Saturday, January 7, 2012

လေးနှစ်တာ ကာလ အတွင်း ၂၀၁၁ ခုနှစ်တွင် ရုပ်ရှင်ကား ပြသခွင့် လျှောက်ထားမှု အများဆုံး ဖြစ်


လေးနှစ်တာ ကာလအတွင်း ပြသခွင့် လျှောက်ထား ခဲ့သည့် စာရင်းအရ ၂၀၁၁ ခုနှစ်အတွင်း ရုပ်ရှင် ဇာတ်ကား ပြသခွင့် လျှောက်ထား မှုမှာ အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၏ ထုတ်ပြန် ချက်အရ သိရသည်။
မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေး မှူး ဦးသိန်းထွန်းအောင်က “၂၀၁၁ ခုနှစ် အတွင်းမှာ ဆင်ဆာ ကြည့်ပေးတဲ့ ဇာတ်ကား အရေအတွက် ၂၀ ၀န်းကျင် လောက်ရှိပါ မယ်။ အရင်နှစ် တွေနဲ့ နှိုင်းယှဉ် မယ်ဆိုရင် တော့ အမြင့်ဆုံး အရေအတွက် လို့ပြောလို့ ရပါတယ်” ဟု ဆိုသည်။
၂၀၁၁ ခုနှစ် အတွင်း မြန်မာ ရုပ်ရှင် ဇာတ်ကားသစ် ၂၀ ၀န်းကျင် ခန့်ပြသခွင့်ပြု ခဲ့ပြီး လေးနှစ် တာ ကာလ အတွင်းပြသ ခွင့်ပြု ခဲ့သည့် စာရင်း အရ အမြင့်ဆုံး ဖြစ်နေ ကြောင်း သိရသည်။ နှစ် အလိုက် ဆင်ဆာ ခွင့်ပြုခဲ့ သည့် ဇာတ်ကား အရေ အတွက်မှာ ၂၀၀၈ ခုနှစ်တွင် ၁၀ ကား၊ ၂၀၀၉ ခုနှစ် တွင် ၁၂ ကား၊ ၂၀၁၀ ပြည့်နှစ် တွင် ၁၆ ကားနှင့် ၂၀၁၁ ခုနှစ် တွင် ကား ၂၀ ၀န်းကျင်ခန့် ရှိ ကြောင်း သိရသည်။
Unknown at 9:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးကောင်း-ဖားကန့် လမ်း ကေအိုင်အေ မိုင်းထောင်ပိတ်ဆို့ မှု နောက်ဆုံးအခြေအနေ

မိုးကောင်း-ဖားကန့် လမ်း - ဓါတ်ပုံ(ချောအစိမ်းရောင်လွင်ပြင်)
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နှင့်ဖားကန့်မြို့နယ်တို့ဆက်သွယ် သည့် ၆ရမိုင်ရှည်လျားသည့် လမ်းမ ကြီးအား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှဇန်နဝါရီ ငါးရက်နေ့ မှ စတင်ကာ လမ်းပိတ် ဆို့လိုက်ကြောင်း   မိုးကောင်း မြို့နယ်ရှိ အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနမှ ဇန်နဝါရီ ၇ ရက်တွင် အတည်ပြု ပြောကြားသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် မှ ယင်းလမ်းမကြီး ပေါ်ရှိ ကာမိုင်းနှင့် နန့် ယားရွာကြားတွင်လည်းကောင်း၊ နန့်ယားနှင့် နန့်တိမ်းရွာ ကြားတွင် လည်းကောင်း၊ နန့်တိမ်းနှင့်လုံးခင်းကြား တွင်လည်းကောင်းမိုင်းထောင်ပိတ် ဆို့ထားကြောင်း သိရပြီး ၊ ယင်းလမ်းမ ပေါ်ရှိ ပိတ်ဆို့ထားသည့် နေရာများ တွင် ''ဆိုင်ကယ်၊ ကား၊ လူမသွားရ၊ မိုင်း ထောင်ထားသည်''ဟူသည့် မြန်မာစာ ရေးသားထားသည့် ဆိုင်းဘုတ်များ ထောင်၍ လမ်းပိတ်ဆို့သည် ကိုအသိ ပေးထား ကြောင်းယင်းလမ်းမပေါ်ကို ဖြတ်သန်း သွားလာနေသူ တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၇ ရက်က လုံးခင်း နှင့်နန့် တိမ်းကြား၊ မိုင်တိုင် အမှတ် ၆ မိုင် ၈ဖာ လုံတွင်ရှိသည့် ကွန်ကရစ် တံတားအား မိုင်းထောင် ဖျက်ဆီးလိုက် ကြောင်း  ဖား ကန့်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ  အတည်ပြု ပြောကြားသည်။

''ဒီတံတားက အရင်နှစ်အတွင်းမှာ လေးငါးခါလောက်မိုင်းခွဲခံရတယ်၊ဒါပေမယ့် မပျက်စီး သွားပါဘူး။အခု လည်း ဒီအတိုင်းပဲ ထင်ပါတယ်။ ကျွန်တော်တို့တော့ သွားမကြည့် ရသေးပါဘူး' ဟုယင်းတာဝန်ရှိ သူကအတည် ပြု ပြောကြားသည်။ကေအိုင်အေမှ ယင်းသို့လမ်းပိတ် ဆို့ခြင်းကြောင့် ဖားကန့်မြို့နယ်၊ လုံးခင်းနေ ပြည်သူများမှာ စားသောက်ကုန်စား ရိတ်ကြီးမြင့်မှု ဒဏ်ကို ခံစားရကြောင်း လုံးခင်း နေပြည်သူ ဦးမောင်ဇော်က ဆို သည်။

''ဆန်တစ်အိတ်ကို သုံးသောင်းနှစ်ထောင် ကနေ လေးသောင်းနှစ်ထောင်၊ ကြက်ဥတစ်လုံးကို တစ်ရာကနေ၊သုံး လုံး ကိုငါးရာလောက် ဈေးတက်သွားတယ်။ ဒီမှာရှိတဲ့သူတွေ ကကြောက်လန့်ပြီး ရိက္ခာဝယ်စုနေ ကြတော့ဈေး က ပြန်ကျဖို့ တော့မရှိဘူး'' ဟု ယင်းက ဆက်လက် ပြောကြားသည်။

''အခု လမ်းကြောင်းတွေပိတ် သွားပြီ။ ဖားကန့်မှာ ဆန်တွေပြတ် လပ်မှုဖြစ်တော့မယ်။ ကျွန်တော်အကို တစ်ယောက်ဆို ရန်ကုန်ပြန်တာတစ် ရက်စောသွားလို့ တစ်ရက်သာနောက် ကျရင် ဖားကန်ကနေမြစ်ကြီးနားကို သွားလို့မရတော့ဘူး။ အခုအနေအ ထားနဲ့ဆိုကုန်ပစ္စည်းတွေ ပြတ်လပ်မှု က သိပ်မကြာခင်မှာ ဖြစ်လာနိုင်ပါ တယ်'' ဟု ဖားကန်မြို့ရှိ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဦးအေးလှိုင်ကပြော သည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများဖြစ်ပွားနေခြင်း ကြောင့် စစ်ပြေးဒုက္ခသည် များမှာ တရုတ် နှင့်မြန်မာ နယ်စပ်သို့ ပြောင်းရွှေ့ အခြေချမှုများ မှာအဆက် မပြတ်ဖြစ် ပွားနေကြောင်း မြစ်ကြီးနား မြို့နှင့် အနီးတဝိုက် ဒေသများ ရှိ ဒုက္ခ သည် များအား ထောက်ပံ့ကူညီပေးနေ သူမန္တလး မြို့မှ ဦးညီညီကျော်က ဆို သည်။

