Saturday, June 23, 2012

ယခုလအတွင်း Debit Card များ စတင်သုံးစွဲနိုင်ရန်စီစဉ်



ဇွန်လအတွင်းမှစတင်ကာ Debit Card များကိုသုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ နေပြည်တော်၌ ဇွန်လ ၄ ရက်နေ့ကကျင်းပသည့် ဘဏ်များကြီးကြပ်ရေးကော်မတီက ကြီးမှူးဖွင့်လှစ်သော မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်း (နေပြည်တော်) ၏ အထွေထွေဘဏ်လုပ်ငန်းသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားတွင်

ဘဏ်များကြီးကြပ်ရေးကော်မတီနာယက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ ယခုလမှစတင်ကာ Debit Card များကို သုံးစွဲနိုင်စေရန်အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေကြောင်း Myanmar Payment Union ကိုတည်ထောင်ပြီး ပထမအဆင့်တွင် Intra Bank Network တည်ထောင်ခြင်း ဒုတိယအဆင့်တွင် Inter Bank Network တည်ထောင်ခြင်းနှင့် တတိယအဆင့်တွင် International Linkage လုပ်ဆောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ကြောင်းသိရသည်။ ဘဏ်လုပ်ငန်းဆိုင်ရာ တိုးတက်မှုများအနေဖြင့် ၁.၁၁.၂၀၁၁ ရက်မှစတင်ကာ ပုဂ္ဂလိကဘဏ် (၆) ဘဏ်မှ အလိုအလျောက်ငွေထုတ်စက်များဖြင့် ငွေထုတ်ပေးမှုဆိုင်ရာ ၀န်ဆောင်မှုများပေးနိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁.၄.၂၀၁၂ ရက်နေ့မှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းခြင်းလုပ်ငန်း၏ ပထမခြေလှမ်းအဖြစ် ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကိုကျင့်သုံးခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ် (၁၇) ဘဏ်ကိုလည်း နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချ လဲလှယ်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ၊ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းနေနိုင်ငံသားများ နိုင်ငံခြားသုံးငွေများ လွယ်ကူစွာလဲလှယ်သုံးစွဲနိုင်စေရန် ဘဏ်များ၊ လေဆိပ်များ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးသွားရောက်နိုင်သည့်နေရာများတွင် နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချသည့်ကောင်တာများ ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အချိန်အထိ Money Changer Counter ၆၂ ခုဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနေဖြင့် ပြည်တွင်းရှိမိသားစုများထံ ငွေလဲပေးပို့မှုဆောင်ရွက်နိုင်ရန်အတွက် Money Changer လိုင်စင်ရ ပြည်တွင်းပုဂ္ဂလိကဘဏ်လေးခုကို စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံများတွင် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

Myanmar Express

ဘကြီးသက်
Unknown at 8:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.