Monday, July 2, 2012

ဓမ္မစေတီ ခေါင်းလောင်း မြန်မာ့နည်းမြန်မာဟန်ဖြင့်သာ ဆယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း ပုဂ္ဂိုလ်တစ်ဦးမှ သတင်းစာရှင်းလင်း


ဓမ္မစေတီ ခေါင်းလောင်း နည်းပညာအကူအညီ မရယူဘဲ မြန်မာ့နည်းမြန်မာဟန်ဖြင့်သာ
ဆယ်ယူရရှိနိုင် မည်ဖြစ်ကြောင်း သုဓမ္မမဏိဇောတဓရ ဦးစံလင်း က
ယနေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီက စီးတီးစတားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ကြောင်းသိရသည်။

““ ဒီခေါင်းလောင်းကြီးကို ဆယ်ယူဖို့အတွက် သမ္မတ ထံမှာ စက်ယန္တရားအသုံးပြုခွင့်စာတင်ထားတယ်။ ၀ါခေါင်လကွယ်မှာစတင်လုပ်ပြီး ၂ ပတ်အတွင်း ရအောင်ဆယ်မယ်။ ရာသီဥတုအခြေအနေကိုလည်းမကြောက်ဘူး။”” ဟု ၄င်းကပြောသည်။

အဆိုပါ ခေါင်းလောင်းကြီးဆယ်ယူရေးနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံမှကန်ဒေါ်လာ ၁၀ သန်းကူညီမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၃၀ ရက် က ဓမ္မစေတီခေါင်းလောင်း
ဆယ်ယူမှု သုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို SD Mark International LLP ကုမ္ပဏီမှ ဦးစီးပြုလုပ်ခဲ့ကြောင်း သိရသည်။

Popular Myanmar News Journal

ဘကြီးသက်
Unknown at 9:47 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.