Monday, June 11, 2012

“သို့ ... မြန်မာအမျိုးသမီးများ” (စိမ်းခက်စိုး)




၂၀၁၂ ဇန်နဝါရီလကနေ မေလအထိ ထူးခြားထင်ရှားတဲ့ ပြစ်မှု ၃ ခုပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီပြစ် မှုတွေကတော့ ...
(၁) လှည်းတန်းမှာဖြစ်ပွားခဲ့တဲ့ ဆရာဝန်မလေးတစ်ဦးကို မီးရှို့သတ်မှု
(၂) မြို့ထဲ ၇ လမ်းမှာ ၁၀တန်းကျောင်းသူ ညီမငယ်လေးတစ်ဦးကို ပစ္စည်းယူပြီး လူသတ်မှု

(၃) ရခိုင်ပြည်နယ် ကျောက်နီမှော်က ရခိုင်တိုင်းရင်းသူ ညီမငယ်လေး တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ မှုတွေပဲဖြစ်ပါတယ်။
(၁)ရဲ့ အမှုအခင်းအသွားအလာအရ ချစ်သူချင်း အခန့်မသင့်လို့ ဖြစ်ရာကနေ စိတ်လွန်ကိုယ်လွန် ဖြစ်သွားရတဲ့ ဖြစ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်ကတော့ ၂ ဘက်မိဘတွေနဲ့ ကာယကံရှင် နှစ်ဦးလုံး နစ်နာရမှုဖြစ်ပြီး မှုခင်းအမှတ်(၂) ကလည်း မှုခင်း (၁)နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ၂ ဦးနှစ်ဘက် နစ်နာကြရပါတယ်။
မှုခင်း အမှတ် (၃)ကတော့ အားလုံးသိကြတဲ့အတိုင်း ရခိုင်တိုင်းရင်းသူညီမငယ်တစ်ဦးကို မြန့်မာမြေ မှာလာရောက်ခိုလှုံနေရတဲ့ နိုင်ငံမဲ့ ဘင်္ဂါလီလူမျိုးတစ်ဦးက မုဒိန်းကျင့်ပြီး ခေါင်းဖြတ်သတ်ခဲ့တဲ့အ တွက် နောက်ဆက်တွဲအကျိုးဆက်ကတော့ ယခုအချိန်အထိ လူပေါင်းများစွာ သေကျေထိခိုက်ခံရတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာပြီး ရခိုင်ပြည်နယ်၏ မြို့ကြီးများမှာ လုံခြုံရေးအရ ညမထွက်ရ အမိန့်များ ထုတ်ပြန်ရသည်အထိ ကြီးထွားလာခဲ့ပါတယ်။
  
ကျွန်တော် သုံးသပ်မိတာက မြန်မာနိုင်ငံများ အစိုးရတရားဝင်းတည်ထောင်ထောက်ခံထားတဲ့ အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များအပြင် အမျိုးသမီးများကာကွယ်စောင့် လျောက်ရေးကို အထူးပြုထားတဲ့ NGO တွေများစွာရှိနေသလို၊ အမျိုးသမီးများနဲ့ဆိုင်တဲ့ အခါကြီးရက် ကြီးများမှာ အမျိုးသမီးအခွင့်အရေးအကြောင်းတွေ ထောင်းလမောင်းထအောင်ပြောတတ်၊ ရေးတတ် ကြပေမယ့် ဒီလိုဖြစ်ရပ်မျိုးတွေမှာ ထိုအဖွဲ့အစည်းများထံမှ ဘာသံမှထွက်မလာတာဟာ ထူးခြားတယ် လို့ ထင်ပါတယ်။
ဒါတောင် လူသိများထင်ရှားတဲ့ အမှုအခင်း ၃ ခုကိုဘဲ ထုတ်နှုတ်ပြခြင်းပါ။ ဂျပန်ပါးရိုက်တာ ခံလိုက်ရ တဲ့ ဟော်တယ်ဝန်ထမ်းညီမငယ်တစ်ဦး၊ လုပ်ငန်းရှင်တရုတ်က ဖယ်ရီကားပေါ်ကနေ မဆင်းလို့ ပါးရိုက်ဆွဲချခံလိုက်ရတဲ့ လှိုင်သာယာစက်မှုဇုံ ကညီမငယ် ၄ ဦးရဲ့အဖြစ်တွေ လည်းရှိခဲ့ သေးသလို ရှေ့နေကတော်က နှိပ်စက်ခံရတဲ့ သမီးအရွယ်ညီမငယ်လေးတစ်ဦးရဲ့ မှုခင်းလည်းရှိပါသေးတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီကိုကူးပြောင်းစပြုလာတဲ့အတွက် စီးပွားရေးကို မဖြစ်မနေဖွင့်ချဖို့ဆိုင်း ပြင်း နေတဲ့ဒီလိုကာလတွေမှာ ဒီလိုအမှုအခင်း တွေဖြစ်လာတာမျိုးကို အမျိုးသမီးအရေးလှုပ်ရှားသူ များနဲ့ နိုင်ငံတော်နဲ့ချီတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဟာ ရေငုံနှုတ်ပိတ်နေမယ်၊ အကျိုး ဆက်တွေ၊ နောက်နောင်အတွက် ကျိုတင်ပြင်ဆင်မှုတွေ၊ ကာကွယ်ရေးနည်းလမ်းတွေကို ပိုမိုထင်ရှားတက် ကြွစွာ မပြုလုပ်လာဘဲ ငြိမ်နေမယ် ဆိုရင် နောင်မှာ လူမြင်ကွင်းမှာတင် မြန်မာအမျိုးသမီးလေးများ ကို တိုင်းပြည်အမျိုးမျိုးက လူတန်းစားအမျိုးမျိုးက စော်ကားနှိပ်စက် မတော်မ တရား ပြုကျင့်နေတာကို မြင်တွေ့ကြားသိလာရတဲ့ အခြေအနေမျိုးအထိ ဆိုးမလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။
ခါကြီးရက်ကြီးတွေမှာမှ ဆောင်းပါးနဲ့၊ ဆိုင်းဘုတ်တင်အခန်းအနားနဲ့ လူလုံးထွက်ပြဖို့မကျိုးစားကြပါနဲ့ ဒီအချိန်ဟာ မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအတွက် ဖြစ်ရပ်တွေကို နမူနာယူပြီး ကျိုတင်ကာကွယ် စရာရှိသည်များကို ပြင်ဆင်ဆောင်ရွက်ဖို့ တိုက်တွန်းလှုပ်ရှား သင့်တဲ့အ ချိန်ဖြစ်ပါတယ်။ ရပ်ကျေးမှ သည် လွှတ်တော်အထိ တက်တက်ကြွကြွလုပ်သင့်ကြပါတယ်။
  
ဆန္ဒပြတာ၊ ပြန်ချတာ၊ ကလဲ့စားချေတာမှသည် တစ်ယောက်မကျန်မောင်းထုတ်ပြစ်လိုက်နိုင်တာ (နိုင်ခဲ့သည်ရှိသော်)ဟာ လက်ရှိအခြေအနေအရ ကောင်းသလိုရှိသော်လည်း ကျွန်တော်တို့ မြန်မာ နိုင်ငံသူ အမျိုးသမီးများအတွက် သေခြာတိကျတဲ့ ကာကွယ်မှုတွေကို ထည့်သွင်းမစဉ်းစား၊ အကောင် အထည်မဖော်နိုင်ကြဘူးဆိုရင် နောင်ကာလတွေမှာလည်း အလားတူဖြစ်ရပ်တွေဟာ ဆက်လက်ပြီး ဖြစ်ပေါ်လာနေဦးမယ်လို့ မြင်မိပါတယ်။
အဲလိုဖြစ်ရပ်တွေဖြစ်လာတိုင်း သတ်ကြ ဖြတ်ကြ ကလဲ့စားချေကြရတဲ့အဖြစ်တွေဟာ ဒီမိုကရေစီ ခေတ်ကြီးမှာ လှလှပပကြီး ဖြစ်ပေါ်လာနေ ဦးမယ်လို့ အားလုံးကိုသတိပေးပါရစေဗျာ။
  
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
(တနင်္လာနေ့) ဇွန်လ ၁၁၊ ၂၀၁၂
သူငယ်ချင်းကြီး ဇင်ဇင်မိုးမွေးနေ့အထိန်းအမှတ်.....

ဘကြီးသက်
Unknown at 10:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၁)ရက်နေ့ နောက်ဆုံးရ သတင်းများ

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ (၁၁) ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
24
ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ရာဂဏန်းခန့်ရှိသော ဘင်္ဂါလီများမှာ အဆိုပါ ကွင်းပြင်ကို ဖြတ်ပြီး တစ်ဖက်ရှိ စစ်တွေမြို့ အာကျိတ်တော်ကုန်းစေတီနှင့် ဘုန်ကြီးကျောင်းများအနီးသို့ ချဉ်းကပ်လာသဖြင့် ရခိုင်တိုင်းရင်းသားများ ထပ်မံချဉ်းကပ်မှု မရှိစေရန် ယခုကဲ့သို့ လုံခြုံရေး တာဝန်ယူနေကြခြင်း ဖြစ်ပါသည်။

23
ယနေ့ မွန်းလွဲ ညနေ ၄ နာရီအချိန်က စစ်တွေမြို့ရှိ ဓည၀တီရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ

မီးလောင်ကျွမ်းမှုဖြစ်နေသော ဓည၀တီရပ်ကွက်၌ ဒေသခံ ရခိုင်လူမျိုးများက "မကြောက်ကြနဲ့ မကြောက်ကြနဲ့၊ စုပေါင်း ခုခံ ကာကွယ်ကြပါ"ဟု အော်ဟစ်သံများ ကြားနေရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီ ရွာ နှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
22
စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချန်က တွေ့ရစဉ်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၃:၀၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါလီ တို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။

သံတော်လီရွာသည် ဘင်္ဂါလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၃၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာအနီးတွင် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီး ဘင်္ဂါလီများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရခိုင် တိုင်းရင်းသား သုံးဦး သေဆုံးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။ အဆိုပါဖြစ်စဉ်၌ သေဆုံးခဲ့ရသူ ရခိုင်တိုင်းရင်းသား သုံးဦးမှာ ဦးကျော်သိန်း၊ ကိုဌေးနှင့် အောင်ဇေယျ ရွာသားတစ်ဦးတို့ ဖြစ်ကြောင်း ဗျိုင်းဖြူရွာသား တစ်ဦးက ပြောပါသည်။ ဗျိုင်းဖြူရွာအနီးတွင် ဘင်္ဂါလီများ နေထိုင်သည့် သံတော်လီရွာ တည်ရှိနေပါသည်။
15
19

20
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော အဖွားအိုတစ်ဦးအား တွေ့ရစဉ်
21
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၁၀ နာရီ

မေလ ၂၈ ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ မသီတာထွေးအား မုဒိမ်းကျင့်၊ လူသတ်၊ ပစ္စည်းလုယက်မှု ကျူးလွန်ခဲ့သော တရားခံများကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးချိန်းစစ်ဆေး ကြားနာရာတွင် အသိသက်သေ ၂၀ ကျော် လာရောက်ကြပြီး လက်ရှိ သက်သေ ၃ ဦး ထွက်ဆိုပြီးနောက် မွန်းလွဲ ၁၂ နာရီတွင် ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ(၃)ဦး အနက် တစ်ဦးဖြစ်သူ တရားခံ ရော်ရှီး (ခ) ထက်ထက်မှာ ဇွန်လ ၉ရက် ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင် အတွင်း ကိုယ့်ကိုကိုယ်ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရှိရသည်။
11
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
10
9
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
1
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
2
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
3
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

