Wednesday, June 6, 2012

ဒေါ်စု လန်ဒန်တွင် ရုံသွင်းခံရခြင်း

လန်ဒန်ရောက် ကျနော့် မိတ်ဆွေ တစ်ယောက် ထပ်ဆင့် ရှယ်ပေးလိုက်တဲ့ email ပါ။ လူအများ သိသင့်တယ် ထင်လို့ တင်လိုက်ပါတယ်။ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးကို မိမိတို့ ဘာသာ ချင့်ချိန်ကြပါကုန်။ 
ဒေါ်စု လန်ဒန်တွင် ရုံသွင်းခံရခြင်း 
ကြားကောင်းသေးရဲ့လား အရပ်ကတို့ ရေ… 
လန်ဒန်မှာ ဒေါ်စုလာတဲ့အခါ တွေ့ ဖို့ ပိုက်ဆံပေးရမယ် ဆိုပဲ။ မျောက်ပြဆန်တောင်းတယ် ဆိုတာ ဒါမှ အစစ်။ အားတော့ နာပါရဲ့။ အခုလို ပြောလိုက်ရတော့ ဒေါ်စုလဲ မျောက်ဖြစ်ရရော။ ဘယ့်နှယ့်ဗျာ ဒေါ်စုကို တွေ့ ဖို့ ပိုက်ဆံပေးရမယ်ဆိုတာ ဒီတခါပဲကြားဖူးတယ်။
ဘယ်သူတွေ စီစဉ်ကြလို့ ဘာတွေ လုပ်ကြလဲ ဘာဆို ဘာမှ ရေရေရာရာလဲ မသိရ။ အသေးစိတ်သိချင်ရင် ဘယ်ဖုန်းကိုဆက်ပါ၊ ဘယ် အီးမေးလ်ကို ဆက်သွယ်ပါ ဆိုတာက တစ်မျိုး။ သူ့ ကိုပဲ ရှိခိုးဦးတင် သိချင်တာလေး ခခရရ မေးရမလို။ နောက်ဆုံးတော့ တစ်ယောက်က လက်မှတ်ဝယ်ရမည် တစ်စောင် ဆယ်ပေါင်တဲ့။
ပြောရတော့ မကောင်း။ လန်ဒန်မှာက ဘုန်းကြီးကလူဖြစ်၊ လူက ဘီလူးဖြစ်၊ နေရာလိုချင်ကြ၊ နေရာယူကြ၊ လုပ်စားကြ၊ အမျိုးမျိုးအဖုံဖုံ။ စင်ပေါ်တက်ချင်ကြ၊ မိုက်ခဲလုပ်ချင်ကြ၊ နာမည်ကြီးဖို့ ဘာပဲ
ပေးရပေးရ၊ ကျွေးရကျွေးရဆိုသလို။ နိုင်ငံခြားသားကြတော့လည်း နိုင်ငံခြားသား အလျောက် ဗမာပြည် နိုင်ငံရေးဟာ ဆွေစဉ်မျိုးဆက် စားမကုန်တဲ့ ရတနာသိုက်ကြီး၊ ဗမာတွေကြတော့ လည်းတဖုံ၊ ရသလိုနေရာယူ၊ လည်သလို လုပ်စား။ အမြီးစားတဲ့သူစား၊ ခေါင်းစားတဲ့သူစား၊ အရိုးအရင်း ကိုက်တဲ့သူကိုက်၊ ဘာမှ မစားရတဲ့သူတွေက မစားရတဲ့အမဲ သဲနဲ့ ပက်။ နှားခေါင်းသွေးတွေက အပျက်ပျက်နဲ့ အတောင့်လိုက်ထွက်။
ဒေါ်စုနဲ့ တွေ့ ဖို့ နေရာလိုတယ်၊ ငှားတယ်ဆိုလဲ အားလုံးစုပြီး အိပ်စိုက်လိုက်ကြပေါ့။ အခုတော့ ကိုယ့်အိပ်ထဲက တပြားတချပ်မှ မစိုက်နိုင်တဲ့ အပြင် လက်မှတ်ရောင်းတော့ ဒီငွေတွေက ဘာအတွက်၊ ဘယ်သူ့ အတွက်လဲ။ ဒေါ်စုနဲ့ ရော တိုင်ပင်ပြီးပြီလား၊ အသိပေးပြီးပြီလား။ ကျုပ်တော့ ဘယ်တုန်းကမှ မကြားစဖူး ဒေါ်စုနဲ့ တွေ့ ဖို့ ပိုက်ဆံပေး လက်မှတ်ဝယ်ရမယ်ဆိုတာ။ ကျုပ်တို့ ခေါင်းဆောင်ကို ငွေပေးတွေ့ ရတာတော့ တော်တော်ရှက်ဖို့ ကောင်းနေပြီ။ အခုဟာက လုံးဝကို ရုံသွင်းတဲ့ အဖြစ်ပဲ။
အကောင်းဆုံးကတော့ ဒေါ်စု ဘိလပ်က ဘယ်သူနဲ့ မှ၊ ဘယ်အဖွဲ့ နဲ့ မှ မတွေ့ တာ အကောင်းဆုံးပဲ။ မဲဆောက်လိုနေရာက အမှန်အကန် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သူတွေနဲ့ တောင်
မတွေ့ နိုင်ခဲ့တာ လန်ဒန်ရောက်မှ ရုံသွင်းခံပြီးတော့တော့ လုပ်စားများနဲ့ မတွေ့ သင့်တာ အမှန်ပါပဲ။
စဉ်စားသာ ကြည့်ကြပါတော့ လန်ဒန်က အတိုက်အခံ အမည်ခံသူတို့ ရဲ့ အောက်ပါ ကြံရည်ဖန်ရည်တွေကို…..
Sandy Thin Mar Oo (Mobile : 07834593617 and phoethin@hotmail.co.uk ) ထံတွင် ဆက်သွယ်ပြီး လက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ။ လက်မှတ်ကို အထူး အချိန်ကန့်သတ်ထားပါသဖြင့် အမြန်မှာယူကြပါရန် လေးနက်စွာ တိုက်တွန်းပါသည်။ အမေစုသည် မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများကိုသာ ဦးစားပေးတွေ့ဆုံချင်သော ပြင်းပြသော ဆန္ဒရှိနေပါသဖြင့် "ယူကေ" နိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရှိနေပါသော ညီအကိုမောင်နှမများ အမြန်ဆက်သွယ်ကြပါရန်။ မေတ္တာဖြင့် စန္ဒီသင်းမာဦး ♥♥♥
(အောက်တွင် သတင်းအပြည့်အစုံကို ဖတ်ရှုကြပါရန်)
Dassk London @
June လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ယူကေနိုင်ငံသို့ ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို လန်ဒန်မြို့ Royal Festival Hall တွင် ကျင်းပမှာ ဖြစ်ပြီး .. လက်မှတ်များကို စာရင်းပေး၍ ဝယ်ယူရရှိနိုင်ပါပြီ။ အခမ်းအနား ကျင်းပမည့် အချိန် အတိအကျကို ဆက်လက် ကြေငြာသွားမည် ဖြစ်ပါသည်။ (သို့သော် ကျင်းပချိန် ၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး မနက် ၈ နာရီမှ ၁၂ အတွင်းတွင်သာ ဖြစ်ပါမည်။)
လက်မှတ်တစ်စောင်လျှင် စတာလင် ပေါင် (၁၀) သတ်မှတ်ပြီး ... အမှန်တကယ် တတ်ရောက်သူများသာ ဝယ်ယူစေလိုပါသည်။ လက်မှတ်ဝယ်ပြီး မလာနိုင်လျှင် ခန်းမတွင် နေရာလပ်ဖြစ်နေပြီး .. အမှန်တကယ် တတ်ရောက်လိုသူတစ်ယောက်အတွက် အခွင့်အရေး လျော့နည်းသွားမည်ကို မဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ လက်မှတ် အရေအတွက်မှာ ကန့်သတ်မှုရှိသောကြောင့် ဦးရာလူစနစ်ဖြင့် ... စာရင်းပေး ရယူနိုင်ပါသည်။ ယခု ရောင်းချမည့် လက်မှတ်များမှာ မြန်မာနိုင်ငံသားများအတွက် ဦးစားပေးရောင်းချမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လူမျိုးများ၏ မိသားစုဝင်ဖြစ်သော Non-Burmese မှလွဲ၍ .. အခြား မြန်မာမဟုတ်သည့် သူ (Non-Burmese) များသည် Royal Festival Hall တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း မိမိနှင့် နီးစပ်သော စိတ်ဝင်စားသည့် သူများကို သတင်းပါးနိုင်ပါသည်။
လက်မှတ်ဝယ်ယူလိုသူများသည် မိမိတို့၏ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာ (၃)မျိုးဖြင့်... လက်မှတ်ဖိုး ပေးချေကာ .. မိမိတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများနှင့် dassklondonevent@gmail.com သို့ စာရင်းပေးဝယ်ယူနိုင်ပါသည်။ (ငွေပေးချေရေးအတွက် မိမိစာရင်းပေးထားသော အဖွဲ့တွင်၎င်း၊ dassklondonevent@gmail.com တွင်လည်းကောင်း မေးမြန်း ပေးချေနိုင်ပါသည်။)
ကလေးငယ်များအား ခန်းမသို့ ခေါ်ဆောင်လာမည့် မိဘများအတွက် .. သေချာ စဉ်းစား ဆုံးဖြတ်စေလိုပါသည်။ မိမိ၏ ကလေးများ ဆော့ကစားခြင်း၊ ငိုခြင်း၊ အခြားသူများအား အနှောက်အယှက် ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် .. အထက်ပါ အနှောက်အယှက် ဖြစ်စေနိုင်မှုများကို တာဝန်ယူစေလိုပါသည်။ အသက် ၅ နှစ်အောက် ကလေးငယ်များ ခေါ်ဆောင်လာမည့် မိဘများ အနေဖြင့် dassklondonevent@gmail.com သို့သာ ဆက်သွယ် ဝယ်ယူရမည် ဖြစ်ပါသည်။
စည်းကမ်းချက်များ ...
အခမ်းအနားတတ်ရောက်သူများအားလုံး ရိုးရာဝတ်စုံများဖြင့်ဝတ်ဆင်ကာ မိမိတို့ နိုင်ငံ၏ ဂုဏ်ဆောင်မည့် ပွဲအဖြစ် .. မှတ်ယူ ဝတ်ဆင်စေလိုပါသည်။ အကယ်၍ ရိုးရာ ဝတ်စုံ မရှိသူများ အနေဖြင့် အခမ်းအနား ဝတ်စုံပြည့်ဖြင့် ဝတ်ဆင်တက်ရောက် ရမည်ဖြစ်ပါသည်။
ကင်မရာများ ယူဆောင်ခွင့်ရှိသော်လည်း Flash မဖွင့်ဘဲ မိမိ ထိုင်ခုံနေရာမှသာ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်နိုင်ပါသည်။
အခမ်းအနား မ "စ" ခင် နာရီဝက်ခန့်စော၍ ခန်းမသို့ ရောက်ရှိစေလိုပါသည်။ သို့မှသာ အခမ်းအနား စတင်ချိန်တွင် အကုန်လုံး နေရာယူပြီး ပွဲစတင်နိုင်မှာဖြစ်ပါသည်။ (အခမ်းအနားအား အချိန်အတိအကျဖြင့် ကျင်းပသွားမှာ ဖြစ်ပါသည်။)
မေးခွန်းများ ...
အခမ်းအနားနှင့် သက်ဆိုင်သော မေးခွန်းများရှိလျှင် ဤနေရာတွင် လွတ်လပ်စွာ မေးမြန်းနိုင်ပြီး .. ဤနေရာမှ ကြေငြာသည့် သတင်းများသည်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပွဲ အခမ်းအနားသတင်း အမှန်ဖြစ်ပါသည်။
(အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ - လန်ဒန်)

ဘကြီးသက်
Unknown at 7:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မမေးလည်းဖြေ (၄) – ဘာကြောင့် ကုလားမဟုတ်ချင်တာလဲ


ဒီကြွေးကြော်ချက်နဲ့  စချင်ပါတယ်။ ကုလားမဟုတ်  မြန်မာမွတ်စလင်မ်ဖြစ်သည်။
တောင်ကုတ်မှာ ဗုဒ္ဓဘာသာ ရခိုင်အစွန်းရောက်တွေ ရက်ရက်စက်စက် အကြမ်းဖက်အသတ်ခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကိစ္စ သတင်းကြေညာ ရာမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာသတင်းစာတွေက “မူစလင် ကုလား” ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး ကြေညာသွားပါတယ်။ ဒါကို မြန်မာမွတ်စ လင်မ်တွေက မကျေနပ်လို့  မကျေနပ်တဲ့အကြောင်း ဆန္ဒထုတ်ဖော်တော့ ကုလားမလို့ ကုလားခေါ်တာဘာဖြစ်လဲတို့ ၊ ကုလားလို့  မခေါ်ရင် ဘယ်လို ခေါ်ရလဲ လို့  ရိုးရိုးသားသားမေးတဲ့လူရှိသလို ဒီလောက် ပူလောင်နေတဲ့ အချိန်မှာတောင် ကုလားကို ရမရာမရှိ မိဘမောင်နှမများရှေ့  မပြောရဲတဲ့ စကားလုံးများနဲ့  ဆက်ပြီး ဆဲနေတာတွေတွေ့ ရတယ်။

