Tuesday, May 8, 2012

(၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန်အား မုဒိမ်းကျင့်၍ ဒဏ်ရာများဖြင့် အလောင်းအား တွေ့သည့်ကိစ္စအား ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုထံသို့ တိုင်ကြားစာ...

မွန်ပြည်နယ် အတွင်း လူကုန်ကူးမှုနှင့် ဆက်စပ်နေသော မိန်းကလေးငယ် အသတ်ခံရမှု ဆိုပြီး
ပေးပို့လာတဲ့ စာအား ဖော်ပြလိုက်ပါတယ်..။ 

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မောကနင်ကျေးရွာ ခလရ (၁၀၆)တပ်ရင်းအရာရှိ လိုင်းခန်းအဆောင်ထဲတွင် (၈)နှစ်သမီး ဒုတိယတန်းကျောင်းသူ မေသင်္ကြန်အား မုဒိမ်းကျင့်၍ ဒဏ်ရာများဖြင့် အလောင်းအား တွေ့သည့်ကိစ္စအား ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကိုကိုထံသို့ လာမည့် မေလ(၇)ရက်နေ့ တနင်္လာနေ့မှာ တိုင်ကြား ပေးပို့မည့်စာ ဖြစ်ပါတယ်..။
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စနစ်တကျသတင်းပို့ခြင်းမရှိဘဲ မြေမြှုပ်အလောင်းဖျောက်ဖျက်မှု



