Sunday, April 22, 2012

ကျပ်တထောင်တန်ဖုန်းကတ် (နိုင်ငံခြားမှာ)

သူများနိုင်ငံတွေမှာ တယ်လီဖုန်း SIM ကဒ်တွေကို ဇီးထုပ်၊ နေကြာစေ့ထုပ် တွေလိုဟော့ဒီလိုရောင်းနေပါတယ်..ကျနော်တို့ ဆီမှာတော့ စိန်တွေရွှေတွေရောင်းနေသလိုပဲ...​.သြော်....တန်ဖိုးလဲကြီးတာကိုး.​ ....ဒါလဲရတနာတစ်ပါးပဲလား.......​။

မြန်မာပြည်မှာ ဖုန်းနံပါတ် (sim card) တစ်ခုကို မြန်မာကျပ်ငွေ ၅၀၀၀ နဲ့ ရဖို့ အမျိုးမျိုး ပြောဆို ဆန္ဒထုတ်ဖေါ်နေကြတာ မကြာခဏ မြင်တွေ့နေရတော့ ...

တစ်ရက်မှာ ကျွန်တော် အခုနေတဲ့ အိမ်နားက ဈေးဆိုင်မှာ ဖုန်းနံပါတ် (sim card) တွေကို .. မြန်မာပြည်က ဈေးဆိုင်တွေမှာ ဆီးထုတ်၊ နေကြာစေ့ထုတ်တွေ ရောင်းသလို တိုင်မှာ ချိတ်ထားပြီး တစ်ခုကို ၇၉ ပြား၊ (မြန်မာငွေ ၁၀၀၀ ခန့်) နဲ့ ရောင်းနေတာ တွေ့လို့ ဓါတ်ပုံရိုက်ယူလာတာပါ။

(တနေ့နေ့တော့ မြန်မာနိုင်ငံမှာ ဒီလို ဖြစ်လာစေရမယ်လို့သာ စိတ်ထဲ ကြုံးဝါးနေမိတာပါပဲ။)

[ဒီရက်ပိုင်းအတွင်း Facebook နေရာအတော်များများမှာ တွေ့နေရတဲ့ ဓာတ်ပုံနဲ့ ရေးသားချက် ဖြစ်ပါတယ်]

ဧရာဝတီ ဘလော့မှ
Unknown at 7:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

‘လွှတ်တော်မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့် အချိန်ကို စောင့်နေတာပါ’ ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

72912
ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ယနေ့ ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက လွှတ်တော်သို့သွားရောက်ခြင်းပြု၊မပြုကိစ္စနှင့် ပတ်သတ်၍ ဝိုင်းဝန်းမေးမြန်းနေကြစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ကို မတက်ဘူးလို့ မပြောဘူး။ သွားနိုင်မယ့်အချိန်ကို စောင့်နေတာပါ” ဟု ဧပြီလ ၂၂ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ကြားဖြတ် ရွေးကောက်ပွဲ၌ အနိုင်ရကိုယ်စားလှယ်များကို ပထမပိုင်းတွင် ဦးမျိုးရန်နိုင်သိမ်းက ပဋိပက္ခများကို ဖြေရှင်းခြင်းနည်းလမ်း၊ ဒုတိယပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဦးအောင်ကြည်ညွန့်က အလုပ်သမားဥပဒေ၊ လယ်ယာဥပဒေ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသင်တန်းများကို ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်မှ “ လွှတ်တော်ထဲမှာ ပြဋ္ဌာန်းတဲ့ဥပဒေတွေ၊  မြေယာဥပဒေတို့၊ အလုပ်သမား သမဂ္ဂတို့၊ မြေလွတ် မြေရိုင်းဥပဒေ တို့နောက်  ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ တွေကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့ထဲက ဥပဒေပညာ ရှင်တွေက သင်တန်းပို့ ချတာပါ။ လွှတ်တော်ကို ဒီနေ့ကတော့ သွားဖို့ အစီအစဉ်မရှိဘူး။ သင်တန်းလည်း ပြီးသွားပြီ။ ကိုယ့် အလုပ်တွေကို ကိုယ်လုပ်ပြီး ငွေကြေးကိစ္စတွေကို အပြီးသတ် လုပ်ထားဖို့နဲ့ အဲဒီငွေကြေးကိစ္စ တွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေမှာ ကျမ်းကျိန်တာတွေ လုပ်ရမယ်” ဟု ပြောပါသည်။
ထို့နောက် ဦးအုန်းကြိုင်မှ လွှတ်တော်မတက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများက စိုးရိမ်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို “ အဲဒါကတော့ ကျွန်တော်တို့ ဟိုနေ့က ပြောထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် တို့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ပေးဖို့ အကြံပြုချက် တင်ထားတယ်။ အဲဒီ အကြံပြုချက်တင်ထားတာကို ဟိုတစ်နေ့ကတော့ ဖွဲ့စည်းပုံဆိုင်ရာ ကော်မရှင်ရုံးက သူတို့ဘောင်ထဲမှာ မရှိဘူးတဲ့။ သူတို့လုပ်ရမှာ မဟုတ်ဘူးလို့ပြောတယ်။ အဲတော့ လုပ်ရမှာက ဘယ်သူလဲ။ အဲဒါကတော့ သူတို့ ဆက်ပြီးတော့ လက်တွဲပြီး တော့လုပ်ပေါ့။ ကျွန်တော်တို့ကတော့ အကြံပြုချက် တင်ထားပြီးပြီ။ လုပ်ခွင့်ရှိနိုင်တဲ့သူ၊ လုပ်နိုင်တဲ့သူ တွေက လုပ်နိုင်တဲ့အတိုင်း လုပ်သွား ပေါ့။ တကယ်တော့ ကျွန်တော် တစ်ယောက်တည်း သဘောပြောရရင် ဒီကိစ္စဟာ ပထမဖြစ်စဉ်ကိုက ကော်မရှင်ဥပဒေမှာ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ပါမယ်ဆိုတဲ့ စကားရပ်က ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျလို့ မှတ်ပုံမတင်ခဲ့ဘူး။ ဦးသိန်းစိန်နဲ့ ကျွန်တော်တို့ဖက်က တွေ့ရာမှာ NLD ပါသင့်တယ်။ ကျွန် တော်တို့ကလည်း  လက်ခံပါတယ်။ ဒါပေမယ့် ဒီအချက်ကိုတော့ ပြုပြင်ပေးမှဖြစ်မယ်။ ဒါပြုပြင်ပေးမယ် ပြောလိုက်တယ်။ ပြောလိုက် ပြီးရင် ဒါက ဥပဒေပဲ။ တစ်အိမ်လုံး မီးလင်းပြီး မီးဖိုချောင်လေးကျမှ တစ်နေတာ ကျွန်တော်တို့ မပြောတတ်ဘူး။ လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြီးရင် လွှတ်တော်ထဲ သွားမယ်။ လွှတ်တော် ထဲသွားတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ ပုဒ်မ ၁၂၅ အရ ဇယား (၄) ပါစာသား ကို ဥက္ကဌရှေ့မှာ ကျမ်းကျိန်ရမယ်။ ဒါလည်းကျွန်တော်တို့ မငြင်းပါဘူး။ ဖိတ်ကြားစာတွေ ရောက်ထားပြီးသား။ ဒါပေမယ့် အဲဒီနေရာမှာ သူတို့ သတိလစ်နေတဲ့ အချက်တစ်ခုက အဲဒီစာသားကတော့ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပါမယ် ဖြစ်နေတုန်းရှိသေးတယ်။ ဒါက ကျွန်တော်ခုနက ပြောသလို inline ပေါ်သွားရမယ်။ ဒီအဓိပ္ပါယ်အတိုင်း ဖြစ်သွားသင့်တယ်။ ဒါဟာ အခုထိတော့ မလုပ်ပေးဘူးလို့ ပြောတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့လုပ်ရမယ့် အလုပ်မဟုတ်ဘူးတဲ့။ ဒါဖြင့်လွှတ်တော်က လုပ်ရမယ့် အလုပ်လား။ ဒါကတော့ ကျန်တဲ့ ဌာနတွေက ဆက်စဉ်းစားဖို့  လိုပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
EMG
Unknown at 7:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ယခုနှစ်သင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များနှင့် မင်းသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ဖြစ်ခဲ့၊ယင်းသို့ ၀တ်စားဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှုကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူနိုင်



