Thursday, February 23, 2012

မြန်မာနိုင်ငံသားတိုင်း ခံစားနားဆင်ကြည့်ရှုနိုင်စေဖို့


ပြည်ထောင်စုသွေးချင်းတို့ရဲ့ချစ်တဲ့ ဌာနီ
ဒီမြေဟာဒို့မြေမို့ ချစ်မြတ်နိုးသည်
စေတနာကောင်းတဲ့ မြန်မာပြည်
ညီညီညာမောင်နှမများတို့ ပေါင်းစည်းကာညီ...
ရေမြေတွေ တစ်သားတည်းညီ ထာဝစဉ်သာ စည်းလုံးမည်..
ဂုဏ်ယူစာ ပျော်စရာကောင်းတဲ့ ပြည်....
ဘယ်ဘယ်ခါ မခွဲကြစတမ်း အဓိဌာန်ပြုမည်...
ထာဝစဉ် တွဲလက်ခိုင်တည်....
နိုင်ငံတော် တည်ဆောက်ရေးအတွက် ဒို့လက်တွေသည်...
ခိုင်ခိုင်မာ တစ်ယောက်တစ်လှည့်ညီ ပါဝင်ကာ တွဲယှက်မည်...
အောင်မြင်စွာ ရွှေပြည်ခရီးသို့ချီ....
အောင်မြင်မှုကို တို့တည်ဆောက်မည် မြန်မာပြည်...
သစ္စာတွေခိုင်တည်မြဲလို့ အောင်ပွဲသို့ချီတက်နေပါပြီ...
တွဲလက်တွေ ခိုင်မြဲကြ သွေးချင်းများသည်...
တို့ရဲ့ မိခင်မြေက ခမ်းနားလှသည်...
ရေမြေတွေတစ်သားတည်းညီ... ညီညာစုစည်းကြသည်
ပြည်မြန်မာ အောင်မြင်စခန်းသို့ချီ....
ကြားစကားတွေမယုံနဲ့ ဟေ့... သွေးချင်းတို့ ညီ
သွေးခွဲသပ်လျှိုနေတဲ့ ဖျက်သတိပြုမည်...
ထာဝစဉ် နှိုးကြားညီညီ...
ဂုဏ်ယူစရာကောင်းတဲ့ မြန်ပြည်...
ပြည်ထောင်စုသားတို့သည် ညီညာစုစည်းကြသည်...
ပြည်မြန်မာ အောင်မြင်စခန်းသို့ ချီ....
လာလာ... လာကြ ဟေ့တို့မောင်နှမ သားချင်းတွေသည်..
တူတူ လက်တွဲလို့ ဓိဌာန်ပေး ခရီးဆက်ပါမည်...
တိုင်းရင်းသားတွေရဲ့ ရိုင်းပင်းအားတွေညီ...
အောင်မြင်မှုကို တို့တည်ဆောက်မည် မြန်မာပြည်...
သစ္စာတွေ ခိုင်တည်မြဲလို့ အောင်ပွဲသို့ချီတက်နေပါပြီ...

   ဘကြီးသက်
Unknown at 4:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ်ပထမဆုံးရရှိတဲ့ ဓါတ်ပုံ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်  မြစ်ကြီးနားလေဆိပ်မှာကြိုဆိုသူများကို နှုတ်ဆက်နေစဉ်
အန်တီစု မြစ်ကြီးနားကို ရောက်ပါပြီ... ဒါမြစ်ကြီးနား လေဆိပ်မှာ အန်တီ့ ကိုသွားကြိုတာပါ.... လာကြို တဲ့ အထဲမှာ GTC ကျောင်းသား ကျောင်းသူ အများဆုံးဖြစ်ပါတယ်... မနက်ဖြန် ၂၄ ရက်နေ့  နံနက် ၉ နာရီမှာ ဘောလုံးကွင်း ထက် သုံးဆ လောက်ကြယ်တဲ့ နှစ်စဉ် မနောပွဲ ကျင်းပတဲ့ မနောကွင်းကြီးမှာ အန်တီ ဟောပြောမှာ ဖြစ်ပါတယ်..
Kyaw Swar Shayne
Unknown at 4:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းနှင့် ဂျပန်နိုင်ငံသားတို့ နှစ်ဦး အပြန်အလှန် တရားစွဲဆိုထားသည့် အမှုကို တရားရုံးမှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမည်


orchid
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံသားတို့ နှစ်ဦးအပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် ပုဇွန်တောင်တရားရုံးမှ စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပုဇွန်တောင်တရားရုံးမှ အဆိုပါဖြစ်စဉ်မှ တရားခံ၊ တရားလိုများ ကို တရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်က ခေါ်ယူခဲ့ပြီး၊ နှစ်ဘက်မှ အကျိုးဆောင်မည့်ရှေ့နေ့များက ကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက် ရန် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း၊ စကားပြန်များထားရှိရန်နှင့် ပတ်သက်သည့် အကြောင်းအရင်းများ ကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ စတင် စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း ပုဇွန်တောင်တရားရုံးနှင့် ရှေ့နေ့ထံမှ သိရှိရသည်။
ပုဇွန်တောင်မြို့နယ် တရားရုံး မှ ဖေဖောဝါရီလ ၂၂ ရက်နေ့တွင် နှစ်ဘက်တရားခံ၊ တရားလိုများကို နံနက် ၁၀ နာရီအချိန် ချိန်းဆိုခဲ့သော်လည်း မြန်မာအမျိုးသမီးဖြစ်သူ Orchid Hotel  မှဒေါ်......(၂၄)နှစ်မှ တရားရုံးသို့ ယင်းနေ့နံနက် ၁၀ နာရီ အချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ အလားတူ ဂျပန်နိုင်ငံသား ........(၅၇) နှစ်ဖြစ်သူမှာ တရားရုံးသို့ နံနက် ၁၁ နာရီအချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
မြန်မာ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်.......(၂၄)နှစ်မှ ဂျပန်နိုင်ငံသား .......(၅၇)နှစ်ကို အမှုဖွင့်ပြီး၊ တရားစွဲဆိုရခြင်း၏ အကြောင်းအရင်းမှာ အဆိုပါ ဂျပန်နိုင်ငံသားက ဟိုတယ်သို့ ပြင်ပမှ မိန်းကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် အတွက် ဟိုတယ် စည်းကမ်းအရ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ရာမှ၊ဂျပန်နိုင်ငံသား....... မှ မကျေနပ်၍ ဒေါ်........အား ပါးရိုက်သည့်အတွက် ဒေါ်......မှ ဂျပန်နိုင်ငံ သား.......အပေါ် အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဂျပန်နိုင်ငံသားဘက်မှ ဟိုတယ်သို့ ပြန်လာစဉ်ဧည့်ကြို ကောင်တာတွင် အပ်ထားသော အခန်းသော့အား တောင်းရာမပေးသည့်အပြင်၊ ဟိုတယ်အပြင်သို့ အတင်းမောင်းထုတ်သည့် အကြောင်းရင်းများဖြစ် အမှုဖွင့်ပြီး တိုင်ကြားထားခြင်း ဖြစ်ကြောင်း တိုင်ကြားချက်မှ သိရှိရသည်။
ဒေါ်.......(၂၄)နှစ်မှ ဂျပန်နိုင်ငံသားအပေါ် အရေးယူပေးရန် တရားလိုပြုတိုင်တန်းမှုအား ပုဇွန်တောင် ရဲစခန်း (ပ)၁၈/၁၂၊ ပုဒ်မ- ၃၂၃/ ၃၅၄ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ ဂျပန်နိုင်ငံသား..... (၅၇) နှစ်မှဒေါ်.....(၂၄)နှစ်နှင့် အပေါင်း အပါများအပေါ် အရေးယူပေးရန် တရားလိုပြု တိုင်တန်းမှုအား ပုဇွန်တောင် ရဲစခန်း(ပ)၂၃/ ၂၀၁၂၊ ပုဒ်မ ၃၄၁/ ၅၀၆ ဖြင့် ဖေဖော်ဝါရီလ ၁ ရက် နေ့၌ အမှုဖွင့်ထားကြောင်း သိရသည်။

Eleven  Media Group
Unknown at 2:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အုန်းဖြန် ဒုက္ခသည်စခန်း မီးလောင်မှုတခု ဖြစ်ပွား(ရုပ်သံ)


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ တည်ရှိတဲ့ ကရင် ဒုက္ခသည်စခန်းတခုဖြစ်သည့် အုန်းဖြန် ဒုက္ခသည်စခန်းရှိ ရပ်ကွက် (၆၊၇၊၈၊၉) တွေမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၁၁း၃၀ အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ရပ်ကွက်(၈)ရှိ ရပ်ကွက်မှူးအိမ်မှ ဟင်းချက်ရန် မီးမွှေးရာကနေ စတင်လောင်ကျွမ်းတာလို့ ပြောနေကြပြီး ဒုက္ခသည်စခန်းရှိ နေအိမ်တွေက သက်ကယ်မိုးထားတဲ့ အိမ်တွေ အများစုဖြစ်တာကြောင့် မီး ပိုမိုအရှိန်မြှင့်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းအနီးတဝိုက်တွင် မီးသတ်စခန်းမရှိတာကြောင့် မီးသတ်ကားမလာရောက်နိုင်ပဲ မီးသတ်ဆေးဘူးတွေနဲ့ပဲ ငြိမ်းသတ်နေရတယ်လို့ သိရှိရပါတယ်။ နေ့လည် ၂း၀၀ အချိန်ခန့်မှာ မီးညွန့်ကျိုးနေပြီလို့ သတင်းရရှိပါသည်။
Unknown at 2:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သိမ်ကြီးဈေး B ရုံ အရှေ့၌ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀း၂၀ မိနစ် အချိန်က ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်ရှိ သိမ်ကြီးဈေး B ရုံ အရှေ့၌ မြေအောက်ဝါယာကြိုး အပူလွန်၍ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ထိုမီးလောင်မှုအား ဈေးသူဈေးသားများမှ မီးသတ်ဆေးဘူးများဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်မှုကြောင့် ဈေးဆိုင်ခန်းများသို့ ကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။ ပေါ်ပြူလာဂျာနယ်
Unknown at 2:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ ရောက်ရှိပြီ

