Thursday, November 15, 2012

မိုးဟေကို တချိန်က ဘာ ပြောခဲ့ဖူးသလဲ

  • ဧရာဝတီ | Wednesday, November 14, 2012  အိမ့်သံစဉ်
ဓာတ်ပုံ-Myanmar celebrity.com
မိုးဟေကိုရဲ့ တခုသောမွေးနေ့ပွဲကို ထိုစဉ်က သူ့ချစ်သူ ကိုညီညီထွန်းက ကျင်းပပေးခဲ့တဲ့ ဗီဒီယို ပြကွက်ကလေးပါ။ ဒါကလည်း သူတို့ ၂ ဦး ချစ်ခရီး ၁ နှစ်ပြည့် အမှတ်တရအနေနဲ့ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ မိုးဟေကိုကတော့ သူ့ချစ်သူပုံရိပ်ကို ဘာတွေပြောထားလည်းဆိုတာ ပရိတ်သတ်များ နားလည်ခံစားသိရှိသွားနိုင်မှာပါ။ 
မိုးဟေကိုက သူ့ချစ်သူ ကိုညီညီထွန်းနဲ့ပတ်သက်လို့ ဘာတွေပြောထားလဲ။ 
တခါ ကိုညီညီထွန်းက မိုးဟေကိုနဲ့ ပတ်သက်လို့ ဘာတွေပြောထားလဲဆိုတာ အခု အောက်မှာပါရှိတဲ့ Violet Video Magazine ရဲ့ ဗီဒီယိုတင်ဆက်မှုမှာ ကြားမြင်သိခွင့်ရကြမှာပါ။ 

အခုတော့သူတို့ ၂ ဦးဟာ ၂၀၀၉ ခုနှစ်က လက်ထပ်ခဲ့တာတွေနဲ့ အိမ်ထောင်ကြီးရှိလို့ မိုးဟေကိုတို့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွာရှင်းခဲ့ကြပြီဆိုတဲ့ အပြန်အလှန် ကြေညာချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 
တချိန်က ဘယ်လိုတွေဖြစ်ခဲ့တယ်။ ဒီကနေ့ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ စာဖတ်သူများ သဲသဲကွဲကွဲ သုံးသပ်နိုင်မှာဖြစ်ပါတယ်။  
Moe Hay Ko 's Idea Of  LOVE ဗီဒီယိုဖိုင်ကို ကြည့်ရှုရန် ဤနေရာကိုကလစ်ပါ။

 မိုးဟေကို ရဲ့ နေအိမ်ပိုင်ဆိုင်မှု ကိုညီညီထွန်းရဲ့ ကြေညာချက်ထွက်ပေါ်
Thursday, November 01, 2012  

