Tuesday, May 1, 2012

အမျိုးသမီး သီးသန့် ကုန်စည်ပြပွဲ ကျင်းပ ပြုလုပ် သွားရန်ရှိ

ပြည်တွင်းက အမျိုးသမီးတွေ အတွက် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ပြပွဲဖြစ်တဲ့ Yangon The Ladie's Expo (2012) ပြပွဲကို တပ်မတော် ခန်းမမှာ
မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ Smart Business Group မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပြပွဲမှာ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကိုပဲ သီးသန့်ပြသ ရောင်းချမှာ ဖြစ်ပြီး ဒီလို အမျိုးသမီး အသုံးအဆောင် သီးသန့် ပြသတာဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီပြပွဲမှာ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ လက်ဝတ် ရတနာ ပစ္စည်းများ၊ ကျန်းမာရေးနဲ့ ဆေးဝါး ပစ္စည်းများ၊ အ၀တ်အထည်များ၊ ဖိနပ်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ အစရှိတဲ့ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေကို ပြသရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာ ဆိုင်ခန်းပေါင်း ၁၇၀ နီးပါး ပါဝင်မှာ ဖြစ်ပြီး ဒီပြပွဲရဲ့ အခြေအနေပေါ် မူတည်ကာ နောက်ပိုင်းမှာ အမျိုးသား အသုံးအဆောင် ပစ္စည်းများ ပြပွဲကိုလည်း ကျင်းပ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Unknown at 9:52 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.