6
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁:၂၀ နာရီ
စစ်တွေမြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များကို လုံခြုံရေးအခြေအနေကြောင့် ယနေ့မှ စတင်၍ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၂၅ နာရီ
စစ်တွေမြို့ မြောက်ဘက်တွင်ရှိသော ဘင်္ဂါလီရွာဖြစ်သည့် နာဇီရွာကို ဖြတ်သန်းသွားသော အဆိုပါ ရေပိုက်လိုင်းသည် စစ်တွေမြို့တစ်မြို့လုံးသို့ ရေပေးဝေသည့် ပိုက်လိုင်းဖြစ်သောကြောင့် ကြိုတင်ကာကွယ်ခြင်းအားဖြင့် စစ်တွေမြို့ ရေပေးဝေမှုကို ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။ လက်ရှိ အချိန်တွင် နာဇီရွာ၌ ဘဂါင်္လီများသာ ရှိနေပြီး ရွာတွင်ကျန်ရှိနေသော ရခိုင်တိုင်းရင်းသား အိမ်များနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ယနေ့နံနက်ပိုင်း ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။

jun11sittway1

ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၁၀ နာရီ
မောင်တောမြို့ ရပ်ကွက်(၅)နှင့် ဗိုလ်မှူးရွာ ကို ဘင်္ဂါလီရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် နံနက် ၉ နာရီ ခွဲခန့်က မီးရှိုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ထိန်းသိမ်းထားကြောင်း သိရသည်။မောင်တောမြို့နယ်တွင် လာရောက် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ၊ ဆရာမ ၄၃ ဦးကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရပါသည်။ယနေ့ ဇွန်လ ၁၁ ရက် ဘူးသီးတောင်မြို့ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၀၀ နာရီ
လက်ရှိအခြေအနေတွင် စစ်တွေမြို့ မြောက်ဖက် ရွာသာယာရွာနှင့် ဗျိုင်းဖြူရွာတို့ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း၊ အဆိုပါရွာနှစ်ရွာ၏ အလယ်တွင် ဘင်္ဂါလီများ၏ ရွာရှိနေပြီး ရွာသာယာရွာကို သွားရန် စစ်တွေမြို့မှ ဒေသခံများ ပြင်ဆင်နေပြီဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁:၄၀ နာရီ
ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် သံတွဲမြို့သို့ ပြေးဆွဲနေသော အဲကမ္ဘောဇ လေကြောင်းလိုင်းသည် လုံခြုံရေး အခြေအနေများကြောင့် တစ်ပတ်ခန့် ခရီးစဉ်များ ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အခြားလေကြောင်းလိုင်းများဖြစ်သည့် မြန်မာ့လေကြောင်း၊ အဲမန္တလေးနှင့် အဲပုဂံတို့မှာ ရခိုင်ပြည်နယ်သို့ ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျှက်ရှိကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁ နာရီ
စစ်တွေမြို့ အပြင်ဘက်ရှိ နာဇီရွာမှ ရွာသားများသည် ဘင်္ဂါလီများ၏ ရန်ကြောင့် ဇွန်လ (၁၀) ရက်နေ့ညက ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါရွာတွင် အိမ်ခြေ ၂၇၀၀ ခန့်ရှိပြီး ရခိုင်တိုင်းရင်းသား အိမ်ခြေ ၂၈၀ ခန့်နှင့် ဘုန်းကြီးကျောင်းငါးကျောင်း ရှိကြောင်း သိရသည်။
အဆိုပါ နာဇီရွာတွင် ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောက၊ ဓမ္မ၀ိဟာရ၊ ဂြစ်ချောင်း ဘုန်းကြီးကျောင်းတို့အနက်မှ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောကစသည့် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် ရခိုင်ရွာသားများ၏ နေအိမ်များကို ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခံနေရကြောင်း သိရှိရပါသည်။
စစ်တွေမှာ တရားဝင် ကယ်ဆယ်ရေးစခန်းများ မရှိသော်လည်း စစ်တွေမြို့အနီးအနားရှိ ရခိုင်ရွာများမှ ပြည်သူများသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့်တွင် ခိုလုံနေကြပြီး လူ ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၂၀ နာရီ
မောင်တောမြို့ ဗိုလ်မှူးရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးရှို့နေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၀၅ နာရီ
ဇွန်လ ၁၁ရက် နံနက်ပိုင်း ရရှိသော သတင်းများအရ တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အတွင်း ကင်းလှည့်နေကြောင်း၊ ယမန်နေ့ကကဲ့သို့ အခြေအနေမျိုးမရှိဘဲ အေးချမ်းနေကြောင်း သတင်းရရှိပါသည်။

ဘကြီးသက်
Unknown at 10:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေမြို့ မှာ ယနေ့ နံနက် ဘုန်းတော်ကြီးကျောင်းသုံးခု မီးရှို့ ခံရ

စစ်တွေမြို့၊ နာဇီကျေးရွာအနီးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသုံးခုကို ဘင်္ဂါလီလူမျိုးများက ယနေ့နံနက် ၁၁ နာရီခန့်က မီးရှို့ခဲ့ပြီး ယခုအခါ မီးငြိမ်းသွားပြီဖြစ်သော်လည်း မီးခိုးများထွက်ပေါ်နေဆဲဖြစ်ကြောင်းစစ်တွေမြို့ ရှိ
သတင်းထောက်က ပေးပို့သည်။ ဘုန်းတော်ကြီးကျောင်းများမှာ ဇေယျမင်္ဂလာ၊ စန္ဒာလောက၊ ရတနာ့ဗိမာန်ကျောင်းများဖြစ်သည်ဟု သိရသည်။

အဆိုပါ နာဇီကျေးရွာအနီးရှိ ရွာသာယာကျေးရွာကို ဘင်္ဂါလီလူမျိုးများက မီးရှို့မည်ဟူသည့် သတင်းများလည်း လွန်ခဲ့သည့် တစ်နာရီခန့်က ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

7Day News Journal



ဘကြီးသက်
Unknown at 10:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

" ရိုဟင်ဂျာ (သို့မဟုတ်) AL-QAEDA တို့၏ မဟာဗျူဟာ "

  မိတ်ဆွေတို့ ... 

ကျွန်တော့် ဖခင် ကွယ်လွန်သူ သရုပ်ဆောင် ဒါရိုက်တာ ထွန်းထွန်းနိုင် (ခ) ဦး နောင်ထွန်းလွင် ဟာ ရခိုင် တစ်ဝက် စပ်ပါတယ်။  
ဒီတော့ ခုတစ်လော ဖြစ်နေတဲ့ ကုလား ရခိုင် သတ်ဖြတ်မှုတွေ နဲ့ ပါတ်သက်ပြီးတော့ ကျွန်တော်ဟာ မြန်မာ တစ်ယောက် အနေနဲ့ရော ရခိုင်စပ် တစ်ယောက်အနေနဲ့ပါ နက်ရှိုင်းစွာ နာကျင်ခံပြင်းရတယ်ဆိုတာ ဝန်ခံပါတယ်။ 

ဒါပေမယ့် ကျွန်တော့် ဒေါသကို ရှေ့တန်း မတင်ဘဲ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးကို ဦးစားပေးတွေးခေါ်ဖို့ လူတွေကို တိုက်တွန်းပေးခဲ့ပါတယ်။ 

ဒါပေမယ့် မြင်နေကြားနေရတာတွေ နဲ့ပါတ်သက်ပြီး ဒေါသထက် ပို အရေးကြီးတဲ့ အသိတစ်ရားတစ်ခု ရဲ့ ဦးဆောင်မှု နဲ့ ကျွန်တော် ဆက်စပ်တွေးတောလေ့လာရင်း ..
ဖတ်မိသမျှ သိရှိသမျှတစ်ချို့ကို ဆက်စပ်တွေးကြည့်မိတဲ့ အခါမှာ ..
လူတွေ မတွေးမိခဲ့တဲ့ အင်မတန် ကြောက်စရာကောင်းပြီး လျှို့ဝှက်နက်နဲ တဲ့ လူမျိုးရေး စစ် မဟာဗျူဟာ တစ်ခု ကို တွေ့ရှိလိုက်ပါတယ်။


ဘာတွေ ဘယ်လို စဖြစ်လာတယ် ဆိုတာကတော့ အားလုံးလဲ နား နဲ့ မျက်စေ့ နဲ့ မဆန့် အောင်ကို ကြားပြီး မြင်ပြီး ဖြစ်လောက်ပြီမို့ အကျယ်တဝင့် မရှင်းပြတော့ပါဘူး။


ဒါပေမယ့် ဒီကိစ္စ ကို သတိကြီးစွာ ထားပြီး ပြန်သုံးသပ်ကြစို့။


မသီတာထွေးဆိုတဲ့ ကလေးမ လေး ကို ရိုဟင်ဂျာ ၃ ယောက် အဓ္ဓမ ကျင့် သတ်ဖြတ်ခဲ့တဲ့ ကိစ္စဟာ သွေးရိုးသားရိုး ရာဇဝတ်မှုတစ်ခု လို့ ယုံကြည်ပါတယ်။
အဲ့ဒိလိုဘဲ ဒီကိစ္စ အပေါ်မှာ ပေါက်ကွဲခဲ့တဲ့ ဒေသခံ ရခိုင် လူမျိုးတွေရဲ့ ဒေါသတွေဟာလဲ သဘာဝကျတဲ့ တုံ့ပြန်မှုတစ်ခုလို့ဘဲ ယုံကြည်ပါတယ်။

ဒါပေမယ့် အဲ့ဒိ ရာဇဝတ်မှုကို တုံ့ပြန်တဲ့ ဘင်္ဂါလီ (ခ) ရိုဟင်ဂျာ ကုလားတွေရဲ့ မိုက်ရိုင်းစွာ တိုက်ခိုက်မှုတွေကရော ရိုးသားပါရဲ့လား။
ဒီဒေါသတွေ ရဲ့ လှုံ့ဆော်မှုတွေ ဟာ ဘာသာရေး လူမျိုးရေး တစ်ခု ရဲ့ အစွဲ သီးသန့် ကြောင့်လားဆိုတာတွေ ကို ဆက်စပ်တွေးကြည့်မိစရာတွေ ရှိလာပါတယ်။


ဒီနေရာမှာ ကျွန်တော် အမြဲ တွေးထားဖူးတဲ့ သီအိုရီ တစ်ခု ကို ထည့်ပြောပြမှရပါတော့မယ်။


မြန်မာ ပြည်မှာ ဗုံးပေါက်ကွဲ မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ဖြစ်လိုက်တိုင်းလဲ သေချာ လက်သည်မပေါ်ခဲ့သလို မိခဲ့ရင်လဲ ထိုသူဟာ ဘယ်အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းကို ကိုယ်စားပြုသူရယ်လို့လဲ တိတိပပ ထွက်ဆိုလာတယ်ဆိုတာ မရှိသလောက်ပါဘဲ။ 


ဒီမှာတင် ဖြစ်နေကြ ကောလဟာလ နှစ်မျိုး အမြဲ ထွက်လာပါတယ်။


အစိုးရ က လဲ ဒါ အတိုက်အခံတွေ ဖြစ်တဲ့ ပြည်ပနိုင်ငံရေးအဖွဲ့များ နှင့် လက်နက်ကိုင် အဖွဲ့အစည်းတွေကို အရင် ဆုံး စွပ်ဆွဲလေ့ရှိသလို အတိုက်အခံတွေဖက်ကလဲ ဒါ အစိုးရ ရဲ့ ပြနေကျ နိုင်ငံရေး မျက်လှည့်တစ်ကွက်ဆိုပြီး တန်ပြန်စွပ်ဆွဲလေ့ရှိပါတယ်။


အဲ့ဒိလို ဖြစ်တိုင်း ကျွန်တော် နှစ်ဖက်လုံးက သုံးသပ်ချက်တွေကို မယုံခဲ့ပါဘူး။


ဘာလို့လဲ ဆိုတော့ ...