ဗဟန်းမြို့နယ်၊ သံလွင်လမ်းက မိုးဟေကို နေအိမ်၊ ဓာတ်ပုံ- Myanmar Celebrity.com
အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သူ့ချစ်သူ ကိုညီညီထွန်းက ဘယ်လိုသဘောထားတယ် ဆိုတာ  ကြေညာချက်ထွက်ပေါ်လာပါတယ်။ 
မော်ဒယ် မိုးဟေကိုရဲ့ ရည်စားဖြစ်သူ ကိုညီညီထွန်းဟာ မိုးဟေကို လက်ရှိနေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင်လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ ကြေငြာခဲ့ပါတယ်။
အဆိုပါ နေအိမ်ကိစ္စ ကြော်ငြာကိစ္စနဲ့ပတ်သက်ပြီး ကိုညီညီထွန်း၏ ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်အား ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ  ကာယကံရှင် ကိုညီညီထွန်း၏ ညွှန်ကြားချက်အရဖြစ်ကြောင်း၊ မအေးအေးခိုင်ဆိုသည်မှာ မိုးဟေကိုဖြစ်ကြောင်း ဧရာဝတီကို အတည်ပြုဖြေကြားခဲ့ပါတယ်။
“စည်ပင်မှာ သူ့တယောက်ထဲ အမည်ဖြစ်နေတော့ သူတို့အမည်ပေါက်သွားပြီးရင် လုပ်ရကိုင်ရခက်မှာပေါ့။  မအေးအေးခိုင်အမည်နဲ့ ၀ယ်ထားပေးတာပေါ့။ ကိုညီညီထွန်းက သူ့တယောက်တည်းသဘောနဲ့ ထုခွဲရောင်းချလို့ မရအောင်လုပ်တဲ့သဘောပါ” လို့ ဒေါ်ကျော့ကျော့လှိုင်က ဧရာဝတီကို ပြောပါတယ်။
ယခုအခါ သူတို့အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ညွှန်ကြားထားသည့်အတိုင်း ကြော်ငြာထည့်သွင်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။ 
“ကိုညီညီထွန်း မရှိတဲ့အချိန်မှာ သူ မသိလိုက်ပဲ အမည်တွေပြောင်းသွားမှာတို့၊ ကိုညီညီထွန်း မသိပဲ ရောင်းသွားမှာတို့ ပေါင်မှာတို့ အထူးသဖြင့်ပေါ့နော်၊ အဲဒီလိုမျိုးတွေ ဆောင်ရွက်လို့မရအောင် နောက်ဝယ်တဲ့ သူတွေကို Alarm ( သတိပေး)တဲ့ သဘောပေါ” လို့ ဒေါ်ကျော့ကျော့လှိုင်က ဧရာဝတီကို ပြောပါတယ်။ 
ထိုကြေငြာချက်အရ ညီညီထွန်းနဲ့ လက်ရှိသံလွင်လမ်း အမှတ် ၇၄/ဘီ ပိုင်ဆိုင်သူ မအေးအေးခိုင်တို့ဟာ ၂၀၀၈ခုနှစ် ဧပြီလကတည်းက တရားဝင်လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ မအေးအေးခိုင်နာမည်နဲ့ သံလွင်လမ်းရှိ အမှတ်၇၄/ဘီ အိမ်ကို ညီညီထွန်းက မအေးအေးခိုင် နာမည်ဖြင့်ဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် စင်ကာပူမှာ နေထိုင်နေတဲ့ ကိုညီညီထွန်းရဲ့ ခွင့်ပြုချက်မရဘဲ အထက်ပါနေအိမ်ကို မအေးအေးခိုင် အနေနဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ပါရန် ကိုညီညီထွန်းရဲ့ ရှေ့နေဖြစ်သူ ဒေါ်ကျော့ကျာ့လှိုင်က ကြေငြာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။
မိုးဟေကိုအနေနဲ့ ဒီအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားသတင်းစာတွေထဲ ထည့်ကြော်ငြာရတဲ့အဖြစ်ဆိုတော့ ဘယ်လိုအခြေအနေတွေ ရှိမလဲဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြမှာ ဖြစ်ပါတယ်။ 
မိုးဟေကိုရဲ့ အနုပညာပရိတ်သတ်များကို သိစေချင်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ ညီညီထွန်းဟာ တချိန်က မိုးဟေကို ရဲ့ ချစ်သူဖြစ်ခဲ့သလို ပရိသတ်များအကြားမှာလည်း ပေါ်ပေါ်ထင်ထင် တွဲခဲ့ဖူးပါတယ်။ ကိုညီညီထွန်းမှာ လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်လျှက်ရှိကြောင်း သိရပါတယ်။
  • မိုးဟေကိုက ခင်ပွန်းဟောင်းကိုညီညီထွန်းရဲ့ ကြေညာချက်ကို တုံ့ပြန်
Tuesday, November 13, 2012  အိမ့်သံစဉ်  
 မိုးဟေကိုနှင့် ခင်ပွန်းဟောင်း ဦးညီညီထွန်း၊ ဓာတ်ပုံ- Myanmarcelebrity.com 
နာမည်ကြီး မော်ဒယ်သရုပ်ဆောင် မိုးဟေကိုက လက်ရှိနေထိုင်နေတဲ့ သူ့အမည်နှင့် နေအိမ်ဟာ ခင်ပွန်းသည်ဟောင်း ဦးညီညီထွန်း ၀ယ်ပေးခဲ့တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ မကြာသေးခင်က ခင်ပွန်းဟောင်းရဲ့ အဆိုပါနေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပေးဖို့ သတင်းစာကတဆင့်  တောင်းဆိုထားပါတယ်။ 
ခင်ပွန်းဟောင်း ဦးညီညီထွန်းရဲ့ရှေ့နေက လွန်ခဲ့သည့်လကုန်ပိုင်းက သူ့အမည်ပေါက်နေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ 
မိုးဟေကိုရဲ့ရှေ့နေ ဦးမျိုးညွန့်က မအေးအေးခိုင်ရဲ့ ခင်ပွန်းသည်ဟောင်း ကိုညီညီထွန်းရဲ့ ရှေ့နေ ဒေါ်ကျော့ကျော့်လှိုင်၏ ကြေညာချက်မှာ မှန်ကန်မှုမရှိလို့ ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။
ဦးညီညီထွန်းရဲ့ ရှေ့နေကတဆင့် ကြေညာချက်မှာ ယခု မိုးဟေကို (ခေါ်) ဒေါ်အေးအေးခိုင် အမည်ပေါက် ဖြင့် လက်ရှိနေထိုင်နေသည့်  ဗဟန်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ သံလွင်လမ်း၊ အမှတ် ၇၂ - ဘီ ခြံဝန်းနှင့် အဆိုပါခြံဝန်းနှင့် အဆိုပါခြံဝန်းရှိနေအိမ်မှာ မိုးဟေကို၏အမည်ဖြင့် ခင်ပွန်းသည်ဖြစ်သူ ဦးညီညီထွန်းက ၀ယ်ယူပေးခဲ့တယ်လို့ ဖော်ပြထားခဲ့တာပါ။ 
အခု ကြေညာချက်မှာတော့ မိုးဟေကိုရဲ့ ရှေ့နေက ဦးမျိုးညွှန့်က ဒေါ်အေးအေးခိုင်အား ဦးညီညီထွန်းက စင်ကာပူနိုင်ငံမှာ အိမ်ထောင်ရှိနေပါလျှက် လူပျိုလူလွတ်လို့ လိမ်ညာလှည့်ဖျား ပြောဆိုမှုအပေါ် မိုးဟေကိုက ယုံကြည်ပြီး လက်ထပ်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ထပ်အပြီးတပတ်အကြာမှာပဲ ဦးညီညီထွန်းမှာ အိမ်ထောင်ကြီးရှိတာသိလို့ စကားများခဲ့ပါတယ်လို့ ဆိုထားပါတယ်။ စကားများကြပြီး ဆက်လက်မပေါင်းသင်းနိုင်တော့ပဲ ကွာရှင်းကြမယ်ဆိုပြီး ဦးညီညီထွန်း ကိုယ်တိုင်လင်ခန်းမယားခန်းပြတ်ဆဲကြောင်း သဘောတူပြီးနောက် စင်ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့ကြောင်း ကြေညာချက်မှာ ဆက်လက်ပြောဆိုထားပါတယ်။ 
ထို့ကြောင့် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ မိုးဟေကိုနဲ့ ဦးညီညီထွန်းတို့ဟာ လင်မယားခန်းပြတ်ဆဲခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ 
ဒါကြောင့် ယခု မိုးဟေကိုနေထိုင်နေသည့် ဦးညီညီထွန်း ကန့်ကွက်ခဲ့သည့် ဗဟန်း၊ရွှေတောင်ကြား ၂ ရပ်ကွက်၊ သံလွင်လမ်း၊ အမှတ် ၇၂ - ဘီ ဆိုသည့် နေအိမ်မှာ ဦးညီညီထွန်းဝယ်ယူပေးခဲ့ခြင်း မဟုတ်ကြောင်း၊ မိုးဟေကိုရဲ့ အနုပညာကြေးတွေစုဆောင်းပြီး ၀ယ်ယူထားတဲ့ နေအိမ်နဲ့ ခြံဝန်းဖြစ်တဲ့အတွက် မိုးဟေကိုရဲ့ သဘောဆန္ဒအတိုင်း စီမံဆောင်ရွက်နိုင်တယ်လို့ လူအများသိအောင် ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘကြီးသက်
Unknown at 2:32 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.