Saturday, February 25, 2012
ဂျပန်က မြန်မာကို ချေးငွေများ ချပေးတော့မည်
နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံသို့ ဂျပန်ချေးငွေများ ပြန်လည်ချပေးတော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။
၁၉၈၀ စုနှစ်များကတည်းက ရပ်စဲထားခဲ့သော ဖွံ့ဖြိုးရေး အကူအညီများကို ပြန်လည်ပေးအပ်ရန် ဧပြီလ တိုကျိုတွင် ကျင်းပမည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် တရားဝင် ကြေညာဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိအား ကိုးကား၍ မအိနိချိ သတင်းစာတွင် ရေးသားထားသည်။
ဂျပန်အစိုးရ အနေဖြင့် အဆိုပါ အကူအညီများ ပြန်လည်ပေးရေး ဆုံးဖြတ်ရန်အတွက် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတမှု ရှိ/မရှိ အနီးကပ် စောင့်ကြည့်နေမည်ဟုလည်း ဆိုသည်။
ပထမဦးစွာ ယခင်တည်ရှိနေသည့် အကြွေး ယန်းငွေ ၄၈၀ ဘီလီယံကို မည်သို့ပေးချေမည်ကို ညှိနှိုင်းသဘောတူရမည်
ဖြစ်သည်။ ထို့အတွက် မတ်လအတွင်း အကြီးတန်း အရာရှိများ တွေ့ဆုံကြ ဆွေးနွေးဦးမည် ဖြစ်သည်။
ဖွံ့ဖြိုးရေး အကူအညီများနှင့် ပတ်သက်၍ ဂျပန် အစိုးရအနေနှင့် မြန်မာအရာရှိများနှင့် ပြောဆိုမှုများ ရှိနေပြီး ဂျပန် အရာရှိများ ၂၀၁၁ နိုဝင်္ဘာလာအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ကတည်းက ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း ဂျပန်ဝန်ကြီးများအဖွဲ့ အတွင်းဝန်ချုပ် Osamu Fujimura က ပြောသည်။
၂၀၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီအရေး ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုခဲ့သည်။
လောပိတ ရေအားလျှပ်စစ် ၂ အား ပြန်လည် ပြုပြင်ရန်အတွက် နှစ်နိုင်ငံ ညှိနှိုင်းတိုင်ပင်မှုများလည်း စတင်နေပြီ
ဖြစ်သည်။
Unknown at 9:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကြားဖြတ်ရွေးကောက်ပွဲ မျှတရေး ဦးစားပေးလုပ်ရန် ကုလသတိပေး
မန်မာအစိုးရအနေနဲ့  ပထမဦးစားပေး​ တာဝန်အဖြစ် လာမယ့် ဧပြီလ ကြားဖြတ်​ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိစွာ​ ကျင်းပပေးဖို့​ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
Vijay Nambiar (Photo: UNIC/Yangon)
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက​ ​မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့​ ​မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယာက နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ​ ​ပြောကြားလိုက်တာပါ။
မစ္စတာ ဗီဂျေးနမ်ဘီးယာက မြန်မာအစိုးရ ဦးစားပေးလုပ်ရမယ့် အချက် ၃ ချက်ကို တိုက်တွန်း ပြောကြားခဲ့ရာမှာ​ ​ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှုရှိဖို့နဲ့​ပွင့်လင်းမြင်သာမှုရှိဖို့ ပထမ ဦးစားပေးလုပ်ဆောင်ဖို့ လိုတဲ့ အကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ အစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်နေမှုကို အများက ယုံကြည်လက်ခံမှုရဖို့  အရေးပါတဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာအစိုးရ နောက်ထပ်  ဦးစားပေးလုပ်ရမယ့် အလုပ်တွေကတော့ အစိုးရနဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ကိစ္စနဲ့  မြန်မာပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေ အမြန်ဆုံး ဖန်တီးပေးပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေးရဲ့ အစပဲရှိသေးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့နဲ့ ကာလရှည်ကြာကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်အောင် ဆက်လုပ်ရဦးမယ်လို့လည်း ကုလသမဂ္ဂအရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 
ဒီဗွီဘီ
Unknown at 8:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီး (ရုပ်/သံ)
Unknown at 8:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ချမ်းမြေ့သာစည် လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်ကျောင်း ဖွင့်လှစ်မည်
မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းကို အသုံးပြု၍ အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်၍ ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများအတွက် အရည်အချင်း ပြည့်မီသော လေယာဉ်မှူးများ မွေးထုတ်ရေး၊ လေကြောင်းပညာရပ်ကို စိတ်ဝင်စားသူများနှင့် အပျော်တမ်းလေယာဉ်မောင်းနှင့် လိုသူများအတွက် ပျံသန်းရေးကလပ် (Flying Club) များ ဖွင့်လှစ်သင်ကြားလေ့ကျင့် ပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းတွင် အရပ်ဘက် လေယာဉ်မောင်း သင်တန်းကျောင်းနှင့် အပျော်တမ်း ပျံသန်းရေး ကလပ်ဖွင့်လှစ်ပါက ထိုလေဆိပ်သည် စည်ကားလာမည်ဖြစ်ပြီး မန္တလေးမြို့၏ ဂုဏ်ဆောင် လေကြောင်းပညာပေး နေရာတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် ချမ်းမြသာ စည်လေယာဉ်ကွင်းသည် အလျားပေပေါင်း ၆၅၀၀၊ အနံပေ ၁၀၀ ရှိသည့်အတွက် တံတားဦး လေယာဉ်ကွင်း၏ အရေးပေါ် အရန် လေယာဉ်ကွင်းအဖြစ် အသုံးပြုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းသည် ၇၅ တန်ရှိသည့် F-28 နှင့် အထက်လေယာဉ်များ ဆင်းသက်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှုအတွက် Conpulsory Reporiting Point အဖြစ် ဆက်လက်ထားရှိ၍ မန္တလေးမြို့၏ ကျက်သရေဆောင် အရပ်ဘက် လေယာဉ်မောင်းသင်တန်းကျောင်းနှင့် အပျော်တမ်း ပျံသန်းရေး ကလပ် (Flying Club) ဖွင့် လှစ်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းသည် မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းလျက်ရှိသော လေယာဉ်ပေါင်း နေ့စဉ် (၄၅၀) ရှိသည့်အနက် ချမ်းမြသာစည် လေဆိပ်သို့ သတင်းပို့ရသည်။ လေယာဉ်အစင်းရေ (၂၀၀) ရှိသည့်အတွက် ချမ်းမြသာစည် လေဆိပ်သည် တစ်ကမ္ဘာလုံး လေကြောင်းပို့ဆောင်ရေးတွင် အရေးကြီးသည့် နေရာတွင် တည်ရှိကြောင်း သိရှိရသည်..
