Tuesday, March 6, 2012

မြန်မာကျပ်ငွေ ဒေါ်လာနဲ့လဲလှယ်နှုန်း ပြင်တော့မည်

မြန်မာကျပ်ငွေကို အမေရိကန်ဒေါ်လာ ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်ခွင့်ရတော့မယ့် အစီအစဉ်ကို မကြာခင်မှာ အစိုးရက တရားဝင် ကြေညာတော့မယ်လို့ သိရပါတယ်။

(Image: RFA)
မြန်မာငွေစက္ကူ ကျပ်တထောင်တန်အုပ်ကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Image: RFA)
ဈေးကွက်ပေါက်ဈေးနဲ့အညီ လဲလှယ်နိုင်ခွင့်ရှိအောင် စီစဉ်ရာမှာ အမေရိကန်တစ်ဒေါ်လာကို အပြင်ပေါက်ဈေး ကျပ် ၈၀၀ ထက်မပိုအောင် အစိုးရက ကြိုးပမ်းသွားမယ်လို့ အစိုးရအရာရှိတစ်ဦးက bloombeg သတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ဘဏ်စနစ်နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး အတက်အကျကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ မြန်မာအစိုးရ ဗဟိုဘဏ်ကနေ ကြီးကြပ်သွားမယ်လို့ အစိုးရအရာရှိက ပြောကြောင်း သိရပါတယ်။
မြန်မာကျပ်ငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း တရားဝင် လဲလှယ်ခွင့်ပြုနိုင်အောင် ကြိုးပမ်းမှုဟာ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေထဲက အောင်မြင်မှုတစ်ခုလို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။
မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို တစ်ဒေါ်လာ ၆ ကျပ်ကျော် တရားသေ သတ်မှတ်ထားပေမယ့် အများက ပြင်ပပေါက်ဈေးနဲ့သာ လဲလှယ်သုံးစွဲနေကြတာပါ။ အစိုးရက အဲဒီလို အသေသတ်မှတ်ထားတာဟာ မြန်မာကျပ်ငွေတန်ဖိုးကို အပြင်ပေါက်ဈေးထက် ၁၂၅% တန်ဖိုးပိုပြီး သတ်မှတ်ထားသလို ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
Unknown at 3:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား


 
ယနေ့ မတ်လ ၆ ရက်နေ့မနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဟင်္သာတမြို့ရှိ မြို့နယ် အုပ်ချုပ်ရေးမှုး ရုံးဝန်းအတွင်း စွယ်တော်ရိပ် မိတ္တူဆိုင် အနောက်ဘက် ခြမ်းတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ ပေါက်ကွဲမှုတွင် ထိခိုက်ဒါဏ်ရာရရှိမှုမရှိခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံး မျက်နှာစာ အနည်းငယ် ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
 
“ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ် အဲဒီ ပေါက်ကွဲမှုကြောင့် ကျောက်ခဲတွေဆို လေပေါ်ကို ကိုက် ၃၀ လောက် လွင့်ထွက်ကုန်တယ်”ဟု ဟင်္သာတ မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နံနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်တွင် ဟင်္သာတ ဆက်သွယ်ရေးရုံးဝန်းအတွင်းရှိ မိုက်ခရိုဝေ့တာဝါတိုင်အနီး ရေမြောင်းထဲတွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါဖြစ်စဉ်များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဟင်္သာတမြို့တွင်း မြို့ပြင် လူဝင်လူထွက်သွားလာမူ များအား အစစ်ဆေးမှုများရှိနေကြောင်း သိရသည်။
Unknown at 3:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်တွင် ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ြ

တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံဖြစ်ရမယ်။ တပ်မတော်ဟာ အပေါ်ကစိုးမိုးချင်တဲ့ဆန္ဒတွေမရှိ
ရဘူး။ အရင်ခေတ်ကဆိုရင် တပ်မတောကို ပြည်သူက အင်မတန်ချစ်တယ်။ တပ်မတော်သားတွေက ပြည်သူကို အားကိုးရတယ်။ ငါတို့ရဲ့ သူရဲကောင်းတွေလာပြီဆိုတဲ့စိတ်နဲ့ ရွာသူရွာသားတွေကအစ ၀ိုင်းအားပေးကြတယ်။ တပ်မတော်သားတွေက ပြည်သူတွေဆီက အဓမ္မယူတယ်ဆိုတာ မရှိဘူး။ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် ချစ်ခင်ကြတယ်။ တပ်မတော်ကို လေးစားကြတယ်။ အဲဒီတုန်းက အမျိုးသမီးလေးတွေဆိုရင် တပ်မတော်သားတွေနဲ့ အိမ်ထောင်ပြုချင်ကြတယ်။ ဗိုလ်ကတော်ဖြစ်ချင်လို့မဟုတ်ဘူး။ တပ်မတော်သားတွေကို ဖေးမချင်လို့။ ကျွန်မတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ ကျွန်မတို့ တပ်မတော်ကို ခေတ်မှီ တပ်မတော်ကြီးတစ်ခုဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ပဲ မိမိတို့ အင်အားတွေကို သုံးရမှာ။ ဒါကြောင့် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်က တပ်မတော်ကို အတိုက်အခံလုပ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်မတို့က ကြိုဆိုပါတယ်။ တပ်မတော်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ပါလို့ ဆွယ်ပေးကြပါလို့လည်း ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်လူထုအား ယခု ၁၀နာရီ ခွဲတိတိက ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)

ပြည်သူအများစုက ဥပဒေဆိုတာ ငါတို့ကို နှိပ်စက်ဖို့လို့ထင်နေကြတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲကနေ ၀င်ပြီးတော့ လွှတ်တော်အတွင်းက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်း ရေး၊ ပြည်သူကို အနှောက်အယှက်ဖြစ်တဲ့ ဥပဒေတွေကို ဖယ်ရှားရေးကို လုပ်ဆောင်မှာဖြစ်ပါတယ်။ (ဇေယျာသော်ကို မဲပေးကြပါလို့ ပြောချင်ပါတယ်).... (ပေးပါမယ်-လူထုများ)။
(ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဇေယျာသော်အား စင်မြင့်ထက်တွင် ယခု ၆.၃.၂၀၁၂ နံနက် ၁၀ နာရီ ၂၀ မိနစ်က တွေ့ရစဉ်)

ဓာတ်ပုံ- ဥက္ကာကိုကို
Unknown at 10:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ ဆုံ

မတ်လ ၆ ရက် ၂၀၁၂
လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် တည်းခိုသည့်
Royal Kumudra Hotel တွင်ယနေ့ နံနက် ၇ နာရီမှစတင်ကာ လွှတ်တော်ကိုစားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ နံနက် ၈း၀၀ ခန့်တွင်တွေ့ ဆုံပွဲ
 ပြီးဆုံးသည်။
  ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက် နေပြည်တော်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံစဉ်

သတင်း-ဓါတ်ပုံ D-Wave  သတင်းထောက်မှသတင်းပေးပို့ သည်။
သစ်ထူးလွင်
Unknown at 10:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျာနယ်များမှာ စာပေစီစစ်ရေးမှ ပယ်ဖျက်၊ ပိတ်ပင်ခြင်းခံနေရတဲ့ အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ သတင်းများ

ယူနီဖောင်းတွေထဲမှာ ခွပ်ဒေါင်းတွေ အများကြီးရှိပါတယ်..။ ဝန်ထမ်းတွေ ဘဝအခြေခိုင်မာဖို့အတွက်
မဲပေးတဲ့ နေ့ရောက်ရင် ယူနီဖောင်းကို မေ့လိုက်ပါ ခွပ်ဒေါင်းကို ခြစ်လိုက်ပါ..
... အမှန်တရားအတွက် သက်သေပြလိုက်ပါ...။
နေပြည်တော်က ကျောင်းယူနီဖောင်းနဲ့
အမေ့မြေးတဦးက သက်သေပြနေပြီနော်...
(ပုံ Getty Images)
လူပြောများနေတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲ


NLD ပါတီစည်းရုံးရေးဟောပြောပွဲ တက်ရောက်သူများကို ဇမ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာ မီးလင်းရေးကော်မတီမှ မီးမပေးဟု ဆို
(စိစစ်ရေးပယ်သော သတင်း)

ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်ကြသူ ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်း ပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို တော်ဝင်နှင်းဆီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀ ခန့်တက်ရောက် နားထောင်ခဲ့ကြကြောင်း ၊အဆိုပါ အောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင် ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က မှတ်သားကာ ထိုရွာသားများ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည် ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊ ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။

အထက်ပါကိစ္စနှင့် ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာမင်းကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ “မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့ လုပ်ဆောင်ရတာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်” ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍ အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအား ပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှ မေးမြန်းမှုကို ဖြေကြားရာတွင် “အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထား ကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း” ဆိုသောစကားအရ ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့် မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများ ဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။
ကိုရဲ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲမှာ ပြည်သူနဲ့ ဝန်ထမ်းအပါအဝင် သိန်းနဲ့ချီတက်ရောက် ကြတယ်လို့ သိရှိရပါတယ်...
နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ 
(စိစစ်ရေးပယ်သော သတင်း)

နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ ၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။

ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင် သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင် တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊ ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင် ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။

“ အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော် အသိပေးချင်ပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။

ကိုရဲ
ဒီမိုဝေယံ
Unknown at 10:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လာမည့် မတ်လ ၁၄ ရက်နေ့တွင် မိုဘိုင်းတယ်လီဖုန်းများ၏ ကနဦးတပ်ဆင်ခများကို စတင်လျှော့ချပေးမည်


မတ်လ ၁၄ ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများ၏ ကနဦးတပ်ဆင်ခများကို စတင်လျှော့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မိုဘိုင်းဖုန်းအမျိုးအစားများမှာ GSM နှင့် CDMA 450MHz မိုဘိုင်းဖုန်းများအား ကျပ် ၂ သိန်းသို့ လျှော့ချပေးမည် ဖြစ်ပြီး အဆိုပါ ၁၄ ရက်နေ့၌ပင် WCDMA နှင့် CDMA 800MHz မိုဘိုင်းဖုန်းများ၏ ကနဦးတပ်ဆင်ခများကို ကျပ်နှစ်သိန်းငါးသောင်းသို့ လျှော့ချပေးမည်ဟု သတင်းရရှိသည်။

ကျပ် နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းမှာ 3G ဖုန်းအမျိုးအစားဖြစ်သည်ဟု သိရှိရပါသည်။
Unknown at 10:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကို ပြည်မြို့မှာ ကျင်းပ



By ဇာဏီ၊ မတ်လ ၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်။


အဓမ္မ လယ်ယာမြေသိမ်းဆည်းခံရသည့် ပြဿနာများနှင့် အင်းမ အင်းအတွင်းရှိ ရေထိန်းဆည် စီမံကိန်းကြောင့် တောင်သူလယ်သမားတွေကြုံတွေ့နေရသော လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တခုကို ပြည်မြို့၊စည်တော်မင်္ဂလာရပ်ကွက်၊ အမှတ်(၁၃) နေအိမ်မှာ  ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၁၀း၀၀ နာရီအချိန်မှ နေ့လည် ၂း၃၀ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဥပဒေအတိုင်ပင်ခံ ရှေ့နေ ဦးအောင်သိန်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပြီး မကွေးတိုင်းနှင့် ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ကံမမြို့နယ်နှင့် သဲကုန်းမြို့နယ် စတဲ့ လေးမြို့နယ်မှာရှိတဲ့ ဒေသခံ တောင်သူလယ်သမား အယောက် ၇၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲဟာ တောင်သူ လယ်သမားများနှင့် လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။