ဒ်ါအောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ ရောက်ရှိပြီ
၂၃ ဖေဖော်ဝါရီ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် ခရီးစဉ်အတွက် ဒီနေ့မနက်မှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသည့်လေယာဉ် မြစ်ကြီးနားလေဆိပ်သို့ ယခု ၁၁နာရီ ၅၂ မိနစ်တွင်ဆိုက်ရောက်ပြီဖြစ်သည်။
Unknown at 2:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရှင်ဝီရသူ ဆန္ဒပြမည်



"---ငြိမ်းချမ်းစွာ အေးချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း၊ ဆန္ဒပြုခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်ဆောင်ရွက်မည်---" တဲ့။အရှင်ဝီရသူရဲ့ ကြေညာချက် ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား
အကုန်လွှတ်ဖို့ ဆန္ဒပြမယ် လို့ ဆိုပါတယ်။


အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၂)
၁၃၇၃-ခု တပေါင်းလဆန်း(၁)ရက်၊ (၂၂.၂.၂၀၁၂)

(က) ဦးပဉ္ဇင်းသည် ၁၃.၁.၂၀၁၂-ရက်နေ့တွင် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သူ ဖြစ်ပါသည်။ မြစ်ကြီးနားထောင်မှ(၁၁)ယောက် လွတ်မြောက်ရာတွင် သီးသန့်(ယုံကြည်ချက်) အကျဉ်းသား(၅)ဦး ပါဝင်ခဲ့ပါသည်။ မြစ်ကြီးနားထောင်၌ လက်ရှိနိုင်ငံရေး(ယုံကြည်ချက်)အကျဉ်းသား သံဃာနှစ်ပါး ကျန်ရစ်ခဲ့ပါသည်။ တစ်ပါးမှာ ဦးဂန္ဓသာရ(မန္တလေး၊ မူလဆီးဘန်နီတိုက်)ဖြစ်ပြီး၊ ကျန်တစ်ပါးမှာ ဦးဓမ္မသာမိ(မန္တလေး၊ ရန်ကင်းတောင်) ဖြစ်ပါသည်။ နှစ်ပါးစလုံးသည် ရွှေဝါရောင်အကြိုကာလနှင့် ရွှေဝါရောင် ကာလ နိုင်ငံရေးဆောင်ရွက်ချက်များကြောင့် အကျဉ်းကျခံနေရခြင်း ဖြစ်ပါသည်။

(ခ) မန္တလေးထောင်တွင် NLD-မှ ကိုမင်းသူ၊ ကိုဝင်းရွှေ၊ ကိုဝင်းကြည်-နှင့် ကျောက်ဆည်အဖွဲ့မှ မင်းကုန်း ကျောင်းဆရာတော်ကြီးအပါအ၀င် သံဃာလေးပါးသာ လွတ်ပါသည်။ ယုံကြည်ချက်အကျဉ်းသားများ အမြောက် အများပင် ကျန်ရှိနေခဲ့ပါသည်။ သံဃာအပါး(၂၀)နှင့် လူပုဂ္ဂိုလ်(၅၆)ယောက်။ စုစုပေါင်း(၇၆)ဦး ကျန်ခဲ့ပါ သေးသည်။

(ဂ) ဦးပဉ္ဇင်းတို့ ထောင်မှလွတ်သော်လည်း ဦးပဉ္ဇင်းတို့၏ အမှုတွဲများ၊ ရပ်ဆွေ ရပ်မျိုးများ၊ လုပ်ဖော်ကိုင်ဖက် များ၊ တပည့်ဒကာများ-များပြားစွာ ကျန်ရစ်နေသောကြောင့် စိတ်မလွတ်လပ်သေးပါ။ ၎င်းတို့အတွက် များစွာ ကြောင့်ကြနေရပါသည်။ ၎င်းတို့၏ မိသားစုများကိုလည်း နှစ်သိမ့်နားချနေရပါသည်။ ခေါင်းတွဲနှင့် အထက်တန်း တွဲများထွက်ပြီး အထက်တန်းအချို့နှင့် ရိုးရိုးတန်းအတွဲများ ပြုတ်ကျန်နေခဲ့သော ရထားတစ်စင်းလို ဖြစ်နေသော ကြောင့် လွတ်မြောက်သူလည်း စိတ်မချမ်းသာ၊ ကျန်ရစ်သူလည်း ၀မ်းနည်းပက်လက် ဖြစ်နေရပါသည်။

ဦးပဉ္ဇင်းအား လွတ်မြောက်သံဃာကံထပ်ပွဲသို့ ကြွရောက်ရန် ရန်ကုန်မြို့က ပင့်ဖိတ်ပါသည်။ ဦးပဉ္ဇင်း မကြွပါ။ ထောင်ထဲမှာ သံဃာတွေကျန်ရစ်နေသေးသောကြောင့် ဖြစ်ပါသည်။ ကျန်ရစ်အကျဉ်းသားများ လွတ်မြောက်ရေး campaigm-တစ်ခု ကျင်းပဖို့လည်း တိုင်ပင်ပါသည်။ ဦးပဉ္ဇင်း သဘောမတူခဲ့ပါ။ ဘုရားကြီး ငါးပါးလှုပ်ရှားမှုကြောင့် လွတ်လပ်ရေးနေ့ အစီအစဉ်ပျက်ခဲ့ရကြောင်း၊ ယခုလည်း ပြည်ထောင်စုနေ့ အစီအစဉ် ရှိလျှင် ပျက်သွားနိုင်ကြောင်း ပြောပြခဲ့ပါသည်။

(ဃ) ယုံကြည်ချက် အကျဉ်းသားများ ကျန်ရှိနေက စာရင်းပို့ပါ၊ လွှတ်ပေးပါမည် ဆို၍ ပြည်ထဲရေးဝန်ကြီးဌာန- ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကိုကိုထံသို့လည်းကောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လည်းကောင်း၊ အခြားပြည်တွင်း ပြည်ပအဖွဲ့အစည်းများသို့ လည်းကောင်း လက်ကျန် ယုံကြည်ချက် အကျဉ်း သားများ စာရင်းကို အရောက်ပေးပို့ခဲ့ပါသည်။

ပြည်တွင်းပြည်ပ-အစိုးရများ၊ အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ ဧည့်သည်တော်များ၊ သက်ဆိုင်ရာဌာနများကလည်း လက်ကျန်ယုံကြည်ချက် အကျဉ်းသားများ လွှတ်ပေးဖို့တောင်းဆိုနေကြသည်ကို တွေ့ရပါသည်။ ပြည်ထောင်စုနေ့ လွှတ်မည်ထင်သော်လည်း လွှတ်မပေးခဲ့ပါ။ နောက်နောင် မည်သည့်အချိန်မှာ လွှတ်ပေးမည်ဆိုသည်ကိုလည်း မသိရပါ။ လွှတ်ပေးဖို့ အစီစဉ်ရှိသေးသည်/ မရှိတော့ဘူးဆိုသည်ကိုလည်း မသိရပါ။

ဆရာလွတ်ပြီး တပည့်မလွတ်လျှင် ဆရာကြောင့်ကြ၊ တပည့်သောက။ အဖေလွတ်ပြီး သားမလွတ်လျှင် အဖေ၀မ်းနည်း၊ သားကြေကွဲ။ လူကြီးလွတ်ပြီး လူငယ်မလွတ်လျှင် လူကြီးစိတ်မချမ်းသာ၊ လူငယ်စိတ်ဆင်းရဲ ခြင်းတည်းဟူသော ဒုက္ခအမျိုးမျိုးကို ခံစားရတတ်ပါသည်။ ဦးပဉ္ဇင်းတို့လည်း ထို့အတူ ဖြစ်ပါသည်။ လူလွတ် မြောက်သော်လည်း စိတ်မလွတ်မြောက်သေးပါ။

ကျန်ရစ်သော ယုံကြည်ချက် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် စာရေးစာတင် တောင်းဆိုရုံ မျှဖြင့် မရနိုင်တော့ပါ။ တောင်းဆိုမှု အဆင့်ဆင့် ပြုလုပ်ရပါတော့မည်။ သို့သော်…သမ္မတကြီး ဦးသိန်းစိန်နှင့် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ်ကြီး မထိခိုက်စေရပါ။ ငြိမ်းချမ်းစွာ အေးချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း၊ ဆန္ဒပြုခြင်းတို့ကို ရှေးဦးစွာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးပဉ္ဇင်း၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ငြိမ်းချမ်းရေးပန်းတိုင်သို့ ရှေးရှုဦးတည်လျက်

ဦးပဉ္ဇင်း

ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ၊
ဓမ္မသဟာယကျောင်းနာယက၊
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့

                                      ဧရာဝတီ bloge မှ...
Unknown at 2:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဂုဏ်ဆောင် ဧည့်စာရင်းစစ်ခြင်း နှင့် အင်တာနက်ဆိုင် မာရှယ်လော




(ဓာတ်ပုံ - fu-min)

ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင်များအားလုံး ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က အင်တာနက်ဆိုင်များကို လိုက်လံ အကြောင်းကြားလျက်ရှိသည် ဟု အင်တာနက်ဆိုင်ရှင်များနှင့် အင်တာနက်သုံးစွဲသူများက ဆိုသည်။

“ကျွန်တော်တို့ အင်တာနက်ဆိုင်ပိုင်ရှင်တွေကို ည ၁၀ နာရီမှာ ဆိုင်ပိတ်ကြဖို့နဲ့၊ နောက်အကျဆုံး ဆိုင်ပိတ်ချိန် ၁၁ နာရီထက် မကျော်ဖို့ ရပ်ကွက်ရုံးက တာဝန်ရှိသူတွေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လာပြောသွားပါတယ်” ဟု အလုံမြို့နယ် ငုဝါလမ်းရှိ အင်တာနက်ဆိုင်ရှင်က ပြောသည်။

ရပ်ကွက်ရုံးက သတိပေးချက်ကို သိရှိပြီး ဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းတဲ့ အတွက် လက်မှတ်ထိုးပေးလိုက်ရသည်ဟု လည်း သူက ဆိုသည်။

“အင်တာနက် ကော်နက်ရှင်တွေက သိကြတဲ့ အတိုင်းပဲ နေ့ခင်းပိုင်းတွေမှာ သိပ်မကောင်းတဲ့ အတွက် တစ်ချို့က ညမိုးချုပ် ၁၀ နာရီ ၁၁ နာရီကျမှ ဆိုင်ကို လာကြတာတွေ ရှိပါတယ်၊ ကျွန်တော်တို့လည်း အားနာနာနဲ့ပဲ ဆိုင်ပိတ်ပြီ ဆိုတဲ့ အကြောင်း ပြောလွှတ်လိုက်ရပါတယ်” ဟု သူက ပြောသည်။

မင်္ဂလာ တောင်ညွှန့် မြို့နယ် ဗညားဒလလမ်းပေါ်ရှိ အင်တာနက်ဆိုင်ရှင်ကလည်း “ကျွန်တော်တို့ လည်း သတိပေးခံရပါတယ်၊ ဆိုင်ကို ၁၁ နာရီထက် နောက်မကျဘဲ ပိတ်ပေးဖို့ကို မပိတ်ရင် ဘယ်လို ဥပဒေနဲ့ အရေးယူမည် ဆိုတာကိုတော့ မပြောသွားပါဘူး” ဟု ဆိုသည်။

ည ၁၂ နာရီနောက်ပိုင်း မိမိ မိသားစု သန်းခေါင်စာရင်းရှိရာ နေအိမ်တွင် နေထိုင်ခြင်း မရှိပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ငွေဒဏ်ဖြစ်စေ၊ ၁၄ ရက်အထိ ပြစ်ဒဏ်ဖြစ်စေ ဖမ်းဆီးထောင်ချခွင့် ရှိသည်ဟု သိရှိရပြီး၊ မြို့နယ်တာဝန်ရှိသူများအပေါ် မူတည်ကာ ပြစ်ဒဏ်များကို အတိုးအလျော့ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အင်တာနက်ဆိုင်တွေကိုတော့ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ခိုင်းတယ်၊ ကျွန်တော်တို့ မြို့နယ် အတွင်းမှာပဲ ရှိတဲ့ မင်္ဂလာဈေးဝင်းထဲက စားသောက်ဆိုင်တွေ၊ ညကလပ်တွေကိုတော့ သန်းခေါင်ကျော် ၃ နာရီလောက်အထိ ဖွင့်ခွင့် ပေးထားပါတယ်၊ ဒါက မတရားဘူးထင်တယ်” ဟု အထက်ပါ အင်တာနက်ဆိုင်ရှင်က ဆိုသည်။

တာမွေမြို့နယ်အတွင်းနေထိုင်သော ဘာသာ စကားသင်တန်းကျောင်းမှ ဆရာတစ်ဦးကလည်း “ကျွန်တော် ဂျပန်မှာ ၁၀ နှစ်လောက် အလုပ်လုပ်ပြီး ပြန်လာတာပါ၊ သူတို့ နိုင်ငံတွေမှာ သန်ခေါင်းစာရင်း တိုင်ရတယ် ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး၊ ဂျပန်မှာဆိုရင် စားသောက်ဆိုင်တွေ ဈေးဆိုင်တွေ အလုပ်ရုံတွေက နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး လည်ပတ်နေတာပါ၊ တိုးတက်တဲ့ နိုင်ငံမှာတောင် ၂၄ နာရီပတ်လုံး အလုပ်လုပ်နေကြတာ၊ ကျွန်တော်တို့ လိုနိုင်ငံမှာ ဒီလို ချုပ်ချယ်မှုတွေ ရှိရင် နိုင်ငံတစ်ကာနဲ့ ရင်ဘောင်တန်းဖို့ ဆိုတာ အိပ်မက် တစ်ခုလိုပဲ ဖြစ်နေမှာပါ” ဟု ဆိုသည်။

အလွတ်တန်း သတင်းထောက် အောင်နိုင် ရေးသားပေးပို့သည်။
Unknown at 10:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်ဆန့်ကျင်ရေး ပြောဆိုမှုများကို စင်ကာပူ သတိပေး


From :(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
ဝါရှင်တန်- ပိုမိုကြီးမားလာသော တရုတ်အင်အားကို ထိန်းချုပ်ရေးဆိုင်ရာ အမေရိကန်၏ မဟာဗျူဟာကြောင့် အာရှဒေသအတွင်း ပဋိပက္ခ ပေါ်ပေါက် လာနိုင်၍ တရုတ်နိုင်ငံအပေါ် တစ်ဖန် သုံးသပ်ရာတွင် သတိထားဆင်ခြင်ရန် စင်ကာပူနိုင်ငံခြားရေး ၀န်ကြီး ကေရှန် မူဂန်က ဖေဖော်ဝါရီလ ၈ ရက်တွင် သတိပေးပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် တရုတ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုသည့် အခြေအနေကို မိမိတို့ မြင်တွေ့ နေရပြီဖြစ်သော်လည်း အမေရိကန်တို့၏ တရုတ်ဆန့်ကျင်ရေး ပြောဆိုရေးသားမှုများကို မိမိတို့ တွေ့ နေရသည်ဟု ၀ါရှင်တန်သို့ ရောက်ရှိနေ သော စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
ယင်းသို့ ဆန့်ကျင်ပြောဆိုရေးသားမှု အချို့သည် ရွေးကောက်ပွဲကျင်းပသည့် နှစ်အတွင်း၌ မလွှဲသာမရှောင်သာ ပေါ်ထွက်နေမည်ဖြစ် သော်လည်း ယင်း ပြောဆိုရေးသားမှုများကြောင့် အာရှ ဒေသအတွင်း မမျှော်လင့်သည့် ပြဿနာ အသစ်များ ပေါ်ပေါက်လာနိုင်သည့် အခြေအနေကိုမူ အမေရိကန်တို့ လျှော့တွက်မထားသင့်ဟု ၎င်းက ဆိုသည်။
စင်ကာပူနိုင်ငံသည် အမေရိကန် နိုင်ငံ၏ ရင်းနှီးသော မိတ်ဆွေနိုင်ငံဖြစ် သည့်အပြင် အမေရိကန်၏ အချက်အချာ ကျသည့် စစ်ရေး ထောက်ပံ့မှု အခြေစိုက် စခန်းလည်း ရှိနေသည်။
သို့သော် ကုန်သွယ်ရေးလုပ်ငန်း အပေါ် အများဆုံး မှီခိုနေရသည့် အလျောက် တရုတ်၊ ဂျပန်၊ အိန္ဒိယ စသည့် အာရှစီးပွားရေး နိုင်ငံကြီးများနှင့် အဆင်ချောစွာ ကူးသန်းဆက်သွယ် လျက်ရှိသည်။ ကဏ္ဍတိုင်း တိုးတက်ဖွံ့ဖြိုးအောင် သန္ဓိဋ္ဌာန်ချ၍ ဆောင် ရွက်နေသော တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများ အသိုက်အ၀န်းတွင် နေရာကောင်းကို ရယူထားပြီဖြစ်၍ ဤဆောင်ရွက်စဉ်၌ တရုတ်သည် အောင်မြင်နိုင်ဖွယ်ရှိနေ ကြောင်း မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန၌ ပြုလုပ်သည့် အစည်း အဝေး၌ ရှန်မူဂန်က စင်ကာပူ၏အခန်း ကဏ္ဍကို တင်ပြဆွေးနွေးသွားသည်။
အမေရိကန်သည် စစ်ရေးအသုံး စရိတ်လျှော့ချရေးအတွက် ကြိုးပမ်းနေ စဉ်မှာပင် တရုတ်နိုင်ငံ၏ လျင်မြန်သော စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရပ်တည်မှု ခိုင်မာ လာမှုတို့က အာရှဒေသကို ပြန်လည် ပုံပေါ်တော့မည့် အရိပ်အယောင်များ သန်းလာသောကြောင့် အာရှကို မဖြစ် မနေ ဦးစားပေးဒေသတစ်ခုအဖြစ် သတ်မှတ်လာရတော့သည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်စပ်ဒေသ ပိုင်နက်ပြဿနာနှင့် ပတ်သက်၍ တရုတ်နှင့် အငြင်းပွားခဲ့ သော ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့က တရုတ်အား စစ်ပြုလိုသော ဆောင်ရွက်မှု များ တိုးချဲ့ပြုလုပ်နေသူအဖြစ် စွပ်စွဲ ထားသည်။
အမေရိကန်စစ်တပ်က ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ယခင်ကထက် ပို၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အမေရိကန်နိုင်ငံသည် နိုင်ငံပေါင်း ကိုးနိုင်ငံထက်မနည်း ပါဝင်သော ဖွံ့ဖြိုးဆဲ ကုန်သွယ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် အာရှ ဒေသတစ်ဝန်း ပူးပေါင်း ကုန်သွယ်ရေးအဖွဲ့(Trans-Pacific Partnership) ကဲ့သို့သော အသင်း အဖွဲ့များနှင့် ဆက်သွယ်ခြင်း ဖြင့်လည်း အာရှဒေသနှင့် ပူးပေါင်းပါဝင် ဆောင် ရွက်နိုင်ကြောင်း ရှန်မူဂန်က ရှင်းလင်း အကြံပြု ပြောကြားသည်။
၎င်း၏အဆိုအရ အမေရိကန်အစိုးရ ၏ မူဝါဒ၌ အခြားအရေးကိစ္စများကို ချန်လှပ်၍ အာရှဒေသအတွင်း အမေရိကန်စစ်တပ်ထားရှိရေး တစ်ခုတည်းကိုသာ ဇောင်းပေးနေခြင်းမှာ မှားယွင်းနေပေသည်။
တရုတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းကို အမေရိကန်က ကြိုဆိုလျက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သမ္မတ အိုဘားမား အစိုးရက ထပ်တလဲလဲ ပြောဆိုခဲ့သည်။
တရုတ်ဒုတိယသမ္မတ ရှီကျင်ပင်း အမေရိကန်သို့ အလည်အပတ်မရောက် ရှိမီ ဖေဖော်ဝါရီလ ၈ ရက်နေ့ ထုတ်ပြန် ချက်တစ်ခု၌လည်း ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က လက်ငင်းပြဿနာများကို နှစ်နိုင်ငံ ပူးပေါင်းကိုင်တွယ် ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။
ယင်းအစည်းအဝေး၌ပင် အရှေ့ အာရှ ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ်က "ကျွန်တော်တို့ ရေးသားပြောဆိုတာတွေကို သတိထား ကြဖို့ သိပ်အရေးကြီးပါတယ်" ဟု ထောက်ခံပြောကြားသည့်အပြင် နှစ်နိုင်ငံ အကျိုးစီးပွားကို အခြေခံပြီး အမေရိကန်ဘက်ကလည်း တရုတ် အစိုးရနဲ့ ဆက်ဆံဖို့ လိုလားနေကြောင်း ဖော်ထုတ်ပြောကြားသည်။




