Sunday, April 29, 2012

ရဲကားကို လက်ပစ်ဗုံးနဲ့လိုက်ပစ်သူ လက်ထဲတွင် ဗုံးကွဲ၍ ပွဲချင်းပြီးသေ

မနေ့ည ၁၀ နာရီခန့်က မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လှည့်ကင်းလှည့်သည့်ရဲကားအား ဆိုင်ကယ်ဖြင့်နောက်မှ လက်ပစ်ဗုံးဖြင့် လိုက်လံတိုက်ခိုက်ခဲ့သူတစ်ဦးမှာ တိုက်ခိုက်မည့် လက်ပစ်ဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါတယ်။ ည ၁၀ နာရီလောက်မှာ လှည့်ကင်းလှည့်တဲ့ ရဲကားကို တိုက်ခိုက်တာဖြစ်ပါတယ်။ ရဲကားကို နောက်ကနေကျော်တက်ပြီး ရဲကားအတွင်းသို့ ပစ်ခတ်ဖို့လုပ်နေတဲ့အချိန် လက်ထဲမှာကိုင်ထားတဲ့ ဗုံးပေါက်ကွဲခဲ့ပြီး တိုက်ခိုက်သူမှာ သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။
ဆိုင်ကယ်ဖြင့်ဗုံးကွဲတိုက်ခိုက်သူမှာ နေရာတွင်ပင်သေဆုံးသွားခဲ့ပြီး ပစ္စတိုတစ်လက်ပါရှိပါတယ်။
 တိုက်ခိုက်သူမည်သူဖြစ်သည်ကို မသိရသေးပါဘူး။




ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဗဟိုမှ ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ဖောက်ခွဲရေးအဖွဲ့များစေလွှတ်ထားရှိပြီး ဖောက်ခွဲရေးမကျွမ်းကျင်မှုကြောင့်
ဗုံးဖောက်ခွဲသူများကိုယ်တိုင် သေဆုံးနေကြပါတယ်။ ဗုံးဖောက်ခွဲရေးမကျွမ်းကျင်မှုကြောင့် သေဆုံးသူအများစုမှာလည်း KIA တပ်ဖွဲ့ဝင်ရှမ်းလူမျိုးများဖြစ်ကြောင်းသိရပါတယ်။

 ref:ကချင်နေ့စဉ်သတင်း
Unknown at 10:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတ (သို့မဟုတ်) အစိုးရအဖွဲ့အကြီးအကဲ