Unknown at 8:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်တဲ့ ပျော်ဘွယ်မြို့ နယ် NLD အဖွဲ့ ဝင်တွေကို ရွာတန်းရဲစခန်း က စောင့်ဆိုင်းမှတ်တမ်းယူ
ပျော်ဘွယ်NLDအဖွဲ့ ဝင်တွေကို
ရွာတန်းရဲစခန်းမှ အရာရှိများက မှတ်တမ်းယူနေပုံပါ
ရွှေည၀ါဆရာတော်
ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ ထီးတော်တင်ပွဲသို့ ရွှေည၀ါဆရာတော်
နှင့် အတူ ဒါယကာ ၊ ဒါယိကာမများ(200)ခန့်  ဖေဖော်ဝါ၇ီလ (25) ၇က်နေ့ မနက်
(6) နာ၇ီခန့် က ရောက်ရှိလာကြောင်းသိရပါတယ်။
       ရွှေည၀ါဆရာတော်ကို ပျော်ဘွယ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှအဖွဲ့ဝင်များ  မနက်(11)နာရီခန့်ကသွားရောက်ဖူးမြော် ဂါရ၀ပြုခဲ့တယ်။
       NLD အဖွဲ့ဝင်များကို သက်ဆိုင်ရာ ရွာတန်းရဲစခန်းမှ အရာရှိများက
လာရောက်စောင့်ဆိုင်း မှတ်တမ်းယူခဲ့ကြပါတယ်။
 အဆိုပါ အရာရှိနှင့်စကားပြောနေပုံကို ဓါတ်ပုံရိုက်တော့ အရာရှိက ``ဓါတ်ပုံမရိုက်ပါနှင့် ``
လို့ ပြန်လည်ပြောကြားကြောင်း ပျော်ဘွယ် NLD က Myanmar News Now
ကိုပြောပါတယ်။
 ထီးတင်ပွဲမှာ  ပြန်တော်ပြန် သီးလေးသီးအဖွဲ့ဝင်များက ကပြဖျော်ဖြေမှာဖြစ်ပါတယ်။
  မနက်ဖြန် ထီးတော်တင်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ လည်းလာရောက်မည်ဖြစ်
 ကြောင်း ရွှေည၀ါဆရာတော်မှ ပြောကြားပါချက်ကို လည်း ပျော်ဘွယ် NLD က Myanmar News Now ကိုပြောပါတယ်။
Unknown at 4:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မကွေးတိုင်း ပဲစိုက်ခင်းများ ရွှေဂက်စ်ပိုက်လိုင်းကြောင့် ပျက် (ရုပ်/သံ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို သယ်ယူနိုင်ရန်အတွက် ဓာတ်ငွေ့လိုင်းနဲ့ ရေနံပိုက်လိုင်းတွေ ချဖို့ မကွေးတိုင်း စကုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေရဲ့ စိုက်ခင်းတွေပေါ်မှာ မြောင်းတွေ ဖောက်လုပ်နေတဲ့အတွက် ယာမြေတွေနဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီ စီမံကိန်းမှာ ပါဝင်နေတဲ့ ယာမြေတွေအတွက် လျော်ကြေးပေးမယ် ဆိုပေမဲ့ ဆုံးရှုံးတဲ့ ပမာဏနဲ့ ပေးလျော်တဲ့ ငွေကြေး မမျှတတာကြောင့် တောင်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ အခု ဓာတ်ငွေ့ပိုက်လိုင်းတွေ ချနေတဲ့ ယာမြေတွေမှာ ပဲသီးနှံတွေ ရိတ်သိမ်းဖို့ ရက်ပိုင်းသာ လိုတော့တာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ
Unknown at 3:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နိုင်ငံတကာ စီးပွားရေးကွန်ဖရင့်ကြီး မြန်မာနိုင်ငံတွင် မေလ၌ ကျင်းပမည်
From : ခေတ်လူငယ်
နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်သော နိုင်ငံတကာ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကြီးတ စ်ခုကို လာမည့် မေလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ပွဲမျိုးဖြစ်ကာ ယင်းမှ နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်စေမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။ ငါးရက်တာ ကျင်းပမည်ဖြစ်သော အဆိုပါ နိုင်ငံတကာ စီးပွားရေးကွန်ဖရင့် ၂၀၁၂ ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲမှ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး မူဝါဒသစ်များနှင့် အခွင့်အလမ်းကောင်းများ ပေးအပ်နိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ လက်ရှိမူဝါဒများကို ပြန်လည်ပြင်ဆင်ထားသည့် ပုံစံသစ်ကို မြင်တွေ့ရမည်ဟု ဆိုသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဘက်မှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနအပြင် စင်ကာပူနိုင်ငံမှ Foreign Recruitment Centre Pte (FRC.Pte)မှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 8:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကတိပျက်ပြီး ပျောက်ဆုံးနေတဲ့ ကျပ်သိန်း(၂၀၀၀)
နာဂစ်ကြောင့် တိုက်ပေါ်ကနေ တဲပေါ်ဆင်းလိုက်ရသူတွေရဲ့ အိမ်
သောင်တိုးမြေကွက်သစ်ဖေါ်ထုတ်ရေးကော်မတီတရပ် ဖွဲ့ စည်းပြီး မြေကွက်ရောင်းချခဲ့ကြောင်း
သိရပါတယ်။
မော်လမြိုင်ကျွန်းအရှေ့ ဘက် မြစ်ထဲမှာ သောင်ထွန်းတဲ့မြေကို သောင်တိုးမြေလို့  ခေါ်ဆိုပြီး
မြေကွက်ရောင်းချခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် ဇွန်လမှာ  သောင်းတိုးမြေကွက်သစ် ဖေါ်ထုတ်ရေး ရန်ပုံငွေလို့ အမည်တပ်ကာ
မြေအကျယ်အ၀န်းပေါ်မူတည်ပြီး ကျပ်(၃) သုံးသိန်း ကနေ ကျပ်(၃၀)သိန်းသုံးဆယ် ကြား
ဈေးအမျိုးမျိုးနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
ရောင်းချရရှိငွေ ကျပ်သိန်းထောင်ပေါင်းများစွာရှိပြီး အဲဒီငွေထဲက မြေသာလမ်းနှင့် အထွေထွေ
ကုန်ကျစရိတ်ကိုနုတ်ကာ ငွေကျပ်သိန်း(၂၀၀၀)နှစ်ထောင်ကျော်ကို  မြန်မာ့စီးပွါးရေးဘဏ်
မှာ အပ်နှံထားပါတယ်။ သောင်တိုးမြေရောင်းစဉ်က ပိုငွေကို သောင်တိုးမြေအတွက် လမ်းမီး
တိုင်းများ၊ ကျောက်ချောလမ်းများနှင့် တံတား(၅)စင်း စသည့်လုပ်ငန်းများ လုပ်ကိုင်မယ်လို့ 
ကော်မတီအစည်းအဝေး ပြုလုပ်စဉ်က  မြို့ မိမြို့ ဖများရှေ့မှာ  ကော်မတီလူကြီးတွေက ကြွေးကြော်
ကတိပေး ခဲ့ပါတယ်။
အခုအခါမှာတော့ ဘာတခုမှအကောင်အထည်ဖေါ်လုပ်တာမတွေ့ ရပဲ ဘဏ်မှာအပ်နှံထားတဲ့ 