ဘာကြောင့် ကုလားဆိုပြီး အခေါ်မခံချင်ကြတာလဲ။
ဒီမေးခွန်းကို ကုလားဆိုပြီး မွေးကတည်းက အခေါ်ခံ အနှိမ်ခံလာရတဲ့ ကျနော်တယောက် ရှင်းပြပါမယ်။ ကျနော်ပြောတာ မသိလို့ လေ့လာချင်လို့ ဆိုရင် ဆက်ဖတ်ပါ။ လူတယောက်တည်းမဟုတ်ပဲ လူပေါင်းများစွာရဲ့  ခံစားနာကျည်းချက်ကို သူတို့ အားလုံးကိုယ်စား ကျနော်ပြောပါမယ်။ မွတ်စလင်မ်တွေ ကျနော်ပြောတာ လက်ခံရင် ခံစားချက်ချင်းတူတယ်ဆိုရင် Like လုပ်ခြင်း၊ Share ပေးခြင်း၊ ယဉ်ကျေးစွာ ကော်မန့် ချခြင်ဖြင့် ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ပြပါ။
ဘာကြောင့် ကုလားဆိုတဲ့ စကားလုံးကို မုန်းတာလဲ။ မဖြေခင် မေးခွန်းတခုမေးပါမယ်။ သင်သိပ်ချစ်ရမဲ့ သင့်သားလေးကို သန်းရွေဆိုပြီး နာမည်ပေး မလား။ သန်းနဲ့  ရွှေ စကားလုံး ၂ လုံးအကောင်းချည်းပဲ။ ဒါပေမဲ့ အဲ့ဒီနာမည်ပေးမလား။ ဒါနဲ့ တင် ပြည့်စုံပါပြီ။ အဲ့ဒီ စကားလုံးတွေရဲ့  နောက်ကွယ်က အဓိပ္ဗါယ်တွေကြောင့် အဲ့ဒီနာမည်ကို မထားချင်တာ မဟုတ်ဘူးလား။ ဒီလိုပါပဲ —
ရုပ်ရှင်ဒါရိုက်တာဆိုတဲ့ ပညာတတ် နိုင်ငံခြားမှာလဲ နေနေတဲ့ မြန်မာတယောက်တောင် ကုလားလို့ ခေါ်တာ လက်မခံနိုင်တဲ့ လူတွေက မခေါ်ပါနဲ့ လို့  ပြောတာတောင် သူ့ စိတ်ထဲဘာမှမရှိလို့  ဆက်ခေါ်မယ်ဆိုမှတော့  နိုင်ငံခြားလည်းမရောက်ဘူး၊ ပညာလည်းအားနည်းတဲ့ မြန်မာအများစု နားလည် မပေးနိုင်တာလောက်တော့ မဆန်းပါဘူး။ ခံရတဲ့လူမဟုတ်တော့ ဘယ်နာပါ့မလဲ။ နာတဲ့လူတွေ နာတယ်လို့ အော်တာလည်း ဘယ်ကြားပါ့မလဲ။  ပညာရှိ သတိဖြစ်ခဲလား ငါအသိအတတ်ဆိုပြီး သူများတကာရဲ့  နေ့စဉ်နဲ့ အမျှ ထိတွေ့ ခံစားချက်ကို နားမလည်နိုင်အောင် အသိတရားတွေ စိုင်ခဲနေပြီး အသည်းမာကြောတာလားတော့ ပြောမတတ်ပါ။
ဒါပေမဲ့ မြန်မာတွေဟာ ယဉ်ကျေးပျူငှာပြီး အေးချမ်းတဲ့ လူတွေမလို့  နားမလည်သေးတဲ့ ကျနော်တို့  ခံစားချက်ကို နားလည်ပေးအောင် တတ်နိုင်သလောက်ရှင်းပြပါမယ်။
ကုလားဆိုတာ ဘယ်ကလာတယ်ဆိုတာ အမျိုးမျိုး အဓိပ္ဗါယ်ဖွင့်ကြတယ်။
အနောက်ဖက်ကနေ မြန်မာပြည်ကို ကူးလာတဲ့လူတွေမလို့  ကုလားလို့ ခေါ်တာလို့ ပြောရင်
(၁) ကျနော်တို့ ဟာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးတာပါ။ မိဘ မပြောနဲ့  အဖိုးအဖွားတွေတောင် မြန်မာပြည်မှာ မွေးကြတာ။ မကူးလာတဲ့ အတွက် ကျနော်တို့ ကုလားမဟုတ်ပါ။
(၂) ကျနော်တို့ က ကုလားတွေဆိုရင် နှစ်ရာပေါင်းများစွာက တိဘက်၊ အန္ဒိယ၊ မွန်ဂို၊ တရုတ်တောင်ပိုင်းကနေ စတင်အခြေခံ ဆင်းလာတဲ့ ဗမာတွေရော တိုင်းရင်းသားတွေရော အားလုံး တနေနေရာက ကူးလာတာမလို့  ကုလားတွေချည်းမဟုတ်ဘူးလား။
(၃) ထိုင်းနဲ့ မလေးရှားမှာ မြန်မာပြည်ကကူးလာတဲ့ ဗမာတွေ တိုင်းရင်းသားတွေရှိတယ်။ သူတို့ လည်း ကူးလာတဲ့ ကုလားတွေမဟုတ်ဘူးလား။ ဒါတွေထားလိုက်ပါ။ အဲ့ဒီစကားလုံး ဘယ်ကလာလာ ကျနော့်ကို ကုလားလို့ ခေါ်ရင် အသေနာတယ်။ အရင်က အဲ့ဒီလောက်မနာပေမဲ့ ခုဆိုရင် ရင်ထဲ အသည်းထဲကထိနာတယ်။ ဘာကြောင့်လဲ။ အွန်လိုင်းပေါ်မှာ ကုလားကို အကောင်းဖက်က ဘယ်တုန်းက သုံးလို့ လဲ။ ကုလားဆိုရင် Negative တွေက အလိုလို ပါပြီးသားပဲ။
ကုလားပြီး အမေနှမတွေနဲ့ ကိုင်ဆဲတယ်။ (သီးခံပါ) အခုဆိုရင် မအေ -ိုးကုလား၊ ငါ -ိုးမကုလား။ သောက်ကုလား၊ -ီး ကုလား၊ ခွေးကုလား  ဆိုပြီး တွင်တွင်ကြီးဆဲနေကြတာ အားလုံးအသိပဲ။
နေ့ တဓူဝ အပြင်လောကမှာလည်း ဆဲချင်ရင် ကုလားလို့ သုံးတယ်။ ချစ်တီးကုလား၊ ကုလားကျင့် ကုလားကြံ၊ ကလေးကုလား၊ သောက်ကုလား စသဖြင့်။ ကုလားဆိုတဲ့ စကားလုံးမှာ မကောင်းတဲ့အနေနဲ့  Negative အနေနဲ့ ပဲ သုံးတော့တယ်။ သီချင်းထဲမှာတောင် ကုလားတို့ စိတ်ဓာတ် အားကြီးမုန်းတယ်ဆိုပြီး ဆိုသမား ဆိုတယ်မလား။ ရုပ်ရှင်တွေထဲမှာလည်း ကုလားဆို နှိမ်ဖို့ လောက်ပဲ ပြောကြတယ်။
ကုလားလို့ အခေါ်ခံလိုက်ရရင် နာမ၀ိသေသနာ ဘာမှမပါရင်တောင် နှိမ်ချပြီး ခေါ်သလို ခံစားရတယ်။ ဆဲတဲ့ စကားလုံးတွေ အော်တိုပါပြီးသားလို ခံစားရ တယ်။ အလွန်အမင်းနှိမ်ချပြီး ခေါ်တဲ့အခေါ်အဝေါ်လို့ ပဲ ခံစားရတယ်။
ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းတွေက ကုလားဆိုပြီးဆဲတယ်။ ဆရာဆရာမတွေကလည်း ဟဲ့ကုလား ဆိုပြီး ခေါ်တယ်။ ကုလားလေး ကုလားလေးဆိုပြီး သူငယ်ချင်းတွေက နောက်တယ် ပြောင်တယ်။ သူငယ်တန်းကအစ ၁၀ အောင်ပြီး အဲ့ဒီသူငယ်ချင်းတွေနဲ့  လမ်းခွဲတဲ့အထိပဲ။
ကုလားဆိုတာ အနောက်တိုင်းမှာ အာဖရိကတွေကို ခေါ်တဲ့ နစ်ဂါတို့  နီဂရိုး လို ခွဲခြားတဲ့အသုံးအနှုန်းဖြစ်တယ်။ အနောက်တိုင်းမှာ နေ့ တဓူဝမှာတောင် သူငယ်ချင်း အချင်းချင်းကြားမှာတောင် နစ်ဂါလို့ ခေါ်လို့ မရဘူး။ သတင်းတွေ စာတွေ ရုပ်ရှပ်တွေမှာ သုံးရင် တရားစွဲခံရသလို အလုပ်လဲပြုတ်တယ်။
ဒါပေမဲ့ မြန်မာပြည်မှာတော့ ကုလားဆိုတာကို နေရာတိုင်းမှာ တွင်တွင်ကြီးသုံးနေလေရဲ့ ။ အစိုးရသတင်းစာမှာရော အတိုက်အခံသတင်းဌာနတွေမှာပါ သုံးနေလေရဲ့ ။
ကုလားဆိုတဲ့ အသံကြားရင် အဆဲခံရသလို ခံစားရတဲ့အတွက် မွတ်စလင်မ်တွေအားလုံး ကုလားဆိုပြီး အခေါ်ခံရရင် ရင်ထဲအသည်းထဲကထိနာတယ်။ ဒါကြောင့် မြန်မာတွေ ကိုယ်ချင်းစာစိတ်ဓာတ်ရှိတယ်ဆိုရင် ကျနော်တို့  ကို ကုလားလို့ မခေါ်ကြပါနဲ့ ။
ဒါဆို ဘယ်လိုခေါ်ရမှာလဲ —
လွတ်လပ်ရေးကာလတုန်းက အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေကို ဗမာမွတ်စလင်မ်လို့ ခေါ်တယ်။ ဗမာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ် သူတွေလို့ ဆိုလိုတာပါ။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ကိုယ်တိုင် အဲ့ဒီလို ခေါ်ဝေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီတုန်းက ခေါင်းဆောင်တွေ အသိအ မှတ်ပြုခဲ့တယ်။ အခု ဗမာနိုင်ငံအစား မြန်မာနိုင်ငံလို့ သုံးနှုန်းတဲ့အတွက် ဗမာအစား မြန်မာလို့ သုံးပြီး မြန်မာမွတ်စလင်မ် လို့  ခေါ်ဝေါ်စေချင်ကြ တာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင်တွေဆိုတာပါပဲ။ မြန်မာမွတ်စလင်မ်ဆိုတာ လူမျိုးမဟုတ်ပါ။ မြန်မာပြည်မှာနေထိုင်ပြီး အစ္စလာမ် ဘာသာတွေကို ခြုံငုံပြီး ခေါ်ဝေါ်တဲ့ ယေဘုယျ နာမည်တခုပါပဲ။
ကုလားမဟုတ်ပါ – မြန်မာမွတ်စလင်မ်ဖြစ်သည်။
http://news.mmsy.info/news/3246 မှ ...

ဘကြီးသက်
Unknown at 7:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မလေး မှ သူငယ်ချင်းများ ဖုန်းဝယ်မယ် ဆိုရင်


မလေး က သူငယ်ချင်းများ အားလုံးကိုလဲ သတိလေး ပေးချင်လို့ ပါ၊ ဖြစ်ပုံကတော့ ကျနော့် အကို ဖုန်းဝယ်မယ် ဆိုပြီ KL က kota RAYA ကုန်တိုက် မှာ သွားပါတယ် ဖုန်းတွေ ကြည့်ရင်း ဖုန်းဆိုင်က အရောင်းစာရေး က
iphone တွေကိုပြတယ် အခု discount ရှိတယ်ဆိုပြီး ရောင်းတယ် အရင်က RM950 အခု RM550 ပဲရှိတယ် ဆိုတော့ အကို ပါလာတဲ့ ငွေက 600 ဆိုတော့ ဝယ်မယ်ဆိုပြီး ငွေရှင်လိုက်တယ် passport နံပါတ်တောင်းတယ် လက်မှတ်ထိုးခိုင်းတယ် ဖုန်းယူဖို့ ပြောတော့ ရုံးခန်းမှာ စရင်း သွင်းဖို့ ခေါ်သွားတယ် ပြီးမှ ဖြတ်ပိုင်း ကိုပေးတယ် 950 ကို 550 ရှင်း 400 ကျန် ဆိုတာတွေ့ ရတော့တယ် ဖုန်းမပေးပဲ ကျန်တဲ့ RM400 ကိုရှင်းပြီးမှ ဒီဖုန်းကို ရမယ်ပြောပြီး ဖုန်းကို သိမ်းထားလိုက်တယ် ကျနော့် အကို ကလဲ သူ့ ကို လိမ်ရောင်းတယ် ဆိုပြီး ဆဲတယ် ကောင်တာ ကိုခြေထောက်နဲ့ ကန်လိုက်တယ်
နောက်အဲဒီ အရောင်းစာရေး က ဘေးဆိုင်က လူတွေကို ခေါ်လိုက်တယ် နောက် အကို့  ကိုဝိုင်းထားပြီး ကျန်တဲ့ 400 ကိုလာရှင်းမှ ဖုန်းပေးမယ်ဆိုပြီး ပြောလိုက်တယ် ဒီလိုနဲ့ ပြန်ခဲ့ပြီး နောက်နေ့ မှ ကျန်တဲ့ 400 ကိုရှင်းပြီးမှ ယူခဲ့ရယ်
ဒါကြောင့် သူငယ်ချင်းများလဲ ဖုန်းဝယ်မယ်ဆိုရင် ဈေးချိုတယ် ဆိုပြီး အရမ်းမဝယ်မိဖို့ သတိလေး ပေးလိုက်ပါတယ် သူငယ်ချင်းများ ပျော်ရွှင်ချမ်းမြေ့ ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။

ဘကြီးသက်
Unknown at 7:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်

"ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကိုထိထိမိမိနဲ့မှန်မှန်ကန်ကန်ကိုင်တွယ်လိုက် နိုင်မယ်ဆိုရင်မီးစကနေမီးတောက်အထိမဖြစ်နိုင်ဘူး။

အခုဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်းကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက်ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။

ကျွန်မတို့ဟာပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊လုံလုံခြုံခြုံနေချင်တယ်။အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။"

 ဒေါ်အောင်ဆန်းစုကြည်


အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ“ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။ နှစ်ကတော့ လှုံ့ဆော်တဲ့သူများရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာတစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာမရှိဘူး။ ပြသနာတစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ်ကျယ်ပေါ်လာပြီ ။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေကရှင်းလင်းရမယ့်ပြသနာ။ ရာဇ၀တ်မှု့ကျူးလွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကိုထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မလုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်း စိုးရိမ်ပူပန်နေမယ်လို့ကျွန်မထင်တယ်။အခြေအနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။

ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုးဖြစ်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်းသာမှု့ဆိုတာလုံခြုံမှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။

ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကိုလုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။

7Day News Journal

ဘကြီးသက်
Unknown at 6:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချစ်သူကို မီးရှို့သတ်သူ လူသတ်တရားခံ လွင်ဦးရဲ့ ဘ၀အကြောင်း

လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆေးကျောင်းတက်နေတဲ့ ချစ်သူကို ဓါတ်ဆီလောင်း မီးရှို့တဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ်။

တိုက်ခန်းတွင်း ရှိနေတဲ့ ချစ်သူကို ဓါတ်ဆီနဲ့ ပက်ပြီး မီးရှို့သူ တရားခံဟာ လွင်ဦးဆိုတာ သိရပြီး မီးရှို့ခံရသူ အမျိုးသမီးလေးဟာလည်း ဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ ထပ်သတင်းကြားရပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်ကြောင်း ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုတာကို ဆက်မသိရတော့ဘူး။ ကျွန်တော်လည်း ဒီလိုဘဲ မေ့မေ့ပျောက်ပျောက်လေး နေခဲ့တယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ထဲက ကျေးရွာလေးတွေဆီ စက်ရေတွင်းတူး လှူဒါန်းပေးဖို့ ကိစ္စနဲ့ အသွား စစ်ကွင်းဆိုတဲ့မြို့လေးကို ဖြတ်တော့မှ လွင်ဦးဆိုတာ ဘယ်သူ သေဆုံးသွားတဲ့ ကလေးမလေးက ဘယ်သူ ဆိုတာ သိလိုက်ရပြီး ဘယ်လိုဖြစ်ပျက်ခဲ့ကြတယ် ဆိုတဲ့ နောက်ခံ အကြောင်းအရာတွေကို ဒေသခံတွေက ပြောပြတာ ကြားခဲ့ရတယ်။

ကိုလွင်ဦးရဲ့ ဖခင်က မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သူ့မိခင်က ဆရာဝန်မ တစ်ဦးဖြစ်ပါတယ်။ စစ်ကွင်းမြို့မှာတော့ ဒေါ်ဌေးဌေးစော ဆိုတဲ့ လွင်ဦးရဲ့ မိခင်ဟာ နာမည်ကောင်းနဲ့ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။

လွင်ဦးဟာ စစ်ကွင်းမြို့မ ကျောင်းမှာ ကျောင်းတက်ခဲ့သူ ဖြစ်ပြီး ရေကျောင်းသိပ္ပံနဲ့ ကျောင်းပြီးသွားပြီး သင်္ဘောလိုက်နေခဲ့တဲ့ ရိုးသားပြီး စာကြိုးစားတဲ့ သင်္ဘောသား အရာရှိပေါက်စလေး တစ်ယောက်ဖြစ်ကြောင်း စစ်ကွင်းမြို့ခံတွေက ပြောပြခဲ့ပါတယ်။

ကလေးမလေးကလည်း မင်းလှမြို့ပေါ်က ဖြစ်ပြီး ဖခင် ရှေ့နေ၊ မိခင် ဆေးလိပ်ခုံပိုင်ရှင် (ယခုအခါ စက်ဘီးဆိုင်) က မွေးဖွါးလာပြီး စာတော်တဲ့ သူဖြစ်ပါတယ်။

ချစ်သူချင်း ရည်ငံခဲ့ကြပြီးနောက် လွင်ဦးဟာ တစ်ပြည်ခြားကို သွားပြီး သင်္ဘောလိုက်နေခဲ့ချိန် ရသမျှလေးတွေ ချစ်သူနဲ့ အတူနေနိုင်ဖို့အတွက် ပေးပို့ စုဆောင်းနေသူ ဖြစ်တယ်လို့လည်း အသိမိတ်ဆွေတွေက ပြောပြပါတယ်။

လေးနှစ်အကြာ ချစ်သူနဲ့ တွေ့ဖို့ အားခဲပြီး ပြန်ရောက်လာချိန်မှာတော့ သူချစ်တဲ့ ဆေးကျောင်းသူလေးက သူ့ကို အတွေ့မခံတော့ဘဲ အခြားချစ်သူ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေပြီ ဆိုတာ သိလိုက်ရတဲ့ လွင်ဦးတစ်ယောက် ဘယ်လိုမှ မခံစားနိုင်တော့ဘဲ အခုလို ဒေါသရှေ့ထားပြီး လုပ်မိလုပ်ရာ လုပ်ချလိုက်ရာကနေ နိုင်ငံကျော် အမှုတစ်ခု ရဲ့ တရားခံ ဖြစ်လာခဲ့ရတာပါ။

