Wednesday, May 30, 2012

''ရေဓာတ်ငွေ့ကားကို ဆိုလာပြားဖြင့် မောင်းနှင်မည့် သုတေသန မြန်မာနိုင်ငံတွင် စတင်''

ရေဓာတ်ငွေ့ကားကို ဆိုလာပြားနှင့် စမ်းသပ်မောင်းနှင်ခြင်း သုတေသနအား အာရှတိုက်တွင် မြန်မာနိုင်ငံမှ ပထမဆုံး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရေဓာတ်ငွေ့စက်ကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့် မောင်းနှင်ခြင်း သုတေသနကို စင်ကာပူ သိပ္ပံပညာရှင် Mr.Andraelin နှင့်အတူ မြန်မာနိုင်ငံရှိ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်၏ အရှေ့ဒဂုံခြံတွင် ဧပြီလအတွင်း စမ်းသပ်သုတေသနပြုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံထုတ် Light Truck 2000CC မော်တော်ယာဉ်အား သုတေသနပြုလုပ်ထားသော ဆိုလာပြားများနှင့် တွဲဖက်၍ ရေဓာတ်ငွေ့ကို စမ်းသပ် မောင်းနှင်ခဲ့ကြောင်း သိရသည်။ “ကားငယ်တွေမှာတော့ ဆိုလာပြားအရွယ် သေးငယ်ပြီး ပါဝါပိုမြင့်တဲ့ ဆိုလာပြားနဲ့ အသုံးပြုသင့်ပါတယ်။ လက်ရှိစမ်းသပ်တဲ့ Light Truck မှာ ၉၀ ဝပ်ရှိတဲ့ ဆိုလာပြားလေးချပ်နဲ့ မောင်းနှင်လို့ ရပါတယ်။ မြန်မာနိုင်ငံက နေရောင်ခြည်ပေါတဲ့အတွက် သင်္ဘောတွေ၊ မီးရထားတွေပေါ်မှာလဲ ဆိုလာပြားတပ်ပြီး အဲဒီကရတဲ့ စွမ်းအားနဲ့လည်ရင် အကျိုးရှိတယ်။ အဲဒါတော့ လုပ်သင့်တယ်” ဟု သိပ္ပံပညာရှင် Mr. Andraelin က အကြံပြုပြောကြားသည်။ ထိုကဲ့သို့ စမ်းသပ်မောင်းနှင်ရာတွင် မော်တော်ယာဉ်စွဲအားမှာ မော်တော်ကားဘက်ထရီကို အသုံးပြု မောင်းနှင်ခြင်းထက် များစွာ မြင့်တက်သွားကြောင်း၊ အင်ဂျင်အပူချိန်မှာ ယခင်အတိုင်း ကျဆင်းသွားပြီး ဒီဇယ်စားနှုန်းမှာ ယခင်ထက် လျော့ကျသွားကြောင်း သိရသည်။ ညဘက် နေရောင်ခြည်စွမ်းအင် မရှိတော့သည့်အချိန်တွင် မောင်းနှင်နိုင်ရန်အတွက် သီးခြားဘက်ထရီကို ဆိုလာပြားဖြင့် အားသွင်းထားရမည် ဖြစ်သည်ဟု သိရသည်။



“မြန်မာဆိုလာဆဲလ်၊ စင်ကာပူဆိုလာဆဲလ် Dry Cell နှစ်ခုကို ယှဉ်ပြီး စမ်းသပ်ခဲ့ပါတယ်။ စင်ကာပူဆိုလာဆဲလ်နဲ့ စမ်းတဲ့အခါ HHO ဓာတ်ငွေ့ 300CC ကို စက္ကန့် ၉၀ နဲ့မှ ရတယ်။ မြန်မာဆိုလာဆဲလ်နဲ့ စမ်းတဲ့အခါမှာ HHO ဓာတ်ငွေ့ 300CC ကို ၈ စက္ကန့်နဲ့ ရတယ်။ မြန်မာဆဲလ်က ဆယ်ဆကျော် ပိုထွက်သွားတယ်” ဟု သုတေသနပညာရှင် အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။ Light Truck ကားများတွင် ဆိုလာပြားတပ်ဆင်ပြီး မောင်းနှင်ပါက ဆိုလာပြားတစ်ပြား၏ တန်ဖိုးမှာ ကျပ်တစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ “ဒီစမ်းသပ်မှုပြီးတဲ့ နောက်ပိုင်းမှာ ပညာရှင်တွေရော၊ အလုပ်သမားတွေရော မြန်မာနိုင်ငံကို လာရောက်ကြမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ရဲ့ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍမှာ အချိန်ပိုင်း ကထိကအနေနဲ့ ဆောင်ရွက်ပေးချင်ပါတယ်” ဟု Mr. Andraelin က ပြောကြားသွားကြောင်း သုတေသနပညာရှင် ဦးကျော်ကျော်က ဆိုသည်။ ထို့ပြင် တက္ကသိုလ်ဘွဲ့ရများကို ပြန်ပြည့်မြဲစွမ်းအင် ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘာသာရပ်များအား ပညာရှင်တစ်ဦးက သင်ကြားပို့ချပေးရန် အတွက်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံမှ သိပ္ပံပညာရှင် Mr.Andraelin နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ဒဂုံတက္ကသိုလ်နှင့် ဆူးလေဘူတာအကြား မြို့ပတ်ရထားကိစ္စ၊ ရေညှိပိုင်းဆိုင်ရာကိစ္စ၊ ဇီဝလောင်စာကိစ္စ၊ ရေဆိုးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထို့ပြင် လှိုင်သာမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံသို့ သွားရောက်၍ ရေဆိုးစွန့်ပစ်ကန်အား သွားရောက်လေ့လာခဲ့ပြီး လှိုင်သာယာမြို့ရှိ စွန့်ပစ်အမှိုက်ကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဘကြီးသက်
Unknown at 6:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆက်သွယ်ရေးနှင့် သတင်းနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါလာ ခေတ်ကာလနှင့် လျော်ညီခြင်း မရှိတော့သည့် မိုနိုပိုလီ လုပ်ကိုင်နေခြင်းအပေါ် သုံးသပ်မှုများရှိနေ


7342

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ တိုးတက်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် များစွာ အရေးကြီးလာပြီး မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့ကသာ အဓိက ချုပ်ကိုင်ထားခြင်း မှာ ခေတ်နှင့် လျှော်ညီမှု မရှိတော့ကြောင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အပါအ၀င်ပြည်တွင်းမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ဝေဖန်သုံးသပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် သဘာဝရင်းမြစ်များစွာ ပိုင်ဆိုင်ထားသော်လည်း ဆက်သွယ်ရေး ကဏ္ဍအပါအ၀င် အခြေခံကျသော Infrastructure များတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့်အပြင် ၎င်းတို့ အတွက် သုံးစွဲရသည့် ကုန်ကျစရိတ်မှာလည်း အများဆုံးဖြစ်နေကြောင်း ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နေသူများက ပြောဆိုကြပါသည်။
“မြန်မာနိုင်ငံကိုလာပြီး ရင်နှီးမြှုပ်နှံချင်သူတွေ များပေမယ့် အဓိက ကျတဲ့ အခြေခံ အဆောက်အဦတွေမှာ ဈေးနှုန်းကြီးမြင့်နေတာက ပြဿနာ ဖြစ်နေပါတယ်။ မြေယာဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ ဘာမှဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘဲနဲ့ ဈေးနှုန်းက နိုင်ငံ တကာဈေးကို ရောက်နေပြီ။ နောက်ပြီး လျှပ်စစ်မီး။ ဘယ်လိုဖြစ်နေတယ်ဆိုတာ အများသိပြီးသားမို့ မပြောချင်တော့ပါဘူး။ အဓိကကျတဲ့ နောက်တစ်ခုက ဆက်သွယ်ရေးကဏ္ဍ။ တယ်လီဖုန်း တစ်လုံးအတွက် သုံးစွဲရတဲ့ငွေဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဈေးအကြီးဆုံးပဲ။ ဈေးနှုန်းက အမြင့်ဆုံးဖြစ်နေပြီးရတဲ့ ၀န်ဆောင်မှုကျတော့ ဘယ်လိုမှ လုပ်ငန်းလုပ်လို့မရတဲ့ အနေအထားလေ။ ဒီတော့ ကျွန်တော်တို့မှာ ဘယ်လောက်ပဲ အရင်းအမြစ်တွေပေါ ကြွယ်ဝတယ်ပြောပြော နိုင်ငံတကာ ရင်နှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရာမှာ အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ရင် တပန်းရှုံးနေဦးမှာပဲ”ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးက ဆိုပါသည်။