ပိုငွေများလည်း ဘာသံမှမကြားတော့တဲ့အကြောင်း မိမိတို့ မှာတော့  သောင်တိုးမြေပေါ်မှာ
လျှပ်စစ်မီးမရှိပဲ မှောင်မှောင်မဲမဲ နဲ့ လုံခြုံမှုကင်းမဲ့စွာသွားလာနေထိုင်ရကြောင်း အဲဒီမြေပေါ်မှာ
လက်ရှိနေထိုင်နေသူတဦးက Myanmar News Now ကိုပြောပြပါတယ်။ 
သစ်ထူးလွင်
Unknown at 8:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ မြန်မာ့ရိုးရာခြင်းလုံးအလှ ခတ်ပွဲတော်ကျင်းပ
ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ပွဲကို ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ခေတ္တရာကွင်းမှာ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မနေ့ညနေ ၃ နာရီခွဲမှာ မြန် မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက ဦးထွန်းလင်းသောင်း၊ မြန်မာနိုင်ငံခြင်းလုံး ဒုတိယဥက္ကဋ္ဌ ဦးထွန်းဝင်း၊ ဒါရိုက်တာ အကယ်ဒမီ ဦးဇင်ယော်မောင်မောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ တစ်ပင်တိုင် ခြင်းအလှခတ်အဖွဲ့နဲ့ တက်သစ်စ လူငယ်ခြင်းလုံးအဖွဲ့၊ ရောင်ကြီးဗွေ ခြင်းလုံးအဖွဲ့၊ မင်းညီမင်းသား အဖွဲ့တို့က သရုပ်ပြ အလှခတ်ပြီး ဖျော်ဖြေ သွားခဲ့ပါတယ်။ အဆိုပါ ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ မြန်မာ့ရိုး ရာ ခြင်းလုံးအလှခတ် ပွဲတော်ကို အခုလ ၂၂ရက်နေ့မှစတင်ပြီး မတ်လ၇ရက်နေ့အထိ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပထမဦးစွာ တက်သစ်စလူငယ်အဖွဲ့က ခြင်းလုံး အလှပြခတ်ကစားခဲ့ပြီး ခနောင်တို ၀ါသနာရှင်အဖွဲ့က ဆက် လက်ပြီး ခြင်းလုံး အလှပြ ခတ်ကစားသွားခဲ့ပါ တယ်။ ခြင်း လုံး အလှပြခတ်ကစားခြင်းကို အဖွဲ့တစ်ဖွဲ့လျှင် မိနစ်၃၀ခန့် အချိန်ပေးထားပါတယ်။
ဒါ့အပြင် ထပ်မံပြီး လင်းလွန်းခြင်းလုံးအဖွဲ့ကလည်း မဟာနွယ်၊ မဟာဒူး၊ စလွယ်စတဲ့ ခြင်းလုံး အလှပြခတ်ကစားသွားခဲ့ပါတယ်။ လင်းလွန်းအဖွဲ့ အလှခတ်ပြီးနောက် ဒဂုံမော်တာခြင်းလုံး အဖွဲ့တို့ က အလှခတ် ကစားပေးသွားခဲ့ပါတယ်။ ဒါ့အပြင် ဋ္ဌေးမိသားစု ခြင်းလုံး အလှခတ် အဖွဲ့ကလည်း အလှပြခတ် ကစားသွားခဲ့ပြီး အဆိုပါ ဋ္ဌေး မိသားစု ခြင်းလုံးအဖွဲ့ကို ပရိသတ်တွေက ဆုတော်ငွေ သုံးသောင်း ချီးမြှင့်သွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရွှေဆိုင်၁၊ AP သန်းထွန်း၊ ဦးဋ္ဌေးဝင်း မန္တလေး တို့အပြင် ဦးဝင်းမော် ဟာသ တို့က အသီးသီးခြင်း အလှခတ်ကစားသွား ခဲ့ပါတယ်။ ဒါ့အပြင် အကယ်ဒမီ ယုယုနိုင် တပင်တိုင် ခြင်းဖွဲ့က အလှပြခြင်းခတ် ကစားပြခဲ့ပါတယ်။ ခြင်းအလှခတ် ပွဲတော်ကို မြန်မာနိုင် ငံ ခြင်းလုံးအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပခဲ့ပြီး ခြင်းလုံး အလှခတ်အဖွဲ့ပေါင်း ၂၂၅ သင်းခန့်က အလှပြခြင်းခတ်ကြမှာပဲ ဖြစ်ပါ တယ်။ ခြင်း အလှခတ်ပွဲကို နေ့စဉ် ၄နာရီမှာ စတင်ပြီး ည ၁၁နာရီအထိ ကျင်းပမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Unknown at 8:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်
