Monday, June 11, 2012

မိဒွေး ရောင်းစားလိုက်သည့် ရန်ကုန်က ကျောင်းသူ မြန်မာသံရုံးသို့ ထွက်ပြေးလာ



မြတ်ညို (အလွတ်သတင်းထောက်)
လူကုန်ကူးခံခဲ့ရပြီး ဘန်ကောက်မြို့ တွင် အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေရာမှ ထွက်ပြေးလွတ်မြောက်လာသည့်ရန
်ကုန်မှ အသက် ၁၈ နှစ်အရွယ်ဆယ်တန်းကျောင်းသူတစ်ဦး အား
မြန်မာသံရုံးနှင့် BAT တို့ ယနေ့ညနေတွင် ပူးပေါင်း ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
မိထွေး နှင့် ဖခင်တို့ ပို့ဆောင်လိုက်သည့် ရန်ကုန်မြို့ လသာမြို့နယ် - - - - - - မှ ကျောင်းသူ မ----- ဆိုသူမှာ ဘန်ကောက်ြ မို့အနီး မြန်မာမွတ်ဆလင် အမျိုးသား တစ်ဦး တစ်ဦး နေအိမ်တွင် အိမ်ဖေါ် အလုပ်လုပ်ကိုင်နေရာမှ မြန်မာသံရုံးသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မ-----က “ သမီး မိဒွေး က ဒီက ဦးဆန်နီ ဆိုတဲ့ သူနဲ့  ဖုန်းပြောခိုင်းတယ်။ သမီးကို သူ့စတိုးဆိုင်မှာ ကွန်ပျူ တာ စါရင်းအင်းတွေ ကိုင်ပြီးလုပ်ရမယ်ဆိုလို့ သမီးလာခဲ့တာပါ။ ဒီရောက်တော့ အိမ်အလုပ်လုပ်ခိုင်းတယ်။
သမီးကို ရန်ကုန်ပြန်ပို့ဆိုတော့ တုတ်နဲ့ ရိုက်တယ်။ လက်မှာ ခုထိ ဒဏ်ရာဟောင်းတွေ ကျန်နေခဲ့တယ်။
သမီးကိုဘယ်မှ သွားခွင့်မပြုဘူး၊ ထွက်ပြေးရင် သတ်ပစ်မယ်လို့ပြောတယ်” ဟုပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ပြီး ၈ ရက်နေ့တွင် ကန်ချနဘူင်္ရီ သို့ရောက်
ရှိခဲ့သည်။ လမ်းမတော်မြို့နယ်မှ ဒေါ်နိုင်နိုင်မာ ဆိုသည့် အမျိုးသမီးကြီး တစ်ဦးကရန်ကုန်မြို့တွင်ခေါ် ဆောင်စဉ်က စတိုးဆိုင်တွင်ကွန်ပျူတာစါရင်ကိုင်အလုပ် လုပ်ရမည်ဖြစ်ပြီး တစ်လလျှင် (၃)သိန်းကျော် ရမည်ပြောဆိုခဲ့သဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘုရားသုံးဆူတွင် ဦးဆိုနီ ဆိုသည့် မြန်မာမွတ်ဆလင် သူဌေးတစ်ယောက်က ကန်ချနဘူရီသို့ ခေါ်ဆောင်သွားပြီး လူသူမနီးသည့် နေအိမ်တစ်လုံး တွင်ညှင်းပန်း နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။
ဦးဆိုနီ က အင်တာနက် သုံးတတ်သလားဟု မေးမြန်းခဲ့စဉ် မ- - -က မသုံးတတ်ကြောင်း ဖြေကြားခဲ့
သဖြင့် အင်တာနက်လိုင်းအား မဖြတ်တောက်ပဲ ထားရှိသည်။ အိမ်ရှင်အလစ်တွင် မ- - - က အင်တာ
နက်သုံးပြီး ရန်ကုန်မှ အဒေါ်ထံသို့ ဆက်သွယ်ပြီး မြန်မာသံရုံးလိပ်စာအား ရရှိခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၆ ရက်နေ့ နံနက်တွင် မြန်မာသံရုံးသို့တစ်နာရီ ကျော် မောင်းနှင်ရသည့် နေရာမှ လာခဲ့သည်။ ထွက်ခွာလာ သည့်နေရာကို သူမ မမှတ်မိပါ။ နံနက် ၁၀ နာရီကျော်တွင် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ သံမှူး ဦးနိုင်ထွန်း က အငှါးကား တက္ကစီ ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များအသင်း BAT ရုံးသို့ စရိတ်စက နှင့် ထောက်ခံစာများ ရေးသားပို့ဆောင်ပေးခဲ့ပါသည်။
BAT ကလည်း မ- - -၏ ရန်ကုန်ုမှ အဒေါ်ထံသို့ ဆက်သွယ်ခြင်း၊ ဘန်ကောက်နှင့် မြန်မာ UNIAP (ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့) တို့သို့ ဆက်သွယ်ပြီးမိသားစုများထံသို့ ချောမွေ့ စွာရောက် ရှိ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသည့် မ- - - မြ၀တီ/မဲဆောက် နယ်စပ်သို့ ရောက်သည့်အခါ နယ်ခြားစောင့် (DABA ကိုးသုံးလုံးဂိတ်)တွင် ရွေးထုတ်ရခြင်းမျိုး မရှိစေရုံသာမက ရန်ကုန်သို့ လုံခြုံစွာရောက်ရှိစေရေးအတွက် စီစဉ်ထားကြောင်း ကူညီသည့်အဖွဲ့များကပြောသည်။
သစ်ထူးလွင်
ဘကြီးသက်
Unknown at 2:30 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.