Friday, June 8, 2012

မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ




ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။

ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ၏ နေအိမ် သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့်ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖေါ်လိုသူ တပ်အရာရှိ တဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။

ပစ်ခတ်မှုကြောင့်ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။

လူမျိုးရေး အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာ မောင်တောမြို့ရှိ ဆရာဝန်ဖြစ်သူ ဒေါက်တာဦးခင်မောင်လတ် နှင့် ဇနီးဖြစ်သူအား ဘင်္ဂါလီလူမျိုး အိမ်ဖေါ်ဖြစ်သူက ဓါးနှင့် ထိုးသဖြင့် ဇနီးဒေါ် သန်းသန်းရင်မှာ သေဆုံးသွားပြီး ဒေါက်တာ ဦးခင်မောင်လတ်အား ဆေးရုံသို့တင်ပို့ထားရသည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။ ။
Yangon Press International
သစ်ထူးလွင်

ဘကြီးသက်
Unknown at 6:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးပါတီများကအထင်ကရပုဂ္ဂိုလ်ကြီးများဘယ်လိုပြောကြအုံးမှာလဲ


http://mgthetnaing.blogspot.com/2012/06/blog-post_1217.html ဖတ်ကြည့်ပြီးရင်
တရားဥပဒေ စိုးမိုးရေး အတွက်ဆိုပြီး စာတမ်းကိုင်ပြီး ဆန္ဒပြခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်များ ဒီတစ်ကြိမ်မှာလည်း အဲဒီ စာတမ်းများကိုင်ပြီး တောင်းဆိုပေးကြပါဦး။
၈၈ မျိုးဆက်ကျောင်းသားများ (အထူးသဖြင့်) ကိုမြအေးတစ်ယောက် ဘယ်လိုတွေများ ပြောဦးမလဲ။
လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အော်ဟစ်နေခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်များနဲ့ မီးလောင်ရာ လေပင့်လုပ်နေကြသော ပြည်ပရောက် ဗမာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များရော ဘယ်လိုတွေများ အော်ကြဟစ်ကြဦးမလဲ။
အန်တီ အောင်ဆန်းစုကြည်ကရော လူနည်းစုကို လူများစုက သနားကရုဏာထားဖို့ ထပ်ပြီး ပြောဦးမှာလား။
အခုလို အုပ်စုဖွဲ့ပြီး မီးရှို့စော်ကားလာတဲ့ တစ်ဖက်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာပြီး နိုင်ငံသားမှတ်ပုံတင်ကို ဝယ်ယူထားတဲ့ ဘင်္ဂါလီကုလားတွေကို မေတ္တာတရားထားပြီး ရေပူရေအေး ကမ်းလှမ်းခိုင်းဦးမှာလား ခင်ဗျ။
ဦးမြအေးရဲ့ သမီးတော် လန်ဒန်ရောက် မဝေနှင်းပွင့်သုန်က ရိုဟင်ဂျာ မြန်မာလူမျိုးဖြစ်ရေးအတွက် အပြင်းအထန်ကို တိုက်ပွဲဝင်ပေးထားပါတယ်။ ဦးမြအေးရဲ့ ရိုဟင်ဂျာအရေး ပြတ်သားတဲ့ရပ်တည်ချက်ကိုတော့ သိချင်ပါရဲ့။
ဘကြီးသက်
Unknown at 3:38 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေ

မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊ အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ရန် လိုအပ်နေ

မောင်တောမြို့တော်ခန်းမ အနီရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
ညနေ ၃ နာရီ ၅၀ မိနစ်
ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဘိုမင်းရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။

ညနေ ၄ နာရီ ၁၅  မိနစ်
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ  ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

ညနေ ၄ နာရီ ၄၀  မိနစ်
"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူပေ
းပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန်မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေးလူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ကိစ္စမို့လို့ ဘယ်လိုမှလက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသားအချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီးရှိလာတယ်။ အဲလိုရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီးလိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့လိုပြီလို့ ကျွန်တော်ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာမဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာ ပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ၀င်လာတဲ့သူတွေကိုကာကွယ် တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။

ညနေ ၄ နာရီ ၅၀ မိနစ်
မာင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။


နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။


ဘကြီးသက်
Unknown at 3:06 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ နံနက် သင်္ဃန်းကျွန်းစံပြဈေးအနီး ကားတိုက်မှု သေဆုံးဒါဏ်ရာရသူများရှိ