ရန်ကုန်-မော်ကျွန်းအဝေးပြေးကား ပြေးဆွဲလျက်ရှိသော မှန်လုံကားတစ်စီးသည်
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် မော်ကျွန်းမြို့မှ အထွက် ရာဇူတိုင် အမှတ်(၁) တံတားအလွန်တွင် တိမ်းမှောက်မှု ဖြစ်ပွားရာ လူတစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ ၁၆ယောက် ဒဏ်ရာရရှိခဲ့သည်။ ဖြစ်ပွားပုံမှာ ဒရိုင်ဘာကိုမြင့်ဝေ မောင်းနှင်သော ကားသည် ရာဇူတိုင်အမှတ်(၁) တံတားသို့ အရောက်တွင် ဘရိတ်ချို့ယွင်း သွားပြီး လမ်းဘေးသို့ ထိုးဆင်းသွားရာ သေဆုံး သူငှက်တော်ကျေးရွာနေ ကိုထွန်းသိန်း ၂၃ နှစ်သည် ကားပေါ်က ခုန်အဆင်း မြေပြင်ပေါ်သို့အရောက် ကားမှာ ၄င်းပေါ်သို့ လဲကျတိမ်းမှောက် သွား၍ ကားဝိတ် ပိမိသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။ ကားအတွင်း ကျန်ရှိသူများမှာ ဒဏ်ရာများ ရရှိပြီး ကားကိုအားချင်းတည့်မတ်ကာ ကယ်ထုတ်ခဲ့ရသည်။ ၄င်းကားမှာ အရှေ့ပိုင်းအနည်းငယ် ပျက်စီးသွားပြီး နောက်ဖက်နှင့် ဘေးဖက်ရှိ လေကာမှန်တချို့လည်း ပျက်စီးသွားသည်။ ဒဏ်ရာရရှိသူများအနက် စပယ်ယာကိုစိုင်းရတ် ၂၇ နှစ်(လည်ချောင်း၊ ရင်ဘတ်ဒဏ်ရာ)နှင့် ဆရာတော် ဦးဥတ္တရ (ဦးခေါင်းဒဏ်ရာ)တို့ ဒဏ်ရာပြင်းထန်၍ အရေးပေါ်ကုသလျက်ရှိပြီး အခြားဒဏ်ရာ ရရှိသူ လေးယောက်ကိုလည်း ဆေးရုံတင် ကုသလျက်ရှိသည်။
ပေါ်ပြူလာဂျာနယ်
Unknown at 8:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြီးများလွှတ်တော်တက်နေစဉ်
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက်မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်းများတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ်တစ်ကြောင်း အထက်တန်းအဆင့်ဖြင့် မိမိအပါအ၀င် ငါးဦးအတွက် အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းကော်မီတီက ပြောကြားသည်။
ပေါ်ပြူလာဂျာနယ်
Unknown at 8:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နယ်စပ်လုံခြုံရန် သူရ ဦး​ရွှေမန်း​ကို တရုတ် ​တောင်း​ဆို
မြန်မာအစိုး​ရအ​နေနဲ့​ နယ်စပ်​ဒေသလုံခြုံ​ရေး​ကို ​သေချာ​အောင် ​ဆောင်ရွက်ဖို့​တရုတ်အစိုး​ရက ​တောင်း​ဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​ကို တရုတ်အစိုး​ရ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ အကြီး​အကဲ ဂျာချင်လင်း​ (Jia Qinglin) က ​ပြောကြား​ခဲ့​တာပါ။
