Tuesday, March 20, 2012
ဦးသန့်သမီး ရွှေတိဂုံမှာ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုး
ရန်ကုန် (မဇ္ဈိမ) ။         ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ သမီးက ဦးဆောင်၍ ငြိမ်းချမ်းရေး
ခေါင်းလောင်းထိုးပွဲကို အင်္ဂါနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်ရှိ သာယာဝတီ ခေါင်းလောင်းကြီးတွင် ပြုလုပ်ခဲ့သည်။
ထိုနေ့ထိုအချိန်မှာ အီကွေတာပေါ်တည့်တည့်သို့ နေလုံးကြီး တည့်မတ်မျှတစွာ ကျရောက်၍ ကမ္ဘာနှစ်ခြမ်း အလင်းနှင့်အမှောင် မျှတစွာ ကျရောက်သည့် Equinox နေ့ဖြစ်သဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးခြင်းဖြစ်ကြောင်း ဦးသန့်၏ သမီး ဒေါ်အေးအေးသန့် က မဇ္ဈိမကို ပြောသည်။
“ဒီကနေ့ဟာ Equinox ဖြစ်ပါတယ်။ နေ့နဲ့ညဟာ ကမ္ဘာကြီးတခုလုံးမှာ အတူတူပဲ ဖြစ်တယ်။ Equinox ဖြစ်တဲ့အချိန် တနှစ်မှာ နှစ်ခါဖြစ်တယ်။ ထူးခြားတဲ့အချိန် ဖြစ်တယ်။ ဒီနေ့ဒီအချိန်ဟာ ကမ္ဘာတဝှန်းမှာ တပြိုင်နက်ဖြစ်တဲ့ အကြောင်းကြောင့် သဘာဝရဲ့ ထူးခြားတဲ့ အချိန်ရယ်လို့ ပြောချင်ပါတယ်။ ကျမရဲ့ဖခင် ဦးသန့်က ၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂမှာရှိတဲ့ ငြိမ်းချမ်းရေး ခေါင်းလောင်းကြီးကို ပထမဆုံးအကြိမ် ထိုးခဲ့ပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်တောင်းခဲ့ပါတယ်” ဟု ပြောသည်။
ayeayethant
ကမ္ဘာကြီး ငြိမ်းချမ်းရန်ရည်ရွယ်ကာ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးနေသည့် ဦးသန့်၏ သမီး ဒေါ်အေးအေးသန့် ကိုတွေ့မြင်ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
Equinox ဆိုသည်မှာ လက်တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး မျှတခြင်းနှင့် မှန်ကန်ခြင်းတို့ ပေါင်းစပ်ထားခြင်း
ဖြစ်သည်။ ထိုသို့ တနှစ်လျှင် နှစ်ကြိမ်ကျရောက်သည့် Equinox နေ့များကို အချို့နိုင်ငံများတွင် ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ အဖြစ်လည်း ဆင်နွှဲကျင်းပလေ့ ရှိကြသည်။ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၂၂ ရက်နေ့တွင်လည်း Equinox ထပ်မံ ကျရောက်ဦးမည် ဖြစ်သည်။
မြန်မာ့ နက္ခတ်ဗေဒအရလည်း ဤနေ့ဤအချိန်တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဝေဒသုသေသနအသင်း ဥက္ကဋ္ဌ ဦးခင်အောင်ဘို က မဇ္ဈိမကို ပြောသည်။
“တနင်္ဂနွေလို့ခေါ်တဲ့ ဂြိုလ်မင်းကြီးသည် အီကွေတာပေါ် ရောက်သည့်နေ့။ တနည်းအားဖြင့် နက္ခတ်ဗေဒင်မှာ ၁၂ ရာသီရဲ့အစ ရာသီဖြစ်တဲ့ မိဿရာသီရဲ့ အစဦးအမှတ်ကို ဒီနေ့ ၁၂ နာရီ ၄၅ မိနစ်မှာ ရောက်မယ်။ ဒီနေရာကို ရောက်တဲ့ အခါမှာ ကမ္ဘာကြီးဟာ ညီမျှမှု ဖြစ်နေတယ်။ အေးချမ်းတဲ့သဘော ရှိတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေး အထိမ်းအမှတ် အနေနဲ့ ကမ္ဘာသူကမ္ဘာသားတွေ ငြိမ်းချမ်းရေးရအောင်၊ ၇ ရက် သားသမီးတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးတဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်”ဟု ပြောသည်။
ဦးသန့်အနေဖြင့် ထိုနေ့တွင် ခေါင်းလောင်းထိုးရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအပြင် ကမ္ဘာမြေကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လည်း ရည်ရွယ်ကြောင်း ဒေါ်အေးအေးသန့် က ပြောသည်။
ဒေါ်အေးအေးသန့်မှာ အမေရိကန် ပြည်ထောင်စုတွင် U Thant Institute ကို တည်ထောင်ထားပြီး မြန်မာ့နိုင်ငံသို့
ခေတ္တရောက်ရှိချိန် ယခုကဲ့သို့ ‘ကမ္ဘာသူ ကမ္ဘာသားနေ့’ တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲ ပြုလုပ်ရန်အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ ခွင့်ပြုချက် တောင်းခံခဲ့ရသည်။
အဆိုပါ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးပွဲသို့ တနင်္ဂနွေထောင့် အသင်းသားများ အပါအဝင် ဒေါ်အေးအေးသန့် မိသားစုနှင့် မိတ်ဆွေများ စုစုပေါင်း ၃၀ ခန့် လာရောက်ခဲ့ကြသည်။
တနင်္ဂနွေထောင့်မှ အဆိုပါခေါင်းလောင်းမှာ သာယာဝတီမင်းကြီးက လှူခဲ့သော ခေါင်းလောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ ၁၈၄၃ ခုနှစ်တွင် သွန်းလုပ်ကာ ကြေးပိဿာချိန်  ၂၆ဝဝဝ (၄၂ တန်) ရှိသည်။ ခေါင်းလောင်းကြီး၏ အထက်ချိတ် နေရာတွင် မနုဿီဟရုပ်များဖြင့် ပုံဖော်ထားကာ အမြင့် ၇ ပေ၊ အဝအကျယ် ၆ ပေ၊ နှုတ်ခမ်းသား ၈ လက်မ၊ ထု ၁ ပေ ရှိသည်။
၁၉၇၁ ခုနှစ်တွင် ဦးသန့် ပထမဆုံးထိုးခဲ့သည့် နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှိ ငြိမ်းချမ်းရေးခေါင်းလောင်း Peace Bell ကို ကမ္ဘာတဝန်းမှ ကလေးငယ်များ လှူဒါန်းထားသော အကြွေစေ့များဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ကြောင်း သိရ သည်။
Unknown at 9:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မတရားမှုများကြောင့် မျှတသော ရွေးကောက်ပွဲ ဖြစ်ရေး ထိခိုက်နိုင်
မဲစာရင်း မှားယွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ မတရားလုပ်ဆောင်ခြင်းများကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးကို ထိခိုက်စေနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အသိပေး ထုတ်ပြန်လိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲ၌ နေပြည်တော်မဲဆန္ဒနယ် တခုတွင် မဲပေးနေစဉ်(ဓာတ်ပုံ - အောင်သက်ဝိုင်း)
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဥပများကို ချိုးဖောက်ကာ မဲဆွယ်စည်းရုံးခြင်းများ၊ ဆန္ဒမဲ ကြိုတင်ကောက်ယူနေမှုများနှင့် ကိုယ်စားလှယ်လောင်းတချို့ကို အန္တရာယ်ပြုခြင်းများ ရှိနေသည်ဟု NLD က ကြေညာချက်တွင် ဖော်ပြထားသည်။
“လစ်လပ်နယ်မြေတွေမှာ ကိစ္စတွေက အမျိုးမျိုးပဲ။ တခုချင်းအလိုက် ဆောင်ရွက်ပြီးတာတွေလည်း ရှိတယ်။ ဆောင်ရွက်ဆဲလည်း ရှိတယ်” ဟု NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယခုလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် မင်းကင်းမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စန်းဝင်းက ဒေသခံများကို တအိမ်တယောက် မတက်မနေရ အမိန့်ပေး ဖိတ်ကြားခဲ့ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြောဆိုသွားကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အပေါ်မှာ သစ္စာမရှိဘူး။ ကလေးနှစ်ယောက်ကိုလည်း နိုင်ငံခြားမှာ ထားတယ်ဆိုတာမျိုး ပြောတာတွေဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ တားမြစ်မှုကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့ စကားတွေ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်း ကပြောသည်။
ဒေါက်တာ စန်းဝင်းက ယင်းဒေသရှိ တဲကြီး မူလတန်းလွန်ကျောင်းကို ငွေကျပ် ၃ သိန်း လှူဒါန်းခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရရှိပါက နောက်ထပ် ၃ သိန်း ထပ်မံလှူဒါန်းသွားမည်ဟု ပြောကြောင်း၊ ယင်းလုပ်ရပ်မှာ မဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲကောက်ရန် မတ်လ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကောက်ယူခွင့် ပြုထားခြင်းကို ဆန့်ကျင်ကာ တနင်္သာရီတိုင်း လောင်းလုံ မဲဆန္ဒနယ်မြေတွင် ကြိုတင်မဲများ ကောက်ခံနေသည်ဟု ဆိုသည်။
ထားဝယ်ခရိုင်၊ လောင်းလုံမြို့ရှိ ကျောင်းဆရာ၊ ဆရာမ ၇၀ ကျော်ကို သင်တန်းတက်ရန်ရှိ၍ ကြိုတင်မဲပေးရမည်ဆိုကာ မြို့နယ်ပညာရေးရုံးရှိ တာဝန်ရှိသူများ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သည်ဟု မဲပေးခဲ့သည့် ကျောင်းဆရာတဦးက ပြောသည်။
အလားတူပင် ထားဝယ်မြို့၊ ပညာရေး ကောလိပ်တွင် လောင်းလုံနှင့် ကျွန်းစုမြို့နယ်မှ လာရောက်သော ကျောင်းသူကျောင်းသား ၅၀ ကျော်ကို မတ်လ ၁၅ ရက်နေ့က ကျောင်းစာကြည့်တိုက်သို့ ခေါ်ယူကာ ကျောင်းအုပ်ကြီး၊ မော်ကွန်းထိန်း၊ စာပေဌာနမှူးတို့ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သောကြောင့် မိမိမဲပေးလိုသည့် ပါတီကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရခဲ့သဖြင့် ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးခဲ့ကြရသည်ဟု ကျောင်းသူကျောင်းသားများက ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရာတွင် တိုက်ခိုက် နှောက်ယှက်မှုများ ရှိနေကြောင်း၊ ယခုလ ၁၈ ရက်နေ့က နေပြည်တော်၊ ဥတ္တရသီရိ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ ဟောပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ လုံခြုံရေးတာဝန်ယူသူ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း NLD က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေမှုများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ ကော်မရှင်ရုံးများတွင် တိုင်ကြားဖြေရှင်းရန် NLD ဗဟို အောင်နိုင်ရေးအဖွဲ့အနေဖြင့် ညွှန်ကြားထားပြီး ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရေးကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လစ်လပ်နယ်မြေများရှိ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ၂၉ ရက်က ထုတ်ပြန် ထားရာတွင် မဲပေးခွင့် မရှိသေးသော အသက်မပြည့်သေးသူများ၊ သေဆုံးသွားပြီးသူများ ပါဝင်နေပြီး မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မပါဝင်မှုများ ၄၈ နေရာလုံးနီးပါး ဖြစ်ပွားနေကြောင်း NLD ထံမှ သိရှိရသည်။
ထိုအထဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမည့် ကော့မှူးမဲဆန္ဒနယ်မြေတွင် ရွာပေါင်း ၅၄ ရွာအတွက် သေဆုံး၍ မဲစာရင်းမှ ပယ်ဖျက်ပေးရန် ၄၁၃ ဦး၊ မဲစာရင်းတွင်ထည့်သွင်းပေးရန် ၁၃၈၇ ဦးနှင့် မဲစာရင်းတွင် ပိုနေသူ ၂၉၉ ဦးတို့ကို ပြင်ဆင်ပေးရန် ရှိကြောင်း NLD ၏ စစ်တမ်းကောက်ယူထားမှုအရ သိရသည်။
မဲစာရင်းများကို၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အသုံးပြုခဲ့သည့် မူလ မဲစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယခုလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကြီးကြပ်ပေးသွားမည်ဟုလည်း ပြောဆိုခဲ့သေးသည်။ သို့သော် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ဝင်ရောက်စောင့်ကြည့်ရန် တောင်းဆိုထားမှုကို ခွင့်ပြုပေးခြင်းရှိမရှိ ယခုချိန်အထိ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။
ဧရာဝတီ
Unknown at 9:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဆီးရီးယား ၏ စိန်စီသော ည | ကျွန်မ က အာဏာရှင် အစစ် ပါရှင့် :)
asma-assad_2168255b
ပြီးခဲ့သည့် သီတင်း ပတ်က ဆီးရီယား အတိုက်အခံ တို့  က ရရှိ ခဲ့သည့် အာဆဒ် နှင့် သူ၏
ဇနီး ဖြစ်သူ ဗြိတိသျှ နိုင်ငံ ဖွား Asma al-Assad တို့  ၏ အီးမေး ဆက်သွယ် မှု တွင် မစ္စအာ
ဆဒ် က ” မိသား စုမှာ ဆို ရင် ကျွန်မ က အာဏာရှင် အစစ် ပါပဲ ” ဟု ရေးသား ထားသည်။
ထိုအီးမေး အား အက်(ဆ)မာ က ဒီဇင် ဘာလ ၁၆ ရက်နေ့ တွင် သူ မ သူငယ်ချင်း တစ်ဦး
ဆီးပေး ပို့  ခဲ့ ခြင်း ဖြစ်သည်။ အက်(ဆ)မာ  အသုံးပြုသည့် sam@alshahba.com နှင့်
အာဆဒ်  ၏ အီးမေး ak@alshahba.com မှ အီးမေး ၃၀၀၀ ကျော် ကို ဆီးရီးယား အ
တိုက်အခံ များ ရ ရှိ ခဲ့ ခြင်း ဖြစ်သည်။
၂၀၁၁ အောက်တို ဘာလ က အက်(ဆ)မာ က အာဆဒ် အားပေး ပို့ ခဲ့ သည့် အီးမေး တစ်ခု
တွင် ခရစ် ဘရောင်း ၊ LMFAO စသည့် သီချင်းများ ကို apple itune မှ ဒေါင်းလုပ် လုပ်
ယူ ပြီး နောက် ထောင် ခဲ့ သည် ဟု ရေးသား ထားသည်။
နေ့ ခင်း ဘက် အာဆဒ် ဆီ ပို့ သည့် အီးမေးများ တွင်  I need You , I love You ဟု
အစချီ ကာ ငါတို့  တွေ ရွှေလက်တွဲ မခွဲ ညီ ရင် ဒီကိစ္စ မှာ အောင်မြင် ရ မယ် ဟု ရေးသား
ထားသည်။
Asma al-Assad  ဟူသည့် သူ မ ၏ နာမည် ရင်း ကို AAA ဟု အတိုကောက် ထိုးတတ်ပြီး
ဒီဇင်ဘာ ၂၈ ရက်နေ့  က  အာဆဒ် ထံ ပို့ သည့် အီးမေး တွင်
If we are strong together, we will overcome this together…I love you…
ဆိုပြီး ပေးပို့ ထားသည်။
အက်(ဆ)မာ ၏ မွေး နေ့  အတွက် အာဆဒ် က လန်ဒန် ကျောက်မျက် ရတနာ ကုမ္ပဏီ တစ်ခု ထံ
မှ စိန် လည်ဆွဲ ရတနာ ကို ဒေါ်လာ သောင်းချီ အကုန် အကျ ခံပြီး ၀ယ် ယူပေး ခဲ့ သည် ။
ဒီဇင်ဘာလဆန်း ပိုင်း တွင် ဟယ်ရီ ပေါ်တာ Deathly Hallows Part II ကို ဒေါင်းလုပ် ၀ယ်
ယူကြည့် ရှု ခဲ့ ပြီး apple တည်ထောင် သူ စတိဗ် ဂျောဘ် ၏ ၏ အထ္တု ပတ္တိ စာ အုပ် ကို လည်း
ဝယ်ယူ ခဲ့သည်။
အာဆဒ် တို့ ဇနီးမောင်နှံ သည် အွန်လိုင်း ဈေးဝယ် စနစ် မှ လစဉ် ဒေါ်လာ ငွေ သောင်း ချီ သုံးဖြုန်း
ကာ ၀ယ်လူ လေ့ ရှိ သည်။
ထမင်း စား ပွဲ နှင့် စာကြည့် မီးအိမ် ကို အမာဇုန် မှ ၀ယ်ယူခဲ့ သည်။
အာဆဒ် ၏  အီးမေး တွင် မူ အခြား အမျိုးသမီး တစ်ဦး နှင့် စာပေး စာ ယူ ရှိ ပြီး ထို အမျိုး သမီး က
တစ်ခါ တစ်ရံ တွင် ဖင်ပေါ် နေသည့် လင်ဂါရီ ခေါ် အတွင်းခံ ဘောင်းဘီ ၀တ်ထားသည့် ဓာတ်ပုံ
များ အာဆဒ် ဆီ ကို ပို့ သည်။
Freedom News Group
Unknown at 9:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရွှေကုမ္ပဏီတွေကြောင့် လယ်ဧက ရာပေါင်းများစွာ ပျက်စီး
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်းမှာ ရွှေ တူးဖော်နေတဲ့ ကုမ္ပဏီတွေကြောင့် ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ လယ်သမားတွေ က ပြောပါတယ်။
ဟုမ္မလင်းမြို့နယ် ဝေဖလာအင်း အနီး မှာ ရွှေကျင်နေတာ ရဲ့ နောက်ဆက်တွဲ အဖြစ်၊ နွေစပါး စိုက်ထားတဲ့ လယ်ဧက အနည်းဆုံး ၃၀၀ ၀န်းကျင် ပျက်စီးနေတယ် လို့ လယ်သမားတွေက ဆိုပါတယ်။
လယ်မြေ ၇ ဧက လုံး ပျက်စီးသွားတဲ့ လယ်သမား မိသားစုက မနန်းခိုင်က  ပြောပြ ပါတယ်။
“နွံရေတွေနဲ့ လယ်တွေ အကုန်လုံး နစ်မြုပ် ကုန်ပါပြီ။ နောင်တော ကျေးရွာ အုပ်စု ဝေဖလာအင်း ကို အမှီပြုပြီး အင်းပတ် ပတ်လည် ရေတိမ် တဲ့ နေရာတွေ မှာ တောင်တွေ အများကြီး ရှိပါတယ်။ ရေနောက်ပြီး ပျက်စီးနေပါတယ်။ စပါးတွေလည်း ပျက်ဆီးတယ်။ စိုက်ပြီးလို့ အခုနေချိန်ဆို စပါးနှံတောင် ထွက်ခါနီး နေပြီ။ အခြေမျှော မြစ်ရေကြောင့် စပါးနှံတွေ လုံးဝ မထွက်နိုင်တော့ဘူး။”
ဝေဖလာ အင်းတ၀ိုက်က တောင်သူ ၄၀ ကျော်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်နေတယ်လို့ လယ်သမားတွေ အရေးကို အကူအညီပေး တဲ့ ဒေသခံ ကျောင်းဆရာမ ဒေါ်စန်းစန်းဝင်းက ပြောပြပါတယ်။
“မျှောမီးနွံရေ(ရေနောက်တွေ) လယ်ကွက်ထဲမှာ ၀င်သွားပြီ ဆိုရင် လယ်ကွက်ထဲမှာ စပါးပင်တွေက ရေနောက်နေရင် ပင်ပွားလည်း မရှိတော့ဘူး။ အနှံလည်း မထွက်တော့ ဘူး။ နွေစပါးတွေပါ အခု စိုက်နေတယ်၊ နွံရေစီးကြောင်း က ရေစီးကြောင်းကြီး လို ဖြစ်သွားပြီး ဧကတွေ တော်တော်များများ နွံရေတွေကြောင့် ပျက်စီးကုန်ပြီ။ စပါးတွေက အောက်ကို မြုပ်နေတယ်။ အဲဒီ့ နေရာမှာ ဦးထန်သောင်း၊ ဒေါ်ခင်လှဆိုတဲ့ လယ်သမား မိသားစုရဲ့ လယ်က ၁၂ ဧကလောက် ရှိတယ်။ သူတို့လယ်တွေဆိုရင် အားလုံး နီးပါး ပျက်စီးကုန်တယ်။”
ဒီဒေသက လယ်သမား မိသားစုတွေဟာ လယ်လုပ်ငန်းကလွဲလို့ တခြားလုပ်စရာ မရှိကြပါဘူး။ ရွှေကုမ္ပဏီတွေဟာ မနှစ် မတ်လက  စလို့ အဲဒီ့ ဒေသကို ၀င်ရောက်လာ တာ ဖြစ်ပြီး၊ ကုမ္ပဏီတွေ များစွာထဲက ရွှေဝတီ၊ ရွှေတောင်ကြား၊ ငုဝါ ၀င်းရွှေ၊ ဌေးဝင်းထွန်း၊ အင်းတိုင်းစံ၊ စွမ်းထက်ဝင်း စတဲ့ ကုမ္ပဏီတွေ ကိုတော့ ဒေသခံတွေက သိကြပါတယ်။
ကုမ္ပဏီတွေက အသက်မွေးဝမ်းကြောင်းတွေကို ထိခိုက်လာတဲ့အတွက် ဒေသခံ ရှမ်းနီ လူမျိုးတွေနဲ့ ကုမ္ပဏီတွေကြားမှာ အခြေအနေ တင်းမာနေတယ် လို့ ဒေသခံ ကျောင်း ဆရာမ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
“မလိုလားအပ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်တော့မယ့် အနေအထားရှိလာပြီ။ ကျမက တောင်သူတွေဘက်ကို တောင်းပန်ပါတယ်။ ကျမတို့ အနုနည်းနဲ့ပဲ ဖြေရှင်း ရအောင်၊ တရား ဥပဒေနဲ့ပဲ ဖြေရှင်းရအောင်လို့ တောင်းပန်ပါတယ်။ ကျမ မှိုင်းတိုင်း ရဲစခန်းကို သွားပြီးတော့ အကူအညီ တောင်းပါတယ်။ မှိုင်းတိုင်း ရဲစခန်းကလည်း မော်စိန် ရဲကင်းမှူးကို ရုံးစာနဲ့ ထွက်ပြီး အကူအညီတောင်းတော့ အခုချိန်ထိ အဲဒီနေရာမှာ နေ့ည လှည့်ကင်းလေးတွေ ချထားပေးပြီးမှ ကျမ ရန်ကုန်ကို ဆင်းခဲ့ပါတယ်။”
ရန်ကုန်မှာ လယ်သမားအရေး အကူအညီပေးနေတဲ့ ရှေ့နေဦးဖိုးဖြူနဲ့ တိုင်ပင်ပြီး ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။
ရွှေကုမ္ပဏီတွေကတော့ သူတို့ဟာ အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်တယ်လို့ ဆိုပြီး၊ လယ်ယာမြေတွေထဲကို မကျူးကျော်ဖို့ မြို့နယ် အာဏာပိုင်တွေရဲ့ ညွန်ကြားချက်တွေ ကိုတောင် လိုက်နာခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 
ဒီဗွီဘီ
Unknown at 9:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရှမ်းပြည်တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်
မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ထပ် ဖြစ်နေပြီး ရှမ်းပြည်တပ်မတော် တပ်စခန်း တခုကို အစိုးရတပ်ဘက်က သိမ်းပိုက် လိုက်တယ်လို့ ရှမ်းပြည်တပ်မတော် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောကြားလိုက် ပါတယ်။
ဒုတိယ ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်(Photo - Shan Herald Agency for News)
ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းလိုင် တိုက်နယ်ထဲမှာ ရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်ရဲ့ တပ်စခန်း တခု ကို အစိုးရ တပ်ရင်း တခုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်တိုက်ပြီး သိမ်းပိုက်ခဲ့တာပါ။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသမှူး  ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်က “မတ် ၁၈ ရက်နေ့ မနက် ၇ နာရီကျော်လောက်မှာ အစိုးရတပ် ခမရ ၅၇၃ က အုပ်စု ၃ဖွဲ့ ခွဲပြီး လွယ်လန်း ဖာ့ဟင်ချို ဒေသမှာ ရှိတဲ့ ကျနော်တို့ စခန်းကို ၀င်တိုက်တယ်။ မိနစ် ၄၀ လောက် တိုက်ပွဲဖြစ်ပြီး အင်အား မမျှတော့ ကျနော်တို့ ဆုတ်ခွာတာနဲ့ သူတို့ ၀င်သိမ်း လိုက်တာ ဖြစ်တယ်။” လို့ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် မတ် ၁၁ ရက်နေ့ မနက်ကလည်း အစိုးရတပ် ခမရ ၅၇၃ ဟာ ကျိုင်းတုံခရိုင် မိုင်း ယောင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်တပ်မတော်  တပ်ရင်း ၁၀၈ အဖွဲ့ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်ကတော့ အစိုးရတပ်ရင်းဘက်က ရှမ်းပြည်တပ်မတော်ကို ထိုင်း နယ်စပ်ဘက် ဆုတ်ခွာဖို့နဲ့ နယ်မြေကျဉ်းလာအောင် ဖိအားပေးရင်း ထိုးစစ် ဆင်နေတာ   ဖြစ်တဲ့ အကြောင်းနဲ့ ရှမ်းပြည်တပ်မတော် ဘက်ကတော့  ခုခံစစ်နဲ့  ပြန်တိုက်နေရတာ လို့ ပြောပါတယ်။
၂၀၁၂  ဖေဖော်ဝါရီနဲ့ မတ်လ ထဲမှာ ကျိုင်းတုံနဲ့ တာချီလိတ် ခရိုင်ထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်စခန်း ၅ ခုလောက် ဆုတ်ပေးခဲ့ရတယ် လို့ သိရပါတယ်။
အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိစ္စ  ရှမ်းပြည်တပ်မတော် ဘက်က  ဖြေရှင်းပေးဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းဆီ စာရေးပို့ခဲပြီး အဲဒီ့ စာအရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းဘက်က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၂၇ ရက် နေ့တုန်းက ထိုင်းနယ်စပ် တနေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါသေးတယ်။
ဒီဆွေးနွေးပွဲမှာ  အစိုးရ ကိုယ်စားလှယ်ဘက်က တိုက်ပွဲ မဖြစ်ပွားရေး တာဝန်ယူပေးမယ် လို့ ပြောသွားပေမယ့်လည်း တိုက်ပွဲတွေ  နောက်ထပ် ဖြစ်ပွားနေဆဲပဲ လို့  ရှမ်းပြည်တပ်မတော်က ပြောပါတယ်။ 
ဒီဗွီဘီ
Unknown at 9:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Cyberwidows (ကွန်ပျူတာမုဆိုးမများ)
စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုးရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့သက်ဆိုင်နေတာ ဖြစ်တဲ့ အတွက် ပိုပြီးသိမ့်မွေ့ပါတယ် ။
Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမ ဆုံး လက္ခဏာ တွေကတော့ …
၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။
၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။
၃ ။ ကိုယ်ပတ်ဝန်းကျင်ကလူမှုရေး ကိစ္စ တွေကိုလျစ်လျူရှုထားမယ် ။
ဥပမာ မိဘညီိကိုမောင်နှမတွေ ဘာတွေပဲပြောနေပါစေ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့ ။
၎ ။ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဂရုမစိုက်တော့ပဲ ဖြစ်သလိုနေထိုင်လာမယ် ။
၅။ ကိုယ့်မေးဘောက်စ်ထဲမှာ မေးလ်ဝင်မလာသေးသည့်တိုင်အောင် ဝင်လာမဲ့မေးလ်ကို စောင့်နေလိမ့်မယ်။
၆ ။ Roll Playing Game တွေကို ကစားရင်း အွန်လိုင်းမှာ ရန်ဖြစ်ဖူးတဲ့ လူတွေကို အပြင်မှာ
တကယ့်ရန်သူအဖြစ် ထင်မြင်လာမယ် ။
စတဲ့ အချက်တွေ ဖြစ်လာပီဆိုရင် အဲဒီလူတစ်ယောက်ဟာ Netaholic ဖြစ်လာနိုင်မဲ့အလားအလာပါပဲ ။
နောက်ပိုင်းမှာ ဒီထက်ဆိုးဝါလာရင်တော့ အင်တာနက်သာပထမ ၊ အင်တာနက်သာ ဒုတိယ ဖြစ်လာပြီး အင်တာနက်မရှိ ရင် အသက်မရှင်ချင်တော့ဘူး အထိဖြစ်လာနိုင်ပါတယ် ။
Cyberwidows (ကွန်ပျူတာမုဆိုးမများ)
Cyberwidows သို့မဟုတ် Computer widows ဆိုတာကတော့ ကိုယ်ရဲ့ အိမ်ထောင်ဖက် (ယောကျာ်းဖြစ်ဖြစ် ၊
မိန်းမဖြစ်ဖြစ်) က Netaholic တစ်ယောက်ဖြစ်နေပြီး NetGame  တွေဆော့လိုက် ၊ နက်ထဲက Information တွေ အငမ်းမရ ရှာဖွေလိုက် ၊အင်တာနက်ထဲက ကိုယ်နဲ့ မသိဖူး တဲ့ လူပေါင်းများစွာနဲ့ ချက်တင် တက် စကားပြောရင်း အချိန်တွေကုန် မိသားစု အတွက် ၊ ကိုယ့်သားသမီးတွေ အတွက် ဘာမှစိတ်မဝင်စားနိုင်တော့အတွက် အိမ်ထောင် ရဲ့ဒုက္ခ သုက္ခ တွေကိုရင်စီး ခံကြရရှာတဲ့ အိမ်ထောင်ရှင်များကို ခေါ် တာပါ ။ သိပ္ပံပညာရှင်တွေ ၊ စိတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ အင်တာနက်စွဲလမ်းမှု ပြသနာဟာ နောက်အနာဂါတ်မှာ စိတ်ရောဂါတွေထဲမှာ နံပါတ် ၁ အနေ
အထား ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဖွင့်ဖြိုးပီး နိုင်ငံ များမှာတော့ Netaholic နဲ့ Cyberwidows   ပြသနာများကိုဖြေရှင်းနိုင်ဖို့ Online Cilinic တွေဖွင့်လှစ်လာကြပါတယ် ။ အင်တာနက်နဲ့ပက်သက်ပီး စိတ်ရောဂါဖြစ်နေတဲ့လူတွေကို အွန်လိုင်းဒေါက်တာတွေနဲ့ပဲ ကုနိုင်မယ်ဆိုတဲ့ အတွေးခေါ်နဲ့ပါ ။ ကျွန်တော် တို့ ဆီမှာ ဒီပြသနာတွေ ထင်ထင်ရှားရှား လူသိမများသေးပေမဲ့အင်တာနက်စွဲလမ်းသူ များလာတာနဲ့အမျှ ပက်သက်ဆက်နွှယ်ရာ ပတ်ဝန်းကျင်ကိုပါ ဒုက္ခတွေများလာနိုင်တာကြောင့့် ညောင်သီးလည်းစား   လေးသံလည်းနားထောင်ရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ …………..။
( ကိုရုပ်ဆိုး သီးကုံးသည်။)
FWD Mail
Unknown at 8:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရနိုင်
ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် မည်သူမဆို အများနှင့်သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ပါက ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ကြောင်း အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ သိရသည်။
အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃) တွင် မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံး စားပြုမှု၊ သို့တည်းမဟုတ် လိမ်လည်မှုတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက် မနည်းသည့် ထောင်ဒဏ် ဖြစ်စေ၊ ထို့ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထိုသို့ မည်သူမဆိုဟူသော စာသားဖြင့် ပြဋ္ဌာန်း ထားသောကြောင့် ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း အများနှင့် သက်ဆိုင်သော ပစ္စည်းများကို အလွဲသုံးစားပြုပါက အခြားသူများနည်းတူ ပြစ်ဒဏ်ကျခံ ရမည်ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါ သည်။
တပ်မတော်၊ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၊ ဒေသန္တရ အာဏာပိုင်တစ်ဦးဦး၊ တည်ဆဲ တရားဥပဒေ တစ်ခုခုအရ ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း၊ ဘဏ်၊ အခြားအဖွဲ့ တစ်ခုခု၊ သမ၀ါယမအသင်း တစ်ခုခု၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက အမိန့်ကြော်ငြာစာဖြင့် ကြေညာသော အသင်းများ၊ စသည်တို့က ပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန် လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်း ထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်း တစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ထို့အပြင် မှတ်ပုံတင်အက် ဥပဒေအရ မှတ်ပုံတင်ထားသည့် အသင်းတစ်ခုခုနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ (၂၆) အရ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထား သော အသင်းတစ်ခုခု၊ ပြည်သူတို့ ဆိုင်ရာ ယုံမှတ်အပ်နှံမှုအဖွဲ့တစ်ခုခု၊ အခြားအဖွဲ့အစည်းတစ်ခုခု စသည် တို့ကပိုင်ဆိုင်သည့် သို့တည်းမဟုတ် အသုံးပြုရန်လွှဲပြောင်းပေးအပ်ထား သည့်၊ သိမ်းဆည်းထားသည့်ငွေ၊ သိုလှောင်ပစ္စည်း၊ အသုံးအဆောင် ၊ အခြားပစ္စည်းတစ်ရပ်ရပ်တို့သည် အများနှင့်သက်ဆိုင်သောပစ္စည်း များဖြစ်ကြောင်းအများနှင့်သက်ဆိုင် သော ပစ္စည်းကာကွယ်စောင့်ရှောက် ရေး ဥပဒေပုဒ်မ (၂) သိရသည်။
အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ၁၉၆၃ ခုနှစ်တွင် ဥပဒေ အမှတ် (၁) ဖြင့်ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ပြီး ယင်းဥပဒေသည် ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေးအက်ဥပဒေနှင့် အလား တူသော်လည်း သီးခြားဥပဒေဖြစ် ကြောင်း အထက်တန်းရှေ့နေတစ် ဦးကဆိုပါသည်။
ပြည်သူပိုင်ပစ္စည်း၏အဓိပ္ပါယ် ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ (၂) တွင် ရှင်းလင်းဖော်ပြထားပြီး အများနှင့်သက်ဆိုင်သော ပစ္စည်း၏ အဓိပ္ပါယ်ကိုပုဒ်မ (၂) တွင် ရှင်းလင်း ဖော်ပြထားကြောင်း သိရသည်။
အဓိပ္ပါယ် ရှင်းလင်းချက်တွင် ပါရှိသော စကားရပ်များကို လေ့လာပါက ပြည်သူပိုင်ပစ္စည်းဟူသော စကားရပ်နှင့် အများနှင့် သက်ဆိုင်သော ပစ္စည်းဟူသော စကားရပ်သည် ကွာခြားကြောင်း သိရသည်။
ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) အရ ပေးနိုင်သောပြစ်ဒဏ်မှာ ၇ နှစ်အထိထောင်ဒဏ်အပြင် ငွေဒဏ်လည်း ပါဝင်ကြောင်း၊ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အရဆိုပါက ပေးနိုင်သောပြစ်ဒဏ် မှာ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထက်မနည်းသည့်ထောင် ဒဏ်ဖြစ်စေ၊ ထို့ပြင်ငွေဒဏ်လည်း ပါဝင်သောကြောင့် ပြစ်ဒဏ်ပိုများ သည်ကိုတွေ့ရကြောင်း ဥပဒေအတိုင်ပင်ခံ တစ်ဦးက ဆိုပါသည်။
အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေ၏ ရည်ရွယ်ချက်မှာ အများ နှင့်သက်ဆိုင်သော ပစ္စည်းတစ်ခုခု နှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှု ကျူးလွန် သောသူများကို ထိရောက်စွာအပြစ် ပေးနိုင်ရန်ဖြစ်ကြောင်းသိရသည်။
အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့် ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေးအက်ဥပဒေ တို့၏ ခြားနားချက်များမှာ အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေက ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် လိမ်လည်မှုကို ရည်ညွှန်းကြောင်း ပြည်သူပိုင်ပစ္စည်းကာ ကွယ်စောင့်ရှောက်ရေး အက်ဥပဒေက တရားမ၀င်ဘဲ လက်ဝယ်ထားရှိမှု၊ ခိုးမှု ၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှုကို ရည်ညွှန်းကြောင်း ဥပဒေပြဋ္ဌာန်းချက်များ အရသိရသည်။
အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုတစ်ခုခုကို ပြည်ထဲ ရေး၏ အခွင့်အမိန့်မရှိဘဲ မည်သည့် တရားရုံးကမှ စစ်ဆေးစီရင်ပိုင်ခွင့် မရှိကြောင်းသိရသည်။
အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အရေးယူခဲ့ရသည့် ဖြစ်စဉ် အများအပြားရှိခဲ့ကြောင်းလည်း တရားစီရင်ထုံးများအရ သိရပါသည်။
EMG
Unknown at 8:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဂျာမနီကား မြန်မာနိုင်ငံတွင် ထုတ်မည်
ဂျာမနီကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် မော်တော်ကား တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများကို လာရောက် လုပ်ကိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထိုမော်တော်ကား တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း ဂျာမနီနိုင်ငံ Euracom ကုမ္ပဏီနှင့် ပြည်တွင်း ကားကုမ္ပဏီဖြစ်သည့် SSS ကားကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ကားတွေကို အထည်ချုပ် လုပ်ငန်းတွေသုံးတဲ့ CMP လုပ်ငန်းပုံစံနဲ့ လုပ်ကိုင်ဖို့ ဂျာမနီက Euracom ကုမ္ပဏီနဲ့ ချိတ်ထားတယ်။ မကြာမီမှာ သူတို့လာတော့မှာပါ။ ဥပမာ- ကျွန်တော်တို့ဒီမှာရှိတဲ့ ပိတောက်၊ ကျွန်းအစရှိတဲ့ သစ်တွေကို အသုံးပြုပြီး ကားအတွင်းခန်း အလှအပစ္စည်းတွေ ဖြည့်စွက်ပြီး လုပ်ငန်းသုံး မော်တော်ယာဉ် အမျိုးမျိုးသို့ ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ လုပ်ငန်းများကိုလဲ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်နိုင်ပါတယ်” ဟု SSS ကားထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဂျာမနီကုမ္ပဏီအနေဖြင့် မတ်လအတွင်း လာရောက်လုပ်ကိုင်ဖွယ်ရှိကြောင်း၊ နည်းပညာ ကျွမ်းကျင်မှုနှင့် နိုင်ငံတကာ အတွေ့အကြုံများရှိသည့် ပြည်တွင်းလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ “အဲဒီကုမ္ပဏီက ဂျာမန်လူမျိုး Mr.Serge Bershire နဲ့ ကျွန်တော်တို့ တွေ့ပြီးသွားပြီ။ ဒီမတ်လလောက်ထဲမှာ သူလာမှာပါ။ သူတို့ကလဲ သဘောကျတယ်။ CMP စနစ်ဆိုတဲ့ ပုံစံကတော့ ဖြတ်တောက်ပုံစံတွေ သူတို့ယူလာမယ်။ နောက်ထုတ်လုပ်မယ်။ ပြီးရင် ထုပ်ပိုးပြီးတော့ ပြန်တင်ပို့ပေးမယ်။ ဒါမျိုးက အထည်ချုပ်လုပ်ငန်းတွေ သုံးတဲ့ပုံစံပါ။ ဒါကို မော်တော်ယာဉ် ထုတ်တဲ့ပုံစံနဲ့ ကျွန်တော်တို့ ပေါင်းစပ် လုပ်သွားမှာပါ” ဟု ယင်းက ထပ်မံရှင်းပြသည်။ ၎င်း CMP စနစ်ဖြင့် ကျင့်သုံးနိုင်ရန်အတွက် မတ် ၁၁ ရက်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ မော်တော်ယာဉ် ထုတ်လုပ်မှု ဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 8:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စမ်းသပ်ဆဲ Window- 8 အား အခမဲ့ဖြန့်ချိ
စမ်းသပ်ဆဲ Window- 8 အား အခမဲ့ဖြန့်ချိ
By Yangon Times Journal Originally posted 16/03/2012 13:21PM
မိုက်ခရိုဆော့ဖ် ကုမ္ပဏီက စမ်းသပ်ဆဲ ဗားရှင်းတစ်ခုဖြစ်သော window-8 ကို စမ်းသပ်သုံးစွဲနိုင်ရန် အခမဲ့ ဖြန့်ချိခဲ့သည်ဟု ဗန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီက window-8 ကို အများပြည်သူ download ဆွဲနိုင်ရန်နှင့် စမ်းသပ် အသုံးပြုနိုင်ရန်အတွက် မတ် ၇ ရက်တွင် online တင်ထားခဲ့သည်ဟု သိရသည်။ စမ်းသပ်ဆဲ window-8 ပုံစံကို အင်တာနက်တွင် http://preview.windows.com တွင် download ဆွဲယူနိုင်သည်ဟု သိရသည်။
မိုက်ခရိုဆော့ဖ်၏ ဖလက်ရှစ် ဝင်းဒိုးယူနစ်၏ အကြီးအကဲ စတီဗင်ဆီနော့စကီ၏ အဆိုအရ “ဒီ window-8 ဟာ window-7 ထက် ပိုပြီးတောင် ကောင်းနေပါသေးတယ်” ဟု ပြောသည်။ window-7 သည် မိုက်ခရိုဆော့ဖ်၏ နောက်ဆုံး ကွန်ပျူတာ မောင်းနှင်စနစ် (OS) တစ်ခု ဖြစ်ပြီး ယခင်က ထုတ်လုပ်ခဲ့သော OS များထက် လျင်မြန်စွာ အရောင်းတွင်ခဲ့ပြီး သုံးနှစ်အတွင်း ၅၂၅ သန်းထက်မနည်း အရောင်းတွင်ခဲ့သော window-OS တစ်ခု ဖြစ်ခဲ့သည်။ ဆီနော့စကီ၏ ပြောကြားချက်အရ အဆိုပါ window-8 ဆော့ဖ်ဝဲကို နိုင်ငံပေါင်း ၇၀ မှ လူများက download ဆွဲ၍ အသုံးပြုနေကြပြီ ဖြစ်သည်ဟု ပြောခဲ့သည်။ သို့ရာတွင် ၎င်းက အသုံးပြုသည့် အရေအတွက်ကို တိကျစွာ ဖော်ထုတ် ပြောကြားခဲ့ခြင်း မရှိဟု သိရသည်။ window-8 OS ကို လက်တော့ပ်၊ သင်ပုန်း ကွန်ပျူတာ၊ စမတ်ဖုန်းများ တွင်လည်း အသုံးပြုနိုင်ပြီး touch screen အသုံးပြု ကွန်ပျူတာများအတွက် အထူးထုတ်လုပ်ထားသော OS အမျိုးအစားဖြစ်သည်ဟု သိရသည်။ ထွက်ပေါ်လာသော သတင်းများအရ window-8 OS ကို လက်တော့ပ်များနှင့် desktop ကွန်ပျူတာများ အတွက် ပုံစံတစ်ခု၊ သင်ပုန်းကွန်ပျူတာ၊ စမတ်ဖုန်းနှင့် အခြားသော မိုဘိုင်းပစ္စည်းများ အတွက် ပုံစံတစ်ခု ထွက်ပေါ်လာမည်ဖြစ်ပြီး တရားဝင် ဈေးကွက်တင် ရောင်းချမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် ဖြစ်နိုင်ဖွယ် ရှိသည်ဟု သိရသည်။
Bangkok Posts/MZM
Posted by lu bo
Unknown at 8:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုစတာများဖျက်ဆီးခံရခြင်း
ဧရာဝတီတိုင်း၊မြောင်းမြို့နယ် ၊ ရှမ်းရေကျော်ကျေးရွှုာ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျေးရွာအုပ်စု ရုံးတွင် မတ်လ ၁၆ ရက်နေ့ညက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများ ဓါးဖြင့် ခုတ်ဖြတ် ဖျက်ဆီးခံရပါသည်။ အခင်းဖြစ်ပွားရာနေရာသို့ နောက်တစ်နေ့ နေ့လည်တွင် မန်းဂျော်နီ ကိုယ်တိုင် သွားရောက် ကြည့်ရှု့စစ်ဆေးပြီး မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူများဖြစ်သော ဦးမောင်ဖုန်း၊ ဦးမောင်ပြုံး၊ ဦးဇော်ဇော်၊ ဦးဂျော့ တို့လည်း အတူလိုက်ပါသွားကြ၍ အဖြစ်အပျက် အသေးစိတ်အား ဆက်လက်စုံစမ်းနေကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အောင်နိုင်ရေးအဖွဲ့နှင့် ဥပဒေ အကြံပေးအဖွဲ့ တို့မှ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ တိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရပါသည်။ “ဒါပြည်သူတွေကို ကြောက်လန့်အောင်လုပ်တာပဲ၊ ဒါပေမဲ့ အဲဒီကပြည်သူတွေကိုတော့ စိတ်ရှည်သည်းခံပြီး ဆက်လက်အောင်ပွဲဝင်နိုင်အောင် ဆက်ပြီး ကြိုးစားပေးကြပါ၊ ဘာတုန့်ပြန်မှုမှ မလုပ်ပါနဲ့” လို့ မန်းဂျော်နီ မှ ရွာသားများကို ပြောကြားသွားကြောင်း သိရသည်။ ဆက်လက်ပြီး “ဥပဒေကြောင်းအရ ဆက်ပြီးရင်ဆိုင်သွားမယ်၊ လောလော ဆယ် တိုင်ချက်ဖွင့်ဖို့ ပြင်ဆင်ထားတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခဏခဏ ပြောနေတဲ့ တရားဥဒေ စိုးမိုးမှု မရှိသေးဘူးဆိုတာ ပြတာပဲ။ ဒါကြာင့် တရားဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ပြချင်ယင် ဒီကိစ္စကို ဖော်ထုတ် အရေးယူပေးဖို့ လိုပါတယ် “ လို့ မန်ဂျော်နီက ပြောကြားကြောင်း NLD မှ လာသော နောက်ဆုံး အစီရင်ခံစာ များ အရ သိရပါသည်။
 National League for Democracy (Facebook)
သစ်ထူးလွင်
Unknown at 8:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
http://burmese.nldburma.org NLD ၀က်ဆိုဒ် ပြန်လည်ကြည့်ရှုလို့ ရပါပြီ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် http://burmese.nldburma.org ၀က်ဆိုဒ် အင်တာနက်စာမျက်နှာ ယခုမိနစ်ပိုင်းအတွင်းမှာပြန်လည်ကြည့်ရှုလို့ ရပြီဖြစ်ပါတယ်။
http://burmese.nldburma.org ၀က်ဆိုဒ်အင်တာနက်စာမျက်နှာကို ယခုတွေ့ ရစဉ်
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ တွေ့ ရပုံ
Myanmar News Now
သစ်ထူးလွင်
Unknown at 8:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အနီးကပ်ရန်သူ
ရှေးတုန်းက ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်တယ်. . . ပြည်သူတွေရဲ့ ဘ၀မှန်ကို သိလိုတဲ့အတွ့် မင်းကြီးဟာ သူဆင်းရဲ အသွင် ရုပ်ဖျက်ပြီး စနည်းနာ ထွက်တော်မူပါတယ်.. . ပထမ နေပြည်တော်တွင်း စနည်းနာ ပြီး ထို့နောက် နေပြည်တော် ပြင်ပ ကျေးရွာများသို့ သွားလေသည်။
ကျေးရွာ အပြင်ဘက် ယာတောတစ်ခုသို့ ရောက်တဲ့အခါ. . . အသက်အရွယ် အိုမင်းပြီဖြစ်သော အဘိုးအို အဘွားအို ဇနီးမောင်နှံကို တွေ့ရပါသည်. . . အလုပ်နှင့်လက် မပြတ်အောင်လုပ်နေသော အဘိုးအိုတို့ ဇနီးမောင်နှံကို ကြည့်ကာ "ဘကြီးတို့က အသက်ကြီးလှပြီ တရားဘာဝနာနဲ့ နေသင့်တဲ့ အရွယ်မှာ ဘာ့ကြောင့် ဒီလောက် အပင်ပန်းခံပြီး လုပ်နေရပါသလဲ. . သားထောက်သမီးခံမရှိလို့လား ဒါမှမဟုတ် လောဘမသတ်နိုင်လို့လား ". . . ဟုမေးလေသည်။
ထိုအခါ အဘိုးအိုက "တို့များမှာ ကုန်ကျစရိတ်များလှတာကို မောင်ရင်မှ မသိဘဲကွယ်. . . . . တို့များမှာ
(၁) ခိုမှူးကြီးကို အခွန်ဆက်သရတယ်..
(၂) ဧည့်သည်ကိုလဲ ကြာရှည်ကျွေးရတယ်
(၃) သမုဒ္ဒရာထဲကိုလဲ ပစ်ရတယ်
(၄) အနီးကပ်ရန်သူကိုလဲ ကြည်ဖြူစွာကျွေးရတယ်.. . . " ဟုပြောလေသည်. . .
မင်းကြီးက ဘကြီး စကားလေးခွန်း က ထူးဆန်းလှပါပေတယ် ရှင်းပါဦး . . . . ဟုပြောသောအခါ. .
"ခိုမှူးကြီးကို အခွန်ဆက်သရတယ်ဆိုတာ တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်ပေးတဲ့ ဘုရင် မင်းမြတ်ကို အခွန်ဆက်သရတယ် လို
့ ဆိုလိုတာပါ. . .
"ဧည့်သည်ကို ကြာရှည်ကျွေးမွေးရတယ်ဆိုတာ က မိမိမွေးထားတဲ့ သားသမီးတွေကို အရွယ်ရောက်ပြီး အိမ်ထောင်ကျတဲ့ အထိ စောင့်ရှောက်ကျွေးမွေးရတာကို ပြောတာပါ. ."
"သမုဒ္ဒရာထဲကို ပစ်ရတယ်ဆိုတာကတော့ မိမိ ခန္ဓာ အာဟာရပြည့်အောင် စားသောက်ရတယ်. . . ဒါပေမယ့် ဒီဝမ်းဗိုက် က ပြည့်နိုင်တယ် မရှိဘူးလေ . . ရေတွေ့ ဘယ်လောက်ပဲ စီးဝင် စီးဝင် မပြည့်နိုင်တဲ့ သမုဒ္ဒရာလိုပါ ပဲ. "
အနီးကပ်ရန်သူကိုလည်း ကြည်ြဖူစွာကျွေးရတယ် ဆိုတာက မိမိရဲ့ မယားကို ဆိုလိုရင်း ဖြစ်ပါတယ်. . " ဟု ပြန်လည် ပြောပါတယ်. . . .
အဘိုးအိုရဲ့ ပုစ္ဆာနှင့် အဖြေကို မင်းကြီးသည် အလွန်သဘောကျသွားသည်. . . နန်းတွင်း ပညာရှိများကိုလည်း မေးမည် ဟုမှတ်သားထားလိုက်သည်. . . အဖြေမပေါက်ကြားအောင်လည်း တားမြစ်ထားမည် ဟု စဉ်းစားပြီး "ဒီမှာ ဘကြီး ကျုပ်ဟာ ဟောဒီ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး ဖြစ်တယ်. . . " ခုပြောခဲ့တဲ့ ပုစ္ဆာရဲ့ အဖြေတွေကို မပေါက်ကြားပါစေနဲ့. . . ပေါက်ကြားခဲ့ရင် . . သေဒဏ် စီရင်ရလိမ့်မယ်. . . . " လို့ ပြောပြီး မင်းကြီးလည်း နန်းတော်သို့ ပြန်ပြီး ပုစ္ဆာလေးရပ်ကို နန်းတွင်းပညာရှိများကို မေးလေသည်. . . .