လက်ရှိဥပဒေတွေ မပြီးသေးလို့ ပုဂ္ဂလိကကို လုပ်ခွင့် မပေးသေးဘဲ MPT ပါနေရတာလို့ ပြောတယ်။ နိုင်ငံတကာမှာ ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရပိုင်းက အနည်းအကျဉ်းပဲ ပါပေမယ့် ဒီမှာက အကုန်လုံး ပါနေတော့ တိုးတက်သင့် သလောက် မတိုးတက်ဘူး  . . .
မြန်မာနိုင်ငံအနေဖြင့် (၈၈) လူထုလှုပ်ရှားမှု အပြီးတွင် ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲ ကျင့်သုံးခဲ့သည် ဆိုသော်လည်း လုပ်ငန်းအများစုမှာ အစိုးရထိန်းချုပ်မှုဖြင့်သာ လည်ပတ်ခဲ့သည်။  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီအချိန်တွင် လုပ်ငန်းအချို့အား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးခဲ့သည်။ လွှဲပြောင်းခဲ့သော လုပ်ငန်းများထဲတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်းကြီးဌာနလက်အောက်ရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပါဝင်ခဲ့ခြင်း မရှိခဲ့ဘဲ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆက်သွယ်ရေးနှင့်သတင်း အချက်အလက် နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပြီးလာ ရောက်လေ့လာသော ပြည်ပလုပ်ငန်းရှင်များ လစဉ်ရှိနေသော်လည်း အဓိက အခက်အခဲမှာ ရင်နှီးမြှုပ်နှံခွင့်ပြု နိုင်သော ဥပဒေမရှိသေးခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ဖေ ဖော်ဝါရီလ ၁ ရက်နေ့က ပြည်ထောင် စုလွှတ်တော်တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှု ကဏ္ဍများတွင် ပုဂ္ဂလိက ပါဝင်ရင်နှီးမြှုပ်နှံမှုကို စတင်ခွင့်ပြုသွားမည်ဟု အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းသွားခဲ့သည်။
“လက်ရှိဥပဒေတွေ မပြီးသေးလို့ ပုဂ္ဂလိကကို လုပ်ခွင့်မပေးသေးဘဲ MPT  ပါနေရတာလို့ ပြောတယ်။ နိုင်ငံတကာမှာ ဆက်သွယ်ရေးလုပ်ငန်းကို အစိုးရပိုင်းက အနည်းအကျဉ်းပဲ ပါပေမယ့် ဒီမှာက အကုန်လုံးပါနေတော့ တိုးတက်သင့်သလောက် မတိုးတက်ဘူးပေါ့။ ကျွန်တော့်အမြင်က နိုင်ငံတကာနဲ့ တန်းတူပေးလုပ်ရင်တော့ ကောင်းတာပေါ့။ အင်တာနက်လိုင်းတွေ ဆိုရင်လည်း သူများနိုင်ငံတွေမှာ ISP အများကြီးရှိတယ်။ ပုဂ္ဂလိကအပိုင်းကို ဒီထက်ပို လုပ်ပိုင်ခွင့်ပေးသင့်တယ်။ အထူးသဖြင့် MPT  က Transparency ရှိဖို့ လိုအပ်တယ်။ MPT က ဘာတွေလုပ်နေလဲ၊ ဘယ်လိုတွေရှိနေလဲ စသဖြင့်ပေါ့၊ သတင်းအချက်အလက် တွေကို အရေးကြုံမှ ထုတ်ပြန်တော့ အထင်အမြင်လွဲတာမျိုး ရှိလာတာပေါ့”ဟု MIDO    ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က ဆိုပါ သည်။
“ကျွန်တော်တို့ အမြင်ကတော့ Monopolize ဖြစ်နေတဲ့ဆက်သွယ်ရေးရဲ့ပေါ်လစီကို ပြင်သင့်တယ်လို့ ထင်ပါတယ်။ ခုဆိုရင် ဆက်သွယ်ရေးက ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ပိုင်ခွင့်တွေပေါ်မှာ အခြေခံပြီး ဟိုဟာလုပ်လို့ မရဘူး၊ ဒီဟာလုပ်လို့မရဘူးဆိုပြီး လုပ်နေတယ်။ တစ်ဖက် ကကြည့်မယ်ဆိုရင်လည်း သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ကုမ္ပဏီတွေက လုပ်ကိုင်ခွင့်ရနေတယ်။ အခု လက်ရှိ အဆိုးဆုံးဖြစ်နေတာက နှစ်သိန်းတန်ဖုန်းတွေ ချပေးတဲ့အချိန်မှာ စနစ်တွေရှုပ်ထွေးအောင် လုပ်ပြီး တကယ်တမ်း အများနဲ့ဆိုင်တဲ့ ဈေးကွက်ကို ချထားမပေးဘဲ သူတို့ခရိုနီတွေကပဲ ရောင်းလို့ရတဲ့သဘောမျိုး လုပ်ထားတယ်။ ပေါ်ပေါ်တင်တင်ပဲ ဘယ်သူမှ ဘာမှမပြောဘဲ ထိုင်ကြည့်နေရတဲ့ အခြေအနေကို ရောက်သွားတယ်။ အခုထက်ထိလည်း သူတို့ဆီကပဲဝယ် လို့ ရမယ့် ပုံစံကိုပဲ ပြောင်းယူလိုက်တယ်။ နောက်တစ်ခုက Top up ကတ်တွေ သုံးစွဲမှုနှုန်း အရမ်းမြင့်တက်လာတော့ ကော်မရှင်တွေ အများကြီးရတဲ့ အချိန်ကျမှ သူတို့ရဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေက ဖုန်းဆိုင်တွေကို ပေးထားတဲ့ ကော်မရှင်ခတွေကို လျှော့ချလိုက်တယ်။ အခု Top up ကတ် တွေ ဘယ်လောက်ဝယ်ဝယ် ၂ ရာခိုင်နှုန်းပဲ ရတော့တယ်။ ပြောချင်တာက တော့ မြန်မာ့ဆက်သွယ်ရေးက Cooperation ကို ပြောင်းသင့်တယ်။ အများနဲ့ဆိုင်တဲ့ လုပ်ငန်းအဖြစ် ပီပီပြင်ပြင် ပြောင်းရင်ပြောင်း၊ မပြောင်းရင်လည်း အများပြည်သူ ပွင့်လင်းမြင်သာတဲ့ အခြေအနေနဲ့ ဆက်သွယ်ရေး က ချပေးတဲ့ အခွင့်အရေးကို အားလုံး ညီတူမျှတူရသင့်တယ်လို့ ယူဆပါတယ်”ဟု Blogger  တစ်ဦးဖြစ်သူ ကိုအဂ္ဂမှ ပြောပါသည်။
မြန်မာ့နိုင်ငံ၏ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ တိုးတက်မှု နှေးကွေးနေခြင်းမှာ ဈေးကွက်စီးပွားရေး၏ အသက်ဖြစ်သော လွတ်လပ်စွာယှဉ် ပြိုင်မှုမရှိခြင်းကြောင့် ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍမှ လွတ်လပ်စွာ ပါဝင်ခွင့်ရှိရန် လိုအပ်ကြောင်း နည်းပညာကုမ္ပဏီများတွင် ဦးဆောင်နေသူများက သုံးသပ်ကြပါသည်။
“ကျွန်တော့်အမြင်က လုပ်ပိုင်ခွင့်ရှိတဲ့သူပဲ လုပ်လုပ်၊ ဘယ်သူပဲလုပ်လုပ် ယှဉ်ပြိုင်မှုရှိတဲ့ ဈေးကွက်တစ်ခု ဆိုရင် အဆင်ပြေမယ်လို့ မြင်တယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်တော့လည်း လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကိုပဲ ချပေးတော့လည်း မကောင်းဘူးပေါ့။ ပိုက်ဆံရှိတဲ့သူ လုပ်နိုင်တဲ့သူတွေ အားလုံးလည်း လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ရတဲ့ ဈေးကွက်မှာ ၀င်လုပ်ခွင့်ရမယ်ဆိုရင် သုံးစွဲသူအတွက် သက်သာတာပေါ့။ ပထမအဆင့်မှာ လုပ်ပိုင်ခွင့် ရှိသူအချင်းချင်းကို အရင်ယှဉ်ပြိုင်ခိုင်းတဲ့ ဈေးကွက်ဖြစ်စေချင်တယ်။ သူတို့လည်း ပြိုင်ဆိုင်ရရင် တဖြည်းဖြည်း ဈေးတွေ လျော့ကျလာမှာပဲ။ အခုက တကယ်တမ်း ပြိုင်ဆိုင်တာမဟုတ်ဘဲ  တစ်ခုတည်းက လက်ဝါးကြီးအုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော့် ရဲ့အမြင်ကို ပြောရရင်တော့ Free Competitive Market ဖြစ်စေချင်ပေမယ့် တကယ်တမ်း လက်တွေ့ကျတာ ကခုနကပြောတဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ ပြိုင်ခိုင်းတာက လက်တွေ့ဖြစ်နေတယ်”ဟု Myanmar Link ၏ CEO  ဖြစ်သူ ဦးသီဟက သုံးသပ်ပါသည်။

ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ ပွင့်လင်း မြင်သာမှု မရှိတာဟာ အကျင့်ပျက် ခြစားခြင်း ရှိနေလို့ပဲ။ Clean Government တို့ Good Governance တို့ ပြောနေပေမယ့် လာဘ်ပေးလာဘ်ယူတွေ အကျင့်ပျက် ခြစားမှုတွေက ရှိနေဆဲပါပဲ
အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း အာဆီယံနိုင်ငံများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် အစိုးရ၏ ပါဝင်ပတ်သက်မှု မရှိသလောက်နည်းပါပြီး ကွန်မြူနစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အစိုးရပါဝင် ပတ်သက်မှု ရှိသော်လည်း လုံခြုံရေးအရ ထိန်းချုပ်မှု ရှိသည်မှအပ ကောင်းမွန်သော ၀န်ဆောင်မှုနှင့် အဖိုးနှုန်းချိုသာစွာ သုံးစွဲနိုင်ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ကို ပိုင်ဆိုင် ထားပြီးဖြစ်သောကြောင့် ကွန်မြူနစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံထက် သတင်းအချက်အလက် စီးဆင်းမှုတွင် ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်ကြောင်း အဓိကကျသည်မှာ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုကို အားပေးသော မူဝါဒချမှတ်ပေးနိုင်ရန်သာ အရေးကြီး ကြောင်း ဗီယက်နမ်နိုင်ငံ VMG Media JSC မှ ဒု-ဥက္ကဋ္ဌဖြစ်သူ Mr. Kien Pham က ဆိုပါသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍအား အစိုးရမှ ချုပ်ကိုင်ထားခြင်းထက် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းသည် အပြိုင်အဆိုင် ရှိလာနိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှာလာနိုင်မည် ဖြစ်ကြောင်းလည်း Blogger တစ်ဦး ဖြစ်သူ ကိုနေဘုန်းလတ်က သုံးသပ်ပါသည်။
“နိုင်ငံတကာမှာဆိုရင် အင်တာနက်လိုင်း ခဏလေးကျတာနဲ့ ISP ကို ဖုန်းလှမ်းဆက်လိုက်တာနဲ့ ချက်ချင်း လာလုပ်ပေးတာမျိုး၊ တချို့မကျေနပ်တဲ့ သူတွေဆိုရင် တရားစွဲတာမျိုးတွေ တောင်ရှိတယ်။ ဒီမှာက အင်တာနက်လိုင်းကျပြီဆိုရင်တောင် ဘယ်သွား ပြောလို့ပြောရမှန်း မသိဘူး။ ဖုန်းဆိုရင်လည်း ဖုန်းလိုင်း မကောင်းလို့ ပြောချင်ရင်တောင် ဘယ်သူမှ တာဝန်ယူဖြေရှင်းပေးမယ့်သူ မရှိဘူး။ ပုဂ္ဂလိကကိုသာ ပေးလိုက်ရင် ကုမ္ပဏီတွေက သူတို့အကျိုးစီးပွားဖြစ်တဲ့ အတွက် ဒီလိုပြဿနာတွေကို မဖြစ်မနေဖြေရှင်း ပေးလာလိမ့်မယ်။ ကုမ္ပဏီတွေ အများကြီးရှိလာတဲ့အခါ တစ်ခုမကောင်းရင် အခြားတစ်ခုကို ပြောင်းရွေးချယ်လို့ရတယ်။အဲ ဒါဆိုရင် အသုံးပြုသူတွေအတွက် အကျိုးရှိလာမယ်။ ပြည်ပကရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေအတွက် ဆိုရင်လည်း တိကျတဲ့ဥပဒေရှိဖို့ လိုတယ် “ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။
“လက်ရှိဖြစ်နေတာကတော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့ ကုမ္ပဏီတွေကလည်း ရောင်းပြီးသွားရင် ဘာမှဆက်ပြီး တာဝန်ယူမပေးနိုင်ကြဘူး။ တာဝန် အရှိဆုံးဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး ကလည်း ဘယ်တော့မှ Complain တောင်းလို့မရဘူး။ စားသုံးသူ အခွင့်အရေးဆိုတာဘာမှ မရှိပါဘူး” ဟု  မိုဘိုင်းဖုန်းသုံးစွဲသူ တစ်ဦးက ပြောပါသည်။
“ဈေးကွက်ထဲမှာ နှစ်သိန်း၊ နှစ်သိန်းခွဲနဲ့ ချပေးတဲ့ဖုန်းတွေ ဘယ်ဈေး ရောက်နေပြီလဲ။ တန်ဖိုးနည်းဖုန်းလို့ ပြောပေမယ့် တန်ဖိုးမနည်းအောင် လုပ်နေတဲ့သူတွေရှိလို့ မနည်းတာပဲ။ ဆက်သွယ်ရေးအနေနဲ့ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ ပွင့်လင်း မြင်သာမှု မရှိတာဟာ အကျင့်ပျက် ခြစားခြင်း ရှိနေလို့ပဲ။ Clean Government တို့ Good Governance တို့ ပြောနေပေမယ့် လာဘ်ပေးလာဘ်ယူတွေ အကျင့်ပျက် ခြစားမှုတွေက ရှိနေဆဲပါပဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါတဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍမှာ ဒီလိုဖြစ်နေမယ် ဆိုရင်တော့ အစိုးရရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ မလွယ်ပါဘူး”ဟု ပညာရှင်တစ်ဦးက သုံးသပ်ပါသည်။

အာဆီယံဒေသတွင်း နိုင်ငံများ၏ ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုမှု ပုံသဏ္ဍာန်များ
- ထိုင်းနိုင်ငံတွင် မိုဘိုင်းဖုန်း ၀န်ဆောင်မှုရယူထားသည့်အရေအတွက်မှာ ၂၀၁၁ စစ်တမ်းအရ ၇၇ သန်းအထိရှိနေပြီး လူဦးရေထက် ပင်များပြားသည်။ လိုင်းဖုန်းရယူသူ အရေအတွက်မှာ ၇ သန်းမျှ ရှိနေသည်။  လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီကြီးမှာ ၅ ခု ရှိနေသော်လည်း သုံးခုကသာလွှမ်းမိုးထားပြီး ယင်းသို့လွှမ်းမိုးမှုမျိုးကို 3G ကွန်ရက်အဖြစ် ကူးပြောင်းချိန်တွင် ပြောင်းလဲပစ်ရန် ဆန္ဒရှိနေကြသည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်တည်ထောင်ခဲ့သော ရှင်းကော်ပိုရေးရှင်းက ပိုင်ဆိုင်သည့် Advanced Info Service မှာ အကြီးဆုံးနှင့် ပထမဆုံး မိုဘိုင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ပြီး စင်ကာပူ တယ်လီကွန်းနှင့် ဖက်စပ်ဖြစ်သည်။ United Communication Industry Plc. ပိုင်ဆိုင်သော DTAC ကွန်ရက်မှာ ဒုတိယအကြီးဆုံး ဖြစ်ပြီး နော်ဝေ Telenor နှင့် ဖက်စပ်ဖြစ်သည်။  True Move နှင့် Hutch တို့မှာ နောက်ပိုင်းတွင်မှ မိုဘိုင်းဈေးကွက်သို့ ၀င်ရောက်လာသူများဖြစ်ပြီး ပြည်ပကုမ္ပဏီကြီးများနှင့် ဖက်စပ်များပင် ဖြစ်သည်။ နိုင်ငံပိုင် Telecommunication of Thailand မှာ လိုင်းဖုန်းကွန်ရက်ကိုသာ အဓိက လွှမ်းမိုးထားပြီး မိုဘိုင်းဈေးကွက်တွင်မူ SamartCorp နှင့် ပူးတွဲလုပ်ဆောင်မှု ရှိသည်။
- မလေးရှားနိုင်ငံသည် ဒေသတွင်းတွင် မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီအများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။၂၀၁၀ ပြည့်နှစ် စာရင်းများအရ Maxis Communication က ဈေးကွက်ဝေစု အများဆုံးအဖြစ် ၁၂ သန်းအထိ ရထားသည်။ ဒုတိယနေရာမှ Celecom က ၉ ဒသမ ၂ သန်း၊ တတိယနေရာမှ DiGi က ၇ ဒသမ ၇ သန်းဖြင့် ဈေးကွက်ဝေစုမျှနေသလို အခြားကုမ္ပဏီများစွာ လုပ်ကိုင်ခွင့် ရထားသောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဈေးကွက်ဖြစ်သည်။ 3G စနစ်သာ ၀န်ဆောင်မှုပေးသော U Mobile ပင်သုံးစွဲသူ ၁ ဒသမ ၂ သန်း ရှိနေသည်။ ကုမ္ပဏီများမှာ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများနှင့် ချိတ်ဆက်ပူးတွဲ ဆောင်ရွက်မှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ လုပ်ပိုင်ခွင့် လွတ်လပ်ခြင်းကြောင့် နိုင်ငံတကာ က ရင်းနှီးမြှုပ်နှံမှုများသလို ထပ်မံတိုးချဲ့မြှုပ်နှံရန်လည်း စိတ်ဝင်စားကြသည့် ဈေးကွက်ဖြစ်သည်။
- စင်ကာပူသည် ဒေသတွင်းတွင် အဖွံ့ဖြိုးဆုံးလည်း ဖြစ်သောကြောင့် ဆက်သွယ်ရေး ကွန်ရက်မှာလည်း အထူးဖွံ့ဖြိုးသည်။ နိုင်ငံတွင်းသာမက ပြည်ပနိုင်ငံများတွင်ပါ ဖြန့်ကျက်ရင်းနှီးမြှုပ်နှံထားသည်။ မိုဘိုင်းဖုန်း သုံးစွဲမှုအရေအတွက်မှာ လူဦးရေထက်ပင် ကျော်လွန်နေပြီး တစ်ဦးလျှင် ဖုန်းနံပါတ်နှစ်မျိုး ကိုင်ဆောင်သူမှာ ၃၀ ရာခိုင်နှုန်းထက် မနည်းရှိနေသည်။ SingTel ၊ M1နှင့် StarHub  တို့မှာ အဓိက မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများဖြစ်သည်။ ဆက်သွယ်ရေး ကွန်ရက်နှင့် မြန်နှုန်းမြင့်မှု၊ အဆင်ပြေမှုတို့တွင် အာဆီယံနိုင်ငံများ အနက် တစ်နိုင်ငံတည်းသော ပထမကမ္ဘာနိုင်ငံ အဖြစ် မှတ်ယူခံရသည့် နိုင်ငံဖြစ်သည်နှင့် အညီ အာဆီယံဒေသတွင်းတွင် အကောင်းဆုံး ဖြစ်သည်။ သုံးစွဲသူအများဆုံး SingTel မှာ စင်ကာပူတွင်သာမက နိုင်ငံပေါင်း ၂၅ နိုင်ငံအထိ ဖြန့်ကျက်ထားနိုင်သည်။ သုံးစွဲသူ ဒုတိယအများဆုံး နေရာကို M1 ထံမှ StarHub က ရယူထားသည်။ တတိယ အကြီးဆုံး M1 မှာလည်း ဖုန်းနှင့်အတူ အင်တာနက် ပူးတွဲသုံးပါက အရှေ့တောင်အာရှတွင် မြန်နှုန်းအမြင့်ဆုံး ၀န်ဆောင်မှုပေးနိုင်သည့် ကုမ္ပဏီဖြစ်သည်။
- ဗီယက်နမ်နိုင်ငံမှာ နိုင်ငံရေးအရ ကွန်မြူနစ်ဖြစ်သော်လည်း ဖုန်းကွန်ရက်၏ အားကောင်းမှုမှာ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်နိုင်သည်။ ဈေးကွက်ဝေစု အများဆုံးရရှိထားသည့် Viettel Mobile မှာ နိုင်ငံပိုင်ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသည်။ ဒုတိယနေရာမှ Mobifone မှာ ပထမဆုံး တည်ထောင်သည့် မိုဘိုင်းကွန်ရက်ဖြစ်သည်။ တတိယနေရာတွင် ရှိသည့် Vinaphone မှာလည်း နိုင်ငံပိုင်ဖြစ်သည်။ စီဒီအင်မ်အေ ကွန်ရက်ကိုမူ စင်ကာပူ၊ ကိုရီးယားတို့နှင့် ဖက်စပ်လုပ်ထားသည့် S-Fone က ၀န်ဆောင်မှုပေးသည်။ အစိုးရ နိုင်ငံပိုင် ကုမ္ပဏီများကသာ အဓိကလွှမ်းမိုးထားသော်လည်း အပြိုင်အဆိုင်ရှိနေပြီး  ဒေသတွင်းနိုင်ငံများနှင့် ယှဉ်နိုင်သော အဆင့်တွင် ရှိသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်မှု စနစ်ပြောင်းလဲခဲ့ပုံ အဆင့်ဆင့်