မန္တလေး-လားရှိုး-မူဆယ်လမ်းတနေရာ (Photo-Google Images)
မိမိယာဉ်ပေါ်တွင်စီးနင်းလိုက် ပါလာသော ခရီးသည်ယာဉ်ပေါ် မှ ပြုတ်ကျသေဆုံးသွားသဖြင့် ဥပဒေကြောင်းအရသတင်းပို့တိုင် ကြားခြင်းမရှိဘဲမြေမြှုပ်အလောင်း ဖျောက်ဖျက်မှု လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သေဆုံးသူ အိုက် လောက်(ဘ)ဦးအိုက်ထက်လုံသည် ရပ်ကွက်(၁) နမ္မတူမြို့တွင် ဇနီး ဖြစ်သူ မအေးအိမ်(ဘ) ဦးအိုက် တန်းနှင့် အိမ်ထောင်ကျ၍ သား သမီး(၁)ဦး ထွန်းကားခဲ့ပြီး တောင် ယာလုပ်ငန်းကို ရိုးရာမပျက်လုပ် ကိုင်နေသူ ဖြစ်သည်။
ထိုမှတရုတ်နယ်စပ် မူဆယ် မြို့၊ မန်ခါးကျေးရွာတွင်ကြံခုတ် လုပ်ငန်းလုပ်ကိုင်ရန်တစ်မြို့တည်း နေ သူငယ်ချင်းအိုက်ဆိုင်း၊ သန်း ဟိန်းတို့နှင့်အတူ သွားရောက် လုပ်ကိုင်နေခဲ့ရာမှ လုပ်ငန်းပြီးစီး ၍ မတ် ၂၂ရက်နေ့ နံနက်ပိုင်း တွင် ၁၀၅ မိုင်စစ်ဆေးရေးစခန်းမှ တရားခံထွေးမြင့် မောင်းနှင်သော ယာဉ်အမှတ် ဂင/၉၇၈၅ (Light Truck) အဖြူရောင်ကားဖြင့်စီး နင်းလိုက်ပါခဲ့သည်။ ကားပေါ် တွင် မူဆယ်မှလိုက်ပါလာသူ ကျား(၅)ဦး၊ မ(၂)ဦးလိုက်ပါပြီး စစ်ဆေးရေးစခန်းမှ လိုက်ပါလာ သော အိုက်လောက်တို့ (၃)ဦး အပါအ၀င် ကားပေါ်တွင် ကျား (၈)ဦး၊ မ(၂)ဦးပေါင်း (၁၀)ဦးဖြစ် သည်။
ထိုသို့ စီးနင်းလိုက်ပါလာစဉ် (၁၀)နာရီခန့် နမ့်ဖတ်တွင် ထမင်း စားပြီး ဆက်လက်ထွက်ခွာလာ ရာ နေ့၁၂ နာရီတွင် ကွတ်ခိုင်မြို့  နယ်(၃၈)မိုင်၊ မန်ပြိန်းရွာအကွေ့ ကုန်းဆင်းတွင် ယာဉ်နောက်နား ထိုင်၍ လိုက်ပါလာသော အိုက် လောက်သည် ကားပေါ်မှ လွယ် အိတ်ပြုတ်ကျသဖြင့် ကားပေါ်မှ ခုန်ဆင်းလိုက်သည်။ ထိုစဉ်ကား အရှိန်နှင့်အကျမတော်ဘဲ ကား လမ်းပေါ်လဲကျရာ ခရီးသည်များ ကအော်ဟစ်ကြမှ ကားသမား ထွေးမြင့်က ကားကိုရပ်တန့်ပြီး ဆင်းကြည့်သည်တွင်အိုက်လောက် မှာ ဦးခေါင်းဝဲဘက်ဖူးရောင်ဒဏ် ရာ၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေး များယိုစီးထွက်ကျနေကြောင်းတွေ့ ရသည်။
သို့ဖြင့် ကားပေါ်ပွေ့တင် ကာဆေးခန်းပြရန် အမြန်မောင်း နှင်လာစဉ် သိန်းနီမြို့အ၀င် ဆေး ခန်းရှေ့အရောက်မှာ လူနာအိုက် အောက် (၂၂)နှစ်(ဘ)ဦးအိုက် ထက်လုံသည် သေဆုံးနေပြီဖြစ် သည်။ ဤသည်ကို ယာဉ်မောင်း ထွေးမြင့်က ““မတော်တဆဖြစ် တာမင်းတို့အမြင်ပဲ။ ငါနဲ့မဆိုင် ဘူး””ဟုဆိုသည်။ ဆက်လက်ထွက် ခွာလာရာ ညနေ ၃ နာရီခန့် လားရှိုးသို့ ရောက်ရှိပြီး နမ္မတူမြို့  သို့အထွက် ကားလမ်းအတိုင်း လာကာမြို့ပြင် ကားလမ်းနဘေး အမှိုက်ပုံအနီးသုဿာန်တွင် သန့် ရှင်းရေးလုပ်နေသူထံမှ ဂေါ်ပြား ငှားရမ်း၍ ကျင်းတူးမြှုပ်နှံခဲ့သည်။
ထိုသို့ မြှုပ်နှံပြီးမှ ယာဉ် မောင်းက အိုက်ဆိုင်းနှင့် သန်း ဟိန်းတို့ကို (ကြယ်သုံးလုံး)နမ္မတူ ကားဂိတ်သို့ လိုက်ပို့ပေးသည်။ ဂိတ်သို့ရောက်စဉ် ယာဉ်မောင်း ထွေးမြင့်က အိုက်ဆိုင်းအား ငွေ ၆ သောင်းပေးကာနှုတ်ပိတ်လိုက် သည်ဟု သိရသည်။
သေဆုံးသူ အိုက်လောက် ၏ဇနီး မအေးအိမ်(၂၄နှစ်) (ဘ) ဦးအိုက်တန်းမှာ မူဆယ်သို့အလုပ် လုပ်ရန် အတူတူ သွားကြသော အိုက်ဆိုင်းနှင့် သန်းဟိန်း(၁၅နှစ်)  (ဘ) ဦးအိုက်ရီတို့ နေအိမ်သို့ ပြန် ရောက်နေသော်လည်း ခင်ပွန်း ဖြစ်သူပြန်ရောက်မလာသေးသဖြင့် သွားရောက်မေးမြန်းကြည့်ရာမှ အခြေအနေမှန်ကို သိရှိရခြင်းဖြစ် ပြီး အရေးယူပေးပါရန် ရဲစခန်းသို့ မတ် ၂၅ ရက်နေ့က သွားရောက် တိုင်ကြားခြင်းဖြစ်သည်။
သို့ဖြင့် စခန်းမှူး ရဲအုပ်ဝင်း နိုင် အနီးကပ်ကြီးကြပ်မှုဖြင့်ယာဉ် ထိန်းဒုရဲအုပ်စောဝင်း၊ အမှုစစ်တို့ က မတ် ၂၉ ရက်နေ့ညနေပိုင်း တွင် စစ်ဆေးပေါ်ပေါက်ချက် အရ တရားလိုပြသက်သေများ စစ်ဆေးခြင်း၊ အခင်းဖြစ်ရာအား စစ်ဆေးမှတ်တမ်းဓာတ်ပုံများရိုက် ကူးခြင်း၊ အလောင်းကို မူခင်း ဆရာဝန်၊ မြို့နယ်တရားသူကြီးနှင့် သက်သေများရှေ့တွင် ပြန်လည် ဖော်ထုတ်၊ ဆေးစာရေးသားပို့ ခြင်းများ၊ မြေပုံကြမ်းရေးဆွဲခြင်း များစသော ရဲစခန်းလုပ်ငန်းများ လုပ်ဆောင်ကာ တရားခံယာဉ် မောင်းထွေးမြင့်(ခ)ဟန်ဝင်း(ခ)ကျား ရှန် (၃၈)နှစ်(ဘ)ဦးလှမောင်၊ ကိုး ကန့်၊ ပလောင်၊ ခရစ်ယာန်၊ နယ် မြေ(၄)၊ ရပ်ကွက်(၈)၊ လားရှိုးမြို့ နှင့် အိုက်ဆိုင်း (၂၇)နှစ်(ဘ)ဦး အိုက်ကော်၊ ရပ်ကွက်(၁)၊ နမ္မတူ မြို့နေသူတို့အား အမှတ်(၂) ရဲစ ခန်းမှ (ပ)၄၃/၂၀၁၂၊ ဥပဒေဆိုင် ရာ ဥပဒေပြစ်မှုပုဒ်မ ၃၀၄-က/ ၂၀၁ အရအရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

