Tuesday, November 27, 2012

ဆီးဂိမ်းအတွက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် ထပ်မံ တင်ဒါခေါ်ယူထား

ပြန်ကြားရေး ၀န်ကြီး ဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေနဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် လိုအပ်တဲ့ စက်ပစ္စည်းများဝယ်ယူဖို့ တင်ဒါ ခေါ်ယူမှုတွေ ထပ်မံ ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ခေါ်ယူ ထားတဲ့ ကုမ္ပဏီများထဲမှ ကုမ္ပဏီတစ်ခုကို ပဏာမ ရွေးချယ် ထားပြီး ထပ်မံတင်ဒါ သွင်းမယ့် ကုမ္ပဏီတွေဟာ လက်ရှိ ရွေးချယ် ထားတဲ့ကုမ္ပဏီထက် ဈေးနှုန်း လျော့ကာ
ပေးသွင်း နိုင်တာ ဖြစ်ပါတယ်။

ဒီလို တင်ဒါခေါ်ယူ ထားတာဟာ 8 Camera OB Van, 5 Camera Flyaway Video Kit စက်ပစ္စည်းများ ၀ယ်ယူဖို့ အတွက်ဖြစ်ပြီး ယခင်က ကုမ္ပဏီ ၁၁ ခုမှ တင်ဒါတင်သွင်း ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းတဲ့ အထဲက နည်းပညာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ TMW ကုမ္ပဏီကို ပဏာမ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီမှ 8 Camera OB Van တစ်ဆက် အတွက် အမေရိကန် ဒေါ်လာ နှစ်ဆယ့် ကိုးသိန်း သုံးသောင်းနဲ့ 5 Camera Flyaway Video Kit တစ်ဆက် အတွက် အမေရိကန် ဒေါ်လာ ကိုးသိန်း
ဈေးနှုန်း သတ်မှတ် ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ယခင်က တင်ဒါ တင်သွင်းခဲ့တဲ့ ကျန်ကုမ္ပဏီတွေဟာ တင်ဒါမှာပါရှိတဲ့ အချက်များ အတိုင်း လိုအပ်တဲ့ စက်ပစ္စည်းတွေကို TMW ကုမ္ပဏီမှ ဈေးနှုန်းထက် လျှော့ပြီး ပြန်လည် ယှဉ်ပြိုင် နိုင်တာ ဖြစ်ပါတယ်။ အခုလို တင်ဒါပြန်လည် တင်သွင်းလို သူတွေဟာ ပြည်တွင်း၊ ပြည်ပ ပစ္စည်းများ ၀ယ်ယူရေးနဲ့ ထုခွဲ ရောင်းချရေး ကော်မတီ၊ ပြန်ကြားရေး ၀န်ကြီးဌာန ရုံးအမှတ် ၇ နေပြည်တော်သို့ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4
ဆီးဂိမ်းအတွက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူရန် ထပ်မံ တင်ဒါခေါ်ယူထား
Monday 26th November 2012

ပြန်ကြားရေး ၀န်ကြီး ဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေနဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် လိုအပ်တဲ့ စက်ပစ္စည်းများဝယ်ယူဖို့ တင်ဒါ ခေါ်ယူမှုတွေ ထပ်မံ ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ခေါ်ယူ ထားတဲ့ ကုမ္ပဏီများထဲမှ ကုမ္ပဏီတစ်ခုကို ပဏာမ ရွေးချယ် ထားပြီး ထပ်မံတင်ဒါ သွင်းမယ့် ကုမ္ပဏီတွေဟာ လက်ရှိ ရွေးချယ် ထားတဲ့ကုမ္ပဏီထက် ဈေးနှုန်း လျော့ကာ
ပေးသွင်း နိုင်တာ ဖြစ်ပါတယ်။

ဒီလို တင်ဒါခေါ်ယူ ထားတာဟာ 8 Camera OB Van, 5 Camera Flyaway Video Kit စက်ပစ္စည်းများ ၀ယ်ယူဖို့ အတွက်ဖြစ်ပြီး ယခင်က ကုမ္ပဏီ ၁၁ ခုမှ တင်ဒါတင်သွင်း ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းတဲ့ အထဲက နည်းပညာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ TMW ကုမ္ပဏီကို ပဏာမ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီမှ 8 Camera OB Van တစ်ဆက် အတွက် အမေရိကန် ဒေါ်လာ နှစ်ဆယ့် ကိုးသိန်း သုံးသောင်းနဲ့ 5 Camera Flyaway Video Kit တစ်ဆက် အတွက် အမေရိကန် ဒေါ်လာ ကိုးသိန်း
ဈေးနှုန်း သတ်မှတ် ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ယခင်က တင်ဒါ တင်သွင်းခဲ့တဲ့ ကျန်ကုမ္ပဏီတွေဟာ တင်ဒါမှာပါရှိတဲ့ အချက်များ အတိုင်း လိုအပ်တဲ့ စက်ပစ္စည်းတွေကို TMW ကုမ္ပဏီမှ ဈေးနှုန်းထက် လျှော့ပြီး  ပြန်လည် ယှဉ်ပြိုင် နိုင်တာ ဖြစ်ပါတယ်။ အခုလို တင်ဒါပြန်လည် တင်သွင်းလို သူတွေဟာ ပြည်တွင်း၊ ပြည်ပ ပစ္စည်းများ ၀ယ်ယူရေးနဲ့ ထုခွဲ ရောင်းချရေး ကော်မတီ၊ ပြန်ကြားရေး ၀န်ကြီးဌာန ရုံးအမှတ် ၇ နေပြည်တော်သို့ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4

ဘကြီးသက်
Unknown at 12:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Monday, November 26, 2012

မိုဘိုင်းအင်တာနက် အသုံးပြုမှု ကျသင့်ငွေအတွက် Volume ဖြင့် ကောက်ခံမည့် ယာယီဈေးနှုန်း သတ်မှတ်

မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကိုမိနစ်ဖြင့်
ကောက်ခံနေရာမှအသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည်
ဖြစ်ကြောင်း၊ Volume စနစ်ဖြင့် ကောက်ခံမည့် ဘီလ်နှုန်းထားများကိုလည်း ယာယီအဆင့်သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

“လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ်
ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံးပြုသူ တချို့က ပြောသည်။

“အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို ရောက်
သွားရင်Speed က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။

လက်ရှိ သတ်မှတ်ထားသော ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့် မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၄ ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က ပြောပြ
ခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

International Social Network Myanmar
မိုဘိုင်းအင်တာနက် အသုံးပြုမှု ကျသင့်ငွေအတွက် Volume ဖြင့်
ကောက်ခံမည့် ယာယီဈေးနှုန်း သတ်မှတ်
Monday, 26 November 2012

မိုဘိုင်းအင်တာနက် အသုံးပြုမှုကျသင့် ဘီလ်(ငွေ)ကိုမိနစ်ဖြင့်
ကောက်ခံနေရာမှအသုံးပြုသည့် Volume အလိုက် ပြောင်းလဲကောက်ခံမည့် အစီအစဉ်ကို လာမည့် ဒီဇင်ဘာလအတွင်း စတင်ကျင့်သုံးသွားမည်
ဖြစ်ကြောင်း၊ Volume စနစ်ဖြင့် ကောက်ခံမည့် ဘီလ်နှုန်းထားများကိုလည်း ယာယီအဆင့်သတ်မှတ်ပြီးစီးနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ 

“လျာထားတာက 100 Kbyte ကို ၂ ကျပ်၊ 1 M ကို ၂၀ ကျပ်၊ လစဉ် 100 M ကို ၁၅၀၀ ကျပ် ဒါမှမဟုတ် ၁၈၀၀ ကျပ်လောက် ကောက်ခံဖို့ စီစဉ်ထားတယ်။ ဈေးနှုန်းတွေက များများသုံးရင် လျှော့ပေးထားတယ်ဆိုတဲ့ သဘောပဲ” ဟု အင်ဂျင်နီယာချုပ်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုဘီလ်စနစ်
ပြောင်းလဲကောက်ခံခြင်းသည် အင်တာနက်စနစ်ကို မိုဘိုင်းဖုန်း၌ ဖွင့်ထားရုံဖြင့် ဘီလ်ပေးဆောင်ရခြင်းမရှိဘဲ အင်တာနက်စနစ်ကို ဝင်ရောက်အသုံးပြုမှသာလျှင် ဘီလ်ပေးဆောင်ရသည့်အတွက် အသုံးပြုမှုများ အနေဖြင့် ပိုမိုအဆင်ပြေလာနိုင်သည်ဟု နေ့စဉ်မိုဘိုင်း အင်တာနက်အသုံးပြုသူ တချို့က ပြောသည်။

“အရင်က 3G သုံးတဲ့ WCDMA တွေဟာ GSM ကွန်ရက်ထဲကို ရောက်
သွားရင်Speed က နည်းသွားတယ်။ ဒါပေမယ့်လည်း သူက တစ်မိနစ် ၄ ကျပ်နှုန်း ပေးနေရတဲ့အတွက် နစ်နာမှုရှိတယ်။ အင်တာနက်စနစ်ကို ဖွင့်ပြီး မပိတ်မိသူတွေ အတွက်လည်း နစ်နာမှုက ရှိနေတယ်။ အခုက Download ဝင်လုပ်မှ ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်” ဟု ဦးဌေးဝင်းက ပြောသည်။

လက်ရှိ သတ်မှတ်ထားသော ယာယီဈေးနှုန်းများသည် အင်တာနက် အသုံးပြုသည့် GSM, WCDMA, CDMA 800 စသည့် မိုဘိုင်းဖုန်း အားလုံးအတွက် အကျုံးဝင်ကြောင်း၊ ဈေးနှုန်း အတည်သတ်မှတ်ပြီးပါက ယခင်ခွဲခြား သတ်မှတ်ထားသည့် တစ်မိနစ် ၂ ကျပ်၊ တစ်မိနစ် ၄ ကျပ်ဟူသော ဈေးနှုန်းများကို ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

“ဆက်သွယ်ရေးက သူတို့ဘက်မှာ Loading အရမ်းများလို့ Volume အလိုက်ကောက်တာ ဖြစ်နိုင်တယ်။ သာမန် Facebook၊ Gtalk သုံးသူလောက်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့ အတွက်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာလို့လဲဆိုတော့ ios Firmware တစ်ခုကိုတောင် 1G, 2G လောက်ရှိနေတယ်” ဟု Golden Wave မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ အရောင်းဆိုင်မှ ကိုနေဇော်လွင်က ပြောပြ
ခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

International Social Network Myanmar

ဘကြီးသက်
Unknown at 11:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်အသုံးပြုနိုင်တော့မည့် Y Talk ၏ Phone 4U

 
နိုင်ငံပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်တော့မည့် Y Talk Calling မှ နိုင်ငံခြားဖုန်းကတ်နှင့် မိမိအသုံးပြုနေသော ဖုန်းတို့အား ချိတ်ဆက်ခေါ်ဆိုနိုင်တော့မည့် အစီအစဉ်ကို လွန်ခဲ့သည့်နှစ်လကပင် စမ်းသပ်သုံးစွဲနေပြီဖြစ်ပြီး ယခုလ နိုဝင်ဘာလဆန်းမှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း Y Talk Calling စနစ်ဝန်ဆောင်မှုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Phone 4U စနစ်တွင် နိုင်ငံပေါင်း ၆၀ ကျော်မှ ဖုန်းနံပါတ်များ ၀ယ်ယူပြီး မိမိလက်ထဲရှိ အိမ်ဖုန်း၊ လက်ကိုင်ဖုန်း၊ ရုံးဖုန်းများသို့ အ၀င်ဖုန်းများ လက်ခံနိုင်ရန် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ အ၀င်ဖုန်းခေါ်ဆိုခအတွက် တစ်မိနစ်လျှင် အ၀င်ခေါ်ဆိုမှု ကျသင့်ငွေ (0.30) FEC ပေးဆောင်ရမည်
ဖြစ်ပြီး မိမိအသုံးပြုလိုသော ဖုန်းခေါ်ဆိုခပမာဏကို ကြိုတင်ငွေဖြည့်၍ အသုံးပြုရမည်ဖြစ်သည်။ ခေါ်ဆိုနိုင်မှု Package များအနေဖြင့် Basic, Silver, Gold, Diamond ဟူ၍ မိမိနှစ်သက်ရာကို ရွေးချယ်နိုင်သည်။ အဆိုပါစနစ်တွင် Basic နံပါတ်အတွက် အသုံးပြုမည်ဆိုပါက လစဉ်ကြေး
နှစ်သောင်းကျပ်ကျမည်ဖြစ်ပြီး Silver အတွက် နံပါတ်တစ်ခုအတွက် ၄၅ မိနစ်စာ Free ခေါ်ဆိုခွင့် ရရှိမည်ဖြစ်သည်။ လစဉ်ကြေးအနေဖြင့် သုံးသောင်းကျပ်ကျမည် ဖြစ်သည်။ Gold, Diamond၀ယ်ယူသူများအနေ
ဖြင့် နံပါတ်တစ်ခုချင်းစီကို မိမိကြိုက်နှစ်သက်ရာ ဖုန်း ၃လုံးသို့ လွှဲပြောင်း
နိုင်သော အခွင့်အရေး ရရှိမည်ဖြစ်သည်။

ဘကြီးသက်
Unknown at 10:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Thursday, November 15, 2012

ရေထဲမှာရော လေထဲမှာပါ အသုံးပြုနိုင်တဲ့ Sony Action Camera


Sony ရဲ့ ပထမဆုံး Action Camera ကို ထုတ်ဖော်လိုက်ပါတယ်။ Action Cameraကို ရေအောက်မှာရော၊ မြေပေါ်မှာပါ စွန့်စွန့်စားစား သွားလာရိုက်ကူးတွင် အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ Action Cameraကို Sonyမှ ထုတ်ဖော်ပြသချိန်က ဓာတ်ပုံကင်မရာ လောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီ
း အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ အဲဒီကိစ္စဟာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Sony အေ
နနဲ့ ကင်မရာပိုင်းမှာဆိုရင် ဒီဂျစ်တယ်၊ ပရော်ဖက်ရှင်နယ်နဲ့ Camcorder များကို နည်းပညာသစ်တွေ တစ်ခုပြီး တစ်ခု အသုံးပြုပြီး အသစ် အသစ်တွေကို ထုတ်လုပ်ခဲ့တာပါ။ အခုလို မြေပေါ် ရေအောက် အသုံးပြုနိုင်မယ့် Action Camera အသေးစားကို တမူထူးခြားစွာ ထုတ်လုပ်ခဲ့တာဟာ ဓာတ်ပုံကင်မရာ လောက လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်ဆိုတာ မဆန်းပါဘူး။