" အဓိကအားဖြင့် အဓမ္မ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ကိစ္စတွေ၊ အတင်းအဓမ္မ လယ်ယာမြေ ရွှေ့ပြောင်းခံရတာတွေကို အဓိကထားပြီး ဆွေးနွေးသွားတယ်။ ဥပဒေသမားတွေကတော့ ဥပဒေပိုင်းဆိုင်ရာပေါ့နော် သူတို့  အဓမ္မ လယ်ယာမြေ သိမ်းခံရတဲ့ လယ်သမားတွေရယ်၊ အဓမ္မ ရွှေ့ပြောင်းခြင်းခံရတဲ့ လယ်သမားတွေကို ဥပဒေပိုင်းဆိုင်ရာ အန်ကယ် ဦးအောင်သိန်းတို့က ဥပဒေဘောင်အတွင်းကနေ ဆက်လက်ကူညီသွားမယ်။ ကျမကတော့ လယ်သမားတွေက အခုလို အဓမ္မ လယ်ယာမြေသိမ်းခြင်း ခံရတာတွေက လယ်သမားအဖွဲ့အစည်းတွေ မရှိလို့ ဒီလိုမျိုး မကာကွယ်နိုင်တာ ဖြစ်တယ်။ အခြေခံသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့ပြီးတော့ ပြည်နယ်နှင့်တိုင်းတွေမှာ ကျေးရွာတိုင်း ကျေးရွာတိုင်းတွေမှာ ဖွဲ့ပြီးတော့ လယ်သမားတွေက ကိုယ့်ရဲ့အခွင့်အရေးတွေ ကိုယ့်လယ်သမားတွေရဲ့  ဘဝမြှင့်တင်ရေးတွေကို ပူးပေါင်းပါဝင်ပြီးတော့ ဆက်လက်တောင်းဆိုသွားမယ်ဆိုရင် လယ်သမားတွေရဲ့အခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ ပြောပြတယ်။ အခြေခံ လယ်သမား သမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့ဖို့ ကျမက တောင်းဆိုတယ်ရှင့်။ " လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


"အဓမ္မ လယ်ယာမြေ သိမ်းဆည်းခံရသည့် ပြဿနာများနှင့် သဲကုန်းမြို့နယ်အတွင်းရှိ အင်းမ အင်း ရေထိန်းဆည် စီမံကိန်းကြောင့် တောင်သူလယ်သမားတို့ ကြုံတွေ့နေရသော လယ်ယာမြေ ပြဿနာတွေကို အဓိကထား ဆွေးနွေးခဲ့တဲ့ နေရာမှာ ဒါတွေက စစ်တပ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်တဲ့ လုပ်ရပ်တွေက မှန်းဆလို့ မရနိုင်လောက်အောင် ကျနော်တို့ မမျှော်မှန်းခဲ့တဲ့ အရာမျိုးတွေ တွေ့ရတယ်။ စစ်တပ်ကနေပြီးတော့ ပန်းတောင်းမြို့နယ်အတွက်ဆိုရင် လယ်ယာမြေကို သိမ်းတယ်။ သိမ်းပြီးတော့ သီးစားခနဲ့ လုပ်ခိုင်းတယ်။ သီးစားခ မချနိုင်ဘူးဆိုရင် အဲဒီလယ်မြေကို အပြီးသိမ်းတယ်။ လယ်သမားတွေကို လယ်ယာမြေတွေက နှင်ထုတ်တယ်။ ဖြေရှင်းဆောင်ရွက်တဲ့အခါမှာ ပညာပေးတဲ့ သဘောအနေနဲ့ ခေါ်ပြီးတော့ နှိပ်စက်တာမျိုးတွေကို တွေ့ရပါတယ်။ "လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတဦးဖြစ်တဲ့ ကိုရဲထင်ကျော်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