''ကျွန်တော်တို့လည်း မိုးကောင်း၊ကာမိုင်းလမ်းကြောကိုကားတွေတက် ဖွင့်မပြုဘူးလို့ကြားတယ်။ကျွန်တော် ထင်ရတာတော့ နှစ်သစ်ကူးကာလအ တွင်း ငြိမ်နေပြီးတော့ အခုမှပြန်စကြ တာလို့ ထင်တယ်။ အဲဒီဘက်တွေက တော့မြို့ပေါ်မှာ နေရင်တော့ အန္တရာယ် မရှိပါဘူး ''ဟု ယင်းကပြော သည်။
Unknown at 9:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိန်းကလေးများသထိထားရန်ကူးယူတင်ပြလိုက်သည် ..သတိ....


အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့
ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါစေ
Unknown at 9:05 PM 17 မှတ်ချက်ကလေးရေးပေးနော်.
Share

စုပြုံစောင့်ဆိုင်းနေတဲ့ သူနာပြုများ အလုပ်ခန့်အပ်

သက်ဆိုင်ရာ သူနာပြုတက္ကသိုလ်များနှင့် သူနာပြုသင်တန်းကျောင်းများမှ သူနာပြုသိပ္ပံဘွဲ့နှင့် သူနာပြုဒီပလိုမာအောင်မြင်ပြီး အစိုးရဆေးရုံများတွင် လုပ်ငန်းခွင်ဝင်ရန် သုံးနှစ်မျှစုပြုံစောင့်ဆိုင်းနေကြရသည့် သူနာပြုများကို အလုပ်တာဝန်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက ဇန်န၀ါရီလဆန်းအတွင်း သ တင်းထုတ်ပြန်သည်။

အဆိုပါသူနာပြုများမှာ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)ကို ၂၀၀၉ ခုနှစ်တွင် အောင်မြင်သူများ၊ ၂၀၀၈ ခုနှစ်တွင် အောင်မြင်ပြီး အလုပ်ခန့်ရန် ကျန်ရှိနေသူများ၊ အခြားနှစ်များတွင် အောင်မြင်ခဲ့ပြီး အလုပ်ခန့်ရန် လျှောက်ထားသူများ၊ သူနာပြုဒီပလိုမာသင်တန်းကို ၂၀၀၉ ခုနှစ်တွင် အောင်မြင်သူများ၊ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် အောင်မြင်ပြီး အလုပ်ခန့်ရန် ကျန်ရှိနေသူများ၊ ၂၀၁၀ ပြည့်နှစ်တွင် ချင်းပြည်နယ်မှ အောင်မြင်သူ များ ပါဝင်ကြသည်။

မြန်မာနိုင်ငံ၌ သူနာပြုတက္ကသိုလ်နှစ်ခုမှ သူနာပြုသိပ္ပံဘွဲ့ (B.N.Sc) (ပုံမှန်) ရရှိသူ ၃၀၀ ဦးခန့် နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ သူနာပြုဒီပလိုမာ (Dip.in General Nursing) ရရှိသူများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်။

အလားတူ ဆေးတက္ကသိုလ်များမှ ဆေးပညာဘွဲ့ (M.B.B.S) ရရှိပြီး အစိုးရဆေးရုံများတွင် စောင့်ဆိုင်းနေရသော ဆရာဝန်များအနက် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဆေးပညာဘွဲ့ရရှိသော ဆရာဝန် ၅၀၀ ဦးကို ၂၀၁၁ ခုနှစ်နိုဝင်ဘာလအတွင်း စိစစ်ရွေးချယ်ပြီး ဒီဇင်ဘာလတွင် အလုပ်တာဝန်များ ခန့်အပ်ခဲ့ကြောင်း The Voice သတင်းဂျာနယ်မှာ ဖော်ပြထားပါသည်။
Unknown at 8:57 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရစစ်တပ်သုံး ရှရှားလုပ်ရဟတ်ယဉ် ကေအိုင်ကေ ပစ်ချ