လွင်ဦး အနေနဲ့ အမှုပေါင်း ၆ မှုနဲ့ အမှုဖွင့်အရေးယူခံထားရပြီး အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ကြားရသလို စစ်ကွင်းမြို့က သူ အဖေ အမေအိမ် အပေါက်ဝမှာလည်း မိဘတွေက ဆေးကုသမယ့် လူနာတွေကိုတောင် လက်မခံနိုင်သည်အထိ ခံစားချက်တွေ ပြင်းလွန်းနေပြီး "ခရီးသွားနေသည်" လို့ ဆိုင်းဘုတ်ထူ ထားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။.. သေဒဏ်လောက် ကျခံရနိုင်တဲ့ လွင်ဦးဟာ တစ်ဦးတည်းသော သားတစ်ယောက်လည်း ဖြစ်ပါတယ်။မီးရှို့ခံ၇တဲ့ လွင်ဦးချစ်သူလေးကလည်း ဆုံးခါနီးမှာ လွင်ဦးကို ခွင့်လွှတ်ပေးပါ၊ သူလည်း ခွင့်လွှတ်တယ်လို့ အတန်တန်ပြောခဲ့ရှာကြောင်း သိ၇ပါတယ်။

ဘကြီးသက်
Unknown at 1:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်မှာ လျှပ်ပြေးယာဉ် ငှားရမ်းခွင့် ပိတ်ပင်ခဲ့တဲ့ ဦးဘဂျမ်း(ခေါ်)ဦးလှသန်းအကြောင့် တစေ့တစောင်း (ပေးစာ)



မြိတ်မြို့၏ မြို့မျက်နှာဖုံးလော အာလီဘာဘာလော
(တိုင်ကြားစာ)

 တခါတုန်းက ကျားကြီးအော်ကျေးရွာမှာ နေတဲ့ ဘိတ်သားလေး တယောက်ရှိသတဲ့။ အဲဒီကောင်လေးဟာ အလယ်တန်း ကျောင်းသားဘ၀မှာ မြို့မှာ အဆင်မပြေလို့ဆိုပြီး တောဆင်းကာစီပွားရှာသတဲ့။ ဘယ်လိုစီးပွားရှာသလဲ ဆိုတော့ ရွာက ပိုက်လှေ ပုဇွန်လှေတွေဆီက ငါး၊ ပုဇွန်တွေဝယ်ပြီး ယိုးဒယားနိုင်ငံကို ခိုးပြီးတော့ပို့တယ်။ ယိုးဒယားဘက် အပြန်မှာလည်း နိုင်ငံခြားကုန်တွေ မတရားခိုးတင်တာပေါ့။ ဒီလိုလုပ်ရင်းနဲ့ တစတစ ချမ်းသာလာလိုက်တာ ဟောအခုတော့ မြိတ်မြို့ရဲ့အချမ်းသာဆုံးလူ၊ မြို့ရဲ့ကျက်သရေဆောင်ဆိုပြီး ဖြစ်လာတော့တာဘဲ။

 နောက်တော့ စက်ရုံကြီးတွေ ပိုင်ဆိုင်လာတယ်၊ ငါးဖမ်းလှေကြီးတွေ၊ ငါးသယ်လှေကြီးတွေကလည်း အမြောက်အများ ပိုင်ဆိုင်လာတယ်။ ပင်လယ်ပြင်ကြီးတောင်မှ သူပိုင်သတဲ့။ ဟောအခုတော့ ဘယ်ကရမှန်းမသိတဲ့ ငွေကြေးတွေနှင့် ကုန်တိုက်နှစ်လုံးတောင် ပိုင်ဆိုင်လာတယ်။ အဲဒီကုန်တိုက်မှာ ရောင်းနေတဲ့ ကုန်တွေက အခွန်ဆောင်ပြီး ရောင်းနေတယ်လို့ မထင်နှင့်၊ မတရားခိုးသွင်းပြီး ရောင်းနေတာ၊ ဒီကြားထဲ တနင်္သာရီတိုင်း တတိုင်းလုံးရဲ့ သစ်တောတွေလည်း သူ့လက်ချက်နဲ့ ကုန်သလောက်ဖြစ်နေပြီ။ အဲဒီလို ကိုယ့်ဒေသကိုတောင် ကောင်းကျိုးမပြုတဲ့ လူကို နိုင်ငံတော်အစိုးရအနေဖြင့် ဆက်လက် ထားသင့်မထားသင့် စဉ်းစားကြည့်ပေါ့။ စစ်ဆေးကြည့်ပေါ့။

 ရွေးကောက်ပွဲ ကာလတုန်းကလည်း သူပိုင်တဲ့စက်ရုံက အလုပ်သမားတွေကို ကြံ့ဖွံထဲမဲထည့်၊ အတင်းအကြပ်၊ အကြပ်ကိုင်စည်းရုံးမဲထည့်ခိုင်း ခဲ့သေးတယ်။ အဲဒီလောက် ဆိုးသွမ်းတဲ့သူက ဘယ်သူလဲ ပြည်ဖြိုးထွန်း ကုမ္ပဏီရဲ့ပိုင်ရှင် ဘဂျမ်း(ခေါ်) မောင်လှသန်း ဖြစ်ပါတယ်။ မနေ့တနေ့က လုပ်တဲ့အစည်းအဝေး တခုမှာ ငါးလုပ်ငန်းအဖွဲ့ရုံး ဆောက်ဖို့အတွက် နောက်လာမည့် ငါးဖမ်းရာသီ ပြန်ဖွင့်ချိန်ဆိုရင်တော့ လှေတစ်စီးကို တစ်သိန်းကောက်ဖို့ ပြောနေပြန်ပါတယ်။ ငါးလုပ်ငန်း အဖွဲ့ရုံး ငါးထပ်ဆောက်မယ် ကုန်ကျစရိတ်က သိန်း(၂၅၀၀)တဲ့။ ဒါကြောင့်မို့ အဲဒီလို စုန်းပြူးကြီးတွေကို သက်ဆိုင်ရာမှ အရေးယူပေးဖို့ တောင်းဆိုလိုက်ရကြောင်းပါ။

မြိတ်မြို့သား..

