Tuesday, March 6, 2012

ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား


 
ယနေ့ မတ်လ ၆ ရက်နေ့မနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဟင်္သာတမြို့ရှိ မြို့နယ် အုပ်ချုပ်ရေးမှုး ရုံးဝန်းအတွင်း စွယ်တော်ရိပ် မိတ္တူဆိုင် အနောက်ဘက် ခြမ်းတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ ပေါက်ကွဲမှုတွင် ထိခိုက်ဒါဏ်ရာရရှိမှုမရှိခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံး မျက်နှာစာ အနည်းငယ် ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
 
“ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ် အဲဒီ ပေါက်ကွဲမှုကြောင့် ကျောက်ခဲတွေဆို လေပေါ်ကို ကိုက် ၃၀ လောက် လွင့်ထွက်ကုန်တယ်”ဟု ဟင်္သာတ မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နံနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်တွင် ဟင်္သာတ ဆက်သွယ်ရေးရုံးဝန်းအတွင်းရှိ မိုက်ခရိုဝေ့တာဝါတိုင်အနီး ရေမြောင်းထဲတွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါဖြစ်စဉ်များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဟင်္သာတမြို့တွင်း မြို့ပြင် လူဝင်လူထွက်သွားလာမူ များအား အစစ်ဆေးမှုများရှိနေကြောင်း သိရသည်။
Unknown at 3:47 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.