Design

အရွယ်အစားကတော့ သေးငယ် ပေါ့ပါးတဲ့ အတွက် ကိုယ်ပေါ်မှာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပုံစံကတော့ Shotgun သေနတ် ဒီဇိုင်းပုံစံ ရှိပါတယ်။ Action Camera ကို Wi-Fi ချိတ်ဆက်နိုင်တဲ့ ကင်မရာနဲ့ မချိတ်ဆက်နိုင်တဲ့ ကင်မရာဆိုပြီး နှစ်မျိုး ထုတ်လုပ်ခဲ့တာပါ။ Wi-Fi ပါဝင်တဲ့ Sony HDR-AS1 ကင်မရာကိုတော့ သြစတြေးလျမှာသာလျှင် ရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Buttonတွေ ထည့်သွင်းပေးထား

170-Degree Lens ကို တပ်ဆင်ပေးထားပြီး အရှေ့ပိုင်းမှာ Stereo Microphone ပါဝင်ပါတယ်။ Small LED Screenကို အသုံးပြုနိုင်မည် ဖြစ်ပြီး မြန်မြန်ဆန်ဆန် ခိုင်းစေ အသုံးပြုနိုင်ဖို့အတွက် Previous/Next Buttons တွေကို ထည့်သွင်း ပေးထားပါတယ်။ ထို့ပြင် Settingထဲ သွားရောက် ချိန်ယူနေစရာ မလိုဘဲ Recording အလွယ်တကူ ပြုလုပ်နိုင်ဖို့အတွက် Recording Button ကိုလည်း ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။

Memory

အခြား Connectivity ပိုင်းအတွက် Micro USB နဲ့ HDMI Outputတို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dual-slot ဖြစ်တဲ့အတွက် Memory ကဒ် နှစ်ကဒ်ကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Memory ထည့်သွင်းနိုင်ဖို့အတွက် Slotကိုတော့ ကင်မရာရဲ့ အနောက်ပိုင်းမှာ ထည့်သွင်းပေးထားပါတယ်။

Full HD Video ရိုက်ကူးနိုင်

1080p (30 frames per second), 720p (30, 60 or 120fps) နဲ့ 480p (30fps) အရည်အသွေးနဲ့ Full HD Video တွေကို မှတ်တမ်းတင် ရိုက်ကူးနိုင်ပါ လိမ့်မယ်။ ဒီ Action Cameraကို ကောင်းကင်ထက် လေယာဉ်ပေါ်ကနေ စွန့်စွန့်စားစား ခုန်ချတာကို မှတ်တမ်းတင်နိုင်ဖို့၊ ရေအောက်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို အမိအရ ရိုက်ကူးနိုင်ဖို့အတွက် ပုံရိပ်ဝါးခြင်းတွေကို အကောင်းဆုံး ကာကွယ် တားဆီးပေမယ့် Image Stabilization Function ကို စံအဖြစ် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့် Stabilization အစွမ်းကြောင့် ဘယ်လိုနေရာ၊ ဘယ်လို အခြေအေ နတွေမှာပဲဖြစ်ဖြစ် ကြည်လင် ပြတ်သားတဲ့ အကောင်းဆုံး Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

ရေထဲမှာလည်း အသုံးပြုနိုင်

ရေထဲမှာ အသုံးပြုနိုင်ဖို့အတွက် ရေစိုခံ Waterproof Casing ကို ထည့်သွင်း ပေးထားပါတယ်။ ကင်မရာကို ပင်လယ်ရေအောက် မီတာ ၆၀ အထိ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။ Casingကို အသုံးပြုနေစဉ် မှာတော့ အပေါ်ယံက Cover ဖုံးအုပ်ထားတဲ့ အတွက် Function တော်တော်များများကို Access လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကင်မရာပေါ်မှာ အလွယ်တကူ ထိတွေ့နိုင်တဲ့ Record Button ကိုသာ အသုံးပြုနိုင်မှာပါ။ ဒါကြောင့် ရေအောက်ကို မယူသွားခင် ကတည်းက ကိုယ်လိုချင်တဲ့ Setting တွေကို ချိန်ညှိထားဖို့ လိုပါတယ်။ External Microphone Jack ပေါက်က ကင်မရာရဲ့အောက်ဘက်ပိုင်းမှာ ပါဝင်တဲ့အတွက် Waterproof Casingကို အသုံးပြုထားတဲ့ အချိန်မှာတော့ Microphone ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Wi-Fi နဲ့ Application သုံးစွဲမှု

Sony HDR-AS15 Action Camera မှာတော့ Wi-Fi Connectivity ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုက်ကူးထားတဲ့ Video တွေကို Wi-Fi ကနေတစ်ဆင့် မိုဘိုင်းဖုန်းတွေနဲ့ Wi-Fi ရတဲ့ ကင်မရာများသို့ Share လုပ်နိုင်ပါတယ်။ Action Camera ရဲ့ အများဆုံး Record လုပ်နိုင်တဲ့ ပမာဏကတော့ ၁ နာရီ ဖြစ်ပါတယ်။

Image Quality

ပုံထွက် အရည်အသွေးကတော့ ကောင်းမွန်တာကို တွေ့ရပါတယ်။ Auto ချိန်ပြီး ရိုက်ကူးရမှာ ဖြစ်ပြီး Manual ချိန်ပြီး ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး။ ဗွီဒီယို ပုံရိပ်တွေက ကြည်လင်ပြတ်သားပြီး ကာလာ တိကျတဲ့အပြင် လှုပ်ရှားမှုတွေကိုလည်း အတိကျဆုံး ဖမ်းယူပေးနိုင်တယ်လို့ ဆိုပါတယ်။ Resolution က 2-megapixel ရှိပြီး Website ပေါ်တင်ဖို့နဲ့ Print ထုတ်ဖို့အတွက် အကူအညီ ပေးနိုင်ပါသေးတယ်။ Photo Recording တွေလည်း ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
သုံးသပ်ချက်

Sony ကင်မရာ အရည်အသွေးက Quality မြင့်တယ်ဆိုတာ ပရိတ်သတ်ကြီး သိကြမှာပါ။ Action Camera ကို အသုံးပြုပြီးတော့ မိမိရဲ့ စွန့်စားမှု ပုံရိပ်တွေကို အကောင်းဆုံး မှတ်တမ်းတင်နိုင်မယ်လို့ ထင်ပါတယ်။ ရေထဲမှာရော၊ လေထဲမှာမှာပါ အသုံးပြုနိုင်တဲ့အတွက် ကြိုက်နှစ်သက်မယ်လို့ ထင်မြင်မိပါတယ်။

...............................................................
Copy and Credit to ^..^
Myanmar ICT

--
                                                                   
Unknown at 3:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အားကစားဝန်ကြီး ဦးတင်.ဆန်း အကြောင်း ပေးစာ


အားကစားဝန်ကြီး ဦးတင်.ဆန်းမှနိုင်ငံတော်မှ လစာငွေများ ကို တန်ဖိုး ရှိစွာ အသုံးပြုပီး.. နေပြည်တော် ရာဇဌာနီလမ်းမပေါ်ရှိအေးဇင်အောင်စားသောက်ဆိုင် တွင်သီချင်းဆိုသော ..တခုလတ်မ ..နီလာဦး ဆိုသော မိန်းမပျက်မတယောက်အား...စပွန်ဆာပေးထားခြင်းအားကစားဝန်ကြီးတင်.ဆန်း မှာ နီလာဦးဆိုသူ တခုလတ်မအား ..ရန်ကုန်
...မင်္ဂလာဒုံမြိုနယ်...၂/ကစံပြရပ်ကွက် ခတ်တာလမ်း အိမ်နံပါတ် ၉ရ အား
ဝယ်ပေးထားခြင်း
နေပြည်တော် ..ပျဉ်းမနား ..မောင်ခင်လမ်း စိန်ဒေါင်း စူပါမားကတ်
ရှေ.တည်.တည်.တွင်တိုက်တလုံးဝယ်ပေးထားခြင်း... ကား MARK2 ကားနံပါတ်
၉က/၆၅၂၆ တစီးဝယ်ပေးထားခြင်း ဖုန်း နံပါတ် ၀၉၄၃၀၁၈၈၃၃ ၀၉၅၀၀၅၆၀၂
ဝယ်ပေးထားခြင်း
နိုင်ငံတော်နှင်ပတ်သတ်သည်အကြောင်းအရာများ ဖုန်းဆက်ပီးအာချောင်ခြင်း
...အားကစားဝန်ကြီးတင်.ဆန်း အသုံးပြုသောဖုန်းနံပါတ်မှာ၀၉၄၉၅၉၀၁၂ရ
ဖြစ်ပါသည် ။ ၀၉၄၃၀၁၈၈၃၃ ဖုန်းနံပါတ်နှင်.ပြောသမျှ
များပြန်လည်စစ်ဆေးပေးပါရန် ဆက်သွယ်ရေးဌာနအား သတင်းပေးပို.အပ်ပါသည်။
ထိုကဲ.သိုအားကစားဝန်ကြီးတင်.ဆန်း ပြည်သူများအပေါ် အကျိုးပြုမှုများအား
တင်ပြအပ်ပါသည် ။ တခြားအကြောင်းအရာများ ကိုလည်းဆက်လက်
သတင်းပေးပို.အပ်ပါမည်။ သစ်ထူးလွင်အနေဖြင်. ယခုသတင်းသည် သတင်းအမှန်ပါ ၁၀၀
ရာခိုင်နှုန်းအမှန်ပါ ။ ဦးစားပေးအနေနဲ.သေချာစွာဖောပြပေးစေချင်ပါသည်။
ပုံ
တူးပို.(ယမင်းသူ)
 Name: yaminthu

Email: nayyeman2012@gmail.com
ဘကြီးသက်
Unknown at 2:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသား ၁၀ ဦးအပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး

thn-15-11-12-1
ယနေ့နိုဝင်ဘာလ ၁၅ ရက်နေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း

မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသားများ အပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား နိုဝင်ဘာလ ၁၅ ရက်မှစ၍ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုဝင်ဘာလ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း လတ်တလောရရှိသော သတင်းများအရ သိရသည်။
လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် နိုင်ငံခြားသားမှာ ၁၀ ဦးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
အကျဉ်းဦးစီးဌာန(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ''လွှတ်ပေးတဲ့ နိုင်ငံခြားသား ၁၀ ဦးက မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာပြည်ရောက် အများဆုံးပြည်ပနိုင်ငံသားတွေဖြစ်ပါတယ်''ဟု ပြောကြားသွားခဲ့ပြီး မည်သည့်နိုင်ငံသားများဖြစ်သည်ကို ဖြေကြားခဲ့ခြင်းမရှိပေ။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း) အဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၃၀ ၀န်းကျင် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတိုးကြည်က နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပြောပါသည်။                  
ကိုတိုးကြည်က “လတ်တလောကတော့ လွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါ၊ မပါ မသိရသေးဘူး” ဟု ပြောကြားခဲ့သည်။
အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၃၆ ဦး လွတ်မြောက်လာကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ရက်နေ့ နံနက်၁၀နာရီမှစတင်၍ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသား ၂၆ဦးလွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ နံနက်၁၀နာရီတွင် FRC ၂ဦးကို အရင်ဆုံးလွှတ်ပေးခဲ့ပြီး၊ ၁၀နာရီခွဲ၌ ပြစ်မှုအကျဉ်းသား ကျား ၂၂ဦး၊ မ၂ ဦးအား ဆက်လက်လွှတ်ပေးခဲ့ကာ စုစုပေါင်း၂၆ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အကျဉ်းသားများတွင် တပ်မတော် အရာထမ်း ၁၇ဦး၊ သက်ကြီး ၁ဦး၊ အိပ်ခ်အိုင်ဗွီ ဝေဒနာရှင် ၆ဦး၊ FRC ၂ဦး(မူးယစ်ဆေးဝါးမှု) တို့ဖြစ်ကာ နိုင်ငံရေးအကျဉ်းသား မပါဝင်ကြောင်းလည်း သိရသည်။မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း ၃၇ဦး လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား ၁၈ဦး လွတ်မြောက်လာကြောင်းနှင့်  ၎င်းတို့အားလုံးသည် တပ်မတော် အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရာမှ လွတ်မြောက်လာသူများဖြစ်ကြောင်း ပုသိမ် အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။ ဟင်္သာတ အကျဉ်းထောင်မှလည်း ၂ဦး လွတ်မြောက်ကြောင်း ဟင်္သာတ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။  
ထို့ပြင် စစ်တွေအကျဉ်းထောင်မှ ၆ ဦး၊ သံတွဲအကျဉ်းထောင်မှ ၁ဦး၊ဘူးသီးတောင် အကျဉ်းထောင်မှ ၄ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြောင်း သိရသည်။
အစိုးရသစ်လက်ထက်တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ရာ ယခုအကြိမ်သည် ငါးကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် လေးကြိမ်ထုတ်ပြန်ပေးခဲ့ပြီး အကျဉ်းသားများအား လွှတ်ပေးခဲ့ရာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့တွင် အကျဉ်းသား ၆၀၈၇ဦး၊ အကျဉ်းသူ ၅၆၉ဦး၊ စုစုပေါင်း ၆၆၅၆ဦး၊ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် အကျဉ်းသားစုစုပေါင်း ၆၅၁ဦး၊၂၀၁၂ခုနှစ် ဇူလိုင် ၃ရက်နေ့တွင် အကျဉ်းသား ၃၇ဦး၊အကျဉ်းသူ ၄၆ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး စက်တင်ဘာလ ၁၇ရက်နေ့တွင်မူ အကျဉ်းသား ၅၁၄ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ရာ ၃၉၉ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသား ၈၀ကျော် ပါဝင်ကြောင်းသိရသည်။
ယခုလွတ်မြောက်လာသည့် အကျဉ်းသားအများစုမှာ တပ်မတော်အက်ဥပဒေဖြင့် လွတ်မြောက်လာသူများလည်း ပါဝင်ပြီး ပုသိမ်အကျဉ်းထောင်မှ ၁၈ဦး၊အင်းစိန်အကျဉ်းထောင်မှ ၁၅ဦး၊မန္တလေးအိုးဘို အကျဉ်းထောင်မှ ၁၇ဦးတို့ တပ်မတော်စည်းကမ်းဖောက်ဖျက်မှုနှင့် အကျဉ်းကျနေရာမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။            
ယခုကဲ့သို့ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုရခြင်းမှာ နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်း မှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊နိုင်ငံတော် တည်ဆောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမည့်င်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလည်း စေရန်အတွက်လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုအား အလေးပေးသောအားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး၊နိုင်ငံအချင်းချင်း မိတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း  နိုဝင်ဘာလ ၁၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားမှုအရသိရသည်။
 နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတိုးကြည်က ''အခုလွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၄၅၂ဦးမှာ နိုင်ငံရေးအကျဉ်းသား တွေမပါဘူးဆိုတာကို တွေ့ရတော့ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။ပြည်ထောင်စုအစိုးရအဖွဲ့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ကျယ်ကျယ်လောင်လောင် ကြွေးကြော်နေပါတယ်။အခုလွတ် ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်လာခြင်းမရှိတာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေပါတယ်ဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တိုက်တွန်း တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်သွားမှာပါ''ဟု ပြောပြခဲ့ပါသည်။          
 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄၊ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက်အရွယ်ကြီးရင့်သူများ၊ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများအပါအ၀င် စုစုပေါင်းအကျဉ်းသား ၄၅၂ဦးအား ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၅ရက်မှ စ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ပေးမှုများသည် အများအားဖြင့် အခါကြီး ရက်ကြီးများနှင့် နိုင်ငံတော်အကြီးအကဲ ပြည်ပခရီးစဉ်များ မတိုင်မီ ပေးလေ့ရှိသည်။    
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ရက်ပိုင်းအတွင်း တက်ရောက်ရန်ရှိသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက်နေ့တွင် လာရောက်ရန်ရှိပြီး သမ္မတဦးသိန်းစိန်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေးသွားရန်ရှိသည်။
 EMG
ဘကြီးသက်
Unknown at 2:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပဲခူးလှုပ်ရင် တော်တော်လေးစိုးရိမ်ရတယ် စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သူ

