Thursday, February 23, 2012

ဝန်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သူရဦးရွှေမန်းပြော


ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI) မွန်းလွဲ ၁ နာရီ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာတိုးပေးရန် အဆိုကို ၎င်းအနေဖြင့် နောက်ဆုတ်မည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦတွင် ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားလိုက်သည်။
ထို့ပြင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်တွင် ပာကြားသည့် မိန့်ခွန်းထဲမှ စကားလုံး အချို့ ဖြတ်တောက်ခံရကြောင်း ကိုပါ ထည့်သွင်းပြောကြား သွားသည်။
မိန့်ခွန်းထဲတွင် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်တာလုပ်ဖို့ ဆိုသည့်စကားရပ် တွင် သတ္တိ ဆိုသည့် စကားလုံး ဖြတ်တောက်ခံရသည်ဟုလည်း ပြောဆိုသွားကြောင်း YPI - facebook စာမျက်နှာတွင်ဖော်ပြထားပါသည်။ 
အဆိုပါ သတင်းနှင့်ပါတ်သတ်လို့ The Voice Weekly - facebook စာမျက်နှာတွင်လည်းအခုလို ဖော်ပြထား-
ဝန်ထမ်းလစာ တိုးမြှင့်ရေး မဖြစ်မနေဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ပြောဆို

ဝန်ထမ်းလစာ တိုးမြှင့်ရေးမှာ ပြည်ထောင်စုလွှတ်တော်၏ တခဲနက်ထောက်ခံချက်ဖြင့် အတည်ပြုထားသော ကိစ္စဖြစ်၍ ယင်းဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေလုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ ကို ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လစာတိုးရင် ကုန်ဈေးနှုန်းမြင့်မယ်။ ကုန်ဈေးနှုန်းမြင့်မှာစိုးလို့ လစာမတိုးဘဲနေလို့ရမလား။ လစာတိုးပေမယ့် ကုန်ဈေးနှုန်းမမြင့်အောင်ဘာလုပ်မလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။ လစာတိုးတိုး မတိုးတိုး မဖြစ်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့လိုတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။

တက်ရောက်လာသူအများစုက လစာတိုးမြှင့်ပေးရေးကို ထောက်ခံခဲ့ကြပြီး ကုန်ဈေးနှုန်း မြင့်တက်လာခြင်းမရှိစေရန်ကိုလည်း ၄င်းတို့၏ အမြင်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
 The Voice Weekly
Unknown at 9:53 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.