( ၁ ) အစိုးရ ဟာ ပြည်တွင်း မငြိမ်သက်မှု မရှိတော့ပါဘူး ဆိုတာကို နိုင်ငံတကာ ကို အတင်းကြီးတောင် ဖန်တီးပြီး လုပ်ပြနေခဲ့တာကြာပါပြီ။   

ဒါမှလဲ သူတို့ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ငြိမ်းချမ်းစွာ အုပ်ချုပ်နိုင်တယ်ဆိုတဲ့ နာမည်ကောင်းရမှာ ဖြစ်လို့ပါဘဲ။     
ဒီတော့ ဒီလို ကိစ္စ တွေ ကို သူတို့ကိုယ်တိုင် လုံးဝ မလိုလားဘူးဆိုတာ နားလည်သင့်ပါတယ်။ 

အများစု ယုံကြည်နေကြသလို တိုင်းပြည်မငြိမ်သက်လို့ အာဏာ ပြန်သိမ်းရပါတယ်ဆိုတဲ့ ကလေးဆန်ဆန် ကျားကွက်ကိုရွှေ့ဖို့ ဒီလို လုပ်စရာ မလိုဘူးဆိုတာ စစ်ဗျူဟာမှုးတွေ ကောင်းစွာ နားလည်ထားကြပါတယ်။


( ၂ ) အတိုက်အခံတွေ ဆိုသူတွေ ကိုသေချာ ခွဲခြမ်းစိတ်ဖြာကြည့်ပြန်ရင်လဲ အုပ်စု ၄ ၅ ခု လုံးမှာ တူညီတဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ 

ABSDF ဆိုရင်လဲ တိုင်းပြည်ကို ချစ်တဲ့ ပြည်သူ့ရင်သွေး ကျောင်းသားတွေကနေ ဖြစ်ပေါ်လာတဲ့ အတွက် သူတို့ဟာ ပြည်သူလူထုကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး။     

KNU KIA DKBA အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးဟာလဲ ..     
ဦးနေဝင်း အစိုးရ အာဏာသိမ်းပြီးကထဲက ဗိုလ်ချုပ်ပေးခဲ့တဲ့ကတိတွေ အားလုံး ကို ဖေါက်ဖျက်ခဲ့တာကို မကျေနပ်တဲ့အတွက် လက်နက်ကိုင် ဆန့်ကျင်တော်လှန်ခဲ့တဲ့သူတွေပါ ..   
မြန်မာပြည်ကို ချစ်တဲ့ တိုင်းရင်းသားစစ်စစ်တွေ နဲ့ တည်ထောင်ထားကြတဲ့အတွက် သူတို့ဟာလဲ ပြည်သူလူထုကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး။     
သူတို့ အားလုံးဟာ မြန်မာ စစ်တပ် နဲ့သာ ထိပ်တိုက် ပစ်ခတ် တိုက်ပွဲဝင်နေကြပေမယ့် သူတို့ သွေးချင်းတွေ အပြစ်မဲ့ ပြည်သူတွေ ကို ဘယ်တော့မှ ပစ်မှတ် မလုပ်ခဲ့ပါဘူး။


ဒီတော့ ဘာလို့ ဒီလို ဗုန်းတွေ ခဏခဏ ထ ထ ကွဲ နေလဲ ...

ဘယ်သူတွေ က ဒီလို မျိုး ဖျက်ဆီးမှုတွေကို လုပ်ချင်မလဲ ...

တိုင်းပြည် ငြိမ်းချမ်းရေး ရခါနီးပြီဆိုတိုင်း အစိုးရ နဲ့ ပြည်သူ နဲ့ လက်နက်ကိုင်တွေ ကြားမှာ သုံးပွင့်ဆိုင် သံသယတွေ ကြီးထွားလာအောင် အမုန်းရဲ့ မီး ကို ဘယ်လိုလူတွေက ဘာရည်ရွယ်ချက် နဲ့ မွှေးနေတာလဲ ...

ပြည်ထောင်စု မငြိမ်သက်ခြင်းအားဖြင့် ဘယ်သူတွေမှာ တိုက်ရိုက် အကျိုးရှိမလဲ ...

အေးချမ်းငြိမ်သက်သွားပြီဆိုရင် ဘယ်သူတွေရဲ့ အကျိုးစီးပွားကို စထိခိုက်လာနိုင်မလဲ ...

ဒီ War Monopoly ကို နောက်ကွယ်ကနေ ဘယ်သူတွေက စနစ်တကျ စီမံဖန်တီးနေတာလဲ ...


ဒီမှာ ကျွန်တော့် မျက်လုံးတွေ စကျယ်လာခဲ့ပါတယ်။

လတ်တလော လုံးဝ ပြောင်းလဲသွားခဲ့တဲ့ မြန်မာ့ နိုင်ငံရေး ကြောင့် အမေရိကန် အင်္ဂလန် စတဲ့ နိုင်ငံကြီးတွေ နဲ့အတူ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ မြန်မာ အစိုးရ မျက်နှာပန်းစပွင့်လာမှုကို လုံးဝ မနှစ်သက်နိုင်သူတွေ ရှိနေတယ် ဆိုတာ ထင်ရှားသိသာလာပါတယ်။


အထူးသဖြင့် အမေရိကန် မြန်မာ ချစ်ကြည်ရေး အရမ်း ခိုင်မာလာမှာ အဓိက ဖြစ်ပါတယ်။


ဒီတော့ ဒီ ဘုံရန်သူဟာ အမေရိကန် နဲ့ မဟာမိတ် နိုင်ငံတွေ ကို မုန်းနေသူတွေ ဖြစ်သလို မြန်မာ နိုင်ငံကို ခုတုံးလုပ် အမြတ်ထုတ်နေသူတွေဆိုတာ ထင်ရှားလာပါတယ်။


မြန်မာတွေ ဆီက ဘာတွေ ကို အမြတ်ထုတ်နေတာလဲ ... ?


အဖြေ က " ဘိန်း "  ဖြစ်ပါတယ်။


အစ္စလမ် ဘာသာ ကို ကာကွယ်သူများဆိုပြီး အမည်ခံထားတဲ့ ကမ္ဘာ့အကြီးဆုံး အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းကြီး " Al-Qaeda " တွေ ရဲ့ နောက်ကွယ်က ပင်မ စီးပွားရေး သွေးကြောကြီးဟာ ဘိန်း ဖြန့်ဖြူးရောင်းချခြင်းဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံတွေ အားလုံး ကို ဝင်ရောက်နေဆဲ ဖြစ်တဲ့ ဘိန်း မှန်သမျှ ဟာ မြန်မာ့နယ်စပ်ကနေတဆင့် အာဖဂန်နစ္စတန် ပြီးတော့မှ ဥရောပ နဲ့ အမေရိကန် အပါအဝင် ကမ္ဘာ အနှံ့အပြားကို ဖြန့်ချီနေတာ ဖြစ်ပါတယ်။ 


ဒီအတွက် သူတို့ ရဲ့ အလုံခြုံဆုံး ဗဟို နေရာကို ..

နိုင်ငံတကာ နဲ့ ( အဓိက အမေရိကန် နဲ့ ) အပြန်အလှန် သံတမန် ဆက်ဆံရေး မရှိဆုံး ဖြစ်တဲ့ ..
လာဘ်စားမှု ကြောင့် ဘာမဆို ဖျောက်ဖျက်နှုတ်ပိတ်လွယ်တဲ့ ..
မြန်မာ နိုင်ငံကို သူတို့ရဲ့ ပင်မ ဒုစရိုက် ဌာန တစ်ခု လို ခံတုတ်ကျင်းလို ရွေးချယ် အသုံးချခဲ့ကြတာ သဘာဝကျတဲ့ ဖြစ်ရပ်ပါဘဲ။


ဒီတော့ ခုဖြစ်နေတဲ့ ကိစ္စတွေ မှာ ကြည့်ရင် စတုန်းကတော့ ကုလား ၃ ယောက် ရဲ့ မိုက်မဲမှု နဲ့ စတင်ခဲ့ပေမယ့်
ဆက်နွယ်လာတဲ့ ကိစ္စတွေမှာ ဘာသာရေး နဲ့ သိသိသာသာ သွေးထိုး လှုံ့ဆော်မှု ရဲ့ အနံ့တွေ ရောယှက်လာခဲ့ပါတယ်။


ဒီတော့ ကျွန်တော်တို့ အရမ်း ပါးနပ် ဖို့ လိုနေပါပြီ။


ဒါဟာ လူမျိုးရေး ပဋိပက္ခ တစ်ခုထဲမဟုတ်တော့သလို ဘာသာရေး အဓိကရုဏ်း စစ်စစ်လဲ မဟုတ်တော့ပါဘူး။


စနစ်တကျ စီမံဖန်တီးလိုက်တဲ့ အိမ်ကြက်ခြင်း အိုးမဲသုတ်မှု တစ်ခုပါဘဲ။

ရိုဟင်ဂျာတွေ ကို လူမျိုးစု အနေနဲ့ တောင်းဆိုနေတာတွေ ..
ကိုယ်ပိုင် နယ်နိမိတ်ရအောင် အတင်းတောင်းဆိုနေတာတွေ .. 

အားလုံးဟာ ဒီမသမာသူ အကြမ်းဖက်သမားတွေရဲ့ ကမ္ဘာမှာ နောက်ဆုံး အခိုင်အမာ ခြေကုပ်ယူဖို့ အသင့်တော်ဆုံးဖြစ်တဲ့


( ၁ ) နိုင်ငံရေး ရှုပ်ထွေးမှုတွေ စိတ်ဝမ်းကွဲမှုတွေ Internal Corruptions တွေနဲ့ ပြည့်နှက်နေတဲ့နိုင်ငံ 

( ၂ ) ဘိန်း စိုက်ပျိုးဖြန့်ချီ ဖို့ ရေမြေအနေအထား အကောင်းဆုံး ဖြစ်တဲ့နိုင်ငံ

( ၃ ) မြန်မာ အစိုးရ နဲ့ နိုင်ငံတကာ ဆက်ဆံရေး မပြေလည်မှုကြောင့်
DEA (Drug Enforcement Administration) ခေါ် (အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကြီး) ရဲ့ မစွက်ဖက်နိုင်ဆုံး နိုင်ငံ  


အဲ့ဒိ ကျွန်တော်တို့ရဲ့ အမိ မြန်မာနိုင်ငံကို သူတို့ ရွေးချယ်ခဲ့ကြတော့တာပါဘဲ။


မိတ်ဆွေတို့ အားလုံး အခု ကျွန်တော် တင်ပြထားတဲ့ အချက်တွေကို ခေါင်းအေးအေးနဲ့ သေချာ နက်နက်နဲနဲ တွေးကြဖို့ မေတ္တာရပ်ခံပါတယ်။


အစ္စလာမ် ဘာသာအရေခြုံထားတဲ့ " Al-Qaeda " ဒုစရိုက် အဖျက်သမား တွေ ရဲ့ ပရိယာယ် တွေကြားမှာ ကျွန်တော်တို့ လှပစွာ ရောက်ရှိနေပါပြီ။

ဒီ ကိစ္စ က နေ စတင်ပြီး မြန်မာ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ကနေ တိုင်းပြည်တစ်ပြည်လုံး မိစ္ဆာတွေရဲ့ ပိုက်ကွန်ထဲကို ကျရောက်ဖို့ လက်မတင်လေးဘဲ လိုပါတော့တယ်။

လက်ရှိ အစိုးရအပါအဝင် တပ်မတော် သားတွေ အပေါ် ...

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ..
ကျောင်းသားတပ်မတော်..
မိဘ ပြည်သူတွေ ..

အားလုံးခံစားနာကျည်းခဲ့ရတဲ့ ခါးသီးခဲ့တဲ့ အတိတ်တွေကို ခဏလေးဘဲ ဖြစ်ဖြစ် လုံးဝ မေ့လိုက်ကြဖို့လိုနေပါပြီ။


ခု အချိန်မှာ ကျွန်တော်တို့ သွေးစည်းညီညွတ်ဖို့ ဟာ စက္ကန့်တိုင်းမှာ အသက်တမျှ အရေးကြီးနေပါပြီ။


ထစ်ကနဲ ဆိုတာ နဲ့ စစ်တပ် ကို စွပ်ဆွဲတတ်တဲ့ အကျင့်ကို ပြည်သူတွေကလဲ မေ့ဖျောက်ပစ်ပါတော့။

ထစ်ကနဲ ဆိုတာနဲ့ ကျောင်းသားတွေ တိုင်းရင်းသား (သူပုန်) တွေ လက်ချက်လို့ စွပ်ဆွဲတတ်တဲ့ အစိုးရ ရဲ့ သီအိုရီ ကိုလဲ ဗိုလ်ချုပ်ကြီးများ မေ့ပစ်လိုက်ပါတော့။

ထီကနဲဆို နီးရာ နိုင်ရာ တွေ့ကရာ ကုလား ကို ဆော်လိုက်မယ်ဆိုတဲ့ သေးသိမ်တဲ့ လူမျိုးရေး ဘာသာရေး အတွေးအခေါ်တွေကို ဖျောက်ကြပါ။


တစ်ချို့ကလဲ ပြောပါတယ်


သူတို့ကသာ မွတ်ဆလင်တိုင်း အကြမ်းဖက်သမား မဟုတ်ဘူးပြောနေကြပေမယ့်
အကြမ်းဖက်သမား အားလုံးကတော့ မွတ်ဆလင်တွေပါဘဲ တဲ့


ဒါဟာ ဟုတ်သလိုလိုနဲ့ သေချာ ပြောင်းပြန်တွေးကြည့်ရင် မမှန်ကန်သေးပါဘူး


ဒါဆို ..


အကြမ်းဖက်သမားတွေ အကုန်လုံးက မွတ်ဆလင်တွေ ဖြစ်နေတာနဲ့
မွတ်ဆလင်တိုင်း အကြမ်းဖက်သမား ဖြစ်ရမှာလား လို့ သေချာပြန်တွေးပါ။


ဒါးပြမှု ကျူးလွန်သူ အများစုဟာ အမျိုးသားတွေ ဖြစ်နေတာနဲ့
အမျိုးသားအများစုဟာ ဒါးပြတွေပါ လို့ တွေးလို့မရဘူးဆိုတာ ဆင်ခြင်ကြပါ။


တစ်ကယ့် တရားခံ ရန်သူ အစစ် က ဘွားကနဲပေါ်လာနေပါပြီ။


ကျွန်တော်တို့ ဆယ်စုနှစ် ငါးခု မက ခွာချထားခဲ့တဲ့ လက်တွေ ပြန်တွဲဖို့ အရမ်းလိုအပ်နေပြီ။

အရေးကြီးရင် သွေးနီး မှ ဖြစ်မယ်ဆိုတာ အားလုံး လက်ခံကြပါ။


တစ်ကယ်တမ်း နိုင်ငံတစ်နိုင်ငံ နဲ့ စစ် ဖြစ်လာရင် တိုင်းပြည်တစ်ပြည်ရဲ့ အားကိုးရာ ဟာ စစ်တပ် တစ်ခုထဲ ရှိပါတယ်။
ကျွန်တော်တို့ အားလုံး တပ်မတော် နဲ့ လက်တွဲပြီး ကမ္ဘာ မှာ မရှိသင့်တော့တဲ့ မိစ္ဆာဒိဌိ တွေကို မျိုးဖြုတ်ပစ်ကြရမယ့် အချိန်ရောက်နေပါပြီ။


ဒီကြားထဲမှာ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်သက်လုံး ကြီးပြင်းလာပြီး ကျွန်တော်တို့ နဲ့ ထပ်တူ တိုင်းပြည်ကို ချစ်တဲ့ စိတ်ထားကောင်းတဲ့ အေးချမ်းမှု လိုလားသူ အစ္စလာမ်ဘာသာဝင်တွေကို သူတို့ မရွေးချယ်ခဲ့တဲ့ မွေးဖွားလာခဲ့မှု တစ်ခုအတွက် နဲ့ အလကား မတိုက်ခိုက်ပါနဲ့။


အဲ့ဒါ ဟာ " Al-Qaeda " တွေ စီမံဖန်တီးယူနေတဲ့ မဟာဗျူဟာရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။


ငြိမ်းချမ်းမှု လိုလားသူ မြန်မာပြည်တွင်း ဆွေစဉ်မျိုးဆက် မွေးဖွား နေထိုင်ခဲ့တဲ့ အစ္စလာမ် ဘာသာဝင် စစ်စစ်တွေ အားလုံးကလဲ ခုချိန်ကစပြီး မိမိတို့ဟာ မြန်မာတွေ နဲ့ တစ်သားထဲရှိနေပါတယ် .. ဆိုတာနဲ့ ..

ခု အကြမ်းဖက်မှုတွေ အားလုံးကို မိမိ တို့ လုံးဝ မထောက်ခံဘူး ကန့်ကွက်ဆန့်ကျင်ပါတယ် .. ဆိုတာရယ် ..

လိုအပ်ရင် မြန်မာ ပြည်သူတွေ ဖက်က မိမိတို့ ကိုယ်တိုင် မြန်မာနိုင်ငံသား စိတ်ဓါတ် အပြည့်နဲ့ အစွန်းရောက် အဖျက်သမားတွေကို ကူညီ တိုက်ခိုက်ပါ့မယ် ...

ဆိုတဲ့ သဘောထားတွေကို သိသာထင်ရှားအောင် အပြောရော အလုပ်နဲ့ပါ ထုတ်ဖေါ်ပြသကြပါ။


ဒါဟာ သိပ်အရေးကြီးပါတယ်။


အဓိကရုဏ်း သို့မဟုတ် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခု ဖြစ်ရင် ..

မိမိတို့ဟာ မြန်မာပြည်ဖွား ကုလားလူမျိုးဆိုတာ ကို သိသာအောင် အဝတ်အစား သင်္ကေတ တစ်ခုခု နဲ့ ပြသဖို့ ရပ်ကွက်တိုင်းမှာ မြန်မာ တွေနဲ့ သက်ဆိုင်ရာ လူကြီးတွေ သက်သေထားပြီး တိုင်ပင်ညှိနှိုင်းထားပါ။ 


ကျွန်တော်တို့ အားလုံး အမိနိုင်ငံတော် တိုင်းတစ်ပါးကျွန် မဖြစ်ရေးအတွက် တပ်မတော် နဲ့ ပြည်သူ အတူတူ လက်တွဲပြီး မိစ္ဆာဒိဌိတွေကို မြန်မာ့မြေပေါ်ကနေ ပပျောက်သွားအောင် စည်းလုံးစွာ ပါးနပ်စွာ ရဲရင့်စွာ တိုက်ထုတ်ပစ်ကြရတော့မယ်။



ဒါ ငါတို့လူမျိုး
ဒါ ငါတို့ နိုင်ငံ
ဒါ ငါတို့ ဘာသာတရား

လာထိပါးရဲ ထိပါးကြည့် 
မင်းတို့ ရာဇဝင်တစ်ခုလုံး
မီးဟုန်းဟုန်းတောက်
အမျိုးပါပျောက်သွားစေရမယ် .. ဆိုတဲ့ မျိုးချစ်စိတ်ကို ၂၄ နာရီလုံး မပြတ် နှလုံးသွင်းထားကြပေတော့။



အမျိုးသားရေးအတွက် ...


မျိုးချစ်မြန်မာ


မူရင်း - http://myochitmyanmar.blogspot.com/2012/06/al-qaeda.html



ယ္ခုစာနှင့် ဆက်နွယ်သုံးသပ်နိုင်ရန် အောက်ပါ ဆောင်းပါးကို ပူးတွဲ ဖေါ်ပြလိုက်သည်။



International Terror Links


နိုင်ငံတကာအကြမ်းဖက်အဖွဲ့နှင့်ချိတ်ဆက်မှုများ 


 မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ မြန်မာနိုင်ငံနှင့်အစိုးရအပေါ်တွင် လက်နက်ကိုင်တော်လှန်မှုနှင့် နိုင်ငံခြားဘာသာရေးအဖွဲ့များ၏ အကူအညီထောက်ပံ့မှုကို ရယူမှုမှာ အရေအတွက်အားဖြင့်နည်းပါးသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသည့်အချက်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့အချို့သည် ကမ္ဘာလုံးဆိုင်ရာအစ္စလာမ္မစ်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လှုပ်ရှားမှုများ ရှိခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ဘင်းဂလားဒေ့ရှ် ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် အခြေစိုက်သော အစွန်းရောက်မူဆလင်အကြမ်းဖက်အဖွဲ့များနှင့် သိသာစွာဆက်သွယ်မှုများရှိနေသည်ကို ဆယ်စုနှစ်အနည်းငယ်ကပင် နိုင်ငံတကာမှ သိရှိပြီးဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် တည်ထောင်စဉ်အချိန်မှရည်ရွယ်ချက်မှာ ကောက်ဘဇား (Cox’s Bazar) နှင့် စစ်တကောင်း (Chittagong) နယ်များအတွင်းရှိ ဒုက္ခသည်ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ၏ အကျိုးအတွက်ဟုဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ နေထိုင်ရာဒေသများကိုစုပေါင်းကာ မူဆလင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ထူထောင်ရေးအဖြစ် ပြောင်းလဲလာသည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရာတွင် လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်ဟုသာ သိရှိရသည်။ သို့ရာတွင် ယင်းတို့အနက်မှ မည်သည့်တပ်ဖွဲ့ခွဲသည် မြန်မာနိုင်ငံတစ်ဖက်ခြမ်းတွင်အခြေစိုက်၍ နိုင်ငံတကာမူဆလင်အကြမ်းဖက်များနှင့် မည်သို့ဆက်သွယ်သည် ဆိုသည်ကိုမူ အသေးစိတ်သိရှိရန် ကြိုးပမ်းဆဲဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏တပ်သားအများစုသည် တရုတ်နိုင်ငံလုပ် အေကေ-၄၇ အော်တိုမက်တစ်ရိုင်ဖယ်များ ၊ အပေါ့စားစက်သေနတ်များ၊ အာပီဂျီ(တူး) ဗုံးဆံလောင်ချာများ၊ မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကို လက်နက်အဖြစ်ကိုင်ဆောင်ကြသည်။ ယင်းအဖွဲ့အစည်းသည် ၁၉၉၀ခုနှစ်နောက်ပိုင်းမှစ၍ တိုက်ခိုက်ရေးပြုလုပ်ခြင်းများ အားနည်းလာခဲ့သော်လည်း မြန်မာ-ဘင်းဂလား နှစ်နိုင်ငံဒေသအတွင်းတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သောလုပ်ငန်းများဖြစ်သည့် လက်နက်နှင့်မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်းမှ ၀င်ငွေအများဆုံး ရရှိသောအဖွဲ့ဖြစ်သည်ကိုတွေ့ရှိရသည်။ ပါကစ္စတန်နိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံမှ ရာဘိတယ်အလမ်အိုင်အစ္စလာမီ (Rabitaal-Alam-I-Islami) အဖွဲ့ ၏ ထောက်ပံ့ငွေများကို ရယူခဲ့ကြောင်းလည်းသိရှိရသည်။ 


၁၉၈၀ခုနှစ် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ ဂျမတ်-အီ-အစ္စလာမီ (Jamaat-e-Islami) အဖွဲ့နှင့်  အကြမ်းဖက်ကျောင်းသားများ အဖွဲ့အစည်းဖြစ်သည့် အစ္စလာမီချတ္တရရှီဘာ (Islami Chhatra Shibir) အဖွဲ့တို့မှ အကူအညီများကို စတင်လက်ခံခဲ့ကြောင်း သိရှိရသည်။ ဘင်းဂလားဒေ့ရှ်နိုင်ငံတွင်အဖွဲ့အစည်းထူထောင်ခဲ့ချိန်မှစ၍ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့သည် အင်အားကြီး ဆွန်နီမူဆလင်အဖွဲ့အစည်းဖြစ်သည့် ဟာရာကတ်-အာလ်-ဂျီဟတ်-အာလ်-အစ္စလာမီ (Harakat-ul-Jihad-ul-Islami) ၏လွှမ်းမိုးမှုအောက်တွင်ရှိနေခဲ့သည်။ (HuJI) ကို ၁၉၉၂ ခုနှစ်တွင် အာဖဂန်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော  ဘင်းဂလားဒေ့ရှ်လူမျိုးစစ်သားများကို ထောက်ခံရန်ထူထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် အယ်ကေဒါနှင့်တာလီဘန်တပ်ဖွဲ့များ၏ ၀ါဟာဘီ နှင့် ဒျူရိုဘန်ဒီ (Wahabist and Deobandist) သင်တန်းနည်းလမ်းများကို မျှဝေသင်ကြားခြင်းများလည်းပြုလုပ်ရာမှ အင်အားကြီးမားကာ ကွန်ယက်များစွာလည်းဖြန့်ကျက်နိုင်ခဲ့သည်။ 


