Monday, June 11, 2012

“သို့ ... မြန်မာအမျိုးသမီးများ” (စိမ်းခက်စိုး)




၂၀၁၂ ဇန်နဝါရီလကနေ မေလအထိ ထူးခြားထင်ရှားတဲ့ ပြစ်မှု ၃ ခုပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီပြစ် မှုတွေကတော့ ...
(၁) လှည်းတန်းမှာဖြစ်ပွားခဲ့တဲ့ ဆရာဝန်မလေးတစ်ဦးကို မီးရှို့သတ်မှု
(၂) မြို့ထဲ ၇ လမ်းမှာ ၁၀တန်းကျောင်းသူ ညီမငယ်လေးတစ်ဦးကို ပစ္စည်းယူပြီး လူသတ်မှု

(၃) ရခိုင်ပြည်နယ် ကျောက်နီမှော်က ရခိုင်တိုင်းရင်းသူ ညီမငယ်လေး တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ မှုတွေပဲဖြစ်ပါတယ်။
(၁)ရဲ့ အမှုအခင်းအသွားအလာအရ ချစ်သူချင်း အခန့်မသင့်လို့ ဖြစ်ရာကနေ စိတ်လွန်ကိုယ်လွန် ဖြစ်သွားရတဲ့ ဖြစ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်ကတော့ ၂ ဘက်မိဘတွေနဲ့ ကာယကံရှင် နှစ်ဦးလုံး နစ်နာရမှုဖြစ်ပြီး မှုခင်းအမှတ်(၂) ကလည်း မှုခင်း (၁)နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ၂ ဦးနှစ်ဘက် နစ်နာကြရပါတယ်။
မှုခင်း အမှတ် (၃)ကတော့ အားလုံးသိကြတဲ့အတိုင်း ရခိုင်တိုင်းရင်းသူညီမငယ်တစ်ဦးကို မြန့်မာမြေ မှာလာရောက်ခိုလှုံနေရတဲ့ နိုင်ငံမဲ့ ဘင်္ဂါလီလူမျိုးတစ်ဦးက မုဒိန်းကျင့်ပြီး ခေါင်းဖြတ်သတ်ခဲ့တဲ့အ တွက် နောက်ဆက်တွဲအကျိုးဆက်ကတော့ ယခုအချိန်အထိ လူပေါင်းများစွာ သေကျေထိခိုက်ခံရတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာပြီး ရခိုင်ပြည်နယ်၏ မြို့ကြီးများမှာ လုံခြုံရေးအရ ညမထွက်ရ အမိန့်များ ထုတ်ပြန်ရသည်အထိ ကြီးထွားလာခဲ့ပါတယ်။
  
