ့ကြရသူ ထိုသူများမှာ စားရေရိက္ခာ မရှိဘဲ ဖြစ်နေကြရပါသည်။

မနက်ဖြန်တွင်မူ လူမျိုးကွဲ၊ ဘာသာကွဲများအကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများနှင့် ပြန်လည်ရင်ကြားစေ့ရေး ပံ့ပိုးပေးမှု များ လုပ်ဆောင်ရန် လိုအပ်ပါသည်။ မိမိတို့စတင်ရမည့် လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု လက်ခံရယူ စဉ် ပြောကြားသွားသည့် မိန့်ခွန်းကို အခြေပြုရမည် ဖြစ်ပါသည်။

“မိမိတို့၏ အန္တိမ ရည်မှန်းချက်မှာ အိုးအိမ်ပြောင်းရွှေ့ထွက်ပြေးရသူများ၊ အိုးအိမ်မဲ့နှင့် မျှော်လင့်ချက်မဲ့သူများ မရှိသည့် ကမ္ဘာကြီးတခု၊ မည်သည့်အရပ်တွင်ပင် ဖြစ်စေ မှီခိုနေထိုင်သူများကြသူများကို ကာကွယ်လုံခြုံစေမည့်၊ လွတ်လပ်စွာ
နေထိုင်နိုင်မည့်၊ အရည်အသွေးကို ပြနိုင်မည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးတခု ဖန်တီးကြရန်ပင် ဖြစ်ပါသည်။ တွေးခေါ်မှု တခုချင်းစီ၊ စကားလုံး တခုချင်းစီ၊ လှုပ်ရှားမှု တခုချင်းစီတိုင်းသည် အပြုသဘောဆောင် ပေါင်းစည်းစေရမည် ဖြစ်ပြီး အလုံးစုံ ပေါင်းစည်းပါက ငြိမ်းချမ်းရေးကို ဦးတည် အထောက်အကူ ပြုစေကြရမည် ဖြစ်ပါသည်။ မိမိတို့ တဦးချင်းက ယခုကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ရန် တတ်စွမ်းကြပါသည်။ မိမိတို့လက်များ တွဲဆက်၍ မိမိတို့ အိပ်နေစဉ် လုံခြုံ၍
နိုးထသည့်အချိန်တွင် ပျော်ရွှင်ချမ်းမြေ့စွာ နိုးထရသော ငြိမ်းချမ်းသည့် ကမ္ဘာကြီးကို ဖန်တီးကြပါစို့” ဟု ပြောဆိုခဲ့ပါ သည်။

မြန်မာများ၊ ရခိုင်များ၊ ရိုဟင်ဂျာများ၊ အစိုးရအရာရှိများနှင့် နိုင်ငံရေး အကျဉ်းသားများ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်
မြန်မာပြည်၏ မိတ်ဆွေ နိုင်ငံခြားသားများလည်း ဤနည်းအတိုင်းသာ ရှေ့ဆက်ကြစေလိုပါတော့သည်။

Benedict-Rogers ရေးသားသည့် A friend’s appeal to Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ဘန်နဲဒစ် ရော်ဂျာစ် (Benedict Rogers) ၏ စာအုပ်အသစ် [လမ်းဆုံ လမ်းခွမှ မြန်မာပြည်] “Burma: A Nation at the Crossroads” ယခုလတွင်ပင် Rider ကုမ္ပဏီမှ ထုတ်ဝေ ဖြန့်ချိခဲ့သည်။

ဘကြီးသက်
Unknown at 8:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယခုလအတွင်း Debit Card များ စတင်သုံးစွဲနိုင်ရန်စီစဉ်



ဇွန်လအတွင်းမှစတင်ကာ Debit Card များကိုသုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ နေပြည်တော်၌ ဇွန်လ ၄ ရက်နေ့ကကျင်းပသည့် ဘဏ်များကြီးကြပ်ရေးကော်မတီက ကြီးမှူးဖွင့်လှစ်သော မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်း (နေပြည်တော်) ၏ အထွေထွေဘဏ်လုပ်ငန်းသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားတွင်