မှူးမတ်တို့မှာ မင်းကြီး၏ ပုစ္ဆာလေးရပ်၏ အဖြေကို မပေးနိုင်၊ မကြံနိုင်ဖြစ်နေကြပါတယ်. . . . ဒါနဲ့ အမတ်ကြီး တစ်ဦးကတော့ ပုစ္ဆာရဲ့ သဲလွန်စကို စဉ်းစားပြီး မင်းကြီးရဲ့ နည်းအတိုင်း ရုပ်ဖျက်ပြီး မင်းကြီးသွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ခရီးထွက်ခဲ့လေသည်. . . . တွက်ချက်မိသည့်အတိုင်းပင် အမတ်ကြီး လည်း မင်းကြီးတည်းခဲ့သည့် ယာတဲနေ အဘိုးကြီးဆီသို့ ရောက်ခဲ့လေသည်. . . အမတ်ကြီး က အဘိုးအိုထံ ချည်းကပ်၍ ပုစ္ဆာ၏ အဖြေကို မေးလေသည်. . အဘိုးအိုက မဖြေပေ. . . . မင်းတရားကြီး အမိန့်ကို မလွန်ဆန်ရဲ၍ တံစိုး လက်ဆောင်ပေးသော်လည်း မရပေ. . .
သို့နှင့် အမတ်ကြီး က အဘွားအိုကို ချည်းကပ်၍ အသပြာ တစ်ထောင် ပေးသော အခါ အဘွားအိုက အဖြေကို ပြောပြလိုက်လေသည်. . . . အမတ်ကြီးလည်း ပုစ္ဆာလေးရပ်၏ အဖြေကို သိလျှင် နန်းတော်သို့ ပြန်၍ မင်းကြီးအား လျှောက်တင်လေသည်. . . အဖြေကို ကြားရလျှင် မင်းကြီး က လွန်စွာ အံ့သြ သဖြင့် အဖြေကို ဘယ်က ဘယ်ပုံရလာသနည်း သေသေချာချာ လျှောက်တင်ပေတော့ မလျှောက်တင်နိုင်ရင် အမတ်ကြီးကို ရာထူးက ထုတ်ပယ် ရလိမ့်မည် ဟု မိန့်တော်မူလေသည်. . . .
ထိုအခါ အမတ်ကြီး က အမှန်ကို မကွယ်မလျက် လျှောက်တင်လေသည်. . . . နောက်တစ်နေ့ ညီလာခံတွင် မင်းကြီး က အဘိုးအိုအား စစ်မေးတော်မူလေသည်. . . .ထိုအခါ အဘိုးအိုက "ဒီအဖြေကို ကျွန်တော်မျိုး ပြောရခြင်း မဟုတ်ပါ ဘုရား . . . . ကျွန်တော်မျိုးရဲ့ ပုစ္ဆာ နောက်ဆုံး အဖြေမှာ အနီးကပ်ရန်သူကို လည်း ကြည်ဖြူစွာကျွေးမွေးရတယ် လို့ ပါပါတယ် ဘုရား . . . အနီးကပ်ရန်သူဆိုတာ မိမိရဲ့ မယားပင် ဖြစ်ကြောင်း " လျှောက်တင်လေသည်. . . . . . .
ဗန်းမော်ဆရာတော် ပုံပြင်များ
အားလုံးကိုချစ်ခင်လေးစားလျှက်..
.
--
Be Happy,
          Moe Moe.
Unknown at 8:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မန္တလေးစက်မှုဇုန်ပေါက်ကွဲမှုသေဆုံးသူနောက်တယောက်ထပ်တိုး
ယနေ့ နံနက် ၁၁း၃၀ တွင် ဇရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ် ၆၈လမ်းနှင့်၆၉လမ်းကြား သခင်ဖိုးလှကြီးလမ်း နိင်စိုးပိုင် သံရေကြိုလုပ်ငန်း ပိုင်ရှင်ဦး ကျော်...၏လုပ်ငန်းခွင်တွင် တာဝေးပစ်ဗုံးအမျိုးစားဗုံးတစ်လုံးပေါက်ကွဲခဲ့ပါသည်။ အလုပ်လုပ်ကိုင်နေတဲ့ ကလေး၃ဦး ဖြစ်သော စိုးမိုးသူ (ဘ) ဦးအောင်ငွေ ၁၆နှစ် နံသာလှိုင်ရွာ ၊ မြင်းခြံမြို့နယ်မှဖြစ်ပြီး နောက်တစ်ဦးမှာ ကိုမိုး (ဘ) ဦးမင်းစိုး ၁၉နှစ် နှင့် ချစ်ကောင်း (ဘ) ဦးတင်သွင် မိုးထောင်ရွာ ငါးဇွန်မြို့နယ်တို့ ၃ဦးစလုံးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။စိုးမိုးသူ နှင့် ကိုမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ချစ်ကောင်းမှာတော့ ဆေးရုံကြီးသို့ပို့ဆောင်ပြီး ညနေ၃နာရီတွင်သေဆုံးခဲ့ကြောင်းသိရသည်။အဆိုပါ တာဝေးပစ်ဗုံးအမျိုးစားကို သံတူနှင့်ထုရာမှပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုမိုးမှာ ဘယ်ခြေပြတ် ၊လက်နှစ်ဘက်ပျက် နှင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီးအလားတူ စိုးမင်းသူမှာလည်း ခြေ၂ဖက်ပျက် ဗိုက်ပွင့်ဒဏ်ရာနှင့်သေဆုံးသွားခဲ့ကြပါသည်။ချစ်ကောင်းမှာ ခြေ ၊ ဦးခေါင်းတို့တွက် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင်သေဆုံးသွားခဲ့ပါသည်။သေဆုံးသူများ၏အခင်းဖြစ်ရာအနီးတစ်ဝှိက်တွင် ခြောက်ပေါင်တူ ၁လက် နှင့်သံထည်ဟောင်း ရှော့ဘားများကိုလည်းတွေ့ရှိရပါသည်။ဆက်လက်၍တာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိစစ်ဆေးရှာဖွေရာမှမပေါက်သေးသောဗုံး ၂၃လုံးကိုလည်းတွေ့ရှိသိမ်းစီးရရှိခဲ့ပါသည်။ပေါက်ကွဲရခြင်းအကြောင်းကိုမူအသေးစိတ်ထပ်မံစုံစမ်းနေပြီး သူတို့၃ဦးမှာ အဟောင်းထည်များဖျက်ရန်အတွက် သံထည်များထုနှက်နေချိန်ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မှမျက်မြင်များ၏ပြောကြားချက်ကိုသိရှိခဲ့ရပါသည်။
မပေါက်ကွဲသေးသောစစ်ကျန်ဗုံးများ
(သတင်းနှင့် ဓါတ်ပုံ ကျော်ဇေ၀င်း)
Unknown at 8:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အပြောမတတ်တော့ ဆဲသလို
ခုတလော ဘာဖြစ်နေတယ် မသိပါ face book တွင် စာရေးပြီး နာမည်ကြီးနေသူတို့ကို အားကျမိသည် ။ သူတို့လို အရမ်းနာမည်ကြီးချင်သည် ဆရာစိုးမင်း ဆိုလျှင် စာရေး အရမ်းကောင်းတာကြောင့် ကမ္ဘာပေါ်တွင် face book သုံးတဲ့ မြန်မာနိုင်ငံသားရှိသည့် မည်သည့်နိုင်ငံကိုသွားသွား မျက်နှာပွင့်သည် ကျွေးမွေးဧည့်ခံ ချင်သူများသည် ။ သူ့လို စာရေးကောင်းသူတစ်ယောက်ဖြစ်ချင်သည် ခက်တာက ကိုယ်က သူ့လိုရေးနိုင်ဖို့တော့ ဒီတစ်သက် ဖြစ်နိုင်စရာ မမြင် ။ ရန်ကုန်က မျိုးသက်ပိုင်တို့လို သမိုင်းကြောင်းနှင့်ချီ၍ ရေးတာလည်း အားကျမိသည် ခက်တာက ကိုယ်ကျောင်းနေတုန်းက သမိုင်းဆို စိတ်မဝင်စား တစ်ခါက သူငယ်ချင်းနဲ့ ရောက်တတ်ရာရာပြောရင်း အိန္ဒိယကို ပါတော်မူသွားတဲ့ မင်းတုန်းမင်း လို့ပြောမိလို့ အဟားခံရဖူးသည် ။ မလေးက ကိုအောင်စိုးတို့လို အရေးအသား ခပ်သွက်သွက်နှင့် ဟာသလေးတွေ ရေးချင်သည် ဒါပေမယ့်ကိုယ်က သူ့လို အမြဲတမ်း ရယ်စရာ ရေးနိုင်လောက်အောင် ဟာသဥာဏ် မရှိ ။ နိုင်ထူးအောင်လိုတော့ မရေးချင်ပါ သူ့စာတွေဖတ်ရတာက ဘာတွေမှန်းမသိ ခေါင်းစားသည် ။ လူ အယောက် ၂၀ လောက် Tag လုပ်ပေးတာတောင် ၁၀ ယောက်လောက်သာ Like လုပ်ကြသည် ။ တစ်ချို့ဆို Remove tag ပင်လုပ်သွားကြသေးသည် ။
အင်း … ခက်ပါတယ်လေ ဘယ်လိုရေးရပါ့ … အာ … ဟုတ်ပြီ … ဒီနေ့ အလုပ်က အပြန် ကားပေါ်မှာ အော်ကြီးဟစ်ကျယ် ဖုန်းပြောနေတဲ့ ကိုယ်ရွှေမြန်မာတစ်ယောက်ကြောင့် အားလုံးက လှောင်ပြုံးလေးနှင့် ပြုံးနေကြတာ ကြုံခဲ့ရသည် ။ ဟုတ်ပြီ … လူတွေရဲ့ အကျင့်စရိုက် မပြင်နိုင်လို့ ပြဿနာတက်ခဲ့ဖူးသည့် အကြောင်းလေး ခေါင်းထဲ ဝင်လာသည် အဲ့ဒါလေးကို ကိုအောင်စိုးရေးသလို ခပ်သွက်သွက်လေး ဖြစ်အောင် ဘီယာသောက်ပြီး ရေးလိုက်မယ် လာလေ့ … ။
အပြော မတတ်တော့ ဆဲသလို
 ရောမကို ရောက်လျှင် ရောမ လိုကျင့်ရမည် ဆိုတော့ စကားပုံကို ဘယ်ပညာရှိက ပြောခဲ့သည်မသိပါ ။  မြန်မာနိုင်ငံကို လာလည်သော အဖြူကောင် တိုးရစ်တွေ မြန်မာပြည်မှာ ငါးပိရည်နှင့် ထမင်းမစားသည်ကို ကြည့်၍ သိုးဆောင်းတို့ရဲ့ စကားပုံ မဟုတ်ဟုတော့ ခန့်မှန်းမိပါသည် ။ ၄င်း စကားပုံမှာ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာ လူမျိုးများ အတွက် ပြည်ပနိုင်ငံ ရောက်သည့် အခါ ၄င်းရောက်ရှိရာ နိုင်ငံ၏ အလေ့အကျင့် ၊ စရိုက် ၊ စည်းကမ်း အတိုင်း လိုက်နာ နေထိုင်ရန် အတွက် ရည်ရွယ်ခဲ့ဟန် တူပါသည် ။ သို့သော် ယခု အခါတွင် မြန်မာလူမျိုးတွေ ကမ္ဘာ့နေရာ အနှံ့အပြားသို့ ရောက်ရှိနေကြပြီဖြစ်သော်လည်း ရောမ ရောက်လျှင် ရောမလိုကျင့် ဆိုတော့ စကားပုံကို တွင်တွင် သုံးနေပြောနေကြပေမယ့် ထိုစကားပုံ၏ ဆိုလိုချက် အတိုင်း မည်သူမျှ မလိုက်နာကြပါ ။ မိမိတို့၏ အကျင့် ၊ ဗီဇ ၊ ဝါသနာ အတိုင်း ပြုမူကျင့်ကြံ ပြောဆိုလျှက်သာ ရှိကြလေသည် ။
မြန်မာနိုင်ငံတွင် နေခဲ့စဉ်က တယ်လီဖုန်းနှင့် ထိတွေ့ သုံးစွဲဖူးသူတို့သည် ဖုန်းပြောသည့်အခါ ကျယ်လောင်စွာပြောလေ့ရှိကြသည် ။ ပြည်ပမှ ဖုန်းလိုင်းတို့သည် နှစ်ကိုယ်ကြားလေသံဖြင့် ပြောလျှင်ပင် ကြည်လင်စွာ ကြားရသော်လည်း မြန်မာပြည်က အကျင့်ပါလာသောကြောင့်ဖြစ်ပါသည် ။ လူသိပ်မကြပ်လှသော ဘစ်ကားပေါ်သို့လည်း တွန်းတွန်းတိုက်တိုက်ဖြင့် တိုး၍ တက်တတ်ကြသည် ရန်ကုန်က လိုင်းကား စီးခဲ့ရသောကြောင့် အကျင့်ပါနေခြင်း ဖြစ်ပါသည် ။ လမ်းသွားရင်း ကွမ်းစားတတ်သည် ကွမ်းစားရင်း ကွမ်းတံတွေးကို အမှုမဲ့ အမှတ်မဲ့ ထွေးတတ်ကြသည် ပြဿနာ တက်ဖူးသူများလည်း ရှိပါသည် ။ ထိုသို့ အကျင့်တို့မှာ အသက်ကြီးလာမှ စွဲကပ်လာသော အကျင့်တို့ ဖြစ်၍ သတိနှင့်ယှဉ်၍ ပြင်လျှင် ပြင်၍ ရနိုင်သော ပြင်ပ အပရိက အစွဲများသာ ဖြစ်ပါသည် ။ ဒါပေမယ့် လူမှန်းသိတတ်ခါစကတည်းက စွဲလာသော အစွဲတို့မှာ ပြင်၍ မရနိုင်ပေ သတိလက်လွတ်ဖြစ်ခါ ပြုမူ တတ်ကြသည် ။