ကျွန်တော် သုံးသပ်မိတာက မြန်မာနိုင်ငံများ အစိုးရတရားဝင်းတည်ထောင်ထောက်ခံထားတဲ့ အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များအပြင် အမျိုးသမီးများကာကွယ်စောင့် လျောက်ရေးကို အထူးပြုထားတဲ့ NGO တွေများစွာရှိနေသလို၊ အမျိုးသမီးများနဲ့ဆိုင်တဲ့ အခါကြီးရက် ကြီးများမှာ အမျိုးသမီးအခွင့်အရေးအကြောင်းတွေ ထောင်းလမောင်းထအောင်ပြောတတ်၊ ရေးတတ် ကြပေမယ့် ဒီလိုဖြစ်ရပ်မျိုးတွေမှာ ထိုအဖွဲ့အစည်းများထံမှ ဘာသံမှထွက်မလာတာဟာ ထူးခြားတယ် လို့ ထင်ပါတယ်။
ဒါတောင် လူသိများထင်ရှားတဲ့ အမှုအခင်း ၃ ခုကိုဘဲ ထုတ်နှုတ်ပြခြင်းပါ။ ဂျပန်ပါးရိုက်တာ ခံလိုက်ရ တဲ့ ဟော်တယ်ဝန်ထမ်းညီမငယ်တစ်ဦး၊ လုပ်ငန်းရှင်တရုတ်က ဖယ်ရီကားပေါ်ကနေ မဆင်းလို့ ပါးရိုက်ဆွဲချခံလိုက်ရတဲ့ လှိုင်သာယာစက်မှုဇုံ ကညီမငယ် ၄ ဦးရဲ့အဖြစ်တွေ လည်းရှိခဲ့ သေးသလို ရှေ့နေကတော်က နှိပ်စက်ခံရတဲ့ သမီးအရွယ်ညီမငယ်လေးတစ်ဦးရဲ့ မှုခင်းလည်းရှိပါသေးတယ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီကိုကူးပြောင်းစပြုလာတဲ့အတွက် စီးပွားရေးကို မဖြစ်မနေဖွင့်ချဖို့ဆိုင်း ပြင်း နေတဲ့ဒီလိုကာလတွေမှာ ဒီလိုအမှုအခင်း တွေဖြစ်လာတာမျိုးကို အမျိုးသမီးအရေးလှုပ်ရှားသူ များနဲ့ နိုင်ငံတော်နဲ့ချီတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဟာ ရေငုံနှုတ်ပိတ်နေမယ်၊ အကျိုး ဆက်တွေ၊ နောက်နောင်အတွက် ကျိုတင်ပြင်ဆင်မှုတွေ၊ ကာကွယ်ရေးနည်းလမ်းတွေကို ပိုမိုထင်ရှားတက် ကြွစွာ မပြုလုပ်လာဘဲ ငြိမ်နေမယ် ဆိုရင် နောင်မှာ လူမြင်ကွင်းမှာတင် မြန်မာအမျိုးသမီးလေးများ ကို တိုင်းပြည်အမျိုးမျိုးက လူတန်းစားအမျိုးမျိုးက စော်ကားနှိပ်စက် မတော်မ တရား ပြုကျင့်နေတာကို မြင်တွေ့ကြားသိလာရတဲ့ အခြေအနေမျိုးအထိ ဆိုးမလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။
ခါကြီးရက်ကြီးတွေမှာမှ ဆောင်းပါးနဲ့၊ ဆိုင်းဘုတ်တင်အခန်းအနားနဲ့ လူလုံးထွက်ပြဖို့မကျိုးစားကြပါနဲ့ ဒီအချိန်ဟာ မြန်မာအမျိုးသမီးထု တစ်ရပ်လုံးအတွက် ဖြစ်ရပ်တွေကို နမူနာယူပြီး ကျိုတင်ကာကွယ် စရာရှိသည်များကို ပြင်ဆင်ဆောင်ရွက်ဖို့ တိုက်တွန်းလှုပ်ရှား သင့်တဲ့အ ချိန်ဖြစ်ပါတယ်။ ရပ်ကျေးမှ သည် လွှတ်တော်အထိ တက်တက်ကြွကြွလုပ်သင့်ကြပါတယ်။
  
ဆန္ဒပြတာ၊ ပြန်ချတာ၊ ကလဲ့စားချေတာမှသည် တစ်ယောက်မကျန်မောင်းထုတ်ပြစ်လိုက်နိုင်တာ (နိုင်ခဲ့သည်ရှိသော်)ဟာ လက်ရှိအခြေအနေအရ ကောင်းသလိုရှိသော်လည်း ကျွန်တော်တို့ မြန်မာ နိုင်ငံသူ အမျိုးသမီးများအတွက် သေခြာတိကျတဲ့ ကာကွယ်မှုတွေကို ထည့်သွင်းမစဉ်းစား၊ အကောင် အထည်မဖော်နိုင်ကြဘူးဆိုရင် နောင်ကာလတွေမှာလည်း အလားတူဖြစ်ရပ်တွေဟာ ဆက်လက်ပြီး ဖြစ်ပေါ်လာနေဦးမယ်လို့ မြင်မိပါတယ်။
အဲလိုဖြစ်ရပ်တွေဖြစ်လာတိုင်း သတ်ကြ ဖြတ်ကြ ကလဲ့စားချေကြရတဲ့အဖြစ်တွေဟာ ဒီမိုကရေစီ ခေတ်ကြီးမှာ လှလှပပကြီး ဖြစ်ပေါ်လာနေ ဦးမယ်လို့ အားလုံးကိုသတိပေးပါရစေဗျာ။
  
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
(တနင်္လာနေ့) ဇွန်လ ၁၁၊ ၂၀၁၂
သူငယ်ချင်းကြီး ဇင်ဇင်မိုးမွေးနေ့အထိန်းအမှတ်.....

ဘကြီးသက်
Unknown at 10:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.