From : 7day



ဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေနှင့် တွေ့ဆုံခြင်း

ရေးသားသူ- အားမာန်

ကမ္ဘာပေါ်တွင် အကြီးဆုံးသက်ရှိမြေငလျင်ပြတ်ရွှေ့ကြောများထဲမှ တစ်ခုအပါအ၀င်ဖြစ်သော ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော စစ်ကိုင်းငလျင်
ကြောကို ဘူမိဗေဒပညာရှင်ဒေါက်တာဝင်းဆွေက ၁၉၆၉ ခုနှစ်တွင် စတင်တွေ့ရှိပြီး ဖော်ထုတ်နိုင်ခဲ့သည်။ စစ်ကိုင်းငလျင်ကြောပေါ်တွင်
လှုပ်ခဲ့သောပြင်းအား ၆ ဒသမ ၈ ရှိ ငလျင်နှင့်ပတ်သက်၍ ဒေါက်တာဝင်းဆွေကို တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုရွှေဘိုငလျင်နဲ့ပတ်သက်ပြီး အဘရဲ့အမြင်ကို သိလိုပါတယ်။
အခုငလျင်က ကျွန်တော့်အမြင်က တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ ကံကောင်းတယ်ဗျ။ ကံကောင်းတယ်ဆိုတာက လူနေနည်းတဲ့ဒေသမှာ လှုပ်လို့။ နောက်ပြီး ဒီမြေငလျင်က သိပ်ပြီး ရှယ်လိုး(မြေအတိမ်) ဖြစ်တယ်လေ။ မြေငလျင် ဗဟိုချက်ကတိမ်ရင် ပိုပြီးအန္တရာယ်များတယ်။
ဒီထက်ကြီးတဲ့ငလျင်တွေ စစ်ကိုင်းမြေငလျင်ကြောမှာ အရင်တုန်းက လှုပ်ခဲ့တယ်။ ဒီငလျင်က အဲဒီအဆင့်တွေတော့ မမီဘူး။ ဒါပေမဲ့ သူများနိုင်ငံမှာဆိုရင် ဒီလောက်အင်အားဆိုရင် တော်တော်လေး ခံရတယ်။ အခု ငလျင်က ပုဂံမှာလှုပ်တဲ့ ငလျင်နဲ့ ပမာဏ မတိမ်းမယိမ်းပဲ။ သပိတ်ကျင်းမြို့က မြေငလျင်ကြောတည့်တည့်ဖြတ်သွားတဲ့နေရာ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနားမှာလာပြီးလှုပ်တော့ သပိတ်ကျင်းဆို မြေငလျင်ကြော တစ်လျှောက်မှာ ရွေ့တဲ့ဒဏ်လည်းခံရတယ်။ ငလျင်လှိုင်းက ထွက်လာတဲ့ လှုပ်တဲ့ဒဏ်ကိုလည်း ခံရတယ်။ ရတနာသိင်္ဃတံတားဆိုရင်လည်း
အရှေ့ဘက်မှာ အဓိက ငလျင်ကြောရှိတယ်။ ငလျင်ကြောနဲ့ သိပ်ပြီးတော့နီးတယ်။ ငလျင်ကြောက တောင်နဲ့မြောက်နဲ့ဖြတ်တာ။ ငလျင်လှုပ်တာလည်း တောင်မြောက်ဘေးတိုက်လှုပ်တာမှာ တံတားက အရှေ့အနောက် ကန့်လန့်ဖြတ်ကြီးဆိုတော့ ပိုပြီးတော့ အခြေအနေ ဆိုးတယ်။ အပြိုင်ဆိုရင်တော့ သက်သာမယ်။ အားလုံးကိုခြုံလိုက်ရင် မန္တလေးနဲ့နီးရင်သော်လည်းကောင်း၊ စစ်ကိုင်းနဲ့နီးရင်သော်လည်းကောင်း မြို့ကြီးကြီးနဲ့နီးရင် ပျက်စီးဆုံးရှုံးမှု ပိုများမယ်။ လူလည်း သေတာပိုများမယ်။ နောက်ဆက်တွဲငလျင်တွေကတော့ တောင်ဘက်ကို လိုက်လာတယ်။ မြောက်ဘက်ကိုလည်း သွားတယ်။ ဘေးတိုက် တောင်ဘက်ကိုရော မြောက်ဘက်ကိုရော ရွေ့တဲ့သဘောရှိတယ်။ အဲ့ဒီလို နောက်ဆက်တွဲ မြေငလျင်
ငယ်တွေကတော့ လာနိုင်သေးတယ်။ မူလ မြေငလျင်ဗဟိုချက်နားကို ဟုတ်ချင်မှဟုတ်မယ်။ တောင်ဘက်ဖြစ်ချင်ဖြစ်မယ်။ မြောက်ဘက် ဖြစ်ချင်ဖြစ်မယ်။ဒီငလျင်က စစ်ကိုင်းနားမှာလှုပ်ရင် မန္တလေးမသက်သာဘူး။ စစ်ကိုင်း၊ မန္တလေးအောက်ဆိုရင်လူနေက ပိုသိပ်သည်းလာတာလေ။

မြေငလျင်ပညာရှင်တွေ ပူပန်နေတဲ့ ပဲခူးအနီးတစ်ဝိုက်နဲ့ အောက်ပိုင်းမှာ ဒီလောက်အင်အားရှိတဲ့ ငလျင်လှုပ်ခဲ့ရင် ဘယ်လိုဖြစ်မယ်ထင်လဲ။
ပဲခူးလှုပ်ရင် တော်တော်လေး စိုးရိမ်ရတယ်။ အရင် ပဲခူးမှာလှုပ်တာ 7.3 ပေါ့ဗျာ။ သူများ နိုင်ငံမှာလည်း အဲဒီလောက်ဆို တော်တော်လေး ခံနေရပြီ။ ဘာလို့လဲဆိုတော့ မြေငလျင် ဗဟုသုတသိပ်မရှိဘဲနဲ့ ဆောက်တာတွေကလည်း အများကြီး။ ငလျင်မလှုပ်တာကြာလို့ အိုနေတဲ့ အဆောက်အအုံတွေကလည်း ရှိသေးတယ်ဗျ။

ဒီငလျင်လှုပ်ပြီးတဲ့နောက်မှာ ပြည်သူကို သတိပေးချင်တာ ပူပန်တာမျိုးကောရှိလား။
သပိတ်ကျင်းဒေသဘက်မှာရှိတဲ့ ရွှေတူးတာတွေနဲ့ ပတ်သက်လို့တော့ စိုးရိမ်တယ်။ မြေအောက်မှာ လုံလုံခြုံခြုံ မဟုတ်လို့ရှိရင် အန္တရာယ်များတယ်။ နိုင်ငံခြားမှာတော့ မြေအောက်ကို တူးပြီဆိုရင် ကျကျနန ခိုင်ခိုင်ခံ့ခံလုပ်တယ်။ ဒီမှာကတော့ မြေငလျင်က နေ့တိုင်းလှုပ်တာမဟုတ်တော့ မေ့မေ့လျော့လျော့လုပ်ကြလိမ့်မယ်လို့ ထင်တယ်။ မြေငလျင်အတွေ့အကြုံ သိပ်မရှိကြတော့ ဖြစ်ကတတ်ဆန်း လုပ်ကြလိမ့်မယ်လို့ထင်တယ်။ သပိတ်ကျင်း ဟိုဘက်က ရွှေတူးတာများလို့ အဲဒါလေးပဲ ကျွန်တော်စိုးရိမ်တယ်။

အဘက စစ်ကိုင်းငလျင်ကြောကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်တယ်။ ဒီငလျင်ကြောနဲ့ ပတ်သက်ပြီး အများကြီးလည်း လေ့လာခဲ့ဖူးတော့ အခုငလျင်ကြီးတစ်ခုလှုပ်ပြီးသွားပြီ။ စစ်ကိုင်းငလျင်ကြောမှာ အရင်က ငလျင်ကြီးတစ်ခု လှုပ်ပြီးလျှင် နောက်ထပ်ငလျင်ကြီးတစ်ခု
နှစ်အနည်းငယ်အတွင်းမှာ လှုပ်ဖူးလား။

ငလျင်အကြီးကြီး လှုပ်မယ်ဆိုရင် အင်အားအများကြီးစုရတယ်ဆိုတော့ အကြာကြီးစုရတဲ့ သဘောရှိတယ်။ တစ်ခါတလေ ကျတော့လည်း အကြီးကြီးမဟုတ်ဘဲ အလတ်စားတစ်ခုလောက် ဖြတ်ပြီးတော့ လှုပ်တာမျိုးလည်း ရှိတတ်တယ်။ တစ်ခါတည်းတော့ တစ်ခါလှုပ်ဖူးရင် နောက်ပြန်လှုပ် မလားဆိုတာ မြေငလျင်ပညာရှင်တွေ ဘူမိပညာရှင်တွေ တိုင်းတာတွက်ချက် လေ့လာနေကြတုန်း။ တချို့ဟာတွေကျတော့ နှစ်ထောင်နဲ့ချီတယ်။ တချို့ဟာတွေကျတော့ နှစ်ရာနဲ့ချီတယ်။ အတိုင်းအတာ အများကြီး ကွာကြတယ်။ အရေးကြီးတာက ကြိုတင်ပြင်ဆင်မှုပဲ။ ဂျပန်မှာလို ငလျင် ဒဏ်ခံနိုင်အောင် အဆောက်အအုံတွေကိုဆောက်ဖို့၊ နောက်ငလျင် လှုပ်ရင် ငလျင်ဒဏ်ခံနိုင်တဲ့အခန်းကို သိပြီးအမြန်သွားနိုင်ဖို့ပြင်ဆင်တာ မျိုးတွေလိုတယ်။ ခုနောက်ပိုင်း လူနေသိပ်သည်းလာတယ်။ အဆောက်အအုံတွေကလည်း အများကြီးများလာတယ်။ မြို့ကြီးပြကြီးတွေဆိုရင် မြေငလျင်လှုပ်ရင် ၀ါယာရှော့ခ်တွေ ဘာတွေဖြစ်၊ ဓာတ်ငွေ့လိုင်းတွေ ဘာတွေပိတ်ပြီးတော့ မီးလောင်တတ်တယ်။ ငလျင်လှုပ်လို့ပျက်စီးတာထက် မီးလောင်လို့ ပျက်စီးတာက ပိုဆုံးရှုံးတယ်။ ငလျင်လှုပ်ပြီးရင် မီးလောင်တာ နောက်ဆက်တွဲ ပါစမြဲပဲ။ အခု ဘယ်မှာမီးမှမတောက်ဘူးဗျ။ အဲ့ဒါလူနေနည်းလို့။ လူတွေကတော့ ပြောတယ်။ ဒီလောက်ပျက်စီးတာ တစ်ခါမှ မမြင်ဖူးဘူးလို့။ ကျွန်တော့်အမြင်က ပြောရရင် ကံတော်တော် ကောင်းတယ်ထင်တယ်။ လူနေနည်းလို့။ ဘာကြောင့်လဲဆိုတော့ ဒီမြေငလျင်ကြောတစ်လျှောက်ကတော့ ဖြစ်မှာပဲ။ ဘယ်တော့ ဖြစ်မယ်သာ မပြောနိုင်တာ။ အရမ်းဖြစ်ခဲ့ဖူးတယ်ဗျာ။ ဖြူးကို လှုပ်ခဲ့ဖူးတယ်ဗျာ။ ဆွာမှာ လှုပ်ခဲ့ဖူးတယ်ဗျာ။ ပဲခူးဆို အကြိမ်ကြိမ်လှုပ်ခဲ့ဖူးတယ်ဗျာ။

လူတွေက မြေငလျင်ကြီးနဲ့ နဖူးတွေ့ဒူးတွေ့ကြုံပြီးတဲ့နောက်မှာ မြေငလျင်အန္တရာယ်ကို တော်တော်ကြောက်လာတယ်။ မြေငလျင်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာများ အကြံပြုချင်ပါသလဲ။

