Monday, July 2, 2012

ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းနိုင်ဖို့ တရားဥပဒေ စိုးမိုးရေးကို အားလုံးက ဝိုင်းဝန်းပေးကြဖို့သာ လိုအပ်



                               သတင်း၊ ဓာတ်ပုံ (Popular Myanmar News Journal)


ကမ္ဘာကြီးတခုလုံး  အာဏာရှင်စနစ် လွှမ်းမိုးမှုအောက်က ကင်းကင်းရှင်းရှင်း လွတ်မြောက်နိုင်ဖို့အတွက် ရေရှည်မှာ ကောင်းကျိုးပေးနိုင်ရမယ် ဆိုတဲ့ အမြော်အမြင် ကြီးမားမှုတွေကြောင့် နာဇီဝါဒ ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ ကျနော် သုံးသပ်မိပါတယ်။

ဒါကြောင့် မြန်မာအစိုးရဟာ နာဇီဝါဒနဲ့ အလားတူ စိတ်လိုက်မာန်ပါ ကျင့်သုံးရင် နိုင်နေရာက ရှုံးသွားတဲ့ ဘော်လုံးအသင်းလို ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။
ရိုဟင်ဂျာအရေးမှာ ရှင်းရှင်းပြောရင် မြန်မာနိုင်ငံဟာ ပြည်တွင်းပြည်ပ တရားဥပဒေကြောင်းအရ အပေါ်စီးကပါပဲ။ မှန်ကန်တဲ့ဘက်က အခိုင်အမာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
အဲဒါကို နိုင်ငံတကာက (ဘယ်လိုချမ်းသာကြွယ်ဝတဲ့ အာရပ်နိုင်ငံတွေ - အထူးသဖြင့် လတ်တလော အီဂျစ်နိုင်ငံတောင်မှ) စောဒကတက် ကန့်ကွက်လို့ မအောင်မြင်နိုင်ပါဘူး။
ဒါကြောင့် မြန်မာအစိုးရအနေနဲ့ တရားဥပဒေကြောင်းအရသာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ပဲ လိုအပ်ပါတယ်။
မြန်မာပြည်သူတွေကလည်း ဒီလို တိုင်းပြည်အတွက် အန္တရာယ်ဆိုး ကျရောက်လာတဲ့အချိန်မှာ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်ကို ကာကွယ်ပေးချင်စိတ်အရ ဘယ်သူမဆို တညီတညွတ်တည်း ဝိုင်းဝန်း ထောက်ခံ အားပေးနိုင်ကြရပါမယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေ၊ မီဒီယာတွေ အားလုံးညီညွတ်ရင် ပြည်ပရန်ဆိုတာကို တခါတည်း အမြစ်ပြတ် ချေမှုန်းနိုင်စရာ ရှိလာပါလိမ့်မယ်။
မြန်မာနိုင်ငံဘက်က အဲဒီလိုသာ ရပ်တည်နိုင်ရင် နိုင်ငံတကာက တလေးတစား တုန့်ပြန် အားပေးလာမှာကိုလည်း မျှော်လင့်နိုင်ပါတယ်။ တချို့ဖြေရှင်းစရာကိစ္စတွေဟာ နိုင်ငံတကာနဲ့ ဆက်စပ်မှု ရှိနေတာကို လစ်လျူရှုလို့ မရပါ။
သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ မိဘပြည်သူတွေကို အကောင်းဆုံး ကျေးဇူးပြန်ဆပ်နိုင်တဲ့ အခွင့်ကောင်းတရပ်ပါပဲ။
လွင်အောင်စိုး
၂-၇-၂ဝ၁၂

ဘကြီးသက်
Unknown at 9:51 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.