Friday, June 29, 2012

GSM ဖုန်းများ ယခုနှစ်အတွင်း ဈေးကျမည်ဆိုသည်မှာ မဟုတ်မမှန်


Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြည်သူများ ဆက်သွယ်မှု အဆင်ပြေ လွယ်ကူစေရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုနှင့် ပူးပေါင်း၍  ရောင်းချပေးနေသော ငွေကျပ် နှစ်သိန်း၊ နှစ်သိန်းခွဲတန် တယ်လီဖုန်းများအား ယခုနှစ်အတွင်း ဈေးနှုန်း လျှော့ချရောင်းမည် ဆိုသည်မှာ မဟုတ်မမှန်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ငြင်းဆိုခဲ့သည်။
 
"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဈေးနှုန်းလျှော့ချပြီး ရောင်းချပေးမယ်လို့ မပြောဘဲနဲ့ အပြင်မှာ သတင်းတွေက ခဏခဏ ထွက်လာပါတယ်။ ကျွန်တော်တို့ အခု နှစ်သိန်း၊ နှစ်သိန်းခွဲဆိုတာကလည်း သမ္မတကြီးရဲ့ ဆန္ဒနဲ့အညီ လျှော့ချပေးထားတာပါ။ ဒီထက် လျှော့ချပေးဖို့တော့ အစီအစဉ် မရှိသေးပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလလို့ပဲ ပြောပါရစေ။ ကျွန်တော်တို့က တစ်ဆင့်ပြီးမှ တစ်ဆင့် တဖြည်းဖြည်းနဲ့ လျှော့ချပေးသွားဖို့ပဲ လုပ်နေပါတယ်။ ဒီနှစ်အတွင်း လျှော့ချဖို့တော့ မရှိပါဘူး။ တကယ်လို့ နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော်အတွင်းမှာ တောင်းဆိုလာကြရင် အရှုံးခံပြီး ရောင်းပေးမှာပါ" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

"ကျွန်တော်က ဈေးနှုန်းတွေကို လျှော့ချမယ်ဆိုရင် ပြည်သူတွေကို သိအောင်လို့ သတင်းစာ ရှင်းလင်းပွဲတွေ ပြုလုပ်ပြီး နိုင်ငံပိုင် သတင်းစာတွေထဲမှာ ထည့်ပြီး ကြေညာပါတယ်။ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လျှော့ချမယ်ဆိုရင် ပြည်သူတွေကို အသိပေးမှာပါ" ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ပြန်လည် ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများအား နှစ်သိန်း၊ နှစ်သိန်းခွဲဖြင့် ရောင်းချပေးနေသော်လည်း ပြည်သူများက ယခုနှုန်းထက် လျှော့ချပေးရန်သာ မျှော်လင့်နေကြောင်း သိရသည်။

ဘကြီးသက်
Unknown at 6:04 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.