Friday, June 8, 2012

ကျပ်တစ်သောင်းတန်ကို အကြောင်းပြု၍


၁။ ငါးထောင်ကျပ်တန် မထွက်မီနှင့် ထွက်ပြီးချိန်ကလည်း ဈေးနှုန်းများ တက်မည်၊ ငွေဖောင်း
    ပွမှု မြင့်မားမည်ဟု တွက်ဆခဲ့ကြသော်လည်း မဖြစ်ခဲ့ပါ။ ငါးထောင်တန်သည် ပြည်သူလူထု
    အထူးသဖြင့် အခြေခံလူတန်းစားအတွင်းသို့ ပျံ့နှံ့ရောက်ရှိမှု နည်းပါးသဖြင့် အချိန်တန်
    ကြာသည်အထိ ငါးထောင်ကျပ်တန်ကို မမြင်ဖူးသူများ ရှိခဲ့သကဲ့သို့ ငါးထောင်တန်ကို
    မိတ္တူကူးပြီး လိမ်လည်သူများ ရှိခဲ့ပါသည်။
၂။ တစ်သောင်းကျပ်တန် ထွက်သည်ကို အကြောင်းပြု၍ အထွေထွေ ဈေးနှုန်းများ တက်မည်၊
    ငွေဖောင်းပွမှု မြင့်မားလာမည်ဟု မျှော်လင့်ကြပါဦီးမည်။ ဈေးကစားမှုများလည်း အတန်အသင့်
    ရှိနိုင်ပါသည်။
၃။ လက်ရှိအခြေအနေတွင် အထွေထွေကုန်ပစ္စည်းဈေးနှုန်း တက်သည့်နှုန်း (ငွေဖောင်းပွမှု
    နှုန်းသည် ဆယ်ဂဏန်းအောက်တွင်သာရှိပြီး မော်တော်ကားကဲ့သို့သော ပိုင်ဆိုင်မှုများ၏
    ဈေးနှုန်းများ၊ ဆန်စပါးကဲ့သို့သော လယ်ယာထွက်ကုန်ဈေးနှုန်းများ ကျဆင်းနေချိန် ဖြစ်ပါ
    သည်။ ဤအခြေအနေတွင် အထွေထွေကုန်ဈေးနှုန်း (ငွေဖောင်းပွနှုန်း) သိသိသာသာ
    တက်ရန် အလားအလာ နည်းပါသည်။
၎။ တစ်သောင်းတန်သည် သာမန်ပြည်သူလူထု လက်တွင်းသို့ ပျံ့နှံ့ရန် ငါးထောင်တန်ထက်
    ပိုကြာဦီးမည်ဟု တွက်ဆပါသည်။
၅။ လုပ်ငန်း ကြီးကြီးမားမား လုပ်သူများအတွက် တစ်သောင်းတန်ကြောင့် ငွေသယ်ယူရာတွင်
    ပိုအဆင်ပြေသွားသော်လည်း ရေရှည်တွင် အခြေခံငွေအပေးအယူလုပ်သည့် စနစ်အစား ချက်
    လက်မှတ် အခြေခံ၍ ဘဏ်အသုံးပြုမှု တွင်ကျယ်တိုးတက်ရန် လိုအပ်ပါသည်။
    ခင်မောင်ညို (ဘောဂဗေဒ)
    ၇.၆.၂၀၁၂
    ည (၇.၀၀) နာရီ
ဘကြီးသက်
Unknown at 10:45 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.