Tuesday, May 8, 2012

မူရင်းဈေးအတိုင်းရောင်းချမည့် ဖုန်းဆိုင် ၅ ဆိုင်ကို မြန်မာ့ဆက်သွယ်ရေးက စတင်ဖွင့်လှစ်



တန်းဖိုးနည်းဖုန်းရောင်းဆိုင် (ဓါတ်ပုံ-Google Images)
မြန်မာနိုင်ငံတွင် လက်ရှိ ချထားပေးနေသော ငွေကျပ်နှစ်သိန်းတန်  နှင့် နှစ်သိန်းခွဲတန်ဖုန်း ကတ်များအား ဈေးတင်ရောင်းချနေမှုများကို ဟန့်တားနိုင်ရန် အတွက် မူရင်းဈေးနှုန်း အတိုင်းရောင်း ချပေးမည့် One Stop Services ပေးမည့် ဆိုင် ငါးဆိုင်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ဖွင့်လှစ်ပေး ထားပြီဖြစ်ကြောင်း  သိရသည်။

ယင်းကဲ့သို့ဆောင်ရွက်ခြင်းမှာ ငွေကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန်ဖုန်း ကတ်များအား ဈေးနှုန်းပိုပေးကာ ဝယ်ယူ နေမှုများအား ဟန့်တားနိုင်ရန်အတွက်ဖြစ် ကာ မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ရောင်း ချခွင့်ပေးထားသော Elite နှင့် ရတနာပုံမှ ဆိုင်များအပြင် မြန်မာ့ဆက်သွယ်ရေးမှ ဖွင့် လှစ်လိုက်သော ဆိုင်ငါးဆိုင်တွင် မူရင်းဈေး နှုန်းအတိုင်း လိုသလောက်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရ သည်။

''ကျွန်တော်တို့  မြန်မာ့ဆက်သွယ် ရေးအနေနဲ့ ဖုန်းကတ်တွေမူရင်းဈေးထက် ပိုနေတာကိုသိရလို့ သက်ဆိုင်ရာ ကုမ0x081ပဏီတွေ ကို အရေးယူဆောင်ရွက်မယ်လို့ သတိပေး ထားတာတွေလဲ ရှိပါတယ်။ အဲဒီလိုဖြစ်နေ တာက ဖုန်းကတ်တွေကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးလိမ့်မယ်လို့ ပြည်သူတွေက ထင် နေတာကြောင့်  လို့ ယူဆမိပါတယ်။ တကယ် တော့ ကျွန်တော်တို့အနေနဲ့ ဝယ်လိုအားရှိ ရင်ရှိသလောက် ဖုန်းတွေကို ရောင်း ချပေး သွားမှာပါ။ အကန့်အသတ် လုံးဝမထားပါ ဘူး။ အဲဒီလို ငွေပိုပေးဝယ် နေရတာ တွေကို ဟန့်တားဖို့အတွက်လဲ ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေးက နေရာငါးနေရာမှာ ဖုန်း တွေကို မူရင်းဈေး အတိုင်း လိုသ လောက် ရောင်း ချပေးမည့် One Stop Services ဆိုင်တွေကိုလဲ ဖွင့်လှစ်ပေး ထားပြီဖြစ် ပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း  ကပြောသည်။

အဆိုပါ One Stop Services ဖြင့်ဝန်ဆောင်မှုပေးမည့်ဆိုင်များမှာ ရွှေဂုံတိုင် မိုဘိုင်း ဆက်သွယ်ရေး စီးပွားဌာန၊ ပန်းဆိုး တန်း မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ အလုံ မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ ရန်ကုန်တိုင်း စီးပွားဌာန(စာတိုက်ကြီး)၊ လမ်း(၄၀) အော်တိုတယ်လီဖုန်းစီးပွားဌာန တို့ဖြစ်ကာ ယင်းဆိုင်များ အား ဧပြီ၂ရရက်မှစ၍ ဖွင့်လှစ် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။
Yangon Media Group
Unknown at 9:25 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.