Wednesday, June 6, 2012

မွတ်ဆလင် သုံးဦးက မြန်မာမလေး ကို မုဒိန်းကျင့် သတ်ဖြတ်တုန်းက ထွက်မလာပဲ ရခိုင်တွေက မွတ်ဆလင်တွေကို အကြမ်းဖတ်တော့မှ ထွက်လာတဲ့ ၈၈ ကျောင်းသား ကို မြအေးသို့




ကိုမြအေးခင်ဗျား..
ရခိုင်ပြည်နယ်မှာ ဒီလိုမုဒိန်းကျင့် သတ်ဖြတ်ပြီး ရခိုင်တိုင်းရင်းသားတွေ ဆန္ဒစတင်ပြသနေတဲ့အချိန်မတိုင်ခင် ... ယခုလို အစ္စလာမ်တွေအပေါ် အကြမ်းဖက်မှုတွေ မတိုင်ခင် ရိုဟင်ဂျာဘင်္ဂလီကိစ္စတွေနဲ့ လူထုက အမျိုးသားရေးစိတ်ဓာတ် နိုးကြားနေတဲ့အချိန်တွေမှာ ထိုကိစ္စနဲ့ပတ်သက်ပြီး သွယ်ဝိုက်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ .. (ဘင်္ဂလီကို ကို ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုနေသူ BCUK အမာခံအဖွဲ့ဝင်တစ်ဦး ဝေနှင်းပွင့်သုန် ၏ ဖခင်ဖြစ်သည့်) ကိုမြအေးဆီမှ မည်သည့်ထုတ်ပြန်ချက် ထင်မြင်ယူဆချက်မှ မကြားမိသလို ၈၈ မျိုးဆက်ကျောင်းသားဆီမှလည်း မည်သည့်ကြေညာချက်မှ ထွက်မလာခဲ့ပါ..။

ယခုလို အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရပြီး ၄င်းတို့အခွင့်အရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြနေချိန် (အချိန်နှောင်းမှ) လူပုံအလယ်ထွက်ခြင်းသည် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိတော့မည်ဟု ယူဆပါသည်..။

ဘာသာရေးနှင့် လူမျိုးရေးကို အမျိုးသားရေးနှင့်ရောထွေးမှုမရှိခင် ..မပေါက်ကွဲခင်အချိန်ကတည်းက ကိုမြအေးအပါအ၀င် .. အထူးသဖြင့် ၈၈များ၊ ဒေါ်စု နှင့် NLD ပါတီဝင် များ ကို MEG က မေးခွန်းများမေးခဲ့ကြဖူးပါသည်..။

သို့သော် ဒေါ်စုက သူဖြေချင်တဲ့ မေးခွန်း သုံးခု သာ ဖြေပြီး မဖြေနိုင်တဲ့ မေးခွန်း ၅၅ ခု ကို ခုထိ မဖြေသေးပါ။

ထို့ကြောင့် ရခိုင်တိုင်းရင်းသားများအပါအ၀င် မြန်မာနိုင်ငံသားတို့၏ အမျိုးသားရေးနှင့်နွယ်သော Immigration Issue သည် ဘာသာရေးနှင့် လူမျိုးရေးမုန်းတီးမှုအဖြစ်သို့ ယခုအချိန်တွင် အစပျိုးနေပြီဖြစ်ပါသည်..။


ထို့ကြောင့် ရိုဟင်ဂျာ ဘင်္ဂလီများနှင့်ပတ်သတ်သော ပြတ်သားသည့်အဖြေကို ကိုမြအေးအပါအ၀င် ၈၈ များ၊ ဒေါ်စု နဲ့ NLD ပါတီဝင်များ ထံမှ ထုတ်ပြန်ချက်များကို ယနေ့ လူငယ်များက စောင့်ကြည့်လျှက်ရှိပါကြောင်း..။

Myanmar Express

ဘကြီးသက်
Unknown at 10:16 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.