ဘကြီးသက်
Unknown at 10:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစ္စလမ်ဘာသာကိုးကွယ်သူများဟု ပြင်ဆင်


ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့  အစိုးရ သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့  အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့  စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန် ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ ဆိုတာကိုတော့ ဆွေးနွေးနေဆဲ လို့ ပြောပါတယ်၊ ဒီအကြောင်းကိုတော့  မသင်းသီရိက ပြောပြပေးမှာပါ၊
ဇွန်လ (၅) ရက် အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့ သတင်းထဲ မူစလင်ကုလား ၁၀ ဦးအသတ်ခံရဆိုတဲ့အသုံးအနှုန်း အစား ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၁၀ ဦး အသတ်ခံရ ဆိုပြီး  ပြန်လည်ပြင်ဆင်ဖတ်ရှု့ဖို့  ဆိုပြီး ပြန်ကြားရေး ၀န်ကြီးဌာနရဲ့  အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာ အမှားပြင်ဆင်ချက် ဆိုပြီး ဖော်ပြထားပါတယ်၊
ဒီအသုံးအနှုန်း ပြန်လည်ပြင်ဆင်ချက်ကို လည်း  မနက်ဖန် ဇွန်လ ၆ ရက် ထုတ် သတင်းစာတွေထဲ ထည့်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲံ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကပြောပါတယ်၊
“သေဆုံးသွားတဲ့သူတွေရဲ့ ဘာသာနဲ့ လူမျိုးရဲ့ အသုံးအနှုန်းကို ကျနော်တို့ ဒီနေရာမှာ ထပ်မသုံး ချင် ပါဘူး။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ပြင်ဖို့ပါ။ မနက်ဖန်ထွက်မယ့် သတင်းစာတွေမှာ ကျနော်တို့ ပြန်လည် ပြင်ဆင်ဖော်ပြဖို့ ရှိပါတယ်။ အသုံးအနှုန်းကတော့ သတင်းတပုဒ်မှာ သေဆုံးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ရေးသားလိုက်တာမှာ ကျနော်တို့က မှုခင်းအစီရင်ခံစာမှာ ပါတဲ့အတိုင်း ရေး လိုက်တာ ဖြစ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်တယ်၊ ထိခိုက်တယ်ဆိုတဲ့ အသံတွေ ကျနော်တို့ ပြန် ကြားတဲ့အတွက်ကြောင့်မို့လို့ သတင်းနဲ့ စာနယ်ဇင်းက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ဖော်ပြပေးဖို့ စီစဉ်နေပါတယ် ခင်ဗျ။”
ဇွန်လ ၃ရက် တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်က နေရာ ၃ခုမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့  သတင်းကို ဖော်ပြဖို့ အချိန်အတိုင်းအတာအရ ခက်ခဲမှုတွေဖြစ်သွားပြီး စီစစ်တာတွေမလုပ်နိုင်ခဲ့ဘူးလို့လည်း ရှင်းပြပါတယ်။
“တစ်ကတော့ ကျနော်တို့မှာ ဒါကို ရပြီးတဲ့အချိန်မှာ ၈နာရီသတင်း ထုတ်ရမယ်ဆိုတော့ အပြည့်အစုံ ရတဲ့အချိန်နဲ့ သတင်းထုတ်ရမယ့်အချိန်နဲ့က ကပ်သွားတော့ သူတို့ ကမန်းကတမ်း နဲ့ တော်တော် မြန်မြန်လေး ကျနော်တို့ ရေးရပါတယ်။ ဒါကြောင့်မို့လို့ သတင်းတောင်မှ ကျနော်တို့က အစပိုင်းမှာ မထည့်နိုင်ဘဲနဲ့ သတင်းကြေညာတာ ပြီးကာနီးမှ ထည့်နိုင်ခဲ့ပါတယ်။ ဒီတော့ ရေးတဲ့သူတွေ အနေနဲ့ အဲဒီအချိန်မှာ သေချာ ပြန်ပြီးတော့ စိစစ်ဖို့ အချိန် လုံလောက်စွာ မရလိုက်ဘဲနဲ့ ခုန မူလ ရထားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေမှာ ပါတဲ့ စာသားတွေအတော်များများကို သွား သုံးလိုက်မိတဲ့သဘော ဖြစ်သွားတာပေါ့။ ချက်ချင်းဖြစ်လာတဲ့ဟာတွေကို ထုတ်တဲ့အခါမှာ အတွေ့အကြုံ သိပ်မရှိသေးတော့ ထုတ်တဲ့အခါမှာ ချို့ယွင်းချက် အားနည်းချက်တွေတော့ ရှိကောင်း ရှိနိုင်ပါတယ်ခင်ဗျာ”
အခုပြန်ကြားရေးက နောက်ဆုံးသိထားတဲ့ အခြေအနေတွေကတော့ ရခိုင်ပြည်နယ်ထဲမှာ တည်ငြိမ်မှု ရှိနေပြီးတော့ နောက်ထပ် ဒီလိုပြဿနာမျိုးတွေ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ ဒေသ အာဏာပိုင် တွေက ထိန်းသိမ်းဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်၊
“ခုချိန်ထိတော့ ကျနော်တို့ သတင်း ထပ် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်း ထိန်းသိမ်းတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိပါသေးတယ်ခင်ဗျ။ ကျနော်တို့ သတင်းထဲ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ..  ပြစ်မှုကျူးလွန်သူတွေကို ကျောက်နီမှော်ကိစ္စမှာတော့ တရားခံလို့ ယူဆရသူ တွေကို မိ ထားတာ ရှိပါတယ်။ ကျန်တာကတော့ စုံစမ်းဆဲကိစ္စမို့ အသေးစိတ် မသိရသေး ပါဘူး။ သို့သော် သတင်းစာ ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဒါတွေကတော့ ဥပဒေကို ချိုးဖောက်တယ် ဆိုလို့ရှိရင်တော့ တရားဥပဒေနဲ့ အညီ သက်ဆိုင်ရာက ဆက်လက်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ထဲကို ရောက် လာတဲ့ သတင်းအားလုံးကိုတော့ ကျနော်တို့ ချက်ချင်း ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြန်ပါတယ်။ သတင်း ထုတ်ပြန်ဖို့ ရှိတဲ့ အခြေအနေတွေကိုလည်း ကျနော်တို့ Website မှာလည်း မနေ့က ညနေပိုင်းကတည်းက စပြီး တော့  အသိပေးတာတွေ လုပ်ပါတယ်”
ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်း ထားတာ ပါ၊
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်မှာ  ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုရော စစ်တွေမြို့ ရဲစခန်းရှေ့ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပါ ဇွန်လ ၄ရက် ည(၈) နာရီအစိုးရ သတင်း တွေမှာ ထုတ်ပြန်ခဲ့ သလို  ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွေမှာလည်း ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြသနာတွေကိုအစိုးရက တရားဥပဒေနဲ့အညီဆောင်ရွက်နေတဲ့ အစီ အစဉ် တွေ ကို သတင်းစာတွေမှာရော ရုပ်သံနဲ့  ရေဒီယိုတွေကပါ ဖော်ပြနေပြီး အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးမှုကို ထိခိုက်မယ့် အပြုအမှုမျိုးကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်သွားဖို့ ဆိုတာကို လည်း အထူးသတင်းထုတ်ပြန်ချက်ဆိုပြီး အဲဒီ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