ကျွန်တော်တို့တစ်တွေ စရောက်ခါစက လုပ်ရတဲ့စက်မှာ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေက ကိုယ့်ထက် အရင်ရောက်နေတဲ့ နှစ်ကြီးသမားတွေ ဆိုတော့ သူတို့ရဲ့ ဆရာလုပ် ဗိုလ်ကျတာ ခံခဲ့ရတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေဆိုတာက ကိုယ့်မြန်မာနိုင်ငံမှာသာ လူကြားထဲ ရန်ဖြစ်ရင် ပုဆိုးကျွတ်ပြီး အရှက်ကွဲမှာ ကြောက်ရတာကြောင့် တော်ရုံကိစ္စလောက်နဲ့ဆို ရန်မဖြစ်ရဲဘဲ သီးခံခဲ့ရသမျှ နိုင်ငံခြားရောက်လာတော့ ပုဆိုးဝတ်စရာ မလိုတော့ဘဲ ဘောင်းဘီသာ အမြဲဝတ်ရတာကြောင့် ရန်ဖြစ်ရင် ပုဆိုးကျွတ်ကျမှာ မကြောက်ရဘူး ဒါကြောင့် နည်းနည်း စကားများတာနဲ့ ထ ရန်ဖြစ်တတ်ကြတယ်  ( အွန်လိုင်းမှာ ရန်ဖြစ်ဖို့ ဝန်မလေးကြတာကလည်း ပုဆိုးကျွတ်မှာ မပူရလို့ ထင်ပါရဲ့ ) ။ စက်ရုံမှာလည်း ကျွန်တော်တို့ မြန်မာတွေ ရောက်လာမှ တစ်လကို အနည်းဆုံး ရန်ပွဲ တစ်ပွဲတော့ ဖြစ်လေ့ရှိတယ် အခြား လူမျိုးနဲ့ သော်လည်းကောင်း ကိုယ့်လူမျိုး အခြင်းခြင်းသော်လည်းကောင်း ပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဂျပန် ဆာမူရိုင်းတွေ မဟုတ်လို့ ရန်ဖြစ်သည့်အခါ ဓါး မကိုင်တတ်ကြသလို တရုတ် ရှောင်လင် ကျောင်း မတက်ဖူးတာကြောင့် အတွင်းအားလည်း မကောင်းကြပါ ဒါ့ကြောင့် ရန်ဖြစ်သည့်အခါ ဘယ်သူမှ ဆိုးဆိုးရွားရွား ဒါဏ်ရာ မရကြသလို ဒီနေ့ ရန်ဖြစ်ပြီး နဘမ်းသတ်ကြပေမယ့် နောက်နေ့ကျ ဘာရန်ငြိုးမှ မထားဘဲ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံ တတ်ကြတာကြောင့် ပြဿနာ ကြီးကြီးကျယ်ကျယ်တော့ မဖြစ်ကြပါ ။  အဲ့လို မကြာခဏ ရန်ဖြစ်တတ်တာကြောင့် မြန်မာတွေ အပေါ် ဘင်္ဂလား လူမျိုးတွေ အရင်ရောက်ခါစလောက် ဗိုလ်မကျရဲတော့ ။
ကျွန်တော်တို့ အဖွဲ့မှာ ဘယ်သူနဲ့မှ ပြဿနာတက်ဘဲ အားလုံးနဲ့ ပြေပြေလည်လည် နေတတ်တဲ့ ငတင့် ဆိုတဲ့ လူတစ်ယောက်ရှိတယ် ။ သူဟာ ခပ်ပိန်ပိန်ပါးပါးနဲ့ စကားပြောရင် အခြောက်လို ပြောတတ်တယ် တကယ်တော့ အခြောက် မဟုတ် ။ သူနဲ့ စကားပြောတဲ့ အခါမှာ သူ့ကို စရင်း နောက်ရင်းနဲ့ သူပြောသလို ကောင်မရယ် ဘာရယ် ပြောရာမှ ကျွန်တော်ပါ မိမိနှင့် ခင်မင်ရင်းနီးသော သူများကို စနောက်လျှင် အခြောက် လေသံနှင့် စတတ်နောက်တတ်သည့် အကျင့်က စွဲလာခြင်း ဖြစ်ပါသည် ။
တစ်နေ့ ကျွန်တော်တို့ အလုပ်ဝင်တဲ့ ချိန်မှာ ငတင့် တစ်ယောက် ချောင်းသံလေး တဟွတ်ဟွတ်နှင့် ဖြစ်နေတာကြောင့်
“ ဟဲ့ … ကောင်မ တီဘီဖြစ်နေတာလား သေတော့မလို့လား ”  ဟုလှမ်းနောက်ရာ
“ လင်မရသေးဘဲနဲ့တော့ မသေနိုင်သေးပါဘူး ကောင်မရယ် အဟွတ်ဟွတ် ” ဟု
 အသံပြုရင်း သူ့အလုပ်ဆိုဒ်သို့ ထွက်သွားလေသည် ။ သူနှင့် ကျွန်တော်တို့က အလုပ်ဆိုဒ် မတူပါ သူလုပ်ရသည့်ဆိုဒ်မှာ သူ့ထက် အရင်ရောက်နေသော ဘင်္ဂလား တစ်ယောက်၏ အနိုင်ကျင့် ငေါက်ငမ်း ခိုင်းစေသည့် ဒါဏ်ကို ခံရသည် ။ ဒါပေမယ့် သူပြေလည်အောင်သည် ဘယ်သော အခါမှ ပြဿနာ မတက် ထို ထောင့်မကျိုးသော ဘင်္ဂလား ကိုကျွန်တော် လည်း သိပ်ကြည့်မရပေမယ့် သွားရန်ဖြစ်ဖို့တော့ စိတ်မကူးမိ သူနှင့် ကျွန်တော်က ဆိုဒ်ခြင်း မတူ ။ သူများဆိုဒ်ကို သွားရန်ဖြစ်လျှင် မိမိသာ အလွန်ဖြစ်ခါ အထက်လူကြီး၏ ဒါဏ်ပေးမှုကို ခံရမည့် အပြင် ထို ဘင်္ဂလား အကောင်လည်းထွားသည် ရန်ဖြစ်လည်း ကိုယ်က နိုင်မည့် ပုံမပေါ် ဒါ့ကြောင့် အသာ လက်ရှောင်နေခြင်းဖြစ်သည် ။
ညနေသုံးနာရီ တီးတိုင်း နားချိန်တွင် ငတင့် ရန်ဖြစ်လို့ ဆိုသည့် အသံကြားတာကြောင့် ကျွန်တော် အပြေး တစ်ပိုင်းနှင့် သွားကြည့်တော့ အကောင်သေးသော ငတင့် မည်သို့လုပ်လိုက်သည်မသိ ဘင်္ဂလားကောင်မှာ မျက်နှာ ရှုံ့မဲ့နေရင်း ခုန်ဆွ ခုန်ဆွ လုပ်နေရသည် ။ ငတင့်ကတော့ ဘာမျှ ဖြစ်ပုံ မပေါ် ဒါ့ကြောင့် ရန်မဖြစ်ဖူးတဲ့ အကောင် ဒီနေ့မှ ရန်တွေ ဖြစ်လို့ပါလား အထူးအဆန်းပဲလို့ တွေးရင်း  သတင်းမေးဖို့ သူ့ဆီရောက်လာခဲ့တယ် ။
“ ဘယ်လို ဖြစ်တာလဲ ဟ ငတင့်ရ ”
“ မသိပါဘူးကွာ အလုပ်နားချိန်ရောက်လို့ ချောင်းဆိုးတာနဲ့ လျက်ဆား ထိုင်လျက် နေတာကို သူက ချိုကြည့်လာကြည့်တယ် ( ဂျို ဂျိ ကြည့်တယ် ဟုတ်ဖတ်ပါ ) ။ ငါလည်း ဘာတုန်းဟ လို့တွေးရင်း ထပ်လျက်တော့ လက်သီးဆုပ်ပြတယ် ခက်တော့နေပါပြီ ဒီကုလားနှယ်လို့ တွေးရင်း နောက်ထပ် ထပ်လျက်တော့ ငါ့ကို နရင်းလာရိုက်တာနဲ့ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားပြီး ထထိုးပစ်တာ သူကလည်း လုပ်တယ် ဒါပေမယ့် ရေရှည်ဆို ငါမနိုင်မှာစိုးလို့ ပေါင်ချားကို ခြေဖျားနဲ့ အသာခတ်လိုက်တာ အဘား … လို့အော်ပြီး ဒူးထောက်ကျသွားတာပဲ ဒီတော့မှ သူ့လူတွေက လာဆွဲကြတာလေ အဟွတ် အဟွတ် … ” လို့ရှင်းပြပြီး ချောင်းဆိုးလာလို့ သူ လျက်ဆား ထုတ်လျက်နေပြန်ရော ။
ဒါနဲ့ ကျွန်တော်လည်းစဉ်းစားရတယ် ဒီဘင်္ဂလား ဘာ့ကြောင့် အကြောင်းမဲ့ ကိုယ်ထိလက်ရောက် ရန်စရတာလဲ ဒီထက်ပိုဆိုးလာရင်တော့ ရုံးခန်းကို တိုင်မှ ဖြစ်မယ်လို့တွေးနေမိတယ် ။
သူစလုပ်တာ သေချာလားလို့ မေးမလို့ ငတင့်ကို ကြည့်လိုက်တော့မှ သူလျက်ဆား လျက်နေတာကို မြင်မိပြီး ကြက်သီးထခါ ရန်ဖြစ်ရတဲ့ အကြောင်းကို သဘောပေါက်သွားရတယ် ။ ကျွန်တော်တို့ မြန်မာတွေက ဆေးဖျော် ဆေးလျက်တဲ့ အခါမှာ လက်ခလယ် ကိုသာ အသုံးပြုပြီး မွှေကြ လျက်ကြတဲ့ အကျင့်က ငယ်ငယ်လေးကတည်းက မိဘက သင်ပေးတဲ့ အတိုင်းစွဲလာတော့ ခုသူလည်း လျက်ဆား လျက်တဲ့ အခါမှာ လက်ညိုး၊ လက်သကြွယ် ၊ လက်သန်း တို့ကို ဆုပ်ပြီး လက်ခလယ် တစ်ချောင်းသာ ထောင်ပြီး လျက်နေတာကိုး လျက်ရုံနဲ့ မပြီးတဲ့ အပြင် စုပ်ပါ စုပ်ပြလိုက်တော့ ဘင်္ဂလား ခမျာ သူ့ဆဲတယ်လို့ ထင်တော့မှာပေါ့ ။
အဲ့တာကြောင့်ကို နရင်းရိုက်ပြီး ပြောရတယ်
“ ဟဲ့ကောင်မ နင့်ကို ဟိုက ရိုက်မှာပေါ့ နင်လုပ်နေတာက သူ့ကို ဆဲသလို ဖြစ်နေတာကိုး ” ဆိုတော့မှ
“ အာ ဟုတ်သားပဲ ဟီးဟီး ” တဲ့ … ဟိုဘင်္ဂလား ခမျာတော့ အောင့်သက်သက်မှ တကယ့် အောင့်သက်သက်ဖြစ်သွားမှာ အဆဲက ခံရသေး မတော်ရာကိုက ကန်ခံသေးနဲ့ … ။
ဒီတော့မှ ငတင့်က သွားတောင်းပန်လိုက်လို့ ပြဿနာက ရုံးခန်း မရောက်ဘဲ ပြီးသွားပါတယ် ။ အော် … အကျင့် အကျင့် အရိုးစွဲလာတော့ ပြင်လို့ မရ ။ အပြော မတတ်တော့ ဆဲသလိုတဲ့ ခုဟာက အနေအထိုင် မတတ်တော့လည်း ဆဲသလိုပါပဲလား … ။
ရွှင်လန်းချမ်းမြေ့ကြပါစေ …
Unknown at 7:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာနိုင်ငံ၏ ပထမဦးဆုံး Third Party Online Payment System ကို စမ်းသပ် သုံးစွဲနိုင်ပြီ
မြန်မာနိုင်ငံ၏ ပထမဦးဆုံး Third Party Online Payment System ကို စမ်းသပ် သုံးစွဲနိုင်ပြီ 
နိုင်ငံတကာတွင် လူသုံးအများဆုံးဖြစ်သော နာမည်ကျော် Paypal ကဲ့သို့ online ငွေပေးချေမှုများတွင် လုံခြုံစိတ်ချမှု ရနိုင်စေရန် ပြည်တွင်းသုံး  မြန်မာနိုင်ငံ၏ ပထမဦးဆုံး Third Party Online Payment System ကို MyanPay အမည်ဖြင့် Beta Version လွှင့်တင်ခဲ့ပြီဖြစ်ရာ စိတ်ဝင်စားသူများ စမ်းသပ်သုံးစွဲကြည့်နိုင်ကြောင်း သိရသည်။ MyanPay Website ကို ထုတ်လွှင့်တင်ခဲ့သော Myanmar Soft Gate Technology Co.,Ltd  မှ Managing Director ဦးရန်နောင်စိုးက “ကျွန်တော်တို့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၂ နှစ်လောက် ရှိပါပြီ။
အခုနှစ် မတ်လ ၁ ရက်နေ့က စပြီး Beta Version တင်ထားပါတယ်။ ကျွန်တော်တို့စနစ်က ကိုယ်ရဲ့ ငွေလွှဲ၊ ငွေသွင်းကိစ္စတွေကို online ကနေ လုပ်တော့မယ်ဆိုရင်ကိုယ်ရဲ့ bank account အစစ်ကို ပေးစရာမလိုဘဲ MyanPay account ကနေတစ်ဆင့် အလုပ်လုပ်သွားမယ့် စနစ်ပါ။ MyanPay ကို သုံးခြင်းအားဖြင့် လုံခြုံစိတ်ချမှုရနိုင်သလို၊ လူပင်ပန်းသက်သာခြင်းနဲ့ အချိန်ကုန် သက်သာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်မှာပါ။
ဒါ့အပြင် MyanPay ကနေတစ်ဆင့် ကိုယ်ရဲ့ ကုန်ပစ္စည်းတွေ ရောင်းချနိုင်ပြီး Online Business  ပြုလုပ်လို့ ရပါတယ်။ အဓိက ကျွန်တော်တို့ ပေးမယ့် ဝန်ဆောင်မှုကတော့ Client တွေရဲ့ ငွေတွေကို လုံလုံခြုံခြုံ မြန်မြန်ဆန်ဆန်နဲ့ ငွေလွှဲနိုင်၊ ငွေသွင်းနိုင်မယ့် ဝန်ဆောင်မှုပါ” ဟု ပြောသည်။ အဆိုပါစနစ်ကို စတင် အသုံးပြုမည်ဆိုပါက https://www.myanpay.com.mm တွင် account အရင်ပြုလုပ်ရမည်ဖြစ်သည်။ Account တွင် ကိုယ်ပိုင်သုံး Personal account နှင့် လုပ်ငန်းသုံး buniness account နှစ်မျိုးခွဲခြားထားပြီး online မှ တစ်ဆင့် ကုန်ပစ္စည်းဝယ်ယူခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းတို့အတွက် Personal account နှင့် ကုန်ပစ္စည်းရောင်းချခြင်း ဝန်ဆောင်မှုကိုပါ လိုအပ်ပါက business account ပြုလုပ်ထားရမည် ဖြစ်ပါသည်။ နာမည်ကျော် Paypal website ကဲ့သို့ပင် SSL (Secure Socket Layer) နည်းပညာဖြင့် data များ တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရာတွင် ကာကွယ်ပေးထားပြီး  MyanPay Account ထဲသို့ Login ဝင်သောအခါ User Name, Passward အပြင် လုံခြုံစိတ်ချမှုရရှိစေရန် MyanPay မှ ပေးပို့သော Verification Code ကို ပြန်လည် ဖြည့်သွင်းပေးရမည် ဖြစ်ပါသည်။ ငွေလွှဲခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်း အစရှိသော MyanPay transaction များကို ပြုလုပ်တိုင်း အသုံးပြုသူ၏ Email သို့မဟုတ် mobile Phone များထဲသို့ message များ ပေးပို့ အကြောင်းကြားပေးမည် ဖြစ်ပါသည်။
“ကျွန်တော်တို့ website ကိုဝင်ရောက်ပြီး စမ်းသပ် သုံးစွဲကြည့်နိုင်ပါတယ်။ အသုံးပြုတဲ့ သူတွေရဲ့ တကယ့်ပိုက်ဆံတွေတော့ မဟုတ်သေးဘူးပေါ့။ အဓိကကတော့ သုံးတဲ့သူတွေဆီက feedback ကို ပြန်ကြားချင်တာရယ်၊ တကယ် သုံးတော့မယ်ဆိုရင် လူတွေ ဒီ website နဲ့ use to ဖြစ်နေဖို့ရယ် ရည်ရွယ်ပါတယ်။ ဒီငွေပေးချေမှုစနစ်ကို ဖုန်းနဲ့ရော၊ e mail နဲ့ရော ၂၄ နာရီ ဝန်ဆောင်မှုပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Third Party Online Payment System ဖြစ်တဲ့အတွက် စမ်းသပ်သုံးစွဲကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဦးရန်နောင်စိုးက ထပ်မံပြောကြားခဲ့သည်။ ရတနာပုံ တယ်လီပို့တွင် database ထားရှိပြီး Geo Trust SSL နည်းပညာသုံး အဆိုပါ MyanPay Website ကို စတင် အသုံးပြုမည့်အချိန်တွင် Website တပ်ဆင်မှု နှေးကွေးခြင်း၊ အချိန်ကြန့်ကြာခြင်းများ မရှိစေရန် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပြဿနာ တစ်စုံတစ်ရာ ရှိပါကလည်း Admin များထံသို့ ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်ပါက အမြန်ဆုံး ဖြေရှင်းပေးခြင်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
မေမြသူ
Posted by lu bo
Unknown at 7:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း
ယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award)
www.citizenofburma.org   
တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း
နေ့စွဲ - ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်
            မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။
            အဆိုပါဆုအတွက် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစားဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို အမည်စာရင်းများ တင်သွင်းနိုင်ပါသည်။ အမည်စာရင်း တင်သွင်းခြင်းကို စတင်လက်ခံနေပြီဖြစ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်အထိ မည်သူမဆို ဆန္ဒပြုနိုင်ပါသည်။
            လက်ခံရရှိသော အမည်စာရင်းများမှ ဆန်ခါတင် ၅ ဦးကို မြို့အသီးသီးရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များက ဧပြီလအတွင်း ရွေးချယ်ကြမည် ဖြစ်ပါသည်။
            အဆိုပါ ဆန်ခါတင် ၅ ဦး (သို့မဟုတ်) ၅ ဖွဲ့၏ အမည်စာရင်းကို မေလဆန်းတွင် ထုတ်ပြန်၍ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာမှတဆင့် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံကာ ဆန္ဒမဲအများဆုံး ရရှိသူကို ၂၀၁၂ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်အတွက်  ဂုဏ်ပြုပွဲကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကို အောက်ပါအဖွဲ့ဝင်များဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။
၁။ ကိုအေးမြင့် (အရီဇိုးနား)
၂။ ကိုထိန်လင်း (ဆန်ဖရန်စစ္စကို)
၃။ ကိုကျော်ဝဏ္ဏ (လော့စ်အိန်ဂျလိစ်)
၎။ ဦးကိုလေး (လော့စ်အိန်ဂျလိစ်)
၅။ မပန်းဖြူမွှေး (ယူနိုက်တက်ကင်းဒမ်း)
၆။ မသိင်္ဂီ (နယူးယောက်)
၇။ ကိုတင်မောင်အေး (နယူးယောက်)
၈။ ကိုထွန်းအောင်ကျော် (ဂျပန်)
၉။ ကိုထွန်းထွန်း (အော်ရီဂွန်)
၁၀။ ကိုဝေလ (နယူးယောက်)
၁၁။ ကိုဝင်းမြင့်ဦး (ကိုရီးယား)
၁၂။ ကိုဝင်းသူအောင် (လက်စ်ဗေးဂတ်)
            ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်းအပါအ၀င် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ အခမ်းအနားနှင့်ပတ်သက်သည့် အစီအစဉ်များကို ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။            ။
            တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။       ။ ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇
  ကိုဝင်းသူအောင် (၀၁) ၇၀၂ ၃၀၈ ၀၆၆၇
  ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇
  ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
  ကိုတင်မောင်အေး (၀၁) ၆၃၁ ၂၅၂ ၈၇၇၆
Unknown at 7:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
The Voice ဂျာနယ်ကို ဘာကြောင့်တရားစွဲရသလဲ?
အခုတလောတွင် The Voice ဂျာနယ်တွင် အစိုးရ၀န်ကြီးဌာနများမှ ငွေကြေးအလွဲ သုံးစားလုပ်နေသည် မဟုတ်မမှန်သော သတင်းများ ထုတ်ပြန်ကာ လိမ်လည် ရောင်းချလျက်ရှိသည်။အဆိုပါကိစ္စနှင့်ပတ်သတ်၍ သတ္တုတွင်းဝန်ကြီး ဌာန မှ The Voice ဂျာနယ်တိုက်အား တရားစွဲ ဆိုခဲ့သည်။ဘာကြောင့်စွဲဆိုရကြောင်း အား အများပြည်သူ သိရှစေရန်အတွက် MEG မှ သတင်းတထောက်တစ်ဦးက သတ္တုတွင်း  ၀န်ကြီးဌာနမှ ညွှန်ကြားရေးမူး တစ်ဦးအား မေးမြန်းခဲ့သည်။
မေး။     သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ The Voice ဂျာနယ်ကိုတရားစွဲဆိုခဲ့တယ်ဆိုတာ ဟုတ်ပါသ လား၊ ဘာကြောင့်တရားဆွဲဆိုခဲ့တယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ။     ဟုတ်ပါတယ်၊ The Voice စာစောင်အနေနဲ့ သတ္တုတွင်းဝန်ကြီးဌာနက ငွေသိန်းထောင်ပေါင်း များစွာ အလွဲသုံးစားမှုနှင့် ငွေစာရင်းမမှန်မကန် ဖော်ပြခဲ့တယ်ဆိုတာတွေကြောင့် တရားဆွဲ ရတာဖြစ်ပါတယ်။
          ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ မီဒီယာတွေကို လေးစားတယ်၊ တန်ဖိုးထားပါတယ်၊ အမှားကိုထောက်ပြရင်လည်း ပြုပြင်ဖို့ အသင့်ပါပဲ မှန်ခဲ့ရင်လည်း အရေးယူဖို့လိုအပ်ရင် အရေးယူသွား မှာပါ။ အခုလို အစိုးရသစ်ပေါ်ပေါက်လာပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် Clean Government/ Good Goverence ဖြစ်အောင်ဆောင်ရွက်ဖို့ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ အညီ ပြုပြင်ပြောင်းလဲရေးတွေကို လွှတ်တော်တွေမှာ ကိုယ်စားလှယ်တွေက ဘက်စုံအသေးစိတ် ဆွေးနွေး နေကြသလို ကျွန်တော်တို့ ၀န်ကြီးဌာနမှာလည်း DG/MD တွေက ၀န်ထမ်းတွေနဲ့ လစဉ် ဆန္ဒဖော်ထုတ် ပွဲတွေလုပ်ပြီး ချပြဆွေးနွေးနေကြပါပြီ။ လာဘ်ပေးလာဘ်ယူကင်းရှင်းဖို့၊ နိုင်ငံတော်သစ် နဲ့အညီ လုပ်ငန်းတွေမှာ စာရင်းဇယားမှန်ကန်ဖို့ လစဉ်ဆွေးနွေးနေပါတယ်။
          The Voice အနေနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ရတယ်လို့ပြောတာ အံ့သြစရာပါပဲ၊ ဒီလို ကိစ္စမျိုးဆိုတာ လွှတ်တော်မှာ ဆွေးနွေးပြီးမှ အတည်ပြုပြီးမှ ထုတ်ပြန်ရတဲ့ကိစ္စမျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ဥပဒေဆိုတာ ရှိပြီးသားဖြစ်လို့ မှားတဲ့သူတွေ ရှင်းကြရမှာ ဖြစ်ပါတယ်။
          ကျွန်တော်တို့ဝန်ကြီးဌာနမှာ စက်ရုံအလုပ်ရုံတွေ စီမံကိန်းတွေ မတိုးချဲ့ဘူး၊ ပုဂ္ဂလိကလုပ်ငန်း ရှင်တွေထဲက လုပ်ချင်သူတွေကို လုပ်ကိုင်ခွင့်ရအောင်စီစဉ်ပေးတယ်၊ နိုင်ငံတော်အတွက် အခွန်ကို သူတို့ကိုယ်တိုင် ပေးဆောင်စေတဲ့အတွက် ငွေစာရင်းမမှန်မကန်ရေးသွင်းတာတို့ အလွဲသုံးစားလုပ်တာတို့ လုံးဝမရှိဘူးဆိုတာ ပြောလိုပါတယ်၊ ဒါကြောင့် The Voice စာစောင်က စွပ်ဆွဲ ရေးသားတာကို အသရေဖျက်မှုနဲ့ ပြန်တရားစွဲဆိုတာ မှန်တယ်လို့ပြောပါတယ်။
Myanmar Express
Unknown at 7:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပဒို မန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ
နိုင်ငံတော် သမ္မတ၏ လွပ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ ( မတ်လ ၁၈ ရက်နေ့ ) တွင် အင်းစိန်အကျင်းထောင်မှ လွတ်မြောက်လာသော ပဒို မန်းငြိမ်းမောင်သည်  ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ နေကြောင်း The Voice Weekly ၏ သတင်းရင်းမြစ် များကပြောကြားသည်။