ဘဏ်များကြီးကြပ်ရေးကော်မတီနာယက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ ယခုလမှစတင်ကာ Debit Card များကို သုံးစွဲနိုင်စေရန်အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေကြောင်း Myanmar Payment Union ကိုတည်ထောင်ပြီး ပထမအဆင့်တွင် Intra Bank Network တည်ထောင်ခြင်း ဒုတိယအဆင့်တွင် Inter Bank Network တည်ထောင်ခြင်းနှင့် တတိယအဆင့်တွင် International Linkage လုပ်ဆောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ကြောင်းသိရသည်။ ဘဏ်လုပ်ငန်းဆိုင်ရာ တိုးတက်မှုများအနေဖြင့် ၁.၁၁.၂၀၁၁ ရက်မှစတင်ကာ ပုဂ္ဂလိကဘဏ် (၆) ဘဏ်မှ အလိုအလျောက်ငွေထုတ်စက်များဖြင့် ငွေထုတ်ပေးမှုဆိုင်ရာ ၀န်ဆောင်မှုများပေးနိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁.၄.၂၀၁၂ ရက်နေ့မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းခြင်းလုပ်ငန်း၏ ပထမခြေလှမ်းအဖြစ် ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကိုကျင့်သုံးခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ် (၁၇) ဘဏ်ကိုလည်း နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချ လဲလှယ်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ၊ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းနေနိုင်ငံသားများ နိုင်ငံခြားသုံးငွေများ လွယ်ကူစွာလဲလှယ်သုံးစွဲနိုင်စေရန် ဘဏ်များ၊ လေဆိပ်များ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးသွားရောက်နိုင်သည့်နေရာများတွင် နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချသည့်ကောင်တာများ ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အချိန်အထိ Money Changer Counter ၆၂ ခုဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနေဖြင့် ပြည်တွင်းရှိမိသားစုများထံ ငွေလဲပေးပို့မှုဆောင်ရွက်နိုင်ရန်အတွက် Money Changer လိုင်စင်ရ ပြည်တွင်းပုဂ္ဂလိကဘဏ်လေးခုကို စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံများတွင် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

Myanmar Express

ဘကြီးသက်
Unknown at 8:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တည်ငြိမ်စပြုနေသော စစ်တွေတွင် ၃ ရက်မြောက် မီးရှို့မှု ဖြစ်ပွား

ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ရက်ပေါင်းမျာစွာ တည်ငြိမ် နေခဲ့သော စစ်တွေမြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ မီးရှို့မူ ပြန်ဖြစ်ပွားရာ ယမန်နေ့ကလည်း စစ်တွေ လေယာဉ်ကွင်း အနီးတွင် မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ စစ်တွေ လေယာဉ်ကွင်း  အနီးက အုန်းတောမှာ ဖြစ်ပါတယ်။ များများတော့ မလောင်ဘူး။ သူတို့အိမ် ကို သူတို့ လာရှို့တယ်လို့ သိရပါတယ်။ နောက်မီးသတ်ကားက အချိန်မှီ ရောက်လာတော့ မီးက ငြိမ်း သွားပါတယ်။” မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ  ၂၀ ရက်နေ့က စစ်တွေတွင် မီးလောင်မှုတခု ထပ်မံဖြစ် ပွား ခဲ့သည်။

မီးလောင်မှုမှာ အောင်မင်္ဂလာရပ်ကွက် ဦးအောင်ထွန်းဦးလမ်းနှင့် မင်းဘာကြီးလမ်းကြား စစ်တွေ တက္ကသိုလ်ဟောင်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံလူငယ်တဦးမှ ပြောသည်။

“မီးလောင်မှုဖြစ်တာက ဇွန်လ ၂၀ ရက်၊ ညဥ့် ၁၀ နာရီခန့်မှာ အစိုးရအမှု ထမ်းတွေ နေတဲ့နေ ရာမှာ ဖြစ်တာပါ။ မီးထဲ အိမ်တချို့ ပါသွားပါတယ်။ သက်ဆိုင်ရာက မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်း လိုက်နိုင်ပါတယ်။ အကြီးအကျယ်ပျက်စီး တာတော့ မရှိဘူး” ဟုပြောသည်။

