Wednesday, January 4, 2012

မြန်မာနိုင်ငံ၏ အရှည်ဆုံးတံတားဖြစ်သည့် ဧရာဝတီ (ပခုက္ကူ) တံတား ဖွင့်လှစ်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ၁မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး အထူးစီမံကိန်းအဖွဲ့ (၃)မှ တာဝန်ယူတည်ဆောက်ခဲ့သည့် ကားလမ်းနှင့် ရထားလမ်း ပူးတွဲပါရှိသည့် မြန်မာနိုင်ငံ၏ အရှည်ဆုံးတံတားကြီးဖြစ်သော ဧရာဝတီတံတား (ပခုက္ကူ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးက အမှာစကားပြောကြားရာတွင်- ဧရာဝတီတံတား (ပခုက္ကူ)ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဤတံတားကြီးသည် ကားလမ်းနှင့် မီးရထားလမ်းပါ ပူးတွဲတည်ဆောက်ထားခြင်းဖြစ်ပြီး တံတားကြီး၏ ပင်မတံတားအရှည် ၁၁၄၃၁ ပေ၊ ကားလမ်းတံတားအရှည် စုစုပေါင်း ၁၃၅၃၇ ပေ၊ မီးရထားလမ်းတံတားအရှည် စုစုပေါင်း ၂၀၅၉၇ ပေ ရှိပါကြောင်း၊ ဧရာဝတီ မြစ်ကူးတံတားကြီးများအနက် အရှည်ဆုံး ဧရာဝတီမြစ်ကူးတံတားဖြစ်ပါကြောင်း။ ယခုလို တံတားကြီးကို တည်ဆောက်ပြီးစီးခြင်းကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့၏ ဒေသများနှင့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသများသို့ တစ်ဆက်တစ်စပ်တည်း လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်က ဧရာဝတီမြစ်ကို ဇက်ရေယာဉ်များဖြင့် ဖြတ်သန်းကြရာတွင် အချိန်တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ရာမှ ယခုဆိုလျှင် မိနစ်ပိုင်းနှင့် အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်ပါကြောင်း၊ ရေရှည်တွင် ဤတံတားကို ဖြတ်သန်း၍ အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံဆက် လမ်းမကြီးများ၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ပါ ဆက်စပ်ပေးမည့် အဓိက အရှေ့အနောက်ဆက်သွယ်ရေး လမ်းမကြီးများ ပေါ်ပေါက်လာတော့မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတိုင်းဒေသတိုင်း တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျော့နည်းပပျောက်မှု စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ယခု လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် ဤရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းက ပံ့ပိုးအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 11:06 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.