-  ၁၉၉၇ ခုနှစ်အချိန်တွင် ဆက်သွယ်ရေး၊ ကြေးနန်းနှင့် စာတိုက်ဝန်ကြီးဌာန(MPT)မှ အီးမေးလ် သုံးစွဲမှုကို စတင်မိတ်ဆက်ခဲ့ပြီး အီးမေးလ်၏ နမူနာလိပ်စာမှာ user@ mtpt400. stems.com ဖြစ်သည်။
- ၂၀၀၀ ပြည့်နှစ်တွင်မူ ကြေးနန်းနှင့် စာတိုက်ဝန်ကြီးဌာန(MPT)မှ email,  web-hosting, web-browsing, server co-location,  FTP,  intranet services အစရှိသော ၀န်ဆောင်မှုများကို စတင်လုပ်ကိုင်ခဲ့။
-  ၂၀၀၀ ပြည့်နှစ်မှာပင် မြန်မာနိုင်ငံ၏ အကြီးဆုံး အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းဖြစ်လာမည့် Bagan Cybertech ပေါ်ထွက်လာခဲ့ပြီး ပုဂ္ဂလိက ကွန်ရက်ဝန်ဆောင်မှု၊ VoIP ဆက်သွယ်မှု များ၊ Dial-up အင်တာနက် ချိတ်ဆက်မှု အစရှိသည်တို့ကို ပြုလုပ်ခဲ့ကာ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် အသုံးပြုနိုင်မည့် Broadband VSAT/ IP Star အင်တာနက် ဖုန်းတပ်ဆင်မှုများ ပြုလုပ်ခဲ့။
-  အင်တာနက် စတင်သုံးစွဲခွင့်ပြုချိန်က Censorship ကိစ္စများအတွက် ဆော့ဖ်ဝဲသုံးစွဲခဲ့ပြီး ထိုဆော့ဖ်ဝဲကို အမေရိကန် ကုမ္ပဏီဖြစ်သည့် Fortinet  ကုမ္ပဏီမှ ၀ယ်ယူသုံးစွဲခဲ့ခြင်းဖြစ်။
- ၂၀၀၁ ခုနှစ်မှာပင် Myanmar Information, Communication and Technology (MICT) (ယခု Myanmar Info-Tech) စတင်တည်ထောင်ခဲ့သည်။
- ၂၀၀၃ ခုနှစ် နောက်ပိုင်းအချိန်တွင် ပြည်တွင်း အင်တာနက် သုံးစွဲခွင့်အား အများပြည်သူသို့ ပြန်လည် အသုံးပြုခွင့် ပေးရေးအတွက် Internet Service Providers (ISP) ကို အစိုးရပိုင် Bagan Cybertech (ယခု - မြန်မာတယ်လီပို့) နှင့် MPT တို့သာ ရရှိခဲ့ကြသည်။ အဆိုပါ ISP နှစ်ခုမှ IP Star အင်တာနက်ဖုန်း၊ Broadband အင်တာနက်လိုင်းနှင့် ADSL အင်တာနက် လိုင်းများကို ၀န်ဆောင်မှုပေးခဲ့။
- ၂၀၀၈ ခုနှစ်အချိန်တွင် WiMax အင်တာနက်စနစ်အား ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် Red Link မှ စတင်မိတ်ဆက်ခဲ့။
- ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်များတွင်မူ FTTH နှင့် FTTx အင်တာနက် ၀န်ဆောင်မှုများအတွက် လုပ်ကိုင်ရန် ကြိုးပမ်းလာသူ ပုဂ္ဂလိက ကုမ္ပဏီများပေါ်ထွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် LSP(Local Service Provider) အဖြစ် လုပ်ကိုင်ခွင့်ရသော ပုဂ္ဂလိက ကုမ္ပဏီငါးခုပေါ်ထွက်ခဲ့။
- ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းနှင့် ၂၀၁၁ ခုနှစ်နှစ်ဆန်းပိုင်း အချိန်တွင် GSM နှင့် CDMA ဖုန်း များတွင် အင်တာနက်သုံးစွဲခွင့် ပေးခဲ့ပြီး McWill ဖုန်းနှင့် SkyNet အင်တာနက် ၀န်ဆောင်မှုများလည်း ထပ်မံပေါ်ထွက်ခဲ့။
 - ၂၀၀၁ ခုနှစ် နောက်ပိုင်းကာလမှာပင် အင်တာနက်ကဖေး အချို့ ပေါ်ပေါက်လာသော်လည်း လူနည်းစုအတွက်သာ ဖြစ်ခဲ့ပြီး အသုံးပြုခမှာ တစ်နာရီလျှင် ကျပ်ငွေ ၁၅၀၀ ကျော်အထိ ကျသင့်ခဲ့။
-  အင်တာနက်သုံးစွဲမှု အနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အင်တာနက်သုံးစွဲသူ အရေအတွက် လေးဦးသာရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး၊ ၂၀၁၁ ခုနှစ် မတ်လတွင် ၃၈၀၀၀၀ ဦးရှိလာ။