အဆိုပါရပ်ကွက်၌ အစိုးရအမှုထမ်းများ ဖြစ်သည့် ပင်စင်စား၊ ရဲဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း များ နေထိုင်သည့် ရပ်ကွက်ဖြစ် သည်။

“မီးလာရှို့တာက ဘင်္ဂလီ အမျိုးသမီး တဦးဖြစ်တယ်။ အဲဒီရပ်ကွက်ထဲကို ၀န်ထမ်းတဦးရဲ့ အ၀တ်ကို ၀တ်ဆင်ပြီး လာလျှို့ခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားစဉ် အတွင်း ရဲတွေက အဲဒီအမျိုးသမီးကို ဖမ်းဆီး လိုက်နိုင် ပါတယ်” ဟုပြောသည်။

မီးရှို့မူများမှာ ဇွန်လ ၂၀ ရက်နေ့မှ စ၍ ကွက်ကြားကွက်ကြား ပေါ်ပေါက်နေပြီး သက်ဆိုင်ရာနှင့် မီး သတ်တပ်ဖွဲ့မှ အချိန်မီ သွားရောက် ငြိမ်းသတ်နေရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဇွန်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၆၂ဦး၊ အိုး အိမ်စွန့်ခွာ ထွက်ပြေး သူ ၉ သောင်းကျော်နေပြီး ဖြစ်ကြောင်း သိရသည်။

အစိုးရမှ ရခိုင်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် ဆူပူမူကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီဟု ဆိုသော်လည်း  လုံခြုံရေးအင်အား နည်းပါးမူကြောင့် တချို့ နေရာများတွင် ဆူပူ အကြမ်းဖက်မူများ ဆက်လက် ဖြစ်ပေါ်နေကြာင်း သိရသည်။

ထွန်းထွန်း-နေရဉ္ဖရာ
ဘကြီးသက်
Unknown at 8:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်အရေးနှင့်စစ်ရေးအမြင်

ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေ ဆိုတာ သူတို့ရဲ့ ကလေးလေးဘဝက နှလုံးသားကို မဆုံးရှုံးသေးတဲ့သူဖြစ်တယ်လို့ Mencius ကဆိုခဲ့သည် ။  အသို့ဆိုခဲ့ လျှင် ရင့်ကျက်သူတစ်ယောက်ဖြစ်ဖို့ အတွက်မူ ငယ်ငယ်စာသင်ခန်း ထဲက သီအိုရီ သဘောသဘာဝ တွေ ကို ပြန်အမှတ်ရနေဖို့ မဖြစ်မနေလိုအပ်လှသည် ။