ဓါတ်ပုံ - သန်းထွန်း( tgkn)
Myanmar News Now
ယနေ့ ၈.၆.၂၀၁၂ နေ့နံနက် ၁၀းခန့်တွင်သင်္ဃန်းကျွန်းစံပြဈေးအနီးရှိ ငမိုးရိပ်ရပ်ကွက် ရှိ မျိုးမြန်မာဘီယာဆိုင် ရှေ့တင် ယာဉ်တိုင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
          ဖြစ်စဉ်မှာ တောင်ဒဂုံဘက်မှ လာသည့်  ၆၂ ယာဉ်လိုင်း မှ ကားသည် ရုတ်တရက် ဘရိုတ်ပေါက်ကာ ရှေ့တွင်မောင်းနှင်နေသည့် ၇၃ ယာဉ်လိုင်း (ဒိုင်နာကား) ကားအား နောက်မှနေဝင်တိုင်ခဲ့သည်။
          ယင်းသို့ပြင်ထန်သည့်အရှိန်ဖြင့်တိုက်မိခဲ့သဖြင့် ၆၃ ယာဉ်လိုင်း (ဒိုင်နာ) ပေါ်တွင်လိုင်ပါသည့်ယာဉ်
နောက်လိုက် (စပါယ်ယာ)မှာ ၄င်းကား၏ နောက်မှ ဘေးတန်းတွင်ရှိနေသည့်အတွက် နောက်မှဝင်တိုက်ခဲ့သည့် ၆၂ ကား၏ အရှိန်ပြင်းစွာဖြင့် တိုက်ခဲ့ခြင်းကြောင့် ကြားမှညပ်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်၊ ၆၃ (ဒိုင်နာ) ကားပေါ်မှ ခရီးသည်တစ်ဦးသည်လဲ ထိုကဲ့သို့ ကားနှစ်စီးကြားညပ်မိသောကြောင့် ခြေတောက်နှစ်
ချောင်းစလုံး ကျိုးသွားခဲ့သည်။
              အဆိုပါယာဉ်တိုက်မှုအား မီးသတ်ဌာနနှင့် ယာဉ်းထိန်းရဲများမှ ချက်ခြင်းပင် သေသူနှင့် ဒဏ်ရာရသူ
များအား ဆေးရုံသို့ ပို့ဆောင်ပေးပြီး လမ်းပေါ်တွင် ကျန်ရှိနေသည့် ကားမှန်ကွဲစများ သွေးစသွေးန များအား
မီးသတ်ပိုက်နှင့် ထိုးဆေးပေးခဲ့သည်
            အမှတ်၆၂ ယာဉ်လိုင်းမှ ကားသည်ပြည်ထောင်စုဂုံးကျော်တံတားမှ ဆင်းလာပြီး ဘရိတ်ပေါက်သိရှိ
ကာကားပေါ်ပါလာသည့် စပါယ်ယာမှ ဘရိတ်ပေါက်နေပါတယ် ရှောင်ပေးကြပါဟု အကြိမ်ကြိမ်အော်ခဲ့သည်
အခင်းဖြစ်ပွားရာနေရာသည် ညနေပိုင်းတွင် လမ်းဘေးဈေးသည်များဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်သည့်အချိန်သည် သိပ်ပြီးမစည်ကားသေးခြင်းကြောင့် လမ်းဘေးမှ လူများဈေးသည်များအား
ထိခိုက်မှုမရှိခဲ့ဘဲ ၆၃ ယာဉ်(ဒိုင်နာ) ပေါ်ပါခရီးသည်တစ်ဦးခြေတောက်ကျိုးသည့်ဒဏ်ရာနှင့် စပါယ်ယာမှာသေး
ဆုံးခဲ့သည့် အနေအထားသာရှိခဲ့သည်။
           အခင်းဖြစ်ပွားခဲ့ပြီးသည်နှင့် ၆၂ ယာဉ်လိုင်းမှကားဒရိုင်ဘာ( ယာဉ်မောင်း) နှင့် ယာဉ်နောက်လိုက်
(စပါယ်ယာ)တို့ မှာတိမ်းရှောင်သွားခဲ့သည် ထိုသို့တိမ်းရှောင်ခြင်းအပေါ် အခြားစပါယ်ယာတစ်ဦးမှ “ ထွက်ပြေး
သွားတာမဟုတ်ဘူး တိမ်းရှောင်သွားတာ ဒီလိုမှ မဟုတ်ရင် မြန်မာလူမျိုးတို့ရဲ့ ထုံးစံသိတယ်မှတ်လား ဆွမ်းကြီး
ဝိုင်းလောင်းကြလိမ့်မယ်”ဟု ပြောကြားပါသည်။                                                

By သန်းထွန်း( tgkn)





 သစ်ထူးလွင်
ဘကြီးသက်
Unknown at 12:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

>>> ဇွန်လ (၈) ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>

 
ယနေ့ ဇွန်လ (၈) ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ (၈၄၁)ကျပ်သတ်မှတ်ကြောင်း
သိရသည်။

ထို့အပြင် Cross Exchange Rate အရ တစ်ယူရိုကို (၁၀၅၃.၅) ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာကို (၆၅၆.၅၇) ကျပ်၊ စတာလင်ပေါင် တစ်ပေါင်ကို (၁၃၀၂.၈) ကျပ်၊ တရုတ်ယွမ် တစ်ယွမ်ကို (၁၃၂.၀၅) ကျပ်၊ အိနိ္ဒယရူပီး တစ်ရူပီးကို (၁၅.၃၀၆) ကျပ်၊ မလေးရှားရင်းဂစ် တစ်ရင်းဂစ်ကို (၂၆၄.၅၅) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်ကို (၂၆.၄၃၈) ကျပ်နှင့် ဂျပန်ယန်း တစ်ရာကို (၁၀၅၉.၀) ကျပ် သတ်မှတ်သည်။

ဘကြီးသက်
Unknown at 12:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျပ်တစ်သောင်းတန်ကို အကြောင်းပြု၍


