Wednesday, January 4, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အော်တိုကြိုးဖုန်းများကို အရစ်ကျစနစ်ဖြင့် ငါးရစ်ခွဲ၍ ရောင်းချပေးမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အော်တိုတယ်လီဖုန်း ကြိုးဖုန်းများကို ၂.၁.၂၀၁၂ နေ့မှ စတင်ကာ ငါးရစ်ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကနဦးတပ်ဆင်ခ ခြောက်သိန်းခွဲဖြင့် ငှားရမ်းသုံးစွဲခွင့် ပြုပေးမည်ဖြစ်ပြီး ပထမအရစ် ငွေပေးသွင်းပြီး ၃ ရက်အတွင်း တယ်လီဖုန်းများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။ ငှားရမ်းတပ်ဆင် သုံးစွဲခွင့်ပြုမည့် အစီအစဉ်မှာ ပထမအရစ်အတွက် ကျပ် သုံးသိန်းကို စာချုပ်ချုပ်ဆိုမည့်နေ့တွင် လည်းကောင်း၊ ဒုတိယအရစ်အတွက် ကျပ် တစ်သိန်းကို စာချုပ်ချုပ်ဆို၍ ၂ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင် လည်းကောင်း ပေးဆောင်ရမည်ဖြစ်သည်။ တတိယအရစ်အတွက် ကျပ် ၁ သိန်းကို စာချုပ်ချုပ်ဆို၍ ၄ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင်လည်းကောင်း၊ စတုတ္ထအရစ်အတွက် ကျပ် ၁ သိန်းကို စာချုပ်ချုပ်ဆို၍ ၆ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင်လည်းကောင်း၊ ပဉ္စမအရစ်အတွက် ကျပ် ငါးသောင်းကို စာချုပ်ချုပ်ဆို၍ ၈ လပြည့်ပြီးလ၏ လဆန်း ၅ ရက်အတွင်းတွင်လည်းကောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို နီးစပ်ရာ မြန်မာ့ဆက်သွယ်ရေးရုံးများတွင် မေးမြန်းစုံစမ်းနိုင်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 5:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စင်ကာပူဗီဇာကို အလုပ်သမားကတ်ပါမှ ထုတ်ပေးတော့မည်


စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့်လုပ်သားများကို အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတပေးသော အလုပ်သမားမှတ်ပုံတင်စမတ်ကတ်ဖြင့် လာရောက်လျှောက်ထားမှသာ ဗီဇာပေးတော့မည်ဖြစ်ကြောင်း အလုပ်မားညွှန်ကြားမှု ဦးစီးဌာနမှ ၂၁-၁၂-၂၀၁၁ ရက်က သိရသည်။

ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်ပါမှ စင်ကာပူအလုပ်အကိုင် အလုပ်လုပ်ခွင့် ဗီဇာပေးခြင်းကို ဆောင်ရွက်နိုင်ရေးအတွက် စင်ကာပူသံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ "မလေးရှားသံရုံးနဲ့ ဒီစနစ်ကိုစခဲ့တာ တော်တော်အောင်မြင်တယ်လို့ ပြောရမယ်။ အောင်တိုဘာလကနေ အခုအထိ မလေးရှားကိုသွားရောက်သူ ၃၀၀၀ ကျော်ပြီဆိုတာကို စမတ်ကတ်က မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီကလေဆိပ်အထွက်မှာ စမတ်ကတ်နဲ့ ကွန်ပျူတာစနစ်ကို ဖြတ်ရတယ်။ လူက မလေးရှားရောက်သွားပြီဆိုရင်လည်း စမတ်ကတ်က အမှတ်အသားကို ကွန်ပျူတာက မှတ်သားပြီးသွားပြီ။ သူရဲ့ Biography အကုန်လုံးကိုပေါ့။ ဒီစနစ်နဲ့မှ လူဘယ်နှဦးဝင်ထွက်ရှိပြီး အသေးစိတ်အချက်အလက်ကို သိစေခဲ့တာဖြစ်တယ်" ဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။