(HuJI) သည် ဘင်းဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအဖွဲ့ဝင်များကို တပ်သားအဖြစ်ခေါ်ယူခဲ့မှုပြီး ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) နှင့်အဆက်အသွယ်မပြတ် ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အူခီယာ (Ukhia of Cox’s Bazar) ရှိ ဘင်ဂါလီရိုဟင်ဂျာအဖွဲ့၏ စခန်းတစ်ခုကို (HuJI) အဖွဲ့မှ လက်လွှဲရယူခြင်းကြောင့်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ပိုင်ဆိုင်မှုများကို ခြယ်လှယ်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ မြန်မာအစိုးရဘက်မှ ရိုဟင်ဂျာအမည်ခံဘင်ဂါလီအဖွဲ့သည် လစ်ဗျားသမ္မတ (ဟောင်း) မွမ်မာကဒါဖီ၏ ထောက်ပံ့မှုများ ရယူနေကြာင်း ပြောဆိုမှုများရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၈ယောက်သည် လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်သင်တန်းများ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ အထောက်အထားများအရ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ပါကစ္စတန် ကက်ရှ်မီးယားဒေသရှိ (HuJI) ယခုအခေါ် ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen)  အဖွဲ့အစည်း၏ထောက်ပံ့မှုများလည်း ရယူခဲ့သည်။ 


အာဖဂန် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော ဂါဘူဒင်ဟက်မတ်ယာ (Gulbuddin Hekmatyar) ၏  ဟဇ်-အီ-အစ္စလာမီ (Hizb-e-Islami) လှုပ်ရှားမှုများတွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်အချို့ကို ပါဝင်စေခဲ့ရာမှ ရိုဟင်ဂျာတို့၏ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် ချိတ်ဆက်မှုအား ပိုမိုကောင်းမွန်လာခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင်  ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၃၅၀၀၀၀ (သုံးသိန်းခွဲ) ခန့်သည် နေထိုင်ကြပြီး အများစုသည် အစ္စလာမ်ဘာသာရေး သင်တန်းကျောင်းများကို တက်ရောက်ကြသည်။ ၁၉၉၀ ခုနှစ်များတွင် ယင်းတို့အနက်မှ  အချို့သည် တာလီဘန် အရာရှိများ ဖြစ်လာခဲ့ကြသည်။ အခြားတာလီဘန်အဖွဲ့ဝင်ရိုဟင်ဂျာများသည် ဘင်းဂလားဒေ့ရှ်မှ တိုက်ရိုက်ခေါ်ယူခန့်အပ်ပြီး ပါကစ္စတန်နိုင်ငံတွင် သင်တန်းတက်ရောက်ကြကာ ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုများ ဖြစ်နိုင်ကြောင်းကောက်ချက်ချခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်းတွင် ဂျမားအယ်အစ္စလားမီးယား (Jamiya-I-Islami) အဖွဲ့ဥက္ကဌ ဘာဟာနူဒင် ဟာဘာနီ (Burhanuddin Rabbani)  နှင့် အစ်တီဟတ်-အယ်-အစ္စလာမီးယား (Ittehad-I-Islami) အဖွဲ့ မှ အက်ဘဒါရက်ရဇူလ်ဆာယက်ဖ် (Abdur Rab Rasool Sayyaf) တို့၏ ထောက်ပံ့မှုများကို ပေါ်ပေါ်တင်တင်ရယူနေမှုများကို  နိုင်ငံတကာအကြမ်းဖက်ထောက်လှမ်းရေးမှတ်တမ်းများတွင် တွေ့ရှိရသည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၁၀၀ (တစ်ရာ) ခန့်သည် အာဖဂန်နစ္စတန်နိုင်ငတွင်းရှိ ခိုစ့် (Khost) မြို့ရှိ ဟဇ်ဘ်-အီ-အစ္စလာမီ (Hizb-e-Islami) အဖွဲ့ပိုင်သင်တန်းများတွင် လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့ပြီး အခြား ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အင်အား ၅၀၀၀ ခန့်သည်လည်း အလားတူသင်တန်းများကို ၁၉၉၀ပြည့်နှစ်များက တက်ရာက်ခွင့်ရခဲ့ကြောင်းသိရှိရသည်။ မြန်မာ့အရေးနှင့်ဒီမိုကရေစီအရေးလေ့လာသူ ဘာတီးလ်လစ်တစ်တနာ (Bertil Lintner) ၏မှတ်တမ်းများအရ အဆိုပါ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) လေ့ကျင့်ရေးအဖွဲ့ဝင်များသည် ဘာသာရေးဆိုင်ရာ တစ်ဖက်သတ်လမ်းညွှန်ချက်များ ကို ခံယူကြရပြီး ခြေလျင်တပ်သား ၊ မိုင်းရှင်းလင်းရေးတပ်သားများ ဖြစ်လာကြသည်။ ၎င်းတို့သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တော်လှန်ရေးတပ်ဖွဲ့များ၏ အသုံးချခံ စစ်ဖက်ပစ္စည်း အဆင့်မျှသာ သတ်မှတ်ခံကြရကြောင်း နှင့် ထိုအခြေအနေကို မနှစ်သက်ကြောင်းကိုလည်း သိရှိရသည်။ မြန်မာမူဂျာဟစ်ဒင် များသည် တာလီဘန်အဖွဲ့တို့နှင့် ပူးပေါင်းတိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်စစ်တပ်မှ အာဖဂန်အခြေစိုက်စစ်စခန်း ဖွင့်လှစ်ချိန်အထိ ရှိနေခဲ့သည်။ ယင်းတို့အနက်မှ အချို့ကို အမေရိကန်တပ်မှ လက်ရဖမ်းဆီးမိခဲ့ပြီးနောက်ပိုင်း စစ်ဆေးတွေ့ရှိချက်များအရ “မြန်မာအစိုးရကိုတိုက်ခိုက်ရန် စစ်ရေးတိုက်ခိုက်မှု အတွေ့အကြုံများ ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်တိုက်ခိုက်ပြီး ကိုရမ်ကျမ်းစာကို လိုက်နာသောမူဆလင်အုပ်ချုပ်မှုစနစ် (Sharia Law) ကို မြန်မာနိုင်ငံအတွင်း သွတ်သွင်းနိုင်ရန်အတွက်” ဆိုသောထွက်ချက်များကို တွေ့ရှိခဲ့ရသည်။ အဆိုပါလက်ရဖမ်းဆီးမိခဲ့သောအဖွဲ့တွင် ပါကစ္စတန်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသို့မရောက်ဖူးသော စစ်သွေးကြွများဖြစ်ကြသည်။ တာလီဘန်စစ်ပွဲပြီးဆုံးသွားသော်လည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တို့ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သော မူဂျာဟစ်ဒင်များသည် ဘင်းဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် အကြမ်းဖက်တိုက်ခိုက်ရေး လေ့ကျင့်ရေးသင်တန်းများကို  ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အပါအ၀င် အခြားတိုက်ခိုက်ရေးအဖွဲ့များအား သင်တန်းပို့ချနေမှုများကို ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ၁၉၉၀ ခုနှစ်များက မြန်မာအစိုးရကို ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟု (ABMU) အဖွဲ့ကကြေငြာစဉ်က အာရပ်နှင့် ပါကစ္စတန်နိုင်ငံများမှ မူဂျာဟစ်ဒင်များ အပါအ၀င် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွများကလည်း ပါဝင်တိုက်ခိုက်ကြရန် ကတိပြုခဲ့ကြသည်။ ထို့အတူ ကတ်ရှ်မီးယားဒေသမှ ပါကစ္စတန်အဖွဲ့တစ်ခုဖြစ်သော ဟဇ်ဘူလ်မူဂျာဟစ်ဒင် (Hizb-ul Mujahideen) ကလည်း လေ့ကျင့်ရေးသမားများကို မြန်မာနိုင်ငံအတွင်းရှိ မူဆလင်သူပုန်များကို လေ့ကျင့်မှုများပေးရန် စေလွှတ်ခဲ့သည်။စက်တင်ဘာ၂၀၀၁အဖြစ်အပျက်မတိုင်မီအထိ ထိုကဲ့သို့သောအခြေအနေများကို မြန်မာအစိုးရနည်းတူ အမေရိကန်အစိုးရသည်လည်း အန္တရာယ်ရှိသောအခြေအနေတစ်ရပ်အနေဖြင့် များစွာလေ့လာမှုများမရှိခဲ့ပေ။  လက်ရှိအချိန်ထိ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်မူဆလင်အကြမ်းဖက်တို့၏ နိုင်ငံတွင်းအင်အားသိသာစွာကြီးမားလာခြင်း သိသာထင်ရှားသောအကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပွားအောင် မြန်မာအစိုးရမှလည်း ထိန်းသိမ်းထားနိုင်သည်ကိုတွေ့ရှိရသည်။ သို့ရာတွင် စက်တင်ဘာ ၂၀၁၁ တိုက်ခိုက်မှုများ အပြီးတွင် နိုင်ငံတကာလေ့လာမှုများအရ အကြမ်းဖက်ကွန်ယက်သည် တဖြည်းဖြည်းကြီးထွားလာကြောင်း နှင့် မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း အယ်ကေဒါအဖွဲ့၏ အစိတ်အပိုင်းများအဖြစ် သွယ်ဝိုက်သိမ်းသွင်းထားမှုများရှိကြောင်း သိရှိရသည်။ 


အမေရိကန်ရှိ တက္ကသိုလ်တစ်ခုတွင် “အယ်ကေဒါ၏ အရှေ့တောင်အာရှတွင် အကြီးမားဆုံးအဖွဲ့ခွဲသည် မြန်မာနိုင်ငံတွင် အခြေစိုက်သည်” ဟုပင် သတ်မှတ်သင်ကြားခြင်းခံရသည်။ သဘောတရားချင်းတူညီသော သတင်းထုတ်ပြန်ကြေငြာချက်တစ်ရပ်ကို စီအန်အန် သတင်းကွန်ယက်ဌာနမှလည်း ထုတ်လွှင့်သွားခဲ့ဖူးသည်။ ထိုကြေငြာချက်များကို အသေးစိတ်အတည်ပြုနိုင်ခြင်းးမရှိသေးသော်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့၏အနည်းဆုံး တစ်စိတ်တစ်ပိုင်းသည် အယ်ကေဒါအဖွဲ့သြဇာခံဖြစ်ကြောင်းကို အမေရိကန်တပ်ဖွဲ့မှ သက်သေပြနိုင်ခဲ့သည်။


၁၉၉၀ ခုနှစ်များက ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ တိုက်ခိုက်ရေးစိတ်ပါဝင်စားသူ ရိုဟင်ဂျာစစ်သားများ စုဆောင်းရန်အတွက် ပါကစ္စတန်နိုင်ငံမှ လာရောက်သိမ်းသွင်းသူများသည် အယ်ကေဒါ အဖွဲ့မှ စေလွှတ်ခဲ့သူများဖြစ်ကြောင်း တိကျသောသတင်းများ ရရှိခဲ့သည်။ 