Mobile Phone များ၏ ပြောင်းလဲခဲ့ပုံ အဆင့်ဆင့်
 ဆယ်လူလာဖုန်း - ၁၉၉၀ ပြည့်နှစ်။ စထွက်ခါစ၌ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ထိ ပေါက်ဈေးရှိ။ လုပ်ငန်းရှင်များသာ ကိုင်ဆောင် အသုံးပြုနိုင်ခဲ့သည်။ ၎င်းဖုန်းလိုင်းများအား ယခုအခါ ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
 ခြင်းဖုန်း - ၁၉၉၉၊ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်များ၌ စတင်ချထားပေးခဲ့သည့် CDMA 800 MHz စနစ်သုံးဖုန်းဖြစ်သည်။ ဆက်သွယ်ရေး သွင်းဈေးကျပ် ၅ သိန်း။ ရန်ကုန်နှင့် မန္တလေးမြို့များတွင်သာ သုံးနိုင်ခဲ့။ အထိုင်ဖုန်းနှင့် သုံးစွဲရပြီး ခြင်းတောင်းနှင့် ထည့်သယ်ဆောင်သုံးကြသဖြင့် ခြင်းဖုန်းဟု ခေါ်တွင်ခြင်းဖြစ်သည်။ ဖုန်းနံပါတ်အစမှာ ၇ နှင့်စကာ ဂဏန်း ၆ လုံးပါဝင်သည်။
 GSM - ၂၀၀၂ ခုနှစ်တွင် စတင်ချထားပေးခဲ့။ စတင်ငှားရမ်းပေးခဲ့စဉ်က ကျပ် ၅ သိန်းဖြစ်သော်လည်း နောက်ပိုင်းတွင်ကျပ် ၁၀ သိန်း ထိုမှတဖန် ကျပ် ၁၅ သိန်းသို့ တိုးမြှင့်ပေးသွင်းခဲ့ရသည်။ စတင်ချထားပေးစဉ်ကာလ၌ ပြင်ပပေါက်ဈေးကျပ်သိန်း ၂၀ မှ သိန်း ၅၀ အထိ ပေါက်ဈေးရှိခဲ့သည်။ လူကြိုက်များသည့် ဖုန်းအမျိုးအစား ဖြစ်ပြီး စတင်ချထားပေးခဲ့စဉ်မှစ၍ ကာလရှည်တစ်ခုအထိ အရပ်သားများ လျှောက်ထားရန် ခက်ခဲခဲ့သည်။၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၎င်းဖုန်းများအား ကျပ်ငါးသိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး မည်သူမဆိုလျှောက်ထားနိုင်ခဲ့သည်။၂၀၁၂ခုနှစ် မတ်လတွင် ၎င်း GSM မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများအား ကျပ်နှစ်သိန်းသို့ ထပ်မံလျှော့ချခဲ့သည်။
 CDMA - ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ချထားပေးခဲ့ပြီး နံပါတ်အစမှာ ၀၉၈၀ နှင့်စတင်သည့် 800 MHz ကြိမ်နှုန်းအား အသုံးပြုထားသော မိုဘိုင်းဖုန်းဖြစ်သည်။ ဆက်သွယ်ရေး သွင်းဈေးကျပ် ၅ သိန်းဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ ၂၅ သိန်းမှ သိန်း ၅၀ အထိ ရှိခဲ့သည်။ ၎င်းဖုန်းသည်လည်း ပြင်ပအရပ်သား များ လျှောက်ထားရန် ခက်ခဲခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများ ထပ်မံချထားပေးခဲ့သည်။ မန္တလေးမြို့၌ စတင်ချထားပေးခဲ့ပြီး မကြာမီရန်ကုန်မြို့တွင်ပါ ဆက်လက် ချထားပေးခဲ့သည်။ သွင်းဈေးကျပ် ၅ သိန်းဖြစ်ပြီး စတင်ချထားပေးစဉ်က နယ်မြေ အကန့်အသတ် ဖြင့်သာ အသုံးပြုနိုင်ခဲ့ပြီး နောက်ပိုင်းတွင် ၀၉ မိုဘိုင်းကုတ်သို့ ပြောင်းလဲခဲ့ပြီး ၎င်းဖုန်းလိုင်းရရှိသည့် နေရာများသို့ ယူဆောင် အသုံးပြုနိုင်ခဲ့သည်။ ပထမဦးဆုံး ကြိုတင်ငွေဖြည့်စနစ်(Prepaid Card)ဖြင့် သုံးစွဲရသည့် ဖုန်းလဲဖြစ်သည်။ ၎င်းဖုန်းအား ၇၃ ဖုန်းဟူ၍ လူသိများခဲ့ပြီး မည်သူမဆို လွတ်လပ်စွာ လျှောက်ထားခွင့် ရခဲ့သည်။
 ကမ်းရိုးတန်းဖုန်းခေါ် CDMA 450MHz - ၂၀၀၈ ခုနှစ်၌ စတင်ချထားပေးခဲ့သည်။ ကမ်းရိုးတန်းဒေသများ အတွက် ရည်ရွယ်၍ ချထားပေးခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းရှိ မြို့ပေါင်း တော်တော်များများတွင် သုံးစွဲနိုင်သည်။ သွင်းဈေး ကျပ် ၁၅ သိန်းကျော် ဖြစ်ပြီး ၀၉ ၈၅၊ ၈၆၊ ၈၇ နံပါတ်များဖြင့် စတင်သည်။ ဟန်းဆက်ဖြင့် သုံးစွဲနိုင်သည့်အပြင် အထိုင်ဖုန်းဖြင့်လည်း သုံးစွဲနိုင်ခဲ့သည်။ ၎င်းဖုန်း အမျိုးအစားကဲ့သို့ပင် ကျပ် ၅ သိန်းတန်ဖုန်းများအား ၂၀၁၀ခုနှစ်တွင် နေပြည်တော်၌ စတင်ချထားပေးခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန်မန္တလေးမြို့များတွင်ပါ ချထားပေးခဲ့သည်။၂၀၁၁ ခုနှစ်၌နယ်မြို့များတွင်ပါ ထပ်မံချထားပေးခဲ့ပြီး လတ်တလောကာလတွင် ချထားပေးမှု ရပ်ဆိုင်းထားပြီး နောက်တဖန် ထပ်မံချထားပေးမည့်အခါတွင် ကျပ်၂ သိန်းဖြင့် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
WCDMA - GSM မိုဘိုင်းဖုန်း အမျိုးအစားပင်ဖြစ်ပြီး 3G Network တွင် အသုံးပြုနိုင်သည်။ ၂၀၀၉ ခုနှစ် ၀န်းကျင်တွင် စတင်ချထားပေးခဲ့ပြီး ဆက်သွယ်ရေးသို့ သွင်းရသည့်ဈေးမှာ ကျပ်၁၅သိန်းပင်ဖြစ်သည်။ ထိုစဉ်ကာလ၌ ပြင်ပပေါက်ဈေး သိန်း၃၀ ၀န်းကျင်ထိ ပေါက်ခဲ့သည်။ ၄င်းဖုန်းများအား ၂၀၁၂ခုနှစ်ဧပြီလတွင် ကျပ်၂၅၀၀၀ ဖြင့် ထပ်မံချထားပေးလျက် ရှိသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=13802:2012-05-27-04-35-21&catid=42:2009-11-10-07-36-59&Itemid=112
Unknown at 5:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ

လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။

မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်ဝယ် အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။
ထို့အပြင် ၎င်းသေဆုံးသည့် နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal




သစ်ထူးလွင်
Unknown at 5:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနေရာများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်ရမည်





၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Wrieless Broadband စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ကုမ္ပဏီများပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကုမ္ပဏီများအား ဈေးနှုန်းတင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။ Wireless Broadband Internet Access( WiFi) စနစ်ရရှိအောင် ဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းဖြစ်သည်။ အဆိုပါ စနစ်လုပ်ငန်းဆောင်ရွက်မည့် နေရာများမှာ နေပြည်တော် ဇမ္ဗူသီရိ အားကစားကွင်းများ၊ အားကစားရွာနှင့် ဟိုတယ်ဇုန်များ၊ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းများ၊ ရန်ကုန်မြို့ အားကစားပြိုင်ပွဲကျင်းပမည့် နေရာများ၊ မန္တလေးမြို့ အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာများ၊ ပုသိမ် (ငွေဆောင်) အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာများ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဆောင်ရွက်ချက်ကို ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများအား သတင်းအချက်အလက်နှင့် နည်းပညာဌာနတွင် ဝယ်ယူရမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်း -၀၆၇-၅၀၁၇၇၇၊ ၀၆၇-၅၀၀၄၀၀၊ ၀၆၇-၄၂၁၂၂၂၊ ၀၆၇-၄၂၁၇၇၁သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း   သိရှိရသည်။

 

    ခေတ်လူငယ်
Unknown at 5:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား

ဆီဆိုင်၊ မေလ ၃၀၊ ၂၀၁၂ ၊ (YPI)

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

ယခုလလ ၂၂ ရက်နေ့ ညနေ ၄း၃၀ နာရီက အသက် ၆၀ အရွယ်ရှိအမျိုးသမီးသည် ရွာနဘေး  ခြံကွက်တွင် အလုပ်လုပ်နေချိန် ခမရ ၄၂၄ မှ တပ်သား ထန်မြတ်ခိုင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ပြုကျင့်ခံရသူက YPI သို့ပြောသည်။

၎င်းက “အဖွားကိုရေချိုးလို့ရတဲ့ နေရာကို မေးတယ် ပြီးတော့ စစ်သားက ဆင်းသွားလိုက်တယ်၊  အဖွားကသူသွားပြီထင်တာ၊  ထင်လဲမထင်ထားဘူး အလုပ်ပဲဆက်လုပ်တယ် ခဏတော့ ဆတ်ခနဲ အဖွားအနောက်ဘက်ကနေ ဖက်ပြီး တွန်းလှဲတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“အဖွားက အရမ်းကြောက်တော့ နပန်းလုံးတာ ဘယ်လောက်ကြာတာတောင်မသိတော့ဘူး အဖွားက မှောက်လျက် စစ်သားက အပေါ်က၊ သူ့ရဲ့ငယ်ပါကို အဖွားက ဆွဲပြီးညှစ်တယ် ပြီးတော့ သူက လွယ်အိတ်ထဲကနေ ဓါးထုတ်ပြီး  အပေါ်ကနေ အဖွားကိုထိုးချတယ်” ဟု၎င်းအမျိုးသမီးက ဆက်လက်ပြောပြသည်။

ယင်း တပ်သားမှာ အမျိုးသမီး၏ နဖူးမှ သွေးထွက်သွားခါမှ ထွက်ပြေးသွားသည် ဟု ၎င်းကပြောပြသည်။   ခေါင်းတွင်သွေးထွက်လျှက်အိမ်ပြန်ပြီး ဖြစ်စဉ်ကို သားသမီးများအား ပြောပြသည့်အခါတွင် ရွာသူကြီးနှင့် တခြားတပ်သားများက ထန်မြတ်ခိုင်ကို လိုက်လံဖမ်းဆီးရာ ၎င်းက ဓါးဖြင့်ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

ကျူးလွန်သူဟု ယူဆသူ ထန်မြတ်ခိုင်မှာ မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် မိမိကိုယ်ကိုဓားဖြင့် ဟန်ဆောင်ထိုးပြီး ပစ်လဲသည့်နောက်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟုရွာသားများကပြောသည်။

အနိုင်ကျင့်ခံရသူအမျိုးသမီးအား ရွာသားများကဆီဆိုင်မြို့ပြည့်သူ့ဆေးရုံသို့ ညနေ ၇း၀၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်။ တပ်သား ထန်မြတ်ခိုင်ကိုလည်း ရွာသားများက ဆီဆိုင်မြို့ပြည်သူ့ဆေးရုံကိုပို့ရာ နောက်နေ့နက်တွင် တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားပြီး  ယခုအောင်ပန်း ကုတင် ခုနှစ်ရာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည်ဟု သိရသည်။

ကာယကံရှင်အမျိုးသမီးက ယခုအဖြစ်အပျက်ကို ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးခွန်လှသိန်းတို့ကိုတိုင်ကြားထားသည်ဟု YPI သို့ပြောသည်။ စစ်တပ်မှ ဆေးကုသစရိတ် ကျပ်ငွေတစ်သိန်းခွဲပေးသည်ဟုသိရသည်။

“ အဖွားလည်း တရားမရင်ဆိုင်တော့ပါဘူး ရင်ဆိုင်ရင် ငွေလည်းမရှိဘူး အလုပ်လည်းပျက်အုံးမယ် အဲတော့ရှေ့ရေးအတွက်တွေးပြီး ဒီလိုပဲကျေအေးပေးရတယ်” ဟု၎င်းက ပြောသည်။

နောင်ပတ်ကျေးရွာသည် ဆီဆိုင်မြို့မှ ငါးမိုင်ခန့်တွင်ကွာဝေးသည်။ အမဲရောင် နယ်မြေဖြစ်၍ စစ်တပ် သွားလာလှုပ်ရှားမှု အမြဲရှိသည့် ကျေးရွာတရွာဖြစ်သည်။       ။
by Yangon Press International


Unknown at 5:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook သုံးပြီး သူများကို စိတ်ဒုက္ခပေးသူတွေ အကြောင်း


ငွေစင်သွန်း။ "  .............. "  ဆိုတဲ့နာမည်ကို လာ add တာမြင်လို့  ပြန်ရှာနေတာ
ခင်ဗျား မမှတ်မိလို့ လာပြန်အတ်တာလား မှတ်မိရက်နဲ့ လာပြန်အတ်တာလား တော့မသိဘူး
ခင်ဗျားကိုကောင်းကောင်းမှတ်မိပါတယ်။
အရင်က ခင်ဗျား ငွေစင်သွန်းကို တစ်ရက်ထဲ ပိုစ့်တွေ တဂ်ဖူးတာ ပိုစ့် ၈ ပိုစ့်လောက်တောင် တဂ်ဖူးပါတယ်။ သေချာအောင် ခင်ဗျားပိုစ့်တွေပြန်ရှာနေတာ။ တွေ့ ပါပြီး ...
သင့်ခန္ဓာကိုယ်နှင့် လိုက်ဖက်သော ဂျင်းဘောင်းဘီ Style
သွေးဆုံးချိန် ရောက်လာသောအခါ တို့ 
ကိုယ်ဝန်ဆောင်များအတွက် နေ့လည်စာနှင့် ညစာ

ခင်ဗျား ။ ညီမကို သိ ပါတယ် ကျောင်းသူ ထင် လို့ပါ နိုင်ငံခြားကထင်လို့ပါ နောက် မေးခေါ်ပြောထူး လုပ်ဘူးသူ အားလုံးကို ပြန်ခေါ်ပါတယ် အမှန်အတိုင်းဆို အားလုံးနဲံခင်ခင်မင်မင် နေချင်တာပါ


ငွေစင်သွန်း ။ အစာအိမ်ဆေး ရေရှည်သောက်သုံးသူများ ဝမ်းပျက်ဝမ်းလျှော မကြာခဏဖြစ်
Friday, 16 March 2012
တို့  မှာ လိုက်ခ်ပေးခဲ့ဖူးပါတယ်
မေးထူးခေါ်ပြောလုပ်ချင်ပါတယ် တဲ့
ဟုတ်လား
ခင်ဗျား ငွေစင်သွန်းကို ဘလော့သွားတယ်လေ
ဘလော့ကို ဘလော့သွားခဲ့တာပါ
ခု ရန်ဖြစ်နေတာမဟုတ်ဘူး
ပြန်ပြောပြတာ
ခင်ဗျား ကို ကွန်မန့် ပေးတာ ဘလော့သွားတယ်
စိတ်တော်တော်မကောင်းပါဘူး
ဖဘ မှာအာရုံနောက်အောင် ခင်ဗျားလုပ်သွားဖူးတယ်
အဆင်ပြေသလိုနေပါ
ငွေစင်သွန်း ဆိုတာ ချက်တင်လည်းမထိုင်ဘူး
သူများကိုလည်း အာရုံနောက်အောင်မလုပ်ပါဘူး
မရိုင်းလာမချင်းလည်း ဘလော့မလုပ်ဘူး
ခင်ဗျား ဘလော့သွားတာ အဲတုန်းက လိုက်ရှာတယ်
မတွေ့ တော့ သူငယ်ချင်းအကောင့်ကိုသုံးပြီး ၀င်ကြည့်မှ သိတယ်
ခုလိုပဲ comment ပေးစာရိုက်နေရင်းနဲ့ စာဆက်ရိုက်လို့ မရတော့မှ
ခင်ဗျား ဘလော့သွားမှန်းသိတာ
ငွေစင်သွန်း အမုန်းမထားပါဘူး
ဘ၀က ခဏပါ မကျေနပ်ခဲ့တာ ခင်ဗျားလုပ်သွားတာကိုမမေ့သေးတာ ပြောပြတာပါ

ခင်ဗျား။ ညီမ ရေ တခါတလေ စိတ် တို သွေးတိုးမိတာတွေ ရှိပါတယ် ဒါပေမဲံ့ လူ တိုင်းကို ပြန်ဆက်သွယ်ပါတယ် အားလုံးကို ခင်ခင်မင်မင် ဆက်ဆံချင်တာပါ ညီမကို BLOCK တာ က စိတ်ဆိုးလို့မဟုတ်ပါ တင်တဲ့ ပိုစ်တွေရဲံ လင့်ကို ကိုယ်က အသိမပေးချင်တာပါ ကိုယ့် မှတ်စုတွေ မြင်လျှင် ဘယ်သူဆီက တင်တယ် ဆိုတာ ညီမ ကို မမြင်စေချင်လို့ BLOCK ခဲံတာပါ

ငွေစင်သွန်း ။ ပျော်ရွှင်ပါစေ အေးချမ်းအောင်နေတတ်ပါစေ
မလိုဘူး ခုမရှင်းပြနဲ့ တော့
ခင်ဗျား ဘလော့မလုပ်ခင်ထဲက အဲလိုရှင်းပြရမှာ
ကိုယ်ကလုပ်ခဲ့သူဆိုတော့ မေ့နိုင်ပေမယ့်
အပြစ်မရှိခံခဲ့ရတဲ့ သူကတော့ သင်ခန်းစာပါပဲ

ခင်ဗျား ။ ဟုတ် အခု စိတ် ကောင်း စိတ် မြတ် နဲံ အားလုံးကို ခင်ခင်မင်မင် ဆက်ဆံချင်လို့ ပြန်ဆက်သွယ်တာပါ