" ဒီမှာ လယ်သမားတွေကို အများဆုံး တွေ့ရပါတယ်ရှင်။ တကယ်ကို ခွန်အားအပြည့်နဲ့ မျှော်လင့်ချက်တွေနဲ့ တက်ရောက်လာတဲ့ လယ်သမားတွေ အများကြီးတွေ့ရတယ်။ ကျမတို့ တော်တော်လေး ဝမ်းသာပါတယ်။ နောက်ပြီး သူတို့ပြောပြတဲ့ သူတို့ရင်ထဲက ခံစားချက်တွေ ကြားရတော့လဲ စိတ်မကောင်းဖြစ်မိတယ်။ ဒီလိုမျိုး မြို့နယ်တိုင်း မြို့နယ်တိုင်းတွေက အခုလိုမျိုး လယ်သမားတွေ ဒီနေ့ဆို ငါးရာလောက် ရှိတယ်ရှင်။ အဲလိုမျိုး အများကြီး တလ တခါလောက် အပြန်အလှန် ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် လယ်သမားတွေက ပိုပြီးတော့ သူတို့စိတ်ဓာတ် ခွန်အားတွေ ပိုပြီးတော့ မြင့်မားလာမယ် လို့ မြင်ပါတယ်။ အဲလိုမျိုး နေရာတိုင်းမှာ ဖြစ်စေချင်တယ်။ " လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


" ကျနော်တို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လယ်သမားတော်တော်များများက အဓမ္မ လယ်ယာမြေအသိမ်းခံရတဲ့ကိစ္စတွေ၊ လယ်ယာမြေနဲ့ပတ်သတ်တဲ့ အဆင်မပြေတဲ့ ကိစ္စတွေကို အမျိုးမျိုး ခံစားနေရတယ်။ အဲဒီပြဿနာတွေကို တနေရာချင်း တခုချင်းစီအလိုက် ကျနော်တို့ ဖြေရှင်းတာကလဲ တမျိုးပေါ့။ အဲလိုပြဿနာတွေကို မြို့နယ်အလိုက် အစည်းအဝေးပွဲတွေ လုပ်မယ်။ တိုင်းဆိုလဲ တိုင်းအလိုက် အစည်းအဝေးပွဲတွေလုပ်ပြီး ပူးပေါင်းဖြေရှင်းသွားမည် ဆိုရင် ၇၅% သော တောင်သူလယ်သမားတွေရဲ့ ဘဝနဲ့ဆိုင်တဲ့ ပြဿနာတွေ ချုပ်ငြိမ်းသွားမယ်။ ကျနော်တို့အနေနဲ့ ဒီ အလုပ်ရုံဆွေးနွေးပွဲ ကနေပြီးတော့ မြန်မာနိုင်ငံတောင်သူ လယ်သမားအရေးအတွက် တစုံတခု သက်ရောက်မှု ရှိမယ်လို့ ကျနော် ယူဆပါတယ်။ "လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတဦးဖြစ်တဲ့ ကိုရဲထင်ကျော်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


" မြန်မာတနိုင်ငံလုံးမှာ လယ်ယာမြေကိစ္စတွေက ဒီတမြို့နယ်ထဲတင် မဟုတ်ပဲ မြို့နယ်တိုင်းမှာ အကုန်လုံး ရင်ဆိုင်နေရတာ၊ အဲတာတွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျမတို့ လယ်သမား အလုပ်အမှုဆောင်အဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ကာယကံရှင်တွေဖြစ်တဲ့ လယ်သမားတွေကနေပြီးတော့ ဥပဒေ ရေးဆွဲနိုင်တဲ့အထိ တောင်းဆိုနိုင်မှသာ ကျမတို့ရဲ့ လယ်သမားအခွင့်အရေးတွေ ရမှာ ဖြစ်ပါတယ်။ အဲတာကြောင့်မို့လို့ အားလုံးက အခြေခံသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့အစည်းတွေ ဖွဲ့စည်းတဲ့အခါမှာ ပူးပေါင်းပါဝင်ပေးစေချင်ပါတယ်လို့  မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ လယ်သမားတွေ အားလုံးကို ကျမက ပြောချင်ပါတယ်။ "လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။