7294
Facebook ပေါ်တွင် ပျံ့နှံ့နေသော သင်္ကြန်ကာလ မြင်ကွင်းဓာတ်ပုံများ
၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိလာခဲ့သည်။ ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမျိုးသမီးငယ်အချို့နှင့် မင်းသမီးငယ်အချို့တို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်တွင် မသင့်တော်သည့်အပြင် ၀တ်ဆင်သူသာမက မိဘဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀န်းများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သည့် ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ခဲ့ကြပြီး အဆိုပါ သရုပ်ပျက် ၀တ်စားဆင်ယင်ကြသူများ၏ ဓာတ်ပုံများသည်လည်း သင်္ကြန်ကာလအတွင်းကပင် အင်တာနက်စာမျက်နှာများထက်နှင့် Facebook တို့တွင် ပျံ့နှံ့လျက်ရှိနေခြင်းကြောင့် ထောက်ပြဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။
အခုနှစ်သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အဆိုးဆုံးလို့ ဆိုလို့ရတယ်
ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် မြန်မာ မိန်းကလေးတချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားခဲ့ပြီး အများစုမှာ ကျောသား၊ ရင်သားနှင့်ပေါင်သားများကို လှစ်ဟသည့် ၀တ်စားဆင်ယင်မှုဖက်ရှင်များနှင့် သင်္ကြန်ကာလ ကို ဆင်နွှဲခဲ့ကြသည်ကို တွေ့မြင်ခဲ့ရ သည်။ “အခုနှစ်သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆိုးဆုံးလို့ ဆိုလို့ရတယ်။ အများစုက ကျောပြောင်၊ ရင်ပြတ်တွေ ၀တ်လာကြရုံသာမကဘူး ဘောင်းဘီတို တွေဆိုလည်း တချို့ဆို လက်တစ်ဝါးကျော်လောက်ပဲ ရှိတာမျိုးတွေတောင် ၀တ်ဆင်လာကြတယ်။ ဒီလိုဝတ်ဆင်ပြီးတော့ မဏ္ဍပ်ပေါ်မှာ တက်ကနေတာမျိုး၊ ကားပေါ်မှာ ကတာမျိုးတွေ မြင်ရတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်က မဏ္ဍပ်တွေမှာဆို မဏ္ဍပ်တိုင်းလိုလိုမှာ အဲဒီလိုမိန်းကလေးတွေ အများကြီးတွေ့ ရတယ်။ သင်္ကြန်ပွဲတော်ကို လာနွှဲကြတဲ့ နိုင်ငံခြားသူတွေတောင် ဘောင်းဘီရှည်နဲ့ လာကြပြီး မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်းအနေနဲ့ ဓာတ်ပုံတွေရိုက်၊  ဗီဒိယိုတွေ ရိုက်နေကြတာတွေ့ရတော့ စိတ်ထဲမှာ တော်တော်ကို ခံရခက်ပါတယ်။ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်တန်ဖိုးကိုယ်ချသလို ဖြစ်နေတာ၊ တစ်ဖက်သားရဲ့အမြင်မှာလည်း အထင်သေးစရာဖြစ်တာ၊ နောက်ဆက်တွဲ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာတွေကို စဉ်းစားကြသင့်ပါ တယ်”ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကျောက်မြောင်းမှ မလင်းလင်းက သုံးသပ်ပါသည်။