သိခြင်း ၊ နားလည်ခြင်း နှင့် ပညာ

အသက် ၁၆ နှစ်အရွယ် ဘဝတုန်းက စစ်မဟာဗျူဟာဘာသာရပ်တွေ ၊ တိုက်ပွဲသုံးသပ်ချက်တွေ ကို သင်ကြားခဲ့ရသည်။
တိုက်ပွဲ တစ်ခုအတွက် အချက်အချာမြေ ဟာအရေးပါကြောင်း ၊ အခြေခံစစ်ဥပဒေသ တွေဖြစ်တဲ့ ချီ ၊တိုက်၊ ခံ ၊ ခွါ တွေ ။ တိုက်စစ် အမျိုးအစားတွေဖြစ်တဲ့  ဖောက်တိုက်စစ် ၊ လှည့်တက်စစ် ၊ စိမ့်ဝင်စစ် ၊ နဂါးပတ်တိုက်စစ် စသည်ဖြင့် အမျိုးအမျိုးအထွေထွေ သင်ကြားခဲ့ရသည် ။ အဲဒီအရွယ် အဲဒီကာလက ၊ အဲဒီအတွေးခေါ် မှာ အဲဒီဗျူဟာတွေဟာ သိပ် အဓိကမကျဘူးထင်မိသည်။ ပစ်အားနဲ့ စစ်ကစားမှု ၊ လက်ဦးမှု ရယူခြင်းတို့သာလျှင် စစ်ပွဲများအောင်နိုင်ခြင်းအတွက် အဓိကကျသည်လို့ ထင်ခဲ့မိတယ် ။  ဒါကြောင့်လည်း ဆရာတက္ကသိုလ် ဘုန်းနိုင် က “ သိတိုင်းလည်း နားမလည်ဘူး ၊ နားလည်တဲ့အဆင့် ရောက်တဲ့ အသိမှ သာ Knowladge လို့ခေါ်တာ ။ knowledge ကို ဝေဖန်သုံးသပ်နိုင်မှ သာ wisdom ဆိုတဲ့ ပညာဖြစ်တယ် ” လို့ ပညာရဲ့သဘောမှာ ဆိုထားခဲ့တာဖြစ်ပေမည် ။ စစ်ရဲ့ အနိဌာရုံတွေ ၊ စစ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မြင်ဖူးကြားဖူးတိုင်းလည်း စစ်ဆိုတာကိုမသိပါ ၊ စစ်ကိုသိတိုင်းလည်း  စစ်ပညာကိုနားမလည်ပါ ။ စစ်ပညာနားလည်တိုင်းလည်း စစ်ပညာ  မတက်မြောက်ပါ ။

လက်တွေ့ဘဝ နှင့် ခံစားမှုသီအိုရီ

ချီလည်းကြွကြွ
ချလည်းကျစ်ကျစ်
ရပ်လည်းမှန်မှန်
ပြန်လည်းစိုက်စိုက်
ပိုက်လည်းညင်ညင်
အစဉ်သဖြင့်
တရားနှင့် ဓားနှင့်
(အမည်မသိရှေးစာဆို)

ရှေးအခါကတော့ စစ်ချီရင် အသံလုံခြုံရမည် (သတင်းလုံရမည်) ။ စစ်စခန်းချမယ်ဆိုရင်လည်း ကျစ်ကျစ်လစ်လစ် နဲ့ အစုလိုက်အဖွဲ့လိုက် စခန်းချရမည် ။ စစ်ကြောင်းရပ်ချိန် နှင့် စစ်ကြောင်းရပ်ရာနေရာ တို့ဟာလည်း အချိန်မှန် ၊ နေရာမှန် ဖြစ်ရမည် ။ ခွာစစ်ဆင်တဲ့အခါမှာလည်း ရည်မှန်းချက်နေရာကိုရောက်သည်ထိ အဆင့်ဆင့် တစိုက်မတ်မတ်ခွါစစ်ဆင်ရမည် ။ ရန်သူကို တိုက်တဲ့ အခါမှာလည်း အသံလုံမှု ၊ အလစ်အငိုကရယူ မှုနဲ့ အတူ ညင်ညင်သာသာ တိုက်ခိုက်ရမည် အစရှိသဖြင့် စစ်နည်းဗျူဟာသဘော တရား (တရား) နှင့် ဓါး ကို အစဉ်သဖြင့် တစ်သားတည်းသုံးနိုင်မှသာ စစ်ပွဲတိုင်းအောင်နိုင်ရာ၏လို့ ဆိုခဲ့ကြသည် ။ လက်နက်အမျိုးစား ထွန်းကားလာတဲ့ ဒီဘက်ခေတ်မှာတော့ လက်နက်နဲ့ ဗျူဟာတွေကို အချိုးကျကျ တွဲ သုံးနိုင်မှသာ စစ်ပွဲတို့အောင်နိုင် ကြရမှာဖြစ်ပါတယ်။