လက်ငင်းအခြေအနေတွင် အာရှ နိုင်ငံတိုင်းက တရုတ်နိုင်ငံနှင့် ပိုမို ကောင်းမွန်သော ဆက်ဆံရေးကို ရယူလိုကြကြောင်း၊ ယင်းသည် သဘာဝကျသည့်အလျောက် အာရှဒေသဆိုင်ရာ အမေရိကန် မူဝါဒတိုင်းသည်လည်း ဤအခြေခံအချက်ပေါ်တွင် အခြေပြု ရမည်ဖြစ်ကြောင်း၊ ဤသဘောတရား သည် အာရှနိုင်ငံအားလုံး၏ အရေးကိစ္စ လည်း ဖြစ်သည်ကို မိမိယုံကြည်ကြောင်း၊ အာရှနိုင်ငံအားလုံးကလည်း အမေရိ ကန်နိုင်ငံနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို ရရှိလိုကြမည်ဟု မိမိ ယုံကြည်ကြောင်း ကင်းဘဲလ်က ထပ်လောင်းပြောကြားသည်။
ယင်းအစည်းအဝေးတွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှန်မူဂန်က အမေရိ ကန်နိုင်ငံတွင်းမှ တရုတ်ဆန့်ကျင်ရေး ပြောဆိုရေးသား ချက်များကို ထပ်ဆင့် ထုတ်ဖော်ပြောပြခြင်း မရှိသော်လည်း အမေရိကန် လွှတ်တော်အမတ်အများ အပြားတို့က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို ပိုမိုစိုးရိမ်လာကြသည်။
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်များ လာရောက်လေ့လာ

4476
အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ်များ MITT  ရှိ X-rays ဖြတ်စက်အား လေ့လာစဉ်

မြန်မာနှင့် အမေရိကန် တိုက်ရိုက် ကုန်စည် တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်များမှ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများမှ အပြည်ပြည်ဆိုင်ရာ သင်္ဘောနှင့် ဆိပ်ကမ်းများလုံခြုံမှုအတွက် လိုက်နာရမည့် ဥပဒေများ(ISPS) CODE နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုများအား လေ့လာဆွေးနွေးရန် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၀၁၂ ခု နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လေးရက်တာ လာရောက်လေ့လာခဲ့ကြောင်း သတင်း ရရှိပါသည်။
အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ် သုံးဦးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်သို့ ရောက်ရှိခဲ့ကာ ယင်းဌာနမှ တာဝန်ရှိသူများနှင့် (ISPS) CODE နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ရှိဆောင်ရွက်ထားမှု အခြေအနေများ အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အထူးကိုယ်စားလှယ် သုံးဦးသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အတွင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်လက်အောက်ရှိ ဆူးလေဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ MITT ၊ MIPL ၊ လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီစီမံခန့်ခွဲမှု လက်အောက်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း လက်အောက်ရှိ သာကေတဆိပ်ခံ တံတားတို့အား သွားရောက်လေ့လာခဲ့သည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အနာဂတ်ကာလတွင် ကုန်သွယ်စီးပွားဖက် နိုင်ငံများအဖြစ် ရပ်တည်နိုင်မည့် အခြေအနေတွင် မြန်မာနိုင်ငံ၏ဆိပ်ကမ်းများ နိုင်ငံတကာ အဆင့်ရှိ၊ မရှိ ကြိုတင်လာရောက် လေ့လာခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ နှင့် အမေရိကန်နိုင်ငံသည် တိုက်ရိုက် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် အနေအထားတွင် မရှိသေးဘဲ စင်ကာပူကဲ့သို့သော ကြားခံနိုင်ငံများတွင် တစ်ဆင့် ပြန်လည်စစ်ဆေးခံရမှုများ ရှိနေရာ ယင်းအတွက် မလိုလားအပ်သည့် သယ်ယူပို့ဆောင်ခ စရိတ်များ ပိုမိုကုန်ကျနေသည်ဟု သိရသည်။
“ကျွန်တော်တို့နိုင်ငံကနေ အမေရိကန်နိုင်ငံကို တိုက်ရိုက်ကုန်တင်ပို့မှု မရှိတဲ့အတွက် ကုန်တင်ပို့ချင်ရင် စင်ကာပူလို ကြားခံနိုင်ငံတွေမှာ ကုန်ပို့သူပြောင်းလဲရတာတို့၊ ကုန်စည်ထုပ်ပိုးမှုပုံစံ ပြောင်းလဲရတာ တို့တွေ ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်တွေ ပိုမိုကုန်ကျနေပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“ပြုပြင်ဆဲကာလ ဖြစ်တဲ့အတွက် Safety ပိုင်းနှင့် ပတ်သက်ပြီး ယာယီလုပ်ဆောင်ထားတဲ့ တချို့ နေရာတွေကို မှတ်ချက်ပြု ပြောကြားခဲ့တာက လွဲရင် ဆိပ်ကမ်းတော်တော်များများရဲ့ လေ့လာမှုရလဒ်တွေ ကို ကျေနပ်သွားတာကို တွေ့ရပါတယ်”ဟု မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
EMG
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရစ်ကျဖြင့် ကားရောင်းချခြင်း မန္တလေးတွင်စတင်