၁။ ငါးထောင်ကျပ်တန် မထွက်မီနှင့် ထွက်ပြီးချိန်ကလည်း ဈေးနှုန်းများ တက်မည်၊ ငွေဖောင်း
    ပွမှု မြင့်မားမည်ဟု တွက်ဆခဲ့ကြသော်လည်း မဖြစ်ခဲ့ပါ။ ငါးထောင်တန်သည် ပြည်သူလူထု
    အထူးသဖြင့် အခြေခံလူတန်းစားအတွင်းသို့ ပျံ့နှံ့ရောက်ရှိမှု နည်းပါးသဖြင့် အချိန်တန်
    ကြာသည်အထိ ငါးထောင်ကျပ်တန်ကို မမြင်ဖူးသူများ ရှိခဲ့သကဲ့သို့ ငါးထောင်တန်ကို
    မိတ္တူကူးပြီး လိမ်လည်သူများ ရှိခဲ့ပါသည်။
၂။ တစ်သောင်းကျပ်တန် ထွက်သည်ကို အကြောင်းပြု၍ အထွေထွေ ဈေးနှုန်းများ တက်မည်၊
    ငွေဖောင်းပွမှု မြင့်မားလာမည်ဟု မျှော်လင့်ကြပါဦီးမည်။ ဈေးကစားမှုများလည်း အတန်အသင့်
    ရှိနိုင်ပါသည်။
၃။ လက်ရှိအခြေအနေတွင် အထွေထွေကုန်ပစ္စည်းဈေးနှုန်း တက်သည့်နှုန်း (ငွေဖောင်းပွမှု
    နှုန်းသည် ဆယ်ဂဏန်းအောက်တွင်သာရှိပြီး မော်တော်ကားကဲ့သို့သော ပိုင်ဆိုင်မှုများ၏
    ဈေးနှုန်းများ၊ ဆန်စပါးကဲ့သို့သော လယ်ယာထွက်ကုန်ဈေးနှုန်းများ ကျဆင်းနေချိန် ဖြစ်ပါ
    သည်။ ဤအခြေအနေတွင် အထွေထွေကုန်ဈေးနှုန်း (ငွေဖောင်းပွနှုန်း) သိသိသာသာ
    တက်ရန် အလားအလာ နည်းပါသည်။
၎။ တစ်သောင်းတန်သည် သာမန်ပြည်သူလူထု လက်တွင်းသို့ ပျံ့နှံ့ရန် ငါးထောင်တန်ထက်
    ပိုကြာဦီးမည်ဟု တွက်ဆပါသည်။
၅။ လုပ်ငန်း ကြီးကြီးမားမား လုပ်သူများအတွက် တစ်သောင်းတန်ကြောင့် ငွေသယ်ယူရာတွင်
    ပိုအဆင်ပြေသွားသော်လည်း ရေရှည်တွင် အခြေခံငွေအပေးအယူလုပ်သည့် စနစ်အစား ချက်
    လက်မှတ် အခြေခံ၍ ဘဏ်အသုံးပြုမှု တွင်ကျယ်တိုးတက်ရန် လိုအပ်ပါသည်။
    ခင်မောင်ညို (ဘောဂဗေဒ)
    ၇.၆.၂၀၁၂
    ည (၇.၀၀) နာရီ
ဘကြီးသက်
Unknown at 10:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇွန် ၁ ရက်မှ စပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံအား ရန်ကုန် လေဆိပ်တွင် ဆိုက်ရောက်ဗီဇာသုံးမျိုး ထုတ်ပေးမည်




