![]() |
နာဂစ်ကြောင့် တိုက်ပေါ်ကနေ တဲပေါ်ဆင်းလိုက်ရသူတွေရဲ့ အိမ် |
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ ရှိ သောင်တိုးမြေမှာ မြို့ နယ် အာဏာပိုင်တွေက
သောင်တိုးမြေကွက်သစ်ဖေါ်ထုတ်ရေးကော်မတီတရပ် ဖွဲ့ စည်းပြီး မြေကွက်ရောင်းချခဲ့ကြောင်း
သိရပါတယ်။
မော်လမြိုင်ကျွန်းအရှေ့ ဘက် မြစ်ထဲမှာ သောင်ထွန်းတဲ့မြေကို သောင်တိုးမြေလို့  ခေါ်ဆိုပြီး
မြေကွက်ရောင်းချခဲ့တာဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် ဇွန်လမှာ သောင်းတိုးမြေကွက်သစ် ဖေါ်ထုတ်ရေး ရန်ပုံငွေလို့ အမည်တပ်ကာ
မြေအကျယ်အ၀န်းပေါ်မူတည်ပြီး ကျပ်(၃) သုံးသိန်း ကနေ ကျပ်(၃၀)သိန်းသုံးဆယ် ကြား
ဈေးအမျိုးမျိုးနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
ရောင်းချရရှိငွေ ကျပ်သိန်းထောင်ပေါင်းများစွာရှိပြီး အဲဒီငွေထဲက မြေသာလမ်းနှင့် အထွေထွေ
ကုန်ကျစရိတ်ကိုနုတ်ကာ ငွေကျပ်သိန်း(၂၀၀၀)နှစ်ထောင်ကျော်ကို မြန်မာ့စီးပွါးရေးဘဏ်
မှာ အပ်နှံထားပါတယ်။ သောင်တိုးမြေရောင်းစဉ်က ပိုငွေကို သောင်တိုးမြေအတွက် လမ်းမီး
တိုင်းများ၊ ကျောက်ချောလမ်းများနှင့် တံတား(၅)စင်း စသည့်လုပ်ငန်းများ လုပ်ကိုင်မယ်လို့ 
ကော်မတီအစည်းအဝေး ပြုလုပ်စဉ်က မြို့ မိမြို့ ဖများရှေ့မှာ ကော်မတီလူကြီးတွေက ကြွေးကြော်
ကတိပေး ခဲ့ပါတယ်။
အခုအခါမှာတော့ ဘာတခုမှအကောင်အထည်ဖေါ်လုပ်တာမတွေ့ ရပဲ ဘဏ်မှာအပ်နှံထားတဲ့ 
ပိုငွေများလည်း ဘာသံမှမကြားတော့တဲ့အကြောင်း မိမိတို့ မှာတော့ သောင်တိုးမြေပေါ်မှာ
လျှပ်စစ်မီးမရှိပဲ မှောင်မှောင်မဲမဲ နဲ့ လုံခြုံမှုကင်းမဲ့စွာသွားလာနေထိုင်ရကြောင်း အဲဒီမြေပေါ်မှာ
လက်ရှိနေထိုင်နေသူတဦးက Myanmar News Now ကိုပြောပြပါတယ်။
သစ်ထူးလွင်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge