Saturday, August 25, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာဒေသခံလယ်သမားများသြဂုတ်လ တတိယပတ်ကစတင်ပြီးနေ့စဉ်ဆန္ဒဖေါ်ထုတ်နေကြဟုဆို


မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ တရုတ်ကုမ္ပဏီတစ်ခုမှဆောင်ရွက်လျက်ရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို၂၀၁၀ ပြည့်နှစ်အတွင်းက သတ္တုတွင်း ဝန်ကြီးဌာနထံကနေ  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လုပ်ပိုင်ခွင့်များ လွှဲ ပြောင်းရယူခဲ့ပြီး အဲဒီစီမံကိန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံမှမြန်မာဝမ်ဘိုကုမ္ပဏီက တာဝန်ယူဆောင်ရွက် လျက်ရှိပြီးကာ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ရန်အတွက် ကျေးရွာပေါင်း၂၂ ရွာမှ လယ်ယာမြေဧကပေါင်း၇၈၀၀ကျော် သိမ်းခံရပြီး ကျေးရွာလေးရွာမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ပေးခဲ့ရကြောင်း၊  ဒေသခံများအနေနဲ့ အဆိုပါစီမံကိန်းမှ တာဝန်ရှိသူများ ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ထိပ်တိုက်တွေ့ဆုံနေရတဲ့ အဓိကအကြောင်းအရာတစ်ခုဟာ ၂၀၁၀ ခုနှစ်အတွင်းက ယင်းစီမံကိန်းပြုလုပ်ရန်အတွက် ဒေသခံများကို လယ်ယာမြေသိမ်းဆီးမှု အတွက် သုံးနှစ်စာ သီးနှံလျော်ကြေးငွေအဖြစ်လယ်သမားတစ်ဦးကို ကျပ် ၅ သိန်း ၂ သောင်းစီ ပေးအပ်ခဲ့ပြီး၊သိမ်းဆီးမှုပြုလုပ်စဉ်ကသုံးနှစ်ခန့်ဟုထင်ရပေမယ့် ယခုအခါတွင် လယ်ယာမြေများကို အပြီးအပိုင် သိမ်းဆည်းခဲ့တဲ့အတွက်သြဂုတ်လ တတိယ ပတ်မှစတင်ပြီးနေ့စဉ်ဆန္ဒဖေါ်ထုတ်မှုများပြုလုပ်ခြင်းဖြစ်ပြီး၊အဲဒီလို လယ်ယာမြေများ အသိမ်းခံခဲ့ရတဲ့အတွက် ဒေသခံလယ်သမားဦးရေ တစ်ထောင်ဝန်းကျင်က စုပေါင်းပြီး သြဂုတ်လ ၂၄ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း သွားရောက်ကာ ဆန္ဒဖော် ထုတ်မှုပြုလုပ် ခဲ့တဲ့အပြင် အသိမ်းခံခဲ့ရတဲ့ လယ် ယာ မြေများအပေါ်တွင် “မိမိတို့ကျေးရွာပိုင်လယ်ယာမြေများကို မည်သူမှ လုံးဝ မကျူး ကျော်ရ"စတဲ့ စာတမ်းများ ရေးသားထားတာကိုလည်း ဆိုင်းဘုတ်များကို စိုက် ထူခဲ့ကြတယ်လို့ပြောပါတယ်။
ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံများနဲ့  စီမံကိန်းတွင်တာဝန်ယူလျက်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များဟာ ထိပ်တိုက်တွေ့ဆုံခဲ့ရကြောင်း၊ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်အင်အား လေးရာနီးပါးက စီမံကိန်းဧရိယာအတွင်း ဝင်ရောက်လာတဲ့ လယ်သိမ်းခံရတဲ့ ဒေသ ခံများကို လက်နက်များကိုင်ဆိုင်၍၊ ဒိုင်းများကိုကိုင်ဆောင်က ရာဘာတုတ်များနဲ့ ရိုက် ပြီး၊လယ်သမားများလမ်းလျှောက်ချီတက်နေကြတာကိုခြောက်လှန့်ပြီး လူစုခွဲခဲ့ ကြောင်း၊
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာမှ တောင်သူ ဦးမြင့်သိန်းက "ကျွန်တော်တို့ကို အစတုန်းကတော့ဒီစီမံကိန်းက ကားကြီးတွေ ဖြတ် မောင်းသွားမှာဖြစ်လို့် ဆုံးရှုံးရမယ့် သီးနှံတွေအတွက် သုံးနှစ်စာ လျော်ကြေး အနေ နဲ့ပေးခဲ့လို့ ယူခဲ့ပါတယ်။ အဲဒီလျော်ကြေးတောင် တခြားပြဿနာတွေ ဆက်အဖြစ် မခံချင်တော့လို့ ယူခဲ့တာပါ။ အခုကျတော့ မင်းတို့ကို လျော်ကြေးပေးပြီး သားဖြစ် တဲ့အတွက် လယ်ယာမြေတွေကို သိမ်းတယ်ဆိုတာ ပြောလာတော့  လုံးဝလက်မခံဘူး။ ကျွန်တော့်အနေနဲ့ လယ်ယာအသိမ်းခံရလို့  ယာမြေ ၁၄ ဧကကျော် ဆုံးရှုံးခဲ့ပါတယ်။ ကိုယ့်မျိုးရိုးစဉ် ဆက်လုပ်လာခဲ့တဲ့ ယာမြေပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့  အခုလိုလာရောက် ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”ဟု ပြောပြခဲ့ပြီး၊ဝက်မှေးကျေးရွာမှ ဒေသခံတစ်ဦးကလည်း “အခုကျွန်တော်တို့ဖြစ်နေတဲ့ အခြေအနေက ကိုယ်ပိုင်တဲ့ လယ်ယာမြေတွေကို အင်အားသုံးပြီး လုခံရတာပဲ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက  ကိုယ့်လူမျိုးကို အကာအကွယ် မပေးဘဲ စီမံကိန်းကို လုပ်နေတဲ့ တရုတ်လူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတယ်လို့ ပြောရမယ်။ ဒေသခံတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေး နွေးမှုတွေ လုံးဝမလုပ်ဘူး။ ကျွန်တော်တို့ ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြတာတွေ ပြောပြတာတွေကို သူတို့က လုံးဝ လက်မခံပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားဖို့အတွက် အသက်ပေးတဲ့အထိ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက် လက်ပြုလုပ်သွားပါမယ်"ဟု ပြောဆိုခဲ့ပါတယ်။
ယခုဆောင်ရွက်လျက်ရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်ကနေ တစ်နှစ်ကို ကြေးနီတန်ချိန် တစ်သိန်းကနေ တစ်သိန်းခွဲအတွင်း ထုတ်လုပ်သွားမှာဖြစ်ပြီး ကြေးနီ တန်တစ်ရာထွက်ရှိပါက ၅၁ တန်ကို တရုတ်ကုမ္ပဏီကခံစားခွင့်ရရှိမှာဖြစ်ပြီး ကျန်၄၉ တန်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ရရှိမှာဖြစ်ကြောင်း၊စီမံကိန်း တည် ဆောက်မှုနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်အားလုံးကို တရုတ်ကုမ္ပဏီက တာဝန်ယူအကုန် အကျခံရမှာဖြစ်ကြောင်း၊ လက်ရှိလက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ  တရုတ်လူ မျိုးဝန်ထမ်းဦးရေ ၁၅၀  ဝန်းကျင် ဝင်ရောက် လုပ်ကိုင်နေကြောင်း၊ ဆားလင်းကြီးဒေသ လက်ပံတောင်းတောင်မှာ ကြေးနီသတ္တုသိုက်တွေ့ရှိမှုကို အိန္ဒိယ ဘူမိဗေဒတိုင်း တာရေးအဖွဲ့က၁၉၃၄ခုနှစ်က(THEMINERAL RESOURSES  OF BURMA)စာအုပ်တွင် မှတ်တမ်းတင်ခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်တွင် ယူဂိုဆလပ် ပညာရှင်များနှင့် မြန်မာဘူမိဗေဒပညာရှင်များ တွဲဖက်လေ့လာပြီး လက်ပံတောင်းတောင်တွင် စိန်လွန် တူးပြီး ဆက်လက်တိုင်းတာခဲ့ရာမှတွေ့ရှိတာဖြစ်တယ်လို့ပြောပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ဆန္ဒဖေါ်ထုတ်မှုနဲ့ပတ်သက်ပြီးအဆိုပါကြေးနီစီမံကိန်းမှ အ မည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက “အခုဖြစ်နေတဲ့ပြသနာတွေဟာ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် တောင်သူတွေဘက်က မှန်တယ်လို့ ပြောရမယ်။ တောင်သူတွေ အနေနဲ့ကလည်း ကိုယ့်ဘက်ကမှန်နေတဲ့ ဖြစ်ရပ်တစ်ခုကို အမှန်ဘက်ကနေပြီးတော့ ပညာရှိရှိ တွေးခေါ်ပြီး ရင်ဆိုင်သွားဖို့ လိုအပ်ပါတယ်။ ဒီစီမံကိန်းမှာ အဆောက်အအုံ ဆောက်လုပ်မှုအပိုင်းကိုပဲ တရုတ်ကုမ္ပဏီက အဓိကအနေနဲ့  တာဝန်ယူ ဆောက် လုပ်သွားမှာ ဖြစ်ပါတယ်။ လယ်ယာမြေသိမ်းခံရတဲ့ ဒေသခံတွေ ဆန္ဒဖော်ထုတ်မှု ဘာကြောင့်လုပ်နေရတယ်ဆိုတာကို တာဝန်ရှိသူတွေက သိပါတယ်။ ဘာ့ကြောင့် အဆင်မပြေသေးတာ လည်းဆိုတာကို ကျွန်တော်စဉ်းစားလို့မရဘူး” လို့ လက်ရှိဖြစ် ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးသုံးသပ်ပြောဆိုသွားလို့သိရပါတယ်။   ရတနာပုံသတင်း

ဘကြီးသက်
Unknown at 3:17 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.