ဇွန် ၁ ရက်မှစတင်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ဧည့်သည်များအတွက် လုပ်ငန်း၊ ပြည်ဝင်ခွင့်နှင့် ဖြတ်သန်းဗီဇာ သုံးမျိုးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခုတည်းတွင် ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မေလ ၂၈ ရက်နေ့ က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။
"ဇွန်လ ၁ ရက်နေ့ကနေစပြီး လုပ်ငန်း၊ ပြည်ဝင်ခွင့်နဲ့ ဖြတ်သန်းဆိုက်ရောက် ဗီဇာတွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခုတည်းမှာပဲ စထုတ်ပေး မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မန္တလေးနဲ့ နေပြည်တော်လေဆိပ်တွေမှာ တိုးချဲ့ထုတ်ပေးဖို့ ရှိပါတယ်။ လောလော ဆယ် ခရီးသွားဧည့်သည်တွေကိုတော့ ထုတ်ပေးဖို့ မရှိသေးပါဘူး" ဟု ဦးမောင်မောင်သန်းက ပြောသည်။
ယခုခွင့်ပြုပေးမည့် အဓိက ဆိုက် ရောက်ဗီဇာအမျိုးအစားမှာ လုပ်ငန်း ဗီဇာနှင့် ပြည်ဝင်ခွင့်ဗီဇာ နှစ်မျိုးသာဖြစ် ပြီး ဖြတ်သန်းဗီဇာ ကိုလည်း ထည့်သွင်း ထားခြင်းဖြစ်သည်။
"အခု ဒီဗီဇာအမျိုးအစားတွေပဲ ထုတ် ပေးရတာကလည်း ကျွန်တော်တို့ရဲ့ လေဆိပ်က နိုင်ငံတကာ မြို့ပြလေကြောင်း လုံခြုံရေး အဖွဲ့ရဲ့ သတ်မှတ်ထား တဲ့ စံနှုန်းအတိုင်း လိုက်နာဆောင်ရွက် ရတာ ဖြစ်ပါတယ်။ အားလုံးကို ချက်ချင်း ထုတ်ပေးလိုက်ရင် ဒီမှာခရီးသည်တွေက ဗီဇာမယူဘဲ စုပုံရောက်လာမယ်ဆို လေဆိပ်ရောက်မှ စစ်ဆေးရတာဖြစ်တဲ့ အတွက် ပိုပြီးကြန့်ကြာနိုင်တယ်။ တကယ်လို့ ရောက်လာတဲ့ခရီးသည်က ပြည်ဝင်ခွင့်ပေးလို့မရတဲ့ ကန့်သတ်ထား သူဆို သူစီးလာတဲ့လေယာဉ်နဲ့ ပြန်ပို့ဖို့ က နောက် ကျလို့လည်း မဖြစ်ပါဘူး။ အခု ဆို လေဆိပ်မှာ တစ်နေ့ကို နိုင်ငံခြားသား ခရီးသည် ၁,၅၀၀ လောက် ၀င်ပါတယ်။ လက်ရှိ လေဆိပ် အခြေအနေအရ အကုန်လုံးကိုသာ ဆိုက်ရောက်ဗီဇာယူ မယ်ဆို လေဆိပ်မှာ ခရီးသည်တွေ တန်းစီ တာများသွားမှာကိုလည်း ကျွန်တော်တို့ သတိထားပါတယ်။ ဒါကြောင့် နောင်မှာ လည်း အွန်လိုင်းကနေ အီး-ဗီဇာ လျှောက် ထားဖို့လည်း ဆက်ပြီးစီစဉ် နေပါတယ်။ အွန်လိုင်းကနေလုပ်ပေးလို့ အဆင်ပြေပြီ ဆို နောက်ပိုင်း အကုန်လုံးကို ဆက်ပြီး ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
လုပ်ငန်းဆိုက်ရောက်ဗီဇာမှာ အမေ ရိကန်ဒေါ်လာ ၅၀ ဖြစ်ပြီး ရက်ပေါင်း ၇၀ နေထိုင်ခွင့်ရမည်ဖြစ်ကာ ပြည်ဝင်ခွင့် ဗီဇာမှာ အမေရိကန်ဒေါ်လာ ၄၀ နှင့် နေထိုင်ခွင့် ၂၈ ရက်သာ ရမည်ဖြစ်သည်။
ထို့ပြင် ဖြတ်သန်းဆိုက်ရောက်ဗီဇာအား အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံကာ မြို့တွင်း၂၄ နာရီ အထိသာ လည်ပတ်ခွင့် ပြုမည်ဖြစ်သည်။
ခွင့်ပြုမည့်နိုင်ငံများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်အပြင် ဩစတြေးလျ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက် ကိုးရီးယား၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင် သည်။
ပြည်ဝင်ခွင့် ဆိုက်ရောက်ဗီဇာဖြင့် အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနားတက်ရောက် မည့်သူများ ဖြစ်ပါက သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဖိတ်ကြားစာ ပူးတွဲတင်ပြရ မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
အလားတူ အစိုးရအဖွဲ့၏ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်အားလုံးကို တိကျစွာ လိုက်နာ မည်ဖြစ်ကြောင်း ၀န်ခံ ကတိပြုရမည်ဟု ဦးမောင်မောင်သန်းက ပြောသည်။