အကြီးကြီးတစ်ခုလှုပ်ပြီးရင် သူ့လောက်တော့မကြီးတော့ဘဲနဲ့ နောက်ဆက်တွဲငလျင်တွေတော့ လှုပ်တတ်တယ်။ ဒါကြောင့် ဒီငလျင်သည် အဓိက ငလျင်ဆိုရင် နောက်ဟာတွေက သူ့ထက်နည်းသွားဖို့ပဲရှိတယ်။ အခုလှုပ်တဲ့ ငလျင်သည် ပရင်စီပယ်ရှော့(အဓိကငလျင်) လို့ပဲ ထင်တယ်။ နောက်
ဆက်တွဲ ငလျင်တွေတော့ လာတော့လာမယ်၊ ပထမဟာလောက်တော့ ကြီးစရာ အကြောင်းမရှိဘူး။ အခြားသော အလားတူနည်းမျိုးနဲ့ တွက်မယ်ဆိုရင် ဒီငလျင်က ရှေ့ပြေးငလျင်ပဲဆိုရင် သူ့ထက်ကြီးတဲ့ကောင်က လာရဦးမယ်ပေါ့။ ကျွန်တော့်အနေနဲ့တော့ ထင်ပါတယ်။ ဒီလိုငလျင်မျိုး မလာတာကြာပြီဆိုတော့ ဒါသည်အကြီးဆုံးဖြစ်ပြီးတော့ နောက်သေးတာလေးတွေလောက်ပဲ ဒုက္ခမပေးနိုင်တာတွေပဲ လာလိမ့်မယ်လို့ ထင်တယ်။ နင်လားငါလား စိုးရိမ်ရင် စိုးရိမ်စရာတော့မရှိဘူး။ လုံးဝစိုးရိမ်စရာ မရှိဘူးလည်း မဟုတ်ဘူး။ နောက်ဆက်တွဲ မြေငလျင်ဆိုပေမယ့် ပထမလှုပ်တဲ့ဒဏ်ကြောင့် ပျက်ထားတဲ့အိမ်က အပေါ်မှာတင်နေတာမျိုးဆိုရင် နောက်ထပ် နည်းနည်းလေးလှုပ်လိုက်ရင် သူက ပြုတ်ကျဦးမှာပဲလေ။ အဲဒီလိုအပေါ်ကနေ ပြုတ်ကျနိုင်တဲ့ အရာတွေရှိနိုင်တဲ့ နေရာမျိုးတော့ ရှောင်ပေါ့ဗျာ။ အပေါ်က ပြုတ်ကျစရာမရှိတဲ့နေရာမှာ လောလောဆယ် သွားနေလိုက်ရင် ဘာမှမဖြစ်နိုင်တော့ဘူး။

ဒီငလျင်အတွေ့အကြုံကနေ အစိုးရကို ဘာများအကြံပြုချင်ပါသလဲ။
သဘာဝဘေးအန္တရာယ်တစ် ခုကျရောက်လာပြီဆိုရင် အဲဒါကို သိပ္ပံနည်းကျ စုံစမ်းစစ်ဆေးရေး လုပ်ဖို့လိုတယ်။ နည်းပညာအရရော၊ လူမှုရေးအရဆိုလည်း နောင်ဒီလိုမျိုးတွေဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ပညာပေးနိုင်ဖို့၊ သင်ခန်းစာယူနိုင်ဖို့၊ အချက်အလက်တွေ ကောက်ဖို့တော့ လိုတာပေါ့ဗျာ။ ဒီလိုမြေငလျင်မျိုးဆိုတာ လူကလှုပ်လို့ရတာမျိုး မဟုတ်ဘူး။ လှုပ်တုန်းလေးကို သွားကြည့်ပြီးတော့ သိပ္ပံနည်းကျ အချက်အလက် ကောက်ယူတာရော၊ လူမှုသိပ္ပံနည်းကျ အချက်အလက်တွေ ကောက်ယူတာမျိုးတွေ၊ နောင်ဖြစ်လာရင် ဘယ်လို စီမံခန့်ခွဲရမယ် ဆိုတာ အိုင်ဒီယာတွေရလာအောင် သေသေချာချာ လေ့လာသင့်တာ အမှန်ပဲ။ အခုလည်း အစိုးရက ဖြစ်ပြီးပြီးချင်း ဒုတိယသမ္မတ ချက်ချင်းဆင်း
သွားပြီးကြည့်တာမျိုးကြားတော့ ၀မ်းသာပါတယ်။ အင်ဒိုနီးရှားတုန်းကဆိုရင် ငလျင်လှုပ်ပြီးတော့ တစ်ကမ္ဘာလုံးက ၀ိုင်းလာကြတာ။ လေ့လာချင်လို့။ တာလေတုန်းကလည်း မြေငလျင်အသင်းကသွားတော့ သိပ္ပံနည်းကျ အချက်အလက်တွေရတယ်။ နောင်အတွက် အများကြီး အသုံးဝင်
တယ်။

ကျေးဇူးတင်ပါတယ်။ ။


Photo:       ။

ဘကြီးသက်
Unknown at 2:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတင်းအချက်အလက် သိမ်းဆည်းထားသော NASA လပ်(ပ်)တော့ တစ်လုံး အခိုးယူခံရ

အမေရိကန် လေကြောင်းနှင့် အာကာသ ကုမ္မဏီ NASA မှ သတင်းအချက် သိမ်းဆည်းထားသော Laptop ကွန်ပျူတာ တစ်လုံး အခိုးယူခံလိုက် ရ ကြောင်း သိရသည်။

ယင်း လပ်(ပ်)တော့ကို မော်တော်ကားတွင်း ထည့်ထားစဉ် ပျောက်ဆုံး သွားခြင်း ဖြစ်သည်။ Laptop ထဲတွင် NASA ကုမ္မဏီ ဝန်ထမ်းနှင့် အခြား စာချုပ်များနှင့် သက်ဆိုင်သော သတင်းအချက် များစွာ ပါဝင်သည်။ လျို့ ဝှက်ကုဒ်နံပါတ်များလည်း သိမ်းဆည်း ထားသည့် အတွက် NASA ရုံးချုပ်၏ ဆိုင်ဘာလုံခြုံရေးများ ပျက်ဆီးသွားနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ NASA ကွန်ရက်တစ်ခုလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေး အဆင့်မြင့်တင်ရန် Security Software များ ထည့်သွင်း၊ Upgrade လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယခု ပျောက်ဆုံးမှုသည် ပထမအကြိမ် မဟုတ်ပေ။ ၂၀၀၉ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဧပြီလအထိ Laptop နှင့် အခြား မိုဘိုင်းပစ္စည်း စုစုပေါင်း ၄၈ လုံ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးမှုတိုင်းအတွက် လည်း NASA မှ အလုပ်ရှုပ်ခဲ့ပြီး ကုန်ကျစရိတ်ပေါင်း များစွာဖြင့်လုံခြုံရေးများ ထပ်မံ အဆင့်မြင့်ခဲ့ရသည်။ ယခုလည်း Laptop တစ်လုံး ပျောက်ဆုံးမှု က ထောင်သောင်းမကသော NASA ဝန်ထမ်း များ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်စေသည်။ Laptop ကို လုံခြုံရေးအလွှာများခံထားသော်လည်း ထိုးဖောက်ရန် လွယ်ကူကြောင်း သိရသည်။

ယင်းသို့ ပျောက်ဆုံးမှုအတွက်လည်း NASA မှ ငွေကြေး အမြောက်အများ အကုန်ကျခံကာ လုံခြုံရေး အတွက် ထပ်မံသုံးစွဲဖွယ် ရှိကြောင်း သိရသည်။
--
Ref: reuters
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/nasa.html
သတင်းအချက်အလက် သိမ်းဆည်းထားသော NASA လပ်(ပ်)တော့ တစ်လုံး အခိုးယူခံရ

အမေရိကန် လေကြောင်းနှင့် အာကာသ ကုမ္မဏီ NASA မှ သတင်းအချက် သိမ်းဆည်းထားသော Laptop ကွန်ပျူတာ တစ်လုံး အခိုးယူခံလိုက် ရ ကြောင်း သိရသည်။ 

ယင်း လပ်(ပ်)တော့ကို မော်တော်ကားတွင်း ထည့်ထားစဉ် ပျောက်ဆုံး သွားခြင်း ဖြစ်သည်။ Laptop ထဲတွင် NASA ကုမ္မဏီ ဝန်ထမ်းနှင့် အခြား စာချုပ်များနှင့် သက်ဆိုင်သော သတင်းအချက် များစွာ ပါဝင်သည်။ လျို့ ဝှက်ကုဒ်နံပါတ်များလည်း သိမ်းဆည်း ထားသည့် အတွက် NASA ရုံးချုပ်၏ ဆိုင်ဘာလုံခြုံရေးများ ပျက်ဆီးသွားနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ NASA ကွန်ရက်တစ်ခုလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေး အဆင့်မြင့်တင်ရန် Security Software များ ထည့်သွင်း၊ Upgrade လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ 

ယခု ပျောက်ဆုံးမှုသည် ပထမအကြိမ် မဟုတ်ပေ။ ၂၀၀၉ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဧပြီလအထိ Laptop နှင့် အခြား မိုဘိုင်းပစ္စည်း စုစုပေါင်း ၄၈ လုံ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးမှုတိုင်းအတွက် လည်း NASA မှ အလုပ်ရှုပ်ခဲ့ပြီး ကုန်ကျစရိတ်ပေါင်း များစွာဖြင့်လုံခြုံရေးများ ထပ်မံ အဆင့်မြင့်ခဲ့ရသည်။ ယခုလည်း Laptop တစ်လုံး ပျောက်ဆုံးမှု က  ထောင်သောင်းမကသော NASA ဝန်ထမ်း များ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်စေသည်။ Laptop ကို လုံခြုံရေးအလွှာများခံထားသော်လည်း ထိုးဖောက်ရန် လွယ်ကူကြောင်း သိရသည်။ 

ယင်းသို့ ပျောက်ဆုံးမှုအတွက်လည်း NASA မှ ငွေကြေး အမြောက်အများ အကုန်ကျခံကာ လုံခြုံရေး အတွက် ထပ်မံသုံးစွဲဖွယ် ရှိကြောင်း သိရသည်။
--
Ref: reuters
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/nasa.html

ဘကြီးသက်
Unknown at 2:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးဟေကို တချိန်က ဘာ ပြောခဲ့ဖူးသလဲ

  • ဧရာဝတီ | Wednesday, November 14, 2012  အိမ့်သံစဉ်
ဓာတ်ပုံ-Myanmar celebrity.com
မိုးဟေကိုရဲ့ တခုသောမွေးနေ့ပွဲကို ထိုစဉ်က သူ့ချစ်သူ ကိုညီညီထွန်းက ကျင်းပပေးခဲ့တဲ့ ဗီဒီယို ပြကွက်ကလေးပါ။ ဒါကလည်း သူတို့ ၂ ဦး ချစ်ခရီး ၁ နှစ်ပြည့် အမှတ်တရအနေနဲ့ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ မိုးဟေကိုကတော့ သူ့ချစ်သူပုံရိပ်ကို ဘာတွေပြောထားလည်းဆိုတာ ပရိတ်သတ်များ နားလည်ခံစားသိရှိသွားနိုင်မှာပါ။ 
မိုးဟေကိုက သူ့ချစ်သူ ကိုညီညီထွန်းနဲ့ပတ်သက်လို့ ဘာတွေပြောထားလဲ။ 
တခါ ကိုညီညီထွန်းက မိုးဟေကိုနဲ့ ပတ်သက်လို့ ဘာတွေပြောထားလဲဆိုတာ အခု အောက်မှာပါရှိတဲ့ Violet Video Magazine ရဲ့ ဗီဒီယိုတင်ဆက်မှုမှာ ကြားမြင်သိခွင့်ရကြမှာပါ။ 

အခုတော့သူတို့ ၂ ဦးဟာ ၂၀၀၉ ခုနှစ်က လက်ထပ်ခဲ့တာတွေနဲ့ အိမ်ထောင်ကြီးရှိလို့ မိုးဟေကိုတို့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွာရှင်းခဲ့ကြပြီဆိုတဲ့ အပြန်အလှန် ကြေညာချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 
တချိန်က ဘယ်လိုတွေဖြစ်ခဲ့တယ်။ ဒီကနေ့ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ စာဖတ်သူများ သဲသဲကွဲကွဲ သုံးသပ်နိုင်မှာဖြစ်ပါတယ်။  
Moe Hay Ko 's Idea Of  LOVE ဗီဒီယိုဖိုင်ကို ကြည့်ရှုရန် ဤနေရာကိုကလစ်ပါ။

 မိုးဟေကို ရဲ့ နေအိမ်ပိုင်ဆိုင်မှု ကိုညီညီထွန်းရဲ့ ကြေညာချက်ထွက်ပေါ်
Thursday, November 01, 2012  

ဗဟန်းမြို့နယ်၊ သံလွင်လမ်းက မိုးဟေကို နေအိမ်၊ ဓာတ်ပုံ- Myanmar Celebrity.com
အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သူ့ချစ်သူ ကိုညီညီထွန်းက ဘယ်လိုသဘောထားတယ် ဆိုတာ  ကြေညာချက်ထွက်ပေါ်လာပါတယ်။ 
မော်ဒယ် မိုးဟေကိုရဲ့ ရည်စားဖြစ်သူ ကိုညီညီထွန်းဟာ မိုးဟေကို လက်ရှိနေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင်လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ ကြေငြာခဲ့ပါတယ်။
အဆိုပါ နေအိမ်ကိစ္စ ကြော်ငြာကိစ္စနဲ့ပတ်သက်ပြီး ကိုညီညီထွန်း၏ ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်အား ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ  ကာယကံရှင် ကိုညီညီထွန်း၏ ညွှန်ကြားချက်အရဖြစ်ကြောင်း၊ မအေးအေးခိုင်ဆိုသည်မှာ မိုးဟေကိုဖြစ်ကြောင်း ဧရာဝတီကို အတည်ပြုဖြေကြားခဲ့ပါတယ်။
“စည်ပင်မှာ သူ့တယောက်ထဲ အမည်ဖြစ်နေတော့ သူတို့အမည်ပေါက်သွားပြီးရင် လုပ်ရကိုင်ရခက်မှာပေါ့။  မအေးအေးခိုင်အမည်နဲ့ ၀ယ်ထားပေးတာပေါ့။ ကိုညီညီထွန်းက သူ့တယောက်တည်းသဘောနဲ့ ထုခွဲရောင်းချလို့ မရအောင်လုပ်တဲ့သဘောပါ” လို့ ဒေါ်ကျော့ကျော့လှိုင်က ဧရာဝတီကို ပြောပါတယ်။
ယခုအခါ သူတို့အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ညွှန်ကြားထားသည့်အတိုင်း ကြော်ငြာထည့်သွင်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။ 
“ကိုညီညီထွန်း မရှိတဲ့အချိန်မှာ သူ မသိလိုက်ပဲ အမည်တွေပြောင်းသွားမှာတို့၊ ကိုညီညီထွန်း မသိပဲ ရောင်းသွားမှာတို့ ပေါင်မှာတို့ အထူးသဖြင့်ပေါ့နော်၊ အဲဒီလိုမျိုးတွေ ဆောင်ရွက်လို့မရအောင် နောက်ဝယ်တဲ့ သူတွေကို Alarm ( သတိပေး)တဲ့ သဘောပေါ” လို့ ဒေါ်ကျော့ကျော့လှိုင်က ဧရာဝတီကို ပြောပါတယ်။ 
ထိုကြေငြာချက်အရ ညီညီထွန်းနဲ့ လက်ရှိသံလွင်လမ်း အမှတ် ၇၄/ဘီ ပိုင်ဆိုင်သူ မအေးအေးခိုင်တို့ဟာ ၂၀၀၈ခုနှစ် ဧပြီလကတည်းက တရားဝင်လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ မအေးအေးခိုင်နာမည်နဲ့ သံလွင်လမ်းရှိ အမှတ်၇၄/ဘီ အိမ်ကို ညီညီထွန်းက မအေးအေးခိုင် နာမည်ဖြင့်ဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် စင်ကာပူမှာ နေထိုင်နေတဲ့ ကိုညီညီထွန်းရဲ့ ခွင့်ပြုချက်မရဘဲ အထက်ပါနေအိမ်ကို မအေးအေးခိုင် အနေနဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ပါရန် ကိုညီညီထွန်းရဲ့ ရှေ့နေဖြစ်သူ ဒေါ်ကျော့ကျာ့လှိုင်က ကြေငြာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။
မိုးဟေကိုအနေနဲ့ ဒီအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားသတင်းစာတွေထဲ ထည့်ကြော်ငြာရတဲ့အဖြစ်ဆိုတော့ ဘယ်လိုအခြေအနေတွေ ရှိမလဲဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြမှာ ဖြစ်ပါတယ်။ 
မိုးဟေကိုရဲ့ အနုပညာပရိတ်သတ်များကို သိစေချင်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ ညီညီထွန်းဟာ တချိန်က မိုးဟေကို ရဲ့ ချစ်သူဖြစ်ခဲ့သလို ပရိသတ်များအကြားမှာလည်း ပေါ်ပေါ်ထင်ထင် တွဲခဲ့ဖူးပါတယ်။ ကိုညီညီထွန်းမှာ လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်လျှက်ရှိကြောင်း သိရပါတယ်။
  • မိုးဟေကိုက ခင်ပွန်းဟောင်းကိုညီညီထွန်းရဲ့ ကြေညာချက်ကို တုံ့ပြန်
Tuesday, November 13, 2012  အိမ့်သံစဉ်  
 မိုးဟေကိုနှင့် ခင်ပွန်းဟောင်း ဦးညီညီထွန်း၊ ဓာတ်ပုံ- Myanmarcelebrity.com 
နာမည်ကြီး မော်ဒယ်သရုပ်ဆောင် မိုးဟေကိုက လက်ရှိနေထိုင်နေတဲ့ သူ့အမည်နှင့် နေအိမ်ဟာ ခင်ပွန်းသည်ဟောင်း ဦးညီညီထွန်း ၀ယ်ပေးခဲ့တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ မကြာသေးခင်က ခင်ပွန်းဟောင်းရဲ့ အဆိုပါနေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပေးဖို့ သတင်းစာကတဆင့်  တောင်းဆိုထားပါတယ်။ 
ခင်ပွန်းဟောင်း ဦးညီညီထွန်းရဲ့ရှေ့နေက လွန်ခဲ့သည့်လကုန်ပိုင်းက သူ့အမည်ပေါက်နေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ 
မိုးဟေကိုရဲ့ရှေ့နေ ဦးမျိုးညွန့်က မအေးအေးခိုင်ရဲ့ ခင်ပွန်းသည်ဟောင်း ကိုညီညီထွန်းရဲ့ ရှေ့နေ ဒေါ်ကျော့ကျော့်လှိုင်၏ ကြေညာချက်မှာ မှန်ကန်မှုမရှိလို့ ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။
ဦးညီညီထွန်းရဲ့ ရှေ့နေကတဆင့် ကြေညာချက်မှာ ယခု မိုးဟေကို (ခေါ်) ဒေါ်အေးအေးခိုင် အမည်ပေါက် ဖြင့် လက်ရှိနေထိုင်နေသည့်  ဗဟန်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ သံလွင်လမ်း၊ အမှတ် ၇၂ - ဘီ ခြံဝန်းနှင့် အဆိုပါခြံဝန်းနှင့် အဆိုပါခြံဝန်းရှိနေအိမ်မှာ မိုးဟေကို၏အမည်ဖြင့် ခင်ပွန်းသည်ဖြစ်သူ ဦးညီညီထွန်းက ၀ယ်ယူပေးခဲ့တယ်လို့ ဖော်ပြထားခဲ့တာပါ။ 
အခု ကြေညာချက်မှာတော့ မိုးဟေကိုရဲ့ ရှေ့နေက ဦးမျိုးညွှန့်က ဒေါ်အေးအေးခိုင်အား ဦးညီညီထွန်းက စင်ကာပူနိုင်ငံမှာ အိမ်ထောင်ရှိနေပါလျှက် လူပျိုလူလွတ်လို့ လိမ်ညာလှည့်ဖျား ပြောဆိုမှုအပေါ် မိုးဟေကိုက ယုံကြည်ပြီး လက်ထပ်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ထပ်အပြီးတပတ်အကြာမှာပဲ ဦးညီညီထွန်းမှာ အိမ်ထောင်ကြီးရှိတာသိလို့ စကားများခဲ့ပါတယ်လို့ ဆိုထားပါတယ်။ စကားများကြပြီး ဆက်လက်မပေါင်းသင်းနိုင်တော့ပဲ ကွာရှင်းကြမယ်ဆိုပြီး ဦးညီညီထွန်း ကိုယ်တိုင်လင်ခန်းမယားခန်းပြတ်ဆဲကြောင်း သဘောတူပြီးနောက် စင်ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့ကြောင်း ကြေညာချက်မှာ ဆက်လက်ပြောဆိုထားပါတယ်။ 
ထို့ကြောင့် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ မိုးဟေကိုနဲ့ ဦးညီညီထွန်းတို့ဟာ လင်မယားခန်းပြတ်ဆဲခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ 
ဒါကြောင့် ယခု မိုးဟေကိုနေထိုင်နေသည့် ဦးညီညီထွန်း ကန့်ကွက်ခဲ့သည့် ဗဟန်း၊ရွှေတောင်ကြား ၂ ရပ်ကွက်၊ သံလွင်လမ်း၊ အမှတ် ၇၂ - ဘီ ဆိုသည့် နေအိမ်မှာ ဦးညီညီထွန်းဝယ်ယူပေးခဲ့ခြင်း မဟုတ်ကြောင်း၊ မိုးဟေကိုရဲ့ အနုပညာကြေးတွေစုဆောင်းပြီး ၀ယ်ယူထားတဲ့ နေအိမ်နဲ့ ခြံဝန်းဖြစ်တဲ့အတွက် မိုးဟေကိုရဲ့ သဘောဆန္ဒအတိုင်း စီမံဆောင်ရွက်နိုင်တယ်လို့ လူအများသိအောင် ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘကြီးသက်
Unknown at 2:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကုလားထိုင် အလွတ်တွေ့လို့ကတော့ ၀င်သာထိုင်ပစ် အရှုံးမရှိဘူးကွ..”


၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော် ပုံကြီးတွင် တိုင်းပြည်နှင့် အ၀န်း လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ပြည်သူတို့ တောင်းဆို ခဲ့ကြသည့် “ဒီမိုကရေ စီစနစ်” ဆိုသည်ကို နှစ်ပေါင်း ၂၄ နှစ်ဆိုသည့် ယခုအခါ ရောက်လေမှ ခြေလှမ်းစဖို့ အားယူ ဖြစ်တော့ သည်ဟု ဆိုလျှင် မှားမည်ဟုမထင်။ ယခု ကာလသည် ဒီမိုကရေစီ ကြက်ဦးတွန် ကာလမျှသာ။ နောက်ကြောင်းပြန် ကြည့်ဖို့ဆိုတော့ မှောင်နှင့် ပိန်းပိန်းနိုင် လှသည်။ ရှေ့တွင်တော့လည်း အရုဏ်တက် ပြီဆိုသည့်တိုင် ညီအစ်ကို မသိတသိပင်။ သည်လို အချိန်မျိုး၌ အားလုံးက သတိရှိရှိနှင့် လျှောက်လှမ်းပါမှ ခလုတ်ကန်သင်း ဆူးညှောင့်ကင်း၍ ခရီးပေါက်မည်။


သည်နေရာတွင် ဆိုလိုသည့် “အားလုံး” ဆိုသည်မှာ အာဏာရရယ် အတိုက်အခံရယ် မခွဲစတမ်းဟု ဆိုခြင်းဖြစ်သည်။ တိုင်းပြည်ကိုချစ်သည့်၊ အနာဂတ်ကို ချစ်သည့်၊ စိတ်အခြေခံချင်းတူလျှင် ရန်သူတွေ မဖြစ်သင့်ဟု မြင်သည်။ လှည်းဘီးနစ်သည် မနစ်သည် အပထား ပြိုင်တူရုန်းလျှင် ထွန်တုံး မြန်မြန်ပိတ်မည်။ ဖြူစင်ရိုးသားသည့် စေတနာအရင်း ခံဖို့သာလိုသည်။ အချင်းချင်း တင်းမာခဲ့ကြသဖြင့် အမှောင်ပိန်းခဲ့သော အတိတ် ၂၄ နှစ်တာ အချိန်ကြီးက အလွန်နှမြောစရာ ကောင်းသည်။ အဲ့သည့်တုန်းက များဟုတွေးလျှင် ခုချိန်ဆို ကျွန်တော်တို့ တိုင်းပြည် မြီးကောက်ပေါက်လို့ လူလားမြောက်လု အချိန်ဖြစ်မည်ဟု အသေအချာ။

အတိတ်ဆိုသည်မှာ သင်ခန်းစာတွေအပြည့်။ အနာဂတ်အတွက် ဆင်ခြင်တိုင်းထား နည်းနာယူစရာတွေ အပြည့်ဖြစ်၏။ ယူတတ်ဖို့ပဲ လိုလေမည်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြသည့် အချိန်ဆိုသည့် တရားသူကြီးက ကျွန်တော်တို့တစ်တွေကို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးခဲ့သည်။ ၂၄ နှစ်လုံးလုံး ကျွန်တော်တို့အားလုံး သူရောကိုယ်ပါ အရှုံးပေါ်ခဲ့ကြသည်။ ထုသည့်ဥသျှစ်ခံသည့် ဥသျှစ်နှစ်ခုလုံးနာသည်။ အမိနိုင်ငံတော်ကမူ အနာကျင်ဆုံး။

၁၉၉၀ ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုသလို အနိုင်ရသည်။ ရွေးကောက်ပွဲ ကျင်းပပေးသူ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကိုယ်တိုင်နှင့် ကမ္ဘာကပါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုသည်။ သို့တိုင် နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယတွေ စိုးရိမ်စိတ်တွေဖြင့် ၉၀ ပြည့် ရွေးကောက်ပွဲရလဒ် အကောင်အထည်မပေါ်ခဲ့။ တောင်းပွဲ၊ တိုက်ပွဲ ဖိနှိပ်ပွဲတွေသာ ခြိမ့်ခြိမ့်သဲခဲ့သည်။ ကျဆုံး နစ်နာမှုတွေလည်း အပုံအပင်။ သံသယသည် အမှောင်တိုက်ကို သယ်ဆောင်လာခဲ့လေပြီကိုး။

ထိုသံသယ အမှောင်ညဥ့် သန်းခေါင်ထဲ၌ပင် ဒယဥ့်တိုက် ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အခြေခံသည့် ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ တွင် နအဖကထပ်မံကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အများစုအနိုင်ရသည်။ ပြည်ခိုင်ဖြိုးပါတီ အာဏာရပါတီ ဖြစ်လာသည်။ သို့တိုင် သန်းခေါင်ကို မကျော်လွန်သေးကြောင်း အငြင်းပွားဖွယ်မရှိဟု ထင်သည်။

၂၀၁၁ တွင်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရအစိုးရ၏ သမ္မတကြီးဦးသိန်းစိန်တို့ ဆွေးနွေးကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်။ ထိုသို့ တွေ့ဆုံကာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်လာနိုင်ခြင်းအပေါ် ကျွန်တော်တို့ တစ်နိုင်ငံလုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သည်။ ၂၀၁၁ ခု နိုဝင်ဘာလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည်။ ဤရွေးကောက်ပွဲသည် ၉၀ ပြည့်ရွေး ကောက်ပွဲကိုပြန်လည် အမှတ်ရစရာကောင်းလောက်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲဝင်ရောက်လာသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရနှင့် အင်န်အယ်လ်ဒီ အပြန်အလှန်သဘောပေါက်နားလည်မှုများရအောင် ဆွေးနွေးပူးပေါင်း ဆောင်ရွက်လာနိုင်ခဲ့ကြပြီဟု ယူဆစရာရှိသည့် ဤအခြေအနေကို မြန်မာရော ကမ္ဘာကပါ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
ထို့ကြောင့် ဤအချိန်ကို သန်းခေါင်ကိုကျော်လျက် အရုဏ်တက်ဖို့ရာ အားယူသည့် ကြက်ဦးတွန်ကာလသို့ ရောက်ခဲ့လေပြီဟု ကျွန်တော်ကသဘောပိုက်သည်။ အရှေ့ကျွန်းမှ ကြယ်နီကြီးထွန်းလာသည့် မှုန်တိမှုန်မွှား ချိန်။ သည်အချိန်တွင်မှ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်မိကြတော့ အပြစ် အနာအဆာတွေ မြင်လာရသည် ထင်၏။ တကယ်တမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အထုအထောင်း၊ အရိုက်အနှက်တွေကြားမှာ အလူးလူးအလဲလဲနှင့်ပင် ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်နိုင်ခဲ့။ ကောင်းစွာမတည်ဆောက်နိုင်ခဲ့။ မျက်စိအောက်ရောက်နေသူတွေနှင့်သာ ခရီးနှင်ခဲ့ရသည်။ သို့သော် ပြည်သူ့ ထောက်ခံမှုကို တောက်လျှောက်လိုရလာခဲ့သည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနှင့်။

