Wednesday, May 30, 2012

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနေရာများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်ရမည်





၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Wrieless Broadband စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ကုမ္ပဏီများပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကုမ္ပဏီများအား ဈေးနှုန်းတင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။ Wireless Broadband Internet Access( WiFi) စနစ်ရရှိအောင် ဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းဖြစ်သည်။ အဆိုပါ စနစ်လုပ်ငန်းဆောင်ရွက်မည့် နေရာများမှာ နေပြည်တော် ဇမ္ဗူသီရိ အားကစားကွင်းများ၊ အားကစားရွာနှင့် ဟိုတယ်ဇုန်များ၊ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းများ၊ ရန်ကုန်မြို့ အားကစားပြိုင်ပွဲကျင်းပမည့် နေရာများ၊ မန္တလေးမြို့ အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာများ၊ ပုသိမ် (ငွေဆောင်) အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာများ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဆောင်ရွက်ချက်ကို ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများအား သတင်းအချက်အလက်နှင့် နည်းပညာဌာနတွင် ဝယ်ယူရမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်း -၀၆၇-၅၀၁၇၇၇၊ ၀၆၇-၅၀၀၄၀၀၊ ၀၆၇-၄၂၁၂၂၂၊ ၀၆၇-၄၂၁၇၇၁သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း   သိရှိရသည်။

 

    ခေတ်လူငယ်
Unknown at 5:12 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.