''သမ္မတရာထူးဟာ လေးစားဖွယ်ရာ ဖြစ်ပြီး သြဇာကြီးတယ်၊ ပြီးတော့ အတိုင်းအတာ တစ်ခုအထိ လျှို့ဝှက်မှုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လေးစားစရာ ကောင်းတာ ကတော့ အမေရိကန်တွေရဲ့ နိုင်ငံရေးစနစ်မှာ အမြင့်ဆုံးသော အဆုံးအဖြတ်ကို ကိုယ်စားပြုပေး နေရလို့ပါ။ သြဇာကြီး ရတာကလည်း အဆုံးအဖြတ်တွေဟာ လေဟာနယ်ထဲမှာ မရှိလို့ဖြစ်ပါတယ်။ နိုင်ငံအတွင်း အတွေးအခေါ်၊ အကျိုးစီးပွား၊ ဖိအားတွေကို ကိုယ်စားပြုပြီး အရေးကြီးတဲ့ အရေးအရာ အားလုံးကို မတွန့်မဆုတ် တာဝန်ခံ နေရလို့လည်း ဖြစ်ပါတယ်''တစ်ချိန်က လူထုကြိုက် သမ္မတကြီး ဂျွန် အက်ဖ်ကနေဒီက ခေတ်သစ် သမ္မတရာထူးနှင့် ပတ် သက်၍ သူ့အမြင်ကို ဖော်ထုတ်ခဲ့ ခြင်းဖြစ်သည်။
သမ္မတသည် နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲ၊ အစိုးရ အဖွဲ့၏ အကြီးအကဲ၊ နိုင်ငံတစ်ခုလုံးကို သူတာဝန် ထမ်းဆောင် နေသောကာလ အတွင်း အလုံးစုံ တာဝန်ခံရသူ၊ တာဝန်ယူရသူ ဖြစ်သည်။ နိုင်ငံ ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအတွက် သူ့သမိုင်း စာမျက်နှာသည် ဖျက်မရ၊ ပြင်မရချေ။
သမ္မတတို့၏ပါဝါ
 သမ္မတသည် အခြေခံအားဖြင့် တိုင်းပြည် အုပ်ချုပ်ရေးအဖွဲ့ (Excutive Body) ၏ ခေါင်း ဆောင်ဖြစ်သည်။ သံတမန်အကြီးအကဲ၊ တပ် မတော်၏အကြီးအကဲ၊ ပြည်ထောင်စု၏ပြယုဂ်၊ အရေးပေါ် အခြေအနေနှင့် အကျပ်အတည်း ကြား ကာလ ဦးဆောင်သူ၊ နိုင်ငံလုံးနှင့်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာတို့ကို အဆိုပြုရသူဟူသော တာ ဝန်များကို ထမ်းဆောင်ရသည်။ သမ္မတို့၏ လုပ် ပိုင်ခွင့်ပါဝါသည် ကြီးမားကျယ်ပြန့်လှသည်။ သို့ သော်လည်း ‘ဒီမိုကရက်နိုင်ငံများတွင်မူ သမ္မတ တို့၏ပါဝါမှာ တစ်စုံ တစ်ရာ ကန့်သတ်မှုဘောင် ထဲ၌ ရှိနေရပါသည်။ ယေဘုယျ အားဖြင့် သမ္မတစနစ် ကျင့်သုံးသော နိုင်ငံတို့တွင် သမ္မတသည် နိုင်ငံ တစ်ခုအတွင်း ပါဝါအကြီးဆုံးသော ခေါင်းဆောင်တစ်ဦး ဖြစ်ရပါသည်။ သမ္မတတို့၏ လုပ်ပိုင်ခွင့်နှင့်ပါဝါကို အခြေ ခံ ဥပဒေက ပေးအပ်ထားရသည်။ နိုင်ငံတကာ ဆက်ဆံရေးကို သမ္မတတို့က ဆောင်ရွက်ကြရ ၏။ နိုင်ငံတစ်ခု၏ အကြီးအကဲ၊ တပ်မတော်တစ် ခု၏ အကြီးအကဲအဖြစ် ထင်ရှားသည်။ ထက် မြက်၍ အင်အားကောင်းသော သမ္မတများမှာ နိုင်ငံတော်၏ အနာဂတ်အစီအစဉ် (Nation’s Agenda) ကို ကောင်းစွာ ပုံဖော်နိုင်ကြပြီး၊ ထို နိုင်ငံကို တိုးတက်ဖွံ့ဖြိုးစေသည်။ အားနည်းသော သမ္မတများမှာမူ Agenda ကို ကောင်းစွာ မရေး ဆွဲနိုင်ကြ၊ လက်တွေ့အကောင် အထည်မဖော် နိုင်ကြချေ။
လင်ဒန်ဂျွန်ဆင်သည် ၁၉၆ဝ ကာလ များတွင် အမေရိကန်ရှိ ဆင်းရဲသားလူတန်းစား များအကျိုးအပေါ် ကောင်းစွာ အာရုံစိုက်နိုင်ခဲ့ ပြီး ၁၉၈ဝ တွင် ရော်နယ်ရောင်က လုပ်ထုံးလုပ် နည်းများ လျော့ချခြင်း၊ အခွန်အတုပ်ဆိုင်ရာ စနစ်ပြုပြင်ခြင်း၊ စစ်တပ်အတွင်း အထွေထွေ ပြုပြင်ပြောင်းလဲမှုများ စသည်တို့ကို လုပ်ဆောင် နိုင်ခဲ့သည်။ ဂျော့ဒဗလျူဘုရှ် ၁၉၈၉-၁၉၉၃ အ နေဖြင့် မှတ်တမ်းတင်ကိစ္စရပ်များကို တစ်ခုမှ မယ်မယ်ရရ မလုပ်ဆောင်နိုင်ခဲ့။ ဘီလ်ကလင်တန် ၏ ပထမသက်တမ်း (၁၉၉၃-၁၉၉၇) တွင် ဗဟို မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို မဆောင် ရွက်နိုင်ခဲ့။ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သူတော့ ဖြစ်သည်။ ကျန်းမာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုမူ ဆောင်ရွက် ရန် ပျက်ကွက်ခဲ့သည်။ ဂျော့ဒဗလျူဘုရှ် ၂ဝဝ၁-၂ဝဝ၉ အနေဖြင့်မူ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တုံ့ပြန်မှုကို မှတ်တမ်းဝင်အဖြစ် ဆောင်ရွက်ခဲ့ သည်။ အာဖဂန်နစ္စတန်ကို တိုက်ခိုက်စဉ်က ကုလ သမဂ္ဂ၏ အတည်ပြုချက်နှင့် ဆောင်ရွက်ခဲ့သော် လည်း၊ အီရတ်ကို သိမ်းပိုက်တိုက်ခိုက်ရာတွင် ကုလသမဂ္ဂ၏ခွင့်ပြုချက်ကို အမေရိကန်တို့ မရရှိ ခဲ့တော့။ သို့သော်လည်း National Interest ဟူသော အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားဟူ သော အကြောင်းပြချက်ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းကိုကြည့်လျှင် အမေရိကန်သမ္မတပါဝါ ၏ အတိုင်းအဆကို သိရှိနိုင်သည်။
အကန့်အသတ်
 သမ္မတ၏ပါဝါသည် ကြီးမားကျယ်ပြန့် သော်လည်း အဟန့်အတားတော့ဖြင့် ရှိသည်။ ဗြိတိသျှပါလီမန်စနစ်တွင် ဝန်ကြီးချုပ်သည် ပါတီ ခေါင်းဆောင်မှတစ်ဆင့် ဖြစ်လာကြသော်လည်း အမေရိကန်သမ္မတများမှာ လူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်သည်ဖြစ်၍၊ သြဇာပိုလာ ရသည်။ သို့သော်လည်း ၂ဝဝ၅ ခုနှစ် သမ္မတ ကြီး ဂျော့ဒဗလျူဘုရှ်လက်ထက် လူမှုဖူလှုံရေး နှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲရေး အဆို ပြုချက်မှာ ကွန်ဂရက်၏ သဘောတူညီချက် မရရှိ၍ မအောင်မြင်ခဲ့ချေ။ သမ္မတနှင့် ကွန်ဂ ရက်၏ အမတ်အများစုတို့သည် ဆန့်ကျင်ဘက် ဖြစ်နေလျှင် သမ္မတတို့သြဇာမှာ ထင်သလောက် မပေါက်မြောက်နိုင်ချေ။ ဤသို့အဖြစ်မျိုးမှာ အ မေရိကန်တွင် ၁၈ နှစ် တစ်ကြိမ်မျှ ဖြစ်တတ် သည်ဟု လေ့လာသူများက ဆိုသည်။ သို့သော် လည်း ထက်မြက်သော သမ္မတများက ကွန် ဂရက်ကို ကောင်းစွာစည်းရုံးထားနှိုင်ကြပြီး သူ တို့အလိုရှိရာကို စွမ်းဆောင်နိုင်ကြသည်။ သမ္မတ၏ ပါတီဝင်များက လွှတ်တော်တွင် အမတ်အ များစုရရှိထားလျှင် လွှတ်တော်ကို ကောင်းစွာထိန်းချုပ်ထား နိုင်သည်ဖြစ်၍ သမ္မတတို့၏သြဇာမှာ ပို၍ကြီးမားတတ်သည်။ သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်က ပယ်ချနိုင်သည်။ အမေရိကန်သမ္မတစနစ်တွင် လွှတ်တော်က မဲအများစုဖြင့် ပယ်ချသော သမ္မတ၏ အဆိုပြုလွှာကို သမ္မတဗီတိုဖြင့် ပယ်ဖျက်နိုင်၏။ သမ္မတတို့၏လုပ်ပိုင်ခွင့်ကို တစ်စုံတစ်ရာ ကန့်သတ်ထားသည်ဖြစ်၍၊ ဗီတိုဖြင့် ပယ်ဖျက်သော သမ္မတ၏ အခွင့်အာဏာကို လွှတ်တော်က သုံးပုံနှစ်ပုံသော အများစုဖြင့် ထပ်မံပယ်ချနိုင်သော ထိန်းကျောင်းမှုစနစ်ကို အခြေခံဖွဲ့စည်း ပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသည်။
ဖွဲ့စည်းပုံအရသမ္မတ
ဖွဲ့စည်းပုံအရ သမ္မတသည် အုပ်ချုပ်မှု အဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ကြီးများအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ဝန်ကြီးများကို သမ္မတက စိတ်ကြိုက်ခန့် ထားပိုင် ခွင့် ရှိသည်။ သို့တိုင်အောင် ဒုတိယသမ္မတ တစ်ဦးဖြစ် ခဲ့သော အလွန် ကျော်ကြားသည့် Charles Dawes မှတ်ချက်မှာ စိတ်ဝင် စားဖွယ်ရာ ဖြစ်သည်။ The memebers of the cabinet a re the President’s natural enimies" ဝန်ကြီးအဖွဲ့ဝင်တို့သည် သမ္မတ၏ သဘာဝအရ ရန်သူ များဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သို့ သဘောပါ သောမှတ်ချက် ကိုလည်း သမ္မတကြီး လင်ဒန်ဂျွန်ဆင်ကလည်း ပြောခဲ့ဖူး သည်။ ''ဝန်ကြီးတွေအားလုံးကို ကျွန်တော် ခန့်ခဲ့တာပါ။ ဒါ ပေမဲ့ ကျွန်တော် သူတို့တစ်ဦးတစ်ယောက်ကိုမျှ အပြည့်အဝ မမှီခိုရဲဘူး'' သမ္မတတွင် ထက်မြက်၍၊ မြော်မြင်မှုရှိသော၊ ပညာကြီး မားသော အကြံပေးတို့ ရှိသင့်၏။ ထိုအကြံပေးများ၏ အကြံ ဥာဏ်ဖြင့် ဝန်ကြီးများကို ပြန်၍ထိန်းကျောင်းသောစနစ်ကို ကျင့်သုံးလေ့ရှိကြသည်။ အကြံပေးများကို 'မီးဖိုချောင် ဝန် ကြီးအဖွဲ့' (kithchen Cabinets) ဟု တင်စားကြသည်။ ၁၉၃၉ တွင် ဖရင်ကလင်ရုစ်ဘဲလ်ကEOP (Excutive Office of the President) ဟု စတင်တီထွင်ခဲ့သည်။ ဤအဖွဲ့တွင် စီမံခန့်ခွဲ မှုနှင့် ဘတ်ဂျက်ဆိုင်ရာ၊ စီးပွားရေးအကြံပေးများ၊ အမျိုးသား လုံခြုံရေးကောင်စီစသဖြင့်ပါဝင်သည်။ ဤအဖွဲ့က ဒါဇင်နှင့် ချီသော ဝန်ကြီးများအဖွဲ့နှင့် သမ္မတတို့ကြား ပူးပေါင်း ဆောင်ရွက်မှုကောင်းတို့ကို ဖန်တီးသည်။ 
စရိုက်လက္ခဏာ 
သမ္မတများ၏ စရိုက်လက္ခဏာသည် ကွဲ ပြားခြားနားကြ၏။ လူပုဂ္ဂိုလ်၏ မူလစရိုက် လက္ခဏာနှင့် ဖြစ်ပေါ်နေသော အခြေအနေတို့ အပေါ် တုံ့ပြန်ရသော စရိုက်လက္ခဏာတို့ ရော     နှောကြသည်။ ဥပမာအားဖြင့် သမ္မတ ဂျော့ ဒဗလျူဘုရှ်၏ မူလသမ္မတကာလတွင် တင်းမာ၊ တိုက်ခိုက်လိုသော လက္ခဏာများ မပြခဲ့သော် လည်း ၉/၁၁ အတိုက်ခံခဲ့ရပြီး အာဖဂန်နစ္စတန် နှင့် အီရတ်တို့ကို သဲကြီးမဲကြီး တိုက်ခိုက်ခဲ့သည်။ အီရတ်တိုက်ခိုက်မှုတွင် နိုင်ငံတော်တော်များများ ကန့်ကွက်နေသည့်ကြားမှ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ အချိျု့သောသမ္မတများသည် အေးဆေး၊ တည်ငြိမ်စွာရှိကြသော်လည်း အချို့သောသမ္မတ များမှာ လွှတ်တော်နှင့် အတိုက်အခံဖြစ်ကြ သည်။ ဖရင်ကလင်ရုစ်ဘဲလ်ကို Active-Positive (အပြုသဘောဆောင်) စရိုက်လက္ခဏာ ရှိသူဟုဆိုပြီး ရစ်ချက်နစ်ဆင်ကိုမူ (Active-Negative ) ဆောင်သော သူဟူ၍ သတ်မှတ်ကြသည်။ မူလဒစရိုက် လက္ခဏာကွဲပြားစွာဖြင့် သမ္မတဖြစ်လာကြသူ များသည် သမ္မတတာ ဝန်ထမ်းဆောင်စဉ်တွင် ကွဲပြားသောရလဒ်များ ရရှိတတ်ကြသည်။အမေရိကန် သမ္မတသမိုင်းတွင် အထူးချွန်ဆုံး သမ္မတ သုံးဦးမှာ ဂျော့ဝါရှင်တန်၊ အေဘရာဟင် လင်ကွန်း၊ ဖရင်ကလင်ရုစ်ဘဲလ်ဟု သတ်မှတ် ကြပြီး၊ အညံ့ဆုံးသမ္မတများမှာ ပရာ့စ်ဘူချနန်၊ ဂျွန်ဆင်၊ ဂရန့်၊ ဟာဒင်း၊ ဟိုးဗား၊ နစ်ဆစ်တို့ ကို သတ်မှတ်သည်။နိုင်ငံ၏တာဝန်ကို မည်မျှ ထမ်းဆောင်နိုင်ခဲ့ကြသည်၊ မည်သို့တိုးတက် အောင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ သည်။ အခက်အခဲ အကျပ်အတည်းအချိန်ကာလ တွင် မည်သို့ကျော်လွှားနိုင်ခဲ့ကြခြင်းသည် သူတို့၏ အဓိကအရည်အချင်းများ ဖြစ်သည်။
နိုင်ငံရေး၏အလားအလာနှင့်စိန်ခေါ်မှု
ကမ္ဘာ့နိုင်ငံရေး၏ အလားအလာသည် စိန် ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ရွေးကောက် ပွဲမတိုင်မီ မဲဆွယ်စည်းရုံးစဉ်က ပေးခဲ့သော ကတိကဝတ်များကို ရွေးကောက်ခံပြီး သောအ ခါ ကောင်းစွာ ဖြည့်ဆည်းပေး နိုင်ကြခြင်း မရှိကြ သဖြင့်၊ နိုင်ငံရေးသမား များအပေါ် ပြည်သူတို့၏ ယုံကြည်မှုသည် တစ်နေ့တခြား လျော့ပါးလာ သည်။ ဤအခြေအနေမျိုးကို ပထမသက်တမ်း တစ်ခု ကျော်လွန်သည်နှင့် မြန်မာ့နိုင်ငံရေးတွင် လည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။ အနည်းဆုံး ကတိကဝတ်များ၏ ၅ဝရာခိုင်နှုန်းမျှလောက် ကိုတော့ ဖြည့်ဆည်းနိုင်သင့်သည်။ ဤသို့ မဖြည့် ဆည်းနိုင်ရခြင်း၏အကြောင်းမှာ နိုင်ငံရေးစနစ် ကြောင့်လား၊ နိုင်ငံရေးသမားတို့၏ စရိုက်ကြောင့် လားဆိုသည်မှာ မေးခွန်းဖြစ်လာခဲ့ရပါသည်။ အ မှန်စင်စစ် နှစ်မျိုးစလုံးကြောင့်ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။ ရာထူးရပြီးသောအခါ ပြောင်းလဲ တတ်သော လူ့သဘာဝနှင့် တစ်ရံတစ်ခါတွင် စနစ်၏ ကန့်သတ်မှုများ ကြောင့် စိတ်သွားတိုင်း ကိုယ်မပါသည်များလည်း ရှိတတ်ပါသည်။မည်သူတို့ကို ပြည်သူက အယုံအကြည် နည်းပါးကြသနည်း? မည်သည့်အဖွဲ့အစည်းကို ပြည်သူက ယုံ ကြည်မှု ပိုပါသနည်း? မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒ (Public Opinion) ကို ကျယ်ပြန့်စွာ ကောက်ခံသော ယဉ်ကျေး မှု ကောင်းစွာမ ထွန်းကားသေးချေ။ အမေရိ ကန်တွင် Gallop Poll အရ ပြည်သူ့ယုံကြည်မှု (Public Confidence ) ရရှိသော အဖွဲ့အစည်းနှင့် ပြည်သူ ယုံကြည်မှု ရာခိုင်နှုန်းမှာ အောက်ပါအ တိုင်း ဖြစ်သည်။ 
Organization % Confidence
The Military 71%
Small Business 60 %
Banks 33 %
The Presidency 26 %
Organized Labour 20 %
 Big Business 20 %
Congress 12%
သမ္မတအပေါ်ယုံကြည်မှု ၂၆ ရာခိုင်နှုန်းနှင့် လွှတ်တော်အပေါ်ယုံကြည်မှု ၁၂ ရာခိုင်နှုန်းသည် နိုင်ငံရေးအလားအလာကို အနုတ်လက္ခဏာ ဆောင်စွာ ဖော်ပြနေပါသည်။
သမ္မတနှင့်လွှတ်တော်
သမ္မတ နှင့် လွှတ်တော်တို့ အင်မတန်အရေး ကြီးကြောင်း လူတိုင်းသိကြသည်။ သမ္မတက အမြင့်ဆုံးသော အာဏာကို ကိုင်စွဲထားပြီး ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံ၏တိုးတက်ဖွံ့ဖြိုး မှုကို အဓိက တာဝန်ခံ ဆောင်ရွက်ရသူဖြစ်သည်။ နိုင်ငံ၏ ကောင်းခြင်း၊ ဆိုးခြင်း၊ တိုးတက်ခြင်း၊ဆုတ် ယုတ်ခြင်းသည် သမ္မတနှင့် ဝန်ကြီးများအပေါ် မူတည်သည်။ အစိုးရအဖွဲ့ကို သမ္မတကတာဝန် ခံရ၍ သမ္မတမှာ တာဝန်အရှိဆုံးဖြစ်လာသည်။      ပတ်ဝန်းကျင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိ တွေ့ရသော လုပ်ငန်းတွင် ရှိနေသဖြင့် ကောင်းစွာသတိထားမိ သည်မှာ အရည်အချင်း ရှိကြသူများရော၊ အရည်အချင်းမရှိ ကြသောသူ တော်တော်များများမှာ 'အမတ်'ဖြစ်ချင်ကြသည် ကို သတိထားမိသည်။ အခိျု့(ရာနှုန်းများစွာ)မှာ 'အမတ်' ဆိုသည့် အဓိပ္ပာယ်နှင့်တာဝန်ကိုပင် မသိကြချေ။ မြန်မာ့နိုင်ငံ ရေးသည်‘ဒီမိုကရေစီနှင့် ခပ်ခွာခွာနေခဲ့သည်မှာ နှစ်ပေါင်း ၅ဝ မျှ ရှိနေခဲ့ပြီဖြစ်သဖြင့် အုတ်ရောရော၊ ကျောက်ရောရော ဖြစ်မည်ကို စိုးရိမ်စိတ်ဝင်မိသည်။ 'အစမကောင်း အနှောင်း မသေချာ'သဘောအတွက်လည်း စိတ်ပူမိပါသည်။ ရွေးကောက်ပွဲဝင်ကြမည့်သူများ အတော်အတန် လေ့ လာထားပြီးကြပြီဟု ယူဆသည်။ အမတ်ဖြစ်ချင်ကြသူများ မှာ ပါတီလည်း မထောင်ရဲ၊ ရွေးကောက်ပွဲလည်း မဝင်ရဲ၊ နိုင်ငံရေးအကြောင်း 'က'ကြီး 'ခ' ခွေးပင် သိအောင် မကြိုး စားကြသူများ အများစုဖြစ်နေသည်ကို အံ့သြစွာ တွေ့ရ သည်။ အမတ်မင်းများသည် ပြည်သူကို ကိုယ်စားပြုသည်၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေး၊ တစ်နည်းဖြင့် အုပ် ချုပ်ရေးအာဏာပိုင်တို့ကို ဥပဒေဖြင့် ထိန်းညှိသည့် တာဝန် ယူရသူများ ဖြစ်သည်။ တရားစီရင်ရေး မှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်ရသည့်တာဝန်ကိုလည်း ထမ်းဆောင်ရသည်။ အမတ်မင်းများဖြစ်လာကြသည့်အခါ လွှတ်တော်ထဲတွင် ဆိုင်ရာကဏ္ဍအလိုက် အစုအဖွဲ့များဖြစ်လာကြပြီး (ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လုပ်သားရေးရာ)၊ မိမိတို့နှင့်ဆိုင် ရာကဏ္ဍနှင့်ပတ်သက်၍ အသေးစိတ် ပြန်လည် လေ့လာ ကာ ဥပဒေရှုထောင့်မှ ရပ်တည်၍ ပြည်သူ့အကျိုး အကာ အကွယ်ပေးကြရသူများဟု အခြေခံအားဖြင့် နားလည်နိုင် ပါသည်။ နိုင်ငံ၏အနာဂတ်သည် ဖြစ်ပေါ်လာမည့် သမ္မတနှင့် ဝန်ကြီးများအဖွဲ့ဟုဆိုသော အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေဖြင့် ပြန်လှန်ထိန်းညှိသည့်တာဝန်ကို ယူသော အမတ်မင်းများ စုဝေးကြမည့် ဥပဒေပြုမဏ္ဍိုင်၊ ဥပဒေ၏ တစ်မျက်နှာကိုသာ ကြည့်၍ မှန်ကန်စွာအဆုံးအဖြတ်ပေးသော တရားစီရင်ရေး မဏ္ဍိုင် သုံးခုပေါ်တွင် လုံးလုံးလျားလျား တည်မှီနေပါသည်။ အနှောင်းသေချာစေရန် အစကောင်းကြပါဟု ဆန္ဒပြုရပါ သည်။
ေ ဒါ က် တာေ န ဇ င် လ တ်
Ecovision journal မှ ကူးယူဖော်ပြပါသည်
Ref-http://troths.multiply.com/reviews/item/90
စိုးမင်းဦး
Unknown at 10:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ၀န်းကျင်ခန့်တွင် ပါရမီအဓိပတိယာဉ်လိုင်း အဓိပတိ (အနီ)ပေါ်တွင် လိုက်ပါလာသော မြေနီကုန်းမှတ်တိုင်တွင် ဆင်းမည့် အသက် ၅၄ နှစ်အရွယ်ခရီးသည်မှာ ၎င်းအား မဟာမြိုင်မှတ်တိုင်တွင် ဆင်းခိုင်းသဖြင့် မကျေနပ်ကြောင်းပြောရာ ယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရသည်။