အမေရိကန်တို့၏ အာဖဂန်စစ်ပွဲမှတ်တမ်းများအရ အိုစမာဘင်လာဒင်၏ ဗီဒီယိုတိပ်ခွေတွင်လည်း အာရပ်ဘာသာဖြင့်  “မြန်မာနိုင်ငံမှ မူဆလင်တရားတော်အလိုအရ တိုက်ခိုက်နေသူများ” ကို ထည့်သွင်းပြောကြားခဲ့သည်ကို သိရှိရသည်။



မှတ်တမ်းပြုစုရေးသားသူ - စာအုပ်ကြီး (FaceBook User)

ဘကြီးသက်
Unknown at 10:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ် အတွင်းပဋိပက္ခများကြောင့် ဒေသတွင်း ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံး ပိတ်ထား





ရခိုင်ဒေသတွင်း ပြေးဆွဲနေသည့် ရေလမ်း၊ ကုန်းလမ်း ခရီးစဉ်များ အားလုံးနီးပါးကို ယမန်နေ့က စတင်၍ ရပ်တန့်ထားခြင်းဖြစ်
ကြောင်း၊ သို့သော် မည်သည့်အတွက် ပိတ်ထားသည် ဆိုကြောင်းကို ပြည်သူများထံ အသိပေးမှု မရှိသေးကြောင်း ရခိုင်ဒေသခံ များက ပြောသည်။

ကျောက်ဖြူ – တောင်ကုတ်၊ တောင်ကုတ် – ရမ်းဗြဲ – ကျောက်နီမော်၊ တောင်ကုတ် – သံတွဲ စသည့် လမ်းကြောင်းများနှင့် ကျောက်ဖြူ – ရန်ကုန် မော်တော်ကား လမ်းကြောင်းကိုပါ ပိတ်ထားပြီး မည်သည့် အချိန်အထိ ပိတ်ထားမည် ဆိုသည်ကို အတိအကျ မသိရသေးပေ။

“တောင်ကုတ်မြို့ကနေ ရခိုင်ပြည်တွင်း ဆွဲနေတဲ့ ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတယ်၊ ရုတ်တရက် ပိတ်လိုက်တော့ ကုန်ပစ္စည်းတွေ အရောင်းအ၀ယ် မလုပ်ရတော့ဘူး၊ လုံခြုံရေး တော့ ပုံမှန်ပါပဲ” ဟု တောင်ကုတ်မြို့ခံ အမျိုးသမီး တဦးက ပြော သည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့များ၌ ညမထွက်ရ အမိန့်များ ထုတ်ပြန်ထား သကဲ့သို့ အရေးပေါ် အခြေအနေ တရပ်ကို သမ္မတ ဦးသိန်းစိန်က ယမန်နေ့တွင် ကြေညာခဲ့သည်။ ပုဒ်မ ၁၄၄ နှင့် လုံလောက်ခြင်း မရှိသဖြင့် တပ်မတော်၏ အကူအညီကို ယူရမည်၊ ထိုထုတ်ပြန်ချက်သည် နောက်ထပ် ထုတ်ပြန်ခြင်း မရှိသေး သရွေ့ အတည်ဖြစ်စေရမည်ဟု သမ္မတက ကြေညာထားသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အတွက် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ ညအိပ်နိုင်ပြီ ဖြစ်ကြောင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကိုမူ အချိန်ဆွဲ ကန့်သတ် မထားစေလိုကြောင်း ကျောက်ဖြူမြို့ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောသည်။

“ညမထွက်ရ အမိန့်ကြောင့် စိတ်ချ လက်ချ အိပ်နိုင်ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဆက်သွယ်ရေး လမ်းကြောင်းတွေ အကြာကြီး ပိတ်ထားမယ်ဆိုရင် ကိုယ့်ဒေသခံ တိုင်းရင်းသားလူမျိုးတွေ စားဝတ်နေရေး ကြပ်တည်း ခက်ခဲသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မှ ရခိုင်ပြည်နယ်၏ နေရာဒေသ အသီးသီးသို့ ပြေးဆွဲနေသည့် မော်တော်ယဉ်လိုင်း အသီးသီးတို့ကို ၅ ရက်မှ သီတင်း ပတ် တပတ်ခန့်အထိ ပိတ်ထားမည်ဟု သိရသည်။ ရန်ကုန် – ရခိုင် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားသည့် အပြင် ရခိုင်ဒေသတွင်း တနေရာမှ တနေရာသို့ ခရီးသွားလာမှု လမ်းကြောင်းများ အားလုံးကိုလည်း ပိတ်ထားသည်။

ရန်ကုန် မှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့များအကြား ခရီးသည်တင် မော်တော်ယာဉ်များ၊ ကုန်ပစ္စည်း တင်ဆောင်သည့် ယာဉ်များ နေ့စဉ် ပြေးဆွဲလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ရခိုင်ဒေသ၌
ကုန်ဈေးနှုန်း ကြီးမြင့်လာမည်ကို စိုးရိမ်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။

ရခိုင်ဒေသ တခုလုံးအား ညမထွက်ရအမိန့်နှင့် အရေးပေါ် အခြေအနေများ ထုတ်ပြန်ထားသော်လည်း မောင်တော၊ စစ်တွေ မြို့တို့တွင် နေအိမ်တချို့ မီးရှို့ခံရခြင်းနှင့် ဆူပူလှုပ်ရှားမှုများ ယနေ့အထိ ဖြစ်ပေါ်နေသည်။

မောင်တောမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် လုံခြုံ ရေး တင်းကျပ်ထားကြောင်း သိရသည်။
လက်နက်ကိုင် အကြမ်းဖက် အုပ်စုတစုသည် လက်နက်များနှင့် အတူ မြန်မာနိုင်ငံ ဘက်သို့ ၀င်ရောက် လာနေကြသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြေုနိုင် သေးကြောင်းသိရှိရသည်။

 Myanmar Express
ဘကြီးသက်
Unknown at 10:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အားလုံး ကျောချင်းကပ်ကြပါ..

ယခုဖြစ်ရပ်တွေဟာ ဦးနုကြောင့်၊ ဦးနေဝင်းကြောင့်၊ သန်းရွှေကြောင့် ဘယ်သူကြောင့် ဘယ်ဝှာကြောင့် ဘယ်သူတွေ သွေးထိုးလို့၊ ဘာနိုင်ငံရေး လှည့်ကွက် ဘာကြောင့် ညာကြောင့်ဆိုပြီး အမျိုးမျိုးပြောဆို ဝေဖန်နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေနဲ့၊ မြန်မာပြည်သူတွေ အနောက်ဘက်က ဘင်္ဂလီ ရိုဟင်ဂျာ ကျူးကျော်သူတွေ လက်ချက်နဲ့ နေ့စဉ်ရက်စက် ဒုက္ခမျိုးစုံ ရင်ဆိုင်နေကြရပါပြီ။ ဘာသာရေး၊ လူမျိုးရေးတွေ ဘေးဖယ်ထားပြီး အမျိုးသားရေး အမြင်နဲ့ကြည့်ကြပါ..။

ကျူးကျော်သူတွေရဲ့ နောက်ဆက်တွဲ လက်နက်ကိုင် ပြည်ပ ပယောဂတွေလည်း ပူးကပ်လာနေပြီး ဘီးလူးရုပ် အတိုင်းသားပေါ်နေပါပြီ။ ဒီအချိန်မှာ ကျွန်တော်တို့ အစိုးရ၊ အတိုက်အခံ၊ စစ်တပ်စတာတွေကို ဘေးဖယ်ထားကြပါ။ အားလုံး ကျောချင်းကပ်ကြပြီး ရင်ဆိုင်ကြဖို့ တိုက်တွန်းလိုပါတယ်..။ ဒီအချိန်မှာ သွေးစည်းကြပါ...။ ညီညွတ်ကြပါ... အားလုံး ကျောချင်းကပ်ထားကြပါ။

ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဘဘဦးတင်ဦးပြောပြီးပြီ၊ ၈၈ခေါင်းဆောင် ကိုမင်းကိုနိုင် ကိုယ်စား ကိုကိုကြီး ပြောပြီးပြီ၊ သမ္မတဦးသိန်းစိန် ကိုယ်စား ဦးခင်ရီ ပြောပြီးပြီ ဒီလိုပဲ မြင်တယ်..။

ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား ပြည်သူတွေရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ အတူ အမိမြေ အချုပ်အခြာ အာဏာထိပါးမှုတွေအတွက် ဘာတွေတတ်နိုင်လည်း ဘာတွေလုပ်ပေးနိုင်လည်း ဘာတွေ ကူညီထောက်ပံ့နိုင်လည်း ဆိုတာတွေ စပြီး လက်တွေ့ ပါဝင်လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်..

မြန်မာဆိုတာ လူဦးရေ အဆပေါင်းများစွာများတဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေ ကြားထဲမှာ ဘယ်သူ့သြဇာခံမှ အဖြစ်မခံပဲ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြတာ ကျွန်တော်တို့ ဘိုးဘေး ဘီဘင်တွေက သက်သေ ပြခဲ့ပြီးပါပြီ...။ ဘေးပတ်ဝန်းကျင်က လူဦးရေ အဆမတန်များတဲ့ ဒီလို တိုင်းပြည်တွေကြား၊ နိုင်ငံတွေကြားမှာ ကြံ့ကြံ့ခံပြီး ကျွန်တော်တို့တွေ အမြဲရှင်သန် ရပ်တည်ခဲ့ကြတာပါ။

ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ ခုလို အရေးကြီးချိန်မှာ ကျောချင်းကပ်ပြီး ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့သမိုင်း မရိုင်းရလေအောင် ကျူးကျော်သူတွေကို စည်းလုံးညီညွတ်စွာနဲ့ အောင်နိုင်ခဲ့ကြောင်း သမိုင်းမှတ်တိုင်တခု စိုက်ထူ ပြလိုက်ကြပါစို့...။ အခုအဖြစ်အပျက်တွေဟာ နောင်အနာဂတ် အတွက် အင်မတန်အရေးကြီးတဲ့ သမိုင်းတွေပါ..။

(အနောက်ဖက်က စော်ကား ကျူးကျော် စော်ကားလာ သူတွေရဲ့ ကြီးမားတဲ့ အန္တရာယ်ကို အမျိုးသားရေးအမြင်နဲ့ ရင်ဆိုင်ကာကွယ်ပြီး ညီညွတ်မှုတွေနဲ့အတူ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးကြပါစို့)

ဒီမိုဝေယံ

(ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ဒိုးတူဘောင်ဘက် ဆိုးတူကောင်းဖက် အတူနေထိုင်ခဲ့ကြသူတွေနဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကို ရှောင်ရှားပြီး အနောက်ဘက်က ကျူးကျော်သူ ဘင်္ဂလီတွေရဲ့ အန္တရာယ်ကို အမျိုးသားရေး တရပ်အနေနဲ့ ရင်ဆိုင်ဖြေရှင်း ကာကွယ်ကြပါစို့..)