ဒါမှမဟုတ် ဒီထဲမှာရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီးမပျံ့ နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံအမျိုးမျိုးနဲ့ အင်တာနက်ပေါ် ရောက်သွားနိုင်တဲ့ အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလိုဝတ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလားဆိုတာ  .  .  .
ထို့အပြင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း “သင်္ကြန်ဆိုတာ မြန်မာ့ ယဉ်ကျေးမှုပွဲတော် တစ်ခုပါ။ ဒီလို ပွဲတော်မျိုးမှာ ၀တ်ဆင်တဲ့ အ၀တ်အစားက ခေတ်မီလို့ရတယ်။ ဒါပေမယ့် ခေတ်လွန်ပြီး အထင်သေးစရာတော့ မဖြစ်သင့်ဘူးလေ။ သင်္ကြန်တုန်းက မြန်မာမိန်းကလေးတွေ ၀တ်ဆင်ခဲ့တာတွေကို အင်တာနက်မှာ တွေ့လိုက် ရတဲ့အခါ တော်တော်လေးကို တုန်လှုပ်မိပါတယ်။ မိန်းမကောင်းလေးတွေ မှဟုတ်ရဲ့လားလို့တောင် အတွေးဝင် မိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ၂၀၁၂ က တကယ်တမ်း ပြောရရင် ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ ရပါတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်မှာ လျှောက်လှမ်းနေတဲ့အချိန်မှာ အခုလိုမျိုးတွေ ပြုလုပ်တယ် ဆိုတာကတော့ တော်တော်လေးကို ဆိုးရွားသွားတယ်လို့ ဆိုရမှာပါ။ နိုင်ငံအတွက် ဘာမှ မကူညီနိုင်ရင်တောင် ကိုယ့်နိုင်ငံကိုသူများက အထင်သေးစရာ မဖြစ်အောင်၊ လက်ညှိုးထိုးစရာ မဖြစ်အောင် နေသင့်တာလေ”ဟု သူ၏အမြင်အား သုံးသပ်ပြခဲ့သည်။
ရှက်စရာကို မရှက်တာနဲ့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူနေတာ
သင်္ကြန်ကာလအတွင်း မြန်မာ အမျိုးသမီးငယ်များ အနေဖြင့် ယင်းသို့ သရုပ်ပျက် ၀တ်စားဆင်ယင်ခဲ့ကြရာ၌ အချို့မှာ အတွင်းခံ အ၀တ်အစားများသာ ၀တ်ဆင်ထားသည်အထိ လွန်ကျူးစွာ ၀တ်ဆင်ခဲ့ကြပြီး ယင်းသို့ဝတ်ဆင်သူများထဲတွင် မင်းသမီးငယ်အချို့သည်လည်း ပါဝင်ခဲ့ သည်။ “ဒီသင်္ကြန်မှာတွေ့ရတဲ့ မိန်းကလေးတွေအများစုကတော့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိသလို ဂုဏ်မယူသင့်တာကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ ကိုယ့်ရဲ့ဝတ်ဆင်မှုအရ ကိုယ့်ကိုတစ်ဖက်သား အထင်အမြင် သေးနိုင်တာကို ထည့်မတွက်ဘဲ ဒါဟာပေါ်ပြူလာဖြစ်တဲ့ အလုပ်တစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ တွေးနေကြပုံရတယ်။ ဒီလို အဖြစ်အပျက်တွေ ရှိလာတာဟာ ဖောဖောသီသီ ၀ယ်လို့ရနေ တဲ့ နိုင်ငံခြားခိုးကူးခွေတွေရယ်၊ လူငယ်ထုကြားမှာ လွှမ်းမိုးထားတဲ့ ကိုရီးယားယဉ်ကျေးမှုရယ်၊ အင်တာနက် အသုံးပြုမှုတွေရဲ့ နောက်ဆက် တွဲဂယက်လို့ပဲ ဆိုလို့ရပါတယ်။ သရုပ်ပျက် ၀တ်ဆင်ခဲ့ကြတဲ့သူတွေထဲ မှာ ဆယ်ကျော်သက် မိန်းကလေးတွေလည်း ပါဝင်ခဲ့တာကြောင့် မိဘတွေ ရဲ့ အုပ်ထိန်းဆုံးမမှုကလည်း အရေးပါတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါ ပြီ။ ကိုယ့်သမီး မဏ္ဍပ်သွားတယ်ဆိုရင် ဘာဝတ်သွားလဲ၊ ၀တ်သွားတဲ့ အ၀တ်အစားက ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာနဲ့ အန္တရာယ်ကို လုံခြုံစေရဲ့ လား၊ ၀တ်ထားတဲ့ အ၀တ်အစားက ရေစိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအထိ  ကြပ်ကြပ်မတ်မတ် ဆုံးမဖို့တော့ လိုမယ်ထင်ပါတယ်”ဟု ဗဟန်း မြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သူ မစိုးစိုးခိုင်က ဆိုသည်။
“မဏ္ဍပ်တွေမှာ စီစီတီဗီ ကင်မရာတွေတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာထားတဲ့ အဓိက ရည်ရွယ်ချက်က အကြမ်းဖက်မယ့်သူတွေကို စောင့်ကြည့်နိုင်ဖို့ပဲလား၊ မသင်္ကာ စရာသူကို ပြန်လည်ရှာဖွေနိုင်ဖို့ပဲလား။ ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံ အမျိုးမျိုးနဲ့ အင်တာနက်ပေါ်ရောက် သွားနိုင်တဲ့အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာလောက်အထိ တွေးစရာဖြစ်လာပါပြီ”ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူမအိအိက သုံးသပ်ပါသည်။
အနုပညာရှင်ဆိုတာ အများအတုယူသူမို့ ပိုမိုသတိထားသင့်
သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြသူများ တွင် လူငယ်သရုပ်ဆောင် အချို့လည်း ပါဝင်ခဲ့ပြီး အများသိပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာ များထက်နှင့် facebook ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက “ယဉ်ကျေးမှု လှိုင်းတွေ ရိုက်ခတ်လာတဲ့အချိန်မှာ လူတွေရဲ့ ဆင်ခြင်တုံတရား ကိုယ်ခံစွမ်းအားတွေ အဆင်သင့် မဖြစ်သေးတော့ လူးကြလိမ့်ကြ ဖြစ်တာပေါ့လေ။ အဲဒီထဲမှာ လူသိများတဲ့ ထင်ပေါ် ကျော်ကြားတဲ့သူတွေ ဖြစ်နေတော့ ပိုပြီး ထင်ရှားတာပေါ့။ ရုပ်ရှင်အစည်းအရုံး ဆိုတာကတော့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ဘဲ NGO ဖြစ်နေတဲ့အတွက် အဲဒီလိုဝတ်ဆင်ခဲ့တဲ့ သူတွေကို ခေါ်ယူ အသိပေးဆွေးနွေးမယ်၊ သတိပေးဆုံးမမယ် ဆိုတာမျိုး တွေပဲ လုပ်ရမှာပါ။ အဓိကတော့ ဒါကတစ်ဦးချင်းရဲ့ ကျင့်ဝတ်စောင့်ထိန်းခြင်းနဲ့ပဲ သက်ဆိုင်နေတယ်လေ။ ဒီတော့ ဒီလိုဝတ်ဆင်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ အဓိကတော့ အနုပညာရှင်ဆိုတာ ပရိသတ်ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်အားဖြင့် ပရိသတ် က အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းဆိုတာကတော့ ရှိလာမှာပါ။ ဒီအခါမှာတော့ ဒါကရှောင်ကြဉ်စရာပါလား ဆိုတာသိလာမယ်လို့ ယူဆပါတယ်” ဟု ရှင်းပြခဲ့သည်။
“သင်္ကြန်ဆိုတဲ့ အချိန်ကတော့ ခေတ်နဲ့အညီလေး ၀တ်ဆင်ကြတဲ့ အချိန်ဆိုတော့ အနုပညာရှင်တွေအနေနဲ့ လည်း အခွင့်ကောင်းတစ်ခုအဖြစ် ခေတ်နောက်ကိုလိုက်ပြီး ၀တ်ဆင်ကြတယ်လို့ မြင်ပါတယ်။ အသက်အရွယ် အရနဲ့ အခြေအနေ အချိန်အခါအရလည်း အခုလိုမျိုး ဖြစ်သွားတာ ပါပါ လိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်”ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်အား ပြောဆိုပါသည်။
မိန်းကလေးတွေ ဘီယာသောက်တာ ဖက်ရှင်လား
ယခုနှစ်သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေကစားထွက်သူ မိန်းကလေးငယ်များ၊ ရေပက်ခံထွက်သူ မိန်းကလေးငယ်များနှင့် လမ်းလျှောက် ရေပက်ခံသူ မိန်းကလေးအများစုပါ ဘီယာသောက်ခဲ့ကြသည်ကို တွေ့မြင်ရပြီး ဖက်ရှင်တစ်ခုအသွင်ဖြင့် သောက်သူလည်း များပြားခဲ့ကို တွေ့ မြင်ရသည်။ ပုံမှန်သောက်သုံးလေ့ရှိသူ မဟုတ်ခြင်း၊ ကိုယ်ခံစွမ်းအားချင်း နှိုင်းယှဉ်ပါကလည်း မိန်းကလေးမှာ ယောက်ျားလေးထက် နည်းပါးခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင် အမူးလွန်သူ မိန်းကလေးများလည်း ရှိလာခဲ့ကာ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ခြင်း၊ အရှက်အကြောက် တရားများ နည်းပါးသွားခြင်းများကိုပါ တွေ့မြင်လာခဲ့ရသည်။ “အခုနှစ် သင်္ကြန်မှာ ကောင်မလေးတွေ တော်တော်များများက ဘီယာဗူးတွေကိုင်ပြီး သောက်နေကြတာကို တွေ့ရတယ်။ ဘီယာသောက်တာကို ဖက်ရှင်တစ်ခု ပုံစံမျိုး ကျင့်သုံးလာကြတယ်။ တော်တော်လေးကို လွဲမှားတဲ့အယူအဆလို့ ဆိုနိုင်သလို အန္တရာယ်လည်း များပါတယ်။ ဘီယာမူးသွားဖို့ဆိုတာကလည်း ယောက်ျားလေးတစ်ယောက် ထက်ကို ပိုပြီးမြန်ဆန်နိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့တော့ ဆင်ခြင်တုံတရား၊ အရှက်အကြောက်  တရားဆိုတာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်”ဟု လသာမြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သည့် မမိုးမိုးအောင်က ဆိုပါသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်အချို့၌ မိန်းကလေးများသည် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများသာမက အနောက်တိုင်း အကများကိုလည်း လွန်ကျူးစွာ ကခုန်ခဲ့သည်များ ရှိခဲ့ပြီး အဆိုပါ မိန်းကလေးများတွင် အချို့မှာ လုပ်ငန်းသဘောတစ်ခုအဖြစ် မဏ္ဍပ်မှ ငှားရမ်းထားသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အချို့မှာ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ချက်ဖြင့် ပြောဆိုခြင်း၊ ကိုယ်အမူအရာပြခြင်းများ ပြုလုပ်သည့် အမျိုးသား အမျိုးသမီးများလည်း ရှိခဲ့ကြောင်း ရေကစားသူ များထံမှ သိရသည်။
“တချို့မဏ္ဍပ်တွေမှာ ကနေတဲ့ မိန်းကလေးတချို့က တော်တော်လေး ဆိုးကြတယ်။ အဲဒီတချို့ကမဏ္ဍပ်က သူတို့မဏ္ဍပ်စည်အောင် ဆိုတဲ့သဘောနဲ့ အလုပ်သဘော ငှားထားတာမျိုးတွေ ပါတယ်။ ဒီတော့ကကြတဲ့ မိန်းကလေး တွေကလည်း သူတို့အလုပ်သဘော သူတို့ပေါ့လေ။ ဒါပေမယ့် အဲဒါမျိုးတွေ ရှိနေတဲ့ အခါကျတော့ မိကောင်း ဖခင် သားသမီးလေးတွေ ဖြစ်ပေမယ့် ခေတ်လွန် ၀တ်စားထားကြတဲ့ မိန်းကလေးတွေကိုပါ အုတ်ရောရော ကျောက်ရောရော အထင်ခံစရာဖြစ်နိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ကိုကျော်မိုးက သုံးသပ်ခဲ့သည်။
မလုံ့တလုံ ၀တ်ဆင်ခြင်းဖြင့် ဥပဒေအရ အရေးယူခံရနိုင်
သင်္ကြန်ကာလတွင် ညစ်ညမ်းသော ပြုလုပ်ခြင်းများဖြစ်သည့် မလုံ့ တလုံ ၀တ်စားဆင်ယင်မှုများ၊ ထိုသို့ ၀တ်စားဆင်ယင်ကာ ညစ်ညမ်းသော အမူအရာပြုလုပ်ခြင်းများသည်  ရာဇ၀တ်မှုပင် မြောက်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(က) အရပြစ်မှု ထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ (က)တွင် ပြဌာန်းထားသည်မှာ မည်သူမဆိုအခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကိုသုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်ပါသည်။
EMG
Unknown at 7:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျမ်းသစ္စာဆိုရမည့် စာသားပြုပြင်ပြီးမှသာ NLD လွှတ်တော်တက်မည်ဟုဆို

