Saturday, August 25, 2012

မြိတ်မြို့မှာလေယာဉ်အင်ဂျင်ထဲငှက်တစ်ကောင် ၀င်သွားမှုကြောင့်ခရီးစဉ်များရွေ့ဆိုင်းခဲ့ရဟုဆို



သြဂုတ်လ ၂၃ ရက်နေ့မနက်ကကအဲကမ္ဘောဇလေကြောင်းလိုင်းမှ (ATR)လေယာဉ် အမျိုး အစားလေယာဉ် တစ်စင်း ဟာမြိတ်မြို့လေဆိပ်ကနေကော့သောင်း လေ ဆိပ် ကို ပျံသန်းထွက်ခွာရန် လေယာဉ်စက်နှိုးစဉ် အင်ဂျင်ထဲကို ဌက်တစ်ကောင်ဝင်သွား တာကြောင့် ခရီးစဉ်ရွေ့ကိုဆိုင်းခဲ့ရ တယ်လို့ပြောပါတယ်။   
အဆိုဖြစ်ပွားမှုဟာ''နံနက် ၉ နာရီလောက်မှာဖြစ်တာပါ။ ကော့သောင်းကိုအတက် လေယာဉ်အင်ဂျင်ထဲကို ဌက်တစ်ကောင်ဝင်သွားလို့ ပြန်လှည့်ခဲ့ရပါတယ်။ ခရီးသည် တွေရော လေယာဉ်ရော ဘာမှ ထိခိုက်မှု မရှိပါဘူး။ ဒီနေ့ပဲ ဌက်ဝင်သွားတဲ့ အင်ဂျင်ကို လဲလှယ်တပ်ဆင်ပြီးသွားပါပြီ ရန်ကုန်မြို့ကနေ အင်ဂျင်လာပို့တဲ့လေယာဉ်နဲ့ပြန်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ အင်ဂျင်လဲထားတဲ့လေယာဉ်ကိုတော့ စစ်ဆေးမှုတွေ သေချာ အောင်လုပ်ပြီးမှ ပြေးဆွဲမှာပါ''လို့ မြိတ်လေဆိပ်ကတာဝန်ရှိသူ တစ်ဦးကပြောပြ လို့သိရပါတယ်။    

ဘကြီးသက်
Unknown at 3:15 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.