"စင်ကာပူသံအမတ်ကြီးနဲ့ ညှိနှိုင်းခဲ့ကာ သဘောတူညီမှုရခဲ့လို့ စတင်တော့မှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အလုပ်သမားကတ်ပါမှ ဗီဇာထုတ်ပေးခြင်းစနစ်အတွက် အခြားသော မြန်မာနိုင်ငံသား အလုပ်သမားဈေးကွက်ရှိသည့် နိုင်ငံများ၏ သံရုံးများနှင့်လည်း ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု သိရကာ အလုပ်သမားမှတ်ပုံတင် စမတ်ကတ်အတွက် FEC ၁၀၀ ပေးဆောင်ရမည်ဖြစ်ပြီး မလေးရှားနိုင်ငံနှင့် အောက်တိုဘာလ ၂၄ ရက်ကစတင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြန်မာသတင်းဂျာနယ် မှ သိရသည်။
Unknown at 5:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၆၂-၀၇ တွေ့ဆုံပွဲ............

ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားစဉ်
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးမြတ်နိုးသူများ၏ ၆၂-၀၇ တွေ့ဆုံပွဲ ကို ဇန်န၀ါရီလ ၄ရက် (လွတ်လပ် ရေးနေ့)က နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံရှိ ပေါက်စေတီကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ၁၉၆၂ခု နှစ်၊ ၁၉၆၉ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၅ ခုနှစ်၊ ၁၉၇၆ခုနှစ်၊ ၁၉၈၈ခု နှစ်၊ ၁၉၉၆ခုနှစ်၊ ၁၉၉၈ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များ၌ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများအနက် တက်ရောက်နိုင်သူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံ ပွဲကို တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ရဲရဲရင့်ရင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အနစ်နာခံပေးဆပ်ခဲ့သူများ နွေးထွေးစွာပြန်လည် ဆုံတွေ့ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဦးကိုကိုလေးမှ ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
b40_06_2
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ
တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာပေးပို့ခဲ့ပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နှင့် ၁၉၆၂ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေတို့က အမှာစကားပြောကြားခဲ့ပြီး ၁၉၇၄ခုနှစ်၊ ၁၉၇၅ခုနှစ်နှင့် ၁၉၇၆ခုနှစ် ကျောင်းသားကျောင်းသူများ၏ သ၀ဏ်လွှာကို ဦးရာကျော်က လည်းကောင်း၊ ၁၉၈၈ခုနှစ် တက္ကသိုလ်ဆရာများ အသင်း၏ သ၀ဏ်လွှာကို တက္ကသိုလ် ဆရာများအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလွင်က လည်းကောင်း ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ၁၉၉၆ခုနှစ်၊ ၁၉၉၈ခုနှစ် ကျောင်းသား/ကျောင်းသူများ၏ သ၀ဏ်လွှာကို မဇင်မာအောင်က ဖတ်ကြားခဲ့ကာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ သ၀ဏ်လွှာကို ကိုဇင်လင်းအောင်ကလည်းကောင်း၊ နိုင်ငံရေး အကျဉ်း သားဟောင်းများ၏ သ၀ဏ်လွှာကို  ဦးဇော်ရဲဝင်းကလည်းကောင်း၊ Generation Wave (GW) အဖွဲ့၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာအား ကိုချမ်းဦးသာက လည်းကောင်း ဖတ်ကြားခဲ့ပြီး ဖွဲ့စည်းဆဲဖြစ်သည့် မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ၏ သ၀ဏ်လွှာကို ကဗျာဆရာသစ္စာနီက ဖတ်ကြားခဲ့ပါသည်။
b40_06
တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဆရာဦးဝင်းတင်၊ NLD အမှုဆောင်များ
ထို့အပြင် ယခုတွေ့ဆုံပွဲကို ဦးဆောင်ကျင်းပခဲ့သူ ဦးကိုကိုလေးက ဆရာဦးဝင်းတင် ဦးဆောင်လုပ်ကိုင် နေသော အကျဉ်းသားထောက်ပံ့ရေး အစီအစဉ်နှင့် မမီမီလွင်နှင့်အဖွဲ့လုပ် ကိုင်နေသော နိုင်ငံရေး အကျဉ်းသား များထောက်ပံ့ရေး အစီအစဉ်များသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကိုလည်း ပြုလုပ်ခဲ့ပါသည်။
Unknown at 4:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမှိုက်သိမ်းခ နှစ်ဆတိုးမည်

