
လေးနှစ်တာ ကာလအတွင်း ပြသခွင့် လျှောက်ထား ခဲ့သည့် စာရင်းအရ ၂၀၁၁ ခုနှစ်အတွင်း ရုပ်ရှင် ဇာတ်ကား ပြသခွင့် လျှောက်ထား မှုမှာ အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ၏ ထုတ်ပြန် ချက်အရ သိရသည်။
မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေး မှူး ဦးသိန်းထွန်းအောင်က “၂၀၁၁ ခုနှစ် အတွင်းမှာ ဆင်ဆာ ကြည့်ပေးတဲ့ ဇာတ်ကား အရေအတွက် ၂၀ ၀န်းကျင် လောက်ရှိပါ မယ်။ အရင်နှစ် တွေနဲ့ နှိုင်းယှဉ် မယ်ဆိုရင် တော့ အမြင့်ဆုံး အရေအတွက် လို့ပြောလို့ ရပါတယ်” ဟု ဆိုသည်။
၂၀၁၁ ခုနှစ် အတွင်း မြန်မာ ရုပ်ရှင် ဇာတ်ကားသစ် ၂၀ ၀န်းကျင် ခန့်ပြသခွင့်ပြု ခဲ့ပြီး လေးနှစ် တာ ကာလ အတွင်းပြသ ခွင့်ပြု ခဲ့သည့် စာရင်း အရ အမြင့်ဆုံး ဖြစ်နေ ကြောင်း သိရသည်။ နှစ် အလိုက် ဆင်ဆာ ခွင့်ပြုခဲ့ သည့် ဇာတ်ကား အရေ အတွက်မှာ ၂၀၀၈ ခုနှစ်တွင် ၁၀ ကား၊ ၂၀၀၉ ခုနှစ် တွင် ၁၂ ကား၊ ၂၀၁၀ ပြည့်နှစ် တွင် ၁၆ ကားနှင့် ၂၀၁၁ ခုနှစ် တွင် ကား ၂၀ ၀န်းကျင်ခန့် ရှိ ကြောင်း သိရသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge