Thursday, November 15, 2012

သတင်းအချက်အလက် သိမ်းဆည်းထားသော NASA လပ်(ပ်)တော့ တစ်လုံး အခိုးယူခံရ

အမေရိကန် လေကြောင်းနှင့် အာကာသ ကုမ္မဏီ NASA မှ သတင်းအချက် သိမ်းဆည်းထားသော Laptop ကွန်ပျူတာ တစ်လုံး အခိုးယူခံလိုက် ရ ကြောင်း သိရသည်။

ယင်း လပ်(ပ်)တော့ကို မော်တော်ကားတွင်း ထည့်ထားစဉ် ပျောက်ဆုံး သွားခြင်း ဖြစ်သည်။ Laptop ထဲတွင် NASA ကုမ္မဏီ ဝန်ထမ်းနှင့် အခြား စာချုပ်များနှင့် သက်ဆိုင်သော သတင်းအချက် များစွာ ပါဝင်သည်။ လျို့ ဝှက်ကုဒ်နံပါတ်များလည်း သိမ်းဆည်း ထားသည့် အတွက် NASA ရုံးချုပ်၏ ဆိုင်ဘာလုံခြုံရေးများ ပျက်ဆီးသွားနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ NASA ကွန်ရက်တစ်ခုလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေး အဆင့်မြင့်တင်ရန် Security Software များ ထည့်သွင်း၊ Upgrade လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယခု ပျောက်ဆုံးမှုသည် ပထမအကြိမ် မဟုတ်ပေ။ ၂၀၀၉ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဧပြီလအထိ Laptop နှင့် အခြား မိုဘိုင်းပစ္စည်း စုစုပေါင်း ၄၈ လုံ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးမှုတိုင်းအတွက် လည်း NASA မှ အလုပ်ရှုပ်ခဲ့ပြီး ကုန်ကျစရိတ်ပေါင်း များစွာဖြင့်လုံခြုံရေးများ ထပ်မံ အဆင့်မြင့်ခဲ့ရသည်။ ယခုလည်း Laptop တစ်လုံး ပျောက်ဆုံးမှု က ထောင်သောင်းမကသော NASA ဝန်ထမ်း များ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်စေသည်။ Laptop ကို လုံခြုံရေးအလွှာများခံထားသော်လည်း ထိုးဖောက်ရန် လွယ်ကူကြောင်း သိရသည်။

ယင်းသို့ ပျောက်ဆုံးမှုအတွက်လည်း NASA မှ ငွေကြေး အမြောက်အများ အကုန်ကျခံကာ လုံခြုံရေး အတွက် ထပ်မံသုံးစွဲဖွယ် ရှိကြောင်း သိရသည်။
--
Ref: reuters
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/nasa.html

ဘကြီးသက်
Unknown at 2:34 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.