 By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)
ဘကြီးသက်
Unknown at 10:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မွတ်ဆလင် သုံးဦးက မြန်မာမလေး ကို မုဒိန်းကျင့် သတ်ဖြတ်တုန်းက ထွက်မလာပဲ ရခိုင်တွေက မွတ်ဆလင်တွေကို အကြမ်းဖတ်တော့မှ ထွက်လာတဲ့ ၈၈ ကျောင်းသား ကို မြအေးသို့




ကိုမြအေးခင်ဗျား..
ရခိုင်ပြည်နယ်မှာ ဒီလိုမုဒိန်းကျင့် သတ်ဖြတ်ပြီး ရခိုင်တိုင်းရင်းသားတွေ ဆန္ဒစတင်ပြသနေတဲ့အချိန်မတိုင်ခင် ... ယခုလို အစ္စလာမ်တွေအပေါ် အကြမ်းဖက်မှုတွေ မတိုင်ခင် ရိုဟင်ဂျာဘင်္ဂလီကိစ္စတွေနဲ့ လူထုက အမျိုးသားရေးစိတ်ဓာတ် နိုးကြားနေတဲ့အချိန်တွေမှာ ထိုကိစ္စနဲ့ပတ်သက်ပြီး သွယ်ဝိုက်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ .. (ဘင်္ဂလီကို ကို ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုနေသူ BCUK အမာခံအဖွဲ့ဝင်တစ်ဦး ဝေနှင်းပွင့်သုန် ၏ ဖခင်ဖြစ်သည့်) ကိုမြအေးဆီမှ မည်သည့်ထုတ်ပြန်ချက် ထင်မြင်ယူဆချက်မှ မကြားမိသလို ၈၈ မျိုးဆက်ကျောင်းသားဆီမှလည်း မည်သည့်ကြေညာချက်မှ ထွက်မလာခဲ့ပါ..။

ယခုလို အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရပြီး ၄င်းတို့အခွင့်အရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြနေချိန် (အချိန်နှောင်းမှ) လူပုံအလယ်ထွက်ခြင်းသည် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိတော့မည်ဟု ယူဆပါသည်..။

ဘာသာရေးနှင့် လူမျိုးရေးကို အမျိုးသားရေးနှင့်ရောထွေးမှုမရှိခင် ..မပေါက်ကွဲခင်အချိန်ကတည်းက ကိုမြအေးအပါအ၀င် .. အထူးသဖြင့် ၈၈များ၊ ဒေါ်စု နှင့် NLD ပါတီဝင် များ ကို MEG က မေးခွန်းများမေးခဲ့ကြဖူးပါသည်..။

သို့သော် ဒေါ်စုက သူဖြေချင်တဲ့ မေးခွန်း သုံးခု သာ ဖြေပြီး မဖြေနိုင်တဲ့ မေးခွန်း ၅၅ ခု ကို ခုထိ မဖြေသေးပါ။

ထို့ကြောင့် ရခိုင်တိုင်းရင်းသားများအပါအ၀င် မြန်မာနိုင်ငံသားတို့၏ အမျိုးသားရေးနှင့်နွယ်သော Immigration Issue သည် ဘာသာရေးနှင့် လူမျိုးရေးမုန်းတီးမှုအဖြစ်သို့ ယခုအချိန်တွင် အစပျိုးနေပြီဖြစ်ပါသည်..။


ထို့ကြောင့် ရိုဟင်ဂျာ ဘင်္ဂလီများနှင့်ပတ်သတ်သော ပြတ်သားသည့်အဖြေကို ကိုမြအေးအပါအ၀င် ၈၈ များ၊ ဒေါ်စု နဲ့ NLD ပါတီဝင်များ ထံမှ ထုတ်ပြန်ချက်များကို ယနေ့ လူငယ်များက စောင့်ကြည့်လျှက်ရှိပါကြောင်း..။

Myanmar Express

ဘကြီးသက်
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ


လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့ လဆန်းရက်မှာ အလုပ်ထုတ်လိုက်တဲ့စာကို ရွှေပြည်သာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ပေးအပ်လိုက်တာလို့ သိရပါတယ်။
ဒါကြောင့် အဲဒီအလုပ်သမားတွေက NLD ရှေ့နေကွန်ယက်အဖွဲ့ကို အကူအညီတောင်းတဲ့အတွက် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံပေးလိုက်တယ်လို့ NLD အလုပ်သမားရေး ဆောင်ရွက်သူ ဦးသက်ဝေက ပြောပါတယ်။
Grand Royal စက်ရုံ အလုပ်သမားတွေဟာ လုပ်သက်ပေါ် မူတည်လို့ တစ်နေ့ကို ၁၁၀၀ ကျပ်ကနေ ၁၄၀၀ ကျပ် ဝန်းကျင်သာရကြပြီး၊ အချိန်ပိုကြေးနဲ့ပေါင်းမှ တစ်လကို ကျပ် ၅ သောင်း ဝန်းကျင်ပဲ ရကြတဲ့အတွက် တစ်လကို ကျပ်ငွေ ၆ သောင်းကျော် ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီလို ဆန္ဒပြတောင်းဆိုချိန်မှာ အလုပ်ရှင်ဘက်က အခုအလုပ်ထုတ်လိုက်တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ မဆွေးနွေးဘဲ၊ အခြားအလုပ်သမားတချို့နဲ့ပဲ ဆွေးနွေးပြီး သဘောတူစာချုပ်တွေ လက်မှတ်ထိုးလိုက်ကြပါတယ်။
အဲဒီသဘောတူညီချက်မှာ အများစု တောင်းဆိုထားတဲ့ လုပ်ခလစာနှုန်းထား မပါရှိဘဲ စည်းကမ်းတချို့ လျှော့ပေးတာမျိုးပဲ ပါတဲ့အတွက် ကိုယ်စားလှယ်တွေဘက်က သဘောမတူဘဲ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။
ဒီအခြေအနေမှာ ၃ ရက်အတွင်း အလုပ်မဆင်းရင် အလုပ်ကနေ ထုတ်ပစ်မယ်ဆိုတဲ့ အလုပ်ရှင်နဲ့ သူ့အလုပ်သမားတချို့ရဲ့ သဘောတူညီမှုထဲက အချက်ကိုထောက်ပြီး အလုပ်သမားကိုယ်စားလှယ် ၁၇ ဦးကို ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

RFA-Burmese
ဘကြီးသက်
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.