 ကြားဖြတ်ရွေးကောက်ပွဲတွင် ရာခိုင်နှုန်းအများစု အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာဆိုရမည့် စာသား ပြုပြင်ပြီးမှသာ လွှတ်တော် တက်ရောက်နိုင်ဖွယ် ရှိကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က ပြောကြားသည်။”ခုချိန်ထိတော့ သွားဖို့ မရှိသေးဘူး။ တာဝန်ရှိတဲ့သူတွေနဲ့တော့ အချိန်နဲ့အမျှ ညှိနေတယ်။ မပြင်ပေးလို့တော့ မရဘူး ထင်တယ်” ဟု ၄င်းက ဆက်လက် ပြောကြားသည်။

နေပြည်တော်၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် မတက်ရောက်ရန် ရာခိုင်နှုန်း ပိုများကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧပြီလ ၂ဝရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းတွင် ပြောကြားခဲ့သည်။

“ကျွန်မတို့က လွှတ်တော်ကို Boycott လုပ်တာ မဟုတ်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ သုံးနာရီအချိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

NLD ကိုယ်စားလှယ်များ ကျမ်းသစ္စာဆိုရမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၄ ပါ ကျမ်းသစ္စာ ဆိုချက် ပုံစံတွင် ဖော်ပြပါရှိသော “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်” ဆိုသည့် စကားရပ်အစား “လေးစားလိုက်နာပါမည်” ဟု ပြင်ဆင်ရန် အဆိုပါပါတီက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

NLD ပါတီ ပြင်ဆင်စေလိုသည့် အချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ ဖြစ်နေသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှု ရှိမှသာ ပြင်ဆင်နိုင်ဖွယ် ရှိပြီး အဆိုပါ အချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြီး ကတည်းက တစ်ပါတည်း ပြင်ဆင်ပေးရမည့် အချက်ဖြစ်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

The Voice Weekly

Unknown at 6:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာစစ်တပ် ခလေးစစ်သား စုဆောင်းဆဲ

ခလေး စစ်သား မောင်စန်းယုနိုင်
ရန်ကုန်တိုင်း သာကေတမြို့နယ်က အသက် ၁၆ နှစ်ကျော်သာ ရှိသေးတဲ့ ၁၀ တန်းကျောင်းသား မောင်စန်းယုနိုင်ဟာ ခလေးစစ်သားအဖြစ် စုဆောင်းခြင်း ခံနေရပါတယ်။
မောင်စန်းယုနိုင်ဟာ လ္ဘက်ရည်ဆိုင်မှာ ဘောလုံးပွဲ သွားရောက် ကြည့်ရှုရင်း ဗိုလ်ကြီး ဟန်လင်းဆိုသူက ခေါ်ဆောင်သွားပြီး ခလေးစစ်သားအဖြစ် သွတ်သွင်း ခဲ့တာပါ။ အခု
မောင်စန်းယုနိုင်ကို မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က စစ်အခြေခံ စစ်လေ့ကျင့်ရေးတပ် အမှတ် (၇) ကို ပို့ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ILO ကို သွားရောက်
တိုင်ကြား ထားခဲ့ပေမယ့်လည်း အချိန် ၄ လ ကျော် ကြာသွားသည့်တိုင် အကြောင်း မထူးသေးဘူးလို့ မောင်စန်းယုနိုင်ရဲ့ အဘိုးဖြစ်သူ ဦးအောင်ငြိမ်းက ဆိုပါတယ်။
BURMA VJ
Unknown at 6:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ ပြုလုပ် သော NLD ဥပဒေသင်တန်း

ယနေ့ ပြုလုပ်သော NLD ဥပဒေသင်တန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(
ဌာနချုပ်)ရုံးခန်းတွင်ပြုလုပ်နေသော ဥပဒေသင်တန်းကို
 ယနေ့ ၂၂၊၄၊၂၀၁၂ တွင် နံနက် ၁၀နာရီမှ ၁၂ နာရီအထိ ဦးမျိုးရန်နောင်သိန်းမှဆွေးနွေးခဲ့ပြီး ၁၂နာရီမှ နေ့လည်၁ နာရီအထိ ခတ္တရပ်နားခဲ့ပါတယ်။

 ၁နာရီတွင် သင်တန်းပြန်လည်စတင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သော 
ဦးအောင်ကြည်ညွှန့် မှ လယ်ယာမြေ ဥပဒေနှင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေများကို ဆွေးနွေးခဲ့ကာ နေ့လည် ၃နာရီတွင် အခမ်းအနား

ပြီးဆုံးခဲ့ပါသည်။


D-Wave (ဒီလှိုင်း)




သစ်ထူးလွင်
Unknown at 4:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြို့ပင်ကောက်မြို့မှာ ယခုနွေရာသီမှာ ရေအလွန်ရှားနေ

လူကြီးမင်းများခင်ဗျာ....
ကျွန်တော်တို့..ကြို့ပင်ကောက်မြို့မှာ ယခုနွေရာသီမှာ ရေအလွန်ရှားနေပါတယ်..
စည်ပင်ကလဲရေမပေးနိုင်တာ..နှစ်ချီနေပါပြီ..မြို့အရှေ့ခြမ်းကတော့..ဆည်ရေရလို့အဆင်ပြေကြပါတယ်.
အနောက်ခြမ်းကတော့ဆည်ရေမရောက်လို့..ရေရှားပါတယ်
စည်ပင်ရေကလဲ..မလာတော့ပြည်သူတွေရေခက်ခဲနေပါတယ်..
အဲဒါနဲ့စည်ပင်မှာစုံစမ်းလိုက်တော့.အဖြစ်မှန်သိရပါတယ်..
အရင်ကမီးမလာလို့ရေမပေးနိုင်တာ..နားလည်ပါတယ်..ခုမီးလဲမှန်...မီးအားလဲပြည့်ဆိုတော့.
အဲဒါတောင်ရေမပေးတာ..နှစ်ချီနေပါပြီ..
ရေခွန်လဲလာမကောက်နိုင်တော့ပါဘူး....ရေမီတာနဲ့ဆိုတော့..ကောက်မရတော့ဘူးဖြစ်နေတယ်သိရပါတယ်..
အဲဒီတော့..ရေခွန်ဘတ်ဂျတ်မပြည့်လို့..အထက်ရုံးက..လူကြီးတွေက...ထုချေလွာတောင်းခံရမှာစိုးလို့
စည်ပင်အင်ဂျင်နိယာနဲ့အရာရှိတွေ .ရေခွန်ဖိုးစိုက်ပြီးဆောင်လိုက်ကြလို့...အဆင်ပြေသွားတယ်သိရပါတယ်..
အဲဒီတော့ပြောချင်တာက..လူကြီးမင်းတို့တိုင်းအဆင့်ကလဲ..အောက်ခြေမှာရေပေးနိုင်/မပေးနိုင် စစ်ဆေးပေးပါ..
ရေခွန်ပြည့်တိုင်း ရေပေးနေတယ်..ထင်နေယင်..မဟုတ်သေးဘူး..
အဲတော့.....အခွန်ပြည့်ဖို့ချည်းလဲ..မကြီးကြပ်ပါနဲ့..
ရေတကယ်ပေးနိုင်အောင်လဲ..ကြီးကြပ်ပေးပါ..
စည်ပင်ဝန်ထမ်းဟောင်းတစ်ဦးပြောသလို.....ရေပေးတဲ့ပြန်တမ်းမှတော့... နေ့တိုင်းရေပေးပါတယ်....
မြေပြင်မှာသာမရောက်တာပါတဲ့..ကြည့်လဲလုပ်ကြပါဦး..လူကြီးမင်းတို့.
ဟိုးအရင်နှစ်ကလဲ...မြေမြုတ်ပန့်တပ်တယ်တဲ့၊ပြီးတော့...မီးမလာရင်ပေးနိုင်ဖို့............အင်ဂျင်ဝယ်တယ်ကြားတယ်..
အဲဒါတွေဘယ်ရောက်ကုန်လဲ...
ရာခိုင်းနှုန်းပဲဖြတ်စားနေတဲ့...လူကြီးတွေ..ကြည့်လုပ်ပါဦးဗျို့..
ကျွန်တော်များ...မြို့သူ/သားတွေ...အမှန်တကယ်ရေလိုအပ်နေလွန်းလို့ပါ...
တစ်ခါက..အသိတစ်ယောက်က
စည်ပင်အင်ဂျင်နီယာလူကြီးကို...သွားပြောတယ်..
ရေပေးဖို့ကိစကိုတဲ့..
အဲဒီအင်ဂျင်နီယာပြောပါတယ်တဲ့..
မီးမှန်ရင်ပေးနိုင်ပါတယ်တဲ့
နောက်အင်ဂျင်နီယာက
စက်ပြင်နေလို့ပါတဲ့..
နောက်အင်ဂျင်နီယာက ..ပိုက်ပေါက်နေလို့ပါတဲ့.....
ကဲအဖြေကရှင်းနေတာပါဘဲ.....
စည်ပင်ဝန်ထမ်းဟောင်းတစ်ဦးထံ..ချည်းကပ်စုံစမ်းကြည့်တော့မှဘဲအဖြေကရှင်းသွားပါတယ်.....
ရေပေးစက်တွေပျက်မှ ငွေများများနဲ့ပြင်နိုင်မှာ..အဲဒါမှ လူကြိးတွေ..%များများရမှာတဲ့.အဲဒါကြောင့် အရာရှိတွေကပျက်လေကြိုက်လေတဲ့
ကောင်းလိုက်တဲ့...စကားဗျာ
ကဲဒီတော့...စည်ပင်လူကြီးမင်းများ...ရေပေးရေူးကိစလေးကို..အောင်မြင်အောင်...
ကူညီဆောင်ရွက်ပေးနိုင်ကြပါစေလို့..ဆုတောင်းနေကြကြောင်း...မြို့လူထုကိုယ်စား...
ပြောကြားပေးလိုက်ရပါတယ်....
××××××××××××××××××××××××××
ရိုသေစွာဖြင့်
မြို့သူမြို့သားများ(ကိုယ်စား)
အဖြူအမဲ