''မြေနီကုန်းရောက်ပြီလို့ ယာဉ်နောက်လိုက်က ပြောလို့ ဆင်းလိုက်တာ မြေနီကုန်းမှတ်တိုင် မဟုတ်မှန်းသိလို့ ပြောလိုက်တော့ မြေနီကုန်းမှာ မှတ်တိုင်မရှိတော့ဘူး၊ ဒီမှာပဲဆင်းလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းတို့ကို တိုင်မယ်လို့ပြောတော့ တစ်ယောက်ကဆင်းပြီး ခင် ဗျားက တိုင်ရအောင် ခင်များက ဘာကောင်လဲဆိုပြီး ထိုးတယ်။ နောက်ထပ်နှစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကိုချုပ်ပြီး ကျန်တစ်ယောက်က ထိုးတယ်။ ဘေးက ကောင်လေးနှစ်ယောက်ရောက်လာပြီး ၀င်တားမှ မင်းတို့ တိုင်ချင်ရာတိုင်၊ ပါရမီက ကောင်တွေကွလို့ပြောပြီး ကားပေါ် တက်ပြီး ထွက်သွားတယ်''ဟု ကာယကံရှင် ကြည့်မြင်တိုင်တွင် နေထိုင်သူ ဦးထွန်းလွင်က ပြောပါသည်။