နိုင်ငံတော် ပုန်ကန်မှု မတရားအသင်း အက်ဥပဒေများဖြင့် ထောင်ဒါဏ်တစ်သက်တစ်ကျွန်းနှင့် သုံးနှစ် ချမှတ်ခံခဲ့ရသော KNU ဗဟို ကော်မတီဝင် ပဒို မန်းငြိမ်းမောင်အား အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်ထည် ဖော်ရာတွင် ထိရောက်မှု ရှိစေရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော် သမ္မတကြီးထံ တင်ပြပေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ် ဇူလိုင်လက တရုတ်ပြည် ကူမင်း လေဆိပ် တွင် ဖမ်းဆီးခံခဲ့ရသော ပဒို မန်းငြိမ်းမောင်အား  တရားရုံးက အမိန့်ချမှတ်ခြင်း မပြုမှီ လွတ်ငြိမ်းချမ်းသာခွင့် ပေး၍မရဘဲ တရားရုံးက အမိန့်ချမှတ် ပြီးမှသာ လွတ်ငြိမ်းချမ်းသာခွင့်အား ဆောင်ရွက်ပေးနိုင်မည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာ၏ တွေ့ ဆုံမေးမြန်းမှုများကို ကြားခဲ့သည်။
မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ သမ္မတ ဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ကရင် အဖွဲ့အစည်းများ တွေ့  ဆုံပွဲတွင် KNU နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်းစဉ်များအတွက် ကရင် တိုင်းရင်းသား နိုင်ငံရေးပါတီများ ကရင်အရပ်ဘက်
လူ့အဖွဲ့အစည်းများ၊ ကရင်ဒေသခံများ ပါဝင်ကူညီပေးရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။
 The Voice Weekly
Unknown at 7:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
"မီး" သတိပြု
မီးလောင်မှုဟာ သဘာဝအလျောက် လောင်ကျွမ်းမှုကြောင့် ဖြစ်ပွားတာနည်းပါးပြီး လူတွေရဲ့ ပေါ့ဆမှု၊ သတိပြုဆင်ခြင်မှုနည်းပါးမှု၊ မီးဘေးကြိုတင်ကာကွယ်မှု နည်းပါးခြင်းတွေကြောင့် မီးလောင်မှုတွေ အများဆုံး ဖြစ်ပွားရတာ ဖြစ်ပါတယ်။
မီးလောင်မှုဟာ ဆင်းရဲ၊ ချမ်းသာ၊ မြို့ပြ၊ ကျေးရွာ ခွဲခြားဘဲ လောင်ကျွမ်းဝါးမြိုတတ်ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က မင်္ဂလာတောင်ညွှန့် ကူးတို့ဆိပ်ကျေးရွာမှာ လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုဟာမီးငြိမ်းသတ်တဲ့ မီးသတ် သမားတိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်ခဲ့သလို ပြည်သူတွေအတွက်လည်း ထိတ်လန့်စရာ အတိတ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ဦးရဲ့ ပထမလဖြစ်တဲ့ ဇန်န၀ါရီလမှာလည်း မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မီးလောင်မှု အကြိမ်ရေ ၁၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်း ၇၃၀ ကျော် ရှိခဲ့တယ်လို့ မီးသတ် ဦးစီးဌာန ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ဒုတိယလဖြစ်တဲ့ ဖေဖော်ဝါရီလမှာလည်း မီးလောင်မှုဟာ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့က လောင်ကျွမ်းခဲ့တဲ့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကွက်သစ်၊ အလယ်ကြီးကျေးရွာက မီးလောင်မှု၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က သံတွဲမြို့ရှိ ဒွါရ၀တီမြို့မဈေး လောင်ကျွမ်းမှု၊ နေပြည်တော် ဇမ်္ဗူသီရိမြို့က ဓာတ်ဆီဆိုင်အမှတ် ၀၃၅၄ မှာ မီးလောင်မှု၊ ကြည့်မြင်တိုင်မြို့နယ် ရုံးကြီးလမ်းက မီးလောင်မှု၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက်ရှိ မီးလောင်မှုနဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပန်းဘဲတန်းမြို့နယ် ၃၂ လမ်း အထက်ဘလောက်က မီးလောင်မှုတွေ အစရှိတဲ့ မီးလောင်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု အများစုမှာ လူတွေရဲ့ပေါ့ဆမှုကြောင်နဲ့ သတိပြုဆင်ခြင်မှု အားနည်းခြင်းတွေကြောင့် ဖြစ်တယ်လို့ မီးသတ်ဦးစီးက တာဝန်ရှိသူတွေရဲ့ ပြောကြာချက်အရ သိရပါတယ်။ မီးလောင်မှုတွေဟာ လူနေထိုင်ရာအိမ်ယာ၊ အဆောက်အအုံ၊ ရုံးဌာနတွေအပြင် စက်သုံးဆီအရောင်းဆိုင်တွေ၊ မော်တော်ယာဉ်တွေမှာလည်း မီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ ၃၁ ရက်နေ့က တောင်ငူမြို့ရှိ ““အိုကေ”” စက်သုံးဆီ အရောင်းဆိုင်နဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ဇမ်္ဗူသီရိမြို့ရှိ ဓာတ်ဆီဆိုင်အမှတ် ၀၃၅၄ တို့မှာလည်း မီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ စက်သုံးဆီ မီးလောင်မှုဖြစ်ပွားတဲ့အခါ အန္တရာယ်လည်း ကြီးမားသလို ဆုံးရှုံးမှုတန်ဖိုးလည်း များပြားလှပါတယ်။
ဒါ့ကြောင့် ပူပြင်းတဲ့ နွေရာသီရဲ့နေ့လယ်အချိန်တွေမ
ှာ ဓာတ်ဆီဖြည့်ခြင်း၊ ဓာတ်ဆီလဲလှယ်ခြင်းတွေပြုလုပ်တဲ့အခါ ပွတ်မှု (Friction) မှ သဘာဝတည်ငြိမ်လျှပ်စစ် (Static Electricity) တို့ ဖြစ်ပေါ်တတ်ပြီး မီးလောင်တတ်တာကြောင့် ရာသီဥတုပူပြင်းချိန်မှာ ဓာတ်ဆီဖြည့်ခြင်း၊ လဲလှယ်ခြင်းများကို သတိပြုရှောင်ကြဉ်ရမှာဖြစ်ကြောင်းသိရပါတယ်။ မော်တော်ယာဉ်ပိုင်ရှင်တွေ၊ မောင်းနှင် သူတွေအနေနဲ့ကလဲ မော်တော်ယာဉ်ဝါယာ ရှော့ခ်ဖြစ်ခြင်း ကာပရိုက်တာ ဆီလျှံခြင်း၊ စက်နိုးထားစဉ် ဆီထည့်ခြင်းတွေကြောင့် မီးတောင်မှုဖြစ်ပွားနိုင်ကြောင်း သိရပါတယ်။ ဒီလိုမီးလောင်မှုတွေဖြစ်ပွားပါက အလျှင်မြန်ဆုံးနဲ့ ကိုယ်တိုင်အလွယ်ကူဆုံး ငြိမ်းသတ်နိုင်တာကတော့ (Dry Unemical Pouder) ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးနဲ့ ငြိမ်းသတ်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင်မြို့ရွာ ရပ်ကွက်အလိုက် ရုံးဌာနအလိုက် အရေးပေါ် မီးငြိမ်းသတ်ရေးအဖွဲ့များဖွဲ့ထားခြင်း၊ ရေလှောင်ကန်များ ထားရှိခြင်း၊ မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်သင့်ကြောင်း မီးသတ်ဦးစီးဌာနက အကြံပြုထားပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးသွားရောက်ပြီး ငြိမ်းသတ်နိုင်ဖို့အတွက် အရေးပေါ်မီးသတ်ကားသွားရာ လမ်းကြောင်းများကို အခြားသော မော်တော်ယာဉ်တွေအနေနဲ့ ယာဉ်လမ်းကြော ရှောင်ရှားပေးသင့်သလို ခရီးသည်တင် မော်တော်ယာဉ်တွေအနေနဲ့ ယှဉ်ပြိုင်မောင်းခြင်းများလည်း မပြုလုပ်သင့်ကြောင်း သိရပါတယ်။ မီးကြောင့် ဆုံးရှုံးမှုတန်ဖိုးလျော့နည်း ကျဆင်းစေဖို့အတွက် မီးသတ်ဦးစီးဌာနအနေနဲ့ အရှိန်အဟုန်မြင့် ဆောင်ရွက်နေသလို အရေးပေါ်ဖုန်းနံပါတ် ၁၉၁ ကို အချိန်နဲ့တပြေးညီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရပါတယ်။ မီးလောင်မှု လျော့နည်းကျဆင်စေဖို့အတွက်လည်း ပြည်သူ တွေ အနေနဲ့ မီးသတိပြုရေး လိုက်နာဆောင်ရွက်ပြီး ဆင်ခြင်သတိမူသင့်ကြောင်း သိရပါတယ်။
MRTV 4
Unknown at 7:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပုဂ္ဂလိကသံရည်ကျိုစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား
၂၀၁၁ ခုနှစ် ဇွန်လ က  မန္တလေးမြို့ပေါ်ရှိ ဈေးချို ၂ရ လမ်းနှင့် ၈၄ လမ်းထောင့် မန်းမြန်မာပလာဇာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့စဉ်က မြင်ကွင်းပါ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်က စက်မှု(၁)ရပ်ကွက် ပုဂ္ဂလိကသံရည်ကျိုစက်ရုံမှာ ဒီကနေ့မနက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် လူ (၂)ဦးသေဆုံးပြီး၊ (၂)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားတွေက သံတိုသံစတွေကို ထုနှက်ရင်းကနေ မနက် (၁၀ နာရီ ၄၅မိနစ်) လောက်မှာ ဒီပေါက်ကွဲမှု ဖြစ်တာလို့ မန္တလေးဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျွန်တော့်အိမ်နဲ့ မဝေးဘူး။ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ပေါ့ဗျာ။ စက်မှု(၁)ရပ်ကွက် ပုဂ္ဂလိကသံရည်ကျိုအလုပ်ရုံမှာပေါ့။ အလုပ်သမားလေးတွေ သံရည်ကျိုဖို့အတွက် သံတွေကို သူတို့ သန့်စင်ကြတာဗျ။ သံတွေကို သန့်စင်ရင်းနဲ့ ထုရင်းနှက်ရင်းနဲ့ ပေါက်ကွဲပြီးတော့ အခု အလုပ်သမားလေး(၂)ယောက်ကတော့ သေနေတာတွေ့တယ်ဗျ။ (၂)ယောက်ကတော့ ဆေးရုံကို ပို့ရတယ်”
ပြည်ကြီးတံခွန် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ တယ်လီဖုန်းဖြေဆိုသူ ရဲဝန်ထမ်းက မကြားမိကြောင်း ပြောဆိုတဲ့အတွက် မန္တလေးခရိုင် ရဲတပ်ဖွဲ့ကို စုံစမ်းရာမှာတော့ တာဝန်ကျအရာရှိက အခုလိုအတည်ပြု ပြောကြားပါတယ်။
“ဟုတ်ကဲ့ အခုလောလောဆယ်တော့ ကျနော်တို့ အဲဒီအသေးစိတ်တော့ တက်မလာသေးဘူးခင်ဗျ။ အဲဒီမှာတော့ စက်ရုံတခုမှာ (၂)ယောက်သေတယ်လို့တော့ သိရတယ်။ ဒဏ်ရာရတာတို့ ဘာတို့တော့ ကျနော်တို့ လောလောဆယ် မသိရသေးဘူး။ လောလောဆယ်တော့ ကျနော်တို့ဆီက အဖွဲ့တွေ အဲဒီမှာ သွားပြီးတော့ ရှိနေကြပါတယ်”
ဒါကတော့ မန္တလေးခရိုင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦး ဖြေဆိုသွားတာဖြစ်ပြီး၊ ဒီပေါက်ကွဲမှု ဘာကြောင့် ဖြစ်တယ်ဆိုတာနဲ့ သေဆုံး ဒဏ်ရာရသူတွေရဲ့အသေးစိတ်ကို သူတို့အနေနဲ့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
RFA
Unknown at 7:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.