(လားရှိုးမီဒီယာ) Hot News

Unknown at 10:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ယနေ့ကျင်းပ ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြု


ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မေလ ၇ရက်နေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
နိုင်ငံခြားငွေ Account ဖွင့်ထားသူတိုင်း ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ မိမိသွင်းလိုသော ကားအရေအတွက်၊ မိမိ တင်သွင်းရာတွင် ကုန်ကျမည့် ငွေပမာဏကိုသာ ငွေစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ပြီး အစိုးရဘဏ်များတွင် သာမက ပုဂ္ဂလိကဘဏ်များတွင်လည်း Account ဖွင့်နိုင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဟုတ်ဘဲ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တင်သွင်းလိုပါက သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားပါသည်။
အဆိုပါအစီအစဉ်ကို နှစ်ရက်အတွင်း စတင်အကောင်အထည်ဖေါ်မည် ဖြစ်ပြီး စီပွားကူးသန်းဝန်ကြီးဌာနမှ ၂၀၀၇ ခုနှစ်အထက် ကားတင်သွင်းလိုသူများ၏ လျှောက်ထားမှုကို ယနေ့ မေလ ၇ ရက်နေ့မှ ၂ ရက်အတွင်း စတင်လက်ခံလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဘဏ်စာရင်းဖွင့်လှစ်ရန် သတ်မှတ်ထားသည့် အသက်အရွယ်ပြည့်ပြီးသူတိုင်း ဘဏ်စာရင်းဖွင့်လှစ်ကာ ကားတစ်စီးစီ တင်သွင်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။  နိုင်ငံခြားငွေ ဖွင့်လှစ်ရန်ခွင့်ပြုထားသည့် မည်သည့်ဘဏ်တွင်မဆို ငွေစာရင်းဖွင့်လှစ်နိုင်ပြီး ငွေစာရင်းဖွင့်လှစ်ရာတွင် ကားတင်သွင်းရန်ဟု ပြောကာ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲ မကျင်းပမီ စီးပွားကူသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တရားဝင် ကားအရောင်းပြခန်း ဖွင့်ခွင့်ရထားသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နံနက် ၁၀နာရီ ၀န်ကျင်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အရောင်းပြခန်း ဖွင့်ခွင့်ရ လုပ်ငန်းရှင်များမှ ပြောင်းလဲပြင်ဆင်ရန်ရှိသည့် မူဝါဒများအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဆာကူရာ ဦးဌေးအောင်မှ "အခုလို လူတိုင်းကို ကားတင်သွင်းခွင့် ပေးမယ်ဆိုတဲ့ မူဝါဒတွေကြောင့် တရားဝင်ဖွင့်ခွင့်ရရှိထားတဲ့ ကားအရောင်း ပြခန်းတွေမှာ စလစ်နဲ့လာဝယ်တဲ့သူက လွဲလို့ ကျန်တဲ့သူတွေက လာဝယ်ကြတော့မှာ မဟုတ်ဘူး။ လူတိုင်းကားတင်သွင်းခွင့် ရှိတဲ့အတွက် ကိုယ့်ဘာသာကိုယ် တင်သွင်းကြမှာပဲ။ အခုလုပ်တဲ့ ဆွေးနွေးပွဲမှာလည်း ဒီလုပ်ငန်းရှင်တွေ အနေနဲက မူဝါဒပိုင်းဆိုင်ရာ မေးခွန်းတွေ အများကြီး မေးပြီး ဆွေးနွေးခဲ့ကြတယ်။ ဥပမာ- အိမ်ထောင်စုတစ်ခုမှာ လူ ၁၀ ယောက်ရှိရင် ၁၀ ယောက်လုံး သွင်းခွင့်ရမှာလား။ အရင်ကားဟောင်းအပ်ပြီး အသစ်သွင်းထားတဲ့ သူတွေကော ထပ်သွင်းလို့ ရမှာလား။ ဘဏ်အကောင့် ဖွင့်ရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ဖွင့်ရမှာလဲ အစရှိတဲ့ မေးခွန်းတွေအပါအ၀င် မေးခွန်းပေါင်း မြောက်များစွာကို မေးမြန်းခဲ့ကြပါတယ်။" ဟု ပြန်လည် ရှင်းပြပါသည်။

