Tuesday, March 20, 2012
The Voice ဂျာနယ်ကို ဘာကြောင့်တရားစွဲရသလဲ?
အခုတလောတွင် The Voice ဂျာနယ်တွင် အစိုးရ၀န်ကြီးဌာနများမှ ငွေကြေးအလွဲ သုံးစားလုပ်နေသည် မဟုတ်မမှန်သော သတင်းများ ထုတ်ပြန်ကာ လိမ်လည် ရောင်းချလျက်ရှိသည်။အဆိုပါကိစ္စနှင့်ပတ်သတ်၍ သတ္တုတွင်းဝန်ကြီး ဌာန မှ The Voice ဂျာနယ်တိုက်အား တရားစွဲ ဆိုခဲ့သည်။ဘာကြောင့်စွဲဆိုရကြောင်း အား အများပြည်သူ သိရှစေရန်အတွက် MEG မှ သတင်းတထောက်တစ်ဦးက သတ္တုတွင်း  ၀န်ကြီးဌာနမှ ညွှန်ကြားရေးမူး တစ်ဦးအား မေးမြန်းခဲ့သည်။
မေး။     သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ The Voice ဂျာနယ်ကိုတရားစွဲဆိုခဲ့တယ်ဆိုတာ ဟုတ်ပါသ လား၊ ဘာကြောင့်တရားဆွဲဆိုခဲ့တယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ။     ဟုတ်ပါတယ်၊ The Voice စာစောင်အနေနဲ့ သတ္တုတွင်းဝန်ကြီးဌာနက ငွေသိန်းထောင်ပေါင်း များစွာ အလွဲသုံးစားမှုနှင့် ငွေစာရင်းမမှန်မကန် ဖော်ပြခဲ့တယ်ဆိုတာတွေကြောင့် တရားဆွဲ ရတာဖြစ်ပါတယ်။
          ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ မီဒီယာတွေကို လေးစားတယ်၊ တန်ဖိုးထားပါတယ်၊ အမှားကိုထောက်ပြရင်လည်း ပြုပြင်ဖို့ အသင့်ပါပဲ မှန်ခဲ့ရင်လည်း အရေးယူဖို့လိုအပ်ရင် အရေးယူသွား မှာပါ။ အခုလို အစိုးရသစ်ပေါ်ပေါက်လာပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် Clean Government/ Good Goverence ဖြစ်အောင်ဆောင်ရွက်ဖို့ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ အညီ ပြုပြင်ပြောင်းလဲရေးတွေကို လွှတ်တော်တွေမှာ ကိုယ်စားလှယ်တွေက ဘက်စုံအသေးစိတ် ဆွေးနွေး နေကြသလို ကျွန်တော်တို့ ၀န်ကြီးဌာနမှာလည်း DG/MD တွေက ၀န်ထမ်းတွေနဲ့ လစဉ် ဆန္ဒဖော်ထုတ် ပွဲတွေလုပ်ပြီး ချပြဆွေးနွေးနေကြပါပြီ။ လာဘ်ပေးလာဘ်ယူကင်းရှင်းဖို့၊ နိုင်ငံတော်သစ် နဲ့အညီ လုပ်ငန်းတွေမှာ စာရင်းဇယားမှန်ကန်ဖို့ လစဉ်ဆွေးနွေးနေပါတယ်။
          The Voice အနေနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ရတယ်လို့ပြောတာ အံ့သြစရာပါပဲ၊ ဒီလို ကိစ္စမျိုးဆိုတာ လွှတ်တော်မှာ ဆွေးနွေးပြီးမှ အတည်ပြုပြီးမှ ထုတ်ပြန်ရတဲ့ကိစ္စမျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ဥပဒေဆိုတာ ရှိပြီးသားဖြစ်လို့ မှားတဲ့သူတွေ ရှင်းကြရမှာ ဖြစ်ပါတယ်။
          ကျွန်တော်တို့ဝန်ကြီးဌာနမှာ စက်ရုံအလုပ်ရုံတွေ စီမံကိန်းတွေ မတိုးချဲ့ဘူး၊ ပုဂ္ဂလိကလုပ်ငန်း ရှင်တွေထဲက လုပ်ချင်သူတွေကို လုပ်ကိုင်ခွင့်ရအောင်စီစဉ်ပေးတယ်၊ နိုင်ငံတော်အတွက် အခွန်ကို သူတို့ကိုယ်တိုင် ပေးဆောင်စေတဲ့အတွက် ငွေစာရင်းမမှန်မကန်ရေးသွင်းတာတို့ အလွဲသုံးစားလုပ်တာတို့ လုံးဝမရှိဘူးဆိုတာ ပြောလိုပါတယ်၊ ဒါကြောင့် The Voice စာစောင်က စွပ်ဆွဲ ရေးသားတာကို အသရေဖျက်မှုနဲ့ ပြန်တရားစွဲဆိုတာ မှန်တယ်လို့ပြောပါတယ်။
Myanmar Express
Unknown at 7:31 AM
Share
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.