မိဘ၏ နိုင်ငံကူးလက်မှတ်နှင့် ပူးတွဲပါ ရှိသော အသက်ခုနစ်နှစ်အောက် ကလေးများကို အခမဲ့ပြည်ဝင်ခွင့်ပြုမည် ဖြစ်ကာ သီးခြား နိုင်ငံကူးလက်မှတ်ကိုင် ဆောင်ထားသည့် အသက်ခုနစ်နှစ် အောက် ကလေးကိုမူ ခေါ်ဆောင်လာသူ ၏ သား၊ သို့မဟုတ် သမီး ဖြစ်ကြောင်း အထောက်အထား တင်ပြနိုင်ရမည် ဖြစ်သည်။
ထို့ပြင် ကန့်သတ်နယ်မြေများသို့ ကြိုတင်ခွင့်ပြုချက်မပါရှိဘဲ သွားရောက် ခြင်းမပြုရန် သတ်မှတ်ထားသည်။
သို့သော် ပြည်ဝင်ခွင့်မပြုကြောင်း ဆုံးဖြတ်ခံရပါက မူလလိုက်ပါလာသည့် လေကြောင်းလိုင်း အစီအစဉ်ဖြင့် ထွက်ခွာလာသည့် နိုင်ငံသို့ ပြန်လည် ထွက်ခွာရမည်ဖြစ်သည်။
ဆိုက်ရောက်ဗီဇာ လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်း ကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန၏ ၀က်ဘ်ဆိုက်ဖြစ် သော www.mip.gov.mm တွင်လည်း ကောင်း ထုတ်ယူပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနတွင် တင်ပြလျှောက်ထားနိုင် သည်။
"ကျွန်တော်တို့က ဒီစနစ်ကို စမ်းသပ် ကာလရယ်လို့ မသတ်မှတ်ထားပါဘူး။ ဒီစနစ်အပေါ်မှာ ချိန်ပြီးတော့မှ လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာတွေ၊ နည်းပညာ တွေ ထပ်ဖြည့်ပြီး နောက်ပိုင်း လက်ရှိနိုင်ငံ တွေအပြင် တခြားနိုင်ငံတွေကိုလည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ရှိပါတယ်" ဟု ဦးမောင်မောင်သန်းက ပြောသည်။
ဆိုက်ရောက်ဗီဇာစနစ် ပြောင်းလဲ ကျင့်သုံးရေးမူဝါဒကို ဧပြီလ ၃၀ ရက်နေ့ က ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ဆိုက် ရောက်ဗီဇာစနစ်ပြောင်းလဲ ကျင့်သုံးရေး ဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါအစည်းအဝေး ၏မူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက်အရ မေလ ၁ ရက် နေ့မှစတင်ပြီး ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် စတင် ထုတ်ပေး ခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနတွင် ကျင်းပပြု လုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ ဆိုက်ရောက် ဗီဇာစနစ် ပြောင်းလဲကျင့် သုံးရေးဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ အဆိုပါနှစ် မေလ ၁ ရက်နေ့မှစတင်ခါ မည်သည့်နိုင်ငံသားမဆို လျှောက်ထား နိုင်သော ဆိုက်ရောက်ဗီဇာစနစ်ကို ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် စတင်ထုတ်ပေးခဲ့ သည်။
သို့သော် လေးလအကြာ စက်တင်ဘာ လ ၁ ရက်နေ့မှစတင်၍ အဆိုပါစနစ်အား ပြန်လည်သုံးသပ်ရန်အလို့ငှာ ဆိုက် ရောက်ဗီဇာ ထုတ်ပေးသည့်စနစ်ကို ရပ်တန့်လိုက်သည်။
"အခုက စနစ်သစ်ဖြစ်ပေမယ့် နဂိုရှိပြီး သားစနစ်တွေကိုလည်း အရင်အတိုင်း ဆက်လက်ပေးသွားမှာပါ။ အခုစာရင်း မှာမပါတဲ့ နိုင်ငံတွေက ဧည့်သည်တွေ အနေနဲ့ အရင်အတိုင်း သက်ဆိုင်ရာ နိုင်ငံ ခြားတိုင်းပြည်တွေက မြန်မာသံရုံးက တစ်ဆင့် လျှောက်ထား ရယူနိုင်ပါတယ်"ဟု ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်းက ပြောသည်။
လက်ရှိ ဆိုက်ရောက်ဗီဇာစနစ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)၏ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ ဆီယမ်ရိမြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တို့မှ စီးနင်းလိုက်ပါလာ သည့် မည်သည့်နိုင်ငံသားမဆို ဆိုက် ရောက်ဗီဇာ ထုတ်ပေးနေ သေးသည်။