From : Myanmar Times
ကြေးမုံဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)
ဂျပန်နိုင်ငံထုတ် မော်တော်ကားများကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန် Super Seven Stars Motors Industry Co.,Ltd. မှ ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ပြီး ၀န်ဆောင်မှုပေးခြင်းကို မန္တလေး မြို့တွင် ယခုလဆန်းမှ စတင် ပြုလုပ်ပေးနေပြီဖြစ်သည်။
လတ်တလောတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်မော်ဒယ် ကားအမျိုးအစား ၁၀ မျိုးခန့် ရောင်းချပေးနေပြီး အနည်းဆုံး သိန်း ၃၅၀ ၀န်းကျင်မှ အများဆုံး သိန်း ၇၀၀ ၀န်းကျင်အတွင်းရှိ ကားများကို ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
"ကျွန်မတို့ ကုမ္ပဏီက ၀ယ်သူ စိတ် ကြိုက်ကားကို တင်သွင်းပေးတာမျိုး မဟုတ်ပါဘူး။ ကုမ္ပဏီက တင်သွင်းထားတဲ့ ကားကိုပဲ ရွေးချယ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ ၀ယ်သူက တစ်ခါတည်း ငွေ အကျေချေပြီး ၀ယ်ယူနိုင်သလို အရစ်ကျ စနစ်နဲ့လည်း ၀ယ်ယူနိုင် ပါတယ်။ ကား တစ်စီးတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းရယ်၊ ဘဏ် တိုးနှုန်း ရှစ်ရာခိုင်နှုန်းရယ်၊ စုစုပေါင်း ၃၈ ရာခိုင်နှုန်းကို ၀ယ်သူက ကမ္ဘောဇ ဘဏ်မှာ အကောင့်ဖွင့်ပြီး ထည့်ပေးရမှာပါ။ အာမခံပေးသူ နှစ်ယောက်လိုပြီး အဲဒီနှစ်ယောက်ကလည်း ဘဏ်မှာ အကောင့်ဖွင့်ပြီး ငွေရှင်အဖြစ် ကျပ် တစ်သောင်းစီ ထည့်ထားပေးရမှာ ဖြစ်ပါ တယ်။ "အရစ်ကျပေးချေနိုင်တဲ့ သက်တမ်း က တစ်နှစ်ကနေ သုံးနှစ် အတွင်း ဖြစ်ပါတယ်။ ကျပ်သိန်းတစ်ထောင်နဲ့ အထက် တန်ဖိုးရှိတဲ့ကားမှ ပေးသွင်းချိန်သုံးနှစ် ပေးပါတယ်။ သက်တမ်း တစ်နှစ်ဆိုရင် အတိုးနှုန်းက ရှစ်ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်တိုးရင် အတိုးတစ်ရာခိုင်နှုန်း တက်မှာဖြစ်ပါတယ်။ မန္တလေးက ၀ယ်ယူ သူတွေအတွက် ၇၈ လမ်းနဲ့ ၃၄ လမ်း ထောင့်က ကမ္ဘောဇဘဏ် အမှတ် (၃) တစ်ခုတည်းနဲ့ပဲ ချိတ်ဆက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု Super Seven Stars Motors Industry Co.,Ltd. မှ မယမင်းသူဇာက မြန်မာတိုင်း(မ်)ကို ပြောသည်။
ကားတန်ဖိုး၏ ကျန် ၇၀ ရာခိုင်နှုန်း ကို ၁၂ ဖြင့်စားပြီး တစ်လချင်း ပုံမှန်ထည့် သွင်းသွားရမည်ဖြစ်ကာ လဆန်း တစ် ရက်မှ လေးရက်အတွင်း သွင်းရမည် ဖြစ်ကြောင်း သိရသည်။
လေးရက်နေ့ ထက် နောက်ကျထည့် သွင်းပါက တစ်လ ချင်းပေးငွေ၏ ခြောက်ရာခိုင်နှုန်းကို ထပ်ဆောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
၎င်းပြင် ၀ယ်ယူလိုသူသည် အာမခံ ပေးမည့်သူများကို မိမိကိုယ်တိုင် ရှာဖွေ ရမည်ဖြစ်ပြီး ၀ယ်ယူသည့်ကားအတွက် အလုံးစုံ အာမခံကိုလည်း ထားရှိရန် လိုအပ်ကြောင်း သိရသည်။
"ကားတွေကို မျက်မြင်ဝယ်ယူရမှာ ဖြစ်တဲ့အတွက်တော့ အနာအဆာပိုင်း၊ စက်ပစ္စည်း အစိတ်အပိုင်းကို ကိုယ် တိုင်သေချာစစ်ယူနိုင်တဲ့ အားသာချက်တော့ ရှိတယ်။ ဒါပေမယ့်ရွေးချယ်ရမယ့် အမျိုးအစားတော့ နည်းတယ်။ ဒီအရစ်ကျ ကားဝယ်တဲ့စနစ်က လုပ်ငန်းရှင်တွေ အတွက်တော့ ငွေအများကြီးကို တစ်လုံး တည်းတစ်ခဲတည်း ပေးစရာမလိုတဲ့ အတွက် တခြားနေရာတွေမှာ ငွေလှည့် သုံးနိုင်လို့ အဆင်ပြေတယ်။ တစ်ခုရှိတာ က ကနဦးပေးသွင်းရမယ့် ပမာဏက များတော့ လူလတ်တန်းစားတွေအတွက် ဆိုရင် အဆင်ပြေနိုင်မှာ မဟုတ်ဘူး"ဟု အရစ်ကျစနစ်ဖြင့် ကားဝယ်ယူခြင်းကို စိတ်ဝင်စားသူတစ်ဦးက ပြောသည်။
ရန်ကုန်တွင် အဆိုပါအရစ်ကျစနစ် ဖြင့် ကားဝယ်ယူခြင်းကို ကမ္ဘောဇဘဏ် ဗဟန်းဘဏ်ခွဲနှင့် ချိတ်ဆက် ဆောင်ရွက် ပေးနေသည်မှာ နှစ်လခန့် ရှိပြီဖြစ် ကြောင်းသိရသည်။ ရန်ကုန်တွင် အိမ်စီး ကားဝယ်ယူမှုများသော်လည်း မန္တလေး တွင် လုပ်ငန်းသုံးကားများကို ၀ယ်ယူ ခြင်းက ပိုများကြောင်း သိရသည်။
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆယ်အိမ်မှူးကို လျှိုဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်မည်

ရပ်ကွက်နှင့် ကျေးရွာဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရာတွင် မျက်နှာစုံညှိနှိုင်းရွေး ချယ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်ရောက်ရှိလာသော်လည်း လျို့ဝှက်မဲပေးစနစ်ဖြင့်သာ ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်မှ ဖေဖော်ဝါရီလ ၂၂ရက် နေ့တွင် သဘောတူခဲ့ကြောင်း သိရှိရသည်။
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မထံမှ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်၌  ပြန်လည်ဆွေးနွေးနိုင်ရန် ရောက်ရှိလာသဖြင့် ပြည် ထောင်စုလွှတ်တော် ကိုယ်စာလှယ်များက ပြန်လည်ဆွေးနွေးကာ ထောက်ခံသူများသည့်အတွက် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်နာ ယက ဦးခင်အောင်မြင့်က''ဥပဒေ ကြမ်းရဲ့ အခန်း ၄ အပိုက် ၇ အပုဒ် ခွဲ(ဂ)ကို နိုင်ငံတော်သမ္မတက မူလ၀န်ကြီးဌာနက လွှတ်တော်သို့ပေးပို့သော ဥပဒေကြမ်းပါ ညှိနှိုင်းရွေးချယ်ရန် စာသားကို လျို့ဝှက်ဆန္ဒမဲပေး၍ ပြောင်းလဲပြဌာန်းမှုနှင့် စပ်လျဉ်း၍ ဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦးအား မျက်နှာစုံညှိနှိုင်းရွေးချယ်ပေးမှုစနစ်သည် အချိန်တိုအတွင်း ဆယ်အိမ်စုများအတွင်း၌ အများရှေ့မှောက်တွင် မျက်နှာစုံ ညှိနှိုင်းရွေးချယ်မှုဖြစ်၍ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ပေး နိုင်မည်ဖြစ်ပါသည်။ အခြေခံအဆင့်ရွေးချယ်မှုသည် လုပ်ငန်းတာဝန်နည်းပါးသွားစေခြင်း၊ မလိုလားအပ်သော အုပ်ချုပ်မှုဖြစ်စဉ်များအား ကာကွယ်ပေးခြင်း၊ ငွေကြေးကုန်ကျမှုမရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သကဲ့သို့ ဆန္ဒမဲပေးခြင်းကြောင့် ကြီးမားကျယ်ပြန့်လာသည့် ရှုပ်ထွေးမှုအားလုံးကို လျော့နည်း သွားစေမည်ဖြစ်ပါ သည်ဟု ပြင်ဆင်ရန် သဘောထားမှတ်ချက်ပြုထားတဲ့အတွက် ဥပဒေကြမ်းရဲ့ မူလပြဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း အဆိုပြုသတ်မှတ်ရမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်ပါတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက''နိုင်ငံတော် သမ္မတကြီးရဲ့ သဘောထားမှတ်ချက်တင်ပြချက်များဟာ လုပ်ငန်း သဘောသဘာဝအရ အကြောင်းအကျိုး ဆီလျော်မှုရှိပေမယ့် သဘောထားမှတ်ချက်ပါအတိုင်း ညှိနှိုင်းရွေးချယ်မည်ဆိုပါက ကျေးရွာသူ ကျေးရွာသားများ၊ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများကြားတွင် မှန်မှန်ကန်ကန် သတ္တိရှိရှိ ပြောရဲ ဆိုရဲ တင်ပြရဲတဲ့ စိတ်ဓာတ်တွေ နည်းပါးနေကြ သေးတဲ့အလျောက် သူတစ်ပါးမုန်းတီးမှာ ကြောက်ရွံနေကြသေးတာတွေ၊ သူတပါးကို အားနာလိုက်လျောမိတာတွေ၊သူတပါးယောင်၍ လိုက်ယောင်မိတာတွေစတဲ့ အခြေအနေ ဆိုးများကိုလည်း ဖြစ်ပွားလာဖွယ်ရာရှိတယ်လို့ သုံးသပ်ယူဆမိပါတယ်။ ဒါ့ကြောင့် လျို့ဝှက်စွာမဲပေး ရွေးချယ်ရတဲ့အတွက် ရွေးချယ်ပေးသူနှင့် ရွေးချယ်ခံရသူအကြား တစ်ဦးအပေါ်တစ်ဦး အာဂါတစိတ်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိမှာ မဟုတ်ပါ။ ဒါကြောင့် လျို့ဝှက်မဲပေးခြင်းသာ သဘာဝအကျဆုံး၊ ဆီလျော်မှုအရှိဆုံး၊ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က''လျို့ဝှက်ဆန္ဒမဲပေးခြင်းအားဖြင့် မလျော်သြဇာသုံးမှုတွေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အနေနဲ့ ကျေးရွာရာနှုန်းပြည့်မှာ ဆွေ မျိုးအုပ်စုများကြီး စိုးလွှမ်းမိုးပါတယ်။ မိမိတို့ရဲ့ ကျေးရွာရပ်ကွက်သြဇာကို ဆွေမျိုးအုပ်စုတွေ အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်ကြပါတယ်။ အဲဒီလို သြဇာလွှမ်းမိုးမှုကို မျက်နှာစုံညီ ရွေးချယ်ခြင်းအားဖြင့် မိမိတို့ရဲ့လွတ်လပ်တဲ့ စိတ်ဆန္ဒကို ကျွန်တော်တို့ တိုင်းရင်သားပြည်သူတွေအနေနဲ့ ဘယ်လိုမှ သြဇာလွှမ်းမိုးမှုက ရှောင်လွဲနိုင်မှာ မဟုတ်ပါဘူး။ လျို့ဝှက်ဆန္ဒမဲပေးမှုနဲ့သာလျှင် မိမိတို့ရဲ့စိတ်ဆန္ဒနဲ့ စိတ်ကျေနပ်စွာပေးနိုင်မှာဖြစ်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
သင်္ကန်းကျွန်းမဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က''နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုစပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီရဲ့အသက်က ကျေးရွာကစပြီး ခေါင်းဆောင်အဆင့်ဆင့်ကို ရွေးချယ်တဲ့နေရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့နည်းနဲ့ ရွေးရပါမယ်။ လွတ်လပ်ပြီး တရာမျှတတဲ့ရွေးနည်းက လျိုဝှက်ဆန္ဒမဲပေးတဲ့ စနစ်ပါပဲ။ ဒီမိုကရေစီရဲ့ အသက်ပါပဲ။ ဒီစနစ်နဲ့ သွားသင့်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ပြည်ထာင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ''ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို စပြီးကူးပြောင်းနေတဲ့ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်အဆင့်ဆင့်ကို မဲပေးခွင့်ပြု ခဲ့ပါတယ်။ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ပြည်ထောင်စုရဲ့အ သေးဆုံးနဲ့ အဓိကကျတဲ့ အစိုးရအဖွဲ့လေးကို ရွေးချယ်တဲ့အခါမှာ အင်မတန်သတိထားဖို့ လိုပါတယ်။ အင်မတန်တိကျဖို့ လိုပါတယ်။ ရင်ထဲက အမှန်ကိုသိနိုင်တဲ့ လျို့ဝှက်ဆန္ဒမဲပေးခြင်းဟာ ဥပဒေမှာ အတိအကျပါမှ သင့်မယ့်ဝေါ်ဟာရဖြစ်ပါတယ်''ဟု  ဆွေးနွေးခဲ့သည်။
EMG
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူတစ်ဦး တစ်နှစ်ဝင်ငွေ ၁၄ သိန်းရရန် ရည်မှန်းထားကြောင်း ၀န်ကြီးချုပ်ပြောကြား