ပြည်ခိုင်ဖြိုးပါတီသည်လည်း အာဏာလက်ကိုင်ရှိသူ ကျောထောက်နောက်ခံပြုသည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ကြည့်ကြည့်ခဲ့ပုံမရ။ ၂၀၁၀ မှာ ပြည်လုံးကျွတ်နီးပါး နိုင်ခဲ့သည့်အရှိန်နှင့်ပင် ကိုယ့်ကိုယ်ကိုယ်ဟုတ်လှချည့်လို့သာ ထင်ခဲ့ပုံရှိ သည်။ အလားတူ အခြားဒီမိုကရက်တစ် ပါတီတွေကလည်း ကိုယ့်အထွာနှင့်ကိုယ် ကိုယ့်ငါးချဉ်တော့ အထိုက်အလျောက် ချဉ်ခဲ့ကြပုံရ၏။

ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီကို ပြည်သူက အုတ်အော်သောင်းတင်း ရုတ်ရုတ်သဲသဲ အံ့သြဘနန်း ထောက်ခံလိုက်ကြသည့်အခါတွင်မှ သေရာမှ ပြန်ရှင်ပြီး အားကောင်းမောင်းသန် ငုတ်တုတ်ထထိုင်လာသူကို ရုတ်ခြည်းမြင်လိုက်ရသည့်နှယ် နိုင်ငံရေးပါတီတွေ မျက်ကလဲဆန် ပျာဖြစ်ကြရသည်။ သည်လိုပုံနှင့်သာဆို ၂၀၁၅ မှာ ဘယ်နှယ့်လုပ်ကြမတုံး။ တွေးမိကြပုံရသည်။ မိန်းမောစိတ်တွေပြေကာ ကိုယ့်ကိုယ်ကိုယ်
ဝေဖန်ရေးတွေ လုပ်ကြရဖို့ သတိရကြသည်။ တချို့ကလည်း ၂၀၁၅ တွင် ဆက်လက်ရှင်သန်နိုင်ရေး ဆေးမြီးတိုတွေ ရှာလာကြရသည်။

ပြည်ခိုင်ဖြိုးပါတီကမူ မိမိကိုယ်မိမိ ဝေဖန်ရေးကို ထိထိမိမိ ပြတ်ပြတ်သားသား လုပ်လာသည်။ ပြည်ခိုင်ဖြိုးပါတီ၏ ဝေဖန်ရေးတွင်
“မိမိတို့၏ အားနည်းချို့ယွင်းချက်ကို ဖုံးကွယ်ပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ အပေါ် အပြစ်ပုံချသုံးသပ်ပါက ပကတိ အမှန်တရားနှင့်ဆန့်ကျင်ကင်းဝေးနေလိမ့်မည်”ဟု ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံအဖွဲ့ဝင်(ယခင် ဗဟိုအတွင်းရေးမှူး) ဦးတင်ထွတ်က သူ့ဝေဖန်ရေးကို စသည်။

ဆက်လက်၍ သူတို့ပါတီဝင်များထဲတွင် “အာဏာငမ်းဖမ်းနေသူများ၊ နေရာလိုချင်သူများ၊ ပြည်သူက အမြင်မကြည်လင်သူများ၊ ယုံကြည်ချက်ခံယူချက်ခိုင်မာမှု မရှိသူများ တွေ့ရကြောင်း။ စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ သူလျှိုဒလန် ရောဂါ၊ အကျင့်ပျက်ရောဂါတည်းဟူသော သူငယ်နာ ငါးမျိုးလည်း စွဲကပ်နေကြောင်း” ဟု မိမိပါတီကို မိမိ ပြတ်ပြတ်သားသားပင် သုံးသပ်ရှုမြင်လိုက်သံကြားရသည့်အခါ ကျွန်တော့်အနေဖြင့် နှစ်ခြိုက်ဝမ်းမြောက်စွာ ကြိုဆိုမိသည်။

ဝေဖန်ရေးမရှိလျှင် မည်သည့် လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှ မတိုးတက်နိုင်။ နိုင်ငံရေးပါတီတွေ အရည်အချင်းပြည့် မတိုးတက်လျှင်
တိုင်းပြည်လည်း မတိုးတက်နိုင်။ ထို့ကြောင့် ကျွန်တော်က ဝေဖန်ရေးကို ကြိုဆိုသည်။ အင်န်အယ်လ်ဒီ ပါတီအနေနှင့်လည်း ပါတီစတင်တည်ထောင်ပြီး သည်မှစ၍ ၂၄ နှစ်တာကာလအတွင်း ဖိနှိပ်မှုအောက်တွင် မိမိကိုယ်မိမိ မတည်ဆောက်နိုင်ခဲ့သည်များအတွက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပဖို့ တာစူနေရပြီ ဖြစ်သည်။

မိမိပါတီကို အရည်အချင်း ပြည့်မီသည့် ပီဘိတိုင်းကျိုးပြည်ကျိုးဆောင် ပါတီဝင်များဖြင့် မတည်ဆောက်နိုင်လျှင် ပြည်သူက ကြာရှည်လက်မခံတတ်သည့် အကြောင်း ဥပမာတွေ ကမ္ဘာပေါ်တွင် အနမတဂ္ဂရှိသည်။ ထို့ ကြောင့် ပါတီတည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်လာကြရသည်။

ဤသို့သော အခြေအနေမျိုးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပတော့မည်ဆိုသည့်အခါ ပါတီအောက်ခြေအဆင့် ဆင့်တွင် နေရာပြဿနာ၊ ကုလားထိုင်ပြဿနာတွေ ပွစိပွစိ ကြားလာရတော့ စိတ်မကောင်းဖြစ်ရသည်။ တကယ်တော့ ကျွန်တော်တို့၏ လူ့ဘောင်အဖွဲ့အစည်းတွင် ကုလားထိုင်ရောဂါက အမြစ်ကြီးကြီး တွယ်နေခဲ့သည်မှာ ကြာပြီလားထင်သည်။

ကြုံလို့ အမှတ်တရ ပြောပြချင်ပါသေးသည်။ ကျွန်တော်က ၁၉၉၀ ရွေးကောက်ပွဲတွင် တာဝန်အရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှတော့ ထမ်းဆောင်နိုင်ခဲ့သည်ဟု မိမိကိုယ်မိမိ ယခုအထိယုံကြည်နေဆဲ ရှိပါသေးသည်။ တကယ်တော့ ထိုစဉ်ကပင် မိမိထက်တော်သူ၊ စွမ်းဆောင်နိုင်ရည်ရှိသူကိုသာ ကျွန်တော်ကိုယ်တိုင် တမ်းတရှာဖွေခဲ့သော်လည်း ကျွန်တော်သည်ပင် အခန့်မသင့်
စွာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရသည်။ ထားတော့၊ ကျွန်တော်ပြောလိုသည်မှာ ထိုအကြောင်းမဟုတ်။ ပြောလိုသည်က ဤသို့ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး တစ်လ၊ တစ်လခွဲအကြာခန့်တွင် ဖြစ်၏။ ဟိုတုန်းငယ်စဉ်အခါကပင် တရင်းတနှီးရှိခဲ့ဖူးသော ရပ်ဆွေရပ်မျိုးတစ်ဦး ကျွန်တော်ရှိရာ မြို့နယ်အင်န်အယ်လ်ဒီရုံးသို့ ရောက်လာသည်။ သူရောက်လာချိန်က ရွေးကောက်ပြီးစ ရွှေကာလမို့ အင်န်အယ်လ်ဒီမြို့နယ်ရုံးထဲမှာ လူတွေက အပြည့်။ သူက ရောက်မဆိုက်ပင် ၀မ်းသာအားရ စကားကိုဆိုသည်။ “ဟိတ်ကောင် မင်းအမတ် ဖြစ်သွားပြီဆို” သူ့စကားကို ကျွန်တော် ခေါင်းညိတ်၍ ဖြေရသည်။ သူက ရွေးကောက်ပွဲကာလတုန်းက ကျွန်တော်တို့မြို့မှာမရှိဘဲ တစ်ရပ်တစ်ကျေးမှာ ကာလအတော်ကြာကပင် ရောက်နေခဲ့သူ ဖြစ်၏။ သူက ကျွန်တော့်ထက် အများကြီးကြီးသည်။ သူ့ငယ်နာမည်က “ကိုအစ္စမေးလ်” ဖြစ်သည်။ လူပျိုပေါက်အရွယ်တွင် သူစစ်ထဲဝင်သွားသည်။ ထိုအခါ သူ့အမည် အစ္စမေးလ် မဟုတ်တော့။ ကိုမင်းသွင်ဖြစ်သွား၏။ ယခုတော့ တပ်မှ အနားယူကာ မှော်ဘီမြို့နယ်ထဲမှာ ရောက်နေကြောင်း သူ့ စကားအရ သိရသည်။

“အေးကွာ ...မင်းအမတ် ဖြစ်သွားတာ ငါအရမ်းဝမ်းသာတယ်။ ဘာပဲဖြစ်ဖြစ်ကွာ ကုလားထိုင် အလွတ်တွေ့လို့ကတော့ ၀င်သာထိုင်ပစ် အရှုံးမရှိဘူးကွ..” ကျွန်တော့်အပါးတွင် ထိုင်ချလိုက်ရင်း သူက သူ့အတွေးအခေါ် သူ့သြ၀ါဒကို အပြုံးတွေနှင့် အားရပါးရ ပြောချလိုက်သည်တွင် ကျွန်တော့်မျက်နှာ ဘယ်နေရာ သွားထားလိုက်ရမှန်း မသိတော့။ သူကတော့ သူ့စကားကို ရိုးသားစွာ ပြောနေခြင်းဖြစ်၏။ ပသို့ဆိုစေ ကျွန်တော့်အရှက်က ကျွန်တော့် ဦးခေါင်းခွံကို ဖောက်ခွဲထွက်သွားသည်။ “ကုလားထိုင် အလွတ်တွေ့ရင် ၀င်သာထိုင်၊ အရှုံးမရှိဘူး” ဆိုသည့် ဣနြေ္ဒသိက္ခာမဲ့ အတွေးအခေါ်တဲ့...။ ကျွန်တော်သူ့ကို ဘာမျှပြန်မပြောနိုင်။ ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေလိုက်ရသည်။

“ဒီမှာ ငါ့လိပ်စာကတ် ယူထား။ အကြောင်းရှိရင် ဆက်သွယ်လို့ရတာပေါ့။ မင်းက အမတ်ဖြစ်သွားပြီဆိုတော့ ငါလည်း မင့်အားကိုးရမှာ” မုန့်ဆီကြော် ဘယ်နေမှန်း မသိသေးသည့်အခြေအနေမှာ နှုတ်ခမ်းနာကပဲ ယဉ်းနှင့်ရတော့မလိုဖြစ်ရသည်။ ဘာပဲဖြစ်ဖြစ် သူပေးသည့် လိပ်စာကတ်ကို ယူလိုက်ရသည်။ ဖတ်ကြည့်တော့ ... ဦးစိုင်းမင်းသွင် ဥက္ကဋ္ဌငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ မှော်ဘီမြို့နယ် (ရှမ်းစုကျေးရွာ)ဟုဖြစ်သည်။ စာလုံးအရွယ်အစားတွေက ဦးစိုင်းမင်းသွင်မှ မှော်ဘီမြို့နယ်အထိက ပုံမှန်။ (ရှမ်းစုကျေးရွာ) ကျတော့မှ ခပ်သေးသေးမှုန်မွှားမွှား။ ကျွန်တော့်စိတ်ထဲ ဖြစ်မှ ဖြစ်ရလေ ဖင်ထိုင်ခုံသေးသေးလေးကိုသီဟာသနပလဒင် ထင်လေရော့သလားဟု ကြိတ်၍ရယ်ရသည်။ ကုလားထိုင်ရောဂါများ ဆိုးလှချည့်ဟု တွေးရသည်။

“နို့ အစ်ကို့နာမည်ရင်းကို အစ္စမေးလ်ကနေ တပ်ထဲရောက်တော့ ကိုမင်းသွင်ဖြစ်၊ အခုတော့ ဘယ်လိုဖြစ်လို့ စိုင်းမင်းသွင်ဖြစ်လာရတာလဲ အစ်ကိုရဲ့” ကျွန်တော် မေးတော့ ... “တပ်ထဲကျတော့ အစ္စမေးလ်လို့ ဘယ်တော်ပါ့မလဲ။ ဒါကြောင့် ဗမာနာမည် မင်းသွင်လို့ ပြောင်းလိုက်တာပေါ့။ ခုတော့ ငါနေတဲ့ ရွာက ရှမ်းတွေနေတဲ့ရွာ၊ ရှမ်းရွာမို့ ရှေ့ကစိုင်းတစ်လုံး ထပ်တိုးပစ်လိုက်ရတယ်။ ဒါကြောင့် ဥက္ကဋ္ဌဖြစ်တာပေါ့ဟ ဟား ဟား ဟား” သူ့စကားနှင့်သူ သဘောကျစွာ ရယ်နေလိုက်သေးသည်။ အစ်ကို အစ္စမေးလ်ရယ် ဘယ်လိုပဲစိုင်းတစ်လုံး ထပ်တိုးတိုး နှာခေါင်းချွန်ပြီး အသားမည်းတာက တော့ နဂိုအတိုင်းပါပဲဟု ကျွန်တော့်စိတ်ထဲ ပြောမိသည်။ ဘာပဲဖြစ်ဖြစ် သူပြောသွားသည့် စကားတွေကို ယနေ့တိုင် ကျွန်တော်မမေ့။ ကုလားထိုင်အရူးတွေကို မြင်တိုင်း သူ့စကားတွေကို သတိရသည်။

ကုလားထိုင် ရူးရူးပြီးတော့ ဖြင့် နိုင်ငံရေးမှာ ၀င်မရှုပ်ကြဖို့လည်း အဲ့သည်လို လူမျိုးတွေကို တောင်းပန်ချင်သည်။ ကုလားထိုင်ကို ချစ်တာလား၊ ဒီမိုကရေစီကို ချစ်တာလား ကိုယ့်ကိုယ်ကိုယ် ဗြောင်မေး မေးကြစေချင်သည်။ ခုကြားရသမျှတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း ကုလားထိုင်ရောဂါရနေသူတွေက များလှသည်။ ဟိုတိုင်းမှာ၊ ဒီတိုင်းမှာ၊ ဟိုမြို့နယ် သည် မြို့နယ်မှာ ပူညံ ပူညံ ဆူညံ ဆူညံ။ သည်အသံတွေကြောင့်ပင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မတို့ရဲ့ အဖွဲ့က ပြည်သူတွေ စိတ်မချမ်းသာအောင် အချင်းချင်း စကားများတာတွေ အချင်းချင်း မတည့်တာတွေ ဖြစ်နေတာတွေအတွက်ကို တောင်းပန်ပါတယ်” ဟု စိတ်မသက်မသာဖြင့် ပြောလာရသည်။