မြန်မာအစိုး​ ရဟာ တိုင်း​ရင်း​သား​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခကို ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ​ဖြေရှင်း​နိုင်လိမ့်​မယ်လို့​ တရုတ်အစိုး​ရက ​မျှော်လင့်​တဲ့​ အ​ကြောင်း​ တရုတ်နိုင်ငံခြား​ရေး​ဌာနရဲ့​ ​ပြောဆိုချက်ကို ကိုး​ကား​ပြီး​ ​အေပီသတင်း​မှာ ​ဖော်ပြပါတယ်။
တရုတ်နယ်စပ်မှာ မြန်မာအစိုး​ရနဲ့​ ကချင်လက်နက်ကိုင်တပ်​တွေ တိုက်ပွဲ​တွေ​ကြောင့်​ ဒုက္ခသည်​တွေ တရုတ်နိုင်ငံထဲထိ ​ရောက်ရှိလာမှုနဲ့​ ထိုင်း​-မြန်မာ နယ်စပ် မဲ​ခေါင်မြစ်ထဲမှာ တရုတ်သ​င်္ဘော​တွေ တိုက်ခိုက်ခံရမှု​တွေ​ကြောင့်​ တရုတ်က နယ်စပ်လုံခြုံ​ရေး​ စိုး​ရိမ်ပူပန်​နေတာပါ။
တရုတ်အစိုး​ ရပိုင် ဆင်ဟွာသတင်း​မှာ​တော့​ တရုတ်အစိုး​ရ အကြံ​ပေး​ပုဂ္ဂိုလ် ဂျာချင်လင်း​က မြန်မာနိုင်ငံနဲ့​ ကုန်သွယ်​ရေး​၊​ ယဉ်​ကျေး​မှု ကဏ္ဍ​တွေမှာ ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ အပါအဝင် မဟာဗျူဟာ​မြောက် ဆက်ဆံ​ရေး​ကို တိုး​မြှင့်​ ​ဆောင်ရွက်မယ်လို့​ ကတိပြု ​ပြောကြား​လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ​ ရင်း​နှီး​တဲ့​ အိမ်နီး​ချင်း​နိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​ရေး​လမ်း​ကြောင်း​ကို ​ထောက်ခံအား​ပေး​ပြီး​ နိုင်ငံတည်ငြိမ်ဖွံ့​ဖြိုး​ရေး​ အား​ထုတ်​နေမှု​တွေကိုလည်း​ ဆက်လက် အား​ပေး​နေမယ်လို့​ပြောပါတယ်။
နယ်စပ်​ဒေသ ငြိမ်း​ချမ်း​တည်ငြိမ်​ရေး​ကို အကာအကွယ်​ပေး​ဖို့​ ကိစ္စဟာ နှစ်နိုင်ငံစလုံး​ရဲ့​ ဘုံအကျိုး​စီး​ပွား​ ဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။
မြန်မာကိုယ်စား ​လှယ် အဖွဲ့​ခေါင်း​ဆောင် သူရဦး​ရွှေမန်း​က​တော့​ ယခုနှစ်ပိုင်း​တွေအတွင်း​ မြန်မာနိုင်ငံအ​ပေါ် တရုတ်ရဲ့​ အား​ပေး​ ​ထောက်ခံမှုကို ​ကျေး​ဇူး​တင်တဲ့​အ​ကြောင်း​ အစိုး​ရနဲ့​ ပြည်သူ​တွေဟာ တရုတ်နဲ့​ ချစ်ကြည်​ရေး​ကို တန်ဖိုး​ထား​တယ်လို့​ တုံ့​ပြန်​ပြောကြား​ခဲ့​ပါတယ်။
သူရ​ရွှေမန်း​ ခေါင်း​ဆောင်တဲ့​ မြန်မာကိုယ်စား​လှယ်အဖွဲ့​ဟာ တရုတ် အမျိုး​သား​ပြည်သူ့​ ကွန်ဂရက်ဥက္ကဋ္ဌ ဝူဘန်ကို့​ရဲ့​ ဖိတ်ကြား​ချက်အရ မြန်မာနိုင်ငံက​နေ ​ဖေ​ဖော်ဝါရီ ၂၂ – ၂၆ ရက်အထိ ၅ ရက်ခရီး​စဉ် အဖြစ် ​ရောက်ရှိ ​နေတာပါ။
ဒီခရီး​ စဉ်အတွင်း​ တရုတ်ပြည်သူ့​လွတ်​မြောက်​ရေး​တပ် စစ်ဦး​စီး​ချုပ် အပါအဝင် တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။ 
ဒီဗွီဘီ
Unknown at 8:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.