Friday, June 22, 2012

ရဲက ၀ိုင်းရိုက် ပြီး စွန့် ပစ် ထား

မင်္ဂလာတောင်ညွန့် အပိုင် ရန်ကုန်ဘူတာကြီး မီးရထား ရဲစခန်း မှ အမည်မသိ ရဲတပ်သားသုံးယောက် က ဥပဒေမဲ့ ဖမ်းဆီးပြီး ၀ိုင်းဝန်း ရိုက်နှက်ကာ ညလူချေတိတ်ချိန် ကျမှ ပုဂံလုံးကျွန်း ဘက်ကို သွားရောက်စွန့်ပစ်ခံခဲ့ရသော ကိုကျော်မင်းခိုင်အား ယခုလ ၂၀ ရက်နေ့က ခါးဆစ်ပြုတ်ထွက်နေသော အနေအထားဖြင့် လမ်းပေါ်တွေ့ရှိရသော လမ်းသွားလမ်းလာတို့ တာဝန်သိစွာ အိမ်သို့ ကားငှားပို့ပေးသဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။ ယခု ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာန အခန်း ၂ ကုတင် ၁၅ အောက်ထပ်တွင် လုံးဝ မထနိုင်ပဲ ဆေးကုသမှု ခံယူနေရသည်။ ယခုထက်တိုင် တာဝန်ရှိသော ရဲတပ်ဖွဲ့မှာ ထိရောက်သော အရေးယူစုံစမ်းမှုများ မလုပ်သေးကြောင်း သိရှိရသည်။ အသေးစိတ် သိရှိလိုပါလျှင် ကိုကျော်မင်းခိုင်ဧ။် အမ ဖြစ်သူ မမေမေခင် ဖုန်းနံပတ် 0973089690 နှင့် တာဝန်သိစွာ အကျိုးဆောင်ပေးသူ ကိုမျိုးခင် 09421079490 သို့ ဆက်သွယ် အကြံဥာဏ်ပေးနိုင်သည်။ တရားဥပဒေ စိုးမိုးမှု ရှိရန် နိုင်ငံတော် သမတ ကြီးက ဦးဆောင်ကြိုးပမ်းနေစဉ် ယခုကဲ့သို့ လူမဆန်စွာ နိုင်ငံသား တဦးအား ယူနီဖေါင်းဝတ် ၀န်ထမ်းများက ၀ိုင်းဝန်းရိုက်နှက်ပြီး စွန့်ပစ်ခြင်းအား ထိရောက်စွာ အရေးယူဖေါ်ထုတ်နိုင်ရန် ပြည်သူပြည်သားများ အားလုံးတွင် တာဝန်ရှိလာပါသည်။ ယခုကဲ့သို့ အမှုမျိုးများကို လစ်လျူရှုထားမည်ဆိုလျင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး ဟူသည် ဘယ်သောအခါမျှ ပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ။

All context are credit to Nay Myo Zin

ဘကြီးသက်
Unknown at 4:44 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.