သို့တိုင်လည်း ၂၀၁၅ မှာတော့ အသေအချာပဲဟု တွက်ကာ ခုကတည်းက ကွက်ကျော်ခုတ် လူစုနေကြသူတွေကလည်း အနမတဂ္ဂ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သာလျှင် အသင့်တော်ဆုံးပေလား။ ကိုယ့်ထက်တော်သူ မရှိတော့ဘူးလား။ တော်သူတတ်သူ သင့်လျော်သူထက် ကိုယ့်ကိုယ်ကိုယ်ပင် သင့်မသင့် တော်မတော် မစဉ်းစားဘဲ သူကောင်းမြှောက်ကြတော့မည်လား။ ကျီးကိုသခင် မြှောက်ဖို့ ဘုတ်တွေမွေးကြတော့မည်လား။ ဆရာမွေး၊ တပည့်မွေး ဖြင့်သြဇာတိက္ကမ ထူထောင်ကြတော့မည်လား။ ကိုယ့်လူ ကိုယ်စုလျက် လူများလျှင် အနိုင်ရစတမ်းဆိုသည့် ဒီမိုကရေစီစနစ်၏ အားနည်းချက်ကို ကိုင်ကာ လူစုဗိုလ်ကျအနိုင်ယူသည့် မင်းမဲ့စရိုက်ကို ထူထောင်ရင်း ဒီမိုကရေစီ အရုဏ်ဦးကို တိမ်သလဒာဖုံးစေတော့မလို့လားကျွန်တော်မေးချင်သည်။

မြန်မာနိုင်ငံမှာ သင်ခန်းစာတွေ အများကြီးရှိသည်။ ဟိုယခင် ပါလီမန်နုစဉ် ခေတ်နောက်ဆုံးအချိန်များက ကုလားထိုင် လုရင်းနှင့် မင်းမဲ့စရိုက်ဆန်စွာ မင်းလှလေးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သည်။ ငါန်းဇွန်ငါးလောင်းပြိုင် လူသတ်မှုတွေ ဖြစ်ခဲ့သည်။ ထိုအချက်များသည်ပင် စစ်အာဏာသိမ်းရဖို့ အရင်းအမြစ်တွေလည်း ဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ကို စိုးရိမ်တကြီးမျှော်ကြည့်ရင်းနှင့် မေးခွန်းလေးတစ်ခုတော့ မေးစမ်း ချင်သည်။ ဒီမိုကရေစီကို ချစ်တာလား၊ ကုလားထိုင်ကိုချစ်တာလားဆိုသည့် မေးခွန်းရိုးရိုးလေးပဲ ဖြစ်ပါသည်။

ဒီမိုကရေစီ လင်းကြက်တွန်ချိန်မှာမျိုးဆက်သစ်တို့အတွက် အနာဂတ်သက်သက်ကိုသာ ရိုးသားစွာ ချစ်တတ်ကြပါစေဟု မျှော်လင့်ရင်းဖြင့် ...။

ရေးသားသူ- သင်းရီ
7Day News Journal

ဘကြီးသက်
Unknown at 2:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုတိုးကြီးအတွက် ဂီတနယ်မှ အသံများ


Aye Chan Mon


၁၅.၁၁.၂ဝ၁၂ (ကြာသပတေးနေ့) စင်္ကာပူစံတော်ချိန် နံနက် (၈း၂ဝ) နာရီအချိန်တွင် နိုင်ငံကျော် အဆိုတော် တေးသံရှင် ကိုခင်မောင်တိုး ကွယ်လွန်သွားခဲ့ပါသည်။အဆိုတော် ဦးခင်မောင်တိုး၏ ကြွင်းကျန်သေသာ ရုပ်ခန္ဓာ အား စင်ကာပူ စံတော်ချိန် ညနေ ၃ နာရီ မိနစ် ၄၅ အချိန်တွင် မွန်ဒိုင်း သုဿန်တွင် သဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။ကိုခင်မောင်တိုး ကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကာသံကိုဖော်ပြပေးလိုက်ပါတယ်။


ထွန်းအိန္ဒြာဗို
လ်
မိသာစုနဲ့ ထပ်တူဝမ်းနည်းပါတယ်။အခုလိုကြွေလွင့်သွားတယ်ဆိုတာဂီတလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ။


ဓိရာမိုရ်
ဦးတိုးကြီးကတကယ် အနုပညာရှင်တစ်ယောက်ပါ။သူက ကိုယ်ပိုင် သံတစ်ခုနဲ့ ရပ်တည်ခဲ့တဲ့သူပါ၊အနုပညာရှင်တွေရဲ့ လေးစားမှုလည်းရခဲ့တဲ့သူပါ။အခုချိန်ထိ ရပ်တည်ခဲ့တဲ့သူ တစ်ယောက်အခုလို ဖြစ်သွားတဲ့အတွကစိတ်မကောင်းပါဘူးသူလို လူမျိုးကရှားပါတယ်။


သျှီ
ဦးတိုးက သမာသမတ်ကျတယ်။အဲဒီသူရဲ့ သမာသမတ်ကအင်မတန်အံ့သြဖို့ ကောင်းတယ်။အခုလိုမျိုးဖြစ်သွားတဲ့အတွက် ဂီတလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ပါပဲ။


ဆုန်သင်းပါရ်
ကိုယ်လောကသားတစ်ယောက်လျော့သွားတဲ့အတွက်ဝမ်းနည်းရပါတယ်။သတင်းဆိုးကြားရတာစိတ်မကောင်းပါဘူးမိသားစု၊ပရိသတ်တွေနဲ့ ထပ်တူ ကြေကွဲရပါတယ်။


ပိုးအိစံ
ဦးတိုးကွယ်လွန်သွားတဲ့အတွက်တကယ်ကိုစိတ်မကောင်းပါဘူး။


ကော်နီ
စိတ်ထားမြင့်မြတ်တဲ့ ဂီတလောကက အနုပညာရှင်တစ်ဦးမရှိတော့တာသိတော့ဝမ်းနည်းမိတယ်။ဂီတလောကမှာဒီလိုလူမျိုး တစ်ဦးဆုံးရှုံးသွားတော့စိတ်မကောင်းဖြစ်မိတယ်

အေးချမ်းမွန်မှ Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။



Photo From :Popular Journal

ဘကြီးသက်
Unknown at 2:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Monday, November 12, 2012

Online Charging နှင့် Convergent Billing စနစ် ၀န်ကြီး စစ်ဆေး

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရန်ကုန်မြို့ဟံသာဝတီရှိသတင်း အချက်အလက် နည်းပညာ ဌာနနှင့် အော်တိုတယ်လီဖုန်း စခန်း၌ ပြည်ပ နိုင်ငံများနှင့် အင်တာနက် ချိတ်ဆက်ထားမှု၊ ADSL သုံးစွဲသူများ လွယ်ကူ အဆင် ပြေစေရေး စီမံ ဆောင်ရွက် ထားရှိမှု၊ ကြိုးဖုန်း (Auto Phone) သုံးစွဲသူများ အတွက် ဆောင်ရွက် ထားရှိမှု များကို လည်းကောင်း၊ နံနက် ၉ နာရီခွဲတွင် မိုဘိုင်းလ် ဆက်သွယ်ရေး စခန်း ဗဟန်း အိတ်ချိန်းရှိ GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Online Charging System (OCS) ၏ ဆောင် ရွက် နေပုံများနှင့် အလုံ အိတ်ချိန်းရှိ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် Convergent Billing System (CBS)ဆောင်ရွက်နေပုံ များကိုလည်းကောင်း လိုက်လံ ကြည့်ရှု စစ်ဆေးသည်။

တယ်လီဖုန်း သုံးစွဲသူများ အနေနှင့် အမှန်တကယ် သုံးစွဲ ခဲ့သည့်အတိုင်း တယ်လီဖုန်း သုံးစွဲခများ ပေးဆောင် နိုင်ရန် တယ်လီဖုန်း သုံးစွဲခ ကောက်ခံမှု စနစ်များသည် မှန်ကန် မြန်ဆန်ပြီး ထင်သာမြင်သာ ရှိရမည် ဖြစ်သည့်အပြင် မိမိတို့ ဌာနနှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေး လိုပါက မှန်ကန်စွာ ရှင်းလင်း ပြောကြား ပေးကြရန်နှင့် GSM တယ်လီဖုန်းများ အတွက် ဖုန်းခေါ်ဆိုခ ကောက်ယူမှု စနစ် Online Charging System (OCS) နှင့် CDMA ဖုန်းများအတွက် ဖုန်းခေါ်ဆိုခ ကောက်ခံမှု စနစ် Convergent Billing System (CBS)တို့ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အာမခံ တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက လှည့်လည်စစ်ဆေး ကြည့်ရှုစဉ် မှာကြားခဲ့သည်။

GSM မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဒေါ်တင်နွယ်မိုး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉-၅၁ဝဝ ဝဝ၁)၊ ဒေါ်ခင်ဖြိုး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅ဝ၂၁ဝ၁ဝ)၊ CDMA မိုဘိုင်းလ် တယ်လီဖုန်း များအတွက် ဦးသန့်ဇင်ထွေး (လက်ထောက် အင်ဂျင်နီယာ ဖုန်း ဝ၉- ၇၃ဝဝ ဝ၁ဝဝ)၊ ဦးကိုကိုအောင် (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၈၅ဝဝ ဝဝ၁) နှင့် ကြိုးဖုန်း (Auto Phone) များအတွက် ဦးဇော်မင်းဦး (အင်ဂျင်နီယာမှူး ဖုန်း ဝ၉- ၅၄၂ ၁ဝ၇၇) တို့ထံ တယ်လီဖုန်း ခေါ်ဆိုခ များနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

မြ၀တီ


ဘကြီးသက်
Unknown at 11:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

iPhone 5S နှင့် i Pad mini 2 ၂၀၁၃ နှစ်ဆန်းတွင် ထွက်ရှိမည်

phone Arenaဝဘ်ဆိုဒ်နဲ့ ထိုင်ဝမ်တိုင်းမ် သတင်းက ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ Apple ကုမ္မဏီဟာ iPhone 5s နဲ့ iPad mini 2 ကို ၂၀၁၃ ခုနှစ် ပထမ လေးလအတွင်း ထုတ်လုပ်ဖြန့်ချိမယ်လို့ ဆိုထားပါတယ်

iPhone 5 ထွက်ရှိတာမကြာသေးပဲ သူ့ထက် ဗားရှင်းထပ်မြင့်တဲ့ 5S ထွက်ရှိ မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ယခု အသစ်ဆက်ဆက် iPad mini ကို ထပ်ဆင့် Upgrade လုပ်ထားတဲ့ နံပါတ် ၂ မြောက် iPad mini ကိုလည်း ထုတ်လုပ် ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ iOS ဗားရှင်းမြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး ပထမလေးလအတွင်း အလုံးရေ ၅သောင်းမှ ၁ သိန်းကြား ထုတ်လုပ်ပါမယ်။ i Pad mini 2 အရေအတွက်တော့ ခန့်မှန်း မပေးထား ပါဘူး။

ယမန်နှစ်က iPhone 4 ပြီး iPhone 4S ထွက်ရှိတဲ့ ပုံစံအတိုင်း iPhone 5S ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPad mini တုန်းကလည်း လူပြောများခဲ့ပြီး ဒီတစ်ခါ Perfect ဖြစ်မယ့် mini လို့ဆိုပါတယ်။ Apple ကတော့ Officially မကြေညာသေးပါဘူး။

သို့ပေမယ့် ယခုရက်ပိုင်းအတွင် i Phone 5S နဲ့ i Pad mini 2 အကြောင်းကို တရားဝင်ကြေညာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

--
Ref:phone Arena
TechSpace Journal

......................................................
Copy and Credit to ^..^
ဲမြ၀တီ
iPhone 5S နှင့် i Pad mini 2 ၂၀၁၃ နှစ်ဆန်းတွင် ထွက်ရှိမည်
................................................................................

phone Arenaဝဘ်ဆိုဒ်နဲ့ ထိုင်ဝမ်တိုင်းမ် သတင်းက ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ Apple ကုမ္မဏီဟာ iPhone 5s နဲ့ iPad mini 2 ကို ၂၀၁၃ ခုနှစ် ပထမ လေးလအတွင်း ထုတ်လုပ်ဖြန့်ချိမယ်လို့ ဆိုထားပါတယ်

iPhone 5 ထွက်ရှိတာမကြာသေးပဲ သူ့ထက် ဗားရှင်းထပ်မြင့်တဲ့ 5S ထွက်ရှိ မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ယခု အသစ်ဆက်ဆက် iPad mini ကို ထပ်ဆင့် Upgrade လုပ်ထားတဲ့ နံပါတ် ၂ မြောက် iPad mini ကိုလည်း ထုတ်လုပ် ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ iOS ဗားရှင်းမြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး ပထမလေးလအတွင်း အလုံးရေ ၅သောင်းမှ ၁ သိန်းကြား ထုတ်လုပ်ပါမယ်။ i Pad mini 2 အရေအတွက်တော့ ခန့်မှန်း မပေးထား ပါဘူး။

ယမန်နှစ်က iPhone 4 ပြီး iPhone 4S ထွက်ရှိတဲ့ ပုံစံအတိုင်း iPhone 5S ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPad mini တုန်းကလည်း လူပြောများခဲ့ပြီး ဒီတစ်ခါ Perfect ဖြစ်မယ့် mini လို့ဆိုပါတယ်။ Apple ကတော့ Officially မကြေညာသေးပါဘူး။

သို့ပေမယ့် ယခုရက်ပိုင်းအတွင် i Phone 5S နဲ့ i Pad mini 2 အကြောင်းကို တရားဝင်ကြေညာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

--
Ref:phone Arena
TechSpace Journal

......................................................
Copy and Credit to ^..^
ဲမြ၀တီ

ဘကြီးသက်
Unknown at 10:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောက်ဝိုင်းတွင် လောပန်တစ်ဦးက ကလေးတစ်ယောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်

တရုတ်နိုင်ငံသားတစ်ဦးမှ အမျိုးသားကလေးငယ်တစ်ဦးအား ၎င်း၏ပိုက်ဆံခိုးယူသူဟု ထင်မြင်၍ ကိုယ်ထိလက်ရောက်ကျူးလွန် မှုနှင့် ပတ်သက်၍ မန္တလေးကျောက်မြတ်ဈေးအတွင်းမှ လူအများစုက ဈေးရုံအား ၀န်းရံမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျွန်တော်က ချဉ်ပေါင်းသည်ဆီကနေ ချဉ်ပေါင်းတောင်းစားနေတာ ၊ သူက ကျွန်တော့် နောက်ကနေ တကောက် ကောက် လိုက်နေ တာ ၊ လိုက်နေတာနဲ့ လောပန်း ဘာတုန်းဆိုမေးလိုက်တော့ သူက ကျွန်တော့် ဂုတ်ကိုညှစ်ထားတာ ၊ အဲဒါနဲ့ သူ့လက်ကို ပုတ်ပြီး ထွက်ပြေးတော့ သူကလိုက်လာပြီး ပြန် မိသွားတော့ လက်သီးနဲ့ ထိုးတယ် “ ဟု ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ အမျိုးသားကလေး ငယ်က ပြောသည်။

ထိုဖြစ်ရပ်ကြောင့် ဈေးတာဝန်ရှိသူများက ရုံးခန်းတွင် ခေါ်ယူဖြေရှင်းနေစဉ်
ထောင်ချီသည့် လူအုပ်ကြီးမှ ရုံးခန်းအား ၀ိုင်းထားခဲ့ကြပြီး ပြင်းထန်စွာ
အပြစ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ ပိုက်ဆံခိုးတယ်ဆိုပြီး ဒီရောက်လာကြတာ ၊ ခိုး/မခိုးတော့ မသိကြဘူး ၊ တရုတ်ကလည်း သူ့ပိုက်ဆံ ခိုးတယ် ထင်ပြီး ထိုးလိုက်တာ ဖြစ်တော့ ကလေးဖက်က မကျေနပ်ကြဘူးဖြစ်ကုန်တာ ၊ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဒီမှာ ပြေ လည်အောင် ဆောင်ရွက်ပေးနေပါတယ် ၊ ဘေးမှာလဲ ပြသနာက ထိန်းမရဘူး ဖြစ်လာတယ်´´ဟု ဈေးတာဝန်ရှိသူ ဒု-ဥက္ကဌ ဦးဇော်ဇော်က အတည်ပြုပြောသည်။

အဆိုပါကိစ္စတွင် ဈေးစည်ပင် ရဲတစ်ဦးကလည်း ကလေးငယ်အား ထိုးကြိတ်မှုပြု လုပ်ခဲ့သည် ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း တာဝန်ရှိသူများမှ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး မျက်မြင် သက်သေများကမူ ဟုတ်မှန်ကြောင်း ပြောဆိုကြသည်။

ကလေးတစ်ဦးအား အပြစ်မရှိပဲနှင့် ရိုက်နှက်မှုသည် ကလေးငယ်
အခွင့်အရေးဆုံးရှုံးမှုဖြစ်ပြီး တာဝန်ကျရဲအနေဖြင့် ထိုသို့မပြုလုပ်
သင့်ကြောင်း ကလေးချစ်သူများကွန်ယက်မှကိုညိုလင်းက ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သတ်၍ တရုတ်နိုင်ငံသားဖြစ်သူက ၎င်း၏ပိုက်ဆံအား ခိုးယူသွားသည်ဟု ထင်မြင်ပြီး လိုက်လံဖမ်းဆည်းခြင်းသာဖြစ်ကြောင်း ၎င်း၏ စကားပြန်မှတဆင့် မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ထိုဖြစ်ရပ်အတွက် တရုတ်နိုင်ငံသားမှ အထိုးခံရသူ အမျိုးသား ကလေးငယ်အတွက် နစ်နာကြေး ကျပ်(၂)သိန်း ပေးခဲ့ကြောင်း သိရသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup
ကျောက်ဝိုင်းတွင် လောပန်တစ်ဦးက ကလေးတစ်ယောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်
Monday, November 12, 2012

တရုတ်နိုင်ငံသားတစ်ဦးမှ အမျိုးသားကလေးငယ်တစ်ဦးအား ၎င်း၏ပိုက်ဆံခိုးယူသူဟု ထင်မြင်၍ ကိုယ်ထိလက်ရောက်ကျူးလွန် မှုနှင့် ပတ်သက်၍ မန္တလေးကျောက်မြတ်ဈေးအတွင်းမှ လူအများစုက ဈေးရုံအား ၀န်းရံမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျွန်တော်က ချဉ်ပေါင်းသည်ဆီကနေ ချဉ်ပေါင်းတောင်းစားနေတာ ၊ သူက ကျွန်တော့် နောက်ကနေ တကောက် ကောက် လိုက်နေ တာ ၊ လိုက်နေတာနဲ့ လောပန်း ဘာတုန်းဆိုမေးလိုက်တော့ သူက ကျွန်တော့် ဂုတ်ကိုညှစ်ထားတာ ၊ အဲဒါနဲ့ သူ့လက်ကို ပုတ်ပြီး ထွက်ပြေးတော့ သူကလိုက်လာပြီး ပြန် မိသွားတော့ လက်သီးနဲ့ ထိုးတယ် “ ဟု ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ အမျိုးသားကလေး ငယ်က ပြောသည်။

ထိုဖြစ်ရပ်ကြောင့် ဈေးတာဝန်ရှိသူများက ရုံးခန်းတွင် ခေါ်ယူဖြေရှင်းနေစဉ်
ထောင်ချီသည့် လူအုပ်ကြီးမှ  ရုံးခန်းအား ၀ိုင်းထားခဲ့ကြပြီး ပြင်းထန်စွာ
အပြစ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ ပိုက်ဆံခိုးတယ်ဆိုပြီး ဒီရောက်လာကြတာ ၊ ခိုး/မခိုးတော့ မသိကြဘူး ၊ တရုတ်ကလည်း သူ့ပိုက်ဆံ ခိုးတယ် ထင်ပြီး ထိုးလိုက်တာ ဖြစ်တော့ ကလေးဖက်က မကျေနပ်ကြဘူးဖြစ်ကုန်တာ ၊ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဒီမှာ ပြေ လည်အောင် ဆောင်ရွက်ပေးနေပါတယ် ၊ ဘေးမှာလဲ ပြသနာက ထိန်းမရဘူး ဖြစ်လာတယ်´´ဟု ဈေးတာဝန်ရှိသူ ဒု-ဥက္ကဌ ဦးဇော်ဇော်က အတည်ပြုပြောသည်။

အဆိုပါကိစ္စတွင် ဈေးစည်ပင် ရဲတစ်ဦးကလည်း ကလေးငယ်အား ထိုးကြိတ်မှုပြု လုပ်ခဲ့သည် ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သော်လည်း တာဝန်ရှိသူများမှ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး မျက်မြင် သက်သေများကမူ ဟုတ်မှန်ကြောင်း ပြောဆိုကြသည်။

ကလေးတစ်ဦးအား အပြစ်မရှိပဲနှင့် ရိုက်နှက်မှုသည် ကလေးငယ်
အခွင့်အရေးဆုံးရှုံးမှုဖြစ်ပြီး တာဝန်ကျရဲအနေဖြင့် ထိုသို့မပြုလုပ်
သင့်ကြောင်း ကလေးချစ်သူများကွန်ယက်မှကိုညိုလင်းက ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သတ်၍ တရုတ်နိုင်ငံသားဖြစ်သူက ၎င်း၏ပိုက်ဆံအား ခိုးယူသွားသည်ဟု ထင်မြင်ပြီး လိုက်လံဖမ်းဆည်းခြင်းသာဖြစ်ကြောင်း ၎င်း၏ စကားပြန်မှတဆင့်  မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ထိုဖြစ်ရပ်အတွက် တရုတ်နိုင်ငံသားမှ အထိုးခံရသူ အမျိုးသား ကလေးငယ်အတွက် နစ်နာကြေး ကျပ်(၂)သိန်း ပေးခဲ့ကြောင်း သိရသည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup

ဘကြီးသက်
Unknown at 10:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညီနောင်တိုင်းရင်းသားပါတီတွေ သမ္မတ အိုဘားမားနဲ့တွေ့လိုကြောင်း တောင်းဆို

တိုင်းရင်းသား (၁၃) ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသား
ပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့က နိုဝင်ဘာလ ၁၉ရက်နေ့မှာ
မြန်မာနိုင်ငံကို ရောက်ရှိမယ့် အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ အိုဘားမား နဲ့ တွေ့ဆုံလိုကြောင်း ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ရက်စွဲနဲ့
ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတရဲ့ အားပေးထောက်ခံ ဆောင်ရွက်ပေးမှုဟာ အင်မတန်အရေးကြီးတာကြောင့် အခုလို တွေ့ဆုံဖို့ တောင်းဆိုရတာဖြစ်ကြောင်း ရန်ကုန်မြို့ ကျောက်တံတား
မြို့နယ်အိုလံပစ်တာဝါမှာဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBFအဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ
အပြီးမှာ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က RFA ကို ပြောပါတယ်။

ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့အနေနဲ့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးကို အစဉ်တစိုက် အားပေးကူညီ
ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု
ပေါ်ပေါက်လာရေးအတွက် သမ္မတ အိုဘားမားအနေနဲ့ အကြံဥာဏ်ကောင်း
တွေပေးနိုင်ဖို့ မျှော်လင့်ကြောင်း စတဲ့အချက်တွေကိုလည်း NBF အဖွဲ့ရဲ့ ဒီကနေ့ ကြေညာချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့ထဲမှာ ရှမ်း
တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား
လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ၊ တအောင်း
(ပလောင်)အမျိုးသားပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။

RFA
..........................................................................
Copy and Credit to ^..^
Myanmar Online News
ညီနောင်တိုင်းရင်းသားပါတီတွေ သမ္မတ အိုဘားမားနဲ့တွေ့လိုကြောင်း
တောင်းဆို
.....................................................................................
Monday, November 12, 2012

တိုင်းရင်းသား (၁၃) ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသား
ပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့က နိုဝင်ဘာလ ၁၉ရက်နေ့မှာ
မြန်မာနိုင်ငံကို ရောက်ရှိမယ့် အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ အိုဘားမား နဲ့ တွေ့ဆုံလိုကြောင်း ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ရက်စွဲနဲ့
ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတရဲ့ အားပေးထောက်ခံ ဆောင်ရွက်ပေးမှုဟာ အင်မတန်အရေးကြီးတာကြောင့် အခုလို တွေ့ဆုံဖို့ တောင်းဆိုရတာဖြစ်ကြောင်း ရန်ကုန်မြို့ ကျောက်တံတား
မြို့နယ်အိုလံပစ်တာဝါမှာဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBFအဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ
အပြီးမှာ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က RFA ကို ပြောပါတယ်။

ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့အနေနဲ့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးကို အစဉ်တစိုက် အားပေးကူညီ
ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု
ပေါ်ပေါက်လာရေးအတွက် သမ္မတ အိုဘားမားအနေနဲ့ အကြံဥာဏ်ကောင်း
တွေပေးနိုင်ဖို့ မျှော်လင့်ကြောင်း စတဲ့အချက်တွေကိုလည်း NBF အဖွဲ့ရဲ့ ဒီကနေ့ ကြေညာချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့ထဲမှာ ရှမ်း
တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား
လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ၊ တအောင်း
(ပလောင်)အမျိုးသားပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။

RFA
..........................................................................
Copy and Credit to ^..^
Myanmar Online News

ဘကြီးသက်
Unknown at 4:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုဘိုင်းဖုန်းတွင် စွယ်စုံသုံး ဆော့ဝဲလ် အသုံးပြုနိုင်တော့မည်

 
မိုဘိုင်းဖုန်းတွင် ထည့်သွင်းအသုံးပြုနိုင်သည့် Gothere Myanmar စွယ်စုံသုံးဆော့ဝဲလ် အားလာမည့် ၂၀၁၃ ခုနှစ်တွင်း Apple ထုတ်ကုန် ios ဗားရှင်းများ၌ စတင်အသုံးပြုနိုင်တော့မည်ဟု သိရသည်။
အဆိုပါဆော့ဝဲလ်အား လက်ရှိတွင် အန်းဒရွိုက်ဖုန်းများ၌ ထည့်သွင်းအသုံးပြုနိုင်ပြီး www.go-there-myanmar.com တွင် အခမဲ့ရယူအသုံးပြုနိုင်သည်။

မိုဘိုင်းဖုန်းများတွင် ကြော်ငြာထည့်သွင်းသူလုပ်ငန်းရှင်များအတွက်လည်း အခမဲ့ကြော်ငြာခြင်းနှင့် အခကြေးငွေပေး premium ပုံစံနှစ်မျိုးရှိသည်ဟု ၄င်းကုမ္ပဏီမှ ပရောဂျက်မန်နေဂျာကို မိုးသန့်ဦးကဆိုသည်။
“လိပ်စာ၊ဖုန်းနံပါတ်မျိုးဆိုရင်အလကားကြော်ငြာပေးပါတယ်။စာတိုပုံစံမျိုးပေးပို့ချင်တယ့် လုပ်ငန်းရှင်တွေကတော့ ဖုန်းအလုံးရေပေါ်မူတည်ပြီး ကျသင့်သွားမှာပါ”ဟု ၄င်းကဆက်ပြောသည်။

ယင်းဆော့ဝဲလ်တွင်းရှိ ဖုန်းရှာဖွေခြင်းစနစ်မှာ ဖုန်းအတွင်းအင်တာနက် အမြဲတစေဖွင့်ထားရန် မလိုအပ်ပဲ တိကျသေချာသော လျှို့ဝှက်နံပါတ် ထည့်သွင်းရုံဖြင့် တည်နေရာကို အလွယ်တကူရှာဖွေနိုင်မည်ဖြစ်သည်။
အထက်ပါ မိုဘိုင်းဖုန်းတွင်းသုံး စွယ်စုံဆော့ဝဲလ်အား ယခုနှစ်သြဂုတ်လတွင် စတင်အသုံးပြုနိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းရှိဖုန်းသုံးစွဲသူ ၁၀ ရာခိုင်နှုန်းခန့်အသုံးပြုလျှက်ရှိသည်။

သုတလင်း

ဘကြီးသက်
Unknown at 12:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.