From : ဇော်ဝင်းသန်းနှင့် ယုယုမော်
မြန်မာတိုင်း၊ အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)

ဘကြီးသက်
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဌာနေမဲ့ပြည်သူများအား မှတ်ပုံတင်ကတ်များ စတင်ထုတ်ပေး



ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦးအား အသစ်ထုတ်ပေးပြီး မှတ်ပုံတင်ကတ်ပြားနှင့် အတူ တွေ့ရစဉ်။
ဓာတ်ပုံ - နန်းတင်ထွေး
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲနှင့် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသရှိ ဌာနေမဲ့ပြည်သူများအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် KNU တို့ ပူးပေါင်းကာ မှတ်ပုံတင် ကတ်များအား မေလ ၂၈ ရက်နေ့ က စတင်ထုတ်ပေးခဲ့သည်။
ထိုကဲ့သို့ဆောင်ရွက်ပေးမှုကို KNU ဌာနချုပ်အောက်ရှိ အမှတ်(၃) တပ်မ နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံ ကရင် လူမျိုး ၃၆ ဦးအား စတင်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
"ငြိမ်းချမ်းရေးမှာ အပစ်အခတ်ရပ်စဲရေးဟာ အဓိကကျပါတယ်။ အပစ် အခတ်ရပ်စဲမှုတွေ ခိုင်မာပြီဆိုတာနဲ့ နှစ်ပေါင်းများစွာကွဲကွာ နေတဲ့ သူတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ဟာ အရေး ကြီးဆုံးလုပ်ငန်းစဉ် ဖြစ်ပါတယ်"ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးခင်ရီက အခမ်းအနားတွင် ပြောသည်။
"နိုင်ငံသားအားလုံး နိုင်ငံသားအခွင့် အရေးအပြည့်ရရှိဖို့ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်" ဟုလည်း ၎င်းက ပြောသည်။
ယခုထုတ်ပေးသော မှတ်ပုံတင်ကတ်ပြားမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားကဲ့သို့ပင် ကိုင်ဆောင်သွားလာနိုင်ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်သော နိုင်ငံသားအခွင့်အရေးဖြစ်သော လွတ်လပ်စွာသွားလာနိုင်ခွင့်ကို အပြည့်အ၀ ရရှိစေမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။
"ဒီမှတ်ပုံတင်ကတ်ပြားကို ကိုင်ပြီး ဘယ်နေရာမဆို ရဲရဲဝံ့ဝံ့သွားလာလို့ရပါ ပြီ။ နောက်ဆုံး နိုင်ငံခြားသွားမယ်ဆိုရင် တောင် ဒါနဲ့ပတ်စ်ပို့ လျှောက်လို့ရပါတယ်"ဟု ၎င်းကပြောသည်။
"ဒါဟာ ပထမဦးဆုံးခံစားရတဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ပါ။ ငြိမ်းချမ်းရေး အတွက် လျှောက်ရမယ့် လမ်းခရီးတော် တော်များများ ကျန်ပါသေးတယ်။ ဒါပေ မယ့် အားလုံးပူးပေါင်းပြီး အဆုံးတိုင် လျှောက်သွားမှာပါ"ဟု ဦးခင်ရီက ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး ခြင်းမှာ နောက်ကြောင်းရာဇ၀င်နှင့် အိမ်ထောင်စုစာရင်းများ လိုအပ်ကာ အချိန်ကြာသည့်အတွက် ပထမဆုံး အဆင့်အနေဖြင့် မှတ်ပုံတင်ကတ်ထုတ် ပေးခြင်းဖြစ်ကြောင်းလည်း ၀န်ကြီးက ပြောသည်။
ယခုပထမခြေလှမ်းမှစတင်ခါ မြန်မာ တစ်နိုင်ငံလုံးရှိ ဌာနေမဲ့ ပြည်သူများအတွက် နော်ဝေးနိုင်ငံရှိ Norwegian People's Aid နှင့် ကချင်အဖွဲ့အစည်း ဖြစ်သော CIDKP တို့ ပူးပေါင်းဆောင် သွားမည်ဖြစ်ကာ ပထမဆုံးအဆင့်အတွက် အမေရိကန်ဒေါ်လာငါးသန်း သုံးစွဲသွားမည်ဖြစ်ကြောင်း နော်ဝေး နိုင်ငံ ခြားရေး ဒုဝန်ကြီးမစ္စတာ Torgeir Larsen က ပြောသည်။
"ဒါဟာ အလွန်အရေးကြီးတဲ့ ပထမ ခြေလှမ်းပါ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၃ နှစ်အတွင်း လွတ်လပ်စွာ သွားလာခွင့် မရခဲ့တဲ့သူတွေကို လွတ်လပ်စွာ သွားလာနိုင်ဖို့ မှတ်ပုံတင်ကတ်ထုတ်ပေးတာဖြစ်တယ်"ဟု ၎င်းကပြော သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းသည့်ခရီးစဉ်မှာ ခက်ခဲ ကြမ်းတမ်းမည်ဖြစ်သော်လည်း နော်ဝေ နိုင်ငံအစိုးရက အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဦးစောလှလှထူးကလည်း "ကျွန်တော်တို့ အတွက် သွားစရာ လမ်းနှစ်လမ်းပဲရှိပါ တယ်။ ငြိမ်းချမ်းရေးကိုလား၊ ဒါမှမဟုတ် အနိဋ္ဌာရုံကို ပြန်သွားကြမှာလား"ဟု ပြောသည်။
၎င်းက ဆက်လက်၍ ငြိမ်းချမ်းရေး ကာလအတွင်း မြန်မာနိုင်ငံအစိုးရနှင့် KNU နှစ်ဖက်စလုံးမှ သန္နိဋ္ဌာန်ချထားကြောင်းနှင့် ဌာနေမဲ့ ပြည်သူများအတွက် ပထမဦးစားပေးအနေဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောသည်။
အသက် ၄၀ အရွယ် ကရင်လူမျိုး တစ်ဦးဖြစ်သူ ဦးစောယောက မှတ်ပုံတင် ကတ် ရရှိသည့်အတွက် လွတ်လပ်စွာ သွားလာနိုင်တော့ မည်ဖြစ်ကြောင်းပြောသည်။
"အရင်ကဆိုရင် မြို့ပေါ်လည်းမတက် ရဲဘူး။ တောထဲမှာ ဒီလိုပဲ ပုန်းရှောင်ပြီး နေရတယ်။ အခုတော့ သွားချင်တာ သွားလို့ရပြီ။ ကျွန်တော်က ဗုဒ္ဓဘာသာပါ။ တခြားမြို့တွေကို ဘုရားဖူးသွားချင်တယ်"ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းမငြိမ်သက်မှုများကြောင့် နေရပ်ဒေသမှ ထွက်ပြေး တိမ်းရှောင်နေကြ ရသူများ နေရပ်သို့ပြန် လာနိုင်ရေးတွင် နိုင်ငံသားဖြစ်ခွင့် ပြန် လည်ရရှိရေးမှာ အရေးပါသည်ဟု မေလ အစောပိုင်းက မြန်မာ နိုင်ငံသို့လာရောက် ခဲ့သည့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောသည်။
"ဘယ်တိုင်းရင်းသားလူမျိုးစုပဲဖြစ်ဖြစ် နိုင်ငံသား ပြန်လည်ခံယူခွင့်ရရှိသင့်ပါတယ်။ ဒါက အလွန်အရေးကြီးပါတယ်။ ရွှေ့ပြောင်း နေထိုင်နေကြရတဲ့သူတွေ မြန်မာနိုင်ငံသား ပြန်လည်ဖြစ်ခွင့်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောကြရင် အစဦးဆုံး ဖြစ်ပါတယ်"ဟု ၎င်းက ဧပြီလ ၂၉ ရက်နေ့က ပြည်တွင်းစာနယ်ဇင်းငါးဖွဲ့ နှင့် တွေ့ဆုံရာတွင်ပြောသည်။
Myanmar Express
From : နန်းတင်ထွေး

အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)
ဘကြီးသက်
Unknown at 9:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်ဆန္ဒပြနေ


ရန်ကုန် - မန္တလေး လမ်းမကြီး ရတနာပုံ တက္ကသိုလ်လမ်းခွဲအနီး မန္တလေး စက်မှုဇုန် (၁) ဧရိယာအတွင်း တည်ရှိသော New Stone ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်၍ အဆိုပါ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

အလုပ်သမားများသည် တောင်းဆိုချက် ၆ ချက် တောင်းဆိုလျက် ရှိသည်ဟု သိရပြီး လက်ရှိအချိန်တွင် စက်ရုံဝင်းတံခါး ပိတ်ထားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။
အဆိုပါ စက်ရုံနှင့် မနီးမဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗေဒါသင်တန်းကျောင်း တည်ရှိသည်။

The Voice Weekly 
ဘကြီးသက်
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တစ်ခု