စစ်ဆိုတာဘယ်လိုဟာလဲ

လူအတော်များများ က လက်ခံထားတာဟာ စစ်ဆိုတာ အနိဌာရုံ ၊ စစ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် သွေးရဲရဲ ၊ သံရဲရဲ သတ်ကြတဲ့ပွဲ ဒီထက်လွဲလို့ ဘာမျှ မပိုပါဘူး ။ The Cold War ဆိုတဲ့အယူအဆတွေ ၊ Cyber Warfare ဆိုတဲ့ အသုံးနှုန်းတွေ ၊ Media Warfare ၊ Cultural Warfare ၊ Economic Warfare ၊ Political Warfare စတဲ့ အသုံးနှုန်း ၊ အယူအဆတွေကို တကယ်နားလည်လက်ခံ လာတဲ့ အခါ စစ်ဆိုတာ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ် သတ်ဖြတ်ကြတယ်ဆိုတဲ့ အဓိပ္ပါယ်ထက် ပိုမိုလေးနက်တာတွေ ရှိနေတယ်ဆိုတာ သတိထားမိမှာပါ ။ စစ်ပညာရှင်ကလော့ဇ်ဝစ် ကတော့ “ စစ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒတွေကို တစ်နည်းတစ်ဖုံ ပုံဖော်ခြင်း ” လို့ ဆိုခဲ့တယ် ။ အဲဒီတော့စစ်ဆိုတာ ဘာလဲ ။ မီဒီယာတွေနဲ့ တိုက်ရတဲ့စစ်တွေရှိမယ် ၊ နည်းပညာတွေနဲ့တိုက်ရတဲ့စစ်တွေရှိမယ် ၊ ယဉ်ကျေးမှုလွှမ်းမိုးအောင်လုပ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးဆင်နွှဲရတာတွေရှိမယ်၊ စီးပွားရေး ၊ နိုင်ငံရေး အသာစီး နဲ့ ကိုယ်ပြောသမျှ ခေါင်းငြိမ်းလာရအောင်လုပ်မယ် … ဒီအရာတွေမှာ လက်နက်တွေမပါ ပါဘူး ၊ ပစ်ခတ်တာတွေ မရှိပါဘူး ။ ဒါဆိုရင် စစ်ဆိုတာ ဘာလဲ ။ တကယ့်တကယ်တော့ စစ်ဆိုတာ သူတပါးဆီမှာ အရှုံးမခံ ချင် တဲ့ သဘောတရား တစ်ခု ပါပဲ ။

စစ်တို့ရဲ့ခေတ်

စစ်ဆိုတာတွေကလည်းခေတ်နဲ့ အတူဖြတ်သန်းလာကြခဲ့ကြတယ် ။ ကျောက်ခေတ် ၊ သံခေတ် ၊ ယမ်းခေတ် ၊ နြူကလီးယားခေတ် နဲ့ လူသားအသိဥာဏ် ခေတ် တို့ပါ ။ ကျောက် ခတ်မှာတုန်း ကတော့ ကျောက်တွေ ကိုသုံးပြီးစစ်တိုက်ခဲ့ ကြတယ် ။ သံ ခေတ်မှာ ဓားလှံတွေ သုံးပြီး စစ်တိုက်ခဲ့ ကြတယ် ။ ယမ်းခေတ်မှာတော့ သေနတ်တွေ ၊ အမြှောက်တွေ ၊ တင့်ကားတွေ သုံးပြီး စစ်တိုက်ခဲ့ကြတယ် ။ နြူကလီးယား ခေတ်မှာတော့ လက်နက်ကိုပြပြီး စစ်တိုက်ခဲ့ကြတယ် ။ ယခုလူသားအသိဥာဏ်ခေတ်မှာတော့ Multi-dimensional Warfare ဆိုတဲ့ စီးပွားရေး ၊ ယဉ်ကျေးမှု ၊ နည်းပညာ ၊ လက်နက် ၊ မီဒီယာ ၊ နိုင်ငံရေး စတာတွေကို အချိုးကျကျ အသုံးချပြီးတော့သာ စစ်တိုက်ကြတော့တယ်။ စစ်ပညာရှင်ကြီး ဆွန်ဇု ရဲ့ “ အကောင်းဆုံး စစ်ဗျူဟာ ဆိုတာ ရင်ဆိုင်တိုက်ပွဲဖြစ်စရာမလိုပဲ ရန်သူကို သိမ်းပိုက်နိုင်ခြင်းသာ ဖြစ်တယ်ဆို “ တဲ့ အဆိုကို အပြည့်အဝ အသုံးချကြတော့တယ် ။