ထိုသို့ ၀ိုင်းထိုးနှက်မှုကြောင့် ဦးထွန်းလွင်မှာ နားထင်ကွဲဒဏ်ရာ၊ မျက်နှာ၊လက်နှစ်ဖက်နှင့် ၀မ်းဗိုက်တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းနှင့် စမ်းချောင်းရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်တိုင်ကြားခဲ့မှုကို မပြုလုပ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုပါသည်။

''သူတို့ဘယ်လောက် ရိုင်းရိုင်း သူတို့ကိုမှီခိုနေတဲ့သူတွေ အခက်တွေ့မှာစိုးလို့ပါ''ဟု ဦးထွန်းလွင်က ပြောပါသည်။ ထို့အတူ ဧပြီလ ၄ ရက်နေ့ကလည်း ပါရမီ အဓိပတိယာဉ်လိုင်းမှ လူ ၃၀ ဦးကျော်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်အတွင်း အုပ်စုလိုက် ရမ်းကားမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

သစ်ထူးလွင်
Unknown at 10:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကုလ အတွင်းရေးမှူးချုပ် ဘန်းကီမွန်းမှ ဒေါ်အောင်ဆန်းစုကြည် မပါသည့် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောမည်





မြန်မာအစိုးရ၏ နိုင်ငံရေးတိုးတက်ပြောင်းလဲ အောင်မြင်မှုများကြောင့် ကမ္ဘာနိုင်ငံများမှ ပုဂ္ဂိုလ်အများအပြား လာရောက်လျှက်ရှိရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ၎င်း၏ဇနီး ယိုဆွန်တေးတို့သည်လည်း မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိလာခဲ့သည်။

ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သည် ဧပြီ ၃၀ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မပါသည့် ပြည်တော်စုလွှတ်တော်မှ လွှတ်တော်အမတ်များ အားလုံးကိုလည်း ပြည်ထောင်စုလွှတ်တော်ခန်းမတွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဘန်ကီမွန်း၏ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယနေ့ ကုလသမ္မဂ္ဂမှာ အမေရိကန်နှင့် ဥရောပ တို့၏ လက်ကိုင်တုတ်ဖြစ်နေကြောင်း ဝေဖန်ခံရလျှက် ရှိသည်။


ယနေ့ နေ့လည်ပိုင်းတွင် ဘန်းကီမွန်းမှ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၏အုတ်ဂူ သို့ သွားရောက် ဂါရဝ ပြုခဲ့ပြီး ဦးသန့်၏ ဆုံးမစာ တစ်ခုမှာ "
ဟေ့... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်င်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။
(ဦးသန့်)
ဟူ၍ဖြစ်သည်။

Myanmar Express
Unknown at 10:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကို သတိမူကြပါ။

“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။


အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူး လိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင်ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက်အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော် သံဃာ့ မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန် လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာလည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေ အချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေဆင်တဲ့ ထောင်ချောက်အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ကတော့ ဒီလိုစော်ကားဆန့်ကျင် ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့ လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေမှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။

ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေအပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင် ထောက်ချောက်လုပ်တာတွေကို မည်သို့သော ဆန့်ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန်ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေး စော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံနဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ် မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများ အကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခ မဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေ ဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။


အရှင်ရာဟုလာ (မစိုးရိမ်) ။
 
http://www.facebook.com/home.php#!/photo.php?fbid=3737760570647&set=a.3390189321583.2157207.1475121874&type=1
Unknown at 10:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တန်းဖိုးသိမှ တန်ဖိုးရှိတယ်... တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်... 11:04 Myanmar Express Group 2 comments



From : Kyaw Soe Hein

အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....


Myanmar Express
Unknown at 10:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဓါတ်ပုံ (Google Images)
မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယခုည(ဧပြီလ ၂၈ ရက်နေ့) ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်းEleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဖောက်ခွဲသူမှာ ခန့်မှန်ခြေ အသက် ၂၀ ၀န်းကျင်အရွယ်ဖြစ်ပြီး ရှေ့မှသွားသော ရဲကားအား နောက်မှ ဆိုင်ကယ်နှင့်လိုက်၍ ဗုံးဖောက်ခွဲမှုပြုလုပ်ရာမှ အဆိုပါဗုံးမှာ လူငယ်၏ ပါးစပ်ထဲတွင်ပင် ပေါက်ကွဲသွားပြီး ထိုသူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖောက်ခွဲသူတွင် M20 ပစ်စတို တစ်လက်ပါလာပြီး ကျည်ထိုးပြီးသားဖြစ်နေကြောင်းနှင့် အခြား ကျည်ဆံ ၆ တောင့်ကိုလည်း ၎င်းအနီးတွင်တွေ့ရှိရကြောင်း ဗုံးဖောက်ခွဲသူစီးနင်းလာသည့် ဆိုင်ကယ်မှာ CZL 125 GLN ဖြစ်ပြီး မူဆယ် ပြည်တောင်စုလမ်းမကြီးပေါ်ရှိ  ဆင်ရတနာဟိုတယ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဖောက်ခွဲခဲ့သူမှာ သေဆုံးသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ပျက်စီးသွားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ယခုတစ်ကြိမ်ဆိုလျှင် ဧပြီလအတွင်း ဒုတိယအကြိမ်မြောက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီး ပထမတစ်ကြိမ်က မူဆယ် ၁၀၅ မိုင် ယာဉ်စစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရှိရသည်။

သစ်ထူးလွင်
Unknown at 10:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး



မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images)
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။

အဆိုပါ ရထားနောက်မှ မြစ်ကြီးနားသို့ ထွက်ခွာသော အခြားသော မန္တလေး-မြစ်ကြီးနား ရထားတစ်စင်းသည် ယခုအခါ နဘားဘူတာတွင် ရပ်တန့်ထားရကြောင်းနှင့် မန္တလေး-မြစ်ကြီးနား အသွားအပြန် ရထားပြေးဆွဲမှုကို ၅ ရက်ခန့် ရပ်တန့်ထားနိုင်ကြောင်းလည်း သိရသည်။

မန္တလေး-မြစ်ကြီးနား ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် ယနေ့ မြစ်ကြီးနားတွင် စားသောက်ကုန်ပစ္စည်းများသည် နဂိုဈေးထက် အတန်ငယ် မြင့်တက်လျက်ရှိလာနေကြောင်းလည်း CJMyanmar က သတင်းရရှိပါသည်။
 CJMyanmar
Unknown at 10:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ရန် မသွားမလာအပ်တဲ့ မိန်းမ(၂၀)


    •  ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ချင်တယ်ဆိုရင် မသွားမလာအပ်တဲ့ မိန်းမ(၂၀) ကို ရှောင်ကြဉ်ရပ့ါမယ်။
      (၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
      (၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
      (၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
      (၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
      (၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊

      (၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
      (၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
      (၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
      (၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ၊
      (၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ
      (၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ
      ၊(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
      (၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
      (၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
      (၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊
      (၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
      (၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
      (၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
      (၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊
      (၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
    • ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၁)မှ(၈)ထိ အချက်ဟာ မိန်းမနဲ့ယောက်ျား နှစ်ယောက်လုံး ဖောက်ပြန်ခဲ့လျှင် ယော်ကျားမှာပဲ အပြစ်ဖြစ်ပါတယ်။ မိန်းကလေးမှာတော့ အပြစ်မဖြစ် ပါဘူး။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၉) မှ နံပါတ်(၂၀)အထိ မိန်းမ(၁၂)မျိုးမှာဆိုရင်တော့ မိန်းမရော ယောက်ျားရော အပြစ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့... အကြင် မိန်းမဟာ လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသောကြောင့် ဖြစ်ပါတယ်။ ယောက်ျားများမှာမူ ထိုမိန်းမ(၂၀)တို့တွင် မည်သူနှင့်မဆို ဖောက်ပြန်ပါက ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ နောက်ထပ် ယောက်ျားများအတွက် ဖော်ပြထားတဲ့ မိန်းမအမျိုး(၂၀) အပါအ၀င် ကာမေသု မိစစ္ဆာစာရကံ ထိုက်သော အချက်လေးချက်ရှိပါတယ်..။ အဲ့ဒါတွေကတော့..(၁)အထက်မှာဖော်ပြသောမိန်းမအမျိုး(၂၀)တို့တွင်ပါဝင်ခြင်း၊(၂)ကျင့်ပြုမှီဝဲလိုစိတ်ရှိခြင်း၊(၃)ရနိုင်သောနည်းဖြင့်လုံ့လပြုခြင်း၊(၄)ပြုကျင့်ခြင်းကိုလည်း သာယာခြင်း တို့ဖြစ်ပါတယ်။
      ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန်သင့်သော လမ်းကြောင်းသုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာပြုလုပ်လျင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေကတော့ (၁)ကျင်ကြီးစွန့်ရာလမ်းကြောင်း၊(၂)ကျင်ငယ်စွန့်ရာလမ်းကြောင်း၊(၃)စကားပြောရာလမ်းကြောင်းတို့ဖြစ်ပါတယ်။
      နောက်ပြီး မိမိကာမပိုင်မိန်းမပင် ဖြစ်လင့်ကစား ကာမေသုမိစ္ဆာစာရကံ ထိုက်သော အချက်လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာသိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေကတော့ (၁)မိမိမိန်းမကိုယ်ဝန်အလွန်ရင့်သောအခါ၊(၂)မိဘဆရာလူအများတို့မြင်သဖြင့်မသင့်တော်သောနေရာ၊(၃)ကျင့်ရိုးမဟုတ်ခြင်းနှင့်လွဲမှားစွာပြုကျင့်ခြင်း၊(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။
      ကျနော် ဖော်ပြခဲ့တဲ့အထဲမှာ စကားလုံး ရိုင်းသွားလို့ ရှိရင်လည်း တောင်းပန်ပါတယ်။ ရှင်းရှင်းလင်းလင်း သိသွားဖို့အတွက် နားလည်လွယ်အောင်ပဲ အလွယ်သုံးလိုက်တာပါ။ ဘာလို့ဒီအကြောင်းကို ရှင်းအောင် ဖော်ပြရလဲဆိုတော့ ကျနော်တို့ လိုလူငယ်တွေ အများဆုံးထင်ထားကြတာက အခကြေးငွေပေးပြီး ကျူးလွန်လျှင် အပြစ်မရှိဘူး.. နောက်ပြီး ကိုယ့်ချစ်သူမိန်းကလေးနဲ့ နှစ်ဦးသဘောတူ ကျူးလွန်လျှင် အပြစ်မရှိဘူး လို့ထင်ထားကြတာတွေ များလို့ပါ။ တကယ်တမ်းက ကိုယ့်ကာမပိုင် မိန်းမမဟုတ်ပဲ တစ်ခြားတစ်ယောက်နဲ့ ဘယ်လိုပဲ ကျူးလွန်မိမိ ကာမေသုမိစ္ဆာစာရကံ ထိုက်ဖို့များပါတယ်။ ဒါ့ကြောင့် ကိုယ့်ကာမပိုင် မိန်းမမှတစ်ပါး အခြားသူကို ဘယ်လိုနည်းနဲ့မဆို မကျူးလွန်မိဖို့ စောင့်ထိန်းသင့်ပါတယ်။ စောင့်ထိန်းဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ကာမေကျူးလွန်ခြင်းကို အလွဲသိကြပြီး အမှားတွေ ဆက်မှားနေမှာ ဆိုးတဲ့အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ကာမဖောက်ပြား ကျူးလွန်ခြင်းကို ရှောင်ကြဉ်နိုင်ကြပါစေ။
    • Credit >> ဓမ္မမေတ္တာ
Unknown at 10:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဧည့်စာရင်းစစ်တယ်ဆိုပြီး မင်းမဲ့စရိုက်ဆန်ဆန် အိမ်ခန်းထဲအထိ ၀င်ပြီး ရိုက်ပုတ်ခဲ့တဲ့ နေပြည်တော်ပျဉ်းမနားကဖြစ်ရပ်


နေပြည်တော်ပျဉ်းမနားတွင် ရာအိမ်မှူးဆိုသူ ဧည့်စာရင်းစစ်သည်ကိုအကြောင်းပြီး မင်းမဲ့စရိုက်ဆန်ဆန် ယောင်္ကျားဖြစ်သူအား နာကျင်အောင်ရိုက်နှက်ပြီး ဇနီးဖြစ်သူအား အရှက်တကွဲအကျိုးနဲအောင် ရိုက်နှက်ခြင်း အင်္ကျီရင်ဘတ်အားဆွဲဖြဲခြင်းစသည့်တို့ ပြုလုပ်ခဲ့ပြီး ပုံစံ (၆၆)ပါ ထုတ်ပစ်လိုက်မယ်ဟု ခြိမ်းခြောက်ခဲ့သော ဖြစ်ရပ်တစ်ခုသည် (၇.၄.၂၀၁၂)နေ့က ဖြစ်ပွားခဲ့ရာ တရားစွဲဆိုရာတွင် ကြန့်ကြာခဲ့ပြီးမှ ယခုအခါတွင် (၃၁.၄.၂၀၁၂)ရက်နေ့မှ တရားစွဲတင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကလေးကတော့ --- နေပြည်တော် ပျဉ်းမနား၊ကင်ပွန်းတန်းအုပ်စု၊ သဲကျွန်းရွာနေ ကိုယဉ်ထွေး (၂၉)နှစ်သည် ( 7.4.2012)ရက်နေ့ည (၁၁း၃၀) အချိန်ခန့်က ယင်း၏နေအိမ်အပေါ်တွင် အိပ်ပျော်နေစဉ် ကိုယဉ်ထွေးအား တုတ်ဖြင့် ရိုက်နှိုးသဖြင့် ကြောက်လန့်တကြားနိုးလာပြီး ကိုယဉ်ထွေးအား လူသုံးဥိးက လက်နှိပ်ဓါတ်မီးဖြင့်ဝိုင်းထိုးကာ ၀ါးတုတ်ကိုယ်စီဖြင့် ကိုယဉ်ထွေးအား ၀ိုင်းရံထားပြီး အိမ်အောက်ထပ်သို့ ခေါ်ဆောင်သွားသည်။
အိမ်အောက်ရောက်သွားသောအခါ လှေခါးထစ်ရင်းတွင် ရာအိမ်မှူး ကိုသိန်းဆင့်၊ အမည်မသိတို့တွေ့ခဲ့ပြီး ``ငါရာအိမ်မှူးကွ ဧည့်စာရင်းစစ်ဖို့လာတာ မင်းတို့ပုံစံ (၆၆)ပြ စမ်းဟု ရင့်ရင့်သီးသီးတောင်းခံလာသဖြင့် ကိုယဉ်ထွေး၏ဇနီးက ပုံစံ (၆၆)ထုတ်ပြစဉ် ရာအိမ်မှူး ကိုသိန်းဆင့်ဆိုသူက ဒါတွေမလိုဘူး၊ ပေါင်းလောင်းက ပုံစံ (၆၆)တွေလာမပြနဲ့ဟုဆိုကာ စာရွက်စာတမ်းအကုန်လုံးကို လွှင့်ပစ်လိုက်သည်ဟုဆိုသည်။ထိုအချိန် အိမ်နီးချင်းများကလည်း မျက်မြင်သက်သေအဖြစ် ရှိခဲ့သည်။
ထိုအခါ ကိုယဉ်ထွေးကတောင်းပန်သော်လည်းမရပဲ  ကိုသိန်းဆင့်နဲပါလာသူ ရဲသွေးက ဘာမပြောညာမပြောပဲ ကိုယဉ်ထွေးအား လက်သီးနှင့်ထိုးကြိတ်ရာ ကိုယဉ်ထွေးဇနီး မမြင့်မြင့်က ၀င်ရောက်ဟန့်တားစဉ် ကိုသိန်းဆင့်ကလဲ မမြင်မြင့် ရင်ဘတ်အားတွန်းလားဆွဲလားလုပ်ပြီး အကျီင်္ဆွဲဖြဲခဲ့ရာ ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်း သက်သေများကလည်း ၀င်ဆွဲသော်လည်း မရရှိခဲ့ကြောင်း၊ ဧည့်စာရင်းလာစစ်ချိန်တွင် ရာအိမ်မှူးနှစ်အပေါင်းအပါတို့မှာ အရက်သေစာသောက်စားမူးယစ်နေပြီး ဘောင်းဘီတိုမှသာ ၀တ်စဉ်ထားကြောင်းလဲ ဘေးပတ်ဝန်းကျင်က ပြောဆိုကြားခဲ့သည်။
ယင်းတို့သည် ကိုယဉ်ထွေး၏ ၀ိုင်းထဲက ပြန်ထွက်သွားတော့လည်း ကိုယဉ်ထွေးအား ဆဲဆိုကြိမ်းမောင်းပြီး ခြံစည်းရိုးကိုပါ ရိုက်နှက်သွားခဲ့ကြောင်းလည်း ပြောကြားသည်။
ကိုယဉ်ထွေးလည်း အကိုတော်စပ်သူကိုဖုန်းဆက်ခေါ်ပြီး ရပ်ကွက်အုပ်ချူပ်ရေးမှူးကို သွားတိုင်ရန်ပြင်ဆင်နေစဉ် ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးကျော်မြင့်ကလည်း ကိုယဉ်ထွေး မတရားခံနေရသည့်ကိစ္စအား ကြေလည်အောင်မဖြေရှင်းပေးပဲ ကိုယဉ်ထွေးကိုသာ ``မင်းမိသားစုရဲ့ ပုံစံ (၆၆)ကို အပြီးဖယ်ပစ်လိုက်ရမလား´´ဟု ခြိမ်းခြောက်ခဲ့သည်။ထို့ကြောင့် အားကိုရာမဲ့နေသော ကိုယဉ်ထွေးကလည်း မျက်မြင်သက်သေတွေအားခေါ်ဆောင်ကာ ပျဉ်းမနား ရဲစခန်းသို့တိုင်ရာ ရဲစခန်းက တရားရုံးသို့ ဦးတိုက်လျှေက်ရန် ပုံစံ (က-ခ)ပေးလိုက်ပြီး ဦးတိုက်လျှောက်စေရာ (27.4.2012)နေ့က ကျင့် (၂၀၂)အရ ရဲစခန်းကို အဆိုပါ အမှုအား ပြန်လည်စစ်ဆေးစေခဲ့ကြောင်းနှင့် (31.4.2012)တွင် တရားရုံးချိန်ရှိကြောင်းလည်း သိရသည်။
``ဘာဖြစ်မလဲဆိုတာတော့ မသိရဘူး။ ဒီလိုအမှုမျိုးက အမှန်တကယ်တိုင်း အမှုဖွင့်စစ်ဆေးမယ်ဆိုရင် ပြစ်မှုဆိုင်ရာ ပုဒ်မ (၃၂၃)(ထိုးကြိတ်မှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၅၂ (သူတစ်ပါးပိုင်နက်ထဲ ကျူးကျော်ဝင်ရောက် ထိခိုက်ဒဏ်ရာရစေမှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၄ (အမျိုးသမီးအားကာယ အိနြေ္ဒ ဖျက်စီးမှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၆ (ဆဲဆိုကြိမ်းဝါးမှု) စတဲ့  ပြစ်မှုဆိုင်ရာ ပုဒ်မ အနည်းဆုံး  (၅)ခုလုံးနဲ့ အမှုဖွင့်လို့ရပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တရားရုံးတွေ၊ ရဲတွေကို ဘာဖိအားပေးပြီး ဘယ်လိုလုပ်မလဲဆိုတာတော့ အားလုံးကစိုးရိမ်နေရပါတယ်´´ ဟု ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။
နေပြည်တော်သတင်းထောက် (Myanmar News Now)
Unknown at 5:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်အား ဂရင်းနစ် မှတ်တမ်းဝင်ဖို့ တတ်နိုင်သူတွေ လုပ်ဆောင် ပေးကြပါ...




အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်အား ဂရင်းနစ် မှတ်တမ်းဝင်နိုင်ဖို့ တတ်နိုင်သူတွေ လုပ်ဆောင် ပေးကြပါ...

ကမ္ဘာကျော် ဂရင်းနစ် မှတ်တမ်းမှာ ပါဝင်စေလိုပြီး ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တဦးမှ အောက်ပါအတိုင်း ရေးသား ပေးပို့လာပါတယ်..။

အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်ဟာ ဂရင်းနစ် မှတ်တမ်းဝင်ဖို့ ကျော်လွှန်နေပြီလို့ ပြောလို့ရပါတယ်။ နိုင်ငံပိုင်သတင်းစာမှာ ဆောင်းပါးပါတော့ ပါလာပါတယ်၊ ဆက်သွယ် ဆောင်ရွက်ဖို့ကျတော့ နိုင်ငံတော်က ဘာမှ ဆက်မလုပ်ဘူးဆိုတဲ့ သဘောပေါ့ မဖြစ်သင့်ဘူးဗျ၊ သူများနိုင်ငံတွေမှာ ပရဟိတလုပ်ငန်းတွေ၊ ကိုယ့်မြို့ရွာနဲ့ ပါတ်သက်တာတွေ ပြည်သူတွေသိဖို့၊ နိုင်ငံတကာကသိဖို့၊ ဂုဏ်ယူချင်လွန်းလို့ စိတ်ပါကိုယ်ပါ လိုက်လုပ်ကြတယ်၊ ကိုယ့်နိုင်ငံမှာကတော့ သိတဲ့အတိုင်းပေါ့တဲ့။

အထက်ပါ ရေးသားပေးပို့ လာသူက ဂင်းနစ် မှတ်တမ်း ဝင်ဖို့ အင်္ဂလန်က Guinness World Records Ltd.ကို မေးလ် ပေးပို့ပါတယ်တဲ့။ ဟိုက အချက်အလက်တွေ ပြန်တောင်းတဲ့ အတွက် တဦးတည်း လုပ်ဆောင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ပြည်တွင်း မီဒီယာတွေနဲ့ တတ်ကျွမ်း နားလည်သူတွေ Guinness World Records Ltd.အထောက်အထားတွေ ပေးပို့ပြီး ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။

တောင်းဆို လာတဲ့ အချက်အလက်တွေ ကတော့
We will require proof of age documents which include:

· Birth Certificate or census report outlining and verifying date of birth

· Photo ID

· Passport copy (if applicable)

· Any other supporting documents which can help us verify age
many thanks,

အထောက်အထားတွေ ပြန်လည် ပေးပို့ရမယ့် အီးမေးလ်နဲ့ လိပ်စာကတော့

Vin.Sharma@guinnessworldrecords.com

Vin Sharma
Talent Manager
Guinness World Records Ltd.
184-192 Drummond Street, London, NW1 3HP
T: +44 (0)20 7891 4570

အမရပူရမှ အသက် ၁၂၀ကျော်ပြီ ဖြစ်တဲ့ အဖွား ဒေါ်မြကြည်ရဲ့ ပြည်တွင်းပြည်ပ သတင်းများ လင့်ခ်..