(ဓာတ်ပုံ) ၁၀ရက်နေ့က စစ်တွေမှာ ကျူးကျော်သူတွေရဲ့ အကြမ်းဖက် မီးရှို့မှုတွေကို မီးသတ်တပ်ဖွဲ့တွေနဲ့အတူ တနိုင်တပိုင် ရင်ဆိုင် ဖြေရှင်းနေရတဲ့ စစ်တွေမြို့ခံ တိုင်းရင်းသား ပြည်သူတွေ... (Reuters)

ဘကြီးသက်
Unknown at 10:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို အခြေခံဥပဒေအရ ထုတ်ပြန်ရာမှာ အလွယ်တကူ သဘောပေါက်နိုင်စေမယ့် ရှင်းလင်းချက်

အခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မတခုကို အခြေခံဥပဒေအရ ထုတ်ပြန်ရာမှာ အလွယ်တကူ သဘောပေါက်နိုင်စေမယ့် ရှင်းလင်းချက်ကို (မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ)က ရေးသား ဖော်ပြထားတာကို တွေ့ရလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
နားလည်လွဲနေသူများ ... ယုန်ထင်ကြောင်ထင် ရေးနေသူများသို့  သိစေရန် ရှင်းလင်းခြင်း ...
သမ္မတကြီး ထုတ်ပြန်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကို နားလည်ရန်အတွက် ပုဒ်မ ၄၁၂ ကို ပထမဦးစွာ သိရှိရမှာဖြစ်ပါတယ် ။

ပုဒ်မ ၄၁၂ (က)ဟာ ပြည်သူအိုးအိမ်စည်းစိမ်ကို အန္တရာယ် ရှိသည် နှင့် သမ္မတဟာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ကာ အရေးပေါ် အခြေအနေကို ကြေငြာခြင်းဖြစ်ပါတယ် ။
အပိုဒ် (ခ) ကတော့ သမ္မတဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိုနိုင်းရာမှာ အဖွဲ့ဝင်တွေ စုံလင်စွာ တက်ရောက်နိုင်ခြင်း မရှိပါက ကာချူပ် ၊ ဒု-ကာချုပ် ၊ ကာကွယ်ရေးဌာန ဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီး တို့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကို အချိန်မှီ ထုတ်ပြန်ကြေငြာနိုင်ပါတယ်။ အဲဒီ အတည်ပြုဆုံးဖြတ်ချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အမြန်ဆုံးတင်ပြ အတည်ပြုချက် ရယူရမှာဖြစ်ပါတယ် ။
အခုထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၄၁၃ အပိုဒ်(က) ကတော့ ပုဒ်မ ၄၁၂ အရ အရေးပေါ် အခြေအနေကြေငြာတဲ့ကိစ္စနဲ့ ပတ်သတ်ပါတယ် ။ ကဲ ကြည့်ကြရအောင် ။
************************************************************
ပုဒ်မ ၄၁၃ (က) ။ အရေးပေါ်အခြေအနေ ကြေငြာချက် အကျိုးသက်ရောက်သည့်နယ်မြေ ဒေသအတွင်း မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များ ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းများ နှင့် အဖွဲ့ဝင်များက တည်ဆဲဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည် ။
************************************************************
ဆိုလိုတာကတော့ စစ်တပ်က နယ်ဘက်ဝန်ထမ်းတွေ နဲ့ ဒေသအာဏာပိုင်တွေရဲ့ လုပ်ငန်းဆောင်တာ အဝဝကို ဝင်ရောက် ကူညီရမယ် ။ အကယ်၍ ထိုသူများကို နှောင့်ယှက်သူများ အား စစ်တပ်မှ စစ်တပ် အလုပ် လုပ်ပြရပါလိမ့်မယ် ။
ဒါကြောင့်လည်း အခုချိန်မှာ ဒေသအာဏာပိုင်တွေ ပြည်သူ့ရဲတွေနောက်မှာ တပ်မတော်က ဝင်ရောက်အားဖြည့်ကူညီနေခြင်း ဖြစ်ပါတယ်။ ဒေသ ပြန်လည်တည်ဆောက်ရေးမှာလည်း ပါဝင် ကူညီပြီး fatigue လုပ်ပေးရပါလိမ့်မယ် ။
တကယ်လို့သာ ဒီထက်ဆိုးဝါးလာပါက ပုဒ်မ ၄၁၃ အပိုဒ်( ခ) က တော့ တော်တော် ပြင်းထန်ပါတယ် ။
ပုဒ်မ (ခ) မှာတော့ သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေကို စစ်အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ပေးပါလိမ့်မယ်။
အဲလိုဆိုရင် သမ္မတရဲ့ အမိန့်နဲ့ အဆိုပါနယ်မြေ ရဲ့ တာဝန်ကိစ္စ အရပ်ရပ်ကို ဦးစီးဆောင်ရွက်ရပါ့မယ် ။ကာချုပ်ကြီးကိုယ်တိုင် မလုပ်လျှင်လည်း အခြား စစ်ဘက် အဆင့်မြင့် အရာရှိတစ်ဦးဦးကို ထပ်ဆင့် လွဲအပ်နိုင်ပါတယ် ။
ဟာ...ဒါဆို စစ်တပ်အာဏာသိမ်းတာလား ...ဆိုကြမယ်။
အဲလိုဆိုရင် မှားပါလိမ့်မယ် ။ ပုဒ်မ (ခ) အရ စစ်တပ်ဟာ အဆိုပါနယ်မြေကို နယ်ဘက်အုပ်ချုပ်ရေးနဲ့ မနိုင်တော့လို့ စစ်ဘက်အုပ်ချုပ်ရေးတာဝန်ကို သမ္မတရဲ့ အမိန့်နဲ့သာ ဆောင်ရွက်ရတာပါ ။ အဲလို အုပ်ချုပ်ခဲ့တာကို တိကျသေချာနိုင်ဖို့ နောက်ထပ် ပုဒ်မ ၄၁၄ အပိုဒ် (က) ကို ဆက်ကြည့်ရအောင် ။
ပုဒ်မ ၄၁၄ မှာတော့ သမ္မတဟာ ဥပဒေကဲ့သို့ အာဏာတည့်တဲ့ အမိန့်ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေကြေငြာတဲ့အခါမှာ -
အပိုဒ် (က) - အမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေ ဒေသနှင့် အချိန်ကာလတို့ကို သတ်မှတ်ဖော်ပြရမည် ။
လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ နံပါတ် (၄) မှာ ဤအမိန့်သည် ယနေ့မှစ၍ နောက်ထပ် အမိန့်တစုံတရာ ထုတ်ပြန်မှူ မရှိမခြင်း အတည်ဖြစ်သည် လို့ပါရှိရခြင်းဖြစ်ပါတယ် ။
အခုဆိုရင် ရခိုင်ဒေသကို ပုဒ်မ ၄၁၃ ပုဒ်မ (က) အရ တပ်မတော်မှ ဝင်ရောက်ကူညီနေတဲ့ အဆင့်သာဖြစ်ပါတယ် ။ပုဒ်မ (က) အရ အုပ်ချုပ်ခြင်းမှ မနိုင်တော့မှသာလျှင် ပုဒ်မ (ခ) အရ ပြည်သူများ ပြောဆိုနေတဲ့ စစ်တပ်က ကုလားများကို စစ်ပွဲအသွင် တိုက်ထုတ်မှာ ဖြစ်ပါတယ် ခင်ဗျား ။
(မောင်ကျောက်ခဲအဖွဲ့ ဝိုင်းတော်သားများ)
https://www.facebook.com/groups/387584204610884/permalink/395119030524068/

ဘကြီးသက်
Unknown at 6:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိဒွေး ရောင်းစားလိုက်သည့် ရန်ကုန်က ကျောင်းသူ မြန်မာသံရုံးသို့ ထွက်ပြေးလာ



မြတ်ညို (အလွတ်သတင်းထောက်)
လူကုန်ကူးခံခဲ့ရပြီး ဘန်ကောက်မြို့ တွင် အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေရာမှ ထွက်ပြေးလွတ်မြောက်လာသည့်ရန
်ကုန်မှ အသက် ၁၈ နှစ်အရွယ်ဆယ်တန်းကျောင်းသူတစ်ဦး အား
မြန်မာသံရုံးနှင့် BAT တို့ ယနေ့ညနေတွင် ပူးပေါင်း ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
မိထွေး နှင့် ဖခင်တို့ ပို့ဆောင်လိုက်သည့် ရန်ကုန်မြို့ လသာမြို့နယ် - - - - - - မှ ကျောင်းသူ မ----- ဆိုသူမှာ ဘန်ကောက်ြ မို့အနီး မြန်မာမွတ်ဆလင် အမျိုးသား တစ်ဦး တစ်ဦး နေအိမ်တွင် အိမ်ဖေါ် အလုပ်လုပ်ကိုင်နေရာမှ မြန်မာသံရုံးသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မ-----က “ သမီး မိဒွေး က ဒီက ဦးဆန်နီ ဆိုတဲ့ သူနဲ့  ဖုန်းပြောခိုင်းတယ်။ သမီးကို သူ့စတိုးဆိုင်မှာ ကွန်ပျူ တာ စါရင်းအင်းတွေ ကိုင်ပြီးလုပ်ရမယ်ဆိုလို့ သမီးလာခဲ့တာပါ။ ဒီရောက်တော့ အိမ်အလုပ်လုပ်ခိုင်းတယ်။
သမီးကို ရန်ကုန်ပြန်ပို့ဆိုတော့ တုတ်နဲ့ ရိုက်တယ်။ လက်မှာ ခုထိ ဒဏ်ရာဟောင်းတွေ ကျန်နေခဲ့တယ်။
သမီးကိုဘယ်မှ သွားခွင့်မပြုဘူး၊ ထွက်ပြေးရင် သတ်ပစ်မယ်လို့ပြောတယ်” ဟုပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ပြီး ၈ ရက်နေ့တွင် ကန်ချနဘူင်္ရီ သို့ရောက်
ရှိခဲ့သည်။ လမ်းမတော်မြို့နယ်မှ ဒေါ်နိုင်နိုင်မာ ဆိုသည့် အမျိုးသမီးကြီး တစ်ဦးကရန်ကုန်မြို့တွင်ခေါ် ဆောင်စဉ်က စတိုးဆိုင်တွင်ကွန်ပျူတာစါရင်ကိုင်အလုပ် လုပ်ရမည်ဖြစ်ပြီး တစ်လလျှင် (၃)သိန်းကျော် ရမည်ပြောဆိုခဲ့သဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘုရားသုံးဆူတွင် ဦးဆိုနီ ဆိုသည့် မြန်မာမွတ်ဆလင် သူဌေးတစ်ယောက်က ကန်ချနဘူရီသို့ ခေါ်ဆောင်သွားပြီး လူသူမနီးသည့် နေအိမ်တစ်လုံး တွင်ညှင်းပန်း နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။
ဦးဆိုနီ က အင်တာနက် သုံးတတ်သလားဟု မေးမြန်းခဲ့စဉ် မ- - -က မသုံးတတ်ကြောင်း ဖြေကြားခဲ့
သဖြင့် အင်တာနက်လိုင်းအား မဖြတ်တောက်ပဲ ထားရှိသည်။ အိမ်ရှင်အလစ်တွင် မ- - - က အင်တာ
နက်သုံးပြီး ရန်ကုန်မှ အဒေါ်ထံသို့ ဆက်သွယ်ပြီး မြန်မာသံရုံးလိပ်စာအား ရရှိခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၆ ရက်နေ့ နံနက်တွင် မြန်မာသံရုံးသို့တစ်နာရီ ကျော် မောင်းနှင်ရသည့် နေရာမှ လာခဲ့သည်။ ထွက်ခွာလာ သည့်နေရာကို သူမ မမှတ်မိပါ။ နံနက် ၁၀ နာရီကျော်တွင် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ သံမှူး ဦးနိုင်ထွန်း က အငှါးကား တက္ကစီ ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များအသင်း BAT ရုံးသို့ စရိတ်စက နှင့် ထောက်ခံစာများ ရေးသားပို့ဆောင်ပေးခဲ့ပါသည်။
BAT ကလည်း မ- - -၏ ရန်ကုန်ုမှ အဒေါ်ထံသို့ ဆက်သွယ်ခြင်း၊ ဘန်ကောက်နှင့် မြန်မာ UNIAP (ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့) တို့သို့ ဆက်သွယ်ပြီးမိသားစုများထံသို့ ချောမွေ့ စွာရောက် ရှိ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသည့် မ- - - မြ၀တီ/မဲဆောက် နယ်စပ်သို့ ရောက်သည့်အခါ နယ်ခြားစောင့် (DABA ကိုးသုံးလုံးဂိတ်)တွင် ရွေးထုတ်ရခြင်းမျိုး မရှိစေရုံသာမက ရန်ကုန်သို့ လုံခြုံစွာရောက်ရှိစေရေးအတွက် စီစဉ်ထားကြောင်း ကူညီသည့်အဖွဲ့များကပြောသည်။
သစ်ထူးလွင်
ဘကြီးသက်
Unknown at 2:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရေးကြီးသော်လည်း သွေးမနီးကြသေးသူများ