သစ်ထူးလွင်
Unknown at 4:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျပ် နှစ်သိန်းတန်ဖုန်းကဒ်များအား ဈေးပိုပေးဝယ်ယူနေရ



ရန်ကုန်မြို့ရှိ ဧပြီလပထမအပတ် စတင်ရောင်းချပေးနေသော ကျပ် နှစ်သိန်းတန် GSM Sim Card များအား သတ်မှတ်ဈေးနှုန်းထက် ဈေးပိုပေးကာ ၀ယ်ယူနေရကြောင်း ၀ယ်သူသုံးစွဲသူများထံမှ သိရှိရသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းတန် GSM ဖုန်း Sim Card ရောင်းချရာတွင် ကျပ်ငွေနှစ်သိန်း သတ်မှတ်ထားသော် လည်း ၀ယ်ယူသူများသည် Sim Card ၀ယ်မရမည် စိုးရိမ်သောကြောင့်  ဈေးပိုမိုပေးကာ ၀ယ်ယူနေခြင်း ဖြစ်သည်။

“ရန်ကုန်မှာ ချပေးတဲ့ဖုန်းက ၉ ရက်နေ့မှာပြောလို့ရမယ်ဆိုလို့ ကျနော်က ၇ ရက်နေ့မှာဝယ်တယ်။ ၂သိန်း ဆိုပေမယ့်လည်း ၂ သိန်းနှစ်သောင်းပေးပြီးဝယ်လိုက်တယ်။ လိုချင်လို့ပါ။ နံပါတ်ရွေးတဲ့အတွက်လည်း (၁) သောင်း ထပ်ပေးရတယ်။ အားလုံးပေါင်းဆို ၂ သိန်းသုံးသောင်းကျပါတယ်”ဟု ၀ယ်ယူသုံးစွဲသူတစ်ဦးထံက သိရှိရသည်။

အဆိုပါဖုန်းများကိုဧပြီလ၇ရက်နေ့မှစတင်ရောင်းချလျက်ရှိပြီး ရောင်းအားကောင်းနေကြောင်းနှင့် ယခင် ၅ သိန်းဖုန်းများထက်ပိုမိုကာ ရောင်းရကြောင်း ဖုန်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

“အခုလို ၀ယ်ယူမှု များနေတဲ့အတွက် ဖုန်းအရောင်းဆိုင်တစ်ချို့ဟာ သတ်မှတ် ထားတဲ့ ငွေကျပ် ၂ သိန်းထက် ပိုမိုကာ ကျပ် ၂ သောင်း ကနေ ၃ သောင်းအထိ ဈေးနှုန်းမြင့်တက် ရောင်းချတာဖြစ်တယ် ” ဟု ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်ဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါ ဖုန်းများကို နံပါတ် ရွေးချယ် ၀ယ်ယူလိုလျှင်လည်း အပိုဆောင်း ကျပ်(၁) သောင်း ခန့်ထပ်ပေးကာ  မိမိကြိုက်သည့် နံပါတ်ကို ရွေးချယ်ဝယ်ယူနိုင်ကြောင်းသိရှိရသည်။

လက်ရှိတွင် အချို့ဖုန်းဆိုင်များသည် ရန်ကုန်မြို့တွင် ချပေးသည့် ဖုန်းများသာမက နယ်တွင် ချပေးသည့် ဖုန်းများကိုလည်း ထည့်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တွင်ချထားပေးသည့် ဖုန်းများသည် ဧပြီလ (၉)ရက်နေ့တွင် စတင်ကာအသုံးပြု၍ ရနေပြီဖြစ်ပြီး နယ်တွင်ချထားပေးသည့် ဖုန်းများသည် ရန်ကုန်တွင် မေလ (၅) ရက်နေ့ နောက်ပိုင်းမှသာ အသုံးပြု၍ ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၏ ထုတ်ပြန်ချက် အရသိရှိရသည်။
Unknown at 10:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 မြန်မာခေါင်းဆောင်တစ်ဦး၏ နှစ်ပေါင်း ၂၈နှစ်အတွင်း ပထမဆုံး ဂျပန်ခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံသို့ ငါးရက်ကြာချစ်ကြည်ရေးခရီးသွားရောက်၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကြွေးမြီ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလျံကို လျှော့ပေါ့ပေးပြီး ရပ်တန့်ထားသည့် အကူအညီပေးရေးအစီအစဉ်ကို ပြန်လည်စတင်မည်

မြန်မာခေါင်းဆောင်တစ်ဦး၏ နှစ်ပေါင်း ၂၈ နှစ်အတွင်း ပထမဆုံးဂျပန်ခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက်  ဂျပန်-မဲခေါင်ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ဧပြီလ ၁၉ ရက်နေ့က ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ဧပြီလ ၂၀ ရက်နေ့တွင်ရောက်ရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ဧပြီလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပါကြောင်း၊ ထို့အတူအထူး စီးပွားရေးဇုန်များလည်း တည်ထောင်နေပါကြောင်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဂျပန်ကုမ္ပဏီများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများ၏ အားနည်းချက်များရှိနေခြင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်မှုမရှိခြင်း၊ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု များများစားစား မရှိခဲ့ပေ။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း Tokyo Stock Exchange and Daiwa Securities Group က ၂၀၁၅ ခုနှစ် အရောက်တွင် စတော့ဈေးကွက်တစ်ခု တည်ထောင်ရာတွင် ကူညီရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ ထို့ပြင် အိုင်တီကုမ္ပဏီ NTT Data Corp ကလည်းမြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ်ကတည်းက စတင်ပြီး မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာသန်း ၂၀၀ ကျော်သာ ရှိကြောင်းလည်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် ဧပြီလ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် ဂျပန်နိုင်ငံသည်  မြန်မာ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၂ ဘီလျံကို လျော့ပေါ့ပေးပြီး ရပ်တန့်ထားသည့် ဖွံ့ဖြိုးရေး အကူအညီပေးရေး အစီအစဉ်အား ပြန်လည်စတင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်အတွက် ဂျပန်နိုင်ငံအနေဖြင့် အဆိုပါကြိုးပမ်း အားထုတ်မှုများ၏ တိုးတက်မှုများကို လေ့လာစောင့်ကြည့်နေစဉ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး အားထုတ်မှုကို တစ်နှစ်ကြာ လေ့လာပြီးနောက် ဂျပန်နိုင်ငံကို ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီအချို့ကိုလည်း လျော့ပေါ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တောင်ဘက် ၂၅ ကီလို မီတာအကွာရှိ သီလ၀ါဆိပ်ကမ်းနှင့် စက်မှုဇုန်ထူထောင်ရန် ဖြစ်နိုင်ခြေရှိ၊ မရှိလေ့လာမှုကို အပြီးသတ်ရန် သဘောတူညီခဲ့ပြီး အဆိုပါစက်မှုဇုန်က ဂျပန်ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပြီး မြန်မာ့စီးပွားရေးတိုးတက်မှုကို ကူညီရာရောက်လိမ့်မည်ဟု  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ မတွေ့ဆုံမီ သတင်းထောက်များသို့ ဖြန့်ချိသည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဧပြီ လ ၂၁ရက်နေ့က ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးပြီးနောက် ဂျပန်နိုင်ငံက မဲခေါင်ဒေသငါးနိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်း၊ ဆိပ်ကမ်းနှင့် ရေပေးဝေရေးစီမံကိန်းများ အပါအ၀င် အခြေခံအဆောက်အအုံများ တိုးတက်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၃ ခုနှစ် ဧပြီလမှ လာမည့်သုံးနှစ်အတွင်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ ယန်းဘီလျံ ၆၀၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ဘီလျံ)ကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ကကြေညာခဲ့သည်။ ထို့ပြင် မဲခေါင်ဒေသငါးနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည့် ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းမများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မြန်နှုန်းမြင့်ရထားလမ်းများ တည်ဆောက်အကောင် အထည်ဖော်ရန် စီစဉ်ထားသည့် အခြေခံအဆောက်အအုံစီမံကိန်း ၅၇ ခု စာရင်းကိုလည်း ဂျပန်နိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။

