Saturday, January 7, 2012

စုပြုံစောင့်ဆိုင်းနေတဲ့ သူနာပြုများ အလုပ်ခန့်အပ်

သက်ဆိုင်ရာ သူနာပြုတက္ကသိုလ်များနှင့် သူနာပြုသင်တန်းကျောင်းများမှ သူနာပြုသိပ္ပံဘွဲ့နှင့် သူနာပြုဒီပလိုမာအောင်မြင်ပြီး အစိုးရဆေးရုံများတွင် လုပ်ငန်းခွင်ဝင်ရန် သုံးနှစ်မျှစုပြုံစောင့်ဆိုင်းနေကြရသည့် သူနာပြုများကို အလုပ်တာဝန်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက ဇန်န၀ါရီလဆန်းအတွင်း သ တင်းထုတ်ပြန်သည်။

အဆိုပါသူနာပြုများမှာ သူနာပြုသိပ္ပံဘွဲ့(ပုံမှန်)ကို ၂၀၀၉ ခုနှစ်တွင် အောင်မြင်သူများ၊ ၂၀၀၈ ခုနှစ်တွင် အောင်မြင်ပြီး အလုပ်ခန့်ရန် ကျန်ရှိနေသူများ၊ အခြားနှစ်များတွင် အောင်မြင်ခဲ့ပြီး အလုပ်ခန့်ရန် လျှောက်ထားသူများ၊ သူနာပြုဒီပလိုမာသင်တန်းကို ၂၀၀၉ ခုနှစ်တွင် အောင်မြင်သူများ၊ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် အောင်မြင်ပြီး အလုပ်ခန့်ရန် ကျန်ရှိနေသူများ၊ ၂၀၁၀ ပြည့်နှစ်တွင် ချင်းပြည်နယ်မှ အောင်မြင်သူ များ ပါဝင်ကြသည်။

မြန်မာနိုင်ငံ၌ သူနာပြုတက္ကသိုလ်နှစ်ခုမှ သူနာပြုသိပ္ပံဘွဲ့ (B.N.Sc) (ပုံမှန်) ရရှိသူ ၃၀၀ ဦးခန့် နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ သူနာပြုဒီပလိုမာ (Dip.in General Nursing) ရရှိသူများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်။

အလားတူ ဆေးတက္ကသိုလ်များမှ ဆေးပညာဘွဲ့ (M.B.B.S) ရရှိပြီး အစိုးရဆေးရုံများတွင် စောင့်ဆိုင်းနေရသော ဆရာဝန်များအနက် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဆေးပညာဘွဲ့ရရှိသော ဆရာဝန် ၅၀၀ ဦးကို ၂၀၁၁ ခုနှစ်နိုဝင်ဘာလအတွင်း စိစစ်ရွေးချယ်ပြီး ဒီဇင်ဘာလတွင် အလုပ်တာဝန်များ ခန့်အပ်ခဲ့ကြောင်း The Voice သတင်းဂျာနယ်မှာ ဖော်ပြထားပါသည်။
Unknown at 8:57 PM
Share

1 comment:

  1. Khin Moe AyeJanuary 19, 2012 at 5:42 PM

    အော် ပရော်ဖက်ရှင်နယ် ဘွဲ့တွေလည်း အဲလောက်နှစ်တွေ အကြာကြီး စောင့် ရတာပါလား

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.