Tuesday, March 6, 2012

ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်တွင် ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ြ

တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံဖြစ်ရမယ်။ တပ်မတော်ဟာ အပေါ်ကစိုးမိုးချင်တဲ့ဆန္ဒတွေမရှိ
ရဘူး။ အရင်ခေတ်ကဆိုရင် တပ်မတောကို ပြည်သူက အင်မတန်ချစ်တယ်။ တပ်မတော်သားတွေက ပြည်သူကို အားကိုးရတယ်။ ငါတို့ရဲ့ သူရဲကောင်းတွေလာပြီဆိုတဲ့စိတ်နဲ့ ရွာသူရွာသားတွေကအစ ၀ိုင်းအားပေးကြတယ်။ တပ်မတော်သားတွေက ပြည်သူတွေဆီက အဓမ္မယူတယ်ဆိုတာ မရှိဘူး။ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် ချစ်ခင်ကြတယ်။ တပ်မတော်ကို လေးစားကြတယ်။ အဲဒီတုန်းက အမျိုးသမီးလေးတွေဆိုရင် တပ်မတော်သားတွေနဲ့ အိမ်ထောင်ပြုချင်ကြတယ်။ ဗိုလ်ကတော်ဖြစ်ချင်လို့မဟုတ်ဘူး။ တပ်မတော်သားတွေကို ဖေးမချင်လို့။ ကျွန်မတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ ကျွန်မတို့ တပ်မတော်ကို ခေတ်မှီ တပ်မတော်ကြီးတစ်ခုဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ပဲ မိမိတို့ အင်အားတွေကို သုံးရမှာ။ ဒါကြောင့် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်က တပ်မတော်ကို အတိုက်အခံလုပ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်မတို့က ကြိုဆိုပါတယ်။ တပ်မတော်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ပါလို့ ဆွယ်ပေးကြပါလို့လည်း ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်လူထုအား ယခု ၁၀နာရီ ခွဲတိတိက ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)

ပြည်သူအများစုက ဥပဒေဆိုတာ ငါတို့ကို နှိပ်စက်ဖို့လို့ထင်နေကြတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲကနေ ၀င်ပြီးတော့ လွှတ်တော်အတွင်းက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်း ရေး၊ ပြည်သူကို အနှောက်အယှက်ဖြစ်တဲ့ ဥပဒေတွေကို ဖယ်ရှားရေးကို လုပ်ဆောင်မှာဖြစ်ပါတယ်။ (ဇေယျာသော်ကို မဲပေးကြပါလို့ ပြောချင်ပါတယ်).... (ပေးပါမယ်-လူထုများ)။
(ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဇေယျာသော်အား စင်မြင့်ထက်တွင် ယခု ၆.၃.၂၀၁၂ နံနက် ၁၀ နာရီ ၂၀ မိနစ်က တွေ့ရစဉ်)

ဓာတ်ပုံ- ဥက္ကာကိုကို
Unknown at 10:48 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.