ဒီအလုပ်ရုံဆွေးနွေးပွဲအတွင်း လယ်သမားအရေး ကူညီစောင့်ရှောက်နေသူတွေ၊ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ ဒေသခံ တောင်သူလယ်သမားတွေ ပူးပေါင်းပြီး မြန်မာနိုင်ငံတဝှန်းမှာ ဖြစ်ပေါ်နေတဲ့ အဓမ္မ လယ်ယာမြေ သိမ်းဆည်းနေတဲ့ ကိစ္စကို လက်ရှိတည်ဆဲအစိုးရ အနေနဲ့ အရေးတယူ ဆောင်ရွက်ပေးရန် စတဲ့ ဆုံးဖြတ်ချက် လေးချက်ကို ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဘားမားဗီဂျေ
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုသိမ်မြို့ အလက (၁) ပိုင် ၀န်ထမ်းသက်သာဆိုင်ခန်းများအကြောင်း (ပေးစာ)

ပုသိမ်မြို့ အလက(၁) ကျောင်းရဲ့မင်္ဂလာလမ်းဘက်ခြမ်း ခြံစည်းရိုးနေရာတလျှောက်မှာ ဆိုင်ခန်းငယ်လေးတွေဆောက်လုပ်ထား
တာ ၁၀နှစ်ကျော်လောက်ရှိလာပါပြီ။ စဆောက်ခါစက ၀န်ထမ်းသက်သာဆိုင်ခန်းဆိုပေမယ့် ပညာရေးရုံးနဲ့ ပိုင်တဲ့သူတွေ ပိုက်ဆံရှိတဲ့သူတွေက မြို့နယ်ပညာရေးမှူးတွေ ကျောင်းအုပ်တွေကိုပေးကမ်းပြီး အိမ်သာတွေခိုးဆောက်တာ၊ နောက်ဘက်အဆောင်တွေတိုးချဲ့တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဲလို နောက်ဖက်အဆောင်တွေတိုးချဲ့ဆောက်လာတာတွေကြောင့် ကျောင်းဆောင်တွေနားအထိ ရောက်လာတာ စနစ်တကျအမှိုက်မစွန့်ပစ်လို့ ကျောင်းပတ်ဝန်းကျင်တွေညစ်ပတ်တာတွေဖြစ်ပေါ်နေပြီး လက်ရှိကျောင်းတာဝန်ရှိသူတွေနဲ့ မိဘဆရာအသင်းတွေက ထိန်းသိမ်းတားမြစ်လို့မရတဲ့အခြေအနေတွေဖြစ်ပေါ်နေလို့  အထက်က တာဝန်ရှိသူတွေသိစေဖို့ မြို့ခံတွေနဲ့ ကျောင်းအကျိုးတော်ဆောင်တွေက human rights pathein ကိုပြောလာပါတယ်။

ကျောင်းအကျိုးတော်ဆောင်တွေကို မေးကြည့်ရာမှတော့

" ကျွန်တော်တို့ကိုကျောင်းအကျိုးေ
တ်ာဆောင် မိဘဆရာအသင်းဆိုပြီးဖွဲ့ထားပေးတယ်။ အဓိက ကတော့ နောက်ပိုင်း ကျောင်းက ပိုက်ဆံကောက်တဲ့နေရာမှာ မကျေနပ်တဲ့သူတွေက ကျောင်းကို တိုင်ကြားတာတွေဖြစ်ပေါ်လာရာက ပြသနာတွေကြီးထွားလာလို့ နာမည်ခံမယ့်သူဖွဲ့ပေးလိုက်တဲ့သဘောပဲ။ ဒီလိုပဲထင်တယ်လေ။ ကျွန်တော်တို့ကလည်း ကိုယ့်သားသမီးတွေအပါအ၀င် ကိုယ့်မြို့ရွာဒေသက ကလေးသူငယ်တွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ဖို့ ကျောင်းကိုကူညီလုပ်ဆောင်ပေးတဲ့သဘောပဲ။ ကျောင်းအုပ်ဆရာ/မကြီးလုပ်ချင်တာလုပ်ဖို့ ဖြစ်လာတဲ့ကိစ္စတွေခေါင်းခံဖို့ ဖွဲ့ထားတာမဟုတ်ဘူးဗျ။ 
အခုက ပိုက်ဆံကောက်ရင် မိဘဆရာအသင်းကကောက် လူချင်တာလုပ်တော့ ကျောင်းကဆရာ/ဆရာမတွေ ဖြစ်လာတော့ ကျွန်တော်တို့က ခံရမယ်ဆိုတော့ မဟုတ်သေးဘူး။ အခုပဲကြည့်လေ ထိပ်တန်း ဒန်ပေါက်ဆိုင်က
ကိုဇော်နိုင် တစ်နှစ်ထက်တစ်နှစ် သူ့ဒန်ပေါက်ဆိုင်ကို နောက်ဖက်ချဲ့လာတာ ကျောင်းဝန်းထဲတော်တော်ရောက်နြေ
ပီ။ မြင်လို့လည်းမသင့်တော်တော့ဘူး။ ပြသနာဖြစ်တော့ တားမယ့်ဆီးမယ့်သူမရှိတော့ မိဘဆရာအသင်း ကိုခေါင်းတပ်တယ်။ ဘယ်တားလို့ရမလဲ ဒါက ကျောင်းအုပ်ဆရာမကြီးအစဉ်အဆက် မြို့နယ်ပညာရေးမှူးကအစ ပါနေတာလေ။ ဘယ်လိုတားမလဲ။ ဟိုကလည်း တစ်ခုခုဖြစ်ရင် ဘယ်သူ့ကိုဘယ်လောက်ပေးထားတယ်
ပဲပြောနေတာ။ ကဲဘယ်လိုလုပ်မလဲ။ မြို့နယ်ပညာရေးမှူးဟောင်း ဦးကြည်အောင်လေ တော်တော်ဆိုးတဲ့သူပေါ့။ သူနဲ့ နဂိုကျောင်းအုပ်ကြီး (ယခု အထက၁ကျောင်းအုပ်ကြီး) လက်ထပ်ကဖြစ်ထားတာတွေလေ
ပညာရေးမှာ အဲလိုအကျင့်စရိတ္တပျက်ပြားနေတဲ့
သူတွေ အခုလိုအချိန်မှာတကယ်မရှိသင့်ဘူးဗျာ။ အခုကြည့်အုံး ဦးကြည်အောင်ဆို ပညာရေးဌာနတစ်ခုလုံးမကဘူး လူတိုင်းသိတယ်သူ့အကျင့်ကို။ အခုသူက တိုင်းရုံးကိုရာထူး တက်သွားပြီ။  အရင်ဆရာမကြီး နာမည်ကြီးပဲ အလယ်တန်းကျောင်းအုပ်ရာထူးကနေ အထက်တန်းကျောင်း (အထက၁) ကျောင်းအုပ် ဖြစ်သွားပြီ။ မဟုတ်တာအကုန်လုပ်တဲ့သူတွေပဲ ရာထူးတက်နေတာ။ သူတို့လုပ်ထားတာတွေ အခုပြသနာတက်နေတော့ သူတို့က ရူးချင်ယောင်ဆောင်နေတယ်လေ။ တကယ်ဗျာ ဒီလိုလူတွေမျိုးကို ထိထိရောက်ရောက်စစ်ဆေးပြီးအရေးယူသင့်တယ်။ 
ဦးကြည်အောင်ဆိုတဲ့သူက ဆရာ/ဆရာမချင်းလည်းခေါင်းပုံဖြတ်
တဲ့သူဗျ။ ရာထူးတိုးချင်ရင် ၂သိန်း ၃သိန်း ၅သိန်း ရာထူးအလိုက်တောင်းတာ ပြီးတော့ သူ့ကားကိုလည်း အလက(၁) မှာ အချိန်တိုင်းလိုလိုထိုးထားတာ။"

