စက်တင်ဘာလ ၁၇ ရက်။ ။ နိုင်ငံတော်သမ္မတက နောက်ထပ် အကျဉ်းသား ၅၁၄ ဦးကို ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပြစ်ဒဏ် အသီးသီးကနေ လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဒီကနေ့ ဖေါ်ပြထားတာကို တွေ့ရပါတယ်။''ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတဟာ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေနိုင်တဲ့ နိုင်ငံသားများ အဖြစ်ကို ပြုပြင် ပြောင်းလဲစေဖို့ အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက် လည်းကောင်း ရည်ရွယ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နဲ့အညီ အကျဉ်းထောင် အသီးသီးမှာရှိတဲ့ အကျဉ်းသားများ ဖြစ်ကြတဲ့ နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄) ဦးတို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂) ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) ဒီကနေ့ကစပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့တယ်လို့ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားတာကို တွေ့ရပါတယ်။

ရတနာပုံသတင်း
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge