Tuesday, May 8, 2012

အမေရိကန် ပြည်ထောင်စုမှ စားနပ်ရိက္ခာ ထောက်ပံ့ ပေးပါက နျူကလီးယား အစီအစဉ် ရပ်ဆိုင်းမည်ဟု မြောက်ကိုရီးယားပြော




မြောက်ကိုရီးယား နိုင်ငံကို စားနပ်ရိက္ခာ ကူညီ ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး
မြောက်ကိုရီးယား နိုင်ငံနဲ့ တရုတ် နိုင်ငံအကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ့အတွက် နှစ်ဖက် အစိုးရ အရာရှိတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် က တွေ့ဆုံခဲ့ ကြတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပါတယ်။ တခြား နိုင်ငံတွေရဲ့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ မြောက်ကိုရီးယား နိုင်ငံ အတွက် ဘယ်လို စားနပ်ရိက္ခာ ထောက်ပံ့မှုမျိုး မဆို တရုတ် နိုင်ငံက ကြိုဆိုတယ်လို့ သိရပါတယ်။


အဆိုပါ ကိစ္စအတွက် အာဆီယံ ရေးရာ တရုတ် ဒုတိယ နိုင်ငံခြား ၀န်ကြီးက မြောက်ကိုရီးယား နိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့သလို မြောက်ကိုရီးယား အဆင့်မြင့် အရာ ရှိတွေကလည်း အမေရိကန် အရာရှိတွေနဲ့ ပေကျင်း မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ရိုက် ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲ အတွင်း မြောက်ကိုရီးယား အရာရှိတွေက အမေ ရိကန် ပြည်ထောင်စုကသာ စားနပ်ရိက္ခာ ထောက်ပံ့ ပေးမယ်ဆိုရင် ၎င်းတို့ဘက်ကလည်း ယူရေနီယံ သန့်စင် ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ အသင့် ရှိတယ်လို့ ပြောကြားခဲ့ကြေ ကြာင်း သိရပါတယ်။

Myanmar Express
Unknown at 9:58 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.