ရှရှားလုပ်ရဟတ်ယဉ်
ကြားဖြတ်သတင်း ---
ကချင်ပြည်နယ် ဗန်းမော်နှင့် လွယ်ဂျယ် အကြား ပျံသန်းသွားသည့် အစိုးရစစ်တပ်သုံး အစိုးရစစ်တပ်သုံး ရဟတ်ယာဉ်တစင်း ကေအိုင်အေ လက်နက်ကိုင် တပ်ဖွဲ့က ဇန်န၀ါရီလ ၄ ရက်နေ့က ပစ်ချခဲ့သည်ဟု ကေအိုင်အေ နှင့်နီးစပ်သူ မြစ်ကြီးနား မြို့ခံတဦးကပြောသည်။

ပစ်ချလိုက်ပြီးနောက် ရဟတ်ယာဉ်မှာ မီးခိုးထွက်ကာ ဆက်လက်ပျံသန်းသွားခဲ့ပြီး နောက်တနေ့ ဖြစ်သည့် ဇန်န၀ါရီ ၅ ရက်နေ့တွင် ဗန်းမော်ခရိုင် စိန်လုံရွာ အောက်ဘက် လယ်ကွင်းထဲ၌ ပျက်စီးလျှက်ရှိသည့် ရဟတ်ယာဉ်ကို တွေ့ရှိရကြောင်း ကေအိုင်အေ သတင်းရပ်ကွက်က ပြောသည်ဟုသိရှိရသည်။

ထိခိုက်ဒဏ်ရာရမှု နှင့်ပတ်သက်၍ မသိရှိရသေးကြောင်း YPI သတင်းအရသိရသည်။
Unknown at 10:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ကြီးနားမြို့အနီး အင်အားအသင့်တင့် မြေငလျင်လှုပ်

မြစ်ကြီးနားမြို့၏ အနောက်ဘက် ၈၉ ကီလိုမီတာ ( ၅၅ မိုင် ) ခန့်အကွာ နေရာကို ဗဟိုပြု၍ ပြင်းအား Magnitude 4.4 ရှိ အင်အားအသင့်အတင့် ရှိသောမြေငလျင် တစ်ခု လှုပ်ခဲ့ကြောင်း USGS သတင်းအရ သိရှိရပါသည် ။

 
 
 
ငလျင်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည် ။

 
အပျက်အစီးနှင့် မြေပြင်သတင်းအချက်အလက်များ မရရှိသေးပါ။
Unknown at 10:48 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖိလစ်ပိုင်နိုင်ငံတွင် ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အစိုးရ၀က်ဘ်ဆိုက်များ ခေတ္တပိတ်ခဲ့ရ

ဖိလစ်ပိုင်နိုင်ငံတွင် ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဒုတိယသမ္မတရုံးအပါအ၀င် အစိုးရ၀က်ဘ်ဆိုက်အတော်များများကို ဇန်န၀ါရီ ၁ ရက်က ၁၅ နာရီကြာ ပိတ်ပစ်ခဲ့ရကြောင်း အစိုးရအဖွဲ့က ဇန်န၀ါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုများကို Private X ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့တစ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
Unknown at 10:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း


ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။
၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။
ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။
ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့ တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား
ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။
ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။
အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။

အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။
ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့ မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကို ဥပမာ ပြောပြလို့ရနိုင်မလား။

ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့ လုပ်ဆောင်မှာပါလား။
မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။
ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာ အရင်ရောင်းချမှာပါလဲ။
ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။
အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှုရော ရှိပါရဲ့လား။

ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။ ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။
အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ် မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructure တွေက အသင့်ဖြစ်ပါပြီလား။
အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပါ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။
ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက ၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လို ပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့် ထပ်ပေးဖို့ လိုပါသလား။


အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။
မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ် ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့် ပြောချင်ပါသလဲ။
ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။
Unknown at 10:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.