ရန်ကုန်မြို့ မှ လမ်းဘေးအမှိုက်ပုံတခုမြင်ကွင်း (ဓါတ်ပုံ-Google Images)
ရန်ကုန်မြို့တွင်းတစ်နေရာတွင် သန့်ရှင်းရေးဆောင်ရွက်နေသော ၀န်ထမ်းတစ်ဦးအား တွေ့ရစဉ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခင်ကောက်ခံသော နှုန်းထား၏ နှစ်ဆ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတင်း ရရှိသည်။

''ရန်ကုန်တစ်မြို့လုံးရဲ့ သန့်ရှင်းရေးဆောင်ရွက်ခတွေကို ယခုနှစ် ဇန်န၀ါရီလမှစတင်ပြီး ယခင်နှုန်းထားရဲ့ နှစ်ဆ တိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။ သန့်ရှင်းရေး လုပ်ငန်းလုပ်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်း၊ ယာဉ်၊ ၀န်ထမ်း လုပ်အားခ၊ ၀န်ထမ်းတွေအ တွက် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ၀ယ်ဖို့အတွက် အရင်ကောက်နေတဲ့နှုန်းထားနဲ့ မညီမျှတဲ့အတွက် တိုးမြှင့်ကောက်ခံရတာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့၏ သန့်ရှင်းရေး ဆောင်ရွက်ခများကို ရေဖိုးရေခ၊ မြေခွန်၊ ယာပြတ်အခွန်စသည်တို့နှင့် ပေါင်းစည်း၍ သုံးလတစ်ကြိမ် ကောက်ခံခြင်းဖြစ်ကြောင်း၊ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသောမြို့နယ်များတွင် ယခင်တစ်ရက်လျှင် ငါး ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၄၅၀ အစား နှုန်းထားအသစ်ဖြင့် တစ်ရက်လျင် ၁၀ ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း စသော မြို့တွင်းဆက်စပ် မြို့နယ်များတွင် သန့်ရှင်းရေးဝန် ဆောင်ခအဖြစ် တစ်ရက်လျင် ခုနစ် ကျပ်ခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား နှုန်းထားအသစ်ဖြင့် တစ် ရက်လျင်ကျပ် ၁၅ ကျပ်ဖြင့် သုံးလ တစ်ကြိမ် ၁၃၅၀ နှုန်းဖြင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက်တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အခွန်အခပေးပြီး ထိုက်သင့်တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ် .  .  .

မြို့တွင်း  Down Town  ခြောက် မြို့နယ်တွင်မူ ယခင်တစ်ရက်လျင် ကျပ် ၁၀ နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ အစား နှုန်းထားအသစ် ဖြင့် တစ်ရက်လျှင် ကျပ် ၂၀ နှုန်း ဖြင့် သုံးလတစ်ကြိမ် ၁၈၀၀ ကောက်ခံသွား မည်ဖြစ်ကြောင်း သိရှိရပါ သည်။ ရန်ကုန်မြို့တွင်းရှိ သန့်ရှင်းရေး ဆောင်ရွက်ခနှုန်းထားများကို ယခင်က ဆင်ခြေဖုံးမြို့နယ်များတွင် တစ်ရက်လျှင် ၁ ကျပ်၊ မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များတွင် ၁ ကျပ်ခွဲ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် ၂ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ  ၂၀၀၅ -၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် ဆင်ခြေ ဖုံးမြို့နယ်များအား တစ်ရက်လျှင် ၅ ကျပ်၊ မြို့တွင်းနှင့်ဆက်စပ်မြို့နယ် များအား ခုနစ်ကျပ်ခွဲနှင့် မြို့တွင်း မြို့နယ်များတွင် ၁၀ ကျပ်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

''သန့်ရှင်းရေး ဆောင်ရွက်ခတိုး မြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက် တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့အခွန်အခပေးပြီး ထိုက်သင့် တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ်'' ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပြခဲ့သည်။
EMG
Unknown at 4:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၂၄ လမ်းအတွင်းရှိ ၃ ထပ်တိုက်တွင် အတွင်းခန်း ပြိုကျမှုဖြစ်ပွား


AddThis Social Bookmark Button
b40_03 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊  ၁၂၄ လမ်း အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မထားသော သုံးထပ်တိုက်တစ်လုံး၌ အတွင်းခန်းအချို့ အလိုအလျောက်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကြိုတင်သိရှိခဲ့သည့်အတွက် တိုက်တွင်နေထိုင်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါတိုက်မှာ ၃ ထပ်တိုက် အခန်း ၆ ခန်းပါဝင်သည့် တိုက်ခန်းအမျိုးအစားဖြစ်ပြီး ယခုပြိုကျမှုဖြစ်ပွားသည့်အခန်းမှာ အပေါ်ဆုံးထပ် အခန်းတစ်ခုမှဖြစ်ကြောင်း သိရသည်။
''မပြိုကျခင်မှာ မီးဖိုချောင်ဘက်မှာ သဲတွေကျလာလို့ ပြိုမယ်ထင်ပြီး အောက်ထပ်တွေကို ဆင်းပြီးပြေးပြောတယ်။ အားလုံးအပြင်ထွက်နေဖို့အတွက်။ အဲဒီအချိန် အောက်ထပ်မှာကလည်း ထမင်းဟင်းချက်နေကြတာလေ။ အားလုံး အပြင်ထွက်ပြီးတာနဲ့သိပ်မကြာဘူး ပြိုကျတယ်။ ကျွန်မတို့က အပေါ်ဆုံးထပ်မှာနေတာ။ အပေါ်ဆုံးထပ်က အိမ်သာရေချိုးခန်းကျွံကျတာပါ။ ဟိုတစ်ရက် စက်ဆန်းမှာ မီးလောင်ပေါက်ကွဲတဲ့အချိန်မှာ ပေါက်ကွဲတဲ့ အရှိန်ကြောင့် အဲဒီကတည်းက တိုက်ခန်းနံရံတွေ အက်ကြောင်း ထင်သွားတယ်၊ အိမ်သာရေးချိုးခန်း တံခါးတွေ ပိတ်မရဘူးဖြစ်သွားတယ်။ အခုကျတော့ သဲတွေစကျလာပြီး နံရံဘက်က စပြိုတယ်၊ နောက်ကျွံကျတယ်''ဟု ပြိုကျခဲ့သည့် အခန်းမှ မဥမ္မာက ပြောကြားခဲ့ပါသည်။
''တိုက်ဘက်ကို မျက်နှာမူထားရင်တော့ ဘယ်ဘက်အပေါ်ဆုံးခန်းပါ။ တိုက်ဘက်က ပြန်ကြည့်ရင်တော့ ညာဘက်ပေါ့။ အရင်ကတော့ အဲဒီတိုက်က သုံးထပ်မဟုတ်ဘူး။ နောက်မှ အပေါ်ထပ်တွေ ထပ်တင်ထားတာတော့ ကျွန်တော်တို့သိတယ်။ အန္တရာယ်ရှိ အဆောက်အအုံတော့မ ဟုတ်ဘူး'' ဟု ၁၂၄ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
Unknown at 4:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွပ်လပ်ရေးနေ့..တို့မမေ့





မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော
အမျိုးသားခေါင်ဆောင်ကြီးများ နဲ့ ဗြိတိသျှကျွန် ဖက်ဆစ်ကျွန်
ဘယ်ကိုလိုနီ ကျွန်ဘဝ မှာမှ မနေချင်သော လွပ်လပ်ပြီး
တရားမျှတသော ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုခုံမင်သော
ပြည်ထောင်စုတရပ်လုံး က ရွပ်ရွပ်ချွန်ချွန်ပူးပေါင်းကြိုးစား
အသက်ပေးရယူခဲ့သော..မြန်မာနိုင်ငံတော်ကြီးသည်
၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်နေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင်
ဗြိတိသျှတို့ မှ တရားဝင် အခမ်းအနားနှင့် လွပ်လပ်သောနိုင်ငံအဖြစ်
ကြေငြာလွှဲပြောင်းခဲ့ရသည်.....။ ။

ယနေ့ဆို နှစ်ပေါင်း ၆၁ နှစ်ရှိပြီ။
ဒါကြောင့်..အသက်ပေး ရယူခဲ့သော
အာဇာနည်..သမိုင်းဝင် ပုဂ္ဂိုလ်များနှင့်
အမိုင်းမဝင်ပေ မယ့် တိုက်ပွဲဝင်
ကျဆုံး ခဲ့သော မျိုးချစ်များအားလုံးအား
ဦးညွှတ် အလေးပြု ဂုဏ်ယူရင်း........

ကျွန်တော်တို့ ရဲ့အချုပ်ခြာနိုင်ငံလွပ်လပ်ရေး
အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲ မပြိုကွဲ
မပျက်သုဉ်းရအောင်..အားလုံးအတူတူ
ပူးပေါင်းကာကွယ်ကြစို့..။

ဘကြီးသက်...
Unknown at 11:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ၏ အရှည်ဆုံးတံတားဖြစ်သည့် ဧရာဝတီ (ပခုက္ကူ) တံတား ဖွင့်လှစ်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ၁မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး အထူးစီမံကိန်းအဖွဲ့ (၃)မှ တာဝန်ယူတည်ဆောက်ခဲ့သည့် ကားလမ်းနှင့် ရထားလမ်း ပူးတွဲပါရှိသည့် မြန်မာနိုင်ငံ၏ အရှည်ဆုံးတံတားကြီးဖြစ်သော ဧရာဝတီတံတား (ပခုက္ကူ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးက အမှာစကားပြောကြားရာတွင်- ဧရာဝတီတံတား (ပခုက္ကူ)ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဤတံတားကြီးသည် ကားလမ်းနှင့် မီးရထားလမ်းပါ ပူးတွဲတည်ဆောက်ထားခြင်းဖြစ်ပြီး တံတားကြီး၏ ပင်မတံတားအရှည် ၁၁၄၃၁ ပေ၊ ကားလမ်းတံတားအရှည် စုစုပေါင်း ၁၃၅၃၇ ပေ၊ မီးရထားလမ်းတံတားအရှည် စုစုပေါင်း ၂၀၅၉၇ ပေ ရှိပါကြောင်း၊ ဧရာဝတီ မြစ်ကူးတံတားကြီးများအနက် အရှည်ဆုံး ဧရာဝတီမြစ်ကူးတံတားဖြစ်ပါကြောင်း။ ယခုလို တံတားကြီးကို တည်ဆောက်ပြီးစီးခြင်းကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့၏ ဒေသများနှင့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသများသို့ တစ်ဆက်တစ်စပ်တည်း လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်က ဧရာဝတီမြစ်ကို ဇက်ရေယာဉ်များဖြင့် ဖြတ်သန်းကြရာတွင် အချိန်တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ရာမှ ယခုဆိုလျှင် မိနစ်ပိုင်းနှင့် အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်ပါကြောင်း၊ ရေရှည်တွင် ဤတံတားကို ဖြတ်သန်း၍ အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံဆက် လမ်းမကြီးများ၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ပါ ဆက်စပ်ပေးမည့် အဓိက အရှေ့အနောက်ဆက်သွယ်ရေး လမ်းမကြီးများ ပေါ်ပေါက်လာတော့မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတိုင်းဒေသတိုင်း တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျော့နည်းပပျောက်မှု စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ယခု လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် ဤရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းက ပံ့ပိုးအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 11:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.