Thursday, February 23, 2012

အုန်းဖြန် ဒုက္ခသည်စခန်း မီးလောင်မှုတခု ဖြစ်ပွား(ရုပ်သံ)


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ တည်ရှိတဲ့ ကရင် ဒုက္ခသည်စခန်းတခုဖြစ်သည့် အုန်းဖြန် ဒုက္ခသည်စခန်းရှိ ရပ်ကွက် (၆၊၇၊၈၊၉) တွေမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက် ၁၁း၃၀ အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ရပ်ကွက်(၈)ရှိ ရပ်ကွက်မှူးအိမ်မှ ဟင်းချက်ရန် မီးမွှေးရာကနေ စတင်လောင်ကျွမ်းတာလို့ ပြောနေကြပြီး ဒုက္ခသည်စခန်းရှိ နေအိမ်တွေက သက်ကယ်မိုးထားတဲ့ အိမ်တွေ အများစုဖြစ်တာကြောင့် မီး ပိုမိုအရှိန်မြှင့်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းအနီးတဝိုက်တွင် မီးသတ်စခန်းမရှိတာကြောင့် မီးသတ်ကားမလာရောက်နိုင်ပဲ မီးသတ်ဆေးဘူးတွေနဲ့ပဲ ငြိမ်းသတ်နေရတယ်လို့ သိရှိရပါတယ်။ နေ့လည် ၂း၀၀ အချိန်ခန့်မှာ မီးညွန့်ကျိုးနေပြီလို့ သတင်းရရှိပါသည်။
Unknown at 2:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.