အလက (၁) ကျောင်းအကျိုးတော်ဆောင်တွေနဲ့ မြို့ခံတွေပြောလာတာဖြစ်ပါတယ်။ အထောက်အထား google earth မှ ပုံပူးတွဲပေးပို့လိုက်ပါတယ်။
 human rights pathein
Unknown at 10:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုရီးယားလေကြောင်း လိုင်းတစ်ခုက မြန်မာနိုင်ငံသို့ အပတ်စဉ် ပုံမှန်ပျံသန်းလို



ကိုရီးယားလေကြောင်း တစ်ခုဖြစ်သော KoreaAirသည် မြန်မာနိုင်ငံသို့ အပတ်စဉ်ခရီးစဉ် ပုံမှန်ပြေးဆွဲနိုင်ရန် ဆွေးနွေးမှုများ လာရောက်ပြုလုပ်တော့ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၁-၂-၂ဝ၁၂ ရက်တွင် သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် ပြည်တွင်းရှိ လေဆိပ်မျိုးစုံကို CharterFlight ခရီးစဉ်ပြေးဆွဲမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရကာ ၎င်းတို့အနေဖြင့် ပုံမှန်ပြေးဆွဲရန် ရည်ရွယ်နေသည်ဟု သိရသည်။ KoreaAirဆိုရင် ဒီမှာ PackageFlight ပျံသန်းဖို့ စီစဉ်ချင်နေတယ်။ ဒီအတွက် ဆွေးနွေးဖို့ ပြောဆိုနေတာတွေရှိတယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။ PackageFlight ဆိုတာက Schelduleနဲ့ သွားတာမျိုးပေါ့။ အပတ်စဉ်၊ ဘယ်နေ့၊ ဘယ်ရက်တွေ၊ တစ်လကို ဘယ်နှခေါက်ဆွဲမယ် ဆိုတာတွေနဲ့ ဘယ်အချိန်မှာဆွဲမယ် ဆိုတာတွေကို ဆွေးနွေးချင်နေကြတာပါ'' ဟု၎င်းက ဆက်လက်ပြောကြားသည်။
ပြည်ပနိုင်ငံ အများစုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာကို စောင့်ကြည့်နေကြပြီး လေကြောင်းလိုင်းများကလည်း မျက်စိကျနေကြသည် ဟုဆိုသည်။''ဒီလိုမျိုး ပြေးဆွဲဖို့ဒီဘက်မှာ ရုံးခန်းဖွင့်ဖို့ ကိစ္စတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့ ခရီးသည်ဝန်ဆောင်မှုဆိုင်ရာ ကိစ္စတွေ သူတို့အများကြီး ပြင်ဆင်ကြရမှာ။ သူတို့ဘက်က ကမ်းလှမ်းချက်ကို အသေးစိတ် ဆွေးနွေးကြရဦးမှာပါ'' ဟု၎င်းက ပြောကြားသည်။ ၎င်းတို့ အနေဖြင့် လေကြောင်းလိုင်း ပုံမှန်ပျံသန်း ပြေးဆွဲရေးကိုမူ မြန်မာနိုင်ငံသို့ လာရောက်ချင်သော ခရီးသည်ဈေးကွက်ကို ကြည့်ရှုပြီးမှ လုပ်ဆောင်ကြလိမ့်မည် ဟုသိရသည်။
Unknown at 10:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.