Monday, November 12, 2012

မီဒီယာအပါအ၀င် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်သည့် ဆက်သွယ်ရေး ဥပဒေကြမ်း


မီဒီယာအပါအ၀င် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်သည့်
ဆက်သွယ်ရေး ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၆၃၊ ၆၄၊ ၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့ပါ အချက်များအပေါ် နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများသာမကဘဲ အများပြည်သူကပါ ဝေဖန်အကြံ ပြုမှုများ ရှိနေ
=====================================
ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန်အတွက် နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေး ဥပ

ဒေကြမ်းတွင် ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ၆၄၊၆၆၊ ၇၃၊ ၇၄နှင့် ၇၅ တို့အပေါ် နည်းပညာ နယ်ပယ်မှ ကျွမ်းကျင်သူများသာမကဘဲ အများပြည်သူကပါ ဝေဖန်အကြံ ပြုမှုများ ရှိနေကြောင်း သိရသည်။

အခန်း (၂၀) ပါဝင်သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် အခန်း (၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်း၌ ပါဝင်သည့် ဥပဒေပုဒ်မ ၆၃၊ ဥပဒေ ပုဒ်မ ၆၄၊ ဥပဒေ ပုဒ်မ ၆၆ ဥပဒေပုဒ်မခွဲ (ဃ) နှင့် (င) တို့အပါအ၀င် အခန်း (၂) အထွေထွေတွင် ပါဝင်သော ဥပဒေပုဒ်မ (၇၃)၊ ဥပဒေပုဒ်မ (၇၄)နှင့် ဥပဒေပုဒ်မ (၇၅) တို့မှာ အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

ယခုထွက်ရှိလာခဲ့သော ဥပဒေကြမ်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ အချက်အလက်များကို အသားပေး ဖော်ပြခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ မီဒီယာအပါအ၀င် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကိုပါ ထိပါးစေနိုင်သည့် ဥပဒေပုဒ်မများ ပါဝင်နေသည့် အတွက် ယခုကဲ့သို့ အကြံပေး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group

ဘကြီးသက်
Unknown at 11:05 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.