Wednesday, January 4, 2012

အမှိုက်သိမ်းခ နှစ်ဆတိုးမည်

ရန်ကုန်မြို့ မှ လမ်းဘေးအမှိုက်ပုံတခုမြင်ကွင်း (ဓါတ်ပုံ-Google Images)
ရန်ကုန်မြို့တွင်းတစ်နေရာတွင် သန့်ရှင်းရေးဆောင်ရွက်နေသော ၀န်ထမ်းတစ်ဦးအား တွေ့ရစဉ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခင်ကောက်ခံသော နှုန်းထား၏ နှစ်ဆ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတင်း ရရှိသည်။

''ရန်ကုန်တစ်မြို့လုံးရဲ့ သန့်ရှင်းရေးဆောင်ရွက်ခတွေကို ယခုနှစ် ဇန်န၀ါရီလမှစတင်ပြီး ယခင်နှုန်းထားရဲ့ နှစ်ဆ တိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။ သန့်ရှင်းရေး လုပ်ငန်းလုပ်တဲ့အခါမှာ လိုအပ်တဲ့ပစ္စည်း၊ ယာဉ်၊ ၀န်ထမ်း လုပ်အားခ၊ ၀န်ထမ်းတွေအ တွက် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေ ၀ယ်ဖို့အတွက် အရင်ကောက်နေတဲ့နှုန်းထားနဲ့ မညီမျှတဲ့အတွက် တိုးမြှင့်ကောက်ခံရတာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့၏ သန့်ရှင်းရေး ဆောင်ရွက်ခများကို ရေဖိုးရေခ၊ မြေခွန်၊ ယာပြတ်အခွန်စသည်တို့နှင့် ပေါင်းစည်း၍ သုံးလတစ်ကြိမ် ကောက်ခံခြင်းဖြစ်ကြောင်း၊ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ဥက္ကလာပ စသောမြို့နယ်များတွင် ယခင်တစ်ရက်လျှင် ငါး ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၄၅၀ အစား နှုန်းထားအသစ်ဖြင့် တစ်ရက်လျင် ၁၀ ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း စသော မြို့တွင်းဆက်စပ် မြို့နယ်များတွင် သန့်ရှင်းရေးဝန် ဆောင်ခအဖြစ် တစ်ရက်လျင် ခုနစ် ကျပ်ခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား နှုန်းထားအသစ်ဖြင့် တစ် ရက်လျင်ကျပ် ၁၅ ကျပ်ဖြင့် သုံးလ တစ်ကြိမ် ၁၃၅၀ နှုန်းဖြင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ ၀န်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက်တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အခွန်အခပေးပြီး ထိုက်သင့်တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ် .  .  .

မြို့တွင်း  Down Town  ခြောက် မြို့နယ်တွင်မူ ယခင်တစ်ရက်လျင် ကျပ် ၁၀ နှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၉၀၀ အစား နှုန်းထားအသစ် ဖြင့် တစ်ရက်လျှင် ကျပ် ၂၀ နှုန်း ဖြင့် သုံးလတစ်ကြိမ် ၁၈၀၀ ကောက်ခံသွား မည်ဖြစ်ကြောင်း သိရှိရပါ သည်။ ရန်ကုန်မြို့တွင်းရှိ သန့်ရှင်းရေး ဆောင်ရွက်ခနှုန်းထားများကို ယခင်က ဆင်ခြေဖုံးမြို့နယ်များတွင် တစ်ရက်လျှင် ၁ ကျပ်၊ မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များတွင် ၁ ကျပ်ခွဲ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် ၂ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ  ၂၀၀၅ -၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် ဆင်ခြေ ဖုံးမြို့နယ်များအား တစ်ရက်လျှင် ၅ ကျပ်၊ မြို့တွင်းနှင့်ဆက်စပ်မြို့နယ် များအား ခုနစ်ကျပ်ခွဲနှင့် မြို့တွင်း မြို့နယ်များတွင် ၁၀ ကျပ်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

''သန့်ရှင်းရေး ဆောင်ရွက်ခတိုး မြှင့်ကောက်ခံတာနဲ့အတူ ကောင်းမွန်တဲ့ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ပါတယ်။ ပိုက်ဆံလည်း တိုးကောက် တယ်။ ၀န်ဆောင်မှုလည်း အခုလိုပဲဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့အခွန်အခပေးပြီး ထိုက်သင့် တဲ့ ၀န်ဆောင်မှုမျိုးကို ပြန်ရချင်ပါတယ်'' ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပြခဲ့သည်။
EMG
Unknown at 4:45 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.