EMG
Unknown at 10:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် ပြည်ထောင်စုမှ စားနပ်ရိက္ခာ ထောက်ပံ့ ပေးပါက နျူကလီးယား အစီအစဉ် ရပ်ဆိုင်းမည်ဟု မြောက်ကိုရီးယားပြော




မြောက်ကိုရီးယား နိုင်ငံကို စားနပ်ရိက္ခာ ကူညီ ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး
မြောက်ကိုရီးယား နိုင်ငံနဲ့ တရုတ် နိုင်ငံအကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ့အတွက် နှစ်ဖက် အစိုးရ အရာရှိတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် က တွေ့ဆုံခဲ့ ကြတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပါတယ်။ တခြား နိုင်ငံတွေရဲ့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ မြောက်ကိုရီးယား နိုင်ငံ အတွက် ဘယ်လို စားနပ်ရိက္ခာ ထောက်ပံ့မှုမျိုး မဆို တရုတ် နိုင်ငံက ကြိုဆိုတယ်လို့ သိရပါတယ်။


အဆိုပါ ကိစ္စအတွက် အာဆီယံ ရေးရာ တရုတ် ဒုတိယ နိုင်ငံခြား ၀န်ကြီးက မြောက်ကိုရီးယား နိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့သလို မြောက်ကိုရီးယား အဆင့်မြင့် အရာ ရှိတွေကလည်း အမေရိကန် အရာရှိတွေနဲ့ ပေကျင်း မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ရိုက် ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲ အတွင်း မြောက်ကိုရီးယား အရာရှိတွေက အမေ ရိကန် ပြည်ထောင်စုကသာ စားနပ်ရိက္ခာ ထောက်ပံ့ ပေးမယ်ဆိုရင် ၎င်းတို့ဘက်ကလည်း ယူရေနီယံ သန့်စင် ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ အသင့် ရှိတယ်လို့ ပြောကြားခဲ့ကြေ ကြာင်း သိရပါတယ်။

Myanmar Express
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Online Media များ၏ ရပိုင်ခွင့်ကို ခံစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ



Online Media များကို သမားရိုးကျမီဒီယာများ (Traditional Media) နည်းတူသတ်မှတ်ပြီး စာနယ်ဇင်း သမားများ၏ ရပိုင်ခွင့်များ ခံစားနိုင်ရန် အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ထုတ်ဖော်ပြောကြား လိုက် သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) တို့ ပူးပေါင်းကျင်းပ သည့် World Press Freedom Day 2012 အခမ်းအနားကို ယခုလ ၃ ရက်နေ့က ကမ်းနားဟိုတယ်တွင် ကျင်းပခဲ့ ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်းကိုယ်စား တက်ရောက် လာသော ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

''ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ Online Media များကို သမားရိုးကျ မီဒီယာများ (Traditional Media) နည်းတူ သတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ရပိုင် ခွင့်များခံစားနိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိကြောင်း၊ ပုံနှိပ် မီဒီယာ ဥပဒေတွင် သတင်း အေဂျင်စီထူထောင်ပြီး အွန်လိုင်းမှ သတင်းအချက်အလက်များ ဖြန့်ဝေလိုပါ က စနစ်တကျမှတ်ပုံတင်ပြီး ဆောင်ရွက် ခွင့်ရရှိစေရန် Online Journalist များ သည်လည်း ကျန်စာနယ်ဇင်းသမားများ နှင့် တန်းတူ ရပိုင်ခွင့် များ အကာအကွယ် များ ကျင့်ဝတ်များ ရရှိကျင့်သုံးနိုင်စေရန် စဉ်းစားဆောင်ရွက်ထားကြောင်း အနာဂတ် တွင် မြန်မာနိုင်ငံ၏ မီဒီယာ လောကသည် လွတ်လပ်မှုနှင့် တာဝန်သိမှုကို ဟန်ချက် ညီညီ ကျင့်သုံးနိုင်သည့် စစ်မှန် သော စတုတ္ထ မဏ္ဍိုင်အဖြစ် ပေါ်ပေါက် လာတော့မည် ဖြစ်ပါတယ်''ဟု ဒုတိယဝန်ကြီးက ပြောကြား သည်။

အဆိုပါ အခမ်းအနားကို ပြည် သူ့လွှတ်တော် အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော် မတီ ဥက္ကဌ သူရဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးရာရေးတာဝန်ခံ များနှင့်တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ် စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှဌာနဆိုင်ရာအကြီး အကဲများ နှင့် တာဝန် ရှိ သူများ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း နှင့်ပတ်သက်၍ Online Media ကို လုပ်ကိုင်နေသူတစ်ဦးက '' ကျွန်တော့်အနေနဲ့ သတင်းထူး သတင်းဦးသတင်း မှန်တွေကို အချိန်နဲ့  တပြေးညီ အွန်လိုင်း ကနေ ပြည်သူတွေသိရှိနိုင်ဖို့ ဆောင်ရွက် နေတဲ့ယ ခုလို အချိန်မှာ ဒီလိုမျိုး ကျွန်တော် တို့ကို  (Traditional Media) များနည်းတူ ရပိုင်ခွင့်များ ခံစားနိုင်ဖို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့  စဉ်းစား ဆောင်ရွက် လျက်ရှိတယ်ဆိုတာကို  သိရတဲ့ အတွက် အများ ကြီး ဝမ်းသာပါတယ်။ အွန်လိုင်း မီဒီယာတွေ မြန်မာနိုင်ငံမှာ ဒီထက်ဖွံ့ဖြိုး နိုင်အောင် အတက်နိုင်ဆုံးကြိုးစား ဆောင်ရွက်သွား မှာဖြစ်ပြီး အွန်လိုင်း မီဒီယာ  သမားတွေကို ကာကွယ်ပေးမယ့် ဥပဒေ တွေလဲ လျင်မြန် စွာပေါ်ထွက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်'' ဟု သူ က ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာနအနေ ဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်များကို ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင် ရန် လိုအပ်သည့် ပုံနှိပ်မီဒီယာဆိုင်ရာဥပဒေ ကြမ်းတစ်ခုကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း၊ ယခုဆိုလျှင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၏အကြံပြုချက်များ၊ ယူနက်စကိုအဖွဲ့မှ ပညာရှင်များ၏ အကြံပြုချက်များနှင့် ပြီးခဲ့ သည့် မတ်လအတွင်း ကျင်းပခဲ့သည့်မီဒီယာ ကွန်ဖရင့်က ရရှိသည့်အကြံပြုချက်များအပေါ် မူတည်ပြီး ဒုတိယမူကြမ်းကို ဧပြီ ၂၃ ရက် တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ထပ်မံ တင်ပြထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များရရှိပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်ကာ အနီးဆုံးပြည်ထောင်စုလွှတ် တော်အစည်းအဝေးကို တင်ပြ အတည်ပြု ချက်ရယူသွား မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပင် ရုပ်သံလွှင့်မီဒီယာ ဥပဒေကြမ်းတစ်ခု ကိုလည်းရေး ဆွဲနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ   နှင့်  ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Yangon Media Group
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တစ်မြို့လုံးရှိ လူသွားစင်္ကြံ၊ ပလက်ဖောင်း စသည်တို့တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် မြို့တော်စည်ပင်မှ ညွှန်ကြားချက် ထုတ်ပြန်





ရန်ကုန်တစ်မြို့လုံးရှိ လူသွားစင်္ကြံ၊ ပလက်ဖောင်း စသည်တို့ရှိ ကြော်ငြာဆိုင်းဘုတ် အားလုံးနီးပါးကို မေလ ၂ ရက်နေ့မှစတင်၍ ဖြုတ်သိမ်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ညွှန်ကြားချက် ထွက်ရှိလာသည်ဟု သတင်းရရှိသည်။ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ်များနှင့် ပတ်သက်၍ ညှိနှိုင်းမည်ဟု ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပထမအကြိမ် အစည်းအဝေး ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေး ထပ်မံခေါ်ယူ၍ ဆိုင်းဘုတ်များ အားလုံးနီးပါးကို ဖြုတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ နေရာအချို့ရှိ ကြော်ငြာဆိုင်းဘုတ် အကြီးနှင့် အသေး အချို့မှလွဲ၍ ကျန်ရှိသည့် ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြုတ်သိမ်းစေသည့် ကြော်ငြာဆိုင်းဘုတ် အရေအတွက်မှာ တစ်မြို့လုံးတွင်ရှိသော ကြော်ငြာဆိုင်းဘုတ်များ အားလုံး၏ ၉၀ ရာခိုင်နှုန်း ပါဝင်သည်ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များက ပြောပြခဲ့သည်။ ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့ လက်ရှိ ကြော်ငြာဘုတ်တွေမှာက ကြော်ငြာတွေ လက်ခံထားပါတယ်။ အခုက ဖြုတ်သိမ်းဖို့အတွက်ကို အချိန် ဘယ်နှစ်ရက်ဆိုတာ မပြောပေမဲ့ ချက်ချင်း ဖြုတ်ရမဲ့သဘော ရှိတယ်။ အဲဒီအတွက် ချက်ချင်းဖြုတ်ရမဲ့အစား ခြောက်လ၊ တစ်နှစ် စသည်ဖြင့် အချိန်ပေးဖို့အတွက် တောင်းဆိုခဲ့ပေမဲ့ ခွင့်မပြုပါဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒီလိုအချိန်ပေးတဲ့ ကာလအတွင်းမှာလည်း အခွန်ငွေပေးသွင်းပြီး လုပ်မှာပါ။ အခုလို အချိန်မပေးတဲ့အတွက် အခက်တွေ့နေရတာပါ” ဟု ဆိုသည်။ လက်ရှိ ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်း၍ သင့်တင့်သည့် နေရာတွင် ကြော်ငြာဆိုင်းဘုတ်အချို့ ခွင့်ပြုခြင်း၊ LED ဘုတ်များဖြင့် အစားထိုး ကြော်ငြာခြင်းတို့ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ နစ်နာခဲ့သူများကို ဦးစားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူက ပြောကြားခဲ့သော်လည်း လုပ်ငန်းရှင်များက လုပ်ကိုင်ခွင့် မရရှိမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ “LED ဘုတ်တွေနဲ့ ကြော်ငြာဖို့အတွက်က အဆောက်အအဦ တစ်ခု လိုမှာပါ။ ပြီးတော့ လျှပ်စစ်မီးနဲ့ အသုံးပြုပြီး ကြော်ငြာရတာဆိုတော့ ကျွန်တော်တို့ဆီမှာ လက်ရှိ လျှပ်စစ်မီးရရှိမှု အခြေအနေနဲ့ဆိုရင် အခက်အခဲရှိမယ်” ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပြခဲ့သည်။ ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များက သက်ဆိုင်ရာသို့ အသနားခံစာ တင်သွားမည်ဖြစ်ပြီး ထူးခြားမှုမရှိပါက လွှတ်တော်အထိ တင်ပြသွားရန် စီစဉ်နေသည်ဟု သိရှိရသည်။
 
 Myanmar Express
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ်



တန်းဖိုးနည်းဖုန်းရောင်းဆိုင် (ဓါတ်ပုံ-Google Images)
မြန်မာနိုင်ငံတွင် လက်ရှိ ချထားပေးနေသော ငွေကျပ်နှစ်သိန်းတန်  နှင့် နှစ်သိန်းခွဲတန်ဖုန်း ကတ်များအား ဈေးတင်ရောင်းချနေမှုများကို ဟန့်တားနိုင်ရန် အတွက် မူရင်းဈေးနှုန်း အတိုင်းရောင်း ချပေးမည့် One Stop Services ပေးမည့် ဆိုင် ငါးဆိုင်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ဖွင့်လှစ်ပေး ထားပြီဖြစ်ကြောင်း  သိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ခြင်းမှာ ငွေကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန်ဖုန်း ကတ်များအား ဈေးနှုန်းပိုပေးကာ ဝယ်ယူ နေမှုများအား ဟန့်တားနိုင်ရန်အတွက်ဖြစ် ကာ မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ရောင်း ချခွင့်ပေးထားသော Elite နှင့် ရတနာပုံမှ ဆိုင်များအပြင် မြန်မာ့ဆက်သွယ်ရေးမှ ဖွင့် လှစ်လိုက်သော ဆိုင်ငါးဆိုင်တွင် မူရင်းဈေး နှုန်းအတိုင်း လိုသလောက်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရ သည်။

''ကျွန်တော်တို့  မြန်မာ့ဆက်သွယ် ရေးအနေနဲ့ ဖုန်းကတ်တွေမူရင်းဈေးထက် ပိုနေတာကိုသိရလို့ သက်ဆိုင်ရာ ကုမ0x081ပဏီတွေ ကို အရေးယူဆောင်ရွက်မယ်လို့ သတိပေး ထားတာတွေလဲ ရှိပါတယ်။ အဲဒီလိုဖြစ်နေ တာက ဖုန်းကတ်တွေကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးလိမ့်မယ်လို့ ပြည်သူတွေက ထင် နေတာကြောင့်  လို့ ယူဆမိပါတယ်။ တကယ် တော့ ကျွန်တော်တို့အနေနဲ့ ဝယ်လိုအားရှိ ရင်ရှိသလောက် ဖုန်းတွေကို ရောင်း ချပေး သွားမှာပါ။ အကန့်အသတ် လုံးဝမထားပါ ဘူး။ အဲဒီလို ငွေပိုပေးဝယ် နေရတာ တွေကို ဟန့်တားဖို့အတွက်လဲ ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေးက နေရာငါးနေရာမှာ ဖုန်း တွေကို မူရင်းဈေး အတိုင်း လိုသ လောက် ရောင်း ချပေးမည့် One Stop Services ဆိုင်တွေကိုလဲ ဖွင့်လှစ်ပေး ထားပြီဖြစ် ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း  ကပြောသည်။

အဆိုပါ One Stop Services ဖြင့်ဝန်ဆောင်မှုပေးမည့်ဆိုင်များမှာ ရွှေဂုံတိုင် မိုဘိုင်း ဆက်သွယ်ရေး စီးပွားဌာန၊ ပန်းဆိုး တန်း မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ အလုံ မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ ရန်ကုန်တိုင်း စီးပွားဌာန(စာတိုက်ကြီး)၊ လမ်း(၄၀) အော်တိုတယ်လီဖုန်းစီးပွားဌာန တို့ဖြစ်ကာ ယင်းဆိုင်များ အား ဧပြီ၂ရရက်မှစ၍ ဖွင့်လှစ် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။
Yangon Media Group
Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကော့သောင်းဒေသခံတစ်ဦးရဲ့ ရင်ဖွင့်သံလေးပါ


(၆-၅-၂၀၁၂)ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှာ ကော့သောင်းမြို့ သန်းဖြိုးသူကျောက်မီးသွေးစက်ရုံမှာ ကျောက်မီးသွေးစက်ရုံနဲ့ပတ်သက်ပြီးဘေးထွက်ဆိုးကျိုးတွေဖြစ်ပွားခြင်းမရှိကြောင်းနဲ့ စက်ရုံလည်ပတ်လို့ စစ်ဆေးတဲ့အခါဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုရင် စက်ရုံကိုပိတ်သိမ်းပေးမယ်လို့ သန်းဖြိုးသူ မန်းနေးဂျင်းဒါရိုက်တာဦးကျော်လွင်က တာဝန်ရှိသူဒေသအာဏာပိုင်များနဲ့ပြည်သူလူထုများ ကိုတွေ့ဆုံရှင်းလင်းပွဲပြုလုပ်ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
ရှင်းလင်းပွဲမှာဒီမိုကရက်တစ်ပါတီမြန်မာပြည်က တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းက ကျောက်မီးသွေးစက်ရုံကို(၁၀)မိုင်မှာပြောင်းလဲဖွင့်လှစ်ဘို့ တင်ပြဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။သူကဘဲကျောက်မီးသွေးစကိရုံကို(၁၀)မိုင်ကိုပြောင်းလဲဖွင့်လှစ်ဘို့သမတကြီးဆီကို တိုင်ကြားစာရေးပို့ခဲ့တယ်ဆိုတာကိုရှင်းလင်းပွဲမှာဖွင့်ပြောခဲ့ပါတယ်။  အေးရိပ်ငြိမ်ရပ်ကွက်
မှာနေတဲ့တိုင်းစည်းရုံးရေးမှူးနဲ့သူ့မိသားစု မှ လူလား။ (၁၀)မိုင်ကျေးရွာက ပြည်သူလူထုတွေက လူမဟုတ်ဘူးလား၊သန်းဖြိုးသူမန်းနေးဂျင်းဒါရိုက်တာဦးကျော်လွင်ပြောတာကတော့ သဘာဝကျပါတယ်။ ဘေးထွက်ဆိုးကျိုးရှိရင် စက်ရုံကိုပိတ်ပစ်လိုက်မယ်။ ဘယ်နေရာမှာမှဖွင့်မှာမဟုတ်ဘူးတဲ့။
ဦးသန်းထွန်း ကန့်ကွက်နေတာကလုပ်သားပြည်သူတွေအတွက်မှမဟုတ်ဘဲသူနဲ့ သူ့မိသားစုသေမှာစိုးလို့ ကန့်ကွက်နေတာပါလိုလာရောက်လေ့လာတဲ့ မိန်းမကြီးတစ်ဦးပြောပြတာကိုလည်းကြားသိရပါတယ်။ ဦးသန်းထွန်းဆိုတာအရင်က ပအုံးရေ ဆိုပြီးလက်ဝှေ့ထိုးတယ် ၊ နောက်တော့ မဖွယ်မရာမှုဖြင့် ထောင်ကျတယ်..


 နောက်ပိုင်းထောင်ကထွက်လာပြီးတော ဆိုင်ကယ့် Taxiဆွဲတယ်။ အခု ပါတီတွေ ခေတ်စားတော့ ဒီမိုကရက်ပါတီ လုပ်ပါတယ်။ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဆိုတာကလည်းမြဲတမ်းပိတ်ထားပြီး ဆိုင်းဘုတ်လောက်ပဲတင်ထားတာပါ။ပြည်သူအတွက်အကျိုးရှိအောင် ကန့်ကွက်တာလား၊ ပိုက်ဆံရလို့မိမိကိုယ်ကျိုးအတွက်ကန့်ကွက်နေတာလားဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပါ။
          ကော့သောင်းမြို့အတွက် ဆိုပြီး အခုလို တစ်ဦးတစ်ယောက်ကောင်းစားဘို့  လုပ်နေတာ ကော့သောင်းသားတွေက ဒီအတိုင်းငြိမ်ခံနေရမှာလား ၊ ထားဝယ်သားတွေကော့သောင်းမှာလာပြီး
လုပ်စားတာများနေပါပြီး၊ မင်းလွင်  ၊ ပြည်စိုးထွန်း ဘာမှမလုပ်ဘဲထားရင်နောက်ထပ် နှိပ်စက်မဲ့ ထားဝယ်သားတွေ ပေါ်လာဦးမှာဘဲ။
သန်းထွန်းလဲ ထားဝယ်သားဘဲ ၊ ဖိုးသီးချိုလည်း ထားဝယ်သားဘဲ ဒီလောက်ဆို ဘာလုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်းအကြံပေးသင့်ပြီးလို့ထင်ပါတယ်။
ဖိုးသီးချိုရဲ့လျှပ်စစ်မီးကြောင့် ဆင်းရဲတွင်းနက်နေသူ ကော့သောင်းသားတစ်ဦး

မှတ်ချက် ၊ မီတာခဘတ်နှင့်ပေးရသောကြောင့်ဖြစ်ပါသည်။
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြေအောက်ကြိုးများ ထိခိုက်မိခြင်းကြောင့် ရန်ကုန်တွင် အင်တာနက်မြန်နှုန်းကျဆင်း

ဝင့်သင်ဇာကျော် (မြစ်မခ)
မေ(၇)ရက် ၊ ရန်ကုန်မြို့။
 
လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ရာတွင် မြေအောက်ကေဘဲလ်ကြိုးများ ထိခိုက်မိသောကြောင့်   ရန်ကုန်တိုင်းအတွင်းရှိ အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်မြန်နှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရှိ ရသည်။
 
“လှည်းတန်းကုန်ကျော် တံတားဆောက်နေတယ်လေ၊ အဲ့ဒီတော့ မြေအောက်ကိုတူးနေကြတော့ မြေအောက် ကေဘဲလ်ကြိုးကို ထိမိခိုက်မိတော့ အင်တာနက်ဆိုင်တွေ အင်တာနက်ကော်နက်ရှင်ကျတာမျိုး၊ ဖုန်းအင်တာ နက်တွေ သုံးမရတာပါ” ဟု call center မှ မဒါလီက ပြောသည်။

အင်တာနက်ဆိုင်များနှင့် ဖုန်းအင်တာနက်များ ကော်နက်ရှင် ကျဆင်းရသော အခြားအကြောင်းအရင်းမှာ စမ်းချောင်းမြို့နယ်တွင် လမ်းများပြင်ဆင်နေခြင်းကြောင့်ဖြစ်ကြောင်း ၄င်းက ဆိုသည်။


မြေအောက်ကေဘဲလ်ကြိုးများ ထိမိခိုက်မိခြင်းများကို ပြန်လည်ပြင်ဆင်ရန် အစီအစဉ်ရှိကြောင်း နှင့် မည်သည့် အချိန်တွင် ပြင်ဆင်မည်ကိုတော့ ရက်အတိအကျ မသိရှိရသေးကြောင်း နှင့် ပြင်ဆင်ပြီးပါက အင်တာနက် ကော်နက်ရှင်   ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သိရှိရသည်။


“ ဟံသာဝတီ ၊ အ၀ိုင်းနားမှာလဲ ကေဘဲလ်ကြိုးတွေ ပျက်ဆီးနေတယ် အဲ့ဒါကို ပြန်ပြင်ဖို့ အစီစဉ်တော့ရှိတယ် ရက်တော့ အတိအကျ မသိသေးဘူး အဲ့ဒါတွေ ပြင်ဆင်ပြီးရင်တော့ အင်တာနက်က ပြန်ကောင်းလာမှာပါ မြန်မာနိုင်ငံမှာ အင်တာနက်ကျတာ အထူးအဆန်းမဟုတ်ပါဘူး” ဟု call center မှ မဒါလီက ပြောသည်။

 
ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း အင်တာနက်သုံးစွဲသူအချို့မှာ အင်တာနက်သုံးစွဲမှု အဆင်မပြေခြင်းကြောင့် နီးစပ်ရာ ဖုန်းဆိုင်များသို့ သွားရောက်ပြသခြင်းမျိုးလည်းရှိကြောင်း သိရှိရသည်။

“ ကျွန်မဖုန်းက ဂျီအက်စ်အမ်လေ ဖုန်းအင်တာနက်လိုင်းက မကောင်းလို့လား ကျွန်မဟန်းစက်ကဘဲ တစ်ခုခု ဖြစ်လားဆိုပြီး Mr. Fone  ကိုသွားပြတော့ ကျွန်တော့်လိုင်းနဲ့ ဆန်းကြည့်တာ ရတယ်တဲ့ ဟန်းဆက်က ဖြစ်တာ မဟုတ်ဘူး သူ့နဂိုအင်တာနက်ဖုန်းလိုင်းက   ဖြစ်တာလို့ပြောတယ် “ ဟု မရမ်းကုန်းမြို့နယ်မှ ငါးသိန်းဖုန်း သုံးစွဲ သူတစ်ဦးက ပြောသည်။

 Shwe Myitmakha Media Group
သစ်ထူးလွင်
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.