ပြည်မြန်မာ နှင့် အချက်အခြာမြေ

“ မြေပိုင်မှ သာစစ်နိုင်တယ်” တဲ့ ။ နည်းပညာတွေဘက်လောက်ပဲတိုးတက် တိုးတက် ၊ လက်နက်တွေ ဘယ်လောက်ပဲ ခေတ်မှီပါစေ မှန်ကန်နေသေးတဲ့ စစ်ပညာ သဘောတရားတစ်ခုပါပဲ ။ နိုင်ငံရေး မဟာဗျူဟာတွေ စဉ်းစားတဲ့ အခါ အင်မတန်ရှုပ်ထွေးပါတယ်၊ နိုင်ငံတကာဆက်ဆံရေးတွေ ၊ နိုင်ငံတကာဥပဒေ တွေ၊ စီးပွားရေးတွေ ၊ လူ့အခွင့်ရေးတွေ ၊ ပြည်သူလူထုရဲ့ ထောက်ခံ မှု အခြေနေတွေပါ ထည့်တွက်ပြီးစဉ်းစားကြရတယ် ။ အဲဒီတော့ တစ်နေရာကိုအာရုံစိုက်လိုက်တာနဲ့ တစ်နေရာမှာလွတ်သွားနိုင်တာတွေ ရှိတယ် ။ စစ်ရေး မှာတော့ အဲလိုမဟုတ် ကမ္ဘာ ကြီးတခြမ်းစာ ကို သဲမြေပုံလေးချကြည့်ရုံ နဲ့ ကမ္ဘာက စူပါ ပါဝါတွေရဲ့ power balance လုပ်နိုင်မဲ့ အနေထားတွေ ၊ ဘယ်သူ့စစ်စခန်းတွေကဘယ်မှာရှိတယ် ၊ ဘယ်သူ့ရဲ့ စီးပွားရေးထွက်ပေါက် (ဝါ) အုပ်ချုပ်ထောက်ပံ့ မှုလမ်းကြောင်းတွေက ဘယ်မှာ ၊ ဘယ်ပါဝါတွေက ဘယ်အကွက်တက်ရင် ဘယ်သူ့ကို ချက်စ် ဖို့ ဆိုတာ အရှင်းသားမြင်နေရပါတယ် ။ အာရှ-ပစိဖိတ် စစ်ရေး တခွင်စာ အတွက် စစ်အောင်နိုင်ရေး အတွက် အချက်အချာမြေဟာ ကျွန်တော်တို့ ရဲ့ မြန်မာ ။

