၂၄ရက်နေ့တုန်းက မြစ်ကြီးနားပူတာအို လမ်းမှာ KIAကစစ်သားတွေက မနက်၈နာရီကျော် လောက်မှာ ယာဉ်တွေ ဆိုင်ကယ်တွေကို တားပြီးခရီးသည် (၄၅) ဦးလောက်ကိုထိုင်ခိုင်းပြီး ခရီးသည် တွေမှာပါလာတွေ ငွေတွေ လက်ဝက်လက်စားများကို အဓမ္မသိမ်းယူခဲ့တယ်။ ၎င်းမှာပါသွားတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက အခုလိုသူတို့(KIA) က လုပ်ဆောင်နေတာတွေက အကြောင်းမဲ့သတ်သတ် လက်နက် ကိုင်ပြီး ကျွန်တော်တို့ ကောင်းရောင်းကောင်းဝယ်ပြုနေတာကို အတင်းလိုက်ပြီးတော့ဒမြတိုက်သလို အနိုင်ကျင့် သလိုဖြစ်နေတယ်။ ပိုက်ဆံတွေနဲ့ လက်ဝက်လက်စား တွေကိုယူရုံမကဘဲ ဆွပ်ပရာဘွမ်ဆေးရုံမှ သူနာပြုဆရာမ (၂) ယောက်ကိုလဲခေါ်ဆောင်သွားခဲ့တယ်။ ဘာလုပ်ဖို့ခေါ်ဆောင်သွားလဲဆိုတာတွေတော့ မသိဘူး။ သူနာပြုဆရာမတွေ ဘာတွေလုပ်ခိုင်းမယ်ဘာတွေလုပ်မယ်ဆိုတာတော့ မသိနိုင်ပါဘူး။ အရင်တုန်း ကလည်း ဒီလိုဘဲမိန်းကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ကြပါတယ်။ အမျိုးသမီးတွေရဲ့ဘ၀ ကတော့ အတွေးဝံ့စရာပါဘဲ။ တိုင်လဲမတိုင်ရဲကြပါဘူး။ တိုင်ရင်လဲ အသတ်ခံ ရမှာကိုကြောက်ကြတာကိုး။ ကချင်ပြည်နယ်ရှိတဲ့ပြည်သူများရဲ့ဘ၀ကတော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်း နေပါပြီး လူဖြစ်တာချင်းအတူတူ ကချင်ပြည်နယ်မှာလူဖြစ်တာ လူဖြစ်ရှုံးသလိုဖြစ်နတာပေါ့။

၂၉ရက်နေ့တုန်းကလဲ မိုးကောင်းမြို့မှာ ခရီးသည်ပို့ဆောင်ရေးဂိတ်မှူးများတွေကို ဆောင်းခါးတိုက်နယ် မှာရှိတဲ့ KIO ရုံးသို့ကိုခေါ်ဆောင်သွားပြီး အဲဒီကနေ နန့်ဟိုင်းကျေးရွာကိုဆက်လက်ခေါ်သွားပြီးရွာရှိအိမ် တစ်အိမ်တွင် ဂိတ်မှူးတွေကို ဂိတ်တစ်ဂိတ်လျှင် (၈)သိန်း ၂ ပတ်အတွင်းပေးဆောင်ရမယ်လို့ပြောပါတယ်။ မပေးနိုင်ရင် ခရီးသွား လုပ်ငန်းကိုရပ်ဆိုင်းထားရမယ်လို့ သတိပေးထားခဲ့တယ်လို့သိရပါတယ်။ ဂိတ်မှူးများက တော့တော်တော်လေးကို စိတ်ညစ်နေတယ်။ မိုးကောင်းရှိဂိတ်မှူး တစ်ဦးက ခရီးလမ်းကလဲ KIA က လမ်းတွေမှာရှိတဲ့ တံတားတွေကို မိုင်းခွဲ ပိုက်ဆံတောင်းနေတာကြောင့် ခရီးသွားလုပ်ငန်းရော ကုန်စည် စီးဆင်းမှုပါအဆင်မပြေမှုတွေဖြစ်နေပြီး ခရီးသည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင် အခက်အခဲဖြစ် နေကြတယ်။ ဂိတ်မှူးတွေက ခရီးသွားလုပ်ငန်း အဆင်မပြေတဲ့ကြားက အခုလိုငွေတောင်းခံနေမှုကြောင့် စိတ်ဒုက္ခရောက်နေ ရတယ်။ မပေးဘူးပြောပြန်ရင်လဲ အသတ်ခံရမယ်၊ ပေးဖို့ကလည်း ပိုက်ဆံကမရှိတော့ ဘယ်လိုလုပ်ရမှာလဲ ဆိုတာကိုစိတ်ဆင်းရဲနေကြရတယ်။
Myanmar Express

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge