Tuesday, March 20, 2012

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Third Party Online Payment System ကို စမ်းသပ် သုံးစွဲနိုင်ပြီ



မြန်မာနိုင်ငံ၏ ပထမဦးဆုံး Third Party Online Payment System ကို စမ်းသပ် သုံးစွဲနိုင်ပြီ 


နိုင်ငံတကာတွင် လူသုံးအများဆုံးဖြစ်သော နာမည်ကျော် Paypal ကဲ့သို့ online ငွေပေးချေမှုများတွင် လုံခြုံစိတ်ချမှု ရနိုင်စေရန် ပြည်တွင်းသုံး  မြန်မာနိုင်ငံ၏ ပထမဦးဆုံး Third Party Online Payment System ကို MyanPay အမည်ဖြင့် Beta Version လွှင့်တင်ခဲ့ပြီဖြစ်ရာ စိတ်ဝင်စားသူများ စမ်းသပ်သုံးစွဲကြည့်နိုင်ကြောင်း သိရသည်။ MyanPay Website ကို ထုတ်လွှင့်တင်ခဲ့သော Myanmar Soft Gate Technology Co.,Ltd  မှ Managing Director ဦးရန်နောင်စိုးက “ကျွန်တော်တို့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၂ နှစ်လောက် ရှိပါပြီ။
အခုနှစ် မတ်လ ၁ ရက်နေ့က စပြီး Beta Version တင်ထားပါတယ်။ ကျွန်တော်တို့စနစ်က ကိုယ်ရဲ့ ငွေလွှဲ၊ ငွေသွင်းကိစ္စတွေကို online ကနေ လုပ်တော့မယ်ဆိုရင်ကိုယ်ရဲ့ bank account အစစ်ကို ပေးစရာမလိုဘဲ MyanPay account ကနေတစ်ဆင့် အလုပ်လုပ်သွားမယ့် စနစ်ပါ။ MyanPay ကို သုံးခြင်းအားဖြင့် လုံခြုံစိတ်ချမှုရနိုင်သလို၊ လူပင်ပန်းသက်သာခြင်းနဲ့ အချိန်ကုန် သက်သာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်မှာပါ။

ဒါ့အပြင် MyanPay ကနေတစ်ဆင့် ကိုယ်ရဲ့ ကုန်ပစ္စည်းတွေ ရောင်းချနိုင်ပြီး Online Business  ပြုလုပ်လို့ ရပါတယ်။ အဓိက ကျွန်တော်တို့ ပေးမယ့် ဝန်ဆောင်မှုကတော့ Client တွေရဲ့ ငွေတွေကို လုံလုံခြုံခြုံ မြန်မြန်ဆန်ဆန်နဲ့ ငွေလွှဲနိုင်၊ ငွေသွင်းနိုင်မယ့် ဝန်ဆောင်မှုပါ” ဟု ပြောသည်။ အဆိုပါစနစ်ကို စတင် အသုံးပြုမည်ဆိုပါက https://www.myanpay.com.mm တွင် account အရင်ပြုလုပ်ရမည်ဖြစ်သည်။ Account တွင် ကိုယ်ပိုင်သုံး Personal account နှင့် လုပ်ငန်းသုံး buniness account နှစ်မျိုးခွဲခြားထားပြီး online မှ တစ်ဆင့် ကုန်ပစ္စည်းဝယ်ယူခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းတို့အတွက် Personal account နှင့် ကုန်ပစ္စည်းရောင်းချခြင်း ဝန်ဆောင်မှုကိုပါ လိုအပ်ပါက business account ပြုလုပ်ထားရမည် ဖြစ်ပါသည်။ နာမည်ကျော် Paypal website ကဲ့သို့ပင် SSL (Secure Socket Layer) နည်းပညာဖြင့် data များ တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရာတွင် ကာကွယ်ပေးထားပြီး  MyanPay Account ထဲသို့ Login ဝင်သောအခါ User Name, Passward အပြင် လုံခြုံစိတ်ချမှုရရှိစေရန် MyanPay မှ ပေးပို့သော Verification Code ကို ပြန်လည် ဖြည့်သွင်းပေးရမည် ဖြစ်ပါသည်။ ငွေလွှဲခြင်း၊ ကုန်ပစ္စည်းများဝယ်ယူခြင်း အစရှိသော MyanPay transaction များကို ပြုလုပ်တိုင်း အသုံးပြုသူ၏ Email သို့မဟုတ် mobile Phone များထဲသို့ message များ ပေးပို့ အကြောင်းကြားပေးမည် ဖြစ်ပါသည်။

“ကျွန်တော်တို့ website ကိုဝင်ရောက်ပြီး စမ်းသပ် သုံးစွဲကြည့်နိုင်ပါတယ်။ အသုံးပြုတဲ့ သူတွေရဲ့ တကယ့်ပိုက်ဆံတွေတော့ မဟုတ်သေးဘူးပေါ့။ အဓိကကတော့ သုံးတဲ့သူတွေဆီက feedback ကို ပြန်ကြားချင်တာရယ်၊ တကယ် သုံးတော့မယ်ဆိုရင် လူတွေ ဒီ website နဲ့ use to ဖြစ်နေဖို့ရယ် ရည်ရွယ်ပါတယ်။ ဒီငွေပေးချေမှုစနစ်ကို ဖုန်းနဲ့ရော၊ e mail နဲ့ရော ၂၄ နာရီ ဝန်ဆောင်မှုပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Third Party Online Payment System ဖြစ်တဲ့အတွက် စမ်းသပ်သုံးစွဲကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဦးရန်နောင်စိုးက ထပ်မံပြောကြားခဲ့သည်။ ရတနာပုံ တယ်လီပို့တွင် database ထားရှိပြီး Geo Trust SSL နည်းပညာသုံး အဆိုပါ MyanPay Website ကို စတင် အသုံးပြုမည့်အချိန်တွင် Website တပ်ဆင်မှု နှေးကွေးခြင်း၊ အချိန်ကြန့်ကြာခြင်းများ မရှိစေရန် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပြဿနာ တစ်စုံတစ်ရာ ရှိပါကလည်း Admin များထံသို့ ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်ပါက အမြန်ဆုံး ဖြေရှင်းပေးခြင်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မေမြသူ
Posted by lu bo
Unknown at 7:46 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.