ရခိုင်အရေး နှင့် Multi-dimensional Warfare

            သင်တန်းသား ဘဝတုန်းကတော့ စာသင်ခန်းထဲမှာ C5ISR (command, control, communications, computers, combat systems, intelligence, surveillance, and reconnaissance) ဆိုတဲ့ တိုက်ပွဲနည်းဥပဒေသတွေ ၊ သမာရိုးကျစစ်ပွဲ ၊ ပြောက်ကျားစစ်ပွဲ ၊ ဘက်စုံစစ်ပွဲ (Multi-dimensional Warfare) ဆိုတာတွေကို ကျက်ခဲ့ မှတ်ခဲ့ရတယ်။ သိပ်တော့ ထဲထဲဝင်ဝင်နားမလည်လှဘူး ။ ရခိုင်အရေးဖြစ်တဲ့ အချိန်မှာ ကျွန်တော်သဘောပေါက်လိုက်တာဟာ Multi-dimensional Warfare လို့ခေါ် တဲ့ ဘက်စုံစစ်ပွဲ ဟာ ဘယ်လိုအရာလဲ ဆိုတာပါပဲ ။ ဘာကြောင့် လဲဆိုတော့ နိုင်ငံအတွင်းမှာ local war အနေနဲ့ ဆင်နွှဲရတာရှိသလို ၊ နိုင်ငံတကာမျက်နှာစာမှာလည်း global war အနေနဲ့ ဖြေရှင်းရတာရှိတယ် ။ Local War မှာတော့ ရခိုင်တိုင်းရင်းသားတွေ ၊ မြန်မာတိုင်းရင်းသားတွေ ၊ ရဲ ၊ မီးသတ် ၊ တပ်မတော် ၊နိုင်ငံရေး ၊ လူမှုရေး ၊ဘာသာရေး အဖွဲ့စည်းတွေ ပါဝင်ခဲ့ရသလို ၊ ပရဟိတ အဖွဲ့တွေကလည်း ကူညီထောက်ပံ့ခဲ့ကြတယ် ။ Global War မှာတော့ သမ္မတကြီး တို့ လို ဒေါ်အောင်ဆန်းစုကြည် တို့လိုပုဂ္ဂိုလ်တွေ က ပါဝင်ဆင်နွှဲသလို ၊ နိုင်ငံတကာရောက်ရှိနေတဲ့ မြန်မာတွေ ၊ သမိုင်းပညာရှင်တွေ ပါဝင်ခဲ့ကြတယ် ။ နောက် Media Warfare မှာတော့ သတင်းတု ၊ သတင်းမှား ထုတ်လွှင့်တဲ့သတင်းဌာနတွေ နိုင်ငံတကာမှာ လိမ်ညာနေသူတွေကို ပြည်တွင်းမီဒီယာတွေ ၊ social network အသုံးပြုသူတွေ က စွမ်းစွမ်းတမံ တိုက်ထုတ်နိုင်ခဲ့တယ် ။ Technical Warfare သို့မဟုတ် Cyber Warfare မှာဆိုရင်လည်း မြန်မာ မျိုးချစ်နည်းပညာကျွမ်းကျင်သူတွေ က ပါဝင်ဆင်နွှဲခဲ့တယ် ။ဒါဟာ ကျွန်တော်တို့ စာသင်ခန်းထဲ မှာသင်ခဲ့ရတဲ့ Multi-dimensional Warfare ကြီးပါပဲ ။ Multi-dimensional Warfare မှာ လက်နက်ကိုင် တိုက်နေမှ တိုက်ပွဲဝင်စစ်သား မဟုတ်ပါဘူး ။ ကီးဘုတ် ကိုင် အန်းတာခေါင်းနေသူတွေဟာလည်း တိုက်ပွဲဝင်စစ်သားတွေပါပဲ ၊ ကလောင်ကိုင် သတင်းရေးသူ သတင်းထောက်တွေ ၊ သတင်းသမားတွေ ဟာလည်းတိုက်ပွဲဝင်စစ်သားတွေပါပဲ ။ ထမင်းတလုပ် ၊ ခေါက်ဆွဲ တထုပ် ဖြစ်ဖြစ် ကူညီထောက်ပံ့ ပရဟိတအဖွဲ့ ဝင်တွေ ၊ အလှုရှင်တွေဟာလည်း တိုက်ပွဲဝင်စစ်သားတွေပါပဲ ။

၂၁ ရာစုနှင့် စစ်ပွဲသဏ္ဍန်

၂၁ ရာစုဟာ နြူးကလီးယားခေတ်ကိုကျော်လွန်လို့ Knowledge is power ဆိုတဲ့  လူသားအသိဥာဏ်ခေတ်ကို ရောက်နေပါပြီ ။ ဘယ်နိုင်ငံ မှ လူပေါင်းများစွာ သေကြေပျက်ဆီး ပြီး ၊ အနိဌာရုံတွေ ကို လက်ဆုပ်လက်ကိုင် ပြနိုင်မဲ့ လက်နက်တစ်ခုတည်းကိုသုံးပြီးတိုက်တဲ့ စစ်ပွဲတွေကိုဆင်နွှဲမှာ မဟုတ်ပါ ။ Multi-dimensional Warfare ကို ရဲ့ပုံစံတွေထဲ က စိတ်ဓာတ်စစ်ဆင်ဖို့ အတွက် Cultural Warfare ၊ Media Warfare တွေ သုံးမယ် ၊ ခိုင်းသမျှ ကို ချည်ပြီးတုပ်ပြီးခေါင်းငြိမ့်စေမဲ့ Political Warfare တွေ ၊ Economic Warfare တွေ ၊ နိုင်ငံသားတွေ ၊ နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တရားအဖွဲ့စည်းတွေ ထဲမှာ ကိုယ့်လူလေးတွေထည့်ထားနိုင်မဲ့ စိမ့်ဝင်စစ် တွေ ၊နိုင်ငံ ရဲ့သတင်းအချက်အလက်တွေကို လိုသလို ထိမ်းချုပ်နိုင်မဲ့ Technical Warfare တွေ Cyber Warfare တွေကို ၊ လက်နက်တွေ ၊ စစ်အင်အားတွေ ကို လိုသလို အသုံးချပြီး သာ စစ်တိုက်ကြတော့ မှာပါ ။

နိဂုံး

အဖက်ဖက် က တိုက်ခိုက်လာနိုင်မဲ့ Multi-dimensional Warfare တွေ အတွက် ကျွန်တော်တို့ အလိုအပ်ဆုံးအရာ ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ကျရာနေရာမှာစွမ်းစွမ်းတမံထမ်းဆောင်နိုင်မဲ့ အတက်ပညာရှင်တွေ ၊ မြန်မာသာမက ကမ္ဘာမှာသာဝင်ဆန့် နိုင်မဲ့ အသိပညာရှင်တွေ ပါပဲ ။

(ရုပ်ဆိုး)

ဘကြီးသက်
Unknown at 8:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကြိမ်ရေအကန့်အသတ်မရှိ ငွေဖြည့်သွင်းနိုင်မည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီ





အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှုလက်ခံသော ၀က်ဘ်ဆိုက် များတွင် ငွေပေးချေနိုင် ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူကပြောသည်။

၎င်းဆောင်ရွက်ချက်ကို www.shwemoney.com မှတစ်ဆင့် မှတ်ပုံ တင်ကာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Shwe Money Virtual Visa Card မှာ Debit Visa Card အမျိုးအစားဖြစ်ပြီး ၎င်းကတ်အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင် ထည့်ပေးထားရန်လိုအပ်ကြောင်း မြန်မာကျပ်ငွေမှ အမေရိကန်ဒေါ်လာဖြင့် အကြိမ်ရေအကန့်အသတ်မရှိ အလွယ်တကူဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိပြည်တွင်း၌ Virtual Visa Card အမျိုးအစားအချို့ကို ရောင်းချလျက်ရှိသော်လည်း Shwe Money မှာ Reloadable ဖြစ်၍ အကြိမ်ကြိမ်ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ပထမတစ်ကြိမ် Virtual Visa Card လျှောက်ပြီးတာနဲ့ နောက်ထပ်အကြိမ်ကြိမ် ထပ်မံဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀ ကနေ အများဆုံးတစ်ထောင်အထိ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတစ်ထောင်ကို အများဆုံးသတ်မှတ်ထားပေမယ့် တစ်ထောင်ထက်ပိုပြီး ဖြည့်သွင်းချင်တဲ့လူတွေအနေနဲ့ Shwe Money ကို အကြောင်းကြားရမှာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော မည်သည့် ၀က်ဘ် ဆိုက်တွင် မဆို ဈေးဝယ် ယူခြင်း၊ ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကတ်၏သက်တမ်းမှာ ပုံမှန်အားဖြင့် တစ်နှစ်ဖြစ်ကြောင်း၊ သက်တမ်းကုန်ဆုံးပါက နောက်ထပ်ငါးကြိမ်အထိ ထပ်မံသက်တမ်းတိုးနိုင်ကြောင်း သိရသည်။

Myanmar Express
ဘကြီးသက်
Unknown at 8:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.