ယနေ့မျက်မှောက် မြန်မာ့နိုင်ငံရေးသည် အခြေခံဥပဒေသစ်တစ်ရပ်ကိုပြဋ္ဌာန်းပြီး အရပ်ဘက် လူ့အဖွဲ့ အစည်းကို အနည်းဆုံးသော ဥပဒေပြုလုပ်ငန်းစဉ် များဖြင့်လည်ပတ် ကာ ပြည်သူလူထုကြီး၏ အကျိုးစီးပွား အလို့ငှာ အင်အားကြီးသော နိုင်ငံရေးပါတီများက လွှတ်တော်တွင်းသို့ရောက်ရှိလာသော Political Process ခေါ် အဆင့်အလိုက် တာဝန်ခွဲဝေဆုံးဖြတ်သည့် စနစ်များဖြင့် အရှိန်အဟုန်ရနေပြီဖြစ်သည်။
ထိုသို့အရှိန်အဟုန်များဖြင့်လည်ပတ်စေခြင်းသည် အမျိုးသားနိုင်ငံရေး တွင် နိုင်ငံတော် အချုပ်အခြာ အာဏာ ၏ ခတ်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ပိုင်းခြားသုံးစွဲနိုင်ရန်၊ အပြန်အလှန်ထိန်းကျောင်းနိုင်ရန်၊ Principle of Separation of Power ကို အကောင် အထည်ဖော်နိုင်ရန်၊ ဒေသ ဆိုင်ရာအဆင့်များ အထိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့်ခွဲဝေ ကျင့်သုံး နိုင်ရန် ပထမဆုံးသော သီးခြား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ကို ဖွဲ့စည်းပြီး ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းဖြစ်သည့် ကိုယ်စားပြုလွှတ်တော်နိုင်ငံရေးမှ နိုင်ငံရေးကို တရားစီရင်ရေးနည်းလမ်းဖြင့် ဆောင်ရွက် ခြင်းကြောင့်ဖြစ်ပေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးသည် ၁၉၂၀ ခုနှစ် ၀န်းကျင်တွင် သြစတေးလျနိုင်ငံ ဥပဒေသိပ္ပံ ပညာရှင်ဟမ်ကယ်ဆန်မှ စတင်မိတ်ဆက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ ကျင့်သုံး အကောင် အထည်ဖော်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးကို သီးခြားတရားရုံးများဖြင့် ကျင့်သုံးသကဲ့သို့ အမြင့်ဆုံးတရားရုံးများသို့ တရားစီရင်ရေးအာဏာကိုအပ်နှင်းလျက် ကျင့်သုံးဆောင် ရွက်ခြင်းများလည်း ရှိပါ သည်။
မြန်မာနိုင်ငံသည် အင်္ဂလိပ်ရိုးရာဥပဒေစနစ် ကျင့်သုံးသောနိုင်ငံများအနက် တောင်အာဖရိကနိုင်ငံအပြင် ဒုတိယမြောက် သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးအဖြစ် တရားစီရင်ရေးကျင့်သုံးဆောင်ရွက်သော နိုင်ငံဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရတည်ထောင်သော နိုင်ငံပေါင်း(100)ကျော်တွင် အဆိုပါ အယူအဆ ကို လက်ခံကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအမည်ဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အမည်ဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကောင်စီအဖြစ်လည်းကောင်း ကျင့်သုံးသော နိုင်ငံပေါင်း(၇၂)နိုင်ငံရှိကြောင်း လေ့လာသိရှိရသည်။
ထို့ပြင် အင်္ဂလန်၊ အစ္စရေး၊ ကနေဒါ နှင့် နယူးဇီလန်နိုင်ငံများကဲ့သို့ ၀က်မင်စတာ လွှတ်တော်နိုင်ငံရေး ကို လက်ခံ ကျင့်သုံးလျက်ရှိသော နိုင်ငံများသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး အယူအဆသဘောတရားများကို ၄င်းတို့၏နိုင်ငံရေးတွင် လက်ခံကျင့်သုံးလာကြောင်း တွေ့ရှိရပေမည်။ အာရှတွင် သီးခြားတရားရုံးများဖြင့် မြန်မာနိုင်ငံအပါအ၀င် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ တို့တွင်လည်း အထင်ကရ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ပါ ပုဒ်မ ၃၂၃၊ ၃၂၄ တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံဥပဒေအခြေခံ ဆိုင်ရာ နိုင်ငံရေးဆုံးဖြတ်ချက်သည် အပြီးသတ် အတည်ဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး သည် အမြင့်ဆုံးသော နိုင်ငံတော် အဖွဲ့အစည်း ဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။မွန်ဂိုလီးယားနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး ကဆုံးဖြတ်ပေးခဲ့သည့် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ(Constitution as Applicable or Governing Law)သည် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပေးခဲ့ကြသည့် ဆုံးဖြတ်ချက် သာဓကများသည်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး နည်းလမ်းအားဖြင့် အစိုးရသစ်တစ်ရပ်ကိုပင် ဖန်တီး မွေးဖွားပေးနိုင်ကြောင်း စီရင်ပိုင်ခွင့်အာဏာ ၏ကျယ်ပြန့် လှသော အခန်းကဏ္ဍများကို လေ့လာတွေ့ရှိနိုင်ပါသည်။