ပန်းသတင်း
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ


တစ်နှစ်လျှင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှငွေ ၁၄ သိန်းခန့် ရရှိရန် ရည်မှန်းထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၁-၂၀၁၂ ခုနှစ် စီမံကိန်းအရ နှစ်ကုန်တွင် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းရရှိရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှဝင်ငွေ (Percxapita GDP) မှာ ၁၃၉၁၈၄၂ ကျပ်ရရှိရန် ရည်မှန်း ထားသည်ဟု ဆိုသည်။

" စီးပွားရေးကဏ္ဍတွေမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိပြီး ပြည်သူတို့ရဲ့ လူမှုစီးပွားရေးဘ၀ တိုး တက်ဖို့ရည်မှန်း ဆောင်ရွက်နေပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ၁၄ ရာခိုင်နှုန်း တိုးတက်မှုရဖို့နဲ့ လူတစ်ဦးချင်းရဲ့ ၀င် ငွေတိုးဖို့ကိုလဲ ရည်မှန်းထားပါတယ်" ဟု ၀န်ကြီးချုပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် ရည်မှန်းချက် ၁၀ ဒသမ ၁၇၇ ထရီလီယံ ရရှိရန် လျာထားဆောင်ရွက်ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၆ ဒသမ ၉၁၂ ထရီလီယံရရှိသဖြင့် ၆၇ သမ ၉ ရာခိုင်နှုန်းအကောင် အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကုန် မတ်လတွင်လျာထားချက် ပြည့်မီစေရန်အတွက် အစိုးရအဖွဲ့အနေဖြင့် ကြိုးစား ဆောင်ရွက်နေသည်ဟု ဆိုသည်။

Unknown at 10:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မော်ဒယ်မြင့်ကားများကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရှိ Used Cars Sale Centre များတွင် ၀ယ်ယူနိုင်



ပြည်တွင်းမှာ ဖွင့်လှစ်လျက်ရှိတဲ့ Used Cars Sale Centre တွေမှာ မော်ဒယ်မြင့်ကားတွေ ကို ဖေဖေါ်ဝါရီလ နောက်ဆုံးပတ် ကစတင်ကာ မြန်မာကျပ်ငွေဖြင့် ၀ယ်ယူနိုင်ေ အာင် စီစဉ်ဆောင် ရွက်ပေးလျက်ရှိတယ်လို့ စင်တာ ဖွင့်လှစ်လုပ်ကိုင်သူ လုပ်ငန်းရှင်တွေထံမှ သိရပါတယ်။
ဒီလို ရောင်းချခွင့်ပေးရာမှာ ၂၀၁၂ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အဆိုပါစင်တာများမှ ထပ်မံတင်သွင်းလာ တဲ့မော်ဒယ်သတ်မှတ်ချက် ၂၀၀၆ အထိရှိတဲ့ ကားတွေ ရောက်ရှိတော့ မှာ ဖြစ်ပါတယ်။ အဲ့ဒီ လို ရောက်ရှိလာချိန်မှာ ပြည်တွင်းရှိ အိုဟောင်းယာဉ် လဲလှယ် ကာ ကားတင်သွင်းခွင့်ပါမစ် ရရှိထားသူတွေဟာ အဆိုပါ စလစ်ပြကာကားရဲ့ CIF တန်ဖိုးကို မြန်မာကျပ်ငွေနဲ့ အဆိုပါ စင်တာတွေမှာ ပေးချေ ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပေးချေ ၀ယ်ယူရာမှာတော့ အမေရိကန်ဒေါ်လာ ပေးချေဖို့ အတွက် အခက်အခဲရှိသူတွေကို မြန်မာကျပ်ငွေဖြင့် ပေးချေစေ မှာဖြစ်ပါတယ်။

အဲ့ဒီလို ပေးချေရာမှာလည်း ကားရဲ့ CIF တန်ဖိုးကို ပြည် တွင်းဒေါ်လာ ပေါက်ဈေး ကျပ်၉၀၀ခန့်နဲ့ တွက်ချက် ကာပေးေ ချစေမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ၀န်ဆောင်မှုအတွက် ကားတန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်းကိုလည်း အဆိုပါနည်းအတိုင်း ပေးေ ချစေမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို တင်သွင်းရောင်းချရာမှာတော့ အဆိုပါစင်တာတွေမှာ လက်ရှိရောင်းချနေတဲ့ ကားတွေမှာ ၂၀၀၅မော်ဒယ်ဟာ အမြင့်ဆုံးအနေ နဲ့ ရောင်းချနေတာဖြစ်ပြီး ရောင်း အား ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ရောင်းချ မှုတွေမှာ ဖေဖော်ဝါရီ လ နောက်ဆုံးပတ်ကစတင်ကာ အဆိုပါ စင်တာတွေအတွင်း  အမြင့်ဆုံးအနေနဲ့ ၂၀၀၆မော်ဒယ်ကို စတင်ဝယ် ယူနိုင်တော့မှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန်းတောင်ခြေ စုဝေးခွင့်မပြု

အားကစားကွင်းငှားမရလို့ ဖျာပုံသဲကွင်းမှာပြုလုပ်တဲ့ ဒေါ်စု လူထုဟောပြောပွဲ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစားကွင်းမှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
အခုလို ပိတ်ပင်လိုက်တဲ့အကြောင်း မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်ကို မန္တလေးတိုင်းအားကစားနဲ့ ကာယပညာ ဒုညွှန်ကြားရေးမှူးက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်​ စည်းရုံးဟောပြောဖို့ ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေ အားကစားကွင်းကို ငှားရမ်းခဲ့ပေမယ့် တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်မပြုခဲ့ပါဘူး။ အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဖျာပုံမြို့က လူထုဟောပြောပွဲအတွက် မြို့နယ် ပြည်သူ့အားကစားကွင်းကို အသုံးပြုခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် ခွင့်ပြုချက် မရတဲ့အတွက် မြို့ပြင်သဲကွင်းမှာ ဟောပြောခဲ့ရပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်မှာလည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုဖို့ အားကစားဝန်ကြီး ဦးတင့်ဆန်းက တားမြစ်ခဲ့ပေမယ့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့် ပေးခဲ့ပါတယ်။
RFA
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုင်းပြည်ကိုချစ်မြတ်နိုးသူတိုင်း သတိထားသင့်တဲ့ မတ်လ ၁၄ ရက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု

တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့သူတိုင်း သိသင့်သိထိုက်တဲ့သတင်းတစ်ပုဒ်ပါ။ တစ်ချိန်ချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရေပိုင်နက်အငြင်းပွားမှုတိုင်းကို ကျင့်ထုံးတစ်ခုအနေနဲ့ စံပြုရမယ့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို နိုင်ငံတကာရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရေးခုံရုံးက ချမှတ်တော့မှာဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဘာတွေပြင်ဆင်ပြီးပြီလဲ။ ဘာလုပ်ဖို့လိုလဲ၊ ဘာလုပ်ကြမှာလဲ။ တကယ်တမ်းပြောရရင် နည်းနည်းနောက်တောင်ကျနေပါပြီ။ သူများတွေ စေလိုရာစေ၊ လုပ်ခိုင်းသမျှ ငြိမ်ခံပြီး တိုင်းပြည်ရဲ့ရေပိုင်နက်ကို အပါခံမလား။ တမျိုးသားလုံး စည်းလုံးညီညွတ်စွာနဲ့ တောင်းဆိုကြမလား၊ ငါတို့တွေ ဘာလုပ်ကြမှာလဲ။ အစိုးရနဲ့ အတိုက်အခံဆိုပြီး ခွဲခြား ပြစ်တင်နေဦးမှာလား။ နည်းလမ်းပေါင်းစုံရှာပြီး ကိုယ့်မြေကိုယ့်ရေကို တစ်လက်မမျှအပါမခံရလေအောင် နည်းပေါင်းစုံနဲ့ ကာကွယ်ရတော့မယ့် အချိန်ပါ။ အစိုးရနဲ့ အတိုက်အခံ တို့စည်းလုံးညီညွတ်စွာနဲ့ ပြည်သူပြည်သားတွေကို ဦးဆောင်မှုပြုရတော့မှာပါ။ ရှင်းရှင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အရွေးမခံရတာက နောက် ၄နှစ်စောင့်ရင် အမတ်ဖြစ်နိုင်ပါသေးတယ်။ အကယ်၍ ကိုယ့်ရေပိုင်နက် တစ်လက်မမျှ ပါသွားပြီဆိုရင် နောက်တစ်သက်လုံး ပြန်ရနိုင်မည်မဟုတ်ပါ။


...................................................................................................................................

ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်..... ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်ဝက်မကဘူး ခပ်တည်တည်နဲ့ တင်တောင်းထားတယ်ဗျာ..... ငယ်ငယ်တုန်းက ပထ၀ီဝင်ထဲမှာပါတဲ့ ရခိုင်ပြည်နယ်ထဲက ကျွန်းတစ်ခုကိုပါ သူတို့ပိုင်နက်ထဲ ဆွဲထည့်သေးတယ်...... လိုအပ်လို့ စစ်ဖြစ်လာရင် မြန်မာပြည်ကို ဆော်ဖို့၊ နှက်ဖို့ဆိုပီး လွန်ခဲ့တဲ့ နှစ်တွေထဲက ပါကစ္စတန်ရဲ့ စစ်ရေး ဖိုရမ်တွေမှာ မြန်မာပြည် လက်နက်ဝယ်တာတွေ၊ စစ်ရေးအခြေအနေတွေ၊ တပ်အပြောင်းအရွှေ့တွေကို ဒီကောင်တွေ ဆွေးနွေးနေကြတယ် .... ကျွန်တော်တို့ စီမှာတော့ အချင်းချင်း လှည့်ပါတ် ဆော်ဖို့ပဲ စဉ်းစားနေကြတယ်.... မြန်မာပြည်ထဲမှာ အပ်ပျောက်၊ ဖိနပ်ပျောက်ကအစ အတိအကျ သိကြတဲ့လူတွေ ဒါမျိုးတွေမှာ အသံမထွက်ကြဘူး....

ဘင်္ဂလားက ရေပိုင်နက် နယ်နိမိတ်ကို လူဦးရေနဲ့ အချိုးချ ယူမယ်တဲ့.... အဲ့ဒါတော့ လုံးဝ လက်မခံဘူး... လူများစု ဆန္ဒကို လူနည်းစု လက်ခံရမယ်ဆိုတာ ဒီလို လူဦးရေဗုံး ပေါက်ကွဲနေတဲ့ နိုင်ငံနဲ့ ဖြစ်တဲ့ကိစ္စမှာ လိုက်နာစရာ မလိုဘူးလို့ ခပ်ပြတ်ပြတ်ပဲ မြင်တယ်....... သယံဇာတတွေ ထွက်လာတော့မှ လောဘတက်နေလိုက်တာ..... သူ့နိုင်ငံနဲ့သူ ပိုင်ကြတဲ့ဟာကို ဘာမှ လူဦးရေနဲ့ အချိုးချ မပေးနိုင်ဘူး.... မကျေနပ်ရင် ကိုယ့်နိုင်ငံကိုယ် အ၀ီစိ ရောက်တဲ့အထိ တူးပေါ့ ရှင်းရှင်းလေး....

မျိုးချစ်စိတ် အပြင်းအထန် အသေအလဲ ရှိကြပါတယ်ဆိုတဲ့၊ ဒီမိုကရေစီကို အသွေးထဲ အသားထဲက မြတ်နိုးကြပါတယ် ဆိုကြသူများခင်ဗျာ... ဒါသည် ခေတ်သစ် နယ်ချဲ့ခြင်းဖြစ်ပါတယ် ခင်ဗျား........
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတ်္တိမရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား

မရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
သတ္တိရှိဖို့လိုတယ်လို့ ပြောတဲ့ ဦးရွှေမန်း
မြတ်ဇေ၊
ရန်ကုန်၊ ဇန်န၀ါရီ-၂၂
သတ်္တိမရှိခြင်သည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု  မိမိထင်ကြေင်း ပြည်သူ့လွှတ်တော်ဥက်္ကဌ သူရရွှေမန်းက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၂ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အ ဆောက်အအုံတွင်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ်္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်တွေ့ဆုံပွဲတွင် ၄င်းကအထက်ပါအတိုင်းပြောကြား သွားခဲ့ခြင်းဖြစ်သည်။
    ““သတိ္တမရှိဘူးဆိုတာကို မှားရင်လဲမှာမယ်ပေါ့။ ပြောမယ်ဆိုရင်  တော့ သတိ္တမရှိတာဟာလဲ အဂတိ တရားလိုက်စားတာလို့ပဲ ပြောရမှာပဲ။ ဆန်္ဒ၊ ဒေါသ၊ အဘရာ၊ မောဟ။ ပြောလိုက်တယ်ဆိုရင်ပဲ ကိုယ့်ကိုဒုက်္ခ ရောက်မှာကြောက်တယ်ဆိုတာက လဲ ကျွန်တော် အဂတိတစ်ခုလို ထင်မိတယ် ”” ဟု သူရဦးရွှေမန်းက ဆိုသည်။
    လွှတ်တော်ကိုယ်စာ လှယ်များအနေဖြင့် အဂတိကိုဖြစ်စေ သော အပြုအမှုများမဖြစ်စေရန်၊ အလားတူမိမိတို့က ဆောင်ရွက်ပေး လိုက်သောလူများကိုလည်း အဂတိကိုဖြစ်စေသော၊ အဂတိကို ရှေ့ရှုသောအဖြစ်မျိုးမဖြစ်စေရန် မိမိ အနေဖြင့်တိုက်တွန်းလိုကြောင်း၊ သူများကို တိုက်တွန်းသလို မိမိအနေ နဲ့ လဲလုပ်ရမည်သာဖြစ်ကြောင်း ၊ ထိုပြင် မိမိ၏ လူများကို လဲ တိုက်တွန်းထားကြောင်းး ၊ သို့သော် ၄င်းတို့ကြောက်နေဆဲသာဖြစ် ကြောင်း၊ ခေတ်ပြောင်းစနစ်ပြောင်း လာ ပြီဖြစ်ကြောင်း၊ မိမိတို့သည် ပြည်သူများ၏ကိုယ်စားလှယ်များ သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက်္ကဌ သူရဦးရွှေမန်းကပြောကြား သည်။
    ပြည်သူ့လွှတ်တော် ဥက်္ကဌသူရဦးရွှေမန်းသည် အထက်ပါ အခမ်းအနားတွင် လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်သူများသတိ္တရှိကြ ရန်အတွက် သတိ္တရှိရန်ဆိုသော စကားလုံးကိုဆယ်ကြိမ်ထက်မက ပြောကြားသွားခဲ့သည်။
    ““ကျွန်တော်က လွှတ် တော်ထဲမှာလဲ ရဲရဲဝံ့ဝံ့သတိ္တရှိရှိဆိုတဲ့ စကားလုံးကိုပြောခဲ့ပေးမယ့် သတင်းထဲမှာကျတော့ ရဲရဲဝံ့ဝံ့ဆိုတဲ့ စကားတော့ပါပြီးသတ်္တိဆို တာမပါလာဘူး”” ဟု သူရဦးရွှေမန်း ကလွှတ်တော်အတွင်းဆွေးနွေးခဲ့ သောအချက်အလက်များနှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။
    ဆက်လက်ပြီး၎င်းင်းက သတိ္တနှင့် ပတ်သက်သည့် အကြောင်း အရာများကိုပြောကြားရာတွင် သတိ္တမရှိပါကအကုန်ဆုံးရှုံး တက်ကြောင်း၊ သတိ္တသည်မိုက်မဲခြင်းနှင့်မယှဉ်နိုင်သောတာဝန် ကျေပွန်မှုပင်ဖြစ်ကြောင်း၊ လူအများသည် ကောင်းသည်ဟု ပြောခံရခြင်းထက် သတိ္တရှိသည်ဟု ပြောခံရခြင်းကို ပိုမိုနှစ်သက်သည်ကြ ကြောင်း စသဖြင့် သတိ္တရှိခြင်းနှင့် ပတ်သက်သည့် စကားပုံများကိုလဲ ပြောကြားသွားခဲ့သည်။
    အဆိုပါအခမ်းအနား တွင် ပြည်သူ့လွှတ်တော်ဥက်္ကဌ သူရဦးရွှေမန်းက အမှာစကားပြော ကြားသွားခဲ့သည့် အချိန်၌ သတိ္တနှင့် ပတ်သက်သည့် စကားများပြောကြား သွားခြင်းကြောင့် တက်ရောက်လာ သော စီးပွားရေးပညာရှင်များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ဘာသာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ၎င်းင်းတို့တင်ပြလိုသည့်အကြောင်း အရာနှင့် ပတ်သက်ပြီးပွင့်ပွင့်လင်း လင်း တင်ပြဆွေးနွေးသွားခဲ့ကြသည်။
    ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ်္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော်ဥက်္ကဌသူရဦးရွှေမန်းက ၀န်ထမ်းများလစာထိုးရေးကိစ်္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ် တော်တွင်တင်ပြဆွေးနွေးခဲ့ခြင်း များကိုထပ်မံရှင်းလင်းပြောကြား သွားခဲ့သည်။
  The Express Times
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
သတ္တိရှိဖို့လိုတယ်လို့ ပြောတဲ့ ဦးရွှေမန်း

Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မတ်လမှ စ၍ အော်တို တယ်လီဖုန်း များ နှင့် GSM မိုဘိုင်း တယ်လီဖုန်းများ မူရင်း နံပါတ် ပြောင်းလဲခြင်း မရှိဘဲ prepaid စနစ်ဖြင့် အသုံးပြု နိုင်တော့မည်


