Saturday, June 23, 2012

အကြိမ်ရေအကန့်အသတ်မရှိ ငွေဖြည့်သွင်းနိုင်မည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီ





အင်တာနက်ပေါ်ရှိ Visa Card ဖြင့် ငွေပေးချေမှုလက်ခံသော ၀က်ဘ်ဆိုက် များတွင် ငွေပေးချေနိုင် ရန်အတွက် ဆောင်ရွက်ထားသည့် Reloadable Virtual Visa Card များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်သည့် Shwe Money မှတာဝန်ရှိသူကပြောသည်။

၎င်းဆောင်ရွက်ချက်ကို www.shwemoney.com မှတစ်ဆင့် မှတ်ပုံ တင်ကာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Shwe Money Virtual Visa Card မှာ Debit Visa Card အမျိုးအစားဖြစ်ပြီး ၎င်းကတ်အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင် ထည့်ပေးထားရန်လိုအပ်ကြောင်း မြန်မာကျပ်ငွေမှ အမေရိကန်ဒေါ်လာဖြင့် အကြိမ်ရေအကန့်အသတ်မရှိ အလွယ်တကူဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိပြည်တွင်း၌ Virtual Visa Card အမျိုးအစားအချို့ကို ရောင်းချလျက်ရှိသော်လည်း Shwe Money မှာ Reloadable ဖြစ်၍ အကြိမ်ကြိမ်ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ပထမတစ်ကြိမ် Virtual Visa Card လျှောက်ပြီးတာနဲ့ နောက်ထပ်အကြိမ်ကြိမ် ထပ်မံဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀ ကနေ အများဆုံးတစ်ထောင်အထိ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာတစ်ထောင်ကို အများဆုံးသတ်မှတ်ထားပေမယ့် တစ်ထောင်ထက်ပိုပြီး ဖြည့်သွင်းချင်တဲ့လူတွေအနေနဲ့ Shwe Money ကို အကြောင်းကြားရမှာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော မည်သည့် ၀က်ဘ် ဆိုက်တွင် မဆို ဈေးဝယ် ယူခြင်း၊ ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကတ်၏သက်တမ်းမှာ ပုံမှန်အားဖြင့် တစ်နှစ်ဖြစ်ကြောင်း၊ သက်တမ်းကုန်ဆုံးပါက နောက်ထပ်ငါးကြိမ်အထိ ထပ်မံသက်တမ်းတိုးနိုင်ကြောင်း သိရသည်။

Myanmar Express
ဘကြီးသက်
Unknown at 8:34 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.