Friday, June 29, 2012

ဒေါ်စုကြည် တကိုယ်ကောင်းဆန်လွန်းကြောင်း ၈၈ တို့ပြောဆို



ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့လုပ်ရပ်အပေါ် ၈၈ ခေါင်းဆောင်များဝေဖန်

ရန်ကုန် ဇွန် ၂၈
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့တဲ့ ကျောင်းသားတွေအနေနဲ့ ဒီကနေ့အထိ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ဆောင်ခြင်းမရှိသေးပါဘူး။ လွှတ်တော်ပြင်ပနိုင်ငံရေး၊ ပွင့်လင်းလူအဖွဲ့အစည်းပေါ်ပေါက် ရေး စတဲ့လုပ်ငန်းတွေပဲလုပ်ဆောင်နေပါတယ်။ တစ်ချို့ကိစ္စရပ်တွေမှာ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်တာ ရှိခဲ့သလို မအောင်မြင်တဲ့လုပ်ရပ်တွေလည်းရှိနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီမိုကရေစီ အရေးတော်ပုံ လုပ်ဆောင် ချက်တွေနဲ့ပတ်သက်လုံးက အာရုံစိုက်ခဲ့ကြပါတယ်။
အရေးတော်ပုံလုပ်ဆောင်ချက်တွေကြောင့် စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရသလို ပန်းတိုင် မရောက်မီ ထွက်ခွာသွားခဲ့ကြသူတွေလည်းရှိကြပါတယ်။ အသက်မသေဘဲကျန်ရစ်ခဲ့သူတွေအဖြစ် ဒီကနေ့ပြည်သူ့ ရှေ့မှာရပ်တည်နိုင်တာဆိုလို့ မင်းကိုနိုင်၊ ကိုကိုကြီး ၊ ဋ္ဌေးကြွယ်တို့ဟာ ထင်ရှားကြပါတယ်။ သူတို့ကိုတော့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အနောက်နိုင်ငံတွေက ဆုတွေ၊ ဘွဲ့တွေပေးခဲ့ကြပါတယ်။ အကြောင်း ကြောင်းကြောင့် တက်ရောက်မယူနိုင်ခဲ့ကြပါဘူး။
၂၀၁၂ခုနှစ် ဇွန်လ(၁၃)ရက်နေ့ကနေ ဇွန်လ(၃၀)ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည် ဥရောပ(၅)ခရီးလှည့် လည်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အဓိကသွားနေတဲ့အကြောင်းကတော့ စစ်အစိုးရအုပ်ချုပ်တဲ့ကာလအတွင်းမှာ ကမ္ဘာအရပ်ရပ်ကပေးထားတဲ့ဆုတွေသွားရောက်လက်ခံတာပါပဲ။ ဒီလိုမျိုး ဆုတွေသွားယူမယ်ဆိုရင် (၈၈)အဖွဲ့တွေက သူတို့ကိုလဲ ခေါ်သင့်တာမို့ လိုက်ပါဖို့ပြင်ဆင်ထားခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီက ပါတီဝင် အချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ကိုပဲ ခေါ်သွားခဲ့တာမို့ (၈၈)အဖွဲ့အနေနဲ့ ဘာမှမပြောသာခဲ့ပါဘူး။
(၈၈)ကျောင်းသားဟောင်းတွေ အတွက်တော့ အခွင့်အရေးတစ်ခု အဆုံးရှုံးခံလိုက်ရသလိုမျိုး ဖြစ်သွားတဲ့ အတွက် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်မကြည်ခဲ့ကြပါဘူး။ ပွင့်လင်းလူအဖွဲ့အစည်းဆိုပေမယ့် သူတို့ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ပွင့်ပွင့်လင်းလင်းမပြောရဲခဲ့ကြပါဘူး။(၈၈)ကျောင်းသားဟောင်းလဲ ဖြစ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လဲဖြစ်တဲ့ ကျော်ကိုကို၊ ရဲမြတ်ဟိန်းတို့အဖွဲ့ကလဲ သူတို့ လက်လှမ်း မှီရာအဖွဲ့တွေစုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ချပြဆွေးနွေးပြီး ဆန္ဒပြဖို့ပြင်ဆင် နေကြပါတယ်။
မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကတော့ သူတို့ရဲ့ မကျေနပ်ချက်တွေကိုလူသိထင်ရှား ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ သူတို့ အဖွဲ့ဝင်အချင်းချင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ကိုယ်တော်ဝါဒနဲ့ သတိထားဆက်ဆံရမယ့်အကြောင်းတွေ၊ ဥရောပနိုင်ငံတွေရဲ့ လွှမ်းမိုးခြယ်လှယ်မှုနဲ့ မကြာခင်ကြုံတွေ့ရတော့မယ့် အခြေအနေတွေကို ပြောဆိုဆွေးနွေးကြပါတယ်။ ဒါ့အပြင်လာမဲ့ ဇွန်လ(၃၀)ရက်နေ့မှာတော့ (၈၈)ကျောင်းသား ခေါင်းဆောင်တွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင် တွေဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကိုယ်ကောင်း ဆန်လွန်းတဲ့လုပ်ရပ်အပေါ် ဆန္ဒပြကြဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စစ်သားဟောင်းနေမျိုးဇင်လှုံ့ဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတစ်သန်းကြိုဆိုရေးလှုံ့ဆော်ချက်တွေဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းမြှောက်လွန်းနေပြီး အဲဒီကမှတဆင့် လူအုပ်စုဖွဲ့ ဆူပူမှုဖြစ်လာမှာမျိုးကို စိုးရိမ်ရတယ်လို့လဲ ကိုကိုကြီးက ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ကုလားနဲ့ရခိုင်တွေရဲ့မီးပွားဟာ လုံးဝငြိမ်းသွားတာမဟုတ်တဲ့အတွက် အခြေအနေစိုးတစ်ရပ်ဖြစ်လာရင် တိုင်းပြည်နစ်နာမှာပဲဖြစ်လို့ နေမျိုးဇင်ရဲ့ လှုံ့ဆောင်မှုဟာ စစ်တပ်ကို ပြန်လည်နေရာပေးသလိုဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရောင်နီ(မျိုဆက်သစ်)




Unknown at 5:04 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.