မတ် ၁ ရက်မှ စတင်ကာ အော် တိုတယ်လီဖုန်း များနှင့် GSM မိုဘိုင်း တယ်လီဖုန်းများ မူရင်းနံပါတ်ပြောင်း လဲခြင်းမရှိဘဲ ကြိုတင်ငွေဖြည့် ကတ် စနစ်ဖြင့် ပြောင်းလဲအသုံးပြု နိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
အောင်တိုတယ် လီဖုန်းတွင် ကြို တင်ငွေဖြည့်ကတ် စနစ်ပြောင်းလဲအသုံး ပြုရန် လိုအပ်မည့် ပုံစံများကို အမှတ် ၁၀၃၊ လမ်း ၄၀၊ ကျောက်တံတားမြို့ နယ်ရှိ အော်တိုတယ်လီဖုန်းရုံး မှရယူ၍ လျှောက်ထား နိုင်ကြောင်း၊ တယ်လီဖုန်း တစ်လုံးကို တစ်ကြိမ်သာ ပြောင်းလဲနိုင် မည်ဖြစ်ကြောင်း၊ prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများမပြောင်း လဲမီခေါ်ဆို ထားသည့် တယ်လီဖုန်းခေါ် ဆိုခများ ယခင်စနစ် အတိုင်းပေးချေရ မည်ဖြစ်ပြီး ငွေဖြည့်ကတ် top up card များကို မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း ငွေစရင်းရုံးနှင့် တယ်လီဖုန်းအခွန် လက်ခံသည့် စခန်းများ တွင်ရောင်းချ ပေးမည်ဖြစ်ကြောင်း သိရသည်။
အလားတူ GSM မိုဘိုင်းဖုန်းများ အားလည်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှပေးပို့ထားသော SMS မှ YES ကိုနှိပ်၍ လည်းကောင်း၊ နံပါတ် ၁၈၈၁၂ သို့ YES ဟု တိုက်ရိုက်ပေးပို့၍လည်း ကောင်း ဧပြီ ၁၅ ရက် ညနေ ၄ နာရီ အတွင်း အကြောင်းပြန်ခြင်းဖြင့် prepaid စနစ်ဖြင့်အသုံးပြုနိုင်ကြောင်း၊ GSM တယ်လီဖုန်းများကို GSM အိတ် ချိန်းနယ်မြေအလိုက် ၀၉-၂၀……ယ ၀၉-၂၁……. နှင့် ၀၉-၅၅……. နံပါတ်နှင့် ယခင်နံပါတ် အတိုင်း သုံးစွဲနိုင်ကြောင်း၊ ငွေကျပ် ၁,၀၀၀ ကြိုတင်ဖြည့်တင်းရ မည်ဖြစ်ကြောင်း၊ postpaid အဖြစ် သုံးစွဲစဉ် ခေါ်ဆိုခများအား ယခင်အ တိုင်းပေးချေရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ postpaid မှ prepaid စနစ်သို့ပြောင်းလဲလိုခြင်းမရှိသည့် သူများ အနေဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ် ငန်းတယ်လီဖုန်းဘေ ပေးချေသည့်ကောင် တာများ တွင် တယ်လီဖုန်းသုံးစွဲခကို သွားရောက် ပေးချေနိုင်တော့မည် မဟုတ် ကြောင်း၊ နောင်တွင်မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၏ တယ်လီဖုန်း သုံးစွဲခ ကောက်ခံသည့် ငွေသွင်း ကောင်တာ များကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ဇန်န၀ါရီတွင် ပြည်တွင်း မီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။
လက်ရှိတွင် အွန်လိုင်းမှ တယ်လီ ဖုန်းသုံးစွဲ ခပေးချေမှုစနစ်ကို မြန်မာ့ စီး ပွားရေးဘဏ်နှင့် အာရှစိမ်း လန်းမှုဖွံ့ဖြိုး ရေးဘဏ် တို့က ၀န်ဆောင်မှု ပေးလျက် ရှိကြောင်း သိရသည်။
၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ
ပြောဆိုဆက်သွယ် နိုင်ရေးအတွက် အစဉ် စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါသည်။

၂။ GSM မိုဘိုင်း တယ်လီဖုန်းများကို ယခု Post Paid စနစ်ဖြင့်
အသုံးပြုနေကြသော သုံးစွဲသူများခင်ဗျား Prepaid စနစ်သို့ ပြောင်းလဲ
အသုံးပြုလိုပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပေးပို့ထားသော SMS မှ YES
ကို ရိုက်နှိပ်၍ လည်းကောင်း၊ နံပါတ် (၁၈၈၁၂) သို့ YES ဟု
တိုက်ရိုက်နှိပ်၍ လည်းကောင်း၊ (၁၅.၄.၂၀၁၂) ရက်နေ့ (၁၆ : ၀၀) နာရီအတွင်း
အကြောင်းပြန်ရန် လိုအပ်ပါသည်။

၃။ Prepaid စနစ်သို့ ပြောင်းလဲရန် အဆိုပြုထားသည့် GSM မိုဘိုင်း
တယ်လီဖုန်းများကို သက်ဆိုင်ရာ GSM အိတ်ချိန်း နယ်မြေအလိုက် (၁.၃.၂၀၁၂)
ရက်နေ့တွင် ၀၉-၂၀xxxxx, ၀၉-၂၁xxxxx, ၀၉-၂၂xxxxx, ၀၉-၂၃xxxxx, ၀၉-၂၄xxxxx,
၀၉-၅၅xxxxx နံပါတ်များအား လည်းကောင်း၊ (၁.၅.၂၀၁၂) ရက်နေ့မှစ၍ ကျန်ရှိသည့်
နံပါတ်များအား လည်းကောင်း အဆင့်ဆင့် Prepaid စနစ်သို့ စတင်ပြောင်းလဲ
ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် GSM တယ်လီဖုန်း
သုံးစွဲသူများ၏ Prepaid စနစ်အဖြစ် ပြောင်းလဲ ဝန်ဆောင်ပေးမည့်
တယ်လီဖုန်းများအား အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု
မပြတ်တောက်စေရေးအတွက် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်တိတိ) ကြိုတင်ဖြည့်တင်း
ပေးထားမည်ဖြစ်ပြီး၊ ၎င်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည်
ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါ GSM ဖုန်းများကို
ပြည်သူများ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူ အဆင်ပြေစေရန် Prepaid
စနစ်သို့ ပြောင်းလဲပေးခြင်းသာ ဖြစ်ပါသည်။ သုံးစွဲသူများ၏ ယခင်
ဖုန်းနံပါတ်များ ပြောင်းလဲမည် မဟုတ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

၎။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ရယူသည့် GSM မိုဘိုင်း
တယ်လီဖုန်းများ အနေဖြင့် မိမိနောက်ဆုံး Post Paid အဖြစ် သုံးစွဲစဉ်
ကာလအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကိုမူ ယခင်စနစ်များအတိုင်း
ပေးချေရန် လိုအပ်ပါမည်။ ကြိုတင်ငွေ ပေးသွင်းထားသော GSM
မိုဘိုင်းဖုန်းများသည် Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်မှု စတင်
အသုံးပြုသည့် နေ့အထိ ပိုငွေရှိပါက ၎င်းပိုငွေကို Prepaid စနစ်သို့ ထည့်သွင်း
ဖြည့်တင်းပေးမည် ဖြစ်ပါသည်။

၅။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၈၇၆ (Call Center) သို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
Unknown at 9:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သူရဦးရွှေမန်းပြော


ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI) မွန်းလွဲ ၁ နာရီ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာတိုးပေးရန် အဆိုကို ၎င်းအနေဖြင့် နောက်ဆုတ်မည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦတွင် ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားလိုက်သည်။
ထို့ပြင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်တွင် ပာကြားသည့် မိန့်ခွန်းထဲမှ စကားလုံး အချို့ ဖြတ်တောက်ခံရကြောင်း ကိုပါ ထည့်သွင်းပြောကြား သွားသည်။
မိန့်ခွန်းထဲတွင် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်တာလုပ်ဖို့ ဆိုသည့်စကားရပ် တွင် သတ္တိ ဆိုသည့် စကားလုံး ဖြတ်တောက်ခံရသည်ဟုလည်း ပြောဆိုသွားကြောင်း YPI - facebook စာမျက်နှာတွင်ဖော်ပြထားပါသည်။ 
အဆိုပါ သတင်းနှင့်ပါတ်သတ်လို့ The Voice Weekly - facebook စာမျက်နှာတွင်လည်းအခုလို ဖော်ပြထား-
ဝန်ထမ်းလစာ တိုးမြှင့်ရေး မဖြစ်မနေဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ပြောဆို

ဝန်ထမ်းလစာ တိုးမြှင့်ရေးမှာ ပြည်ထောင်စုလွှတ်တော်၏ တခဲနက်ထောက်ခံချက်ဖြင့် အတည်ပြုထားသော ကိစ္စဖြစ်၍ ယင်းဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေလုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ ကို ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လစာတိုးရင် ကုန်ဈေးနှုန်းမြင့်မယ်။ ကုန်ဈေးနှုန်းမြင့်မှာစိုးလို့ လစာမတိုးဘဲနေလို့ရမလား။ လစာတိုးပေမယ့် ကုန်ဈေးနှုန်းမမြင့်အောင်ဘာလုပ်မလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။ လစာတိုးတိုး မတိုးတိုး မဖြစ်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့လိုတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။

တက်ရောက်လာသူအများစုက လစာတိုးမြှင့်ပေးရေးကို ထောက်ခံခဲ့ကြပြီး ကုန်ဈေးနှုန်း မြင့်တက်လာခြင်းမရှိစေရန်ကိုလည်း ၄င်းတို့၏ အမြင်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
 The Voice Weekly
Unknown at 9:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.