ငွေစင်သွန်း ။ မိန်းကလေးဆိုတာ ငါလည်းအပြစ်မလုပ်ပဲခံရရင်
ဘ၀မှာ ဘယ်တော့မှမမေ့ပါဘူး
ဒီလောက်ပါပဲ
ငွေစင်သွန်း ကြိုက်တာတွေ့ ရင် လိုက်ခ်ပေးပါ့မယ်
မှတ်ချက်နဲ့ ကွန်မန့် တော့ သိတဲ့ ပညာကိုဘယ်တော့မှ ခင်ဗျားကို  မျှဝေတော့မှာမဟုတ်ပါဘူး
အဲလိုပေးခဲ့လို့ ဘလော့သွားတာလေ
အေးချမ်းပါစေ

ခင်ဗျား ။ အားလုံးကို လွန်သမျှ ၀န်ချ တောင်းပန်နေပါတယ် လူတိုင်းကိုပါ

ငွေစင်သွန်း ။ခင်ဗျားကလုပ်ခဲ့ပြီးမှတော့ ပြောအားရှိတာပေါ့ ဒီနေ့ တော့ ပြောပြလိုက်တာပါ
ကောင်းသောနေ့ ပါ
see u
good take care

ခင်ဗျား ။ ကျးဇူးပါ
ညီမ သိ တဲ့ ပညာကို မျှဝေပေး ပါ နော် လင့်ကိုတော့ ကိုယ်က ပြောမပြချင်တာလေ ပညာတော့လိုချင်တာပေါ့

 ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

မြင်လည်းမမြင်ဖူးကြဘူး။ ထိတွေ့ ကိုင်တွယ်ခြင်းလည်း မရှိခဲ့ကြတဲ့လက်တွေ ဘယ်နှစ်ယောက်လောက် သူများစိတ်ကိုသတ်ဖူးပါသလဲ ?ဆေးပညာစာတွေမျှဝေတဲ့သူတစ်ဦးရှိပါတယ်။ အမုန်းတရားလည်းမရှိပဲ ဆရာဝန်မဟုတ်ပေမယ့် သိသလောက်ပြောပြခဲ့ပါတယ်။ခင်ဗျားဆေးပညာဖြန့် ဝေတာဘယ်ကကူးလာတယ်ဆိုတာလေးတော့လိုတယ်နော် တစ်ခွန်းပဲပြောလိုက်တာ .... မကြာဘူး စက္ကန့် ပိုင်းအတွင်း ဘလော့သွားပါတယ်။ ခင်မင်တဲ့အပေါင်းအသင်းတွေအားလုံးသိပါတယ်။ လူဆိုတာ သူများကို အနာတရဖြစ်အောင်လုပ်သွားခဲ့ရင်ဒါဏ်ရာက ကျက်ခဲ့လည်း ပြန်မြင်တိုင်း ဒေါသထွက်တတ်ပါတယ်။ ပညာမဲ့ရင်ပေါ့ ......


လူတွေကိုတစ်ခါတစ်လေ မုန်းတာအဲတာကြောင့်ပါ
အမုန်းလည်းမရှိဘူး ရန်ညိုးလည်းမရှိဘူး။ တစ်ဖက်လူကိုလည်းအကြောင်းမကြားဘူး
လုပ်ပိုင်ခွင့်ပဲဆိုပြီး ချစ်ခင်ခြင်းလမ်းစကို ပိတ်ဆို့ လိုက်ကြတယ်။
့ပြီးရင်မသိသလို ပဲ ပြန်ဝင်လာတယ်။
ဇရပ်တော့မဟုတ်ပေမယ့် ဘုရားဟောမှာ ခွင့်လွှတ်ခြင်းဆိုတာ အလကားထားထားတာ
မဟုတ်ပါဘူး။

အေးအေးဆေးဆေး ကိုယ်ခံစားချက်နဲ့ ကိုယ်နေတဲ့လူအပေါ်မှာ
ဖိနှိပ်မယ်။ စိတ်ထိခိုက်အောင်လုပ်မယ်။ မတရားစွပ်စွဲမယ်။ အမုန်းထားမယ်ဆိုရင်
လမ်းခွဲတာကောင်းပါတယ်။ လမ်းခွဲပြီးရင် ပြန်မ၀င်လာတာကောင်းပါတယ်။
ပြန်ဝင်လာပြီးရင်လည်း ထပ်မထွက်သွားပဲ ပြေလည်အောင်နေရင်ကောင်းပါမယ်။
မဟုတ်ရင် လူတွေ အဲဒီအမုန်းကြောင့်သွေးတိုးကုန်မယ်။

" Sweet things are easy to buy, But sweet people are difficult to find."

" Life ends when you stop dreaming."



ငွေစင်သွန်း
30.5.2012 ( 08.06 AM )
Unknown at 3:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန်ပြူတာမှာလည်း အဖို အမ ရှိတယ်ဆိုယုံမလား သင့်ကွန်ကကျားလားမလားသိချင်ရင်

 
ကွန်ပြူတာမှာလည်း အဖို အမ ရှိတယ်ဆိုယုံမလား
သင့်ကွန်ကကျားလားမလားသိချင်ရင်လွယ်လွယ်လေးပါ လူတိုင်းလုပ်နိုင်ပါတယ် ။
1. အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ.  
2. ပြီး CreateObject("SAPI.SpVoice").Speak "I love YOU" ဆိုတဲ့စာတန်းလေးရိုက်ထည့်လိုက်ပါ   
3. Save as ကိုကလစ်ပြီး Desktop မှာ ထားပေးလိုက်ပါ..   

4. File အမည်ကိုကြိုက်ရာ ပေးလိုက်ပြီး  နောက်မှာ ( .vbs )လို့ခံပေးရပါမယ်  ဥပမာ 1234.vbs  လို့အမည်ပေးပြီး
save လိုက်ပါ   Desktop မှာခုဏ save ထားတဲ့ File ကို Double click တဲ့အချိန်မှာ..I love you လို့သင့်ကိုပြောလာလိုက်မယ် ပြောလိုက်တဲ့အသံကိုနားထောင်ချင်းဖြင့် သင့်ကွန်ပြူတာက ကျား လား  မ လားဆိုသိရပါပြီ ။
ပျော်ရွှင်ပါစေ  
ဒါတင်မကပါဘူး  အဲဒီ file ကို right click  /  edit /  မူလစာသားတွေကိုတမျိုးပြောင်းရေးလို့ရပါတယ်..ကိုယ်ရေးတဲ့ အတိုင်း
ကွန်ကပြန်ပြီးစကားပြောပါလိမ့်မယ်..
ဥပမာ  CreateObject("SAPI.SpVoice").Speak "In sunny days, I like to go swimming, or playing table tennis, in rainy days, I like to stay in home, reading some books, playing piano, and drawing pictures."
မူလ "I love YOU"  နေရာမှာ  "In sunny days, I like to go swimming, or playing table tennis, in rainy days, I like to stay in home, reading some books, playing piano, and drawing pictures." 
မိမိနှစ်သက်ရာဝါကျ ရိုက်ထည့်ပေးသလို အဲဒီတိုင်းစကားပြောလိုက်မယ်နော် မြန်မာလို
မရတာဘဲဆိုးပါတယ်..သူငယ်ချင်းတို့ ပြောစေချင်တဲ့စကားတွေကို ရိုက်ထည့်ပြီးစမ်းကြည့်ပါ..
တရုပ်ဆိုဒ်တခုမှာတွေ့ရှိဘာသာပြန်ပြီး မျှဝေပါတယ်။

http://www.mmcfamily.org/forum/topic/show?id=3003595%3ATopic%3A1577283&xgs=1&xg_source=msg_share_topic မှ ..
Unknown at 3:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စိတ်ရှည်စွာဖြင့် ပညာသင်ပါ




တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ ကျောက်မျက်ပညာကို တစ်ဖက်ကမ်းခပ်အောင် တက်မြောက်ကျွမ်းကျင်တဲ့ ဆရာကြီးရှိပါသတဲ့။  တစ်နေ့တော့ ထိုဆရာကြီးဆီကို လူငယ်လေးတစ်ယောက်ကလာပြီးတော့ ပညာသင်ခွင့်တောင်ခံပါသတဲ့။  ဆရာကြီးက သူငယ်ကလေးကို ကြည့်ပြီးတော့ မဖြစ်နိုင်ပါဘူးကွယ် ဒီပညာသင်ဖို့ရာ စိတ်ရှည်ဖို့လိုတယ်ကွဲ့။  သူငယ်လေးကလည်း လေးလေးနက်နက်ကို စိတ်ရှည်စွာနဲ့ ပညာသင်ယူဖို့ ကတိပြုပါသတဲ့။
  ကောင်းပြီး ဒါဆိုရင်တော့ မနက်ဖြန်လာခဲ့ပါ။
          နောက်နေ့မနက် လူငယ်လေး ရောက်လာတော့ ဆရာကြီးက လူငယ်လေးလက်ထဲကို ကျောက်စိမ်း အရိုင်းတစ်တုံးထဲ့ပေးပြီးတော့ သူငယ် မင်းဒါလေးကို ကိုင်ထားလို့ပြောပြီး သူလုပ်စရာရှိတဲ့ ကျောက်ဖြတ်ခြင်း၊ ကျောက်အလေးချိန် ချိန်တွယ်ခြင်း၊ ကျောက်များကို စီခြင်း စတာတွေကို လုပ်ကိုင်နေပါသတဲ့။  လူငယ်လေးလဲ ငြိမ်သက်စွာနဲ့ပဲ ထိုင်နေပြီး ကျောက်စိမ်းအရိုင်းတုံးကလေးကို ကိုင်ထားပါသတဲ့။
          နောက်တစ်နေ့ လူငယ်လေးရောက်လာပြန်တော့လဲ ဆရာကြီးက ကျောက်စိမ်းအရိုင်းတုံးကလေးကို လူငယ်လေးလက်ထဲကို ထည့်ပြီး ကိုင်ထားစေပြန်ပါသတဲ့။  ဒီလိုနဲ့ တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ တွေမှာလည်း ကျောက်စိမ်းအရိုင်းတုန်းကလေးတွေ ပေးပေးပြီးတော့ ထိုနည်းတူ ကိုင်ထားခိုင်းပါသတဲ့။
          ခြောက်ရက်မြောက်နေ့ကျတော့ ကျောက်စိမ်းအရိုင်းတုံးကိုလေးကို ကိုင်ထားရင်းနဲ့ လူငယ်ကလေးက သည်းမခံနိုင်တော့ဘဲ “ဆရာကြီးရယ်၊  ကျွန်တော့်ကို ဘယ်တော့များ ကျောက်မျက်ပညာသင်ပေးမှာလဲ ဆရာကြီး” လို့မေးပါတဲ့။  ဆရာကြီးက “မင်း မကြာခင်သင်ရမှာပါ” လို့ ပြန်ပြောပြီး သူ့အလုပ်ကိုသာ သူဆက်ပြီးလုပ်နေပါသတဲ့။
          ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် သူငယ်လေးဟာ မနက်တိုင်း ကျောက်စိမ်း အရိုင်းတုံးလေးတွေကိုသာ ကိုင်ရင်းနဲ့ ကုန်လွန်လာခဲ့ပါသတဲ့။  တစ်နေ့တော့ ဆရာကြီးဟာ သူငယ်လေးဆီကိုလာပြီးတော့ သူ့ကို တစ်ခုခုကို ကိုင်ခိုင်းဖို့ လက်ယက်ခေါ်ပါသတဲ့။  သူငယ်လေးဟာ စိတ်မပါတစ်ပါနဲ့ဘဲ ဆရာကြီးဆီကို လာပါသတဲ့။  ဆရာကြီးဟာ ကျောက်အရိုင်းတစ်တုံးကို သူငယ်လေးလက်ထဲကို ထည့်ပေးလိုက်ပါသတဲ့။  အဲ့ဒီမှာ လူငယ်လေးက “ဆရာကြီး ဒါက ကျောက်စိမ်းတုံးနဲ့ မတူဘူး”။
          ဆရာကြီးက ပြန်ဖြေသတဲ့ “အင်း မင်းပညာသင်နေပြီလေ”
Unknown at 2:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်မြို့ခံ ၆ ဦးကို ရိုက်နှက် ဖမ်းဆီးသူ များအား တရားစွဲဆိုရန်စီစဉ်လျှက်ရှိ


လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်ကြသည့် ပြည်မြို့ခံများအနက် ရဲအရာရှိများ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ ၆ ဦးမှ မိမိတို့အား ရိုက်နှက်ရန် အမိန့်ပေးသူများအပါအ၀င် တာ ၀န်ရှိသူများအား ဥပဒေကြောင်း အရ ထိထိရောက်ရော် တရားစွဲဆိုသွားရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

““ ကျွန်တော်တို့ကိုရိုက်ဖို့အမိန့်ပေးတဲ့ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊မြို့နယ်မှူးအောင်ဇော်ထက် အပါအ၀င် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦး ကျော်ဆွေကပြောပေါ်ပြူလာနယူးစ်မှဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ်ပြောကြားသည်။

တရားစွဲဆိုရန်ကိစ္စရပ်အား ဥပဒေကြောင်းအရ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်စီစဉ်သွားမည်ဖြစ် ပြီး အကူအညီပေးနိုင်မည့် အဖွဲ့အစည်းအားလုံးကိုလည်း အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

““ ကျွန်တော်တို့ကို ရိုက်နှက်ဖမ်းဆီးဖို့ ဘယ်သူကအမိန့်ပေးတာလဲ။ နိုင်ငံတော် သမ္မတ ကပေး တာလား၊ အဲဒါဆိုကျွန်တော်လက်ခံတယ်။ အဲလိုမဟုတ်ဘဲ ဘယ်သူမှ အမိန့်မပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ်ဆိုရင် ကျွန်တော်မကျေနပ်နိုင်ဘူး။ ဥပဒေရဲ့အထက်မှာ တစ်ယောက်ယောက်ရှိနေတာမျိုးဖြစ်နေ တာကို လက်မခံနိုင်လို့ တရားစွဲဆိုမှုကို မဖြစ်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ထားတာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခံရ သူများတွင် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသူ ကိုဖိုးဖြူကပြောသည်။


အဆိုပါကိစ္စရပ်သည် လုံးဝမဖြစ်သင့်သည့် ကိစ္စရပ်ဖြစ်ပြီး ဒီမိုကရေစီသို့သွားနေသည့် လမ်းကြောင်း တွင် ယခင်စနစ်ဟောင်း စနစ်ဆိုး၏ အမွေအနှစ်များကျန်ရှိနေခြင်းမှာ လက်ခံနိုင်ဖွယ်ကိစ္စရပ်မဟုတ်ကြောင်း တရားဥပဒေစိုးမိုးရေးသည့် အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ပြည်သူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် လိုအပ်ကြောင်း နိုင်ငံရေးရာ ကျွမ်းကျင်သူအချို့ကအဆိုပါကိစ္စနှင့်ပတ်သက်၍ သုံးသပ်သည်။


ပြည်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်မှုအား မေလ ၂၃ ရက် ကစတင်ခဲ့ပြီး ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မည့်အကြောင်း သက်ဆိုင်ရာဌာနများသို့ ဧပြီလ ၁၀ ရက်က စတင်ပြီး အကြောင်းကြားစာတင်ခဲ့ကြောင်း၊ ဧပြီလ ၆ ရက်တွင် မ.ယ.က အဖွဲ့အစည်းမှ နည်းဥပဒေ မရှိသေးသည့် အတွက် ဆန္ဒဖော်ထုတ်ခွင့်အားငြင်းပယ်ခဲ့ကြောင်း ၊ ဧပြီလ ၉ ရက်တွင် ဆန္ဒဖော်ထုတ်ခွင့်အကြောင်းကြားစာ အားထပ်မံတင်ပြခဲ့ပြီး တစ်လခွဲကြော်ကြာ အကြောင်းမပြန်သည့်အတွက် မေလ ၂၃ ရက်တွင် စတင်ဆန္ဒဖော် ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဥာဏ်လင်းအောင်-Popular Myanmar News Journal
Unknown at 2:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စိတ်ကြွဆေးပြားများဖြင့် မိန်းကလေးများအားလိုက်လံဖျက်ဆီးနေသူ








 မိန်းကလေးများအား စိတ်ကြွဆေးပြားများဖြင့် လိုက်လံဖျက်ဆီးနေသူ မုံရွာမြို့နယ်မှ ကိုစိုးမိုး

ညီမငယ်လေးများ မစားမိရန် အထူးသတိထား ရှောင်ရှားရမည့် စိတ်ကြဆေးလေးပါ၊
ကျွန်နော်ကစာကိုလဲဖွဲ့နွဲ့ပြီးမပြောတော့ပါဘူး၊ သေချာရှင်းပြပြောပြနေရရင်လဲမလိုအပ်တဲ့စကားလုံးတွေလဲပါလာမယ်ဒါကြောင့်လိုတိုရှင်းဘဲရေးပေးလိုက်ပါတယ်၊ဘာကိုဆိုလိုတယ်ဆိုတာညီမငယ်များသဘောပေါက်ကြပါလိုက်မယ်၊ညီမငယ်များရဲ့ဘဝကိုပျက်စီးစေမဲ့စိတ်ကြွဆေးတစ်မျိုးပါ၊ ဆေးဆိုပေမယ့် စားရင်ပီကေနဲ့အရသာတူတူဘဲလို့ ပြောကြရေးကြတာ ကြားဘူးဖတ်ပါတယ်၊ ညီမငယ်များအထူးသတိထားရမဲ့အရာလေးပါ၊ဘယ်သူကဘဲကျွေးကျွေးမစားမိပါစေနဲ့၊အထူးသဖြင့်ညီမငယ်များယုံကြည်အားကိုးတဲ့ချစ်သူရည်းစား ကိုကို မောင်မောင်များ က ကျွေးလာလျှင်

ပိုပြီး သတိထား ရှောင်ရှားနိုင်ရန် တင်ပြပေးလိုက်တာပါ၊ စားမိလျှင်တော့ ကာမကိုခိုးယူလို့ မိမိဘဝပျက်ပြီလို့ဘဲ သတ်မှတ်လိုက်ပါ။



 Myanmar Express
ဘကြီးသက်
Unknown at 2:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.