Saturday, February 25, 2012

နိုင်ငံတကာ စီးပွားရေးကွန်ဖရင့်ကြီး မြန်မာနိုင်ငံတွင် မေလ၌ ကျင်းပမည်


From : ခေတ်လူငယ်
နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်သော နိုင်ငံတကာ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကြီးတ စ်ခုကို လာမည့် မေလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ပွဲမျိုးဖြစ်ကာ ယင်းမှ နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်စေမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။ ငါးရက်တာ ကျင်းပမည်ဖြစ်သော အဆိုပါ နိုင်ငံတကာ စီးပွားရေးကွန်ဖရင့် ၂၀၁၂ ကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲမှ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေး မူဝါဒသစ်များနှင့် အခွင့်အလမ်းကောင်းများ ပေးအပ်နိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ လက်ရှိမူဝါဒများကို ပြန်လည်ပြင်ဆင်ထားသည့် ပုံစံသစ်ကို မြင်တွေ့ရမည်ဟု ဆိုသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဘက်မှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနအပြင် စင်ကာပူနိုင်ငံမှ Foreign Recruitment Centre Pte (FRC.Pte)မှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 8:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.