မဲခေါင်ဒေသငါးနိုင်ငံမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ကြသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၀၉ ခုနှစ်က ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကိုလည်း မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ် တက်ရောက်ခဲ့ဖူးသည်။

Ref: Agencies
Unknown at 10:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အငြိမ်းစားမြို့ နယ်မှူးသားဖြစ်သူမှ ဥပဒေမဲ့ပြုမူခြင်း



ကျိုက်ဝိုင်းဘု၇ားလမ်းနှင့်ပြည်လမ်းထောင့်တွင် ကွမ်းယာေ၇ာင်းနေသူအမျိုး
သမီးအား အငြိမ်းစားမြို့ နယ်မှူး၏သားဖြစ်သူ ဘကျော်(ခ)ဦးကျော်ဇင် ၉ မိုင်
ဗိုလ်ဥာဏလမ်းတွင်နေထိုင်သူ ကားနံပါတ် လ/၈၇၅၅ ဆိုသူမှ ဆိုင်ေ၇ှ့ တွင်
ကား၇ပ်ပြီး ကွမ်းယာတယာပေးဟု မောက်မာစွာတောင်းပါသည်..ကျွန်မမှာ
ဗိုက်ခွဲ၍မွေးဖွားထားသော မိခင်တစ်ယောက်ဖြစ်ပါသည်..မီးဖွားထားသည်မှာ
( ၃၃ ) ၇က်ပဲအကြာပဲ၇ှိပါသေးသည်..ထို့ ကြောင့်ကွမ်းယာအား ထ မပေးနိုင်
ခဲ့ပါ..ထို့ သို့ မပေး၍ ကားပေါ်မှပြေးဆင်းလာပြီး ညစ်ညမ်းစွာဆဲဆို၍ ၇င်ဘတ်
အားဖိထားပြီး ဆံပင်ကိုဆောင့်ဆွဲ ပါးနားပြင်းထန်စွာ ဘယ်ပြန်ညာပြန်၇ိုက်ပါ
သည်....ပျဉ်ချောင်းဖြင့် လက်ကို ၂ ချက် ခါးကို ၂ ချက် တင်ပါးကို ၁ ချက်၇ိုက်
ပါသည်...

အပြည့်အစုံအားပေးပို့ လာသောစာတွင် ဖတ်၇ှု့ နိုင်ပါသည်...


သစ်ထူးလွင်

Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုင်းပြည် အပြောင်းအလဲ



"ပြည်တွင်းစစ်ကြီး ဖြစ်နေတာတောင်မှ ကြားက ဒီမိုကရေစီက ဘယ်လိုရသွားတယ် မသိဘူး" ဆိုတဲ့ ဆရာ ချစ်ဦးညိုရဲ့ စကားကို သေချာ တွေးပြီး အဓိပ္ပါယ်တွေ အများကြီး ပါတယ်လို့ ခံစားမိတယ်။
အရင် ဗိုလ်ခင်ညွန့် တန်ခိုးအာဏာ ထွားနေတုန်းက “လှေပွဲ၊ နွားပွဲ၊ မြင်းပွဲ၊ မာရသွန်၊ လမ်းဖေါက်၊ တံတားဆောက်၊ ဆည်တူး၊ စက်ရုံဖွင့်၊ ရထားလမ်းဖွင့်၊ လယ်ကွင်းတွေကြည့်” .. အဲဒါတွေ လုပ်ပြီး တိုင်းပြည်အေးချမ်းနေပါတယ်။ လာဘ်စားတဲ့ ဗိုလ်ချုပ်တွေကိုလည်း အရေးယူပြခဲ့ပါတယ်။ အဲဒီလို တိုးတတ်နေပါတယ်ဆိုပြီး အမျိုးမျိုး သက်သေပြ သတ်မှတ်ခဲ့တယ်။
ဒီလို တိုးတတ်နေပါတယ်၊ အေးချမ်းနေပါတယ် ပြောနေရင်းနဲ့ပဲ …. တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ … တချိန်က မြန်မာနိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ .. ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား.. ဆိုတဲ့ အိမ်နီးချင်းတွေရဲ့ နောက်ကို ရောက်သွားခဲ့တယ်။ မြန်မာနိုင်ငံသားတွေ တခါမှ မစဉ်းစားဖူးတဲ့ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား စတဲ့ နိုင်ငံတွေမှာ ရွေ့ပြောင်းအလုပ်သမား (တနည်း) ခေတ်သစ် ကျွန်ဇာတ်ကို မြန်မာနိုင်ငံသားတွေ “က” နေကြရတယ်။
အခုလည်း တိုင်းပြည်က ပြောင်းလဲ နေပါပြီ ဆိုပြီး လုပ်ပြနေပြန်တယ်။ ဒါပေမယ့် … မြန်မာပြည်ဟာ ဒီမိုကရေစီတိုင်းပြည် ဖြစ်နေပါတယ်ဆိုတာ ..
၁။ ရွေးကောက်ပွဲဆိုတာ ရှိရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၂။ စစ်ယူနီဖေါင်း ချွတ်ပြီး ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်းရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့မရဘူး
၃။ နိုင်ငံရေး အကျဉ်းသားတွေ အယောင်ပြ လွှတ်ပြရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၎။ အစကတည်းက မလုပ်သင့်တာတွေကို လုပ်ခဲ့ပြီး .. အဲဒီ မလုပ်သင့်တာတွေကို ခဏလောက် ရပ်ပေးလိုက်ရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၅။ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ စကားပြောရုံနဲ့လည်း ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၆။ ပါလီမာန်ဆိုတဲ့ အဆောက်အအုံထဲမှာ ဟိုမေး၊ ဒီဖြေလုပ်နေရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၇။ အစကတည်းက မတားသင့်တဲ့ သတင်းစီးဆင်းမှု လုပ်ငန်းတွေ၊ ပြည်သူတွေ ပြောဆိုခွင့် အခွင့်အရေးတွေကို စံချိန် မမှီတမှီ ခွင့်ပေးရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၈။ လူ့အခွင့်အရေး ကော်မရှင် နာမည်တပ်ပြီး လူတစ်စုကို အဲဒီကော်မရှင်မှာ လုပ်ကွာလို့ ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၉။ တရားမဝင် အတည်ပြုထားတဲ့ အခြေခံဥပဒေကို လိုက်နာပါတယ် ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့မရဘူး
၁၀။ အလုပ်သမား သမဂ္ဂ (သူတို့အဆို) အလုပ်သမား အဖွဲ့အစည်းဖွဲ့ခွင့် ပေးရုံနဲ့ သတ်မှတ်လို့မရဘူး
အဲဒါတွေ လုပ်ပြရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ရင်တော့ မြန်မာနိုင်ငံသားတွေဟာ မကြာခင်မှာ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ်၊ ဖီလစ်ပိုင် .. စတဲ့ နိုင်ငံတွေမှာ ကျွန်ဇာတ်ကဖို့ ဇာတ်တိုက်ထားကြရတော့မှာ သေချာတယ်။
ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ချင်ရင် …
၁။ ပြည်တွင်းစစ် ချက်ခြင်းရပ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး
(တိုင်းပြည်လုံခြုံရေး အကြောင်းပြပေမယ့် လက်တွေ့မှာ သေချာတာက တိုင်းရင်းသား တပ်တွေက သူတို့ ခြေကုပ်ယူထားတဲ့ နေရာထက် ကျော်ပြီး စစ်လိုက်မတိုက်ဘူး)
၂။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ဖွင့်မနေဘဲ .. နိုင်ငံရေး အကျဉ်းသားလို့ သံသယ ရှိသူအားလုံးကို ချက်ခြင်းလွှတ်
၃။ မြန်မာနိုင်ငံသားအားလုံးကို ဒီမိုကရေးစီ ဖေါ်ဆောင်ခွင့်ထဲပါ လွတ်လပ်စွာ ပါဝင်နိုင်ခွင့် ဖန်တီးပေး၊ ပြီးနောက် ပါဝင်လာအောင် တိုက်တွန်း နှိုးဆော်ပေး။
(ဒီမိုကရေစီဆိုတာ .. ဒီလို၊ ဟိုလို ဆိုပြီး အုပ်ချုပ်သူက ဝင်ပြီး ဆရာလုပ်စရာ မလို၊ အစိုးရဆိုတာ ပြည်သူလူထုရဲ့ မိဘ မဟုတ်ဘူး။ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အသံတွေ တုံ့ပြန် ဆောက်ရွက်ရတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ ပြည်သူတွေက လူညံ့တွေ မဟုတ်ဘူး။)
၎။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဖန်တီးပေး
(အဲဒီ အသင်းအပင်းတွေက အစိုးရနဲ့ ပြည်သူကြား ထိန်းညှိပေးနိုင်မှာ ဖြစ်ပြီး၊ စီးပွားရေး၊ လူမှုရေး နိုင်ငံရေးတွေကိုလည်း ထိန်းကွပ်နိုင်မှာ ဖြစ်တယ်။)
ဒါတွေ လုပ်ဆောင်ပြီးမှသာ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ ရမှာဖြစ်တယ်။
  ကိုထိုက်
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အိုးဝေမဂ္ဂဇင်း ဆင်ဆာတင်ရန် သတိပေးခံရ



ဆင်ဆာဌာနက အိုးဝေမဂ္ဂဇင်းအား ထုတ်ဝေခွင့်လိုင်စင် လျှောက်ရန်၊ စာမူများကို ဆင်ဆာအဖြတ်ခံပြီးမှ ပုံနှိပ်ထုတ်ဝေရန် သတိပေးသော အကြောင်းကြားစာသည် Facebook စာမျက်နှာသို့ ယနေ့ ရောက်ရှိလာသည်။

အကြောင်းကြားစာ – https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Y3R9vLN2tKLbCeowps7Z2yG-bHbWu9sGIaznKTN3n_f4RTUIt9o9sSF751Coj2Ft_lGMCNk_L1-H_PAk-3tz5A2UZijM860ZggPF8HMK1Oh7it_tlO0M14ZGZmZ7tx7Io2q_o4PnsaM/s1600/021.jpg

a warning letter from censorship board


ဓာတ်ပုံသတင်း
ဧပြီ ၂၂၊ ၂၀၁၂
မိုးမခ
Unknown at 9:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ

“လေးစားလိုက်နာ”လို့ ပြင်မပေးရင် ဘာဆက်လုပ်မှာလဲ

တူမောင်ညို။ ဧပြီ ၂၁၊ ၂၀၁၂
           “လေးစားလိုက်နာ” လို့ ပြင်မပေးရင် လွှတ်တော်ထဲ မဝင်သေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ခဲ့ပြီ။ 
           “ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုလေး” ကို ကပ်နေတယ်၊ ရမယ်ရှာနေတယ် တဲ့။
“ဘာမဟုတ်တဲ့ စကားလေး၊စကားစုလေး” ကို ဘာကြောင့်လွယ်လွယ်ကူကူ ၊ ကြည်ကြည်သာသာ၊ ပြင်မပေးချင်ရတာလဲ/ ဘာကြောင့်ပြင်မပေးနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းကို
ဘယ်လိုဖြေကြမလဲ။
 ပုဒ်မ။  ၆ (စ)  “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး “ဦးဆောင်မှု” အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”
အထက်ပါစာပိုဒ်ထဲက “ဦးဆောင်မှု” ဆိုတဲ့စကားလုံး က ဘာမဟုတ်တဲ့ စကားလုံးလား။အဲဒီစကားလုံးပြင်ပေးပါလို့ တောင်းဆို လာရင် အဆိုပြုလာရင် ဘာမဟုတ်တဲ့စကားလုံးပဲ ဆိုပြီးအလွယ်တကူပြင်ပေးနိုင်ပ့ါမလား။ 
“နိုင်ငံရေးအရေးအကျဉ်းသား”၊“ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ” ဆိုတာတွေကို ဦးသိန်းစိန်အစိုးရက လက်မခံတာ ဟာ ဘာမဟုတ်တဲ့ စကားလုံး၊ စကားစုတွေမို့လား။
စကားကပ်ပြီးသက်သက်မဲ့ငြင်းခုန်နေတာလား။
မတူတာတွေဆိုပြီး ဘေးဖယ်ထားရ မှာလား။
“စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတဲ့စကားရပ်ထဲက “စည်းကမ်းပြည့်ဝသော” ဆိုတဲ့ စကားလုံးနဲ့စကားရပ်က ဘာမဟုတ်တဲ့စကားလုံးကို ကပ်သီးကပ်သပ်
အပိုထည့်ထားတာလား။
ဥပဒေဆိုတာကို လူတွေကစကားလုံးတွေစကားစုတွေကို သဒ္ဒါသတ်ပုံနည်းကျစွာနဲ့ရေးသားထားတာပဲ။လူတွေရေးထားတာကို လူတွေကပြင်ပေးဖို့ ဖြည့်စွက်ဖို့ တောင်းဆိုတာဟာ ဘာမှပြဿနာမရှိပါဘူး။ ဆွေးနွေးငြင်းခုန်တယ်ဆိုတာ စကားလုံးကို မသုံးဘဲ၊ အမူ အယာနဲ့ငြင်းခုန်ကြရမှာလား။
ကျနော်မြင်တာတော့ စကားလုံး၊ စကားစုတွေထက် ပိုအရေးကြီးတာက ပြင်ဆင်ပေးလိုတဲ့ဆန္ဒနဲ့ သဘောထားရှိ/မရှိ ဆိုတဲ့ အချက်က ပိုပြီးအရေးကြီးပါတယ်။
အဓိကတော့ Political will ရှိ/မရှိ ဆိုတဲ့အချက်က အခရာကျပါ။ အဆုံးအဖြတ်ဖြစ်ပါတယ်။
အဆုံး အဖြတ်က ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော်) ထဲမှာ အများစုဖြစ်တဲ့ ကြံ့ဖွံ့ပါတီ (USDP) က လွှတ်တော်အမတ်များနဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ရဲ့ (၁၆၆)ဦးသော စစ်သားအမတ်တွေ အပေါ်မှာ မူတည် နေပါတယ်။ သူတို့တတွေမှာ ပြင်ဆင်ပေးလိုတဲ့ ဆန္ဒနဲ့သဘောထားမရှိရင် ပြင်ဆင်ပေးရေးတောင်းဆိုချက် လက်တွေ့ ဖြစ်မလာ နိုင်ပါဘူး။
ဒေါက်တာအေးမောင်(RNDP-ပါတီဥက္ကဋ္ဌ)ကဲ့သို့ “ပြင်ဆင်ပေးဖို့ကျနော်တို့ လွှတ်တော်မှာ တာဝန်ရှိတယ်” ဆိုတဲ့ ဆန္ဒသဘော ထားမှန်သူတွေ လွှတ်တော်ထဲမှာ အများစုဖြစ်နေမယ်ဆိုရင် ပြင်ဆင်ရေးဟာလက်တွေ့ဖြစ်မြောက်လာနိုင်ပြီး၊   ဦးသန်းမောင် (ပြည်သူ့ လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်) ကဲ့သို့ “ဘာမဟုတ်တဲ့ အငြင်းပွားမှု” လို့ ကြည့်မြင်ပြီး ပေါ့ပေါ့တန်တန် သဘောထားရှိသူတွေသာ အများစုဖြစ်နေရင်တော့ ပြင်ဆင်ရေးဟာ လက်တွေ့ဖြစ်မြောက်မလာနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး  (NLD)ပါတီကို ဝန်းရံကြမယ်ဆိုတဲ့ (ပြည်တွင်း/ပြည်ပ) လွှတ်တော်ပြင်ပအင်အားစုတွေရဲ့အသံသိပ် မကြားရတာလည်း ထူးခြားတယ်။
ယခုကိစ္စသည် စကားလုံးသက်သက်ကို အငြင်းပွားနေခြင်းမဟုတ်ပါ။ အဲဒီစကားလုံးကဖေါ်ပြနေတဲ့ နိုင်ငံရေးပြဿနာကို ပြော နေကြရတာဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလဟောပြောချက်မှာဖေါ်ပြခဲ့တဲ့ NLD ပါတီ ရဲ့ ထိပ်တန်းတာဝန် ၃ ရပ် (တရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး )နဲ့ ထဲထဲဝင်ဝင်ဆက်နွှယ် ပတ်သတ်နေ တဲ့ကိစ္စ လည်းဖြစ် ပါတယ်။ အခုနောက်ထပ်ခြေလှမ်းကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ထံ (NLD) ပါတီ က စာရေးတင်ပြမယ်လို့ဆိုပါ တယ်။
ဖြစ်စဉ်တွေကိုအခုလိုစီပြီး ကြည့်တော့ –
၁၁ ဧပြီမှာ (NLD) ဥက္ကဋ္ဌ ၊ နေပြည်တော်သွားပါတယ်။ သမ္မတနဲ့ ဒုတိယအကြိမ်တွေ့ပါတယ်။
သတိပြုမိတဲ့အချက်က ပထမတစ်ကြိမ်(၁၉ သြဂုတ်၂၀၁၁) တွေ့ဆုံစဉ်ကလို ဥက္ကဋ္ဌနဲ့ သမ္မတ တွေ့ဆုံတဲ့သတင်းဓါတ်ပုံနဲ့သတင်း လည်း အစိုးရသတင်းစာတွေမှာဖေါ်ပြတာမတွေ့မိပါဘူး။
၁၄ ဧပြီမှာ (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း နေပြည်တော်သွားပြီး သမ္မတ ထံ “အကြံပြုစာ ” တင်ပါတယ်။
၁၉ ဧပြီမှာ နေပြည်တော်ဖွဲ့စည်းပုံခုံရုံးက ဖိတ်လို့ဆိုပြီး ဦးဉာဏ်ဝင်း နေပြည်တော်သွားပါတယ်။ နေပြည်တော်ခုံရုံးက လက်ချာ ရိုက်လွှတ်လိုက်တဲ့ပုံပါပဲ။
၂၃ ဧပြီ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်း အခုလိုရင်ဖွင့်ပါတယ်။
“ — သဘောမတူတဲ့ အချက်တွေ ရှိပါတယ်။ သဘောမတူတဲ့အချက်တွေကို ပြောပါလားဆိုရင် ကျွန်တော်တို့က အမှုတစ်ခု ကြားနာနေတာမဟုတ်ဘူး။ အမှုတစ်ခုဆိုရင်တော့ ကျွန်တော်ရှေ့နေပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”
လို့ ပြောပါတယ်။
ဖြစ်စဉ်အပေါ် အကြမ်းဖျင်း ခြုံငုံသုံးသပ်ရရင် သမ္မတထံအကြံပြုစာတင်တယ်။ သမ္မတ မတတ်နိုင်ဘူးဆိုတဲ့ အချက် ပေါ်လွင်ပါ တယ်။
သမ္မတက “လွတ်ငြိမ်းချမ်းသာခွင့်”ပေးနိုင်တဲ့သမ္မတမဟုတ်ဘူး။ “လွှတ်ငြိမ်းသက်သာခွင့်” လောက်သာပေးနိုင်တဲ့ သမ္မတဖြစ် ပါတယ်။ အခုကိစ္စက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့
ပြည်ထောင်စုလွှတ်တော်တို့က အရေးပိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ခုံရုံးကခေါ်လို့သွားရတယ်၊ ခုံရုံးက“ရှင်းပြ”(လက်ချာပေး) တာတွေနားထောင်ခဲ့တယ်။ ရှင်းပြချက်တွေထဲမှာ သဘောမတူတာ တွေရှိတယ်။ ဒါကြောင့် နောက်ထပ်ကြိုးစားမှုအဖြစ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ထံ (NLD) ပါတီက စာရေးတင်ပြတာဖြစ် ပါလိမ့်မယ်။ အကယ်၍ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ခေါ်ပြီး ရှင်းပြသလို “ရှင်းပြ” (လက်ချာထပ်ပေး) နေရင် (NLD)ပါတီ ဘာဆက်လုပ်မလဲ။
ညွန်း
-       (ဧပြီ ၁၁ မှ ၂၁ အထိ )ပြည်တွင်း/ပြည်ပ မီဒီယာသတင်းများ
-      Photo from : Time – Picurte of Thein Sein from Time’s The 100 Most Influential People in the World
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နမ့်ဆန် မှာ လူငယ်တဦး ကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီး


မြန်မာပြည် ရဲတပ်ဖွဲ့ နဲ့ ပတ်သက်လို့ မကောင်း သတင်း တွေ မကြာခဏ ကြားရတတ်လေ့ရှိ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ ပလောင် လူငယ် တဦးကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီးမှု ဖြစ်ပွား ခဲ့ပြီး အဲဒီ လူငယ် ဦးခေါင်းတွင်း ဒဏ်ရာ ပြင်းထန် မလားလို့ စစ်ဆေးမှု တွေ ပြုလုပ် နေရ ပါတယ်။

နမ့်ဆန်မြို့ နမ့်ဝေါလ ရပ်ကွက် က အသက် ၂၀ ကျော်အရွယ် ပလောင် လူငယ် မိုင်နိုင်လင်း ဟာ ပြီးခဲ့တဲ့ နှစ်ဆန်း တရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မှာ ရဲတွေ က သူထိုင်နေတဲ့ စားသောက်ဆိုင် အတွင်း က ဆွဲထုတ် ပြီး ဝိုင်းရိုက် တာကို ခံရတာ ကြောင့် ခေါင်းကွဲ သွားတဲ့ အပြင် ဦးခေါင်းအတွင်း ဒဏ်ရာ ရမှာ ကို စိုးရိမ် ရတာကြောင့် နမ့်ဆန် ဆေးရုံ ကနေ မန္တလေး ဆေးရုံ ကို အစစ်ဆေးခံ ဖို့ ပို့ လိုက်ရပါတယ်။


အဲဒီ နှစ်ဆန်း တရက် နေ့ က မိုင်နိုင်လင်း နဲ့ လူငယ် သူငယ်ချင်း တစု ထိုင်နေစဉ် အဲဒီနား ကဖြတ်သွားတဲ့ ရေပက်ခံ ဆိုင်ကယ် က မိန်းကလေး တဦး ကို ဆိုင်ထဲက နေ ရေပက် လိုက်လို့လား တခုခု လုပ်လိုက်သလား အကြောင်းရင်း မသဲကွဲပဲ အဲဒီမိန်းကလေး ဆိုင်ကယ် ပေါ်က ပြုတ်ကျသွားခဲ့ရ ပါတယ်။


အဲဒီနောက်ပိုင်း ရဲတွေ ရောက်လာပြီး မိုင်နိုင်လင်း က အဲသလို မိန်းကလေး ကို ဆိုင်ကယ် ပေါ်က ကျအောင် လုပ်တယ် ဆိုပြီး စွပ်စွဲ ရိုက်နှက်ခဲ့ကြတာပါ။


ဆိုင်ကယ် က ကျသွားတဲ့ မိန်းကလေး အနေနဲ့ အသေးစားထိခိုက်မှု က လွဲလို့ ဒဏ်ရာ ကြီးကြီးမားမား မရ ခဲ့ဘူး လို့ လည်း နောက်ပိုင်းမှာ သိရပါတယ်။အခုလို ရဲတွေရဲ့ ရိုက်နှက်မှု ဟာ မတရား ရိုက်နှက်မှု ဖြစ်တဲ့ အတွက် မိုင်နိုင်လင်းရဲ့ မိသားစု က အထက်အဆင့်ဆင့် ကို တင်ပြ ပြီး ကာယကံရှင် ရဲတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။


ဘီဘီစီ
Unknown at 9:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.