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5rM_foQ9za0LCNbYMLzpCLjC4BD6QD36N4JVsNKMDlP_7o4XdeIFxpB74pH6GSr3OSi3Or86TVza0xPmD28jk2uXlnAIo8SwrnFO8khBthyphenhyphenV5s-aPCiVydwDAWimyIKKfPYdTERLy-ec/s1600/024.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlqed7ewI8x1wDlitx_gtW6bfcxvkAfYvytyf6fwPER6Qk6WY_clXBr8DsqRkt_wau6fIq5wTjTaU37pKU4YBVSzrSwgQiSXLteI8_rbMsjanaQAtyipKXJf2XL4U4phkPZK3Y2ILJy4Q/s1600/022.jpg

http://in.news.yahoo.com/myanmar-daw-mya-kyi-world.html

http://www.mmtimes.com/feature/healthy/health06.htm

http://www.dvb.no/news/world%E2%80%99s-oldest-person-found-in-burma/11300

http://www.seniorsworldchronicle.com/2010/08/myanmar-daw-mya-kyi-118-may-be-worlds.html
ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ...
ဒီမိုဝေယံ
Unknown at 5:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးဖွင့်လှစ်



မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးကို ယနေ့ဧပြီလ၂၈ ရက် မွန်းလွဲ ၃နာရီခွဲက ရန်ကုန်တိုင်းဒေ သ ကြီး ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်း ခြံအမှတ် ၄၅ မှာဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါရုံးဖွင့်ပွဲကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ မစ္စစ် ကက်သရင်း အက်ရှ်တန်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့်ဇနီးတို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးနှင့်ပက်သက်၍ လက်ရှိတွင် ဌာနေကိုယ် စားလှယ်အဖြစ်ခန့်အပ်ထားခြင်းမရှိသေးသလိုရုံးအဖွဲ့တာဝန်ခံအနေဖြင့်လည်း ခန့်အပ်ထားခြင်းမရှိသေးကြောင်း သိရသည်။
Popular Myanmar News Journal
Unknown at 5:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရဌာနများရှိ အော်တိုတယ်လီဖုန်း ပြည်ပခေါ်ဆိုမှု နှုန်းထားများအား နှုန်းထားအသစ်ဖြင့် ကောက်ခံ




အစိုးရဌာနများရှိ အော်တိုတယ်လီဖုန်း ပြည်ပခေါ်ဆိုမှု နှုန်းထားများအား နှုန်းထားအသစ်နှင့် ကောက်ခံလျက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ ကြေညာချက်အရ သိရသည်။ တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား ဧပြီ ၉ ရက်မှစတင်ကာ ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်သူများ သုံးစွဲမှု အဆင်ပြေစေရန်အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းများအား တန်ဖိုးမြင့်ဈေးနှုန်း တစ်ရပ်မှနေ၍ ယခုကဲ့သို့ ကျပ်နှစ်သိန်းဝန်းကျင်ခန့် ဈေးနှုန်းသို့ လျှော့ချရောင်းချပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ မိုဘိုင်းဖုန်းများအား တန်ဖိုးနည်း လျှော့ချပေးခဲ့သည့်နည်းတူ အစိုးရဌာနများရှိ အော်တိုတယ်လီဖုန်းများအား ပြည်ပခေါ်ဆိုမှုနှုန်းထားကိုလည်း နှုန်းထားအသစ်ဖြင့် ကောက်ခံပေးလျက်ရှိကြောင်း သိရသည်။ ပြည်ပခေါ်ဆိုမှု နှုန်းထားအသစ်များ လျှော့ပေါ့သည့်အနေဖြင့် အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအား ခေါ်ဆိုပါက ပထမတစ်မိနစ်အတွက် (၉၆၀) ကျပ်နှင့် နောက်တိုး ၆ စက္ကန့်အတွက် (၉၆) ကျပ်ဖြင့်လည်းကောင်း၊ အာရှတိုက်အလယ်ပိုင်း ခေါ်ဆိုမှုအတွက် ပထမတစ်မိနစ်ကို (၁၄၄၀) ကျပ်နှင့် နောက်တိုး ၆ စက္ကန့်တိုင်းအတွက် (၁၄၄) ကျပ်၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိကတို့အား ခေါ်ဆိုမှုအနေဖြင့် ပထမတစ်မိနစ်ကို (၁၉၂၀) ကျပ်၊ အာရှတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့အား ခေါ်ဆိုခနှုန်းထားများအနေဖြင့် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၂၀) ကျပ်နှင့် နောက်တိုး ၆ စက္ကန့်တိုင်းအတွက် (၁၁၂) ကျပ်များဖြင့် ပြောင်းလဲပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာချက်များအရ   သိရှိရသည်။
 

 Myanmar Express
Unknown at 5:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဧရာဝတီတိုင်း မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်နေခြင်း

ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့အပါအ၀င် မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်ေ
တာက်လျှက်ရှိပါတယ်။
အိမ်မဲမြောင်းမြဘက်တွေမှာဆို တနေကုန်မှာ တစ်နာရီလောက်ပဲလျှပ်စစ်မီးရရှိ
ပါတယ်။ မီးရရှိချိန်မှာလည်း လျှပ်စစ်မီးကိုဝိုင်းအသုံးပြုကြတဲ့အတွက် ၀န်မနိုင်ဘဲ မီးလာချိန်တစ်နာရီမှာတောင် မီးက ၁၀ခါလောက်ပြတ်နေပါတယ်။

ပုသိမ်မြို့မှာဆိုရင်လည်း တစ်နေ့ ၆နာရီပြတ် ၁၂နာရီလာဆိုပေမယ့် ၁၂ နာရီလာတဲ့အချိန်မှာ ၁၂ နာရီအပြည့်မလာဘဲ လာလိုက်ပြတ်လိုက်နဲ့ မီးလာချိန် ၆နာရီလောက် တောင်မရှိပါဘူး။ အခုအချိန်ဟာ အလွန်ပူပြင်းတဲ့နွေရာသီဖြစ်တြာေ
ကာင့် လျှပ်စစ်မီးပြတ်တောက်နေတာဟာ မီးဘေးအန္တရာယ်စိုးရိမ်ရသလို ရာသီဥတုကပူ မီးကပြတ်တော့ မြို့နေ ပြည်သူလူထုတွေ လူမှုဒုက္ခတွေကို ကိုယ်ရောစိတ်ပါ နွမ်းနယ်ခံစားနေရပါတယ်။ 

ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးက ဦးအောင်တင်မြင့်က ရပ်ကွက်ဘက်ကိုစည်းရုံးရေးဆင်းေ
တာ့ ဘာအဆင်မပြေတာရှိလဲမေးတော့ ပြည်သူလူထုက လျှပ်စစ်မီး အလုံအလောက်မရရှိဘူးလို့ပြောတော့ လျှပ်စစ်မီးအလုံအလောက်ရဖို့ သူတာဝန်ယူဖြေရှင်းပေးမယ်ဆိုပြီး အခုမဲရှုံးတော့ လူတောင်မတွေ့ရတော့ပါဘူး။

လျှပ်စစ်မီးမလုံလောက်မှုကြောင့် မီးအားလျှော့တယ်လို့ပြောပေမယ့် မီးအားဆွဲများတဲ့ လမ်းမီးတိုင်က ဆိုဒီယမ်မီးတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ ကိုယ်ပိုင်trasnformer ရှိတဲ့လုပ်ငန်းရှင်တွေရဲ့ အိမ်တွေ အလုပ်ရုံတွေမှာတေ့ မီးတွေထိန်ထိန်ငြီးနေပါတယ်။

အခုချိန်မှာ နည်းပညာတက္ကသိုလ်ကျောင်းသားတွေစာ
မေးပွဲဖြေဆိုချိန်နဲ့တိုက်ဆိုင်နေတာကြောင့် မီးပျက်နေတာဟာ ကျောင်းသားတွေအတွက်အတော်လေးဒုက္ခရောက်နေကြပါတယ်။ မြို့နေ နည်းပညာတက္ကသိုလ်ကျောင်းသားတွေကတော့ နောက်တစ်ရက်နှစ်ရက် သူတို့စာမေးပွဲဖြေဆိုချိန်ထိမီးက အခုလိုပဲမီးဆက်လက်ပြတ်နေမယ်ဆိုရင် မြို့နယ်လျှပ်စစ်ရုံးကို ငြိမ်ချမ်းစွာ လှည့်လည် ဆီတန်းဆန္ဒပြဖို့ စည်းရုံးစီစဉ်ထားကြကြောင်း ဧရာဝတီ ၂၄နာရီမီးလင်းရေးအဖွဲ့မှပြောပါတယ်။
Myanmar News Now
ပုသိမ်မြို့                                                       သစ်ထူးလွင်
Unknown at 5:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.