ရခိုင်ပြည်နယ်တွင် ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တို့သည် ခေါ်တောကုလားတို့၏ ကျူးကျော်မှုဖြစ်သည် ၊ အကြမ်းဘက်မှုဖြစ်သည်ဆိုမှာ စဉ်းစားနေ သုံးသပ်နေ အကဲဖြတ်နေရမည့် ကိစ္စမျိုးမဟုတ်ပါ လယ်ပြင်မှာဆင်သွားသလိုရှင်းနေ၏ ၊ တဆက်တည်းဆိုသလိုပင် ထိုအရေးသည် အစိုးရ၏အရေး ၊ ရခိုင်အရေး မဟုတ် တစ်မျိုးသားလုံး၏ အရေးဖြစ်သည် ဆိုသည်မှာလည်း အထူးပင်ပြောစရာမရှိပါ ။

သွေးကစကားပြောပါသည် ၊ သွေးကသိပါသည် ၊ ထိုသို့သွေးကစကားပြောသည့်အတွက်ကြောင့်ပင် ကမ္ဘာအရပ်ရပ်မှမြန်မာတို့သည် မတိုင်ပင်ထားရပါဘဲနှင့် Facebook ,Twitter အစရှိသော လူမှုရေးကွန်ယက်များတွင် အခြားအလုပ်မလုပ် ထိုအမျိုးသားရေးဖြင့် အချိန်ကုန်နေကြရသည် ၊ အလှပုံများလည်းမတင်ကြတော့၊ ခရီးသွားမှတ်တမ်းများလည်းတက်မလာတော့ ၊ ကိုယ့်မျက်နှာကိုယ် အမူယာပုံအမျိုးမျိုးလုပ် လက်တစ်ဘက်ကိုဆန့်တန်းကာကိုယ်တိုင် ဓါတ်ပုံရိုက်တင်လေ့ရှိသူများလည်း မတင်ကြတော့ အချစ်သီချင်းများလည်း share မလုပ်ကြတော့ နိုင်ငံတော်အလံပုံများ ၊ ရခိုင်အမျိုးသားအလံများ ဇာတိမာန်သီချင်းများ ရိုဟင်ဂျာဆန့်ကျင်ရေးများဖြင့် အလုပ်ရှုပ်နေကြသည် ၊ တစ်နည်းဆိုရသော် အစိုးရ တပ်မတော် နှင့် ရဲ တို့က ဒေသခံများနှင့်ပူးပေါင်းကာ ခေါ်တောများကို တိုက်ပွဲဝင်နေချိန်တွင် အွန်လိုင်းပေါ်တွင် မြန်မာတို့အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေကြသည် ၊ ထိုအားသည် အသေးအမွှားမဟုတ် အားကြီးလှ၏ ၊ ကြက်သီးထလောက်သည် ၏ ၊ပြင်းပြင်းထန်ထန်ရှိလှ၏ ထိုသူများကို အွန်လိုင်းစစ်သည်တော်များ ( Myanmar Online Warriors ) များဟုဂုဏ်ပြုခေါ်တွင်ရမည်သာ ဖြစ်၏ ။

ထိုသို့ တကမ္ဘာလုံးရှိမြန်မာတို့ အမျိုးသားရေးအတွက် အရေးကြီးလှသဖြင့် သွေးနီးနေကြချိန် တွင် ရောမမြို့ကြီး မီးဟုန်းဟုန်း တောက်လောင်ပြီး နန်းတော်နေရာလေးကွက်ကွက် ကျန်သည့်တိုင် တယောထိုးမပျက် နေနိုင်ရက်သော နီရိုးဘုရင်ကဲ့သို့ နေစိမ့်သူများလည်းရှိ၏ ၊ တစ်နည်းဆိုရပါမူ အရေးကြီးသော်လည်း သွေးမနီးသူများလည်း အံ့ဘွယ်ရှိ၏ ၊ ထိုနီရိုးဘုရင်၏ မျိုးဆက်မြန်မာများမှာ အောက်ပါအတိုင်းဖြစ်၏ ။

နိုင်ငံရေးခေါင်းဆောင်များ

ထင်ရှားသောနိုင်ငံရေးခေါင်းဆောင်များသည် မိမိတို့၏ပုံရိပ် ၊ နိုင်ငံတကာဆက်ဆံရေးအမြင် များအရ အခြားသောစကားများကိုမပြောစေကာမူ ယခုဖြစ်နေသောရခိုင်အရေးသည် ခေါ်တောခေါ် ရိုဟင်ဂျာတို့၏ ကျူးကျော်မှုဖြစ်သည် ၊ မီးရှို့မှု လူသတ်မှုများဖြစ်သည် ၊ ထိုရိုဟင်ဂျာသည် သမိုင်းကြောင်းအရ မြန်မာမဟုတ် ဟူသော စကားများကိုမူ ပြောသင့်သည် အခိုင်အမာဆိုသင့်သည် ၊ ၈၈ မျိုးဆက်ကျောင်းသားများမှလွဲ၍ တစ်ဦးတလေမျှမပြောကြ ကုလားများ မုန်းသွားမှာကြောက်နေကြသည် ၊ အစွန်းထွက်သွားမှာကြောက်နေကြသည် ၊ စကားမှာသွားမှာစိုးရိမ်နေကြသည် ၊ တိုက်ရိုက်သက်ဆိုင်နေသော ရခိုင်အမတ် ဒေါက်တာအေးမောင်သည် ပင်လျှင် လူမုန်းမခံရဲ ဖြစ်နေသည်ကိုတွေ့ရ၏ ၊ထိုသူများကို နီရိုးမျိုးဆက် နိုင်ငံရေးခေါင်းဆောင်များဟုသာဆိုရမည်ဖြစ်၏ ။

Public Speaker များ

Public Speaker ဟုခေါ်သော လူထုကိုယ်စားပြောရေးဆိုခွင့်ရှိသူများ ( ဥပမာ လူထုစိန်ဝင်း ၊ ဇာဂနာ ) ၊ စာပေဟောပြောပွဲများတွင် အစိုးရကိုမထိတထိအပြောများဖြင့် လူထုလက်ခုပ်ကို ယူခဲ့သူများသည် ၊ ယခုအခါ ကုလားများကို ထိုမထိတထိအပြောများဖြင့် ဘယ်လိုများပြောလေမလည်း ၊ ပြည်သူ့ဘက်က ဘယ်လိုများပါလာလေမလည်း စောင့်မျှော်ကြည့်၏ ရက်အတော်ကြာသည်အထိဘာသံမျှထွက်မလာခဲ့ ၊ ပွဲပြီးမှ အစိုးရက ဟိုနေရာလိုတယ် ဒီနေရာလိုတယ်ဆိုပြီး လူတတ်ကြီးလုပ်ပြီးထွက်လာကြဦးမည်ဖြစ်၏ ၊ Public Speaker များသည် Public silencer များဖြစ်ကုန်၏ ၊ ထိုသူများကိုလည်း နီရိုးမျိုးဆက် Public Speaker များဟု ခေါ်ရမည်သာဖြစ်၏ ။

ကာတွန်းဆရာများ

ကာတွန်း၏အားသည် အလွန်အင်အားကြီးမားလှသည်ကို လူတိုင်းသိပါ၏ ၊ မြန်မာ မြန်မာချင်းဖြစ်သော စစ်အစိုးရပြုတ်ကျရေး ၊ ဧရာဝတီအရေး ၊ ဖယောင်းတိုင်အရေး တို့တွင် ကာတွန်းတို့သည် မျိုးစုံထွက်၏ ၊ အချိန်မဆိုင်းထွက်၏ ၊ ထွက်သမျှကာတွန်းတို့သည်လည်း ထက်မြက်လှ၏ ၊ ခုကုလားနှင့်ဖြစ်သောအရေးတွင်မူ ကာတွန်းဆရာတို့သည် ကုလားရုပ်မဆွဲတတ်ကြတော့ ၊ အဆက်ဆက်သော အစိုးရအာဏာပိုင်များ၏အရုပ်နှင့်သာ လက်အံသေနေ၏ ၊ ထိုသူများကိုလည်း နီရိုမျိုးဆက် ကာတွန်းဆရာများဟုသာ ခေါ်ရမည်သာဖြစ်၏ ။
( မှတ်ချက် ။ ။ ထိုအထဲတွင် လူငယ်ကာတွန်းဆရာအချို့မပါ ပါ ထိုလူငယ်ကာတွန်းဆရာတို့သည် အွန်လိုင်းပေါ်တွင် အထူးပင်တက်ကြွနေ၏ ဥပမာဆိုရသော် လူငယ်ကာတွန်းဆရာ ကျော်သူရိန်လွင် ဆိုသူသည် နေ့မအိပ်ညမအိပ်ဆိုသလို အွန်လိုင်းပေါ်တွင်ထိုင်ရင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှုကို အားမလိုအားမရ ဖြစ်နေသည်ကို ကျွန်ုပ်အနေဖြင့် သိပါသည် ၊ အသိအမှတ်ပြုပါသည် ၊ ထိုသူများကိုမဆိုလိုပါ ၊ အိုကြီးအိုမများကိုဆိုလိုပါသည် ၊ ထိုသို့ဆိုလိုသည်မှာလည်းထိုဆရာတို့ကိုမုန်း၍မဟုတ် ကုလားတွေကိုဆော်စေချင်၍ ဖြစ်ပါသည်။ )

ပညာရှင်များ

ပညာရှင်များဆိုသည်မှာ အထူးသဖြင့် သမိုင်းပညာရှင်များ ၊ နိုင်ငံတကာအရေးကိုကျွမ်းကျင်သောပညာရှင်များ ၊ သံရေးတမန်ရေး အတွေ့အကြုံရှိသူများကို ဆိုလိုပါသည် ၊ ထိုသူတို့သည် ၊ ယခုအချိန်တွင် ရိုဟင်ဂျာသည် မြန်မာနိုင်ငံသားမဟုတ်ကြောင်း သမိုင်းအထောက်အထားများ ဖြင့် ကမ္ဘာသိအောင် လုပ်သင့်သောအချိန်ဖြစ်ပါသည် ၊ အနည်းဆုံး ထိုရိုဟင်ဂျာ တို့သည် မြန်မာနိုင်ငံသားမဟုတ်ကြောင်း ယခင်ရေးသားချက်များကို ပြန်လည်ကောက်နှုတ်ကာ Highlight လုပ်သင့်လှပါသည် ၊ မည်သူတစ်ဦးတစ်လေမျှထိုသို့ဆောင်ရွက်သည်ကိုမတွေ့ပါ ၊ ထိုပညာရှင်တို့ကိုလည်း နီရိုး မျိုးဆက် ပညာရှင်များဟုသာ အားနာနာနှင့်ကင်ပွန်းတပ်ရမည်သာ ဖြစ်ပါသည် ။

ဤဆောင်းပါးပါ ရေးသားချက်များသည် အထက်တွင်ဆိုခဲ့သော နိုင်ငံရေးခေါင်းဆောင်များ ၊ Public Speaker များ ၊ ကာတွန်းဆရာများ ၊ ပညာရှင်များကို နစ်နစ် နာနာ ပြောလို၍မဟုတ်ပါ ၊ အပြစ်တင်နေခြင်းလည်းမဟုတ်ပါ ၊ မလေးစား၍လည်းမဟုတ်ပါ ၊ ထိုသူတို့၏အစွမ်းကို မယုံကြည်၍လည်းမဟုတ်ပါ ၊ ဆရာတို့၏ အားကိုတောင့်တနေသော ၊ အားမလိုအားမရ ဖြစ်နေသော ၊ ဆရာတို့ကို အားကိုးသော ပြည်သူတစ်ယောက်၏ တောင့်တမှုသာ ဖြစ်ပါသည် ။


ဒေါက်တာဆိတ်ဖွား

ဘကြီးသက်
Unknown at 12:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.