နိုင်ငံရေး၊အများပြည်သူမူဝါဒ (Public Policy)၊ ရွေးကောက်ပွဲဆိုင်ရာ ပြသနာများနှင့် ကိုယ်ကျင့်တရား ဆိုင်ရာပြသနာများကို သာမန် နိုင်ငံရေးနည်းလမ်းများ ဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင်ဝိ၀ါဒကွဲပြားမှုများ၊ သောင်မတင်ရေမကျဖြစ်မှုများ၊ ၀ိဝါဒဖြစ်မှု(Dilemmas)၊ မတူကွဲပြားမှု (Disagreement) ဖြစ်မှုများ ကို အချိန်တို အတွင်း (Speedy Trial)တရား စီရင်ရေး နည်းလမ်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများကသာလျှင် ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။ တရားစီရင်ရေးနှင့်တရား သူကြီးတို့၏ အခန်း ကဏ္ဍသည် ရှေ့တန်းသို့ ရောက်ရှိနေသောကြောင့် ဒီမိုကရေစီ၏ အခြေခံစံနှုန်းများဖြစ်သည့် အများစုသည် အနိုင် (Majority Right) ကို ချိုးဖျက်သကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း John Rawl ၏ Theory Of Justice, Justice as Fairness ကဲ့သို့သော လုပ်ထုံး လုပ်နည်း အသစ်များကို တရားစီရင်ရေးတွင်ထည့်သွင်းထားသဖြင့် နစ်နာသူအနည်းစုသည်လည်း ၄င်းတို့နှင့် လိုက်လျောညီထွေ သည့် အကျိုးခံစားခွင့်များကိုခံစားရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် ဒီမိုကရေစီ၏ အခြေခံ စံနှုန်းဖြစ်သော အများစုအနိုင်(Majority Right) ကို ခံစားနိုင်အောင် ထည့်သွင်းကျင့်သုံးထားသည်။
နိုင်ငံဖြတ်ကျော် နိုင်ငံတကာခုံရုံးများတွင်လည်း ယနေ့လက်ခံကျင့်သုံးအကောင်အထည်ဖော်နေသည့် တရားစီရင်ရေးနည်းလမ်းများ ကျင့်သုံးဆောင်ရွက်မှု အယူအဆများနှင့်သဘောထားတူညီသည်။ တရားစီရင်ရေး နည်းလမ်းဖြင့် ဆောင်ရွက်သော(၂၀၀၀)ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် ၊ တောင်အာဖရိက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသစ်၏အခန်းကဏ္ဍ၊ဥရောပသမဂ္ဂတွင် ဂျာမနီနိုင်ငံ၏အခန်းကဏ္ဍ နှင့် အဆင့်ကို သတ်မှတ်ခြင်း၊ ချေချင်းညှာစစ်ပွဲများ၊ အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးမူဝါဒ၊ အစ္စရေးနိုင်ငံ၏တည်ထောင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပါဝင်သော”ဂျူးများနှင့် ဒီမိုကရေစီနိုင်ငံတော်”၊ ကနေဒါပြည်ထောင်စုနိုင်ငံနှင့် ကျူးဘက်ပြည်နယ်ခွဲထွက်မှု နိုင်ငံရေးဖြစ်စဉ် စသောဖြစ်ရပ်များနှင့် အပူတပြင်းငြင်းခုံဆုံးဖြတ်ခဲ့ရသော ကမ္ဘာ့ နိုင်ငံများ၏ နိုင်ငံရေးပြသနာများသည် နိုင်ငံဖြတ်ကျော် နိုင်ငံတကာခုံရုံးများမှ နိုင်ငံရေးကိုတရားစီရင်ရေး နည်းလမ်းကျင့် သုံးလျက် ဖြေရှင်း ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ ရသော သာဓကဖြစ်ရပ်ဖြစ်သည်။
နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး၏အန္တိမရည်ရွယ်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများက တရားစီရင်ရေး နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းကြောင့် ဒီိမိုကရေစီတရားစီရင်ရေး ဥပဒေပြု အာဏာတို့ တစ်စုံ တစ်ရာအားနည်းကြလျှင် ထိုနိုင်ငံရှိ လူမှုဝန်းကျင်သည် အလားအလာမကောင်း တတ်သလို လူ့အဖွဲ့အစည်း၏ လုံခြုံရေးသည်လည်း အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်ခံရခြင်းကို ကာကွယ်ရာရောက်မည်။
ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်း၊ ပြည်သူတို့ကအပ်နှင်းထားသော အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲပြီး ပြည်သူ့ ကောင်းကျိုးဝန်ကိုထမ်းရသည့် အဖွဲ့သည် အစိုးရပင်ဖြစ်သည်။ နိုင်ငံ၏အနာဂတ်သည် အုပ်ချုပ်ရေး အာဏာ သုံးစွဲသူတို့၏ပညာ၊ အမြော်အမြင်ပေါ်တွင်မူတည်သည်။ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် တစ်ခုဖြစ်သော တရားဥပဒေနှင့်တရားစီရင်ရေးကို တစ်စုံတစ်ရာ အင်အားရှိအောင် ဆောင်ရွက်ပေးခြင်းသည် ပြည်သူနှင့်လူ့အသိုင်းအ၀ိုင်းကိုစောင့်ရှောက်ခြင်း၊ လုံခြုံမှုပေးခြင်း၊ အာမခံချက်ပေးခြင်း ဖြစ်သည်ဟုခံယူထားပြီး တရားဥပဒေနှင့်တရားစီရင်ရေးကို တစ်စုံတစ်ရာပံ့ပိုးထောက်ပံ့သင့်ပြီး တရားရုံးများနှင့် တရားသူကြီးများ ကလည်း သင်္ကေတချိန်ခွင် ကို အလှဆင်သည်ထက် ပိုပြီးတန်ဖိုးထားတတ်ကြရန် လိုအပ်ပေမည်။

(မျိုးသန့်MNA)
 http://mmnewarchive.net/ မှ ကူးယူဖေါ်ပြပါသည်။
ဘကြီးသက်
Unknown at 9:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.